Pages

Saturday, June 30, 2012

ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်-

စနေနေ့၊ ဂျွန်လ ၃၀၊ ၂၀၁၂

 

                                   ဆောင်းပါးရှင်-yan aung

ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယူခြင်းမရှိပေ..။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များ ထဲ တွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်း ကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြ သည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။

နယ်စပ် ဖြတ်ကျော် ကျူးလွန်နေသော ရာဇ၀တ်မူများကို အရေးယူရန် မြန်မာနှင့် ဘင်္ဂလာတို့ လက်မှတ်ရေးထိုးကြမည်

June 30, 2012 at 8:59 am နိရဉ္စရာ
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် အတွင်း နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသော ရာဇ၀တ်မူများကို ပူးပေါင်းနှိမ်နှင်းနိုင်ရေး အတွက် စာချုပ် တစ်ခုကို လက်မှတ်ရေးထိုးကြမည်ဟု ဘင်္ဂလာဒေခ်ျ့  အာာဏာပိုင်များက  ပြောသည်။

Coordinated border management plan  အမည်ရှိ သဘောတူညီမူ စာချွန်လွှာကို သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သော ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း လက်မှတ်ရေထိုးမည်ဟု ဆိုသည်။
အဆိုပါ စာချွန်လွှာ မူကြမ်းအား ရေးဆွဲထားပြီး နောက်ဆုံး အပြီးသတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယခု သဘောတူညီမူကြောင့် နယ်စပ်တွင် မကြာခဏ ဖြစ်ပေါ်နေသော တင်းမာမူများကို လျော့ချနိုင်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဆိုသည်။

မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး

ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ မွတ်ဆလင် လူမျိုး  အကျဉ်းသား ၂၄ ဦးကို ကြံခိုင်ပါတီ အသင်းဝင်ကဒ်ပြားများဖြင့် မနေ့က ထောင်ထဲမှ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

သူတို့ကို ယခုအခါ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ် ဗလီတွင် ထားရှိကြောင်း ဒေသခံများက ပြောသည်။
“ သူတို့ကို မနေ့က နံနက် ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါတယ်။  ရဲတွေက သူတို့ကို အခု ကုလားပိုက်ဆိပ်က ဗလီမှာထားပါတယ်။ သူတို့ကို သွားရောက်စုံစမ်းတဲ့ အခါ သူတို့မှာ ပြည်ခိုင်ဖြိုးက ထုတ်ပေးထားတဲ့ အဖြူရောင် အဖွဲ့ဝင် ကဒ်ပြားတွေ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဘင်္ဂလာသို့ ယနေ့ရောက်မည်

June 30, 2012 at 10:10 am  နိရဉ္စရာ
  မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သူ၏ သုံးရက်ကြာ ခရီးစဉ်ကို စတင်ရန် ယနေ့တွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြို့တော် ဒက္ကားကို ရောက်ရှိလာမည် ဖြစ်သည်။

ဦးမောင်မြင့်သည် နှစ်နိုင်ငံ အကြား  ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့အကြား ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာမည် ဖြစ်သည်။
ယခု အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိနေသောမွတ်ဆလင် ဒုက္ခသည်များအား မြန်မာသို့ ပြန်ပို့ရေး ကိစ္စကို အဓိက အလေးထားဆွေးနွေးမည်ဟု ဆိုသည်။ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀  ကိုသာမက မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေအထောက်အထား တစ်စုံတရာ မရှိဘဲ သူတို့ အခေါ်  Undocumented Refugees သုံးသိန်းခန့်အားလည်း မြန်မာသို့ ပြန်ပို့ရေး ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့က ဆိုသည်။
၎င်း ဒုက္ခသည် အရေး ကိစ္စမှာ ယခု ပြုလုပ်မည့် အစည်းအဝေးတွင် လွှမ်းမိုးနေဖွယ်ရှိကြောင်း ဘင်္ဂလာာဒေခ်ျ့ ထုတ် သတင်းစာများက ရေးသားဖေါ်ပြသည်။
၎င်းပြင်  စွမ်းအင်ဆိုင်ရာနှင့် ဆက်သွယ်ရေး ကားလမ်းမ ဖေါက်လုပ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သောဆူပူ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်ပြီးလည်း ယခု အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်သလို သမ္မတကြီး ဦးသိန်းစိန်၏ ဘင်္ဂလာဒေခခ်ျ့ ခရီးစဉ်နှင့် ပတ်သက်ပြီးလည်း  ဆွေးနွေးကြမည် ဟုဆိုသည်။
မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လာရောက်လည်ပတ်ရန် စီစဉ်ထား သော်လည်း မြန်မာနိုင်ငံတွင် ပြဿနာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေသဖြင့် ယခုသတ်မှတ်ထားသော အချိန်ကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရနိုင်ကြောင်း ဘင်္ဂလာဘက်က ပြောသည်။
 


7Day News Journal's photo.
ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်မှ အပြန် ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုနေကြသူများ -ဓါတ်ပုံဂျေမောင်မောင် ( အမရပူရ )
သက်တန့်ချို's photo.
အမေ ပြန်လာတော့မယ် --- အေးချမ်းပါစေ ---။
သက်တန့်ချို's photo.
အမေ ပြန်လာတော့မယ် --- အေးချမ်းပါစေ ---။
 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG303 ဖြင့် ယခု ရောက်ရှိလာသည်ကို တွေ့ရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG303 ဖြင့် ယခု ရောက်ရှိလာသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် လိုက် ပါလာသည့် လေယာဉ် ရန်ကုန် လေဆိပ် တွင်
ဆိုက် ရောက် ပြီ ဖြစ်ပါသည်။

ပုံတွင် ဒေါ်အောင်ဆန်းစုကြည် အား စောင့် ကြို သူ များ ကို တွေ့ ရစဉ်

Photo : Popular Myanmar News Journal

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုက်ရောက်လာမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာမည့်လေယာဉ် TG 303 မှာ အချိန် ရွှေ့ဆိုင်းလိုက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
      

ဓာတ်ပုံများ- The Messenger's facebook


မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။



ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။


တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ နယ်ပယ် အသီးသီး အလွှာ အသီးသီးက လူငယ်၊ လူကြီး၊ လူလတ် ပေါင်းစုံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုက်ရောက်လာမည်ြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာမည့်လေယာဉ် TG 303 မှာ အချိန် ရွှေ့ဆိုင်းလိုက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal's photo.
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသူများ