Pages

Saturday, October 6, 2012

မောင်တောတွင် နယ်မြေလုံခြုံရေး ပြည်သူ့စစ် သင်တန်းပေး


မြန်မာနိုင်ငံ အနောက်ဘက်ဆုံး ဒေသအတွင်း နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများ၏ ဘဝလုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများကို စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ပြည်သူ့စစ်သင်တန်းများ လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း
 မောင်တောမြို့ ဒေသခံများထံမှ သိရှိရသည်။ မောင်တောမြို့နယ်တွင် အများအားဖြင့် တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီကျေးရွာများ အများဆုံးရှိပြီး ယင်းတို့နှင့် နီးစပ်သော ဒေသခံတိုင်းရင်းသား ကျေးရွာများမှ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို မိမိတို့၏ ကျေးရွာများကို မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော်က ပြည်သူ့စစ် သင်တန်းပေးခြင်း ဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။ “လောလောဆယ်တော့ သင်တန်းပေးနေပါတယ်။ လက်နက်ကတော့ သင်တန်းပြီးမှ ပေးမယ်လို့ပြောတယ်” ဟု မောင်တောမြို့ အမျိုးသားဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ ယင်းသင်တန်းကို နစက အရာရှိများနှင့် တပ်မတော်အရာရှိများက သက်ဆိုင်ရာ နယ်မြေအလိုက် လေ့ကျင့်ပေးနေခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်ခန့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အထက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်အပါအဝင် သက်၊ မြို၊ ခမီး၊ ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား စုစုပေါင်း ၃ ရာခိုင်နှုန်းရှိပြီး ဘင်္ဂါလီလူမျိုး ၉၇ ရာခိုင်နှုန်းရှိကြောင်း ခရိုင်လဝက၏ စာရင်းဇယားများအရ သိရှိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ချည်ထည် ဈေးကွက် သွက်လက်လာ


ယခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ်များတွင် ၀တ်ဆင် ခဲ့သည့် မြန်မာ့ရိုးရာ ချည်ထည် ၀တ်စုံများကြောင့် ချည်ထည် အ၀တ် အထည်နှင့် ဒီဇိုင်းများကို ပြည်ပခရီးသွား ဧည့်သည်အများစု ယခင်ကထက် ပိုမိုစိတ်ဝင်စား ၀ယ်ယူလာကြကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေးမှ ချည်ထည်ဆိုင်များက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းတွေရှိလားလို့ တကူးတ ကမေးမြန်းပြီး လာဝယ်တဲ့ နိုင်ငံခြားသားဧည့်သည်တွေ ဒီနှစ်ထဲ များလာတယ်။

လူကြီးရော လူငယ်တွေပါ ကြိုက်ကြတယ်။ ၀ယ်ပြီးရင် ချက်ချင်းချုပ်ပြီး ၀တ်လို့ရအောင် စောင့်ယူသွားကြတာ များတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အရှေ့ဘက်တန်း ရှိ အောင်မြင့်မိုရ် အထည်ဆိုင်မှ ဒေါ်အေးအေးနွယ်ကပြောသည်။

 မြန်မာ့ရိုးရာ ချည်ထည်များကို နိုင်ငံခြားသား ဧည့်သည်များသာမက ပြည်တွင်းမှ လူငယ်အမျိုးသမီးများပါ ၀ယ်ယူမှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူအများစုက ဦးစားပေး ၀ယ်ယူလာကြကြောင်း သိရသည်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇိုင်းလို့ ပြောရောင်းတာနဲ့ကို ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်ဝင်တစားနဲ့ကို ၀ယ်သွားကြတယ်။

တချို့ နိုင်ငံခြား သားတွေက ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ယူလာပြပြီး ၀ယ်ကြတာလည်းရှိတယ်။ ဒီနှစ်ထဲမှာ ဧည့်အ၀င်များတာလည်းပါတော့ ချည်ထည်တွေ တော်တော်လေး ရောင်းရတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး စီရုံရှိ ချည်ထည်ဆိုင်တစ်ဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။

အချို့ နိုင်ငံခြားသားများမှာမူ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ် ဓာတ်ပုံများကို အင်တာနက်မှ ရယူပြီး ပုံပါအဆင်ဒီဇိုင်းများကို လာရောက်ရှာဖွေ ၀ယ်ယူကြကြောင်း သတင်းရရှိသည်။ အနောက်နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်အများစုမှာ ၀တ်ဆင်ရန် ချည်ထည်များကို ဦးစားပေး ၀ယ်ယူကြပြီး အရောင်တောက်သော တိုင်းရင်းသားဝတ်စုံအချို့နှင့် ရိုးရာဂျပ်ခုတ်ထည်များကို လက်ဆောင်ပေးရန် ၀ယ်ယူကြကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေး၊ စီရုံရှိ Ct Chin-NAGA ဆိုင်မှ တာဝန်ခံကပြောသည်။
 မြန်မာ့ရိုးရာအ၀တ်အထည်ကို နိုင်ငံတကာမှ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပိုမိုစိတ်ဝင်စားလာခြင်းမှာ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုထားခြင်း ခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ တစ်စိုက်မတ်မတ် ၀တ်ဆင်မှုကြောင့်ဖြစ်ကြောင်း ဧည့်လမ်းညွှန်အချို့က သုံးသပ်ပြောကြားသည်။

“ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရောက်တာနဲ့ ရိုးရာဝတ်စုံတွေ ကြည့်တယ်။ ဒေါ်စုဒီဇိုင်းတွေဆိုရင် ၀ယ်တယ်။ သူတို့နိုင်ငံ ပြန်ရောက်ရင် ဒါဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းဆိုပြီး အမှတ်တရ ပြန်ပြချင်တာ”ဟု စပိန်ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။ “အခု ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရိုးရာဝတ်စုံကို ကမ္ဘာကို ထိုးဖောက်နိုင်ပြီ။ အဲဒီလိုပဲ မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ကမ္ဘာကို ထိုးဖောက်သင့်တယ်။ ကိုရီးယားဆိုရင် သူတို့ ရိုးရာအစားအစာကို ကမ္ဘာအနှံ့ ထိုးဖောက်နိုင်တာ တွေ့ရတယ်”ဟု အသက် ၅၀ အရွယ် အိမ်ရှင်မ ဒေါ်မြင့်မြင့်သန်းကပြောသည်။

 အေးသူစံ၊ ခိုင်ချို News from : 7DAY NEWS

ကချင်လူမျိုး MMA Fighter Aung La N Sang အားမေးခွန်းများမေးမြန်းနိုင်

  (အောက်တိုဘာ ၅ ရက်) လေ့ကျင့်ရေးအပြီး အမှတ်တရ ဓာတ်ပုံအရိုက်ခံစဉ်။

ကချင်လူမျိုး MMA Fighter Aung La N Sang အား ရွှေလုံး အင်တာနက် စာမျက်နှာမှ လာမည့် တနင်္ဂနွေနေ့တွင် အင်တာဗျူး ပြုလုပ်မည်ဖြစ်ရာ ပရိသတ်ကြီးမှ မေးမြန်းလို့သည့် မေးခွန်းများရှိပါက
အောက်တွင် Comment အဖြစ် ထားရှိနိုင်ပြီ ဖြစ်ပါသည်။
ပရိသတ်ကြီးမှ မေးမြန်းလိုသည်များထဲမှ မေးခွန်း၅ခုအား ရွေးချယ်ပြီး မေးမြန်းပေးသွားမည် ဖြစ်ပါသည်။ Aung La N Sang သည် လာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဒယ်လာဝဲလ်ပြည်နယ်၌ ပြုလုပ်မည့် Cage Fury Fighting Championships 17
(CFFC 17) ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ်မှ ဒုက္ခသည်များကို ပြိုင်ပွဲမှရရှိသော ငွေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း သိရှိရသည်။

James Tu Lum

ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေဟုသိရ


ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အား ဆိုင်ခန်းရှင်များက ဆန္ဒပြရန် စီစဉ်နေသည်ဟုသိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်များ ဘက်မှ အကျိုးဆောင် ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်သူ ဦးမြင့်စိုး က "လာမယ့် ဗုဒ္ဒဟူး သို့မဟုတ် ကြာသာပတေးမှာ ခွင့်ပြုမိန့်ရမယ် လို့ထင်တယ် ၊ တရားဝင်ခွင့်ပြုချက် ယူပြီး ဆန္ဒထုတ်ဖော် သွားမှာပါ "ဟု ဆိုသည်။ ...
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင်
 " လက်ရှိ ဆိုင်ခန်းရှင်တွေ အနေနဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုကြတယ် ဒီကိစ္စကို ဦးတို့ကိုလာပြီး အကူအညီတောင်းတဲ့အတွက် သက်ဆိုင်ရာကိုလည်း ဆန္ဒထုတ်ဖော်သွားဖို့ တရားဝင်စာတင်ထားခြင်း ဖြစ်ပါတယ်" ဟု ယနေ့ (၆-၁၀-၂၀၁၂) က ဖြေကြားခဲ့သည်။

 News from : ရန်ကုန်မီဒီယာဂရုပ်

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဦးဆောင်ခဲ့သူများအား လှိုင်တရားရုံးက စစ်ဆေးမှုစတင်


 
ရန်ကုန်မြို့တွင်း ကမ္ဘာငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူများအား လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ (၅) ရက်နေ့က စတင်ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။

...ဦးဆောင်သူများဖြစ်သည့် ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန် တို့အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။

တရားစွဲခံရသူများကို ဥပဒေပုဒ်မ(၁၈)ဖြင့် မြို့နယ်(၁၀)ခုမှ တရားစွဲခဲ့ခြင်း
ဖြစ်ကာ လှိုင်မြို့နယ်တွင် စခန်းမှုး ဦးသိန်းဆွေမှ တရားလိုပြသက်သေပြုလုပ်
ခဲ့သည်။

“ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာတော့ စခန်း(၁၀)ခုကိုသွားပြီး အမှုစစ်ဆေးခံ
ခဲ့ရတယ်။ တရားပြန်စွဲခြင်း မစွဲခြင်းကတော့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်
ရဦးမယ်။ ကျွန်တော်တို့ဘက်က ဘယ်လိုကာကွယ်လို့ ရမလဲခုခံလို့ရမလဲ
ဆိုတာကိုပေါ့ ရတဲ့အနေထားအတိုင်းတော့လုပ်သွားမှာပါ။” ဟု တရားစွဲဆိုခံ
ထားရ သူ ကိုမိုဃ်းသွေးက ပြောသည်။

အမှုအား ချက်ချင်းစစ်ဆေးခြင်းကို လက်ခံနိုင်မှုမရှိသဖြင့်၎င်းတို့ဘက်မှလည်း
ရှေ့နေခေါ်ယူ ပြီးမှသာ စစ်ဆေးခံနိုင်မည်ဖြစ်ကြောင်း တရားဆွဲဆိုခံထားရသူ
များက ဆိုသည်။

“ခုက ချက်ချင်းတန်းခေါ်ပြီး စစ်ဆေးတဲ့သဘော အဲ့လိုပုံစံမျိုးဆိုတော့ကျွန်မ
တို့ လက်မခံခဲ့ဘူး။ ရှေ့နေတွေ ဘာတွေ ခေါ်ခဲ့မယ်ဆိုပြီးတော့ ရုံးချိန်းထပ်
တောင်းခဲ့တယ်။” ဟု မခင်စန္ဒာညွှန့်က ပြောသည်။

အမှုစွဲထားသည့် မြို့နယ် (၁၀) မြို့နယ်သို့ သွားရောက်စစ်ဆေးခြင်းထက်
အနောက်ပိုင်းတိုင်းခရိုင်၊အ ရှေ့ပိုင်းတိုင်းခရိုင်နှစ်ခု ခွဲကာစစ်ဆေးပေးရန်
လည်း တောင်းဆိုထားသည်။

တရားစွဲခံထားရသူများသည် ကိုယ်ပိုင်ခံဝန်ချက်ဖြင့်သာအာမခံလုပ်ထားမည်
ဖြစ်ကြောင်း ရုံးချိန်းတိုင်း ကို မပျက်မကွက်လာရောက်မည်ဖြစ်ကြောင်း မလာနိုင်လျှင် လျှော်ကြေးငွေ (၃)သိန်းပေးမည်ဆိုသည့် ခံဝန်ချက်
လတ်မှတ်ထိုးခဲ့ကြောင်း သိရှိရသည်။

“ခုအမှုကို ရင်ဆိုင်ဖို့အသင့်ပါပဲ။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အရ
ပါဝင်ဖြစ်တယ်။ အဲဒီအတွက် ကြောင့် ကိုယ်ပိုင်ခံဝန်ချက်နဲ့ သွားချင်တယ်။ ဘာကြောင့်ကိုယ်ပိုင်ခံဝန်လုပ်ရတာဆိုတော့ရှင်းပြတယ်။ ခုရေးနေတယ်။ ကိုယ်ပိုင်ခံဝန်ချက် စာချုပ်ထပ်ချုပ်ရမယ်။ ရုံးချိန်းခေါ်တိုင်းလာပါ့မယ်ဆိုတာ။
ဖောက်ဖျက်လာလို့ရှိရင် လျှော်ကြေးဘယ်လောက်လောက် ပေးပါ့မယ်ဆိုတဲ့အကြောင်း ဒါကိုယ်ပိုင်ခံဝန်ချက်ရဲ့ သဘောသဘာဝပါ။”ဟု ကိုဂျော်ဂွန်းက
ပြောသည်။

အဆိုပါ တရားစွဲခံထားရသူများသည် ဆန္ဒမထုတ်ဖော်ခင်တွင် ခွင့်ပြုမိန့်
တောင်းခဲ့ကြောင်း ခွင့်ပြုမိန့် အား မခိုင်လုံသည့် အကြောင်းပြချက်များဖြင့် ပယ်ချခံခဲ့ရကြောင်း ၄င်းတို့က ဆိုသည်။

“ငြင်းပယ်တဲ့နေရာမှာပေးထားတဲ့အကြောင်းပြချက်တွေကလည်းလမ်းပိတ်ဆို့
မှာစိုးတယ်။ ပြည်သူတွေ အနှောက် အယှက်ဖြစ်မှာစိုးတယ်။ အထိဂရုန်းတွေ
ဖြစ်မှာစိုးတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးတယ်။”ဟု ကိုမိုဃ်းသွေးက ပြောသည်။

နေပြည်တော် ဆန္ဒထုတ်ဖော်သည့် အဖွဲ့အား ဦးဆောင်သည့် ကိုဂျော်ဂွန်းနှင့် မစပယ်ဖြူတို့အား ဒဂုံမြို့နယ်တရားရုံးတွင် စက်တင်ဘာလ (၂၈)ရက်နေ့က အမှုစတင်စစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထပ်မံ ရုံးချိန်း စစ်ဆေးမည်ဖြစ်သည်။


News from :Myit Makha Mediagroup

လူတစ်ဦးလျှင်ကျပ်တစ်ထောင်လှူဒါန်းမှုဖြင့် One More ၏ စက်တင်ဘာလ အလှူငွေ ၁၄၄၃၀၀၀၀ ကျပ်တိတိရရှိ

 
 မန္တလေး-အောက်တိုဘာ၆
လူတစ်ဦးလျှင်တစ်ထောင်လှူဒါန်းမှုဖြင့်One More၏ စက်တင်ဘာလအတွက်ကောက်ခံရရှိငွေပေါင်း ၁၄၄၃၀၀၀၀ ကျပ်တိတိရရှိခဲ့ကြောင်းသိရသည်။ အလှူငွေများကိုပဲခူးတိုင်းဒေသကြီးသံတောင်မြို့နယ်၊ကော်ပတ်ခြံ ကလေးစာင့်ရှောက် ရေးဂေပာာသို့ သိန်း(၂၀)၊
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၊ရှမ်းကုန်းကျေးရွာ သောက်သုံး
 ရေရရှိရေးအတွက် ရေတွင်းရေကန်တူးဖော်ရန် သိန်း(၂၅)၊
မကွေးတိုင်းဒေသကြီးချောက်မြို့နယ်၊ ရွာသစ်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသို့ သိန်း(၃၀)၊
မင်္ဂလာဒုံHIV/AIDSအထူးကုဆေးရုံသို့ကျပ်သိန်း(၃၀)တန်ဖိုးရှိ သွေးဓာတ်ခွဲစမ်းသပ်စက်(၁)လုံး၊
ရန်ကုန်တိုင်းဒေသကြီးကြည်မြင်တိုင်မြို့နယ်၊၀ါးရုံဆိပ်ရွာသန္တိသုခဘုန်းတော်ကြီးသင်
ပညာရေးကျောင်းသို့ (၁၀)သိန်း
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မေယုဝံသဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ သိန်း(၂၀)၊
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊အမှတ်(၇)ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ (၉၃၀၀၀၀)ကျပ်အသီးသီးလှူဒါန်းခဲ့ကြောင်းသိရသည်။
mdy

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ ဗဟိုဘဏ်နှင့် ဘဏ္ဍာအခွန်ဝန်ကြီးဌာနက လုံးဝတာဝန်ယူဟုဆို

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်သော အခြေအနေအရပ်ရပ် ကိစ္စများအားလုံးကို ဗဟိုဘဏ်နှင့် ဘဏ္ဍာခွန်ဝန်ကြီးဌာနက လုံးဝတာဝန်ယူကြောင်း ဗဟိုဘဏ်ဒုတိယညွှန်ကြား
ရေးမှူးချုပ် ရန်ကုန်ဘဏ်ခွဲမှ ဦးဝင်းသော်ကပြောကြားသည်။

"ဘဏ်တစ်ခုကို စဖွင့်ကတည်းက စစ်ဆေးတယ်။ ခိုင်မာမှု၊ ငွေဖြူဖြစ်မှု ဒါတွေကို စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုတာ"ဟု အထက်ပါပုဂ္ဂိုလ်က ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဘဏ်များအသင်းရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပုဂ္ဂလိကဘဏ် ဖွင့်စဉ်ကတည်းက နေ့စဉ်လုပ်ငန်းစဉ် အခြေအနေအားလုံးကို စနစ်တကျ ဗဟိုဘဏ်သို့ ပို့ပေးရကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

"ကောလာဟလဆိုတာ မယုံကြည်ဖို့။ အခု ကောလာဟလထွက်တဲ့ ဘဏ်က ကုန်သည်စက်မှုအသင်းရဲ့ နာယကလည်းဖြစ်တယ်။ ကောလာဟလကို အချိန်နဲ့တပြေးညီ ဖြေရှင်းရင် လျင်မြန်စွာပြီးသွားနိုင်တယ်"ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကဆိုသည်။

ထို့အပြင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကလည်း ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များ ပြိုလဲမှု နောက်ပိုင်းမှစ၍ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို force backing ပေးထားကြောင်း ပြောကြားသည်။

"စည်းမျဉ်းစည်းကမ်း တင်းကြပ်လွန်းလို့ မရှူသာမရှိုက်သာဖြစ်တယ်"ဟု ဦးသန်းလွင်ကဆိုသည်။

ကမ္ဘောဇဘဏ်သည် လက်ရှိ ရင်းနှီးမြှုပ်နှံမှု Capital စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ ၁၀၀ ၀န်းကျင်ရှိကြောင်း မတည်ငွေအခိုင်အမာရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်းတွင် ကမ္ဘောဇဘဏ်တွင် ငွေထုတ်များပြီး ကောလာဟလသတင်းများကြောင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်သည်။ ဘဏ်များအသင်း၊ ဘဏ္ဍာခွန်ဝန်ကြီးဌာန၊ အစိုးရတို့က နောက်တွင်ရှိနေပါကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်အေးက ဆိုသည်။

7Day News Journal

အမေစု ဘာလဲ .. ဘယ်လဲ ?

လင်းလွန်းညို   ရေးသည်

 အခုတလော .... facebook ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးသားထားတဲ့ စာတစ်ချို့ ဖတ်လိုက်ရပါတယ်... အဓိက ကတော့ ... ကချင်စစ်ပွဲ ... ရခိုင်ပြည်နယ် ဆူပူမှု နဲ့ ..... ကြေးနီတောင် ဆန္ဒပြပွဲများ မှာ ၀င်မပါလို့ ဆိုတဲ့ အမြင်နဲ့ ရေးသားကြပါတယ်.....
တစ်ချို့ ကလည်း ၈၈ က ကိုမင်းကိုနိုင်ကို ဇန်းတင်သလိုလို နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုကြပါတယ်..... ပြောနိုင်ပါတယ်.... လူတိုင်းမှာ အမြင်တွေ ကွဲလွဲခွင့် ရှိနေမှာပါပဲ ......
ဒီတော့ ကျွန်တော့ အမြင်ကိုလည်း တင်ပြလိုက်ပါတယ်.။
  အဲဒိလို ... ယခု မျက်မှောက်မြန်မာ့ အရေးမှာ အထင်ကရဖြစ်တဲ့ ကချင်စစ်ပွဲတွေ.... ရခိုင်ပြည်နယ်က ဘင်္ဂလီ အရေးတွေနဲ့ ... ကြေးနီတောင် ဆန္ဒပြမှုများ မှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပေးခဲ့ဘူး ... ပြည်သူဘက်က မရပ်တည်ဘူးလို့ ပြောနေတာ ဟာ ..

. ဒေါ်စု ပြောနေတဲ့ Rule of Law ကို နားမလည်လို့ ပါပဲ ..... တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားရဲ့ ကျယ်ဝန်းမှုကို မသိလို့ သာ ပြောနေခြင်းဖြစ်ပါတယ်...... တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားလုံးကို ... မြန်မာ ပြည်မှာ ကြားနေရတာ ကြာပါပြီ... ကျွန်တော့ တစ်သက်ပါပဲ .... ဒါပေမယ့် တကယ်တန်းဘာကို မှ အကောင်အထည်မဖော်နိုင်ခဲ့တော့ .....
 လူတွေ စိတ်ဝင်စားမှုနည်းတာလည်း ဖြစ်နိုင်ပါတယ်.... အရင် အာဏာရှင် အစိုးရ နှစ်ဆက်လုံး မှာလည်း ပြောခဲ့ဖူးတာပါပဲ .... သူတို့ ချမှတ်ခဲ့တဲံ နိုင်ငံရေး ဦးတည်ချက်လေးရပ်မှာတောင်. ..တစ်ချက်အဖြစ်ထည့်ထားပါသေးတယ်... ဒါပေမယ့် ဘာမှ ဖြစ်မလာတော့ ... လူတွေလည်း စိတ်မ၀င်စားဘူးပေါ့လေ.....

တရားဥပဒေ စိုးမိုးရေး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ ပထမဆုံး လှမ်းရမယ့် ခြေလှမ်းပါပဲ ...... ဒီမိုကရေစီဆိုတာ .. ပြည်သူ အုပ်ချုပ်တဲ့ စနစ်ပါ... ပြည်သူ ကရေးဆွဲ .. ထောက်ခံထားတဲံ ဥပဒေ တစ်ရပ် စိုးမိုးနိုင်မှသာ ... ဒီမိုကရေစီနိုင်ငံဖြစ်ပါမယ်....တရားဥပဒေမှာ အကုန်ပါဝင်ပါတယ်..... နိုင်ငံရေး စီးပွားရေး ... လူမှုရေး .. ပတ်သက်သမျှ အားလုံး အတွက် ပြဌာန်းထားတဲ့ ဥပဒေ တိုင်းဟာ တရားဥပဒေမှာ အကျုံးဝင်ပါတယ်.... ဒါတွေကို နိုင်ငံ တစ်ခု မှာ တိကျသေချာစွာ လိုက်နာဆောင်ရွက်နိုင်မှ...... ကျွန်တော်တို့ လှမ်းချင်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဆီကို သွားနိုင်ပါလိမ့်မယ်... ဥပဒေ မရှိ ... ဥပဒေ မစိုးမိုး ... နိုင်တဲ့ နိုင်ငံဟာ ပရမ်းပတာ ဖြစ်တတ်ပါတယ်... ဒီတော့ ဥပဒေ ဆိုတာ ကိုလည်းရှင်းပါမယ်... ဥပဒေဆိုတာ ... အထက်အစိုးရ... သို့ မဟုတ် အာဏာရလူနည်းစု တစ်ခု ရဲ့ ထုတ်ပြန် မိန့်မဟုတ်ပါဘူး ... ကျွန်တော်တို့ ပြည်သူများ ကနေ ရေးဆွဲတင်ပြထားပြီး ပြည်သူတွေ က ထောက်ခံ ထားတဲ့ ဥပဒေကို ဆိုလိုပါတယ် ။

 အခုလက်ရှိမြန်မာ နိုင်ငံမှာပြဌားန်ထားတဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပဲ ကြည့်ရင်.. ပြည်သူထောက်ခံထားတာ မဟုတ်ပါဘူး .....
လူနည်းစု တစ်ခုကနေရေးဆွဲအတည်ပြုထားတဲ့ဥပဒေသာဖြစ်ပါတယ်.... သူတို့ ဘာကြောင့် အတည်ပြု နိုင်ခဲ့တာလဲ .... ဒါဟာ တရားဥပဒေ မစိုးမိုးလို့ ပါပဲ .... ဒီမိုကရေစီနိုင်ငံတစ်ခုဆိုရင်..... ပြည်သူ့ ထောက်ခံမှုနဲ့ .. ပြည်သူ့ ဆန္ဒ နဲ့ သာ ... ဥပဒေ တစ်ခုကို အတည်ပြုနိုင်ရမယ်.....
 ဥပဒေ အထက်မှာ ရှိနေတဲံ ပုဂ္ဂိုလ်များကြောင့်သာ .... ဒီ ဖွဲ့စည်းပုံကို ကျွန်တော်တို့ လက်ခံခဲ့ရတယ်..... ဒီလောက်ဆို .. တရားဥပဒေ စိုးမိုးရေး ဆိုတဲ သဘောကို လိပ်ပတ်လည်လောက်ပြီထင်ပါတယ်....

 အတိုချုံးဆိုရင်တော့ ... ပြည်သူတွေ အုပ်ချုပ်တဲံ စနစ်တစ်ခုမှာ ... ပြည်သူအများရေးဆွဲတဲ့ ဥပဒေ ဟာ တည်တံ့ရမယ် စိုးမိုးရမယ်..... ဒါမှ တိုင်းပြည် အနာဂတ်ဟာ ပြည်သူ လက်တွင်းမှာရှိပါလိမ့်မယ်....

 ပထမတစ်ချက် ကချင်စစ်ပွဲနဲ့ တရားဥပဒေ ပတ်သက်ပုံကိုပြောပါမယ်.။
ကချင်စစ်ပွဲမှာ .... အချက်နှစ်ချက်ကြောင့် သာ မငြိမ်းချမ်းသေးတာဖြစ်တယ်..

. နံပါတ် တစ်... သမ္မတ ကြီး ရဲ့ အပြစ်အခတ် ရပ်စဲပါပြီ ဆိုတဲ့ စကားဟာ ....
ကာချုပ်ရဲ့ ကျည်ဆန်လောက် အရာမရောက်ခြင်းနဲ့ .....

