Pages

Saturday, September 22, 2012

ဒီကနေ့ည ပြုလုပ်မဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ -မြန်မာစံတော်ချိန် ည၉နာရီ (LIVE)





QueensCollegeမှာဒီကနေ့ည ပြုလုပ်မဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ -မြန်မာစံတော်ချိန် ည၉နာရီ (LIVE)

Nobel laureate Aung San Suu Kyi, leader of Burma's democracy movement, addresses the New York City Burmese community in Burmese ,Queens College, Flushing, New York, September 22, 2012

quicktime playerဒေါင်းလုပ်လုပ်ထားရန်လိုအပ်ပါတယ်..http://www.apple.com/quicktime/download/

  http://www.lwintmgmg.com   Home page ၏ အောက်ဖက်တွင်လည်းကြည့်ရှု နိုင်ရန် စီစဉ်ပေးထားပါသည်။

ပိုကြန့်ကြာလာနိုင်တဲ့ ဇေကမ္ဘာနဲ့ဦးနေမျိုးဝေတို့အမှု

 
ဇေကမ္ဘာကုမ္ပဏီအပေါ် အသရေညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးနေမျိုးဝေရဲ့ အမှုမှာ တရားလိုဘက်ရှေ့နေများက ရက်ချိန်းကို ရွှေ့ဆိုင်းနေတာကြောင့် ပိုမိုကြန့်ကြာလာနိုင်တယ်လို့  သူ့ရဲ့ ရှေ့နေ ဒေါ်စန္ဒာဦးက ပြောပြပါတယ်။

 ဧရာဝတီရုပ်သံမှာ ဖော်ပြခဲ့တဲ့ ရွှေနံ့သာ လယ်သမားအရေးမှာ  ဦးနေမျိုးဝေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီက စွဲဆိုထားတာပါ။

အဲဒါကတော့ ရုပ်သံထဲမှာ လယ်သူမကြီး ဒေါ်အုန်းမြင့်ရဲ့တဲကို လက်ညှိုးပြီး ဦးနေမျိုးဝေ ထောက်ပြပြောဆိုချက်တွေ ဖြစ်ပါတယ် တဲ့။

တတိယကြိမ်မြောက် ဒီရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်တွေကို တင်ပြခဲ့ပါတယ်။

 လာမယ့် သြဂုတ်လ ၄ရက်နေ့မှာတော့ ဇေကမ္ဘာဘက်က တင်ပြခဲ့တဲ့ အစည်းအဝေး မှတ်တမ်း စာရွက်စာတမ်းတွေကို  လက်ခံသင့် မခံသင့် တရားရုံးက  ဆုံးဖြတ်ပေးမှာပါ။

ဒီမှတ်တမ်း စာရွက်စာတမ်းတွေမှာ ကွဲပြားမှုတွေ ရှိနေတာကြောင့်  ရှေ့နေ ဒေါ်စန္ဒာဦးက ကန့်ကွက်ထားပါတယ်။

ရုံးချိန်းကို ၁၀နာရီလို့ သတ်မှတ်ထားပေမယ့် ဇေကမ္ဘာကုမ္ပဏီဘက်က မန်နေဂျာ ဦးမြင့်ဇော်က ၁၁နာရီကျော်မှ ရောက်လာတာပါ။

မန်နေဂျာ ဦးမြင့်ဇော်ဟာ မီဒီယာတွေကို ရှောင်တိမ်းနေပုံရပြီး မေးမြန်းချက်တွေလည်း လက်မခံပါဘူး ။

ရုံးချိန်းတွေ တပါတ်ပြီး တပါတ်ချိန်းဆိုနေတာကြောင့် အလုပ်ကိစ္စတွေနဲ့ ခရီးသွားလာရေးကို ရုံးချိန်းနဲ့ လွဲအောင် စီစဉ်နေရလို့ အခက်အခဲရှိနေတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။


ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့




hthty





 
မန္တလေး-စက်တင်ဘာ၂၂

မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ကျူးကျော်သူများအား ယနေ့နေ့လည်က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် မန်းမြို့တော်ဝန်ကို
ကျူးကျော်တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့်အဆိုပါကျောင်းတိုက်တွင်၁နာရီခွဲကြာပိတ်မိနေခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများဝင်ရောက်ဖြေရှင်းပေးခဲ့မှုကြောင့်
ညနေ၃နာရီအချိန်မှ အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ှကျူးကျော်သူများပြောင်းရွေ့ပေးရန်တွေ့ဆုံမှူတွင်ကျူးကျော်နေထိုင်သူများမှ
ဖယ်မပေးနိုင်ကြောင်း၊မိမိတို့သည်ဝယ်ယူနေထိုင်သူများဖြစ်ပြဲီးကျူးကျော်နေထိုင်
သူများမဟုတ်ကြောင်း၊နေစရာလည်းမရှိကြောင်းဖယ်ရှာပေးစေလိုပါက
နေစရာအရင်ပေးရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။
မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်သေးကြောင်း၊
ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များကိုကြည့်ပြီးရောင်းချသူများ
ကိုတရားစွဲရန်နှင့်တရားစွဲလျှင်လည်းလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
သတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်အတွက်ကျူးကျော်ရပ်ကွက်
တွင်ဝယ်ယူနေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော်ဝန်ဦးအောင်မောင်းအား
ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

စိုင်းလမင်း

News From : Popular Myanmar News Journal

ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက်


တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။

The Voice Weekly


မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ဒီမိုကရေစီ အစိုးရသစ်နှင့်အတူ အစိုးရ၏ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ ပုံစံ မျိုးစုံဖြင့် လွှဲပြောင်း ပေးလျက် ရှိရာ ယခု လူအများ စိတ်ဝင်စားနေသည့် တယ်လီဖုန်း ဈေးနှုန်းများ ကျဆင်းရေး၊ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့် ရမည့် စီးပွားရေး သမားများ၊ လတ်တလော ဆက်သွယ်ရေး ဥပဒေများနှင့် ရေးဆွဲထားသည့် မီဒီယာ ဥပဒေသစ်များ အကြောင်း၊ မကြာမီက ပြည်သူများ အကြား ရေပန်းစားနေသည့် ရှစ်သောင်း၊ တစ်သိန်း သုံးသောင်းတန် ဖုန်းများ စက်တင်ဘာတွင် ထွက်ပေါ်မည်ဟူသည့် သတင်းများနှင့် စပ်လျဉ်း၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ပြောရေး ဆိုခွင့် ရှိသူ ဆက်သွယ်ရေး သင်တန်း ကျောင်းအုပ် ဦးကျော်စိုးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို တင်ပြ လိုက်ရပါသည်။
Voice : မြန်မာ့စီးပွားရေး ဦးပိုင် လီမိ တက်က ဖုန်းထုတ်မယ် ဆိုတာနဲ့ ပတ်   သက်ပြီး ပြောပြ ပေးပါဦး။
UKS : ဒီလ (စက်တင်ဘာလ) ၁၄ ရက်နေ့က နေပြည်တော်က MICC မှာ The Forum on Investment Opp- ortunities for Telecommunications and ICT Industry, Development in Myanmar ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလုပ် တယ်။ အဲဒီမှာ မေးခွန်းတွေလည်း သေချာ ဖြေထားပါတယ်။ ဒီမှာဖတ်ကြည့်ပါ။
Voice: ဒီစာထဲက အတိုင်း ဆိုရင် လုပ် ပိုင်ခွင့် မရှိဘူးဆိုတဲ့ သဘောပေါ့။ ဒီစာ ထဲမှာ ပါတာက ဆက်သွယ်ရေး ကဏ္ဍ၌ Operator အဖြစ် လုပ်ပိုင်ခွင့် ပေးခြင်း ကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီး ဌာန အနေဖြင့် ခွင့်ပြုနိုင်သည့် အာဏာ မရှိဘဲ နိုင်ငံတော် အစိုးရ အဖွဲ့က သာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ Operator အဖြစ် လုပ်ကိုင်ခွင့်ပြုနိုင်ပါ ကြောင်းလို့ ဖြေထားတာတွေ့ရတယ်။ အစိုးရက ခွင့်ပြုပြီးရင်လည်း ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနမှာ လုပ်ငန်း လိုင်စင်နဲ့ Frequency License, Num- bering Plan တို့ လျှောက်ထား ရမယ်လို့ ဖြေထားတယ် ဆိုတော့ အခုမြန်မာ့စီးပွား ရေး ဦးပိုင် လီမိတက်က ထုတ်မယ့်ဖုန်း တွေက လုပ်ခွင့် မရှိသေးဘူးဆိုတဲ့ သဘော ပါလား။
UKS : အဲဒါကတော့ သူတို့ (မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်) ကိုပဲ မေး ကြည့်လိုက်ပါ။
Voice : ရှစ်သောင်းတန် ဖုန်းတွေ ထွက် မယ်ဆိုတဲ့ အပေါ်ကိုရော ဘယ်လိုမြင် ပါသလဲ။
UKS : ဒီအပေါ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ သဘောထား က အဲဒီစာထဲမှာ ပါပြီးပါပြီ။
Voice : Operator တွေပေးတော့မယ် ဆိုတော့ လတ်တလော ရေးဆွဲထားတဲ့ New Telecom Bill (ဆက်သွယ်ရေး ဥပဒေကြမ်း)ကရော ခုနောက်ဆုံး ဘယ် အဆင့် ရောက်နေပါပြီလဲ။ ဆက်သွယ်ရေး ဥပဒေ မရှိသေးဘဲ အော်ပရေတာ လုပ်ခွင့် ကို ပေးလို့ ရပါသလား။
UKS : က ရှေ့နေချုပ်ရုံးမှာ ဒုတိယအကြိမ် စစ်ပြီး လိုတာတွေ ဖြည့် ပေးပြီးလို့ ဆက်တင် ထားပါတယ်။ လွှတ်တော်မှာ ဆွေးနွေးဖို့ပဲ ကျန်တော့ တာပါ။
Voice : လာမယ့်ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေးဖို့ ရှိပါသလား။
UKS : အဲဒါကတော့ ပြည်ထောင်စု လွှတ်တော်ကို မေးမှရမှာ။ ကျွန်တော်တို့ ရဲ့ဥပဒေကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များ ဥပဒေ ၉/၈၉ ရဲ့ပုဒ်မ ၃ (စ) မှာက ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း လုပ်ငန်းကို နိုင်ငံတော်ကသာ လုပ်ပိုင် ခွင့်ရှိတယ်လို့ ပါပါတယ်။ ဒါ ဥပဒေ ပုဒ်မ ၃ မှာပါတာ။ ဒီလုပ်ငန်းကို နိုင်ငံတော် ကပဲ လုပ်ပိုင်ခွင့် ရှိတယ် ဆိုပြီးတော့။ ဒါ ပေမဲ့ အဲဒီနောက်ပိုဒ်၊ နောက်ပုဒ်မ ၄ မှာ ကျတော့ ဖက်စပ် သို့မဟုတ် အဖွဲ့အစည်း တစ်ခုကို လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်က အမိန့်ကြော်ငြာစာ ထုတ် ပြီးမှသာလုပ်ကိုင်ခွင့်ပြုရတာ။ ကျွန်တော် တို့က ခွင့်ပြုပေးလို့ရတာ မဟုတ်ဘူး။
Voice : ဝန်ကြီးဌာနက လတ်တလော ပြင်ဆင် ဖွဲ့စည်း လိုက်တဲ့ အခြေအနေလေး ပြောပြပေးပါ။
UKS : အဲဒါ သတင်းစာထဲမှာ ပါတယ်။ တစ်နိုင်ငံလုံးကို အသိပေး ထားတာ။ အဲဒါပြန်ဖတ်။ အဲဒါ ကျွန်တော့် အဖြေပဲ။
Voice : ဖတ်လိုက်ရပါတယ်။ မြန်မာ့ အသံ သတင်းတွေမှာလည်း တွေ့ပါတယ်။ လက်ရှိ Operator နှစ်ခုက မြန်မာ့ ဆက်သွယ်ရေးနဲ့ ရတနာပုံ ကုမ္ပဏီလို့ သိရပါတယ်။ ရှေ့ဆက်ပြီး နောက်ထပ် Operator နှစ်ခုကို ဘယ်လိုရွေးချယ် မှာလဲ။
UKS : Operator နှစ်ခုကို International Telecommunication Tender ဆိုပြီး တစ်နိုင်ငံလုံးကို ကြေညာထား တယ်။ အဲပုံစံနဲ့ ရွေးမယ်။ Tender ရွေး ဖို့အတွက် Consultant ငါးဦးရွေးထား တယ်။ ပထမဦးဆုံး ၆၄ ယောက်၊ နောက်တော့ ၁၁ ယောက်၊ နောက်ဆုံး ငါးယောက် အဆင့်ဆင့် ရွေးထားတယ်။ Consultant တွေကမှ တင်ဒါပြင်ဆင် ခေါ်ယူ၊ စိစစ်ပြီး ဘယ်သူတွေနဲ့ လုပ် မယ်ဆိုတာ ရွေးမယ်။ Consultant လေးခု ထွက်လာဖို့တော့ ဒီပုံမှာပြထားတယ်။ တကယ် ရွေးချယ်ရင် သုံးဦး သို့မဟုတ် လေးဦးထက် မပိုဘူး။
Voice : Operator လေးခု ပေါ်ထွက် လာဖို့က အချိန် ဘယ်လောက် ကြာမှာလဲ။ ဒီနှစ်အတွင်း ဖြစ်နိုင်လား။
UKS : အဲဒါ ဂဏန်းတွေနဲ့ ပြထား တယ်။ ဘယ်နှစ်မှာ ဖုန်းဘယ်လောက် ထုတ်မယ်ဆိုတာ၊ ရှေ့နှစ်ထဲမှာဆယ်သန်း ထုတ်မယ်။ ၂၀၁၃-၁၄ မှာ ၁၀ သန်း၊ ၂၀၁၄-၁၅ မှာ ၁၄ သန်း၊ ၂၀၁၅-၁၆ မှာ ၁၅ ဒသမ ၅ သန်း ထုတ်သွားမယ်။ အဲ ၁၀ သန်းထုတ်ဖို့ ဆိုတာ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တစ်ခု တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲတော့ အသစ် ဝင်လာတဲ့ Operator တွေနဲ့ ဝိုင်း ကူလုပ်မယ်။ ရှေ့နှစ်ထဲမှာ ၁၀ သန်း ပေးနိုင်ဖို့ အစီအစဉ် ရှိတာကိုး။
Voice : ပြည်သူတွေထဲ ကကော ရှယ် ယာ ဝယ်လို့ရမယ့် အနေအထားကို ရောက် လာမှာလား။
UKS : ဒါက အများပိုင် ကုမ္ပဏီ ဖွဲ့စည်း နိုင်တဲ့ အချိန်မှာ ရှယ်ယာဝယ်လို့ ရမယ်။ အများပိုင် ကုမ္ပဏီ မဖွဲ့မချင်းတော့ ဝယ်လို့ မရဘူး။ ဘယ်အချိန်မှာ အများပိုင် ကုမ္ပဏီဖွဲ့မယ် ဆိုတာက နိုင်ငံတော် အစိုးရရဲ့ မူဝါဒပဲ။
Voice : Operator တွေက ပြည်တွင်း ရော၊ ပြည်ပရောဖြစ်နိုင်လား။
UKS : Operator တွေက ပြည်တွင်း ကကော ပြည်ပကပါ ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေ နဲ့ ကိုက်ညီတဲ့သူကို ရွေးမယ်။ ကျွန်တော် တို့တွေ တယ်လီဖုန်း လုပ်ငန်း လုပ်တတ် ပါတယ်၊ အော်ပရေတာ လုပ်တတ်ပါ တယ်ဆိုရုံနဲ့ ပေးလို့ မရဘူးလေ။Foreign Direct Investment ရှိမယ်။ MIC က သတ်မှတ် ထားတဲ့ စည်းကမ်းတွေနဲ့ ညီညွတ်တဲ့ သူမှလည်း မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုမှာပေါ့။ တင်ဒါအောင်ရင် သတင်းစာမှာ ကြေ ညာပေးသွားမယ်။
Voice : ရှေ့ဆက်ပြီး Operater ရွေးဖို့ က ဆက်သွယ်ရေး ဥပဒေက မထွက်သေး တော့ အစိုးရရဲ့ထုတ်ပြန် ကြေညာချက် တွေနဲ့ပဲ လုပ်သွားမယ့် သဘောလား။
UKS : လက်ရှိ အလုပ်လုပ်မယ့် ပုံစံက New telecom Law ထွက်မှ လုပ်မယ်ဆို ရင် ကျွန်တော်တို့ ဘက်က အချိန်တွေ အရမ်းကြာ သွားလိမ့်မယ်။ လုပ်စရာရှိ တာတွေ ကြိုလုပ်ထားတယ်။ Law ထွက်လာတဲ့အချိန် Operator တွေလည်း ရွေးပြီးတဲ့ အချိန်ဆိုတော့ Telecom ပိုပြီး မြိုင်သွားတာပေါ့။ တစ်ခုပြီး တစ်ခု လုပ်နေလို့ ရှိရင် ဘယ်သူက စောင့်နိုင်မှာလဲ။ အခု ချိန်မှာတော့ လက်ရှိ တည်ဆဲ ဥပဒေတွေ နဲ့ပဲ လုပ်နေတယ်။ နောင်တစ်ချိန် ဥပဒေသစ် ထွက်လာရင် ထွက်လာတဲ့ ဥပဒေနဲ့ ပေါင်းပြီး လုပ်မယ်။ ဥပဒေက အရင်ထွက်မလား၊ Operator တွေက အရင်ထွက်မလား မပြောတတ် သေးဘူး။ ဥပဒေက အရင်ထွက်ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ ဥပဒေမခိုင်မာဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။
Voice : အရင် မြန်မာ့ ဆက်သွယ်ရေး သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောတာ မှတ်ထား ဖူးပါတယ်။ ဥပဒေ မထွက် သေးဘဲ ဘယ်ကုမ္ပဏီကိုမှ လုပ်ပိုင်ခွင့် ပေးလို့ မရဘူး ဆိုတာပါ။ ခုရှစ်သောင်း နဲ့ ထွက်မယ် ဆိုတော့ ထူးဆန်းသွားလို့ မေးကြည့်တာပါ။
UKS : အဲဒါတော့ သူတို့ကိုပဲ မေး လိုက်ပါ။
Voice : လတ်တလော အနေနဲ့ လာမယ့် နှစ်မှာ ဖုန်းဈေးနှုန်းတွေ ဘယ်လောက် ထိ ကျသွားဖို့ ရှိလဲ။
UKS : ဈေးနှုန်းက နိုင်ငံတကာ Trand ကိုပြောမယ်။ မြန်မာနိုင်ငံ အနေနဲ့ မပြော တော့ဘူး။ နိုင်ငံတကာမှာလည်း ဆင်း ကတ်တွေ ပေးပြီး ၁၀ ဒေါ်လာ၊ ၁၅ ဒေါ်လာနဲ့ ရောင်းနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် စောပြီး လုပ်လာလို့ ဒီအခြေအနေ ရောက်လာ တာ။ မလေးရှားတို့၊ လာအိုတို့ ကလည်း အနည်းဆုံး ဆယ်နှစ်လောက် စောပြီး လုပ် လာလို့ ဒီအခြေအနေ ရောက်လာတာ။ ကျွန်တော်တို့က ခုမှ ဒီလမ်းကြောင်းကို စမ်းပြီး လျှောက်လာတာ မွေးကင်းစ ကလေးလေး လောက်ပဲ ရှိသေးတယ်။ သူတို့က ကျွန်တော်တို့ထက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် စောပြီး ကြီးတဲ့လူ ကြီး။ သူတို့လို အခြေအနေမျိုး ရဖို့က ချက်ချင်း မဖြစ်ဘူး။ ဒါပေမဲ့ ပြည်သူက အဲလောက် အကြာကြီး မစောင့်နိုင်ဘူး။ ပြည်သူက အချိန်တို အတွင်းမှာ သူတို့ အတွက် မြန်မြန် အကျိုးရှိတာပဲ လိုချင် တယ်။ ဟုတ်တယ် မဟုတ်လား။ အဲတော့ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အချိန် တိုအတွင်းမှာ ပြည်သူလူထု အတွက် မြန်မြန် အကျိုးရှိအောင် လုပ်ခဲ့ချင်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖုန်းတွေကလည်း ဈေးနှုန်းတွေ တောက်လျှောက် ကျလာ တာပဲလေ။
အခုအချိန်မှာ မြန်မာ့ဆက်သွယ် ရေး လုပ်ငန်း တစ်ဦးတည်းကသာ ရောင်းချ ပိုင်ခွင့် ရှိတယ်။ နောင်တစ်ချိန်မှာ Operator တွေ အပြိုင်အဆိုင်ရှိလာရင် Operator တွေက အခုအချိန်မှာ ကျွန်တော် တို့က နှစ်သိန်း ရောင်းတယ်။ သူတို့သာ လုပ်ပိုင်ခွင့် ရှိရင် သူတို့က ဈေးချရောင်း မယ်၊ ကျွန်တော်တို့ကရော မရောင်းနိုင် ဘူး၊ တင်းခံ နေမယ်ဆိုရင် ဘယ်သူ့ဆီ သွားဝယ် မလဲ။ သူတို့က ဈေးချရင် ကျွန်တော်တို့လည်း ချရမယ်၊ Operator လေးယောက် သို့မဟုတ် သုံးယောက်က ပြိုင်ပြီး လုပ်ကြမယ်၊ အဲ့ကျရင် ဈေးက ကျလာမှာပဲ။ ဒါဆို Operator တွေ ထွက်လာရင် အရေးကြီးတာက ၁။ ဈေးနှုန်း ချိုသာရမယ်၊ ၂။ အရည်အသွေးကောင်း ရမယ် Quality ၊ ၃။ စိတ်ကြိုက်ရွေးချယ် သုံးစွဲပိုင်ခွင့်ရှိရမယ်၊ ၄။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီရမယ်။ ဒီလေးချက် နဲ့ညီမှ ပြည်သူကို ဦးတည်တဲ့ ဆက်သွယ် ရေး ဝန်ဆောင်မှုဖြစ်မှာ။
Voice : အရမ်းမှန်ပါတယ်။ တစ်ခုသိ ချင်တာက အရည်အချင်း Quality ရှိရ မယ် ဆိုတဲ့ အပိုင်းမှာ ဖုန်းလိုင်း၊ အင် တာနက်လိုင်းတွေ ပိုပြီး ကောင်းလာဖို့ လိုတယ်။ မနက်က Message ပို့ရင် ညမှ ရောက်တာမျိုး၊ နောက်တစ်နေ့မှ ရောက်တာမျိုး ဖြစ်နေတယ်။ အဲဒီအတွက် အရည်အသွေးပိုင်းမှာ ဘယ်လိုပြင်ဆင် နေတာမျိုးရှိပါသလဲ။
UKS : ပြင်တာပေါ့ကွယ်။ ကျွန်တော် တို့က အခု ရန်ကုန်မြို့မှာ တယ်လီဖုန်း လက်ခံနိုင်တဲ့ Capicity ရဲ့ ၉၅ ရာခိုင်နှုန်း အိမ်တစ်အိမ်မှာ ထမ်းနိုင်တဲ့ ဝန်ရှိတယ်၊ ထမ်းနိုင်တဲ့ ဝန်ရဲ့ ၉၅ ရာခိုင်နှုန်းကို ထမ်းတယ်။ ၁၀၁ ဖြစ်သွားရင် အဲဒါ ပျက်သွားမှာ။ အဲတော့ Capicity ဖြည့် တယ်။ တယ်လီဖုန်းလိုင်း အင်အားကို ထပ်ချဲ့တယ်။ များများသုံး လာနိုင်တယ်။ နောက်ပြီးတော့ အများစုက မကောင်း တာတွေပဲမြင်နေတယ်။ ကောင်းအောင် လုပ်နေတာလည်း အများကြီး ရှိပါတယ်။ မိုဘိုင်းလ်ပေါ်မှာ အင်တာနက် အသုံးပြု တာဆိုတာ ခုနစ်သိန်း ခုနစ်သောင်း လောက်ရှိတယ်။ ရန်ကုန်မြို့မှာ ဟိုတုန်း က နှစ်ထောင်နဲ့ ငါးရာလောက်ပဲ ရှိတယ်။ အခု ခုနစ်သိန်း ခုနစ်သောင်း။ နောက်ပြီး တော့ ဒီအင်တာနက်လိုင်းက မြန်လာ တယ်။ ဒါပေမဲ့ အသိအမှတ် မပြုပါဘူး။ ဘယ်လောက် ကောင်းအောင် လုပ်ပေး လုပ်ပေး အသိအမှတ်ကို မပြုဘူး။
Voice : နည်းနည်း လိုနေသေးလို့ပါ အန်ကယ်။ နောက်တစ်ချက် အနေနဲ့ နိုင်ငံတကာ အဆင့်မီ ဆိုတာ အခုဖုန်းခေါ် ဆိုခ (တစ်မိနစ် ၅၀) တွေ၊ နောက် အင်တာနက်လိုင်းကော နိုင်ငံတကာ အဆင့် မီ ဈေးထပ်ပြီး လျှော့ချသွားဖို့ ရှိလား။
UKS : ဈေးကတော့ တဖြည်းဖြည်း နဲ့လျှော့ချသွားမှာ။ ဘယ်အချိန်မှာ ဘယ် လောက်လျှော့မယ် ဆိုတာတော့ မသိရ သေးဘူး။ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ သူတွေက ဆုံးဖြတ်လိမ့်မယ်။
Voice : အဲ့တော့ ဆုံးဖြတ်ပိုင်ခွင့်က ဘယ်သူ့မှာ ရှိလဲ။
UKS : ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ သူတွေက ဆုံးဖြတ် လိမ့်မယ်။ အပြိုင်အဆိုင် ရှိလာ ပြီဆို ဘယ်သူက ဆုံးဖြတ်မလဲ။ ဈေးကွက် က ဆုံးဖြတ်မှာပေါ့။ ဒါကြောင့်ပြောတာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူက ဆုံးဖြတ်မယ် ဆိုတာ။
Voice : နောက်ပိုင်းမှာ ဖုန်းဝယ်ရင် အင်တာနက်လိုင်း အဆင်သင့် ပါတာ မျိုးတွေ ပေါ်ပေါက် လာမှာပေါ့။
UKS :တစ်ယောက်က အဲဒီဝန်ဆောင် မှု ပေးရင် တခြားသူတွေကလည်း လိုက် ပေးမှာပေါ့။ မပေးနိုင်ရင် နောက်တစ် ယောက်က ခံပေါ့။ ဒါပဲ ရှိတာပဲ။
Voice : နောက်ပိုင်းမှာ မြန်မာ့ဆက် သွယ်ရေး ကလည်း Operator တစ်ခုပဲ ဆိုတော့ အားလုံးကို Manage စီမံခန့် ခွဲဖို့က ဘယ်လိုလုပ်မလဲ။
UKS : ဥပဒေပဲ ရှိမှာပါ။
Voice : မိုဘိုင်းလ်ဖုန်း အားလုံး 3G အဆင့် တစ်ပြေးညီ ဘယ်တော့လောက် ရမလဲ။
UKS : 3G အားလုံး ဘယ်တော့လောက် ရမယ် ဆိုတာ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ကိုမေး။ အများစု ကျွန်တော်တို့သွားနေ တာက 2.5/ 2.75 နဲ့ ထပ်ပြီးတော့ ချဲ့ နေတယ်။ ကျွန်တော် တို့ချဲ့နေတာတွေ အကုန်လုံးက 3G, 4G တွေ။
Voice : ၂၀၁၅ အထိ သန်း ၃၀ စီမံ ကိန်းကို ပြည့်မီအောင် လုပ်နိုင်မယ်လို့ ယုံကြည်လား။
UKS : ယုံကြည်လို့ ချပြတာပါ။ ကျွန် တော်တို့ သတင်းစာ ထဲမှာတရားဝင် ကြေညာ ထားတယ်။ အဲဒါ ဘာလဲဆို တော့ ကျွန်တော်တို့ နောက်ပြန်လှည့်လို့ မရဘူး ဆိုတာ ပြောတာ။ ကျွန်တော်တို့ တိတ်တိတ်လေး လုပ်ရင် အသိပေးမလား။ သတင်းစာထဲ ထည့်ပါ့မလား။ လူသိရှင် ကြားပြောထားတာ။ နမူနာပြောရရင် တော့ ကျွန်တော်တို့ကလည်း ဘုရင့် နောင် ဖောင်ဖျက် လိုက်တာပဲ။ အရင်တုန်း က MPT လက်ဝါးကြီး အုပ်ထားတဲ့ အချိန် ကနေ MPT က လက်ဝါးကြီးမအုပ် တော့ဘူး။ လူထုအတွက် လုပ်ပေးမယ်ဆို တဲ့ စိတ်နဲ့ ကျွန်တော်တို့လုပ်တာ။
Voice : ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

