နေပြည်တော်၊ သြဂုတ် ၂၇
 
 ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် 
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုတင်သွင်းခဲ့သော 
လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသော ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု 
အဆင့်မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် 
ကြာင်း ကြေငြာရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးအနက် ၂၂
 ဦး ၀င်ရောက်ဆွေးနွေးရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ကော့မှူးမဲဆန္ဒနယ် 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည် ၀င်ရာက်ဆွေးနွေးမည်ဖြစ်ကြောင်း လွတ်တော်တွင် သတင်း 
ရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
 
 လွတ်တော်ကို ၁၅ မိနစ်ကြာ ရပ်နားထားရာမှ ယခုအခါ ပြန်လည် ကျင်းပနေပြီဖြစ်သည်။
 
 ယင်းအဆိုကို ၀င်ရောက်ဆွေးနွေးရန် နာမည်စာရင်းပေးထားသော 
လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးစာရင်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ မပါဝင်ဘဲ 
လွှတ်တော် ၁၅ မိနစ်နားပြီး ၀င်ရောက်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်၂၂ 
ဦးစာရင်း ကြေညာရာတွင် ၄င်း နာမည် ထည့်သွင်းပါဝင်လာခြင်းဖြစ်သည်။
လွတ်တော်ကို ၁၅ မိနစ်ကြာ ရပ်နားထားရာမှ ယခုအခါ ပြန်လည် ကျင်းပနေပြီဖြစ်သည်။
ယင်းအဆိုကို ၀င်ရောက်ဆွေးနွေးရန် နာမည်စာရင်းပေးထားသော လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးစာရင်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ မပါဝင်ဘဲ လွှတ်တော် ၁၅ မိနစ်နားပြီး ၀င်ရောက်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်၂၂ ဦးစာရင်း ကြေညာရာတွင် ၄င်း နာမည် ထည့်သွင်းပါဝင်လာခြင်းဖြစ်သည်။
 


 
 
 
 
 
 
 
 
 
 