. နံပါတ်နှစ်.... တိုင်းရင်းသားများ ဘက်မှ အစိုးရအပေါ် အယုံ အကြည် မဲ့ လာခြင်းတို့ ကြောင့် သာ ဒီစစ်ပွဲ မရပ်သေးတာ ပါ.... ဒီတော့ သမ္မတကြီး ဆိုတာ နိုင်ငံခေါင်းဆောင်ပါ..... ဖွဲ့စည်းပုံ အခန်းသုံးမှာ ပါဝင်သလို ... နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး ၏ အထွဋ် အထိတ် ဖြစ်စေရမည် ဆိုတာ ကို .... နံပါတ် တစ် အချက်က ရိုက်ချိုးလိုက်တာပါပဲ .....

 ကာချုပ်က သမ္မတစကားကို အရာမရောက်သလို လုပ်သွားပါတယ်...... ဒါဟာ တရား ဥပဒေ မစိုးမိုးလို့ ပါပဲ ...... ဖွဲ့ စည်းပုံဥပဒေ အတိုင်းသာဖြစ်ရင်.. သမ္မတ ရဲ့ စကားသာ အတည်ဖြစ်ရပါမယ်....... ဒါပေမယ့်ဖြစ်မလာခဲ့ပါဘူး ... ဥပဒေ ထက် ကျည်ဆန်က အစွမ်းပိုထက်သွားပါတယ်......
  အဲဒါရဲ့ အကျိုးဆက်ကတော့ ဒုတိယအချက်ပါပဲ ..... ဥပဒေ မှ မစိုးမိုးနိုင်တဲ့ နောက်တော့ .. တိုင်းရင်းသားများ က ဒီအစိုးရစကားကို ယုံပါတော့မလား .. KIA ဘက်က ရော ... ယုံကြည်မှုရှိပါတော့မလား .... မရှိနိုင်တော့ ပါဘူး ..... ဒီအစိုးရကို လည်း မယုံ ဒီဥပဒေကိုလည်း မယုံကြည်မှတော့ ..... ဘယ်လိုလာပြီး ငြိမ်းချမ်းရေး... ညှိနှိုင်းရေးဆိုတာ ရှိလာနိုင်ပါတော့မလဲ ...... ဒီတော့ ကချင်အရေး ရဲ့ အဓိက အချက်ဟာ တရားဥပဒေ မစိုးမိုးလို့ ဖြစ်နေရတယ် ဆိုတာ ငြင်းစရာကို မရှိပါဘူး .။

 ဒီတော့ ... ရခိုင်အရေးကို ဆက်သွားပါ့မယ်..... ရခိုင်အရေးမှာတော့ အချက်သုံးချက်ပါဝင်နေပါတယ်..... တစ်အချက်.... မသီတာထွေးလူသတ်မှုဖြစ်ဖြစ်ခြင်းသာ .. ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်လိုက်နိုင်မယ်ဆို .... တောင်ကုတ် ကိစ္စဟာ ဆက်ဖြစ်လာစရာမရှိပါဘူး ... တောင်ကုတ်ကိစ္စမဖြစ်တော့ ရင်.... ဒီဘင်္ဂလီတွေ အစဆွဲထုတ်စရာ အတော်ရှာရခက်သွားပါလိမ့်မယ်...ဒါပမေယ့် ကျူးကျော်ချင်သူက တော့ အစကို မရ အရ ဆွဲထုတ်မှာပါပဲ .......
  ဒီတော့ ကျူးကျော်ချင်သူဆိုသူတွေ.... တိုင်းရင်းသား လိုချင်သူတွေကို တစ်ချက်ကြည့်ရအောင်..... ဒါက ဒုတိယအချက်ပေါ့... ဖြစ်သွားတဲ့ ဆူပူမှုမှာ ပါဝင်သူအများစု ဟာ ... နိုင်ငံသားမှတ်ပုံတင်ကိုင်ထားကြသူတွေပါ...... ဒါအပြင်အခု ရန်ကုန်တိုင်းဒေသကြီးထဲမှာ တွေ့တဲ့ ဘင်္ဂလီများဟာလည်း မြန်မာစကားသာမတတ်တယ်.... မှတ်ပုံတင်တော့ ကိုင်ထားကြတာပါပဲ .... ဒီတော့ ဒီမှတ်ပုံတင်တွေဘယ်က ရသလဲ ..... ရှင်းပါတယ်... လူဝန်မှုကြီးကြပ်ရေး ကနေ ထွက်လာတာပေါ့ .....

၂၀၁၀ မှာတုန်းက ပါတီအနိုင်ရရေး အတွက်မှတ်ပုံတင်ပေါင်းများစွာ ထုတ်ပေးခဲ့တယ်လို့ လည်း ပြောသူက ပြောပါတယ်....ဒါဟာလည်းဖြစ်နိုင်တာပါပဲ .... ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်... မောင်းတောမြို့ က ဦးရွှေမောင်ဟာ .. အကောင်းဆုံး သက်သေပါပဲ ..... ဘယ်လိုပဲဖြစ်ဖြစ် .. အခု လောလော ဆယ်... ဒီ ဆူပူသူတွေ လက်ထဲ မှာ နိုင်ငံသားမှတ်ပုံတင်ရှိနေရင် .... သူတို့ မှာ အခြေခံနိုင်ငံသားအခွင်အရေး အရ ဘာမှ သွားလုပ်လို့ မရပါဘူး ..... ဒီတော့ မှတ်ပုံ တင်တွေ များစွာ ထွက်လာတာဟာ .... တရားဥပဒေ မစိုးမိုးလို့ ... နိုင်ငံတော် အဆင့် စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ..... ဆိုတာ ငြင်းစရာမရှိပါဘူး .... ကျူးကျော်သူတွေ အတွက် အကြီးဆုံး တံခါးကို ဖွင့်ပေးခဲ့တာ ... သူတို့ ပဲကိုး ....... တတိယ အချက်ကတော့ .... အခု အခြေအနေ ငြိမ်းအေးသွားပြီလို့ မဆိုနိုင်ပေမယ့် ..... ဆူပူမှုတွေ နည်းပါးသွားတဲ့ ကာလမှာ .... စစ်ဆေးရေးကို .... ဆောင်ရွက်သင့်နေပေမယ့် .... ဘယ်သူမှ တုတ်တုတ် မလှုပ်ကြပါဘူး

.ခိုးဝင်လာသူတစ်ယောက်မှ မရှိလို့ မဖမ်းပါဘူး ဆိုတော့ .. ခိုးမ၀င်ပဲ နိုင်ငံသားကတ်ပြားကိုင်ပြီး ဆူပူနေတဲ့ .. လူတွေ ကျတော့ မဖမ်းတော့ ဘူးလားလို့ မေးစရာရှိလာပါတယ်...... တရားဥပဒေ အတိုင်း အရေးယူသင့်တဲ့ ဟာကို အရေးကို ယူရမှာပါ...... ဖမ်းထားပါတယ် ဆိုတဲ့ လူဦးရေဟာ .. ဆူပူအကြမ်းဖက်မှု မှာ ပါဝင်ခဲ့တဲ့ ဦးရေနဲ့ ယှဉ်လိုက်ရင်... ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိသေးတာမို့ .... ဘာမှ အသုံးမကျတဲ့ စုံစမ်းစစ်ဆေးရေး ဟာ .. ရခိုင်ပြည်နယ်က ပြည်သူများ အတွက် ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ပါဘူး ..... ဒါဟာ တရားဥပဒေ အတိုင်း မလိုက်နာ မဆောင်ရွက်လို့ ... မစိုးမိုးလို့ ဆိုတာ ငြင်းချင်လို့ ကို မရပါဘူး .... ဒီတော့ ရခိုင် အရေးဟာ အစကနေ .. အလယ်.. အခု ဆုံးခါနီးတိုင်အောင်ကို ဘာ တရားဥပဒေ စိုးမိုးမှု မှ မရှိလို့ အဓိက ဖြစ်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ် ။

 ကြေးနီတောင် အရေးကို ပြောပါမယ်....
 ကြေးနီတောင် ဟာ ဦးပိုင်ရယ်. .အစိုးရ ရယ်.... တရုတ်ဝမ်ဘောင်COMPANY ရယ်ပေါင်းလုပ်ကြပါတယ်.... အစိုးရက ကမြတ်အများ ဆုံး ယူပါတယ်... ပြီးရင် ဦပိုင်က ငွေကြေးတစ်ပြားမှ စိုက်ထုတ်ခြင်းမရှိပဲ .... အမြတ်ယူပါတယ်.... တရုတ် Company က ငွေကြေးအကုန်စိုက်ထုတ်ပြီး .. အမြတ်ကို အနည်းဆုံးရပါတယ်...... ဒီကြေးနီတောင်ကို .... ဒီကုမ္ပဏီနဲ့ အပြိုင် .. တောင်ကိုရီးယား နဲ့ ဂျပန်ကုမ္ပဏီများ က ပါ ၀င်ရောက် ယှဉ်ပြိုင်ပြီး Project လုရာက တရုတ်က ရသွားတယလို့ .... ဆိုပါတယ်.... ဒီတော့ နိုင်ငံတော်ပိုင်မြေကို ထုခွဲရောင်းချလိုက်တာဟာ .... နိုင်ငံတော်နေ ပြည်သူရဲ့ ဆန္ဒ ပါပါသလား ဒါကို အဓိက စမ်းစစ်ရပါမယ်.... ပါခဲ့တယ်ဆိုရင်တောင်မှ..... ဒီလောက်အထိ အခြေအနေဆိုးလာနိုင်တယ်ဆိုတာမသိလို့သာ ... အသိပညာနည်းပါးတဲ့ တောသူတောင်သားတွေ မို့ သာ ခံလိုက်ရတာဖြစ်ပါတယ်.... စီမံကိန်းတစ်ခု လုပ်မယ်ဆို ... ဒီစီမံကိန်း ရဲ့ ကောင်းခြင်းဆိုးခြင်းတို့ ကို ..... အဲဒီ နယ်မြေကြ့ပည်သူတွေကို ချပြရပါမယ်.... အမှန်အတိုင်းချပြရပါမယ်.....
 ဒါတွေကိုရော .. အစိုးရက လုပ်ဆောင်ခဲ့ပါသလား .....မင်းတို့ လယ်တွေပေါ်ကိုတော့ ... မြေဖို့ မှာပါကွာလို့ အစကတည်းကပြောခဲ့ရင်... ဘယ်လယ်သမားက မှ လက်ခံမှာ မဟုတ်ပါဘူး ... ဒါဟာ ပြည်သူကို နားလှည့် ပါးရိုက်လုပ်တာပါပဲ ....... နိုင်ငံတော်ပိုင်မြေကို ပြည်သူမသိပဲ နားလှည့် ပါးရိုက်လုပ်ပြီးရောင်းတယ် ဆိုမှတော့ ...
 ဒါဟာ ... တရားဥပဒေ ကိုလက်တစ်လုံးခြားလုပ်တာနဲ့ ဘာထူးပါသလဲ ....
ဒါဟာ တရားဥပဒေ အထက် မှာ ဘယ်သူတွေ ရှိနေသေးသလဲ ဆိုတာ လက်ညှိုးထိုးပြလိုက်တာ ပါပဲ .... ဒီကြားထဲ ဆန္ဒပြသူများကို ဖမ်းဆီးပြီး ရဲများ က နှိပ်စက်နေတာ ဟာ လည်း ရဲတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါဝင်ပါဘူး ....... ဒါလည်း တရားဥပဒေ အတိုင်းမလုပ်လို့ ပါပဲ ...... ဒီတော့ ကြေးနီတောင် ဆန္ဒပြမှု ရဲ အဓီက တရားခံဟာ တရားဥပဒေ မစိုးမိုးလို့ ပြည်သူတွေ ခံစားလိုက်ရတယ်ဆိုတာ အသိသာကြီးပါပဲ ..... ဒီတော့ အဓိက အရင်း အမြစ်ကြိးဖြစ်တဲ့

ဒီတရားဥပဒေ စိုးမိုးရေး ဆိုတာကို ... ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဦးရွက်ပြုပြီး လွှတ်တော်ထဲက နေ... ကြိုးစားဆောင်ရွက်နေတာ ဟာ ... ဒီအရေး သုံးခုလုံး ကို တစ်ပြိုင်နက် ရှင်း နိုင်အောင်.... ဒီအရေးတွေ အပြင် နောင် အနာဂတ် မြန်မာ နိုင်ငံတော်မှာ .... အစဉ်သဖြင့် တရားဥပဒေ စိုးမိုး လာနိုင်အောင်... ပြည်သူတွေ မတရား သဖြင့် ခံစားနေရတဲ့ ဘ၀ကနေလွတ်မြောက်အောင် အမျှော်အမြင်ရှိရှိဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်.။
 ဒါအပြင်. .. ကိုမင်းကိုနိုင်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ... ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ... ကိုယ်ဖြစ်ချင်တာတွေ တစ်ထိုင်တည်း မဖြစ်လို့ အပြစ်မတင်သင့်ကြောင်း ..... သူတို့ ၈၈ မျိုးဆက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုသာ ၀န်းရံပေးသွားမှာဖြစ်ကြောင်းနဲ့ ... ဒေါ်စု အခုလက်ရှိရောက်နေတဲ့ နေရာဟာ .. အခက်အခဲများစွာရှိကြောင်းတို့ ကို ပြောခဲ့ပါတယ်......
. ဒိတော့ အဓိပ္ပါယ်က ရှင်းရှင်းလေးပါပဲ ...
 ဒေါ်စုက ... လွှတ်တော်တွင်းကနေ အမတ်တစ်ယောက် အနေနဲ့ တိုက်ပွဲ ၀င်နေချိန်မှာ ...
 ပြင်ပ အခြေခံလိုအပ်ချက်တွေကို ၈၈ က လိုက်လံဖြည့်ဆည်းရင်... နိုင်ငံတော် တိုးတက်ရေး အတွက် ဟန်ချက်ညီညီရွေ့ လျားနေကြတာပါပဲ

. ကဲဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်နေသူများလည်း နားလည်လောက်မယ်ထင်ပါတယ်...... ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်လို့ မရနိုင်သလိုပါပဲ ... ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ နိုင်ငံတော် ကြီးတစ်ခု အတွက်.... သင့်တင့်လျှောက်ပတ်သော အချိန် ကာလ လိုအပ်ပါလိမ့်မယ်..... ဦးတည်ချက်များ တူနေကြပြီပဲလေ... ဘာလို့ အတင်းလိုက်တိုက်နေမလဲ ...... တကယ်တန်း တရားဥပဒေ စိုးမိုး တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်လာတော့မှ ပဲ .. အချင်းချင်း တိုက်ကြခိုက်ကြစေချင်ပါတယ်.

