Pages

Saturday, June 2, 2012

တာချီလိတ်မြို့တွင် ကျင်းပမည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးပွဲ

Saturday, June 02, 2012
တာချီလိတ်မြို့တွင် ၅.၆.၂၀၁၂ ( အင်္ဂါနေ့)ညနေ (၄)နာရီတွင် ပါလျှံရပ်ကွက်ရှိ လွမ်းမွန်းဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်မည့် ပွင့်လင်းလွတ်လပ်သော အတွေးအသိမြင်ဟောပြောပွဲတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်မှ လာရောက် ဟောပြောမှာဖြစ်ကြောင်း သတင်းရရှိပါသည်။


ထိုဟောပြောပွဲတွင် လာရောက်ကြမည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာ-
  1. ကိုမင်းကိုနိုင်
  2. ကိုဌေးကြွယ်
  3. ကိုပြုံးချို
  4. ကိုမြအေး
  5. ကိုဂျင်မီ
  6. ကိုသက်ဇော်
  7. ကိုထွန်းမြင့်အောင်
တို့ဖြစ်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့် အချိန်နှင့်တည်နေရာ
နေ့ရက်။ ။ ၅.၆.၂၀၁၂ ( အင်္ဂါနေ့ )
အချိန်။ ။ ညနေ ( ၄ ) နာရီ
နေရာ။ ။ လွမ်းမွန်းကျောင်း၊ ပါလျှံရပ်ကွက်၊ တာချီလိတ်မြို့။
မှတ်ချက်
အချိန်နှင့်တည်နေရာ အပြောင်းအလဲရှိပါက တာချီလိတ်အွန်လိုင်းစာမျက်နှာ၏ facebook နှင့် ဤနေရာ၌ အသိပေးသွားပါမည်။

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့



ှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေ...ကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။ လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ် ။

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။ လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင်ရှိနေဆဲပါပဲ ။

သက်တန့်ချို