  By Green ၊ မင်းထိုက်ကျော်၊ ချယ်ရီ  (The Voice Weekly)

ငြိမ်းချမ်းရေးနေ့ ဆုတောင်းပွဲကျင်းပ



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်(ယနေ့)တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကြိုဆိုခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း စစ်အတွင်း မှားယွင်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့တွင် သေဆုံးသွားသော ကချင်ကျောင်းသူလေး

မဂျာဆိုင်းအိန် (၁၄)နှစ် အပါအ၀င် စစ်ဘေးကြောင့် သေဆုံးသွားကြသော တိုင်းရင်းသားများ၊ စစ်ဘေးအတွင်း ဒုက္ခရောက်လျက်ရှိသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ အားလုံးအတွက် ရည်စူး၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဇီးဖြူတောင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာခုနစ်ပါးအား မောချယ်ရီပညာရေးကွန်ရက်နှင့် ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုအခမ်းအနားသို့ မောချယ်ရီပညာရေးကွန်ရက်မှ အဖွဲ့ဝင်များနှင့် တိုင်းရင်းသားလူမျိုးများ တက်ရောက်ခဲ့ပြီး ကွန်ရက်အဖွဲ့ဝင်များမှလည်း မိမိတို့ ကိုးကွယ်ယုံကြည်သော ဘာသာဖြင့် မြန်မာနိုင်ငံတွင် အမြန်ဆုံး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်၊ မဂျာဆိုင်းအိန်နှင့်တကွ စစ်ဘေးကြောင့် သေဆုံးသွားကြသော တိုင်းရင်းသားများအတွက် ထာဝရငြိမ်းချမ်းပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ

သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ၊ ဓာတ်ပုံ-International Herald Tribune

International Herald Tribune ရဲ့ နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဧရာဝတီကို ပြောပါတယ်။

"သူတို့ကို မုံရွာ Toll Gate မှာ တားလိုက်တာ" လို့ မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းက သူ တဦးက ပြောပါ တယ်။ 

သူ့ရဲ့ စကားပြန်ကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ပါတယ်တဲ့။  နောက် သူတို့ကို တားမြစ်ပြီး တဲ့နောက် သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမားတို့ဟာ မန္တလေးကို ပြန်လည် ထွက်ခွာသွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ 

 မစ္စတာ သောမတ်စ် ဖူလာ ဟာ ဘယ်တုန်းက မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ရခဲ့ပြီးဘယ်နေ့က  ရောက် 
နေတယ် ဆိုတာ သေချာ မသိ ရသေးပေမယ့်  မနေ့က မုံရွာမြို့ကို ရောက်လာခဲ့ပြီး ၀က်မှေးရွာကိုလည်း သွားခဲ့တဲ့အကြောင်း၊ ဒေသခံ တချို့နဲ့လည်း အင်တာဗျူးတွေ လုပ်ခဲ့တဲ့အကြောင်း မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဆိုပါတယ်။ 

သူတို့ဟာ မုံရွာမြို့က ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာနဲ့ စီမံကိန်းနယ်မြေတွေမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ တွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ရန်နဲ့ သတင်းဆောင်းပါး ရေးဖို့ လာတာလို့ သိရပါ တယ်။ ဧရာဝတီက သောမတ်စ်ဖူလာနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပေမယ့် မရသေးပါဘူး။ 

သောမတ်စ်ဖူလာဟာ အခုအခါမှာ အဆိုပါ သတင်းမီဒီယာကြီးအတွက် အရှေ့တောင်အာရှ ရေးရာ သတင်းထောက်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာကျော် International Herald Tribune ရဲ့ Global edition of New York Time က သတင်း တပုဒ်မှာ ဦးတင့်ဆွေနဲ့ သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ ဟာ အင်တာဗျူးလုပ်ပြီး ဓာတ်ပုံနဲ့ တကွ  စက်တင်ဘာလ ၂၁ ရက်နေ့က သတင်း ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။ 



 မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၈ နှစ်ကျော် စာအုပ်၊ စာပေတွေကို ဆင်ဆာ ဖြတ်တောက်ခဲ့သည့် စာပေ ကင်ပေတိုင်လို့ လူသိ များတဲ့ စာပေစိစစ်ရေးဆိုတဲ့အဖွဲ့ကြီးကို ဖျက်သိမ်းလိုက်တာ မကြာသေးပါဘူး။ 

အခုတော့ ဆင်ဆာ ရုံး ဆိုတာ မရှိတော့လို့ ဦးတင့်ဆွေက ပိတ်နေတဲ့ အကြောင်း သောမတ်စ် ဖူလာ က ရေးထားတာပါ။ အခုအတိုင်းဆိုရင် သောမတ်စ်ဖူလာဟာ ဆင်ဆာဘုတ် အကြောင်းရေးသားတင်ပြခဲ့လို့ သူကိုယ်တိုင်ပါ ဆင်ဆာ ထိ သွားသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ 

စာပေစိစစ်ရေး အဖွဲ့ကြီး ဖျက်သိမ်း လိုက်ပြီး ဦးတင့်ဆွေကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ်   တာဝန် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

ဒီကိစ္စကိုလည်း  စက်တင်ဘာလ ၁၈ ရက် နေ့က နိုင်ငံပိုင် သတင်းစာတွေ မှာ နိုင်ငံတော်ပြန်တမ်းထုတ် မှုမှာ ဖော်ပြထားပါတယ်။



အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာဦးမည့် JELAWAT

အပူပိုင်းမုန်တိုင်း JELAWAT(18W) ဖိလစ်ပိုင်အမည် LAWIN သည်၊ မနီလာမြို့တော် အရှေ့တောင်ဘက် ၆၄၅ မိုင်ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လက်ဝဲရစ်ရွေ့လျားကာ လာမည့် ၂၄ နာရီအတွင်း(စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ မှစတင်၍ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့လည်းကောင်း၊ လာမည့် ၄၈ နာရီအတွင်း အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ လည်းကောင်း၊ လာမည့် ၇၂ နာရီအတွင်း အဆင့်-၃ နှင့် လာမည့် ၉၆ နာရီအတွင်း အဆင့်-၄ အားအလွန်ကောင်းသည့် တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမည်ဟု TSR မှ ခန့်မှန်းထားပါသည်။
မုန်တိုင်း အရွယ်အစား အချင်းမိုင် ၄၄၅ ကီလိုမီတာ(၂၈၀ မိုင်ခန့်) ရှိနေပြီး မုန်တိုင်း ဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်ခန့်(၁၂၀ ကီလိုမီတာ/နာရီ)ရှိကာ မုန်တိုင်းဒီလှိုင်း အမြင့် ၁၆ ပေခန့် ရှိကြောင်း သိရပါသည်။
TSR မှ မုန်တိုင်းအင်အား ပြောင်းလဲ ဖြစ်ပေါ်မည့် အခြေအနေပြ ဇယား(အပေါ်ပုံ)
တိုင်ဖွန်းမုန်တိုင်း ဖြစ်လာတော့မည့် 18W(JELAWAT) ၏ လမ်းကြောင်း ခန့်မှန်းပုံ(အောက်)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Atlantic Council 2012 Global Citizen Award ဆုလက်ခံရယူ(ဓာတ်ပုံ)

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပေး အပ်သော Global Citizen Award ဆုကို စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် Global Citizen Award ဆုပေးပွဲနှင့် ညစာစားပွဲတွင် လက်ခံရယူစဉ်


 








Aung San Suu Kyi, Myanmar Member of Parliament and Nobel Peace Prize Laureate, receives the Atlantic Council 2012 Global Citizen Award from Christine Lagarde, Managing Director of the International Monetary Fund (IMF), September 21, 2012 in New York. AFP PHOTO/Stan HONDA (Photo credit should read STAN HONDA/AFP/GettyImages) 2012 AFP

အမည်ခံ တာဝန်ယူထားခြင်းမျိုး မဖြစ်ချင်တဲ့ လူမင်း

 
တာဝန်တစ်ခုကို ယူထားပြီး ပါက အမည်ခံ တာဝန်ယူထားခြင်း မျိုး မဖြစ်ချင်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူထားသည့် လူမင်း က ဆိုသည်။ ”ကျွန်တော်က ဒီတာဝန်တစ်ခုကို ယူထားပြီးရင် အမည်ခံ တာဝန်ကြီး ယူထားတာမျိုး မဖြစ်ချင်ဘူး။ အဲဒါကြောင့် တာဝန်ကျေအောင် တတ်နိုင်သလောက် ကျွန်တော် သွားတယ်။ အခုဆိုလည်း အစည်းအရုံးကို မနက်အစောကြီး ထသွားရတယ်။ ဆိုလိုတာက ဝီရိယကတော့ ပိုစိုက်ရတယ်။ ပိုပြီး ပင်ပန်းတယ်ပေါ့။ မိသားစုအချိန် တွေ ထဲက အများကြီး ပေးရတယ်။ တတ်နိုင်သလောက်တော့ တာဝန် ကျေချင်တယ်။ အကုန်လုံးကို ညှိနှိုင်းနေရတယ်။ ဒီလပိုင်းတွေက ကျွန်တော့် အတွက် အလုပ်အရှုပ် ဆုံး အချိန်တွေပေါ့။ ရှေ့လျှောက်လည်း ရှုပ်နေဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်က ပိုပွင့်လင်းလာ ပြီ။ အစ်ကိုတို့ ဝန်ကြီးလည်း ပြောင်းသွားတဲ့ အတွက် အစ်ကိုတို့ အစည်း အရုံးအတွက် အခွင့်အလမ်းတွေ ပိုများလာမယ်။ အလုပ်ရှုပ်နေမှာ ပါ”ဟု သူကပြောသည်။
လတ်တလောတွင် လူမင်းက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့် ‘ဘဝကိုလောင်းကြေးထပ်သူများ’ ဇာတ်ကားတွင် ပိုင်ဇေရဲထွန်း၊ ထွန်းအိန္ဒြာဗို၊ ရွှေမှုန်ရတီ တို့နှင့် အတူ သရုပ်ဆောင်နေကြောင်း သိရသည်။ ထိုဇာတ်ကားတွင် ဖခင်အဖြစ် သရုပ်ဆောင် ထားသည့် လူမင်းကို ကိုယ်တိုင်လည်း ဖခင် တစ်ယောက် ဖြစ်သည့် အတွက် ကာရိုက်တာကို ပိုပြီး ပီပြင်စေနိုင် မလားဆိုသည်ကို ၄င်းက-
”ကိုယ်ကိုယ်တိုင် သားသမီး ရသွားတော့ မိဘမေတ္တာကို အရင်က လေ့လာအားနဲ့ သိတာမဟုတ်ဘဲ နဲ့ ကိုယ်တွေ့ ခံစားသိလာရတာမျိုး လည်း ပါလာတယ် ။ နောက်တစ်ခု ကကျတော့ အသက်အရွယ်အရ ဒီလို အဖေကာရိုက်တာ လုပ်ရတာ ပိုပြီး အရသာရှိလာတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း စာသိ၊ သင်ယူတဲ့ အသိအပြင် ကိုယ်တွေ့ပါ သိလိုက်ရ တော့ ပြည်စုံလာတယ်လို့ ခံစား ရတယ်”ဟု ဆိုသည်။
အကြိုက် မတူသည့် ပရိသတ် များကြားတွင် ဇာတ်လမ်းသရုပ် ဆောင်မှုနှင့် ပတ်သက်၍ လူမင်း က-
”ကျွန်တော်ကတော့ ဇာတ် လမ်းကို မျှပြီး ရိုက်ရတယ်။ တချို့ ပရိသတ်တွေ ကျတော့လည်း ကျွန် တော့်ကို လူကြီး ပုံစံနဲ့ ရိုက်တာ ကြိုက်သလို၊ မင်းသမီး အငယ်နဲ့တွဲ ပြီး ရိုက်တာလည်း ကြိုက်ကြ တယ်လို့ ပြောကြတယ်။ အဲဒီလို ဆိုရင် အစ်ကိုတို့ ဘက်က မျှရိုက် နေရတာပေါ့။ တစ်လိုင်းတည်းတော့ မသွားပါဘူး။ အမှန်တကယ် ဆိုရင် ဒီတိုင်းပြည်မှာ ဖြစ်နေလို့ပါ။ ကျွန်တော်တို့ အသက်အရွယ် ဆိုရင် ဘဝနဲ့ယှဉ်တဲ့ ဇာတ်လမ်းတွေ ပံ့ပိုးမှု အားကောင်းကောင်းနဲ့ ရိုက်ရမယ့် ဇာတ်လမ်းမျိုးတွေ ရိုက်ချင် တယ်။ ဖန်စီ ဆန်ဆန် ဇာတ်တွေက ကျွန်တော်တို့နဲ့ မလိုက်တော့ဘူး”ဟုပြောသည်။

တွယ်တာ

နိုင်အောင့် အတွက်ကျည်တစ်တောင့်

  ဆောင်းပါးရှင်-Nay Hline Htwe
ABSDF (တောင်ပိုင်း)ကကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့ထောက်လှမ်းရေးဆိုတာ
 သေချာပါတယ်တဲ့လား Dr နိုင်အောင်မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချလိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ….

ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေသူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခုမြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်ပြန်တာလား။


ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊
နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကောလိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။တောထဲမှာကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလိုမိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်စကားကြားခဲ့ရတယ်။

ရှင်ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီးနှိပ်စက်၊ထောင်(၁၀)နှစ်ချ၊
အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ၀င် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာမျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။
ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို
နှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံ
ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်
ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့
ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်း
ကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ
ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင်
အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ
ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီး
ဒဏ်ကိုခံခဲ့ရတာပါ။

ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ
တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး
ဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်
သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆို
တာ ထပ်နေတာပဲ။
ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူ
တွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်
မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်
သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေး
ခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါ
တယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ
မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်
စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာ
နေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်
လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆို
တဲ့ ရှင်တို့အသိဆုံးပါဘဲ။
စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအ
သေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ
အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မ
ကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လို
ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။
ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့
ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း
ကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့
ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်
မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်း
ရေးတွေပါ ပါဝင်သင့်တယ်။
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။
အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်က
ကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီး
အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။
ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့
ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။
အဲဒီတော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။
ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့
သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ
လောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်
ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။
စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်
နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်
ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့
ဖြေရှင်းပါလိမ့်မယ်။
ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်
တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ
ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်။
တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်
တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့
ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီ
နိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်
သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်
ရုန်းကန်နေသူတွေကို နိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူး
လား။
စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်
ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့
နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့
အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့
ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊
နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်
တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား?
ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ
ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့
မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေး
ကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီး
ထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်
စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊
ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။
ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူ
ပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြ
တာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။
 ရှင်တို့လက်ထဲကလွတ်အောင်ပြေး
ခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည
(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်း
တွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။
မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။
ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲ
နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေက
မထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့
ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာ
ရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။
ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်
ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူမိသားစုများ စစ်တွေသို့ ပြောင်းရွှေ့

ပြောင်းရွှေ့လာသော ဟိန္ဒူမိသားစုများ ( ဓါတ်ပုံ- Coral Arakan)