. ဒီကြားထဲ ပွဲလန့်တုန်းဖျာခင်းချင်သူများက လည်း ခွေးတိုးပေါက်က ပန်းကုန်းစွတ်ပြီးဝင်လာကြပါသေးတယ်...... အခြေအနေတွေဟာ... စောင့်ကြည့်နေရမယ့် အချိန် ... နိုင်ငံအတွက် အလုပ်လုပ်ရမယ့် အချိန်ပါ.... ကိုယ် အင်တာနက်ပေါ်မှာ တိုးတက်အောင်လုပ်နိုင်ရင်လုပ်.... ဒါဟာလည်း ကိုယ့်နိုင်ငံတိုးတက်မှု အတွက်ပါပဲ ......
. ဒိတော့ Rule of Law ဆိုတဲ့ စကားသုံးလုံး အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုန်းကန်နေမှု ဟာ .ဘယ်လောက်အရေးကြီးနေသလဲ .. ခက်ခဲနေသလဲ ဆိုတာ ..... အမေစု ဘာလဲ ဘယ်လဲ ဆိုသူတွေ အတွက်ဒီဆောင်းပါးက ..
 အဖြေ ကောင်းကောင်း တစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.။
BY: လင်းလွန်းညို

လေးစားအပ်ပါသော ကမ္ဘ္ဘာသူ ကမ္ဘာသား များ


ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူမျိုးများနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် လုံးဝလက်ခံနိုင်စရာ အကြောင်းကိစ္စမဟုတ်ပါ။ ယခုဖြစ်ပျက်ခဲ့မူများသည် ဘာသာရေးအစွန်းရောက်သူ လူတစ်စုကြောင့် ဖြစ်ပျက် ခဲ့သည်ဟု ဖြေရှင်းချက်ပေးသော်လည်း တာဝန်အရှိဆုံးလူများမှာ ထိုနိုင်ငံတွင် အုပ်ချုပ်သောအစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိသည်ဟု ယူဆပါသည်။ ယခုဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့်ပတ်သတ၍ ကမ္ဘာ့လူအခွင့်အရေးအဖွဲ့ အစည်းတော်တော်များများ နူတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့်လဲ အလွန်ဝမ်းနည်းမိပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်ခဲ့မူများအား အာပေါင်အာရင်း သန်စွာဖြင့် အော်ဟစ်ခဲ့ကြသော HRW အဖွဲ့အစည်းများ ယခုအရေးတွင် တိတ်ဆိတ် နေကြသည်ကို တွေ့ရှိရ၍လဲ အလွန် အံ့သြသင့်မိပါသည်။
ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မူများတွင် လူနည်းစု၊လူနည်းစုဟု တစာစာ အော်နေခဲ့ကြသော HRW အဖွဲ့များသည် ယခု ဘင်္ဂလားဒေရှ့် နိုင်ငံတွင်ဖြစ်ပျက်ခဲ့သော လူနည်းစုဗုဒ္ဓဘာသာဝင်များ၏ အရေးအတွက် တခွန်းတပါဒမှ ပြောဆိုခြင်းမရှိသည်မှာ အလွန် ၀မ်းနည်းစရာကောင်းလှပါသည်။

ဗုဒ္ဓဘာသာ လူနည်းစုများမှ ထောက်ပံ့ငွေမရရှိသောကြောင့် ထမအော်ကြခြင်းလားဟု သံသယ ၀င်မိပါသည်။ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများနှင့် ယခုအရေးတွင် တလုံးတပါဒမှ မပြောဘဲ တိတ်ဆိတ် နေကြသော မိမိတို့ကိုယ်မိမိတို့ လူ့အခွင့်အရေးဖခင်ကြီးများဟု ထင်မှတ်နေကြသော HRW အဖွဲ့များအား ပြင်းပြင်းထန်ထန် ချုပ်ချ ပါကြောင်းနှင့် ပျက်စီးသွားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ပုထိုးတော်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးပါရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အသက်အိုးအိမ် များအား လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် တာဝန်ယူမူပေးပါရန် သက်ဆိုင်သော နိုင်ငံနှင့် အဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါရသည်။ ကမ္ဘာသူကမ္ဘာသားများ ဘာသာရေးအစွန်းရောက်သူများ၏ ရန်မှကင်းဝေးကတ်ပါစီ-----
 အားလုံးကို လေးစားစွာဖြင့်
 ဦးအောင်မြကျော် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ရခိုင်ပြည်နယ်လွတ်တော် စစ်တွေမြို့၊ ရခိုင်ပြည်နယ်။ ဖုန်း ၀၉၅၆၈၀၄၇၉
News from : New MyanmarFoundation

ဘင်္ဂလာဒေခ်ျ့မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု သည်  ယခု ရက်ပိုင်း အတွင်း မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့ တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း
ပြောင်းရွေ့သွားသူများမှာ အခင်း  ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း  ကျေးရွာသားတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက် မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြောင်းရွှေ့သွားသူများကို မြန်မာဘက်က ဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံထားမည်လား (သို့မဟုတ်) ရခိုင် ကျေးရွာများတွင် နေရာချထားပေးမည်လားဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သူက ပြောသည်။
ပြောင်းရွေ့သွားသည့် မိသားစုများမှာ ဦးမဲတုတ်၊ ဦးလင်းထွန်း၊ ဦးမောင်သန်းနှင့် ဦးအောင်ကျော်လှ မိသားစု များဖြစ် ကြောင်း သိရသည်။
“ ဦးမဲတုတ်မှာ သမီးတစ်ယောက်ပါသွားတယ်။ နောက်သမီးတယောက်က အဲဒီလင်းထွန်းနဲ့ အိမ်ထောင် ကျနေတယ်။ မောင်ထွန်းမှာ သားသမီး ၃ ယောက်ပါတယ်။ အောင်ကျော်လှမှာလည်း သားသမီး သုံး ယောက်ပါသွားတယ်။ မိသားစု လေးစု – လူက စုစုပေါင်း  ၁၈ ဦးပါ” ဟု သူက ပြောသည်။
အဆိုပါ မိသားစုများသည်  အောက်တိုဘာလ ၁ ရက်နေ့ နံနက် အာရုံတက်ချိန်တွင် ရွာမှ ထွက်ခွာ သွားကြသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှလည်း မြန်မာဘက်သို့ ပြောင်းရွေ့သွား သည့် မိသားစုဝင် စာရင်များကို လာရောက် ကောက်ယူသွားကြောင်း  ကျေးရွာ လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာမှ  ရခိုင်ဘက်သို့ ဆက်လက် စုံစမ်းရာ ၎င်းမိသားစုများမှာ မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ  အမှတ် ၂ ဝေလာတောင်ဘက်မှ မြန်မာဘက်သို့  ၀င်ရောက် လာခဲ့ကြပြီး ယခုအခါ သူတို့ကို မြန်မာ အာဏာပိုင်များမှ စောင့်ရှောက်ထားကြောင်း သိရသည်။
 မောင်အေး (နိရဉ္စရာ)

SANCTION ဥပဒေကြမ်း အိုဘားမား လက်မှတ်ထိုး အတည်ပြု


မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ် အရေးယူ ထားခဲ့တဲ့ ဘဏ္ဍာရေှးနှင့် ပတ်သက်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဥပဒေကြမ်းကို ယမန် နေ့ အောက်တိုဘာလ ၅ရက်နေ့ကအတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။

လွန်ခဲ့တဲ့ လက အမေရိကန် လွှတ်တော်မှာ ဆွေးနွေးသဘောတူထားတဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေး ဥပဒေကြမ်းကို အခုလို အမေရိကန် သမ္မတက လက်မှတ်ရေးထိုး လိုက်တဲ့အတွက် ဥပဒေ အတည် ဖြစ်သွားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ငွေကြေးဆိုင်ရာ အကူအညီပေးနိုင်တော့ မှာ လည်း ဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ လက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ရဲ့ နောက်ကွယ် က အောင်မြင်မှုတွေလည်းဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို အခုအချိန် မှာ ဖြေလျှော ပေးတာ ထောက်ခံပြီး သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာ့ ပြုပြင်ပြောင်းလဲမှု လုပ်လာသည့် အတွက် အရင်ကနဲ့ မတူတော့တာဖြစ်လို့ စီးပွားရေးဒဏ်ခတ်မှုများကို ဖယ်ရှားပေးဖို့ အမေရိကန် ကို ပြောဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သတင်းတပတ်ကျော်ကပဲ မြန်မာ့ပို့ကုန်များကို အမေရိကန်က တားမြစ်ပိတ်ပင်ထားတာကို ဖယ်ရှယ်ပေးမှာဖြစ် တယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့ပါတယ်။ ဒီအပြင် အမေရိကန်ရဲ့ ကုမ္ပဏီတွေအနေနဲ့လည်း လွန်ခဲ့တဲ့ လ အနည်းက စပြီး မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးဖို့ကိုလည်း ခွင့်ပြုခဲ့တာကြောင့် အမေရိကန်ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ အပြေးအလွှား ကြိုးစားနေကြပါတယ်။ အထူးသဖြင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ရင်းနှီး မြှုပ်နှံ မှုနဲ့ပတ်သက်လို့ အမေရိကန် ကုမ္ပဏီတွေက စိတ်ဝင်တစားရှိတာ ပိုတယ်လို့သိရပါတယ်။ ယခင် မြန်မာ စစ်အစိုးရနှင့် တချို့သော နိုင်ငံရေးအင်အားစုများက အမေရိကန် အပါအ၀င် နိုင်ငံတကာ က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အစဉ်တစိုက် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တချို့သော နိုင်ငံရေး အင်အားစုများက ယခုထက်တိုင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေသေးမှု၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ဒေသခံတွေ ဒုက္ခသည်တွေအဖြစ်နဲ့ ရှိနေတာတွေ၊ ပြည်တွင်းစစ်များ ရပ်စဲမှုတွေ မရှိသေးတာကြောင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ မရုပ်ပေးသင့်သေးဘူးလို့ ပြောဆိုနေကြပါတယ်။

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံအား တွေ့ရစဉ်
  ဆက်စပ်ဖတ်ရှုရန်သတင်းအပြည့်အစုံ..........
   ဂျုံစက်ရုံ နှင့် ကန်တော်မင်္ဂလာပန်းခြံ အတွင်း လက်နက်ခဲယမ်းများ တွေ့ရှိ   

              ကျွန်တော့်အမြင်အရ ကျွန်တော်တို့သတိကြီးကြီးကိုထားသင့်ပါတယ်။

1.     ဂျုံတွေက အကြမ်းဖက်သမားတွေရဲ့ရိပ်မြုံ ပါကစ္စတန်နိုင်ငံကလာတာရယ်။

2.     ကျည်ဆံတွေက အကြမ်းဖက်သမားတွေအကြိုက် AK 47 ချေမှုန်းရေးရိုင်ဖယ်မှာ သုံးတဲ့ 7.62 အမျိုးအစားဖြစ်တာရယ်။

3.     ပါကစ္စတန်တာလီဘန်အကြမ်းဖက်အဖွဲ့တစ်ခုကနေပြီးမြန်မာနိုင်ငံကို ခြိမ်းခြောက်ထားတာရယ်။

4.     ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ကနေပြီး လူ200ကျော်လောက်သေတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုလုပ်ခဲ့ဖူးတာရယ်

5.     ကန်တော်မင်္ဂလာပန်းခြံမှာ ကာဘိုင်ကျည် 199 တောင့်ကို အမှိုက်ပုံးထဲကတွေတာရယ်။

6.     လစ်ဗျားမှာလဲ မကြာသေးခင်က အမေရိကန်သံအမတ်လုပ်ကြံသတ်ဖြတ်ခံထားရတာရယ်။

7.     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစု ဗုဒ္ဒဘာသာဝင်တွေကို အကြမ်းဖက်နေတာရယ်။

အားလုံးကိုပေါင်းစပ်စဉ်းစားကြည့်ရင် တစ်ခုခုကိုညွှန်ပြနေပါတယ်။ လူစည်ကားတဲ့နေရာ တစ်ခုခုကို ၀င်ရောက်စီးနင်းပြီး ဓားစာခံဖမ်းတာမျိုး အကြမ်းဖက်တိုက်ခိုက်တာမျိုးမလုပ်ဖူးလို့မပြောနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ပြည်သူချစ်သော Icon နှစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့လုံခြုံရေးကို အဆင့်မြှင့်ထားသင့်ပါတယ်။

ပြည်သူပြည်သားများမှလဲ သွားလာနေထိုင်ရာတွင် မသိလိုက်မသိဘာသာမနေပဲ သတိမူပြီးဂရုတစိုက်နဲ့ မိမိရဲ့ပတ်ဝန်းကျင်မှာ မသင်္ကာစရာတွေ့ရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။

မွန်ဘိုင်းတိုက်ခိုက်မှုမှာတွေ့ရှိရတာက အကြမ်းဖက်သမားတွေရဲ့ AK 47 နဲ့ လက်ပစ်ဗုံး ပစ်အားကို အိန္ဒိယရဲတပ်ဖွဲ့က မလှန်နိုင်ခဲ့တဲ့အတွက် အမေရိကန် SWAT အဖွဲ့လို ထိထိရောက်ရောက် တန်ပြန်နိုင်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ rapid response team နဲ့ လက်ဖြောင့်သေနတ်သမား sniper team တွေကိုလဲထည့်သွင်းဖွဲ့စည်းထားသင့်ပါတယ်။

လုံခြုံရေးအဖွဲ့များ ကိုင်တွယ်ရခက်အောင် နေရာအမြောက်အမြားကို တပြိုင်တည်းတိုက်ခိုက်လာနိုင်တဲ့အတွက် လုံလောက်တဲ့ တပ်ဖွဲ့ဝင်များကို အသင့်ထားရှိဖွဲ့စည်းထားသင့်ပါတယ်။

Prevention is better than cure ဆိုတဲ့ ဆိုရိုးအတိုင်း ကြိုတင်ပြင်ဆင်ထားခြင်းဟာ တကယ်ဖြစ်လာတဲ့အခါမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကို အနည်းဆုံးအတိုင်းအတာအထိ လျော့ချနိုင်တဲ့အတွက် ရန်သူကို အထင်မသေးပဲ ပြင်ဆင်ထားခြင်းဟာ မမှားတဲ့အလုပ်ဖြစ်ကြောင်းအကြံပြုလိုပါတယ်။

 ဗမာ့သွေး http://www.dawnmanhon.com

လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ (ဖြစ်ရပ်မှန် ဆောင်းပါး)

ရေးသူ - ကျော်သူ

၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီအချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။

မြန်မာ ပြည်သူလူထုတို့၏ ဝမ်းပန်းတသာနဲ့ တခဲနက်ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့်မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သူလူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။

ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်းလွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူတို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေးမိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထုအတွက်မူ နာရီပိုင်းကလေးအတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှုတို့ကို ခံစားထိတွေ့ခဲ့ရသည်။ သို့သော် အမေစု၏ သြဝါဒ စကားများ ကား အဖိုးမဖြတ်နိုင်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုအားလုံး လက်တွေ့ကျင့်ကြံကြဖို့သာ အရေးကြီး လှသည် မဟုတ်ပါလား။

ဘုရားသခင်တိုင်းသည်လည်း လူသားအားလုံးအတွက် ငြိမ်းချမ်းရေး တရားတော် မြတ်တို့ကို ဟောကြားခဲ့ကြသည်။ သို့သော်ငြားလည်း လူသားတို့သည် ဘုရားသခင်တို့၏ ဆိုဆုံးမ စကား များအား မလိုက်နာ၊ မကျင့်ကြံခြင်းကြောင့် စစ်ပွဲပေါင်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့ နေရခြင်းပင် မဟုတ် ပါလား။ ဤနေရာတွင် အမေစုအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကားမဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသောပညာရှိတစ်ဦးအဖြစ် တင်စားပြောဆိုခြင်း သက်သက်သာဖြစ်သည်။

ထို့ကြောင့် ပြည်ပတွင်ရှိကြကုန်သော မြန်မာပြည်သူလူထုတို့သည်လည်း အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒစကားများကို လိုက်နာကျင့်ကြံကြပြီး မြန်မာ့အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည်မိပါတော့သည်။ အတ္တနဲ့ပရကို ဒွန်တွဲလက်ကိုင်ပြုကြကာ အများအကျိုး တိုင်းပြည် အကျိုး၊ နိုင်ငံအကျိုးကို ပေးဆပ်ကြရမည်ဖြစ်သည်။ ထို့မှသာ မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများ ဖြစ်သည့် ဆင်းရဲချို့တဲ့သော ဒုက္ခသည်များအတွက် ဘဝလမ်းခရီးသည် သာယာဖြောင့်ဖြူးတော့မည်။သို့မှသာတိုင်းပြည်သာယာဝပြောကာငြိမ်းချမ်းမှုပန်းတိုင်ကို

ဆုပ်ကိုင်နိုင်မည်ဖြစ်တော့သည်။ ပြည်တွင်း မြန်မာပြည်လူထုအတွက်အင်အားများရှိသွားသကဲ့သို့
 ပြည်ပရှိမြန်မာလူထုများတွင်လည်း ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝရပ်တည်မှု လမ်းကြောင်းမှန်ကိုလည်း သိရှိတွေ့မြင်ခဲ့ရပြီဖြစ်သည်။
အမေစုကို မြန်မာလူထု လူကြီး၊ ကလေးမကျန် သိရှိကြသည်မှာ အမေစုသည် နာမည်ကြီး အဆိုတော်မဟုတ်၊ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်မဟုတ်၊ အမေစု၏တိုင်းပြည်အပေါ်၊ လူထု အပေါ်ထားရှိသော မှန်ကန်သည့် စေတနာ၊ မေတ္တာ၊ သစ္စာတရားများကြောင့်ပင် ဖြစ်တော့သည်။ အမေစု ၏မေတ္တာသည် မည်မျှထိရောက်သနည်းဆိုရသော် ကျွန်တော်ပြောပြပါတော့မည်။ ကျွန်တော်တို့ နေထိုင် ရပ်တည်ရာဖြစ်သော ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့တွင် ဆင်းရဲမွဲပြာကြနေသော နိုင်ငံများ ရှိနေသကဲ့သို့ ချမ်းသာကြွယ်ဝနေသော တိုင်းဌာနေများလည်း များစွာရှိကြသည်။ ယခု အမေစုကို တစ်ကမ္ဘာလုံးသော  ကမ္ဘာ့ပြည်သူများအားလုံးလိုလို သိရှိကြသည်မှာ အမေ့ရဲ့ လူသားများအပေါ်ထား ရှိသောမေတ္တာ၊ စေတနာများကြောင့်ပင် ဖြစ်တော့သည်။ ကမ္ဘာ့ချမ်းသာကြွယ်ဝသော အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများတင်မက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် အီသီယိုး ပီးယားနိုင်ငံမှ ပြည်သူများကပင် အမေစုအား လေးစားကြည်ညိုမှုကို ကျွန်တော်မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ရခြင်းကြောင့်ပင် ဖြစ်တော့သည်။



ထိုနေ့သည်ကား ၁၇.၉.၂ဝ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ Department of States တွင် အမေရိကန်အစိုးရအရာရှိကြီးများနှင့် NED ဆုပေးပွဲအတွက် တွေ့ဆုံအပြီးတွင် ကျွန်တော်တို့တည်းခိုရာ ဟိုတယ်သို့ TAXI ကားဌါးပြီး အပြန်လမ်းတွင် Taxi မောင်းသူ သည် ကျွန်တော်တို့အား ဘယ်နိုင်ငံမှလာကြောင်းဟု စကားစမေးတော့သည်။ ကျွန်တော်တို့မှ မြန်မာ နိုင်ငံမှလာကြောင်း ပြန်လည်ပြောသောအခါ မည်သည့်နေရာတွင် အဲ့ဒီ မြန်မာနိုင်ငံဆိုတာ ရှိသလည်းဟူ၍ စပ်စုပြန်သည်။ ထိုအခါ ကျွန်တော်တို့နှင့်ပါလာသူ NED အဖွဲ့မှ ပုဂ္ဂိုလ်က တရုတ်ပြည်၊ အိန္ဒိယပြည်တို့ အကြား ယိုးဒယားနိုင်ငံရဲ့ နံဘေးမှာရှိကြောင်း ပြောပြသော်လည်း ထိုယာဉ်မောင်းလုပ်သူသည် ခေါင်းတ ညိမ့်ညိမ့်နှင့်လုပ်ကာ သိပ်မရှင်းကြောင်း၊ မျက်စိတွင် သိပ်မပေါ်ကြောင်းပြောနေတော့သည်။ ထိုအခါ ကျွန်တော်သည် “Do you know Aung San Suu Kyi ?” (အောင်ဆန်းစုကြည်ကို…သိလား) ဟုမေးလိုက်သော် ထို Taxi မောင်းသမားသည် ပြာပြာသလဲနှင့် “Ah! I see … I see … I really admire her and I have the greatest respect for her. She is the real leader.”(ဟာ သိတယ် … သိတယ် ငါသူ့ကို သိပ်လေးစားတယ်၊ သိပ်ကြည်ညိုဖို့ကောင်းတယ်၊ တကယ့်ခေါင်းဆောင်ကောင်းဘဲ) ဟုပြောကြားခြင်းကို ကျွန်တော်တို့ အံ့သြဝမ်းသာ ဂုဏ်ယူစွာဖြင့်ကြုံတွေ့ ခဲ့ရသည်။ ထို Taxi မောင်းသမား သည် ဤသည်နှင့် မကျေနပ်သေး “Do you have the photo of Aung San Suu Kyi. I want it!.”(မင်းတို့ဆီမှာ အဲဒီ အောင်ဆန်းစုကြည်ရဲ့ပုံရှိလား … ငါလိုချင်လို့ပါ) ဟု ပြောကြားခဲ့ ပြန်တော့သည်။ ထိုအခါ ကျွန်တော်တို့တွင် မရှိကြောင်း ပြန်လည်ပြောကြားသောအခါ သူသည်အတော့်ကို စိတ်မကျေမနပ် ဖြစ်သွားကာ၊ “I put my heros, my god and the leaders who saved my country in the front of my car, benefactor, and drive it. Because your leader stands by the side of commoners all the people, I idolize her and want to put it in the front of my car.” (ငါက ငါ့ရဲ့ သူရဲကောင်း တွေ… ငါတို့ဘုရားသခင်… ငါ့တို့ရဲ့တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေကို… ငါ့ရဲ့ကျေးဇူးရှင် ဒီ မော်တော်ကား ခေါင်းခန်းမှာထားပြီး ငါအလုပ်လုပ်တယ်။ ဒါကြောင့် မင်းတို့ရဲ့ ခေါင်းဆောင်ဟာလည်း လူသားအားလုံး… ငါ့တို့လို အခြေခံလူထုတွေဖက်ကရပ်တည်လို့ ငါလေးစားချစ်ခင်ပြီး ငါ့မော်တော်ကား ရှေ့မှာထားချင်လို့ပါ) ဟု စိတ်မကောင်းစွာ ပြောကြားတော့သည်။ ကျွန်တော်လည်း မည်သို့ပြန်လည် ပြောရမည် မသိဖြစ်နေကာ ကျွန်တော်၏လက်သည် ကျွန်တော့်ရဲ့လွယ်အိတ်အား ကိုင်လိုက်စဉ် တစ်စုံ တစ်ရာအား စမ်းမိသွားတော့သည်။ ထိုအရာကား ကျွန်တော်ခရီးသွားတိုင်း ကျွန်တော်လွယ်သွားလေ့ရှိ သော ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ ရင်ထိုးလေးပင် ဖြစ်တော့သည်။ ထိုအခါ ကျွန်တော်သည် ဝမ်းသာအားရဖြင့် ရင်ထိုးငယ်အားဖြုတ်ယူကာ “This is our mother, Aung San Suu Kyi who you want.” (မင်းလိုချင်တဲ့ ငါ့တို့အားလုံးရဲ့ အမေစုပုံ) ဟု ပြောကြားကာ သူ၏လက်ထဲသို့ ပေးလိုက်တော့သည်။ သူသည် ချက်ချင်း ဆိုသလို သူ၏မော်တော်ကား အား လမ်းတစ်နေရာတွင်ထိုးရပ်ပြီး မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ဘုရားသခင်တို့ကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားသော နေရာတွင် အမေစုအား နေရာတစ်နေရာပေး ချိတ်ဆွဲထားလိုက်တော့သည်။

ထို့ကြောင့် အမေစုအား ကမ္ဘာ့နိုင်င်ငံအသီးသီးမှ ကမ္ဘာပြည်သူအပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ဟူသမျှ လေးစားအသိအမှတ် ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့်သစ္စာတရား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိသော မေတ္တာ တရားတို့၏ စွမ်းပကားတို့၏ ထုထည်ကြီးမားလှသော အရှိန်အဝါအား လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။ "ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်" ဆိုသည့်စကား မှန်ကန်လှ ပေတော့သည် အမေရယ်။ 

သို့သော် ပြည်ပမှာရှိနေကြတဲ့ သားတို့ သမီးတို့ အားလုံးကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ရပြီပေါ့ အမေ။

(ဤဖြစ်ရပ်မှန် ဆောင်းပါးဖြင့် ပြည်ပရှိ မြန်မာပြည်သူလူထုအားလုံးတို့အား ဂုဏ်ပြုလိုက်ရပါသည်။)

ကျော်သူ

အမေစု ရဲ့အိမ်ပြန်လမ်း(၂)



RFA

အမေစုရဲ့ အိမ်ပြန်လမ်း




အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတင်မကပဲ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့မှာပါ လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လာရောက်ကြိုဆိုကြတဲ့ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့နေအိမ်ရှေ့မှာပဲ ညီညီညွတ်ညွတ်နဲ့ အလုပ်တွေ ဆက်လုပ်ဖို့လို ကြောင်း နဲ့ ဒီအချိန်ဒီကာလဟာ အခက်အခဲဆုံးကာလဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် PTTEP ပြင်ဆင်နေ

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစက် သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံမှ PTTEP နှင့် မြန်မာကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ကိုင်ရန်အတွက် သဘောတူ လက်မှတ်ေ
ရးထိုးပြီးဖြစ်ကြောင်း၊ ထိုသို့လုပ်ကိုင်ရန် PTTEP ၏ မြန်မာ ပြည်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တစ်နှစ်လျှင် စက်သုံးဆီလီတာ ပေါင်း ၂ ဒသမ ၄ ဘီလျံသုံးစွဲလျက် ရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် လာရောက်ဖွင့်လှစ်သည့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများထဲတွင် အကျိုးဖြစ် ထွန်းမှုအတွက် အလားအလာ အကောင်းဆုံး၊ အခွင့်အလမ်း အကောင်းဆုံးအနေအထားတွင်ရှိသည်ဟု PTTEP ၏ Executive Vice President ဖြစ်သူ Auttapol Rerkpiboon က သုံးသပ်ပြောကြားသည်။