ဘာသာ မကူးပြောင်းလိုသည့် ဟိန္ဒူ ဘာသာဝင် မိသားစု ၄ စုအား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ စစ်တွေမြို့သို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် လွန်ခဲ့သော ကြာသပတေး ပြောင်းရွှေု့လိုက်သည်
၎င်းဟိန္ဒိုမိသားစုများမှာ ပေါက်တောမြို့နယ် အနောက်တောင်ဘက်တွင် တည်ရှိသော အိမ်ခြေ ၁၈၀ ခန့်ရှိသည့် တောင်ရွာ မွတ်ဆလင်ရွာတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။
“စစ်တွေကို မနေ့က ၁၁နာရီခွဲမှာ ရောက်ပါတယ်။ ညနေ ၃နာရီလောက်မှာ ဓည၀တီ ရပ်ကွက်မှာ ရှိတဲ့ ဟိန္ဒူ ဒုက္ခသည် စခန်းကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့ လိုက်ပို့ ပေးပါတယ်။ အဲဒီမှာ ရောက်တော့ နေရေး ထိုင်ရေး အဆင်ပြေပြီး ကူညီထောက်ပံ့မှုတွေက ရကြမှာ ဖြစ်ပါ တယ်” ဟု စစ်တွေမှ ဟိန္ဒူ အဖွဲ့ ကော်မတီဝင် လူကြီး တစ်ဦးက နိရဉ္စရာသို့ပြောသည်။
စစ်တွေ အခြေစိုက် ဟိန္ဒူအဖွဲ့က ပြည်နယ်အစိုးရထံသို့ အဆိုပါ မိသားစုများ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြပြီး  ပြည်နယ်အစိုးမှ ခွင့်ပြုချက်ပေးသဖြင့် ရခိုင်ပြည်နယ်မှ လူမူရေး အဖွဲ့ အစည်း တစ်ခုဖြစ်သော ၀ံလက် ဖေါင်ဒေးရှင်း၏ အကူအညီဖြင့် စက်တင်္ဘာလ ၂၀ နေ့က ပြောင်းရွှေ့ခဲ့ခြင်း  ဖြစ်သည်ဟု ဆိုသည်။
“သူတို့က နည်းနည်း အခက်အခဲ ရှိတဲ့ အတွက် ကျွန်တော်တို့ကို အကြောင်းကြားတယ်။ အခက်အခဲကတော့  အိ(ဒ်)ပွဲတုန်းက အဲဒီ မိသားစု ၄ ခုကို တချို့က ထင်ပါတယ်။ အစ္စလာမ် ဘာသာကို အဓ္ဓမ ပြောင်းခိုင်းတယ်လို့ ပြောပါတယ်။ မကူးပြောင်း နိုင်လို့ ငြင်းတဲ့အခါ  အိမ်တွေကို ဖျက်ဆီးပစ်တာတို့ ကိုယ်ထိ လက်ရောက် စော်ကားတာတို့ ပြုလုပ်လာတယ်လို့ ပြောတယ်။  နောက်တော့ အနီးမှာရှိတဲ့ တောလယ်ကျေး ရွာ ဥက္ကဌ ဦးသာဒိုးအောင် အကူအညီနဲ့ အဲဒီရွာမှာ ၁လနဲ့ ၂၆ရက် ခိုလုံ နေခဲ့ ရပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာက အကူအညီနဲ့ စစ်တွေကို ရွှေ့လိုက်တာပါ” ဟု ကမကထပြုလုပ် ပေးခဲ့သူ ဟိန္ဒူကော်မတီအဖွဲ့ဝင် တဦးက ပြောသည်။
ဟိန္ဒူ မိသားစု ၄ ခုတွင်  လူဦးရေ စုစုပေါင်း ၂၅ ဦး ပါဝင်ကြောင်း သိရသည်။
ထွန်းထွန်း(နိရဉ္စရာ)

 

မန္တလေးဈေးချို နဲ့ ဓာတ်ဆီထုပ်


ကြာသပတေးနေ့က မန္တလေးဈေးချိုမှာ ဓာတ်ဆီထုပ်တွေချပြီး မီးရှို့ဖို့ စီစဉ်ခဲ့တဲ့သူဟာ ဈေးသည်တယောက်ဖြစ်တယ်၊ ဂိုဒေါင်မှာထားတဲ့ သူ့ပစ္စည်း တချို့ အဖောက်ခံရလို့  ဂိုဒေါင်ပိုင်ရှင် စကားပြောဆိုရာမှာ အဆင်မပြေတဲ့အတွက် ဓာတ်ဆီထုပ်များကို ဆိုင်ခန်းတွေကြားထဲ သွားထားတယ်၊ ဓာတ်ဆီထုပ်တထုပ်မှာ ဆက်ထားတဲ့ပီနံကြိုးကို မီးရှို့ခဲ့သေးတယ် တဲ့။ သူ့ကိုဖမ်းပြီး နောက်ပိုင်း ရဲစခန်းမှာ ထွက်ဆိုတာတွေကို အခြေခံ ရေးထားပုံရပါတယ်။

ဒီနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့သတင်း ဖြစ်ပါတယ်

Memory Card ထဲက ဖျက်လိုက်မိတာတွေကို ပြန်ယူနည်း


 
ကွန်ပျူတာမှာ မမျှော်လင့်ဘဲ  ဖျက်လိုက်မိလို့ ပျောက်ဆုံးသွားတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီတစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များ အတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

 
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့်   recovery ပြန်လုပ်လို့ ရပါတယ်။

၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။

www.pandorarecovery.com/download/

၂။ Instll လုပ်ရပါမယ်။

၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မ့်မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။ 


၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။



--------------------------
 

TechSpace နည်းပညာဂျာနယ်မှ ကူးယူ ဖော်ပြသည်။
http://techspacejournal.blogspot.com/2012/09/memory-card-sd-delete-data.html 



ကြေးမုံ သတင်းစာရဲ့ စာတည်းမှူးချုပ် ရဲ့ ပြန်ကြားချက်


 ကြေးမုံ သတင်းစာရဲ့ စာတည်းမှူးချုပ်ကတော့ သတင်းစာမှာ ဖော်ပြခဲ့တဲ့ မေဇွန်နဲ့ ပတ်သက်ပြီး ဒေါက် တာ စေတနာရဲ့ ဆောင်းပါးဟာ တရားရုံးက စစ်ဆေးခြင်း မပြုမီကြိုင်တင်ပြီး ဆေးပညာ ရှု့ထောင့်က သုံးသပ်တင်ပြထားခြင်းနဲ့ပတ်သက်ပြီး စာဖတ်သူများကို အကြောင်းပြန်ကြား ချက် ထုတ်ပြန်လာပါပြီ။ 

အမျိုးသမီးတချို့ ရာဇ၀တ်မှု ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီး ဆောင်းပါးရှင်က ပြစ်မှု ကျူးလွန်သူ အမျိုးသမီး အပေါ် ဖြစ်တတ်တဲ့ ရောဂါနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း ရေးသားတင်ပြခဲ့ခြင်းဟာ တရားရုံးက မစစ်ဆေးခင် ကြိုတင် လမ်းကြောင်းတဲ့သဘောဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါဟာ စာတည်းအဖွဲ့ရဲ့ တည်းဖြတ်မှု အားနည်းချက်သာဖြစ်ပြီးနောက်နောင် အလားတူ အဖြစ်မျိုး ထပ်မံ မပေါ်ပေါက်ရေး အလေးထား ဆောင်ရွက်သွားမယ်လို့ စာဖတ်သူတွေကို အနူးအညွတ် အသိပေးအပ်တယ်
ဆိုပြီး ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော် ၂၂.၉.၂၀၁၂

ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
နေပြည်တော် နေပြည်တော် MICC ခန်းမ
၂၂.၉.၂၀၁၂ (ဓာတ်ပုံ-ပေါက်စ ) မှ အချိန်နှင့်တပြေးညီ တင်ဆက်နေပါသည်။

 


အခု ၉ နာရီ၂၅ မိနစ်တွင် အစည်းအဝေးခေတ္တအနားယူနေပါသည်
ဓာတ်ပုံ - ပေါက်စ

တစ်နေ့တာ အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးအတွက် KNU တောင်းဆို

မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်ဒေသမှာ တစ်နေ့တာ အပစ်ခတ်ရပ်စဲထားဖို့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာအစိုးရက ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် တစ်နေ့တာ အပစ်အခတ်ရပ်စဲရေးကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရ အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာအောင် ကချင်ဒေသတိုက်ပွဲတွေ ရပ်ထားဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။
ဒါ့အပြင် စစ်မှန်ပြီး ထာဝရတည်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ပဋိပက္ခဖြစ်နေရတဲ့ အကြောင်းအရင်းတွေကို အစိုးရရော လက်နက်ကိုင်အဖွဲ့တွေကပါ ဝိုင်းဝန်းရှာဖွေကြဖို့နဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းသွားကြဖို့ကိုလည်း KNU ရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်အမျိုးသမီးများအဖွဲ့ KWO ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး KNU နဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နေတာကို ကြိုဆိုပေမယ့် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
အဲဒီကတဆင့် စစ်မှန်တဲ့ ဒီမိုကရေစီနည်းလမ်းအရ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့အတွက် လာမယ့်နှစ်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနဲ့ အစိုးရတို့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း KWO အဖွဲ့က ပြောဆိုပါတယ်။
KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ကိုဥာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
တွေ့ဆုံမေးမြန်းချက်။
အသံဖိုင်ယူရန်။

ပဲခူးတိုင်းဝန်ကြီးချုပ်ထံ လယ်သမားအခက်အခဲ တင်ပြမည်

RFA
လယ်ယာမြေ သိမ်းခံရသော လယ်သမားများ စုဝေး ဆန္ဒပြနေကြစဉ်
ပဲခူးတိုင်း၊ ပဲခူးမြို့ ကွေ့တန်းရှည်ရွာ၊ ကျိုက်ကေရွာနဲ့ ရွာတန်းရှည်ရွာတွေအပိုင် စားကျက်မြေကို စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က သိမ်းခဲ့ပြီး ငါးကန်တွေ တူးဖော်ခဲ့တာကြောင့် ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းပေးဖို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ တင်ပြနိုင်ရေးအတွက် လယ်သမားတွေက လက်မှတ်တွေကို ဒီကနေ့ စတင်စုဆောင်းနေပါတယ်။
စားကျက်မြေတွေကို သိမ်းယူပြီး ငါးကန်တွေ လုပ်ပစ်လိုက်တဲ့အတွက် ဒေသခံလယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လယ်သမား အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအောင်သန်းက RFA ကို အခုလို ပြောပါတယ်။
"စစ်ထောက်လှမ်းရေးလက်ထက်က သိမ်းယူထားတဲ့ အကွက်တွေရယ်၊ သတင်းတပ်ဖွဲ့က သိမ်းထားတဲ့အကွက်တွေကြောင့် စားကျက်မြေက ပျောက်သွားပြီး ငါးကန်တွေလုပ်လိုက်တယ်။ ငါးကန်တွေက ရွာကြီးကို ပတ်ထားတဲ့ တာရိုးကြီးလို ဖြစ်ပြီးတော့ ရေတွေတက်လို့ရှိရင် ငါးကန်ဘောင်တွေက ရွာကရေတွေမထွက်နိုင်ပဲ တာကြီးနဲ့ ဝိုင်းပတ်ထားသလိုဖြစ်နေတယ်။ ရေတွေတင်နေတော့ စပါးတွေကို ရေနှစ်သတ်သလို ဖြစ်နေတာပေါ့။ ရေ ၁၄-၅ ရက်လောက်မကျပဲနဲ့ အဲဒီမှာ ကန်ကြီးလို ဖြစ်နေတာ။ စပါးတွေက နှစ်တိုင်း နှစ်တိုင်းပျက်တယ်။ ကျွဲ နွားတွေကိုကျွေးဖို့ စားကျက်မြေမရှိတဲ့အတွက် မြက်တွေဘာတွေ ရိတ်လို့မရဘူး"
စားကျက်မြေ ပျောက်သွားတဲ့အတွက် ကျွဲနွားတွေကြွေးဖို့ မြက်ခင်းတွေ မရှိတော့သလို၊ နွားကျောင်းဖို့နေရာတွေလည်း မရှိတော့ပါဘူး။ ကျွဲနွားအစာအတွက် ငါးမွေးကန်တွေရဲ့ ၀န်းကျင်က မြက်တွေကို သွားရောက်ရိတ်ယူရင်လည်း ငါးကန်ပိုင်ရှင်တွေက တရားစွဲတာမျိုးတွေ လုပ်တယ်လို့ ကိုအောင်သန်းက ပြောပါတယ်။ အဲဒီအခက်အခဲတွေကြောင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ စာပို့တောင်းဆိုမှာ ဖြစ်ပါတယ်။ လောလောဆယ် လယ်သမား ၁၀၀ ကျော်ရဲ့လက်မှတ်တွေ ရရှိထားပြီးဖြစ်ပြီး လက်မှတ်ပေါင်း ၃၀၀ လောက် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို လာမယ့်တနင်္လာနေ့မှာ ၀န်ကြီးချုပ်ထံ ပေးမယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန် ကိုလည်း မေးချင်တာမေးနိုင်ပြီ (ခွန်ဒီးယမ်)


၂၇-၉ -၂၀၁၂ ရက်နေ့ကျရင် အာရှလူ့အဖွဲ့အစည်း ခန်းမမှာ သမ္မတဦးသိန်းစိန် အမေးအဖြေပွဲရှိတယ်တဲ့၊ ပွဲကြီး ပွဲကောင်းပဲ၊ မေးချင်တာတွေ သွားမေးကြဖို့ ဒီးယမ် လေးလေးနက်နက် တိုက်တွန်းပါရစေ။

ဟောဒီစာမျက်နှာရဲ့ ကွန်မန့် box မှာ English လိုသွားရေးပြီး မေးကြပါ။ >> http://asiasociety.org/blog/asia/what-would-you-ask-myanmar-president-thein-sein-asktheinsein?utm_campaign=socialmedia&utm_source=twitter&utm_medium=socialmedia

မြန်မာစံတော်ချိန် ၂၈ရက် မနက် ၃နာရီခွဲမှာ ဒီlink ကနေ တိုက်ရိုက်ကြည့်နိုင်တယ်။ >>http://asiasociety.org/new-york/live


ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတွေဟာ အုပ်ချုပ်သူတွေအပေါ် မေးခွန်းတွေမေးတတ်ရမယ်။ (ဒေါ်အောင်ဆန်းစုကြည်)

အာဏာပိုင်တွေဟာ သူတို့ယခုလို အာဏာရှိတဲ့နေရာ ရောက်လာအောင် ရွေးကောက် မဲပေးခဲ့တဲ့ ပြည်သူတွေအပေါ် သူတို့ရဲ့ဆုံးဖြတ် လုပ်ဆောင်မှုတိုင်းနဲ့ပက်သက်ပြီး ရှင်းလင်း ဖြေကြားပေးဖို့ တာဝန်အပြည့်ရှိတယ်။ ဒါဟာ စိတ်ပါမှ လုပ်ချင်တဲ့အခါမှ လုပ်ရမှာ မဟုတ်ဘူး၊ လုပ်ကိုလုပ်ရမယ့် တာဝန်ပဲ။ (ဒေါ်အောင်ဆန်းစုကြည်)

ဒီမိုကရေစီ ဘယ်တော့ရမှာလဲလို့ ကျမကို လာလာမေးတဲ့လူတိုင်းကို ကျမတစ်ခုပြန်မေးချင်တယ်၊ ဒီမိုကရေစီမြန်မြန်ရအောင် သင်ကောဘာလုပ်ပြီးပြီလဲ?? လူတိုင်း များများလုပ်ရင် မြန်မြန်ရမယ်လို့ပဲ ဖြေပါရစေ။ (ဒေါ်အောင်ဆန်းစုကြည်)

ငါတစ်ယောက် မလုပ်လို့လဲ ဘာမှဖြစ်မသွားပါဘူလို့ မတွေးပါနဲ့၊ လူတိုင်းအဲ့လိုတွေးရင် လုပ်မယ့်လူကျန်ပါ့ဦးမလား?? (ဒေါ်အောင်ဆန်းစုကြည်)

ငြိမ်းချမ်းရေးရဖို့ အားလုံးမှာ တာဝန်ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်)
၂ခါမရနိုင်တဲ့ အခွင့်အရေးမို့ မေးကြပါ။ Share ကြပါ၊
ခွန်ဒီးယမ်(Facebook)
 
 
 

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ငြိမ်းချမ်းရေးဆုတောင်း လမ်းလျှောက်ပွဲ(21-9-2012)


ဒီကနေ့ (၂၁-၉-၂၀၁၂)ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးဆုတောင်း လမ်းလျှောက်ပွဲတွေကို နိုင်ငံရေး လူမှုရေး အသင်းအဖွဲ့ နှစ်ဆယ်ဝန်းကျင်က ပူးပေါင်းကျင်းပခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဂျေက တင်ပြပေးမှာ ဖြစ်ပါတယ်။

USIP ကိုယ်စားလှယ် NLD နှင့် ဥပဒေရေးရာ ဆွေးနွေး

ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် USIP ငြိမ်းချမ်းရေးအဖွဲ့က Mr Jason Gluck ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့ကို ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ USIP ကိုယ်စားလှယ်တွေနဲ့ ဥပဒေရေးရာကိစ္စရပ်တွေကို အဓိက ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"United States Institute of Peace က ပုဂ္ဂိုလ်တွေ၊ ဥပဒေသမားတွေ၊ Training တွေ၊ ဥပဒေရေးဆွဲရေး သင်တန်းတွေပေါ့ဗျာ။ ဒါတွေလုပ်ပေးနိုင်တယ်ပေါ့။ လိုတဲ့အခါ ညွန်ကြားဖို့ အဲဒီ ဥပဒေ အကြာင်းတွေကို ဆွေးနွေးပွဲ သဘောမျိုးပေါ့။ ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး သူတို့အတွေ့အကြုံတွေအရ အကျိုးရှိတဲ့ဟာတွေ နောက် နီပေါမှာ သူတို့လုပ်ခဲ့တဲ့ နမူနာတွေပြောပါတယ်။ အဲတော့ ဒီဘက်ကလည်း လိုအပ်ရင် သူတို့လုပ်နိုင်တာရှိရင် သူတို့အကူအညီ ပေးမယ်ပေါ့။ ရှိရင်လည်း သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အဲတာတွေ ပြောပါတယ်"
USIP အဖွဲ့မှာ ဥပဒေပညာရှင် အများစုပါဝင်ပြီး ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်မှုတွေ လျော့နည်း ပပျောက်ရေးနဲ့ တားဆီး ကာကွယ်ရေးတွေကို အဓိက ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သမ္မတ ဦးသိန်းစိန်ကြိုဆို

2012-09-21 မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမှုတွေ လာရောက်မြှုပ်နှံတာကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ Nanning မြို့မှာ (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပနေစဉ်အတွင်း သူကအခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ယူနန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တွေ့ဆုံနေစဉ်။
ဒါအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူနေမှုဘ၀ တိုးတက်ပြောင်းလဲရေးအတွက် အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။
ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ဆွေမျိုးပေါက်ဖော်အဖြစ် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုကို ပြသလိုက်တာဖြစ်တယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။
"သူသွားတာကလည်း ကုန်စည်ပြပွဲကို သွားတာဆိုတော့ ဒီဘက်က ကြီးမားတဲ့ အဆင့်မြင့်တဲ့သူတွေနဲ့ တွေ့မှာ မဟုတ်ပါဘူး။ အဲတော့ အမေရိကန်ကို သူသွားတာကလည်း အမေရိကန်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ သွားတာ မဟုတ်ပဲနဲ့ ကုလသမဂ္ဂကို သွားတာဖြစ်တယ်။ အဲနှစ်ခုက အဆင့်ချင်း အတူတူလောက်ပဲလို့ ပြောလို့ရတာပေါ့လေ။ ဒီသံတမန် သဘောအရ။ အဲဒီအရ ကျွန်တော်ထင်တယ် တန်းတူတဲ့အဆင့် တစ်နေရာကို သွားပြီးတော့ မျက်နှာပြတဲ့ သဘောပါပဲ။ ဒီထက်တော့ မပိုပါဘူး"
Nanning မြို့မှာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းအပြင်၊ စိုက်ပျိုးရေးထွက်ကုန်၊ ငါး၊ စက်မှုလုပ်ငန်း၊ သစ်တော၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုပေမယ့် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဦးဖိုးသံချောင်းက ဆိုပါတယ်။
Nanning ကုန်စည်ပြပွဲမှာ ပြောသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ ဒီနှစ်သြဂုတ်လအထိ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ထိ ရှိတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့တွင် ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် ဦးဆောင်သူများကို ဥပဒေအရ အရေးယူသွားမည်ဟုဆို

Photo: အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း
စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းသည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင်
ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅နာရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သောသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက "ဒီနေ့ဖြစ် သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့က လူစုမခွဲပဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့် အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့ အပေါ်မှာ ဘာမှမရှိတဲ့နိုင်ဘူး" ဟု ပြောကြားခဲ့ပါသည်။

" ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာရှိနေဖို့ အတွက် ဥပဒေဘောင်ထဲကနေ စောင့်ရှောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့် သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့ အညီမဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအ ရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာမ ဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဌာန်းထားတဲ့ ဥပေဒတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈အရ အရေး ယူဖို့ ဆောင်ရွက်သွားမှာပါ" ဟု ရဲမှူး မြင့်ထွေးက ဆက်လက် ပြောကြားခဲ့ပါသည်။

ထိုသို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည့် အကြောင်းအရာနှင့် ပတ်သက်၍ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်နော်လှလှစိုးက "ကျွန်မတို့ လုပ်ဆောင်တာ အားလုံးက တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်ခဲ့တာပါ။ ဆန္ဒ ဖော်ထုတ်ခွင့် လျှောက်ထားတဲ့ အခါမှာ သက်ဆိုင်ရာက လိုအပ်မှုရှိတယ် ခွင့်မပြုနိုင်ဘူးဆိုပြီး အကြောင်းကြားစာ ရရှိခဲ့ပြီး စဉ်ဆက်မပြတ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ ညှိနှိုင်း မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မ တို့ ပြုလုပ်ဖို့ တင်ပြထားတဲ့ အချိန်ကို ခွင့်ပြုချက်မရရှိလို့ အခုလိုမျိုးဖြစ်ရတာပါ။ ငြိမ်းချမ်းရေးရရှိ ဖို့လုပ်ဆောင်မှုတွေ ဒီခေတ်ဒီအခါမှာ အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိ ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီကို ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ တက်နိုင်တဲ့ဖက်က ပူးပေါင်းလုပ်ဆောင်တာပါ။ ဒီလိုမျိုးလုပ်ဆောင်လို့ ဥပဒေနဲ့ အရေး ယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိပါတယ်"ဟု ပြောပြခဲ့ပါသည်။


ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး

 
ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး  လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။
ဦးကျော်မောင်ချေအား သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ကျောက်တော် မွတ်ဆလင် ပိုက်သည်ရပ်မှ ဖမ်းဆီးခံထားရသူ (၇) ဦး ရှိရာ ထိုအထဲမှ (၂) ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။

“ဒီနေ့ မနက်ပိုင်းညဥ့် ၂ နာရီကျော်ခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဘယ်လိုထွက်ပြေးသွား တယ်ဆိုတာကို အသေးစိတ်တော့ မသိပါဘူး” ဟု ကျောက်တော်မြို့မှ ဒေသခံ  တစ်ဦးကပြောသည်။

သူတို့ နှစ်ဦးမှာ ယမန်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ဦးကျော်မောင်ချေကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးသူ နှစ်ဦး ဖြစ်သည်ဟု ရဲအဖွဲ့ကို ကိုးကားပြီး  အမည် မဖေါ်လိုသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ  တစ်ဦးကပြောသည်။

တစ်ခြား ဒေသခံ တစ်ဦးကို ကျောက်တော် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာ ယခုအခါ ပိုက်သည်ရွာကို ရဲနှင့် စစ်တပ်မှ ၀င်ရောက်ပြီး တရားခံများကို ရှာဖွေနေသည်ဟု ပြောသည်။

“ အခု ကျွန်တော်တို့ကြားတာက ရဲနဲ့ စစ်တပ်က ပိုက်သည်ရွာကို ၀ိုင်းထားပြီး ထွက်ပြေးသွားတဲ့ တရားခံ နှစ်ဦးကု ရှာဖွေနေတယ်လို့ ကြားပါတယ်။ ကိုယ်တိုင်သွားကြည့်ဖို့က မဖြစ်နိုင်တော့ ကြားတာကိုဘဲ ပြောတာပါ” ဟု တခြား ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

ဦးကျော်မောင်ချေ (၆၄ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီခန့်တွင် မလေးရှားရှိ သူ့သားထံမှ ပေးပို့သော ငွေကို ကျောက်တော်မြို့မှ ထုတ်ယူပြီး သူနေထိုင်ရာ သရက်အုပ် ကျေးရွာ သို့  အပြန်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

ဦးကျော်မောင်ချေ သတ်ဖြတ်ခံရပြီးနောက်ပိုင်းတွင် ပိုက်သည်ရွာမှ တရားခံ (၇) ဦးကိုရဲက ဖမ်းဆီးခဲ့ရာ နှစ်ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။

ကျောက်တော်မြို့မှ ရရှိသော သတင်းအရ ရဲစခန်းရှိ ရဲသားများ အရက်သောက်ပြီး မူးယစ်နေစဉ် အဆိုပါ တရားခံ နှစ်ဦးသည် အချုပ်ခန်း သံတိုင်ကို ကိုယ်ဝတ် ပုဆိုးဖြင့် ကျစ်ပြီး ခြားအောင် ပြုလုပ်ကာ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး အသေး စိတ်သိရှိနိုင်ရန် နိရဉ္စရာမှ ကျောက်တော်ရဲစခန်းကို ဆက်သွယ်မြေးမြန်းရာ တစုံတရာ ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားသည်။
မောင်အေး(နိရဉ္စရာ)

ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲ(၀ါရှင်တန် ဒီ စီ)



ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဟာ ဘယ်တိုင်းရင်းသား လူမျိုးဖြစ်တယ်ဆိုပြီး စိတ်ဝမ်းကွဲပြားတာမျိုးမဖြစ်စေဘဲ တနိုင်ငံထဲကနေ လာခဲ့ကြသူတွေ ဆိုတဲ့အမြင်ရှိကြဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဝါရှင်တန်ဒီစီမြို့မှာ မြန်မာနိုင်ငံသားတွေကို ပြောကြားလိုက်ပါတယ်။