PTTEP အနေဖြင့် ထိုသို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း မည်သည့်ကုမ္ပဏီဖြင့် လက်မှတ်ရေးထိုးသည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြောင်း သိရသည်။

သို့သော် PTTEP အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို လေ့လာရန်အတွက်မူ ပြည်တွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားသည့် Denko ကုမ္ပဏီနှင့် ယခင်လအတွင်းက လက်မှတ်ရေးထိုးထားသည်ဟု သိရသည်။

ထိုသို့ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ လာရောက်ဖွင့်လှစ်ရာတွင် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည်ဖြစ်ကြောင်း PTTEP မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စက်သုံးဆီအပြင် စက်ဆီချော ဆီများပါ တင်သွင်းရောင်းချမည်ဖြစ်ပြီး လက်လီအပြင် လက်ကားဈေးကွက်အသွင်ဖြင့်ပါ ဖြန့်ချိမည်ဖြစ်ကြောင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် PTTEP အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး ဘတ်သန်း ၈၀၀ အထိ မြှုပ်နှံထားသည်။

ရင်းနှီးမြှုပ်နှံခွင့်ပြုသည်နှင့် PTTEP ၏ မြန်မာပြည်ရုံးခွဲကို မှတ်ပုံတင်ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

၂၀၁၂ခုနှစ် သြဂုတ်လစာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ၃၉၆ ဆိုင်ရှိပြီး စက်သုံးဆီဆိုင်သစ် ဖွင့်လှစ်ခွင့်ပြုရန် ဆိုင်ပေါင်း ၅၀၀ ကျော် လျှောက်ထားသည်ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

News from : Eleven Media Group

မကွေး၊မုံရွာနှင့်ပုသိမ်လေယဉ်ကွင်းတို့တွင်လေယဉ်မောင်းသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်နေ


ရန်ကုန်-အောက်တိုဘာ၅

မကွေးလေယဉ်ကွင်း၊မုံရွာလေယဉ်ကွင်းနှင့်ပုသိမ်လေယဉ်ကွင်းတို့တွင်လေယဉ်မောင်းသင်တန်းများဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း
လေကြောင်းပို့ဆေ
ာင်ရေးညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
Air Traffic လွတ်ကင်းသောနေရာဖြစ်သော
အဆိုပါနေရာများကိုရွေးချယ်ထားခြင်းဖြစ်သည်ဟုသိရသည်။
မြန်မာနိင်ငံမှပြည်ပသို့သွားရောက်၍လေယာဉ်မောင်းသင်တန်းတက်ပါက
ကျပ်သိန်း၆၀၀မှ၈၀၀အထိကုန်ကျမှုရှိနေကြောင်းသိရသည်။ ညွှန်ဝင်း

News from : Popular Myanmar News Journal

မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ တည်ဆောက်မည်


Thursday, 4 October 2012

ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းထက်ကြီးသော ရေအား
လျှပ်စစ် စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင်
နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထုတ်ယူနိုင်မည်ဟု
သိရသည်။ “ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့်
ဒေသခံ အနေအထားကလည်း အနည်းဆုံးနေရာ ဖြစ်နေတယ်” ဟု အဆိုပါနေရာကို ရွေးချယ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က
ပြောသည်။ အဆိုပါ စီမံကိန်းကို ယခင်က အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လျာထားခဲ့သော်လည်း ယခုအခါ တရုတ်ကုမ္ပဏီနှင့်
မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရသည်။ အဆိုပါ စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံနှစ်ဆင့် တည်ဆောက်မည်ဖြစ်ပြီး
မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသောလျှပ်စစ်ပမာဏ၏ နှစ်ဆ
ကျော် ထုတ်ယူနိုင်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ မိုင်းတုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက “ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို ရှမ်းပြည်နယ်အတွက် အသုံးပြုပေးပြီးတော့ ရရှိလာတဲ့အကျိုးအမြတ်တချို့ကို
ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ထည့်ဝင်ပေးမယ်ဆိုရင်တော့ ကန့်ကွက်
စရာ မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ ဆည်တမံ ဆောက်လုပ်မည့်ကိစ္စကို အင်န်ဂျီအိုတချို့မှ ယခင်က ကန့်ကွက်မှုများ ပြုလုပ်ထားသော်လည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် RCSS နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ
ပြေလည်ပြီးပါက စီမံကိန်း ဖြစ်မြောက်လာနိုင်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ စီမံကိန်း ဆောက်လုပ်မည့် နေရာသည် ယခင်က နယ်မြေ မတည်ငြိမ်မှုကြောင့် ပြည်သူ အများစုမှာ ပြောင်းရွှေ့သွားခဲ့ရပြီး
တောင်နှစ်လုံးကြားတွင် တည်ရှိ၍ လယ်မြေ အနည်းငယ်သာရှိကြောင်း ၎င်းက ပြောသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဆိုပါ စီမံကိန်းမှ ထွက်လာမည့် လျှပ်စစ်ဓာတ်အားများကို ရှမ်းပြည်နယ်အနှံ့ သွယ်တန်း၍ မဟာဓာတ်အားလိုင်းသို့လည်း ချိတ်ဆက်သွားမည် ဖြစ်
ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖော်ဆောင်နေသော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ CTGC၊ IGOEC နှင့် EGAT တို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်
အောက်တိုဘာ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြ
ထားပါသည်။

ခေတ်လူငယ်

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ


ရန်ကုန်၊အောက်တိုဘာ-၅

ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ ငွေထုတ်ပြီးပြန်လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက်ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရပြီး ၄င်းနှင့်အတူ ပါလာသည့် ငွေကျပ်သိန်းတစ်ထောင်မှာမူ လုယက်သူများနှင့် ပါမသွားခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောသည်။

ယခုကဲ့သို့ ငွေလုခံရသူသည် တစ်ဦးတည်း ဘဏ်မှငွေသွားထုတ်ပြီး ထွက်လာချိန်တွင် ၄င်းနောက်မှ လုယက်သူများက ကားဖြင့် နောက်ယောင်ခံလိုက်လာပြီး ငွေကိုလုကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

"အခုလို နေ့ခင်းကြောင်တောင်ကြီးမှာ အတင့်ရဲပြီး လုတယ်ဆိုတော့ ဒါ ဓါးပြတိုက်တာပဲပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့တောင် ကြောက်လာပြီဗျာ။ ဘဏ်တွေမှာ စောင့်ကြည့်ပြီး လုနေတဲ့သူတွေ ရှိနေပြီဆိုတာ သေချာနေပြီဗျာ"ဟု အအေးခန်းစက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

အထက်ပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက သွားရောက်စစ်ဆေးနေသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြားခြင်း မရှိပေ။ ထို့အပြင် ရဲစခန်းအသီးသီးထံတွင်လည်း အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

 
မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒေ ဖ်ာထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃။၁၂ ပြစ်မှုပုဒ်မ ၁၄၃ ။ ၁၄၇။ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။


စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ
 ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို ဥပဒေနှင့် ဆန့်ကျင်သောလူစုလူဝေးကိုဦးဆောင်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ အား စိတ်ညိုညင်အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေနစ်နာစေရန် အကြံဖြင့်ပြုမူ ဆောင်ရွက်ခြင်းတို့ ကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လက်ထောက်အထွေထွေမန်နေဂျာ ဗိုလ်ကြီးကျော်လှမိုး (ငြိမ်း) က တရားလိုပြုကာ တိုင်တန်းထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် နှင့် ၀န်ကြီးများ မရိုးသားဟု ထုတ်ဖော်ပြောပြီ

 
၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင် မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိမိတ္ထီလာ ၊ မလှိုင် ၊ ကျောက်ဆည် ၊ သဲတော့ဝမ်းဝ ၊ သာစည် ၊ ယင်းမပင် ၊ ဘုရားငါးဆူ ၊ ရမည်းသင်း ၊ ပျော်ဖွယ် ၊ အစရှိသော မြို့ကြီးများ တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံသော ဆွေးနွေးပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည် မိမိတို့ မရိုးသားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း လျှိ့ဝှက်မဲခွဲဆုံးဖြတ်ရာတွင် ၎င်း ရှုံးနှိမ့်ခဲ့ရသည့် အတွက် ၎င်းတို့သည်လည်း မရိုးသာကြောင်းယခုကဲ့သို့ပြောဆိုခဲ့သည်။

“နိုင်ငံတော်သမ္မတကိုယ် တိုင်ကိုယ်က သိလို့ပြောင်းတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အလားလာကောင်းဖို့လိုတယ် ၊ ပါဝင်ဖို့လိုတယ် ၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က ပြောတယ် ၊ ဒါဟာ တော်တော်လေး အမျှော်အမြင်ရှိတဲ့စကားပါ။ အရင်တုန်းကလို ငါသဘောမကောင်းဘူး ၊ အစိုးရတင်မကပါဘူးဗျာ ၊ သူတို့ ခြေထောက်လည်းထိန်းကျောင်းပေးဖို့ပြောပါတယ်။ ဒီစကားကလည်းနိုင်ငံတော် သမ္မတိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်း ကိုပြောတာ အရင် အရင် သမ္မတတွေဆီကတော့ တစ်ခါမှ တော့ မကြားဘူးခဲ့ဘူး ။

အဲဒီလိုမကြားဘူးတဲ့လူတွေ တွေ့လာလို့ နောက်ဆုံးကျတော့အဖြစ်ဆိုးခြင်း နဲ့ ကြုံပြီး မရှုမလှကျရှုံးရတယ်။ အခုကျွန်တော်တို့ ပြည်သူတွေကို အသိအမှတ်ပြုတဲ့စကားတွေပြောတယ် လက်တွဲပါပြောတယ်။ အစိုးရအဖွဲ့တွေကိုတောင် ထိန်းကျောင်းပေးဖို့တောင်ပြောတယ်။ ကောင်းမွန်တဲ့အစိုးရ ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးစားပါမယ်ပြောတယ်။ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဘာလည်း ၊ ရေချိုးပြီးတော့ ဆပ်ပြာတွေကိုတိုက်ထားတာကိုပြောတာမဟုတ်ဘူး။

မဟုတ်မမှန်းတဇိုးလက်ဆောင်လဘ်လာဘတွေ နဲ့ ငွေမည်းတွေ နဲ့ ချမ်းသာနေတဲ့ အစိုးရမျိုးမဟုတ်ဘူးလို့ပြောချင်တာ ဒါ ရှင်းရှင်းလေး အဲဒီလိုသန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားပါမယ့် ၀ိုင်းဝင်းတည့်မတ်ပေးကျပါလို့ သမ္မတက ကြွေးကျော်နေတဲ့ အချိန်မှာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကိုကြေငြာကြမည်လို့ မဲခွဲဆုံးဖြတ်ကျတော့ ကိုယ်တော်မြတ်များက မထောက်ခံဘူး ၊ တကယ်နော် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ကျွန်တော် သဘောကတော့ ဗျောင်ခွဲဝေချင်တယ်။ မတ်တပ်ထရပ်တာမျိုး ၊ လျှို့ဝှက်မဲခွဲတယ်ဆိုတာ ဒါမရိုးမသားကိစ္စကြီး အများစု ကန့်ကွက်လိုက်တယ် ဆိုတာ မရိုးမသားဆက်လုပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်ကြီးဟာ ဘယ်နေမလည်း။ တကယ်ရိုးသားပြီး အစစ်ဆေးခံနိုင်တဲ့ ရဲရင့်တဲ့ပြည်သူ့ဘက်တော်သားတွေဟာ ဘယ်သူလဲဆိုတာကွဲပြားအောင် ဗျောင်ခွဲစေချင်တယ်။ ဒါမျိုးက ဗျောင်ခွဲ မှ ကောင်းမှာ။
တကယ်တော့ အမှီးအမောက်မတည့်တဲ့အခါ ဘယ်သတ္တ၀ါလည်းဆိုတာပြောရတာတော်တော်လေးခက်ပါတယ်။
သူတို့က အမှန်တကယ်ရိုးသားတယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြရဲရမှာပေါ့ ၊ သူတို့က မရိုးမသားလို့ ပြည်သူကိုချမပြရဲတာ´´ဟု ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှပြောကြားခဲ့သည်။
အဆိုပါကဲသို့ အစိုးရ၀န်ကြီးများ နှင့် သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှ ဟိုးအထက်အဆင့်အထိထိ၏ ပိုင်ဆိုင်မှုစာရင်းများသည် မည်မျှရှိသည် ၊ မည်ကဲ့သို့ မျှခန့်မှန်းခြေတောငမသိရှိနိုင်ပဲ အချို့သောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပါတီထဲမှပြည်သူ့ထဲမှ ထွက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရှိသလို အစိုးရအဖွဲ့ထဲမှပါတီဝင် ပါတီထဲမှ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကျသလို ၊ ခရိုနီတစ်စုမှ ပါတီဝင် ထိုအထဲမှ ရွေးကောက်ပွဲဝင် ရွေး ၊ ကောက်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် စီးပွားရေး ခရိုနီတစ်စုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေခြင်းမှာ လည်း အထက်ကဲသို့ အားနည်းချက်ဖြစ်ကြောင်းသိရှိရသည်။
 ဖြိုးအောင် News from : The Hot News

စစ်တွေ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံးတွင် ရခိုင်နှင့် မာရမာကြီး လူငယ်များ ဆန္ဒပြမည်

စစ်တွေရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံး (ဓါတ်ပုံ- နိရဉ္စရာ)
 ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရပြီး ဘုန်းတော်ကြီး ကျောင်းများ မီးရှို့ခံရသည်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေ မြို့ရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံး ရှေ့တွင်  ရခိုင်နှင့် မာရာမာကြီးလူငယ်များ ဆန္ဒထုတ်ဖော် ပြသရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ဘုန်းတော်ကြီးကျောင်းအပါ အ၀င် သာသနိကအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရသည်ကို ကန့်ကွက် ဆန္ဒပြပွဲကို ပြုလုပ်ရန် ဦးဆောင်စီစဉ်နေသူ တစ်ဦးဖြစ်သူ ကိုမောင်နုက သူတို့ စီစဉ်နေမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ ခွင့်ပြုချက်တင်ဖို့ ကြိုးပမ်းနေတာက ၂ ရက် ၃ ရက်ရှိပါပြီး ဒီနေ့မှလက်ခံတယ်။ ဒီနေ့ ၁၁ နာရီမှာ ပြည်နယ် ရဲတပ်ဖွဲ့မှုရုံးမှာ သွားတင်တော့ လက်ခံလိုက်ပါတယ်။ မနက်ဖန် အကြောင်းကြားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။ ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရသည့် အကြောင်းကိုလည်း ကိုမောင်နုက ဆက်ပြောသည်။ “ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေ နှိပ်စက်ခံနေရတဲ့ကိစ္စကို ကျွန်တော်တို့ အောက်တိုဘာလ ၂ ရက်နေ့က ရခိုင်ကွန်ယက်အသင်းနဲ့ ရက္ခ၀တီ လဘက်ရည်ဆိုင်မှာ ဆွေးနွေး ကြပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ဒီအစီ အစဉ်ကို အကောင်အထည် ဖေါ်နေတာ ဖြစ်ပါတယ်။” အလားတူ ယနေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သံရုံးရှေ့တွင် ရန်ကုန် ရောက် ရခိုင်သာရေး နာရေး ရဟန်းတော်များအဖွဲ့မှ ဦးဆောင်ပြီး ရဟန်းတော် အပါး ၁၀၀ ကျော်က ဆန္ဒထုတ်ဖော် ပြသခဲ့ကြသည်။ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အလိုတော်ပြည့်ကျောင်းတိုက်မှ ဦးဇင်း ဘီးလူးက ယခုကဲ့ သို့ပြော သည်။ “ ဒီနေ့ ဦးဇင်းတို့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ အစွမ်းရောက် လူတစုကြောင်း ဖြစ်ပွားသွားတဲ့ ကိစ္စကို လုံးဝ ရှုတ်ချတယ်ဆိုတဲ့အကြောင်းကို ဘင်္ဂလာသံအမတ်ကို သွားပြောတယ်။ အားလုံး ရဟန်းအပါး ၁၀၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၅၀ ခန့်ပါဝင်ပါတယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတယ်။ သံမတ်ကို လည်း ဦးဇင်းတို့ အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့တယ်” ဟု ဆိုသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သံအမတ်ကြီးအား ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖျက်ဆီးခံခဲ့ရသည့် သာ သနိက အဆောက်အဦးများနှင့် ဗုဒ္ဓဆင်းထုတော်များကို ပြန်လည်း တည်ဆောက်ပေးရန်၊ အကြမ်း ဖက်ရာတွင် ပါဝင်သူများကို အစိုးရမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ နောက်ထပ် အကြမ်း ဖက်မှုများ မဖြစ်ပွားရန်အတွက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်မျာရးနှင့် ရဟန်းတော်များ ကို လုံးလောက်စွာ ကာကွယ်ပေးရန်ဆိုသည့် အချက်များပါသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး ယမန်နေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ ဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှ သံဃာအပါး ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးမြို့တွင် စက်တင်ဘာလ ၂၉ ရက် စနေနေ့ ညအချိန်တွင် အကြမ်းဖက်သူများမှ နှစ်ပေါင်းရာနှင့်ချီရှိနေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဘာသာဝင်နေအိမ်များကို မီးချို့ဖျက်ဆီးခဲ့သည်။ နောက်တစ်နေ့တွင်လည်း အိုခီးယား၊ ပိုတီယာမြို့နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းများ နှင့် ဟိန္ဒူဘုရားကျောင်းတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့သည်။ ယခုကဲ့သို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံများတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ယခုအခါ ဘင်္ဂလာဒေ့ခ်ျအစိုးရမှ အကြမ်းဖက်ရာတွင် ပါဝင်သူများကို လိုက်လံဖမ်းဆီးနေပြီး စုံစမ်း မှုများပြု လုပ်နေသော်လည်း ဘင်္ဂလာရှိ ဗုဒ္ဓဘာသာဝင်လူနည်းစုများမှာ ဆက်လက်တိုက် ခိုက်ခံရ မည်ကို စိုးရိမ်နေကြသည်။

တပ်စခန်းရွှေ့ပေးရန် SSPP/SSA အား သျှမ်းပြည်အစိုးရ နယ်စပ်လုံခြုံရေးဝန်ကြီးထပ်မံဖိအားပေး

Aung_Thu
သျှမ်းပြည်နယ်အစိုးရ နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ 

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းတခု ထပ်ရွှေ့ရန် သျှမ်းပြည်နယ်အစိုးရ နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက အကြောင်းကြားလာကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်းမှအရာရှိတဦးကပြောပါသည်။
 
“တပ်အပြောင်းအလဲ လုပ်မှာမို့လို့ လမ်းမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ တာ့ဆမ်ပူး နမ့်ပန်ချောင်းကူး တပ်စခန်း ခဏ ဖယ်ပေးပါတဲ့။ မိုင်းအောတ် တောင်ဟျိုး တုန်းကလဲ အဲလို တခါဖြစ်ဖူးပြီးပြီ။ ကျနော်တို့ မဖယ်ပေး နိုင်ဘူး။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းသွားမယ်။ မရရင်တော့လဲ မတတ်နိုင်ဘူးလေ” - ဟု ဌာနချုပ်မှ အရာ ရှိတဦး ကပြော ပါသည်။

အောက်တိုဘာ ၄ ရက် ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တောင်ကြီးမြို့ ရုံးတာဝန်ခံအား စာဖြင့်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း တပ်ရွှေ့ပေးရန် သျှမ်းပြည်နယ်အစိုးရနယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ဆက်သွယ်အကြောင်းကြားလာသည်ဟုဆို၏။

“မတရားတဲ့လုပ်ရပ်ဘဲ။  ကျနော်တို့ရဲ့ ဌာနချုပ်ကို ဖြတ် ၄ ဖြတ် သဘောမျိုး လုပ်လာနေတယ်ဆိုတာ ထင် ရှားတယ်။ တပ်ပြောင်းဖို့မဟုတ်နိုင်ဘူး၊ အဲဒီတပ်စခန်းက ကျနော်တို့ရဲ့ စီးပွားရေးလမ်းကြောင်း၊ ကျနော်တို့ရဲ့ အသက်ရှု ပေါက်တခုဘဲ။ လာရင်ခုခံတိုက်ခိုက်ပါလို့ ညွှန်ကြားထားပြီးပြီ။ ကျနော်တို့ကို ထပ်တိုက်ရင်တော့ ငြိမ်းချမ်းရေး ဖျက်သိမ်းတဲ့အထိဖြစ်သွားနိုင်တယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦး ကလဲပြော ပါသည်။

မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်၏ အဓိက ဖြတ်သန်းသွားလာ အသုံးပြုသည့်  တာ့ဆမ်ပူး ကူးတို့ဆိပ်အားသိမ်းယူရန် နည်းအမျိုးမျိုးနှင့်စီစဉ်နေခြင်းသာဖြစ်ကြောင်းဗိုလ်မှူးစိုင်းလကလည်း သျှမ်းသံ တော်ဆင့်သို့ ပြောဖူး၏။

တာ့ဆမ်ပူးကူးတို့ဆိပ်သည် ဝမ့်ဟိုင်းအရှေ့တောင်ဘက် ၁၀ မိုင်ခန့်သာဝေး၏။  မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စု ထဲ ပါဝင်ပြီး စစ်ရေးအရ မငြိမ်မသက်ဖြစ်နေသောဒေသ ဖြစ်သည်။

ပြုံယမ်းအစိုးရမှ နျူကလီယားဒုံးကျည် မကြာခင်စမ်းသပ်မည်။


ကမ္ဘာ့အသက်ငယ်ဆုံး မြောက်ကိုရီးယား အာဏာရှင်သစ်လက်ထက်တွင် တတိယမြောက် နျူကလီယားထိပ်ဖူးတပ် ဒုံးပျံထမ်မံပစ်လွှတ်စမ်းသပ်ရန်အတွက် အသင့်ဖြစ်နေကြောင်းသတင်းများထွက်ပေါ်လာသည်။ နိုင်ငံတကာမှ နျူကလီယားလ
က်နက်စမ်းသပ်ခြင်း၊ နျူကလီယားနည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ပင်ထားအာဏာရှင်နိုင်ငံများသို့ရောင်းချခြင်းတို့ကြောင့် ပိတ်ဆို့ရင်းနှီးမှုများရှိနေသည်ကိုဂရုမစိုက်ဘဲ လုပ်ဆောင်မည်ဖြစ်သည်။မြောက်ကိုရီးယားသည် သက်တမ်းရှည်ကြာသောအာဏာရှင်နိုင်ငံတခုဖြစ်ပြီး ယခင်မြန်မာစစ်အာဏာရှင်လက်ထက်တွင် စစ်လက်နက်ပစ္စည်းနှင့်နျူကလီယားစီမံကိန်းအတွက် နီးနီးကပ်ကပ်လျို့ဝှက်စာံဆာင်ရွက်မှုများရှိခဲ့သည်ဟု နိုင်ငံတကာမှယုံကြည်ထားခဲ့သည်။
နျူကလီယားထိပ်ဖူးတပ်ဒုံးပျံကို မကြာမှီကာလအတွင်းစမ်းသပ်ပစ်လွှတ်တော့မည်မှာမှန်ကန်ကြောင်းကို ပြုံယမ်းနှင့်
 ဘေဂျင်းတို့ဖြင့်နီးစပ်သူတဦးက ရိုက်တာသတင်းဌာနသို့ပြောဆိုခဲ့သည်။

မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို

2012-10-04
 ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

AFP
ဧရာဝတီမြစ် ထိမ်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ ပြုလုပ်ခဲ့သော ရန်ကုန်မြို့က ဆန္ဒပြပွဲတခုတွင် လှုံ့ဆော်ရေး စာတန်းပါ ခမောက်ဆောင်းထားသူ တဦးကို တွေ့ရစဉ်။
တန်ဖရဲ-မြစ်ဆုံကျေးရွာ၊ မာရီးယား ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ ကချင်ပြည်နယ် ကက်သလစ် အသင်းတော်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဖာသာရ်နော်ဒင်းက ပြောဆိုပါတယ်။
"CPI နဲ့ အေးရှားဝေါလ် ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း လုပ်ငန်း အားလုံးကို လုံးဝရပ်ဆိုင်းပြီး အလျင်အမြန် ထွက်ခွာသွားဖို့ရန် ကျွန်တော်တို့ ပြည်သူပြည်သားများက တောင်းဆိုလိုပါတယ်။ မြစ်ကြီးနားမြို့ စီတာပူ MD-၅၆ မှာ ဖွင့်လှစ်ထားတဲ့ CPI ရုံးကိုလည်းပဲ အမြန်ဆုံး ပိတ်စေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဤရုံးမှ ပြန်လည်တည်ဆောက်ဖို့ရန် ကြိုးစားနေတာကို သိရတဲ့အခါမှာ ကျွန်တော်တို့ ပြည်သူပြည်သားများမှ အလွန်စိတ်မချမ်းမသာ ဖြစ်ရတဲ့အတွက်ကြောင့်  ဤမြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပြီး အမြန်ဆုံး ထွက်ခွာဖို့ရန် ကျွန်တော်တို့ ပြည်သူပြည်သားများမှ ယနေ့ တောင်းဆိုပါတယ်။"
မြန်မာနိုင်ငံမှာ ဒီစီမံကိန်းကြောင့် မြစ်ဆုံပတ်ဝန်းကျင်မှာ ရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ဆိုးဝါးစွာ ထိခိုက်စေမှာ ဖြစ်တယ်လို့ ဖာသာရ်နော်ဒင်း က RFA ကိုပြောပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် အဓမ္မ ပြောင်းရွှေ့ခံလိုက်ရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် ကလည်း လက်ရှိ ယာယီ အခြေချနေထိုင်တဲ့ အောင်မြင်သာရွာမှာ ရှာဖွေစားသောက်ရတာတွေ ခက်ခဲတာကြောင့် သူတို့ရဲ့ မူလရပ်ရွာတွေမှပဲ ပြန်လည် နေထိုင်ချင်တယ်လို့ ပြောပါတယ်။
"တကယ် အောင်မြင်သာရွာမှာ နေထိုင်ရတာ တော်တော်လေး အခက်အခဲ ရှိပါတယ်။ အခု မိုးရွာပြီ ဆိုရင်လည်း လေတိုက်တာနဲ့ဆို သွပ်တွေလည်း လှန်ကုန်တယ်။ အိမ်အထဲမှာဆို မိုးယိုတယ်။ သီးနှံစိုက်ပင်တွေ လုပ်မယ်ဆိုလည်း စိုက်စားလို့ မရဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ မူရင်း တန်ဖရဲကျေးရွာကို အမှန်တကယ်ပဲ ပြောင်းရွှေ့ နေချင်ပါတယ်။ ကျွန်မတို့လယ်တွေ ဆိုရင်လည်း အခုအချိန်ထိ အစားလည်း မရဘူး။ ပြန်လာလုပ်မယ် ဆိုရင်လည်းကျွန်မတို့ လောလာဆယ်ရွာကို သွားလာခွင့် မပေးသေးဘူး။"
အခုလ ၃၀ ရက်နေ့ကလည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်ပတ်လည် အခမ်းအနားကို ဒေသခံ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး ကက်သလစ် ဘုန်းတော်ကြီးတွေနဲ့ ပြည်သူ ၃၀၀ တက်ရောက်ခဲ့ပါတယ်။

KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို တာဝန်က ရပ်စဲ

2012-10-04
 KNU ကရင်အမျိုးသား အစည်းအရုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ဖောက်ဖျက်မှုနဲ့ မနေ့က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါတယ်။

RFA
KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် မြဝတီမြို့မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ဖွင့်လှစ်နေစဉ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာတို့ သုံးဦးဟာ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ KNLA ဗဟိုဌာနချုပ်ရဲ့ သဘောတူညီမှု မရဘဲ KNU ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့တဲ့အတွက် တာဝန်က ရပ်စဲလိုက်တာလို့ အမည်မဖော်လိုတဲ့ KNU အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
သူတို့ ၃ ဦးကို တာဝန်က ရပ်စဲကြောင်း အမိန့်စာကို KNU ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံကို ပေးပို့ထားကြောင်း၊ ဒါပေမယ့် တရားဝင် ကြေညာချက်  ထုတ်ပြန်တာ မရှိသေးတဲ့ အကြောင်းနဲ့ လစ်လပ်သွားတဲ့ စစ်ဦးစီးချုပ် နေရာမှာ မကြာခင် ရက်ပိုင်းအတွင်း ယာယီ အစားထိုး ခန့်အပ်မယ်လို့လည်း သိရပါတယ်။

မြန်မာအလှမယ် မနန်းခင်ဇေယျာ အင်တာနေရှင်နယ် ပြိုင်ပွဲ(Miss International Beauty Pageant 2012)မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပ မယ့် Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကြီးမှာ ပါဝင်ဖို့အတွက် Miss Myanmar International ဆုရှင် မနန်းခင်ဇေယျာဟာအောက်တိုဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါပြီ။

ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International
Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် မနန်းခင်ဇေယျာက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်သိပ်မရခဲ့ဘူး
လို့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။

"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန်
သိပ်မကျန်တော့ဘူး"လို့ အသက် ၂၃ အရွယ် မြန်မာကိုယ်စားပြုအလှမယ်လေးက ပြောပါတယ်။

ယဉ်ကျေးမှုအသားပေး ပြိုင်ပွဲဖြစ် တာကြောင့် ရတဲ့အချိန်တိုအတွင်းမှာပဲ
မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မယ့် ဆင်ယင်မှုတွေ ကို ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လိုအပ်တဲ့ ၀တ်စုံ တွေကို ဒီဇိုင်နာပြည်စိုးအောင်၊ မမဉ္ဇူနဲ့ မသွင်စုထွေးတို့က စီစဉ်ပေးကြပြီး ၀တ်စုံခုနစ်စုံ ၀တ်ဆင်မယ်လို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ဓလေ့အတိုင်း ဆွမ်းအုပ်လေးကိုင်မယ်။ ကုန်းဘောင်ခေတ်ပုံစံ
မြန်မာဝတ်စုံလေးကို ၀တ်မယ်။ ကျွန်မက တစ်ယောက် တည်းသွားရမှာ ဆိုတော့ မိတ်ကပ်လည်း ကိုယ်တိုင်ပြင်ရမှာပါ"လို့ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ
မနန်းခင်ဇေယျာက ပြောပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDtGOPAqDKIHbkpdtj66iDVuOfhJFsKhMaxfJODZo_WEgp5uqq0JD3BO9Wu9vNCNxSRYr3udK_LU8SmvDS_E0HFfnu6z-kGVR_B03TFEm2soaQ5T99JoSvV1uhzZt1zcZv_Z-4FjlpM_Q/s1600/408573_449107018465071_513192438_n.jpg
အင်္ဂလိပ်နဲ့ ဂျာမန်စကားပြန်အဖြစ် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလှမယ် လေးက အနုပညာအလုပ်တွေကို အရင်က တစ်ခါမှမလုပ် ခဲ့ဖူးဘူးလို့လည်း ဆိုပါ တယ်။

"အနုပညာကိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဒါပေမယ့်
လျှောက်လှမ်းရမယ့်ဘ၀အတွက် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင်
ဂိုက်လုပ်တာပါ။ ဂိုက်လုပ်ရင်းနဲ့မှ Miss Myanmar International 2012ကို ၀င်ပြိုင်ဖြစ်သွားပြီး မမျှော်လင့်ဘဲ ဆုရခဲ့ တာပါ။ အဲဒါကြောင့် ဂိုက်မှာလည်း အချိန်ပေးပြီး စာကိုမနည်းဖတ်ပြီး လေ့လာထားရတယ်။ အခုဆိုလည်း မစ္စမြန်မာအင်တာနေရှင် နယ်ဆုကို လည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။ အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့်လွှတ်ချင်ဘူး"လို့ အလုပ်နဲ့ အနုပညာအပေါ် ထားတဲ့ သူရဲ့ခံယူချက်ကိုပြောပါတယ်။

ပြိုင်ပွဲမှာ Miss International၊ 1st Runner-Up ၊ 2nd Runner-Up ဆု တွေအပြင် တခြားဆုတွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါ တယ်။

Miss International 2012 ပြိုင်ပွဲမှာ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။ အဲဒါကတော့
ရေကူးဝတ်စုံ၊ ညနေခင်းဝတ် ဂါဝန် နဲ့ စင်ပေါ် အင်တာဗျူး တို့ဖြစ်ပါတယ်။

အမှတ်ပေးစည်းမျဉ်းကတော့ -

၁။ ရေကူးဝတ်စုံ (Swimsuit) - ၄၅ ရာခိုင်နှုန်း၊
၂။ ညနေခင်းဝတ် ဂါဝန် (Evening Gown) - ၄၅ ရာခိုင်နှုန်း နဲ့
၃။ စင်ပေါ် အင်တာဗျူး (On Stage Interview) - ၁ဝ ရာခိုင်နှုန်း တို့ဖြစ်ပါတယ်။

(*ယခု အမှတ်ပေး စည်းမျဉ်းက အမေရိကန်ပြည်ထောင်စုရဲ့ စည်းမျဉ်းဖြစ်ပြီး နေရာဒေသအရ အနည်းငယ် ကွာခြားနိုင်ပါတယ်။)

ကင်မရာဆရာရှေ့တွင် ကိုယ်ဟန်ပြ (Pose) နေသည့် နန်းခင်ဇေယျာ

ထူးခြားတဲ့ ဆုတစ်ခုကတော့ Miss Internet ဆု ဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး
အလှမယ်ကို အင်တာနက်ကနေ မဲပေးကြရမှာဖြစ်ပါ တယ်။ မဲအများဆုံး
ရရှိတဲ့ အလှမယ်က ဒီဆုကို ရရှိမှာဖြစ်တာကြောင့် မြန်မာပြည်သူ၊
ပြည်သားများလည်းမနန်းခင်ဇေယျာ အတွက် ပါဝင်မဲ ပေးနိုင်ကြပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuY-gB8rcVcLaOfzh6ARVLWb1neF_8bDKYpeRXiExloZFWZuK5HGAopw19PPem5aE7lRFPD4ixJ37MeP-8Y5cQg7T9ZXCeprEWBYwfpTkZYi8guxbuXIt5u8LKT9Y84lQOuJ3Dw1BEMKA/s1600/322641_458884354162488_1917390950_o.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnT3NCdBtngpugulNUE3IZath6QTPHKTd7fgEloHrnngPxyumWtlauFt_TClSXL2BnOGkrlVHAi2rtFFhtnK0321c3SW_dmEB5ogT4xhbn-NUVzLO_500T8BwbQdGECXNF7d5VZ1kZY6cv/s1600/DSC_2135-copy.jpg


ပြိုင်ပွဲနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ သိချင်တယ်ဆိုရင် လည်း ww
w.miss-international. org မှာ ၀င်ရောက်လေ့ လာနိုင်ပါတယ်။

နွမ်ဘွိုင်း

News from :Myanmar Times

တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း


ရမည်းသင်းမြို့နယ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးတွေ့ဆုံဆွေးနွေပွဲသို့တက်ရောက်လာကြသည့် ၈၈မျုးဆက်ကျောင်းသားများအဖွဲ့....၊

 မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေး လူထုတွေ့ဆုံပွဲ ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က သာစည်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
"တရားဥပဒေ စိုးမိုးရေး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကနေပြီးတော့ ဒီတရားရုံးတွေ အထိ ဆင်းပြီးတော့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့  ပူးပေါင်းဆောင်ရွက် ပေးလိုက်ပါ။ ဘာအရေးကြီးသလဲ ဆိုတော့ ဘယ်တရားသူကြီးတွေ ဘယ်အမှုမှာ မတရား ဘယ်လိုလုပ်တယ် ဆိုတာကို ကျကျနန သက်သေသက်ကန်နဲ့ ၀ိုင်းပြီးတော့ပို့ကြပါ။"
မြန်မာပြည် အလယ်ပိုင်းကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း စတဲ့ အဖွဲ့ဝင်ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေးအတွက် သာစည်၊ ယင်းမာပင်၊ ဘုရားငါးဆူ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့ ကို  ဒီကနေ့ သွားရောက်ခဲ့ကြပြီး ဒေသခံလူထုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ကျောက်ဆည်မြို့၊ ၀မ်းတွင်း-သဲတောမြို့တွေကို သွားရောက်ခဲ့ကြပြီး မနက်ဖြန်မှာ ရန်ကုန်မြို့ကို ပြန်မှာဖြစ်ပါတယ်။

RFA Burmese

လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို


ပြည်သူများ၏ အခြေခံအခွင့်အရေးကို မရရှိစေဘဲ အာဏာပိုင်များ လိုသလို အလွဲသုံးနိုင်သည့် ပုဒ်မ ၁ဝ(က)၊ (ခ)၊ ပုဒ်မ ၅ ကဲ့သို့ ဥပဒေများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ
ယေးလ်တက္ကသိုလ်၌ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား
ခဲ့သည်။

''အခုပြောခဲ့တဲ့ ပုဒ်မ ၅၊ ပုဒ်မ ၁ဝ တို့ဟာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေ ပါ။ အဲဒီ ဥပဒေကိုယ်ထည်ကြီး တစ်ခုလုံးကို အပြီးအပိုင်ထုတ်ပစ် တာမျိုးကိုပဲ ကျွန်မတို့ လိုလားပါ တယ်''ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ဗဟု အဖွဲ့မှ ဦးတင်မောင်သန်းကလည်း တရားဥပဒေသည် ပြဿနာများကို ဖြေရှင်းရေးနှင့် ဆက်စပ်ပြီး မူဝါဒ များသည် ပြဿနာများကို ဖြေရှင်း ရန်အတွက် ယေဘုယျကျကျ ချဉ်း ကပ်မှုဖြစ်ကြောင်း ဆိုသည်။

''ဥပဒေတစ်ရပ်ကို ထုတ်ပြန် တဲ့အခါ လုံခြုံရေးကို စိုးရိမ်လို့ လုံခြုံရေး အတွက်ဆိုပြီးစဉ်းစား ထုတ်ပြန်တဲ့အခါ တကယ်စိုးရိမ်တဲ့ အတိုင်းဖြစ် ရဲ့လားဆိုတာ မေးခွန်း ထုတ်ရပါမယ်''ဟု ဦးတင်မောင် သန်းက ပြောသည်။ ယင်းသို့သော ဥပဒေများပယ်ဖျက်ခြင်းအသစ်ပြန် လည်ရေးဆွဲခြင်းပြုလုပ် ရန် လွှတ် တော်တွင်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး က စက်တင်ဘာ လ ၃ဝ ရက်က ပြောကြားသည်။

''ဥပဒေကို မပြဋ္ဌာန်းခင်တုန်း က ချိုးဖောက်တဲ့သူမရှိဘူး။ ဥပဒေ ကို မလိုအပ်ဘဲ ပြဋ္ဌာန်းတဲ့အခါကျ တော့ အလိုလိုနေရင်းကို လူတွေက ဥပဒေချိုးဖောက်တဲ့သူတွေ ဖြစ်သွား တယ်။ အဲဒီတော့ အဲဒီလို ဝန်ထုပ် ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်''ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက ပြော သည်။

အဆိုပါပုဒ်မ ၅၊ ပုဒ်မ ၁ဝ(က)၊ (ခ)ကဲ့သို့ ပုဒ်မများအပြင် ပုဒ်မ ၃၃(က)ကဲ့သို့ အီလက်ထရောနစ် ဥပဒေများသည် ပြင်ဆင်သင့်သည့် ဥပဒေဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

''ဥပဒေမှာပါတဲ့ အချက်တွေ ကပြဿနာဖြစ်စေနိုင်တာ အားလုံး သိကြပါတယ်''ဟု ၄င်းက ပြော သည်။ယင်းအတွက် လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယင်းဥပဒေကို ပြင်ဆင်သင့်ပြီး တရားရုံးများကလည်း ယင်းဥပဒေ များဖြင့် တရားစွဲဆိုခြင်းကို ခွင့် မပြုသင့်ကြောင်း ဆိုသည်။

အဆိုပါ ပုဒ်မ ၁ဝ(က)(ခ) သည် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေအဖြစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဦးနေဝင်း အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သည့်ဥပဒေဖြစ်ပြီး ပုဒ်မ ၃၃(က)သည်အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးနည်း ပညာကို အသုံးပြုလျက် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာ ရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှု ကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ် ရပ်ကိုပြု လုပ်လျှင် ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ရမည့် အ ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal