Pages

Saturday, December 1, 2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာ အမှတ်၊ ၉၂/၂၀၁၂

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာ အမှတ်၊ ၉၂/၂၀၁၂

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    နိုင်ငံတော်သမ္မတရုံး

    အမိန့်ကြော်ငြာစာ

    အမှတ်၊ ၉၂/ ၂၀၁၂

    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်

    (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)


    စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

    (က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်

    (ခ) ဦးလွန်းသီ အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

    (ဂ) ဦးသန်းမြင့် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

    (ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

    (င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

    (စ) ဦးခင်မောင်ရီ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်

    (ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်

    (ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်

    ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

    (ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်

    အထွေထွေအတွင်းရေးမှူး

    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

    (ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်

    Chairman, Myanmar Environmental Institute

    (ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်

    သံအမတ်ကြီး (ငြိမ်း)

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    (ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်

    Senior Consultant on Social Assessment

    Myanmar Environmental Institute

    (ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်

    စာရေးဆရာ

    (ဎ) ဦးဝင်းထိန် အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန

    သတ္တုတွင်းဝန်ကြီးဌာန

    (ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန

    လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

    (တ) ဦးတင်မြင့် အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန

    (ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

    (ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်

    ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)

    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

    (ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်

    ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

    ပညာရေးဝန်ကြီးဌာန

    (န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်

    Myanmar Peace Center

    (ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်

    ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန

    ကျန်းမာရေးဝန်ကြီးဌာန

    (ဘ) ဦးနေဦး အဖွဲ့ဝင်

    ဒုတိယညွန်ကြားရေးမှူး

    စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

    ပြည်ထဲရေးဝန်ကြီးဌာန

    (မ) ဦးဝင်းကြည် အဖွဲ့ဝင်

    ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး

    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

    (ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်

    ကာကွယ်ရေးဝန်ကြီးဌာန

    (ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်

    ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်

    ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (ဝ) ဦးဘိုဌေး အဖွဲ့ဝင်

    တုံရွာမ၊ တုံကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (သ) ဦးစစ်မြိုင် အတွင်းရေးမှူး

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-

    (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

    (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊

    (ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊

    (ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊

    (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊

    (စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊

    (ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

    (ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။

    ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

    ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။

    ပုံ

    သိန်းစိန်

    နိုင်ငံတော်သမ္မတ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်

လက်ပံတောင်း ကော်မရှင်တွင် ၈၈ ပါဝင်ရန် ဆန္ဒမရှိကြောင်းသတင်းထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။

စာအမှတ် - ၃၁/ ၂၀၁၂(၈၈)
ရက်စွဲ - ၂၊ ဒီဇင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email - 88generation@gmail.com

 ၂ ၊ ဒီဇင်ဘာ၊ ၂၀၁၂ 

အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။ 

သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင် ရွက်လိုသည့်ဆန္ဒ မရှိပါကြောင်း အသိပေးအပ်ပါသည်။ 

 ၈၈ မျိုးဆက်ကျောင်းသားများ။

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ


မနန္ဒာချမ်း 01.12.2012
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်သွားရေး တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ကို ရာနဲ့ချီတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ အခု ကျမတို့ အသံလွှင့်နေချိန်မှာ ချီတက် ဆန္ဒပြနေကြပါတယ်။ အာဏာပိုင်တွေရဲ့ ကန့်ကွက်မှုတွေ ရှိပေမဲ့လည်း ဆက်လက် ချီတက်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မနက်ပိုင်းက မုံရွာမှာ ကြေးနီတောင် စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုကြတဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေဘက် က မျက်ရည်ယိုဗုံး၊ မီးလောင်းဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း၊ ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မှာ ဒုတိယမြောက်နေ့ အဖြစ် ဒီကနေ့ သံဃာအပါး ၅၀ လောက်နဲ့ လူအင်အား ၂၀၀ ကျော်ကနေ ဆက်လက် ဆန္ဒပြခဲ့နေကြတာပါ။ ဒီကနေ့ ဒုတိယမြောက်နေ့မှာတော့ တရုတ်သံရုံးရှေ့ကို အဓိက ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အစောပိုင်း ဆက်သွယ် မေးမြန်းချက်အရ သံရုံးကို မရောက်သေးဘဲ ချီတက် လမ်းလျှောက်နေဆဲ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်လိုက်ပါ သတင်းယူနေတဲ့ ပြည်တွင်းသတင်းထောက်တဦး က အခုလို ပြောပြခဲ့ပါတယ်။

“အခြေအနေကတော့ ခုချိန်ထိ ကျနော်တို့ ဆရာတော်တွေက အပါး ၅၀ လောက်ရှိမယ်။ ပရိသတ်နဲ့ဆိုရင် အားလုံး လူ ၃၀၀ လောက် ရှိလိမ့်မယ်။ အဖွဲ့အစည်းကတော့ လောလောဆယ် ဗကသ တို့ ပါတယ်လို့ပြောတယ်။ နောက်ပြီးတော့ လူငယ်တွေလည်း ခေါင်းစည်းတွေနဲ့ ပါလာတာတော့ တွေ့တယ်ဗျ။ လိမ္မော်ရောင် ခေါင်းစည်းတွေ စည်းထားတာ တွေ့တယ်။ ကျနော်တို့ ကြည့်မြင်တိုင် လမ်းမကြီးကို ရောက်နေပါပြီ။ ကျနော်တို့ မြေနီကုန်းကနေ စပြီးတော့ ထွက်လာတာပါခင်ဗျာ။ အဓိက ကတော့ တရုတ်သံရုံးကို သွားမယ်လို့ ပြောပါတယ်။”

တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူတွေအနေနဲ့ အဓိက အချက် ၂ ခုကို တောင်းဆိုခဲ့ကြတယ် လို့လည်း အဲ့ဒီသတင်းထောက်က ဆက်ပြောပြပါတယ်။

“အဓိက ကတော့ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတာပါ။ ရှေ့ကနေပြီးတော့ သံဃာနှစ်ပါးကနေပြီးတော့ ကျနော်တို့ လက်ပံတောင်းတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ပိုစတာတွေ ကိုင်ပြီးတော့ ဆန္ဒပြပါတယ်။ အဓိက ကတော့ လက်ရှိ လက်ပံတောင်းတောင်မှာ ရှိနေတဲ့ ၀မ်ပေါင် တရုတ် ကုမ္ပဏီတွေ မြန်မာပြည်က အမြန်ဆုံး ထွက်ရေးနဲ့ နောက်တခါ အခုလိုမျိုး ဓာတုလက်နက်တွေ သုံးပြီး ဖောက်ခွဲတဲ့ကိစ္စတွေကို လုံးဝ လက်သင့်မခံဘူး၊ ရှုတ်ချတဲ့အကြောင်း၊ အာဏာပိုင်တွေ ဘက်ကနေ တာဝန်ယူဖြေရှင်းပေးရမယ် ဆိုတာ ပါတယ်ခင်ဗျ။”

လောလောဆယ်မှာ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာ မရှိသေးပေမဲ့ ဆက်မလုပ်ဖို့တော့ ဟန့်တားမှုတွေ လုပ်ခဲ့တယ်လို့ အဲ့ဒီ သတင်းထောက်က ဆက်ပြောပြပါတယ်။

“တစ်ယောက် နှစ်ယောက်တော့ လာတားတာ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ သူတို့ မတားပါဘူး။ လွှတ်ပေးထားတဲ့သဘော ရှိတယ်။ နောက် အာဏာပိုင်တွေ က နောက်က တောက်လျှောက် လိုက်နေတဲ့အခါကျတော့။ လောလောဆယ် သံရုံးရှေ့မှာတော့ လုံခြုံရေး တော်တော် ထူထူထပ်ထပ် ချထားတယ်လို့တော့ ဆိုတယ်။ ကျနော်တို့ သံရုံးကိုတော့ မရောက်သေးဘူးခင်ဗျ။”

ဒါကတော့ ဒီကနေ့ ရန်ကုန် တရုတ်သံရုံးရှေ့ကို ချီတက် ဆန္ဒပြနေကြတဲ့ အကြောင်းပါ။ မနေ့ကတော့ သံဃာနဲ့ လူအင်အား ၄၀ လောက်ဟာ ဆူးလေဘုရား ရင်ပြင်တပတ် ပတ်ပြီး လမ်း ၅၀ ထိပ်က မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ ရုံးးချုပ်ရှေ့ကို ချီတက်ခဲ့ပါသေးတယ်။ လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပြီး ဦးပိုင်ကုမ္ပဏီ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။
VOA

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့် ထုတ်ပြန်

=ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တစ်ကွ အကြံပြုတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်-
(၁) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့်နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ-မရှိ။
(၂) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ။
(၃) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ-မရှိ။
(၄) ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ။
(၅) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်။
(၆) ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်-မသင့်။
(၇) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ။(၈) ကော်မရှင်၏ အထွေထွေသုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
Read More => http://www.president-office.gov.mm/briefing-room/news/2012/12/01/id-2024

အလွဲများနဲ. ကျွန်တော်တို. နိုင်ငံ

ရေးသူ-ကျော်စွာမြင့်

ဗုဒ္ဓဘာသာဝင်တို.ရဲ. အထင်ကရ တန်ဆောင်မုန်းလပြည့်နေ.ညမှာလက်ပန်းတောင်းသပိတ်စခန်း (၆) ခုကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အခြေအနေဟာ ပြသာဒ်ကြီးမီးလောင်ခဲ့ပြီ။ အမည်မတပ်နိုင်တဲ့မီးလောင်ဗုံးမျိုးတွေ အသုံးပြုခဲ့တာကြောင့် မီးလောင်ဒဏ်ရာပေါင်းများစွာနဲ.ရဟန်းတော်တွေ ခံစားခဲ့ရပြီ။
တစ်နိုင်ငံလုံး သာမက နိုင်ငံတကာမှာပါ အရုပ်ဆိုးအကျည်းတန်ခဲ့ပြီ။လူထုလူတန်းစား အသီးသီးရဲ. ပြောစရာ၊ ကြောက်စရာ၊ အပြစ်တင်စရာအဖြစ်မျိုး ကြုံတွေ.နေရချိန်မှာ ယနေ.ည MRTV မှာလည်း ဆက်၍ဆက်၍အမှားတွေပြောနေတုန်း မနက်ဖြန်မှာ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကသံဃာတော်များကို တောင်းပန်ပွဲ ပြုလုပ်မယ်ဆိုပြီး ထပ်လွဲပြန်ရော။

ဒါဆိုရင် အခုလို ရက်ရက်စက်စက် လူမသိသူမသိ ညကြီးမင်းကြီးမှာအမည်မသိ မီးလောင်ဗုံးတွေနဲ.
ဖြိုခွဲခဲ့တာ စစ်ကိုင်းတိုင်းကရဲတပ်ဖွဲ.တွေပေါ့..အထက် အဆင့်ဆင့်က တာဝန်ရှိသူများ မသိဘူးပေါ့၊ အမိန်.တစ်စုံတစ်ရာ မပေးပဲ သူတို.လုပ်ခဲ့ကြတာပေါ့ လို.မေးစရာရှိလာပါပြီ။

ကျွန်တော်တို.နိုင်ငံမှာက တာဝန်ရှိသူတွေက တာဝန်မယူရဲခဲ့ကြတာကြာခဲ့ပါပြီ။ အခုလဲ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်မယ် တစ်နိုင်ငံလုံးကိုထုတ်လွှင့်နေတဲ့ MRTV က ဥပဒေနဲ.အညီလုပ်တာပါ၊ လွဲနေပြန်ရော။

မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အနေနဲ. တောင်းပန်ခြင်းဟာ ကောင်းမွန်တဲ့အပြုအမှုပါ။ မိမိရဲ. မသိလို.ဖြစ်စေ သိရက်နဲ.ဖြစ်စေ မှားယွင်းခဲ့ရင်တောင်းပန်ဝန်ချတာဟာ တရားတော်နဲ.အညီပါ။

သို.သော် ယခုဖြစ်ရပ်ရဲ. အတိမ်အနက်ကိုတော့ လေ့လာဖို.လိုအပ်ပါတယ်၊လွယ်လွယ်နဲ.ပြင်လို.ရတဲ့အမှားမျိုးလား၊ အဲဒီ့မှားယွင်းမှုမှာ တဖက်ကဘယ်လောက် ထိခိုက်ပျက်စီးဆုံးရှူံးမှုတွေရှိမလဲ၊ သုံးသပ်ဖို.တော့လိုတာပေါ့၊ ယခုဖြစ်ရပ်မှာ မျက်စိကွယ်သွားတဲ့သံဃာတော်တွေ၊ မျက်နှာတစ်ခုလုံးမီးလောင်ဒဏ်ရာနဲ. ပျက်စီးသွားတဲ့ သံဃာတွေ ဘက်ကကြည့်ဖို.မလိုတော့ဘူးလား။ တောင်းပန်ဝန်ချလိုက်ရုံနဲ. သူတို.တစ်တွေရဲ. ပျက်စီးဆုံးရှူံးမှုအသစ်ပြန်ဖြစ်သွား ပါ့ မလား စဉ်းစားဖို.လိုပါတယ်။

နောက်ပြီး နောင်အစဉ်အလာ အဆက်ဆက်မှာ အမှားကြီးတစ်ခု ကျူးလွန်ပြီးတိုင်း တောင်းပန်လိုက်ရင် ပြီးသွားမယ်ဆိုတဲ့ အစဉ်အလာ အလွဲကြီးတစ်ခုကို ပုံဖော်နေတာလား။

ယခုဖြစ်ရပ်မှာ ပေါ့ပေါ့တန်တန် တောင်းပန်လိုက်ခြင်းဆိုတာထက်စုံစမ်းရေးကော်မရှင်ဖွဲ.ပြီးအမှန်တရားအတိုင်း ဖော်ထုတ် အရေးယူမယ်ဆိုရင် လက်ရှိ နိုင်ငံရေးသိက္ခာပျက်စီးသွားတဲ့ အစိုးရအနေနဲ. ပြည်သူ.လက်ခံမှုကို ပြန်ရရှိနိုင်မှာဖြစ်ပါတယ်။ အမိန်.ပေးတုန်းက အမိန်.ပေးတဲ့သူကပေးခဲ့ပြီး အခုလို ထိန်းမရသိမ်းမရ အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်လာမှ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကို အသုံးချတာမျိုး အလွဲကြီးမဖြစ်စေချင်ပါ။

နိဂုံးချုပ်အနေဖြင့် မနက်ဖြန် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်လိုက်ရုံနဲ.အစိုးရဘက်က ဖြေရှင်းနည်းလို. ထင်မြင်ရင်တော့ အလွဲကြီးလွဲပြီးမှားပြီးရင်း မှားနိုင်ပါတယ်၊ ပြည်သူဟာ ရိုးသားပါတယ် သို.သော် မအပါ။ အခုလို လူပေါင်း(၅၀၀) လောက်စုဝေးနေတဲ့ ရဟန်းသံဃာတော် ရာနဲ.ချီပြီးရှိနေတဲ့ ၊ မီဒီယာအသီးသီးမှာ အထင်ကရ ဖော်ပြနေတဲ့ လက်ပန်းတောင်အရေးကို တိုင်းရဲတပ်ဖွဲ. အကြီးအကဲလောက်အဆင့်က ဆုံးဖြတ်ပြီး လုပ်ချင် သလိုလုပ်ခဲ့တာလို. မယုံကြည်နိုင်ကြပါဘူး။

ဒါဆိုရင် ငြိမ်းချမ်းစွာ လက်နက်မဲ့ ဆန္ဒဖော်ထုတ်နေတဲ့ ရဟန်းသံဃာနဲ.တောင်သူလယ်သမားပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နိုမ်နင်းဖို. အမိန်.ပေးစေခိုင်းသူ ဘယ်သူလဲ၊ သူကိုယ်တိုင် ဘာကြောင့်မတောင်းပန်နိုင်တာလဲ ဘာကြောင့် တာဝန်မယူနိုင်တာလဲ မေးစရာတွေအများကြီး ပြည်သူ.ရင်ထဲမှာ ဖြစ်ပေါ်နေပါတယ်။

အဲဒီမေးခွန်းတွေဟာရဟန်းတော်တွေရဲ.ဒဏ်ရာအမာရွက်တွေနဲ.အတူ နောင်ခေတ်အဆက်ဆက်တန်ဆောင်မုန်း လပြည့်နေ.ရောက်တိုင်းသမိုင်းဝင်နေ.ဖြစ်သွားတော့မှာပါ။

ကျော်စွာမြင့် ( ၁၉၈၉-၁၉၉၂ ဗ.က.သ ) —

ဒေါ်အောင်ဆန်းစုကြည် မုံရွာမှာ မီဒီယာသမားများကိုဘာတွေပြောခဲ့သလဲ(ရုပ်-သံ)

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ မုံရွာမှာ လက်ပံတောင်းစီမံကိန်း ဒေသခံ ရွာသူ၊ ရွာသားတွေနဲ့လည်း တွေ့ဆုံခဲ့သလို၊ ၀မ်ပေါင်ကုမ္ပဏီက တာဝန်ရှိ သူတွေအပြင် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီလို တွေ့ဆုံပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ အောက်ပါ အတိုင်း ပြောကြားခဲ့ပါတယ်။ ဤဗီဒီယိုကို ဆင်ပေါက်က ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အစိုးရအဖွဲ့၏ အင်အားသုံးဖြိုခွင်းခဲ့မှုအပေါ် တောင်းဆိုချက် သုံးချက်ပါဝင်သည့် သဘောထားကြေငြာချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ပြန်

   လက်ပံတောင်းတောင်  ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အစိုးရအဖွဲ့၏ အင်အားသုံးဖြိုခွင်းခဲ့မှုအပေါ် တောင်းဆိုချက် သုံးချက်ပါဝင်သည့် သဘောထားကြေငြာချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဒီဇင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြောင်း ဗကသများအဖွဲ့မှ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်၏ ပြောကြားချက်အရ သိရသည်။                       
ကိုလင်းထက်နိုင်က ''ဒီကြေငြာချက်ကို ကျွန်တော်တို့ အဖွဲ့ဝင် တွေအားလုံး တိုင်ပင်ပြီးတော့ ထုတ်ပြန်ခဲ့တာပါ။နိုဝင်ဘာလ ၂၈ရက်နေ့က ကြေးနီစီမံကိန်းမှာရှိတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်နှိမ်နင်းခြင်း မပြုဖို့အတွက် ကျွန်တော်တို့ သဘောထားကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပေမယ့် အစိုးရအဖွဲ့အနေနဲ့ သပိတ်စခန်းတွေကို  အကြမ်းဖက်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒီအကြမ်းဖက်နှိမ်နင်းမှု လုပ်ရပ်တွေမှာ တကယ်တမ်းတာဝန်ရှိတာ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာပဲ တာဝန်ရှိတယ်လို့ ကျွန်တော်တို့က ယုံကြည်ထားပါတယ်။ ဒီအတွက်ကြောင့် ဒီသဘောထား ကြေငြာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်''ဟု ပြောပြခဲ့ပါသည်။                     
တောင်းဆိုမှုများတွင်  သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် ထင်သာမြင်သာရှိစွာ တာဝန် ယူရမည်ဖြစ်ပြီး လွတ်လပ်သော စုံစမ်းရေးကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်း စုံစမ်းစစ်ဆေးရန်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ ထပ်မံဖမ်းဆီးခြင်းမပြုရန်၊ ဖမ်းဆီးထားသည့် သံဃာတော်များနှင့် ပြည်သူများအား အမြန်ဆုံးလွှတ်ပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ပြည်သူများလက်မခံသည့် ကာလပတ်လုံး ရပ်ဆိုင်းထားရန်  စသည်တို့ ပါဝင်ပါသည်။                  
ထို့ပြင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အစိုးရလုံခြံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းခဲ့သည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါကြောင်း၊ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၊ပြည်သူများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း၊ စီမံကိန်းရပ်ဆိုင်းရေး လှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများသည်လည်း ငြိမ်းချမ်းစွာ ပူးပေါင်းလက်တွဲ ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်ပါသည်။

ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ


30.11.2012 လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့ မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း)

ရန်ကုန်သံဃာတော်များနှင့် ပြည်သူအချို့ ဆန္ဒထုတ်ဖော်

 
 နိုဝင်ဘာလ ၃၀ ရက်နေ့
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀ ကျော်ခန့်နှင့် ပြည်သူတို့မှာ ဆူးလေဘုရား ရင်ပြင်တော် ပေါ်တွင် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ကာ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေး ဦးပိုင်ရုံးချုပ်ရှေ့တွင် သံဃာတော်များ ဒဏ်ရာများရရှိခဲ့သည့်ပုံများကို ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။


Photo-Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ဆေးရုံသို့ ရောက်ရှိနေသော ဒဏ်ရာရ သံဃာတော်များနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုအားပေးစကားပြော

 
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် မုံရွာမြို့ဆေးရုံသို့ ရောက်ရှိနေသော ဒဏ်ရာရ သံဃာတော်များနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ (နိုဝင်ဘာလ ၂၉) ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က တွေ့ရစဉ်

ဒဏ်ရာရသံဃာတော်များအား မုံရွာဆေးရုံ၏ ပြုစုစောင့်ရှောက်မှု အားနည်း

 
သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းကြောင့် ဒဏ်ရာရ သံဃာတော်များအား မုံရွာပြည်သူ့ဆေးရုံမှ ဆေးဝါးများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အပြင် လူနာအား ပြုစုစောင့်ရှောက်မှု အားနည်းလျက်ရှိကြောင်း သံဃာတော်များသို့ ငွေကြေးသွားရောက်လှူဒါန်းသူ အလှူရှင်တစ်ဦးက ပြောကြားသည်။

"ကျွန်တော်မြင်ခဲ့သလောက်ဆိုရင် ဆရာတော်တွေကို မှင်ပြာတွေပဲ သုတ်လိမ်းပေးထားတယ်၊ စောင်တွေခြုံပေးထားတယ်၊ ဒီလောက်ပဲ၊ အခုလိုမျိုး ဒဏ်ရာတွေဟာ မှင်ပြာသုတ်ရုံနဲ့ မလုံလောက်ပါဘူး" ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး သွားဆရာဝန်တစ်ဦးကလည်း "ကျွန်တော်က ဆေးဝါး လှူချင်တာမို့ ဆေးရုံသွားကြည့်ပါတယ်၊ ဒါပေမယ့် သံဃာတော် လူနာတွေအတွက် လူနာ Chart တောင်မှ ရေးထားတာမရှိပါဘူး၊ သူနာပြုတွေကလည်း အမေစုလာရင် ၀ုန်းကနဲ ထကြည့်လိုက်၊ ကိုကျော်သူလာရင် ၀ုန်းကနဲ ထကြည့်လိုက်နဲ့ပဲ လုပ်နေတာကြတာ တွေ့တယ်၊ အနီးကပ်စောင့်ရှောက်မှု ပေးနေတာ တစ်ခုမှ မတွေ့ဘူး" ဟု ပြောကြားသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးများကို ပြည်ပမှ ၀ယ်ယူလှူဒါန်းပါမည်ဟု ပြောကြားသွားကြောင်းလည်း သတင်းရရှိပါသည်။
ThanLarWaddy Times

လက်ပံတောင်းအကြမ်းဖက်မှု ဘယ်သူတာဝန်ရှိဆုံးလဲ

တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်း အရေးယူပါလို့ အမိန့်ရလာတဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာနေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားတာ သတိထားမိကြမယ် ထင်ပါတယ်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို နှစ်သိမ့်ပေးနိုင်မလားဆိုတဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ သတင်းတွေဖြစ်ပါတယ်။

By- ဧရာဝတီသတင်း- The Irrawaddy (Burmese Version)

မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်း

မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ပြီး
 ယခုနှစ်ကုန်အထိ တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက
 နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်တွင် ပြောကြားခဲ့သည်။

'
'စာနယ်ဇင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ သက်ဆိုင်ရာ လူကြီးတွေကို report လုပ်ပါတယ်။ report လုပ်ပြီးဆွေးနွေးချက်အရ
လူကြီးတွေက ပြန်ပြီးကောက်ခံမယ့် နှုန်းထားတွေကို ပြန်လည်တွက်ချက်ပြီးမှ ပြန်လည်ကောက်ခံဖို့ နောက်တစ်လကို ထပ်ရွေ့လိုက်ပါတယ်။
 အခုသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ထပ်လျော့မယ့် သဘောရှိပါတယ်။ လက်ရှိ ထုတ်ပြန်ထားတာတွေက cancel ဖြစ်သွားပါပြီ'' ဟု
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Time Based Charging စနစ်မှ Volume Based Charging စနစ်ဖြင့်
ပြောင်းလဲကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စာနယ်ဇင်းရှင်းလင်းပွဲအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းမပေါ်ရှိ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက်
 ယင်းနေ့ ညပိုင်း၌ပင်ထိုအစီအစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။
Eleven Media Group

Friday, November 30, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။

ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။

ကျွန်မဒီကိုလာတဲ့ကိစ္စက လက်ပံတောင်းတောင်ကိစ္စနဲ့ လာတာပဲ။ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီလို လိပ်ခဲတည်းလည်းနဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာ မသင့်တော်ဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုကလည်း ပါနေတယ်။ တရုတ်နိုင်ငံပေါ့။ အားလုံးခေါင်းထဲမှာ ထားရမှာက ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ထူထောင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သိက္ခာနဲ့ ကိုက်ညီအောင် နေနိုင်ရမယ်။ အဲဒီဟာမှာ ဘာပါလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင်လို့ နေနိုင်ရမယ်။



ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာက နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။ နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့တဲ့အချိန်မှာ လုပ်ပုံလုပ်နည်းတွေဟာ ပြည်သူရဲ့ဆန္ဒမပါတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုဆိုတာလည်း မရှိခဲ့ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ထည့်ပြီးတွက်တယ်ဆိုတာလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ဆက်ပြိးတော့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့နေရာမှာ နှစ်ဖက် စဉ်းစားရမယ်။ အရင်တုန်းက ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ အာဏာရှင်နည်းနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေကို ခံစားတဲ့နေရာမှာ ဘယ်လောက်ထိ တာဝန်ရှိတယ် မရှိဘူးဆိုတာကို စဉ်းစားရမယ်။

အရေးကြီးဆုံးကိစ္စတစ်ခုက တာဝန်ပဲ။ ကျွန်မကတော့ တာဝန်ရှိမှုကို အင်မတန်မှ လေးစားပါတယ်။

ကျွန်မတို့အားလုံးဟာ ဒီလိုစိတ်ဓာတ်ရှိရမယ်။ ဘ၀ရဲ့ဆုံးခန်းမှာ ငါဟာ တာဝန်တွေအားလုံး ကျေခဲ့ပြီ။ တတ်နိုင်သလောက် ကျေခဲ့ပြီပေါ့။ ၁၀၀ ရာခိုင်နှုန်းလည်း ကျေချင်မှကျေနိုင်မှာ။ တစ်ခါတလေမှာ တာဝန်ဆိုတာဟာ ဟိုဘက်ကတာဝန်၊ ဒီဘက်ကတာဝန် ကိုယ် ပိုပြီးအလေးထားရမယ်ဆိုတဲ့ တာဝန်ကို လုပ်ရတယ်။

တာဝန်တွေအားလုံး ကျေတယ်ဆိုတာကတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပေမယ့် အဓိကယူထားတဲ့ တာဝန်တွေတော့ ကျေတယ်ဆိုတာ ဖြစ်စေချင်တယ်။ ကျွန်မတို့နိုင်ငံက ကိုယ့်နိုင်ငံသားတွေ အားလုံးတာဝန်ရှိတယ်ဆိုတာ လက်ခံထားရမယ်။ ဒီတော့ အာဏာရှင်စနစ်အောက်က ကတိက၀တ်ပြုခဲ့တဲ့ ဟာတွေကို ကျွန်မတို့အခုခေတ်မှာ တည်ဖို့လိုလား အလေးထားဖို့လိုလားဆိုတာကို မေးရမယ်။ အဲဒီလိုမေးတဲ့အခါမှာ နိုင်ငံတကာမှာ ကျွန်မတို့နိုင်ငံရဲ့ အနေအထားကိုလည်း ပြန်ပြီးတော့ကြည့်ရမယ်။ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်။ လိုက်နာရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ဆန္ဒမပါဘဲနဲ့ ယူထားတဲ့ သဘောတူညီချက်တွေကို အဲဒါဟာ တစ်ချို့ဟာတွေက လေးစားရမှာပဲ လိုက်နာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့မျက်နှာနဲ့။ ကျွန်မတို့ရဲ့ အနေအထားက ဒီလိုပါပဲ။ ဆုံးဖြတ်တဲ့ နေရာမှာ ငါမပေးခဲ့တဲ့ ကတိက၀တ်တွေမို့လို့ ငါလုံးဝ မလေးစားဘူးဆိုပြီး လုပ်လို့လည်းမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဘက်ဒီဘက်ဆိုတာ ရှိတယ်။ ကိုယ့်ဘက်ကိုချည်း ကြည့်လို့မရဘူး။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရင် ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံက္ပကုမ္ပဏီနဲ့ ဘယ်လိုသဘော တူညီချက်တွေလုပ်ခဲ့လဲဆိုတာ ပြည်သူတွေအနေနဲ့ သိရမယ်လို့ ကျွန်မယုံကြည်တယ်။ သိပိုင်ခွင့်ရှိတဲ့ အပေါ်မှာ အခြေခံပြီးတော့ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ရမယ်။ အခုဟာက ဒီမှာ လက်ပံတောင်းတောင်ပတ်ဝန်းကျင် ပျက်စီးသွားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမယ့် ဒီကိစ္စတွေ စတာကတော့ အခု ၂၀၁၀ မှ စတာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်းကို စပြီးလုပ်တာက ၁၉၈၄ ခုနှစ်က မဆလ အစိုးရခေတ်မှာ စတယ်လို့ နားလည်ပါတယ်။

နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီက ၉၂ ခုနှစ်မှာ ၀င်လာတယ်။ နောက်ပိုင်း ၂၀၁၀ ကျမှ လက်ရှ္ပိကုမ္ပဏီက ၀င်လာတယ်။ အဲတော့္ပကုမ္ပဏီ အဆက်ဆက် မြန်မာနိုင်ငံက လုပ်ငန်းမှာ ပါဝင်ခဲ့တာ အခုမှဖြစ်တာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့လည်း နည်းနည်းနဲ့ ကြေးနီတွေကို တူးတဲ့လုပ်ငန်းတွေကို လုပ်နေတာလည်း တော်တော်ကြာပါပြီ။ ဒါလည်း အများအသိပဲဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မတို့နိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အင်မတန်မှ နည်းပါတယ်။

အလေးထားတာလည်း မရှိခဲ့ပါဘူး။ အဲတော့ ကျွန်မတို့ပတ်ဝန်းကျင် ပျက်စီးလာတာဟာ အခုမှ မဟုတ်ပါဘူး နည်းနည်းနှစ်နဲ့ကြာပြီဆိုတာ အားလုံးသိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်တယ်မဟုတ်လား (ဟုတ်ပါတယ်)။ ကျွန်မပြောချင်တာက တာဝန်ယူစိတ်ရှိရမယ်။ ပြသနာတစ်ခု ဖြစ်လို့ရှိရင် တစ်ဖက်ကိုပဲ အားလုံးပုံချတဲ့စိတ်ဓာတ်နဲ့ လုပ်လို့မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့ စိတ်ဓာတ်ရှိရမယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့သိက္ခာ ၊ မာနလို့လည်း ပြောလို့ရတယ်။ အဲဒါဟာ နိုင်ငံတစ်ခုရဲ့ သိက္ခာ၊ နိုင်ငံတစ်ခုရဲ့ မာနလို့လည်း ပြောလို့ရတယ်။ ဒါဟာ ထားသင့်တဲ့ မာနတစ်ခုပါ။ အခုချိန်မှာ ဖြစ်နေတာတော့ နောက်ဆုံးမှာလာပြီးတော့ တာဝန်ယူတဲ့္ပကုမ္ပဏီနဲ့ ဖြစ်တာပေါ့နော်။

အရင်တုန်းက္ပကုမ္ပဏီတို့၊ မဆလခေတ်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေကို ကျွန်မတို့ လုံးဝလျစ်လျူရှု ထားလို့ မရဘူး။ တစ်ဖက်သတ်ကြည့်လို့ မရဘူး။ ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒါကိုပြည်သူက ကြိုက်ချင်ရင်လည်း ကြိုက်မယ်။

မကြိုက်ချင်လည်း မကြိုက်ဘူး။ ကျွန်မအမြင်အတိုင်း အမှန်အတိုင်းပဲပြောမယ်။ ပြည်သူကို လှည့်ဖြားပြီး ပေါ်ပြူလာဖြစ်အောင် မစည်းရုံးဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ တရုတ်နိုင်ငံတစ်ခုတည်းပြောတာ မဟုတ်ဘူး။ အိန္ဒိယရှိတယ်။ ထိုင်းနိုင်ငံရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ လာအိုရှိတယ်။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အဲဒါဟာ နိုင်ငံကြီးတစ်ခုရဲ့ တာဝန်ပဲ။ နိုင်ငံကြီးတစ်ခုရဲ့ သိက္ခာပဲ။ အဆင်မပြေတဲ့ကိစ္စတွေရှိရင် ညိနှိုင်းတိုင်ပင် ဖြေရှင်းရမယ်။

အဲလိုလုပ်မှ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်မယ်။ နောက်တစ်ခုပြောမယ်နော်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွှေ့ပြောင်းပြီး နေလို့မရဘူး။ ဒါဟာ လုံးဝဖြစ်နိင်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါကတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။

ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ကျွန်မတို့ ပြည်သူပြည်သားတွေ မနစ်နာအောင်လည်း ဖြေရှင်းရမယ်။ ကျွန်မတို့ရဲ့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ သေသေချာချာ သတ်မှတ်သွားရမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွေ့ပြောင်းသွားလို့ မရပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လင်မယားချင်းမတည့်တာကမှ ကွာရှင်းလို့ ရသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေ မတည့်လို့ ဘယ်လိုမှ ပြောင်းလို့မရပါဘူး။ လက်တွေ့ကျကျ ကြည့်ရမယ်။ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရမယ်။

ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အစတုန်းက ဘယ်လိုသဘောတူညီချက်တွေ လုပ်ခဲ့လည်းဆိုတာကတော့ အများပြည်သူမှာ သိပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ခိုင်ခိုင်မာမာ ကိုင်သွားချင်တယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲတော့ ဒီသဘောတူညီချက်ပေါ်မှာ အခြေခံပြီးတော့ မျှတသလား၊ မမျှတဘူးလား၊ နှစ်ဦးနှစ်ဖက်စလုံးကနေ လက်ခံနိုင်အောင်လို့ ဘယ်လိုအပေးအယူလုပ်မလဲ ဆိုတာကို စဉ်းစားရမယ်။ မနေ့က ကုမ္ပဏီကအကြီးအကဲတွေနဲ့ သွားတွေ့ပါတယ်။

သူတို့ပြောတာတွေကိုလည်း ကျွန်မနားထောင်ခဲ့တယ်။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ဟိုဖက်ဒီဖက်ကို နားထောင်ရမယ်။ တစ်ဖက်ထဲကို နားထောင်လို့မဖြစ်ဘူး။ ကိုယ်ကြိုက်တဲ့ဘက်ကိုပဲ နားထောင်လို့မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတရားဟောတာကိုပဲ လာနားထောင်မနေနဲ့၊ တခြားပါတီတွေ ဟောတာကိုလည်း သွားပြီးနားထောင်လိုက်ဦး။ အဲ့တာမှ ဟိုဘက်ဒီဘက် ချင့်ချိန်လို့ရအောင်။ ဟိုဖက်ဒီဖက်နားထောင်မှ အဖြေရှာနိုင်မှာပါ။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ ရွာလေးရွာနဲ့ ဒီနေ့မှ ဆွေးနွေးဖြစ်မှာ။ ဒီလိုဆွေးနွေးတဲ့ အခါမှာ ဟိုဘက်ဒီဘက်အမြင်ကို အများကြီး နားလည်လာတယ်။ အခုချိန်မှာဆို၇င် ဒီမှာလုပ်နေတဲ့ ကုမဏီတွေကလည်း ညှိနှိုင်းချင်တဲ့စိတ် ရှိလာပါတယ်။

အဲဒါ ကောင်းပါတယ်။ တစ်ဖက်က လက်ကမ်းရင် ကိုယ်ကလည်း ပြန်ကမ်းရပါတယ်။ ဒီလိုနည်းနဲ့မှ တိုးတက်မှုရနိုင်ပါတယ်။ ကျွန်မတို့ဟာ စိတ်ကာက်တဲ့စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်စိတ်ကိုယ် အလေးထားလို့ မရဘူး။ ရေရှည်ကို ကြည့်ရမယ်။ ကိုယ့်ရွာသူရွာသားတွေရဲ့ ခံစားချက်ကို တော်တော်လေး နားလည်လာပါတယ်။

ဒီခံစားချက်ကို ပြေလည်အောင်လည်း လုပ်ရမယ်။ တော်င်သူလယ်သမားတွေဟာ မြေမရှိရင် ဘာလုပ်ရမှာလဲတဲ့။ အများကြီး နားလည်ပါတယ်။ ကြေးနီစမံကိန်းဆိုတာ ရေရှည်စီမံကိန်း မဟုတ်ဘူး။ ဒါ နားလည်သလေဘာက် နှစ် ၃၀ လောက်ထိပဲ လွန်ရောကျွံရော။ ဒီကြေးနီထုတ်လပ်ရေးဟာ ဖြစ်နိုင်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတည်သရွေ့ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတာ သိရမယ်။ စီမံကိန်တွေနဲ့ သွားရမယ်။ ရေရှည်အကျိုးရိမယ့် ပုံစံမျိုး ညှိပြီးတော့ လုပ်ယူ၇မယ်။ တော်တော်မျးများကတော့ စီမံကိန်းကို ချက်ချင်းရပ်သွားအောင် လုပ်ပေးပါလို့ တောင်းဆိုတယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စီမံကန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့  အခြေအနေမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘယ်လိုစာချုပ် ချုပ်ထားတယ်ဆိုတာ ကျွန်မမသိပါဘူး။

အစိုးရနဲ့ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်၊ နောက်တစ်ခုကတော့ ကျွန်မတို့ တစ်ပတ်ကျော်ကျော်လောက်က အဆိုတင်သွင်းခဲ့တာပါ။ အဆိုအရ လက်ပံတောင်းတောင်ကိစ္စကို သေသေချာချာ စိစစ်ဖို့ ကော်မရှင်တစ်ခုဖွဲ့ရေး ဖြစ်ပါတယ်။

ဒီကော်မရှင်ထဲမှာ ပြည်သူလူထုအများက ရိုသေလေးစားပြီးတော့ လက်ခံနိုင်တဲ့သူတွေလည်း ပါရမယ်။ အစိုးရဘက်ကလည်း ပါရမယ်။ ကျွမ်းကျင်သူတွေလည်း ပါရမယ်။ အဲလိုကော်မရှင်တစ်ခုအနေနဲ့ ဒီကိစ္စကိ လူမှုရေးဘက်က စီးပွားရေးဘက်က ပတ်ဝန်းကျင်ဘက်က အားလုံးကို အမြန်ဆုံး လေ့လာပြီးတော့ အစီရင်ခံစာတင်ဖို့ ဖြစ်ပါတယ်။

အဲလို လုပမှပဲ ကျွန်မတို့ တစ်နိင်ငံလုံးကရော၊ တစ်ကမ္ဘာလုံးကရော လက်ပံတောင်းတောင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားမှာ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုဖြစ်နေလဲ။ ဘယ်သူတွေက ဘယ်လိုနစ်နာမလဲ။ နစ်နာမှုတွေကို ဘယ်လိုရှောင်နိုင်မလဲ။ ဘယ်လိုပြန်ပြီးတော့ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြီးတော့ ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ အဲဒါ အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဖြေရှာပြီးတော့ အဖြေပေါ်မှာ အခြေခံပြီးတော့ အားလုံးကောင်းအောင် စီမံကိန်းတစ်ခုကို ချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လူကြီးပီသတယ်။

ရင့်ကျက်တယ်။ အပေးအယူလုပ်မယ် ကိုယ့်ဘက်ကနေ ပြီးတော့ အတတ်နိုင်ဆုံး သည်းခံမယ်။ အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လုပ်မယ်။ အဲလိုဆိုရင် နောက်တစ်ဖက်ကလည်း ဒီလိုပဲတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မျော်လင့်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ သဘောထားကြီးကြီးနဲ့ ဦးတည်တယ်ဆိုရင် တစ်ဖက်ကလည်း ဒီလို ဦးတည်လိမ့်မယ်လို့ ယုံကြည်တယ်။ ဦးတည်အောင်လည်း လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ပါတယ်။ တစ်ခုကတော့ သံဃာတော်တွေနဲ့ သပိတ်စခန်းမှာ ပြောရမယ်ဆိုရင်တော့ အင်မတန် ကြမ်းကြမ်းတမ်းတမ်းနဲ နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့် ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့။ ပြည်သူ အနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး။ ပြဿနာရှင်းချင်လို့ပါ။

 ဒီလောက်လုပ်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဒီလိုပြောလို့ ပြည်သူကို စိတ်စွပေး တာမဟုတ်ဘူးနော်။ ကျွန်မပြည်သူကို စိတ်စွပြီးတော့ ဘယ်တော့မှ မစည်းရုံးဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့ လုပ်ရတာပါ။ မနေ့ညတုန်းက ဆေးရုံမှာ ဒဏ်ရာရနေတဲ့ သံဃာတွကို ဖူးလိုက်ပါတယ်။

မဖူးမီ မိးလောင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ တော်တော်ဆိုး တာပဲ၊ သံဃာတော်တွေရဲ့ ဒဏ်ရာကလည်း တော်တော်ကို ဆိုးတာပဲ။ အဲဒီလောက်ထိ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ပြည်သူအနေနဲ့ သိပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ နားလည်သလောက်ကတော့ သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်ချက်နှစ်မျိုး ထုတ်ပါတယ်။

တစ်မျိုးက မီးလောင်ဗုံးမသုံးခဲ့ပါဘူး။ မျက်ရည်ယိုဗုံးပဲ သုံးခဲ့ပါတယ်တဲ့။ နောက်တစ်ခါ အဲဒါကို ရုပ်သိမ်းပါတယ်ဆိုတာ ထုတ်တယ်။ ကျွန်မ နည်းနည်းခေါင်းမှာ ရှုပ်သွားပါတယ်။ အဲဒီတော့ ကျွန်မခေါင်းရှုပ်တာလည်း ရှင်းရင်းနဲ့ ပြည်သူတွေခေါင်းရှုပ်တာလည်းရှင်းဖို့ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ကြည့်ပြိး လုပ်ပါမယ်။

မြန်မာနိုင်ငံမှာ သတ္တုတွင်းဝန်ကြီးဌာနဆိုတာ ရှိပါလျက် ဘာကြောင့်ကြေးနီစီမံကိန်းက ဦးပိုင်လက်အောက်ကို ရောက်သွားတာပါလဲတဲ့ (ပြည်သူထဲမှ စာဖြင့်မေးသည်ကို ဖတ်ပြခြင်းဖြစ်)

ဦးပိုင်ကုမ္ပဏီဆိုတာကတော့ စစ်တပ်နဲ့ဆက်စပ်နေတယ်ဆိုတာ အများသိပါတယ်။ တပ်မတော်ဟာ ကျွန်မတို့နိုင်ငံနဲ့ ဆက်စပ်နေပါတယ်။ တစ်ချို့က ကျွန်မအနေနဲ့ တပ်မတော်အပေါ်မှာ မေတ္တာထားတယ်ဆိုရင် မကြိုက်ကြပါဘူး။ မတတ်နိုင်ဘူး။ ထားတာက ထားတာပဲ။ ဒါကတော့ ကျွန်မ အမှန်အတိုင်းပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ငယ်ငယ်ကတည်းက ဖေဖေ့သမီးအနေနဲ့ ကြီးလာတာကိုး။ တပ်မတော်အပေါ်မှာ မေတ္တာမထားဘဲနဲ့ကို မနေတတ်ဘူး။

ငယ်ငယ်ကတည်းက မွေးကတည်းက တပ်မတော်အပေါ်မှာ မေတ္တာထားဖို့ သင်ခဲ့တော့ မေတ္တာကတော့ ဘယ်လိုမှ မပျောက်ကွယ်သွားနိုင်ဘူး။ လုပ်တဲ့ ကိစတွေကိုတော့ ကျွန်မ မကြိုက်ဘူးပေါ့။ အထူးသဖြင့် ကျွန်မအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ ပြည်သူအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ မကြိုက်သော်လည်း မေတ္တာတော့ မပျက်ပါဘူး။ အဲတော့ ဦးပိုင်လီမိတက်ဆိုတာလည်း ဦးပိုင်နဲ့ဆက်စပ်နေတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ်လို့ ကျွန်မပြောပါရစေ။ မသိချင်ယောင်တော့ ဆောင်မနေပါဘူး။ မေးသင့်တာတွေတော့ ကျွန်မမေးမှာပါ။

ဒါပေမယ့် မေးတယ်ဆိုတာဟာ ကောင်းတဲ့အဖြေတစ်ခုကို လိုချင်လို့ မေးခွန်းမေးတာပါ။ ဖြေလိုက်တဲ့အဖြေကို ပြောတာမဟုတ်ဘူး။ ဖြေလိုက်တဲ့အဖြေပေါ်မှာ အခြေခံပြီး ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကို အဲဒါကိုလုပ်ဖို့ ကျွန်မတို့ရည်ရွယ်တာပါ။

ဥိးပိုင်က တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မယ်။ ပြည်သူကတော့ ဒီလိုမေးနေတယ်။ ကျွန်မဘယ်လို ဖြေရမလဲလို့။ ကျွန်မတစ်ခုတော့ သတိပေးမယ်နော် ကျွန်မတို့စိတ်ထဲမှာ အာဃာတတွေတော့ မထားပါနဲ့။ အာဃာတတွေထားလို့တော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ အနှစ်၂၀ ကျော်ပါပြီ။ ညတုန်းကလည်း သံဃာတော်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီအနှစ် ၂၀ ကျော် ရုန်းကန်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ ဘာရှိလဲဆိုတော့ ကျွန်မနှလုံးသားထဲမှာ အမုန်းတ၇ားဝင်သွားရင် ကျွန်မရှုံးတော့မယ်လို့ ကျွန်မခိုင်ခိုင်မာမာ စွဲထားတယ်။ အမုန်းတရား ၀င်သွားရင်တော့ ကျွန်မရှုံးမှာ။ ကျွန်မကို တိုက်ခိုက်နေတဲ့သူတွေ ရှုံးမှာမဟုတ်ဘူးလို့ ဆိုပြီး ကျွန်မနှလုံးသားထဲကို ဘယ်တော့မှ အမုန်းတရား အ၀င်မခံခဲ့ဘူး။ ကံကောင်းထောက်မလို့လည်း ၀င်လည်းဝင်မလာပါဘူး။ ကျွန်မတို့ ပြည်သူတွေလည်း ဒီလိုပဲထားစေချင်တယ်။ မတရားတဲ့ကိစ္စဆိုရင် မခံရဘူး။ ဒီလိုပဲ ကိုယ်ကနေပြန်ပြီး ကာကွယ်ရမယ်။ ကိုယ်ကနေ ပြန်ပြီးတုန့်ပြန်ရမယ်။ အမုန်းတရားနဲ့ မဟုတ်ဘူး။ အမှန်တ၇ားကို အခြေခံပြီး ခေါင်းအေးအေး ပြန်ပြီးတော့ တုန့်ပြန်ရမယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မဒီအတိုင်းပဲ လုပ်ချင်တယ်။ အမှန်တရားပေါ်မှာ အခြေခံပြီး တုန့်ပြန်မယ်။ အမုန်းတရားပေါ်မှာ အခြေခံပြီး ကျွန်မတို့ မတုန်ပြန်ဘူး။ အာဃာတတွေပေါ်မှာ အခြေခံပြီး မတုန့်ပြန်ဘူး။ အဲဒီလိုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ပါဝင်ပြီးထောက်ခံမှ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်နိုင်မှာပါ။ အားလုံးသိတယ်နော်။ အာဏာရှင် စနစ်ဆိုတာ နှစ် ၅၀ တည်ခဲ့တယ်။ ဒါပေမယ့် ပြည်သူက မထောက်ခံခဲ့တော့ အာဏာရှင်စနစ်ဟာ ပြိုလဲခဲ့ပါတယ်။ အာဏာရှင်စနစ် ပြိုလဲရုံနဲ့လည်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောလို့မရသေးဘူး။ ဖြစ်အောင်လုပ်ဖို့ အလုပ်တွေကလည်း အများကြိးကျန်ပါသေးတယ်။ အဲဒီလိုအလုပ်တွေ အောင်မြင်ဖို့ဆိုတာလည်း ပြည်သူကပါမှ ဖြစ်ပါမယ်။ ပြည်သူက ပါတယ်ဆိုတာမှာလည်း ရွေးကောက်ပွဲမှာ မဲထည့်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ ဒီမိုကရေစီနိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ကိုက်ညီရဲ့လားဆိုတာ စဉ်းစားရမယ်။ အမြဲတမ်းစိစစ်ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံရေးမှာ ပိုဆိုင်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ စဉ်းစားပါ။ ကျွန်မတစ်ခုပြောမယ်။ လူတိုင်းလူတိုင်း ညမအိပ်ခင်ကလေးမှာ အဲဒီမေးခွန်းကို စဉ်းစားကြည့်စေချင်တယ်။ ငါဒီနေ့ ဒီမိုကရေစီနိုင်ငံသားတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ နေခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကို ပြန်မေးစေချင်တယ်။ မနေ့က ကြေးနီစီမံကိန်းက အပြန်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မပြောခဲ့ပါသေးတယ်။ ကျွန်မတို့ဟာဆက်ပြီးတော့ ရုန်းကန်ရမှာတွေ အများကြီးရှိတယ်။ ဆက်ပြီး ရုန်းကန်တဲ့နေရာမှာ စည်းစည်းလုံးလုံးနဲ့ နေရမယ်။ ကျွန်မတို့နိုင်ငံဟာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်။ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ ကျွန်မတို့ တိုင်း၇င်းသားတွေကြားမှာလည်း လုပ်ရမယ်။ ကျွန်မတို့ ပြည်သူတွေကြားထဲမှာလည်း လုပ်ရမယ်။ အဖွဲ့အစည်းအတွေ ကြားထဲမှာလည်း လုပ်ရမယ်။ အဲဒီအတွက် ပြည်သူတွေအားလုံး ပါလာမှဖြစ်မှာပါ။ ပြည်သူတွေကို လှည့်ဖြားပြီးတော့လည်း မစည်းရုံးဘူး။ အစကတည်းက ပြောထားတယ်နော်။ အကောင်းဆုံးပဲ ကြိုးစားမယ်။ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်ဆိုပြီး ကတိတွေပေးလို့ မရဘူး။ ကျွန်မ အကောင်းဆုံး ကြိုးစားမယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုမတတ်နိုင်ဘူးလေ။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။ အတတ်နိုင်ဆုံးက မလုံလောက်ဘူးဆိုရင်လည်း ပိုပြီးတတ်နိုင်တဲ့သူတွေ ရှာရမှာပဲ။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ကျွန်မက ၀ိဇ္ဇာဖော်ဂျီလည်း မဟုတ်ဘူး။ ဒါပေမယ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ဒီလိုကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို ပြည်သူတွေကို ကျွန်မရှင်းပြပါမယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်မရဲ့လုပ်ဆောင်မှုတွေကို ထောက်ခံမလား၊ မထောက်ခံဘူးလားဆိုတာ ကိုယ့်ဘာကိုဆုံးဖြတ်ပါ။ ကျွန်မကတော့ မှန်မှန်ပြောရရင် ထောက်ခံစေချင်တာပေါ့နော်။ သဘာဝကျကျ ပြောရရင်တော့ ထောက်ခံစေချင်တာပေါ့။ မထောက်ခံလို့ကတော့ ကျွန်မအလုပ်တွေကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့အကျိုးကို ရေရှည်အနေနဲ့ စဉ်းစားပါတယ်။ ရေတိုအနေနဲ့ မစဉ်းစားပါဘူး။ မနက်ဖြန် သန်ဘက်ခါအတွက်၊ နောက်လ နောက်နှစ်အတွက် မစဉ်းစားဘူး။ အနောက်မှာ အင်မတန်မှ ပြတ်ကျန်ရစ်ခဲ့တဲ့ နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေကို ဘယ်လိုလိုက်နိုင်မလဲဆိုတာ အမြဲပဲ စဉ်းစားနေတဲ့ ကိစ္စပဲ။ အဲလိုစဉ်းစားတဲ့အခါမှာ ပြည်သူလူထုကလည်း ပါဝင်ပြီးတော့ စဉ်းစားစေချင်တယ်။ ပြည်သူကလည်း ယုံကြည်လို့သာ ထောက်ခံစေချင်တယ်။ ယုံကြည်ချက်နဲ့ ထောက်ခံမှ ထိရောက်တဲ့ထောက်ခံမှုဖြစ်မယ်။ အခုကြေးနီစီမံကိန်းနဲ့ ပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းမယ်။ ဒေသခံတွေရဲ့ ရေရှည်အကျိုးကိုကြည့်ပြီး ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သန်ဘက်ခါအတွက်လည်း မဟုတ်ဘူး။ နောက်နှစ်အတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။ အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူလုပ်ရမယ်ဆိုတာကို အခုကတည်းက ပြောထားပါ၇စေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခုခုမှာပဲဖြစ်ဖြစ် ပြဿနာတွေဆိုတာ ရင်ဆိုင်ရတာပဲ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျင် ယဉ်ကျေးတဲ့ပုဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်နဲ့မတည့်သူကို မီးပုံးနဲ့လည်း ပစ်လို့မရဘူး။ သေနတ်နဲ့လည်း ပစ်လို့မရဘူး။ ပြည်သူတွေရဲ့ အားဆိုတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ အားဆိုတာ မနည်းတဲ့အားတွေပါ။ မနည်းတဲ့အားတွေမို့ အလွဲသုံးစား မလုပ်ရဘူး။ မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိသုံးဖို့ပဲ လိုပါတယ်။ ကျွန်မလည်း ကျွန်မမှာရှိတဲ့အားကို မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိ သုံးဖို့ကြိုးစားပါမယ်။ နောက်ဆုံးကျတော့ ပြည်သူပဲ ရှိပါတယ်။ ဘယ်သူမှ မရှိပါဘူး။ ဒီအားကိုးချက်နဲ့ လုပ်နေတာပဲ။ အားကိုးစရာမရှိရင် ကျွန်မရဲ့လုပ်ငန်းတွေဟာလည်း အောင်မြင်စရာ မရှိပါဘူး။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ကျွန်မတွေ့ဖို့ရှိတယ်။ ရွာသူရွာသားတွေနဲ့ တွေ့ဖို့ရှိတယ်။ အားလုံးအဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုအဖြေပေါ်တယ် ဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူတွေသိအောင် ကျွန်မအသိပေးပါမယ်။ အသိပေးပြီးတဲ့အခါကျရင်လည်း ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ဒါ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား။ သဘောတူတဲ့သူရှိမယ်။ သဘောမတူတဲ့သူရှိမယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကို လျောက်ချင်တယ်ဆိုရင် အများရဲ့ သဘောတူညီချက်ကို လေးစားရလိမ့်မယ်။ ဒီလိုအများရဲ့ သဘောတူညီချက်ကို လေးစားလို့ အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလို့ အနည်းစုရဲ့ ခံစားချက်ကို ကျွန်မတို့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ အနည်းစုရဲ့ ခံစားချက်ကိုလည်း လေးစားရမယ်။ ဒါပေမဲ့ အပေးအယူဆိုတာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားပြီလို့ ပြောနေကြတယ်။ ကျွန်မခဏခဏ ပြောတယ်။ ဒီလမ်းဟာ ဘယ်သူမှ ဆောက်ပေးထားတဲ့ လမ်းမဟုတ်ဘူး။ လမ်းစတော့တွေ့ပြီ။ ကိုယ့်ဟာကိုယ် ခင်းသွားရမယ်။ ဒီလမ်းဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတော့ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းလမ်းကို လျောက်တဲ့အခါမှာ ကျွန်မတို့ဟာ တက်ညီလက်ညီနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လျောက်သွားမှ ခရီးရောက်နိုင်မှာပါ။ မိတ်ဆွေနဲ့ သွားတဲ့လမ်းဆို ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ပျော်စရာကောင်းပါတယ်။ ကိုယ့်ဘက်မှာ ကိုယ်အားကိုးရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိရင် အမှောင်ကိုလည်း အမှောင်လို့ မမြင်တော့ဘူး။ လမ်းကြမ်းဆိုတာလည်း လမ်းကြမ်းလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလမ်းတွေကို ကျွန်မနဲ့အတူ လျောက်လှမ်းပေးပါလို့ ပြောကြားချင်ပါတယ်။

လက်ပံတောင်းကိစ္စတွင်ပါဝင်ခဲ့သော သံဃာတော်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်၍ တာဝန်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့လယ် ၁၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် လက်ပတောင်းစီမံကိန်းကြောင့် ပြောင်းေ၇ွှ့/ရသည့်ဒေသခံ
ရွာ ၄ ရွာနှင့် မြေသိးမ်းခံရွာ ၂၆ ရွာမှ ကိုယ်စားလှယ်များ မုံရွာမြို့ ၀င်းယူနတီဟော်တယ် အစည်းအဝေးခန်းမတွင် တွေ့ဆုံကြစဉ်

ဓာတ်ပုံ-ခွန်ဒီးယမ်

လက်ပံတောင်းကိစ္စတွင်ပါဝင်ခဲ့သော သံဃာတော်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်၍ တာဝန်ယူကြောင်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မုံရွာမြို့ရှိ ၀င်းယူနတီ ဟိုတယ်တွင် ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံဃာတွေကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိပါဘူး လို့ ပြောပါတယ်။ "အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ကျမတာဝန်ယူပါတယ်။ တကယ်လို့ ဖမ်းဆီးတာမျိုးရှိရင် ကျမကိုပြောပါ။ ကျမ ဆောင်ရွက်ပေးပါ့မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ လက်ပံတောင်းကိစ္စနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း အမြန်ဆုံးဖွဲ့စည်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ တည်းခိုရာ ဝင်းယူနတီ ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်လျက် ရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ညွှန်ကြားရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။

ဂဠုန်နီ ဆရာတော် ဦးကာဝိရ ဦးဆောင်၍မန္တလေးအိမ်တော်ရာ ဘုရားတွင်ထိုင်သပိတ် ဆန္ဒဖော်ထုတ်မှုစတင်

လက်ပန်းတောင်းတောင် သပိတ်စခန်းများကို အစိုးရက ဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒဖော်ထုတ်မှုအား မန္တလေးအိမ်တော်ရာ ဘုရားတွင် ဂဠုန်နီ ဆရာတော် ဦးကာဝိရ ဦးဆောင်၍ ယနေ့မွန်းလွဲတစ်နာရီ ဆယ်မိနစ်ခန့်က စတင်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။
ငါးရက်အတွင်း လက်ပံတောင်းတောင်ကိစ္စအား ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ပေးရန် သံဃာများက တောင်းဆို

သတင်း-7Day News Journal  နှင့် ဓာတ်ပုံ-Popular Myanmar News Journal

သီတဂူသဲကုန်းဆရာတော် အရှင်ဉာဏိဿရဆေးရုံတက်ရောက်ကုခံနေသော သံဃာတော်များအား လာရောက်ကြည့်တွေဆုံအားပေး





ဆေးရုံတက်ရောက်ကုခံနေသော သံဃာတော်များအား လာရောက်ကြည့်တွေဆုံအားပေးနေသော သီတဂူသဲကုန်းဆရာတော် အရှင်ဉာဏိဿရ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

 အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်

 အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။

မူလထုတ်ပြန်ခဲ့သော အချက် (၆)ချက်ပါ ထုတ်ပြန်ချက်တွင် "ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။" ဟု ဖေါ်ပြပါရှိခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ရှိနေကြောင်း စုံစမ်း သိရှိရပါသည်။

အစိုရသတင်း ထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ (၂၉)ရက် ညနေ ၄နာရီတွင် အစိုရ ရုပ်မြင်သံကြား (MRTV) မှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြေညာချက်ထုတ်ပြန်အပြီး နာရီပိုင်းအကြာ ည (၈) နာရီခန့်တွင် ယင်းထုတ်ပြန်ချက်အား ပြန်လည် ပယ်ဖျက်ကြောင်း သမ္မတရုံးဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ပယ်ဖျက်သည်ကိုမူ မသိရှိရသေးပါ။

ဦးသိန်းစိန်အစိုးရက လက်ပံတောင်းတောင်ဆန္ဒပြဖြိုခွဲမှုမှာ သုံးတဲ့ ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာ ??

 
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူ အနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေ ရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်

မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။
သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။
ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်း က ကောင်းကောင်းကြီးမြည်းစမ်းဖူး ခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
 ဝါးလုံးရှည် အတီး Facebook
--------------------------------------------------------------------------------------------------------

ဒီဗုံးက အရင်ဗုံးခွံဆံနဲ့ အမျိုးအစားခြင်းမတူတာလား အကုန် ပေါက်ကွဲသွားတာကြောင့် ပွင့်ထွက်သွားတာလား။ တစ်မျိုးတည်းသော ဗုံးကိုပဲ သုံးတာလား တခြားဗုံးအမျိုးအစားတစ်ခုရော သုံးသွားတာလား စဉ်းစားစရာဗျာ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။


ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။

သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။

ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။

အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။

ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။

တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။

တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။

အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။ နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။ EMG

ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်) ၏ပြောကြားချက်


ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။

ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။

ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။.

.......Shwe Pin Lon........

Thursday, November 29, 2012

မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်

"အခုဟာကတော့ ကျွန်တော်တို့ လက်မခံနိုင်တဲ့ နည်းပေါ့ဗျာ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းညီညွတ်ရေးနဲ့ အန္တာရယ်တွေနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေ ပဋိပက္ခတွေနဲ့ ပတ်သက်လို ညှိနှိုင်းဖြေရှင်းနေတဲ့ အချိန်မှာ အခုလို ငြိမ်း ချမ်းစွာ ဆန္ဒပြပြီး တောင်းဆိုနေတဲ့ဟာတွေကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ လုံးဝလက်မခံတဲ့ နည်းပေါ့ဗျာ။ အထူး သဖြင့်ကတော့ မကျေနပ်သူတစ်စုကနေ ဆန္ဒပြသူတွေကို ဖြိုခွင်းတယ်လို့ ပြောလို့ မရဘူးဗျ။ သီးခြားအဖွဲ့အစည်းသာ မကဘူး။ လူပေါင်းများစွာ၊ သံဃာတွေရော၊ ကျောင်းသားတွေပါ ပြည်သူတွေရော အားလုံးပါပြီးတော့ ပြည်သူ့ ညီလာခံဆို တဲ့ အဆင့်ထိ လုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှု၊ ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးအဆင့် သပိတ်စခန်းကဖြစ်လာပြီးတော့ ဒီသပိတ်စခန်းကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။ ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။ ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက မီးလောင်ဗုံးတို့၊ မီးလောင်ဗုံး သုံးတယ် ဆိုတာကလည်း ငြင်းလို့မရဘူး။ ဆရာ တော် သံဃာတော် တော်တော်များများက မီးလောင်ဒဏ်ရာတွေ ရပြီးတော့ ဆရာတော် တစ်ပါး ဆိုရင် မန္တလေးဆေးရုံ တောင် ရောက်နေပြီ ဆိုတော့ တော်တော်လေး ထင်ရှားတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့က ဘာစိုးရိမ်လဲဆိုတော့ ဒီလိုသာ အကြမ်းဖက်ရင် ပြည်သူတွေ အကုန်လုံးက ဆန္ဒပြတဲ့သူတွေဘက်က ပါလာမယ်။ စနစ်နဲ့လူနဲ့ နားလည်ဖို့ ကောင်းတယ်။ ခံစားချက်တွေကို နားလည်ဖို့ ကောင်းတယ်။ ဘာဖြစ်လို့ နားလည်ဖို့ ကောင်းလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီနယ်မြေကို လာပြီးတော့ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီးတော့ လုပ်နေတယ်ဆိုကတည်းက ကြိုတင်ပြီး အားဖြင့်လည်း ဖြေရှင်း မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်သူလူထု ပါဝင်လာပြီးတော့ ဒုတိယ မြစ်ဆုံလို ဖြစ်လာလိမ့်မယ်လို့ မှန်းပါတယ်” (ဟံသာဝတီ ဦးဝင်းတင်)

"ဒီလို ဖြေရှင်းတယ်ဆိုကတော့ လက်မခံနိုင်ဘူးလေ။ ဖြစ်သင့်တာကတော့ နှစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီး ဖြေရှင်းတာတော့ ဖြစ်သင့်တယ်လေ။ တကယ်တန်းက ဒီစီမံကိန်းကို ခဏရပ်ပြီးတော့ သေချာပြန်ပြီးတော့ ဘက်ပေါင်းစုံ Assessment ပြန်လုပ်ရမယ်။ Assessment လုပ်ပြီးတော့မှ အဲဒီက ထွက်လာတဲ့ Report အပေါ် မူတည်ပြီးတော့ သက် ဆိုင်ရာ လူတွေက ငြှိနှိုင်းရမယ်။ ဒေသခံတွေ ရှိမယ်။ ကုမ္ပဏီရှိမယ်။ နောက် မြန်မာဘက်က ပါတနာရှိမယ်။ အားလုံးငြှိနှိုင်း ပြီးတော့ ဒီ Report ထဲက ဖော်ပြတဲ့အတိုင်း လုပ်နိုင် မလုပ်နိုင် ငြှိနှိုင်းပြီးတော့ အဲလိုမျိုး ဆက်သင့်တယ်လို့ ထင်တယ်။ အဲ လို ဖြေရှင်းနည်းကပဲ သဘာဝကျမယ်။ အခုလို အကြမ်းသုံးပြီး ဖြေရှင်းလိုက်လို့ ဒီပြဿနာက ပြီးသွားမှာမှ မဟုတ်တာ။ မပြီးတဲ့ အပြင်ကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ့် အနေအထားကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမယ်လေ။ ယေဘုယျအား ဖြင့် အဲလိုအမှန်တကယ်လုပ်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ လုပ်ထုံးလုပ် နည်းအရ လည်း ဒါ မှားယွင်းတယ်လို့ ပြောရ မယ့် အနေထားရှိတယ်လေ။ ကျွန်တော့်အမြင်ကတော့ EIA Report က အရေးကြီးတယ်။ Investigation ဆိုတဲ့ နေရာမှာ အစိုးရက ဦးဆောင်တဲ့ Investigation တစ်ခုတည်းကို တည်မှီလို့ မရဘူး။ လွတ်လပ်တဲ့ Investigation Report တစ်ခု အပေါ်မှာ မူတည်ပြီးတော့ စဉ်းစားတာက ပိုပြီး သဘာဝကျတယ်။ အဲဒီ Investigation ထဲမှာ နစ်နာတဲ့ သူတွေဘက်က ဘယ်လို ရပိုင်ခွင့်တွေ ရှိမယ်။ ဒါတွေပါ အသေးစိတ် ဖော်ပြပြီးတော့ အဲတာတွေကို ဒေသခံတွေ၊ ကုမ္ပဏီ ရော၊ သက်ဆိုင် ရာ မြန်မာဘက်က ပါတနာတွေရော အားလုံးက သဘောတူညီကြောင်း လက်မှတ်ထိုးထားရမယ်။ အဲဒီသဘောတူညီချက် အတိုင်း လုပ်ရမယ်။ ဒါပေမဲ့ အဲတာကို အားလုံးက သဘောတူရမယ်။ သဘောတူအောင်လည်း ငြှိနှိုင်းဖြေရှင်းတဲ့ နည်းကိုပဲ သုံးပြီးတော့ ရောက်အောင် သွားရမယ်။ အဲလိုမဟုတ်ဘဲနဲ့ အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ လမ်းကြောင်းမှာလည်းပဲ ဒါက unconscious ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို နိုင်ငံတကာက သတ်မှတ်တဲ့ အဆင့်အတန်းကလည်း အများကြီး နိမ့်ကျသွားနိုင်တယ်။ နိုင်ငံ တကာရဲ့ ယုံကြည်မှု လည်း ကျဆင်းသွားနိုင်တယ်။ အဲဒီထက် ပိုဆိုးတာက ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူ လူထုရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ် မှာ ယုံကြည်မှု ကျဆင်းလာလို့ရှိရင် အဲဒီရဲ့ သက်ရောက်မှုက အစိုးရ အပေါ်မှာရော၊ ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာရော ပြည်သူလူထုရဲ့ ယုံကြည်မှုက ကျဆင်းသွားနိုင်တယ်။ ဒီလို အင်အားသုံးတဲ့ နည်းနဲ့ ဖြေ ရှင်းတာက တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်ကိုရော အကြပ်တွေ့စေမယ့် အနေအထားကို တွန်းပို့လိုက်တဲ့ သဘောရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ငြှိနှိုင်းဖြေရှင်းတဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ
ဒီလိုပုံစံမျိုး တစ်ဖက်က အင်အားသုံးပြီး ဖြေရှင်းလိုက်တယ် ဆိုတာဟာ ရေရှည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ကောင်းတဲ့ စံနမူနာလို့ ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီဒေသကို ရောက်သွားတဲ့အခါ တော်တော်ကို အခက်အခဲဖြစ်တဲ့  အနေအထားကို ရောက်သွားပြီးတော့ မူလပြောနေတဲ့ လမ်းကြောင်းတွေနဲ့တောင်မှ မလုံလောက်တဲ့ အနေအထားလို့ ပြောနိုင်တယ်။ ဒါကြောင့် အခုဟာက မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြု အမူတစ်ခု ဖြစ်သွားတယ်လို့ သုံးသပ်နိုင်တယ်" (နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်း)


"ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စတစ်ခုလုံးကို လုံးဝရှုတ်ချ ကန့်ကွက်တယ်ဗျ။ ဒီလို လုပ်နည်း လုပ်ငန်တွေက ဒီမိုကရေစီ အစဉ်အလာ ကျင့်သုံးနေသူတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ခေတ်ဟောင်း စနစ်ဟောင်း လူဟောင်း မူဟောင်းတွေရဲ့ အရိပ်အငွေ့တွေ လက်ရာတွေက ပေါ်လွင်နေသေးတယ်ဆိုတာပဲ။ ဒီကိစ္စမှာ အရေးယူတဲ့ဘက်က လွန်တယ်ဆိုတာကို ၀န် ချတောင်းပန်သင့်တယ်။ ကျွန်တော့် အမြင်မှာ။ ပြီးတော့မှ စီးပွားရေးအရ နှိုင်းယှဉ်ပြီးတော့ သဘောပေါက်တဲ့အထိ ရှင်းလင်းပြသရလိမ့်မယ်။ တောင်းပန်ရမယ်။ စီးပွားရေးအရ ဂုဏ်သိက္ခာကို ရှင်းလင်းပြသရလိမ့်မယ်။ ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးရလိမ့်မယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြေလည်မှုပေါ့ဗျာ။ ဒဏ်ရာကတော့ ဖြစ်သွားပြီ။ အနာပြန်မဖြစ်အောင် လုပ်ပေးရလိမ့်မယ်။ ဒီကိစ္စက အလွန်အရုပ်ဆိုး အကျည်းတန်ပြီးတော့ အမြန်အဖတ်ဆယ်ဖို့ လိုတယ် ဗျာ။ မနေ့ကပဲ ညနေပိုင်းမှာ ဧရာဝတီ သတင်းဌာနက မေးတယ်။ မေးတဲ့အခါမှာ ကျွန်တော်က ပြောတယ်။ ကျွန်တော်လေး ချက် ပြောပြပေးလိုက်တယ်။ ပထမအချက်အနေနဲ့က အစိုးရက ဒီကိစ္စမှာ ကိုယ်ယောင် ဖျောက်လိုက်ရမယ်။ သူတို့ရဲ့ အရိပ် အယာင်တောင်မှ မမြင်စေနဲ့တော့လို့။ ဘာလို့လဲဆိုတော့ ဒီတင်းမာမှုတွေက သူ့ဟာသူ လျော့ကျသွားလိမ့်မယ်လေ။ အဲဒီ သဘောတရားကို ကျွန်တော် ပြောချင်တယ်။ နောက်တစ်ချက်အနေနဲ့ ကတော့အဲဒီ နောက်မှာမှ ဆန္ဒပြသူတွေကို ရိုး သားတယ်ဆိုတဲ့ အကြောင်း ကိုယ်က ပြောပြရမယ်။ လုပ်ပြရမယ်လေ။ ဆန္ဒပြတယ်ဆိုတာကလည်း ကိုယ်ကျိုးစီးပွားအတွက် ဘာညာ သွားပြီးတော့ လက်ညိုးထိုးပြလို့ မရဘူးဗျ။ လူတွေက အပင်ပန်းခံပြီးတော့ ဒီမှာ လာရပ်နေကြတယ်။ ကာ နေကြတယ်ဆိုတာဟာ သူတို့ရဲ့ တစ်ဖက်ကနေ ပင်ပန်း ဆင်းရဲခံမှုကိုလေ လူသားချင်းစာနာတဲ့ ပုံစံမျိုးနဲ့ ခံယူပြီးတော့ ပြသ ပြီးတော့ ရိုးသားမှုကို ပြရမယ်လေ။ ပြီးတော့မှ ဆွေးဆွေးနွေးနွေး ပြောဆိုရမယ်။ အဲဒီအခါမှာပဲ ဖြောင်းဖြပြောဆိုရမယ်။ ဖြောင်းဖြမှုဆိုတဲ့အခါမှာ လုပ်ခဲ့တာက ပြီးတဲ့ တောင်နှစ်တောင်တောင်မှ တူးပြီးသွားပြီ။ ဒီတောင်ကျမှ ဒီမိုကရေစီခေတ်နဲ့ ပတ်သက်လာပြီ။ ပတ်သက်လာတဲ့ အချိန်ဆိုပေမဲ့လည်း အရင်တုန်းက ဥရောပနဲ့ အမေရိကားစတဲ့ အနောက်နိုင်ငံတွေက မြန်မာပြည် စီးပွားရေးကို ရောက်မလာသေးဘူး။ အဲဒီအခါမှာ တရုတ်က သူ့ရဲ့ ပြိုင်ဘက်တွေလို့ ခေါ်ရမဲ့ အိန္ဒိယတို့ စင်ကာ ပူတို့ထက်ပိုပြီး အမြင့်ဆုံးဈေး ပေးထားပြီးသားတွေ။ စီးပွားရေးလုပ်တယ်ဆိုတဲ့ နေရာမှာ ဒဏ်ကြေး၊ လျော်ကြေးဆိုတာ ရှိ တယ်လေ။ တရုတ်လက်ကနေပြီးတော့ အနောက်ဘက်နိုင်ငံက ကုမ္ပဏီကို ပေးမယ်။ ခုနပြောတဲ့ ဒဏ်ကြေး၊ လျော်ကြေး တွေနဲ့ ပေါင်းလိုက်လို့ရှိရင် အနောက်ကလည်း ဒီအလုပ်ကို ၀င်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီအချက်ကို ကျွန်တော်တို့က ရှင်းပြရမယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ စီးပွားရေးပညာမှာ Depletion Theory ဆိုတာ ရှိတယ်။ ကုန်ဆုံးသွား တဲ့ သယံဇာတတွေကို ချိုင့်ဝှမ်းကြီးဖြစ်သွားတယ် ထားဦးဗျာ။ အဲဒီကောင်ကို သာယာလှပတဲ့ Tourist Resort ဖြစ်အောင်  ပုံမှန်ဝင်ငွေရတဲ့နေရာ ဖြစ်အောင် ပြင်ပေးရမယ်ဆိုတာ ကုမ္ပဏီကို စာချုပ်ချုပ်ရတယ်ဗျ။ အဲဒီလို စာချုပ်ချုပ်ပြီးမှ အမျိုးသား သယံဇာတပစ္စည်းကို ထုတ်လုပ်ဖို့ ရောင်းချဖို့ ခွင့်ပြုရတယ်ဗျ။ အဲဒီအဆင့်တွေ ကျွန်တော်တို့ လုပ်ပါမယ်ဆိုတဲ့စကား ပြောပြီးတဲ့အခါမှ ပြည်သူလူထု နားလည် သဘောပေါက်အောင် ကျွန်တော်တို့ရဲ့ အပေးအယူက ပြည်သူ့အကျိုးကို ကြည့် ထားပါတယ်ဆိုတဲ့ အချက်မျိုး ပေါ်လွင်အောင် ပြောရမှာဗျ။ ကျွန်တော် အဲဒီအချက်လေးတွေကို ပြောနေဆိုနေရင်း တန်း လန်းကနေ ညဘက် ဒီလိုလုပ်ချလိုက်တာ မကောင်းဘူးဗျ။ အရာရာမှ လက်နက်နဲ့ ဖြေရှင်းမယ်ဆိုတာမျိုးက အခုချိန်ထိ ရှိနေတုန်းပဲ ဆိုတဲ့ သဘောပဲ" (လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်)
''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်အော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''  ကိုမင်းကိုနိုင် ( ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်)
" ကျွန်တော်တို့ မူဝါဒက အကြမ်းဖက် ဖြေရှင်းမ ဆိုရင် ဘယ်ဖြေရှင်းမှုမှ သဘောမတူဘူးဗျာ။ နောက်တစ်ခုက ဘာလဲ ဆိုတော့ အသွင် ကူးပြောင်းရေး ကာလမှာ ပိုပြီးတော့ သတိထားရမယ်။ ပိုပြီးတော့ သတိထားရမယ် ဆိုတာက ကျွန်တော် တို့ ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလဖြစ်တယ်။ အဲဒီကာလ ဖြစ်နေတဲ့ အတွက် စိတ် ရှည်မှုကို အတက်နိုင်ဆုံး ဖြစ်ရင်လည်း အစိုးရဘက်က ဖြစ်ရလိမ့်မယ်။ ယနေ့ ပြည်သူ့လူထုက ကျွန်တော် မြင်တာက တော့ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဆန္ဒပြမှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ပြောလို့ရပါ တယ်။ သို့ သော်လည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အလေ့အကျင့် မရှိသေးတာရယ်။ နောက်တစ်ချက်က ဘာလဲဆို တော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ခံစားချက်ကို သူတို့က လက်ရှိဖြစ် ပေါ်လာတဲ့ ပွင့်လင်းလာတယ်လို့ ပြောတဲ့ အစိုးရ လက်ထက်မှာ ဖော်ထုတ်တာ။ ပြီးတော့ သူတို့ရဲ့ ပွင်းလင်းလာတယ်လို့ ပြောတဲ့ ဒီမိုကရေစီ အစိုးရလို့ ပြောတဲ့ အရပ်သား အစိုးရ အရပ်သား လွှတ်တော်ပေါ့။ အရပ်သား လွှတ်တော် ကိုယ်စားလှယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ အစိုးရပေါ်လာပြီ ဆိုတော့ သူတို့က အားကိုးတာ။ ကျွန်တော် မြင်တာကတော့ သူတို့ဟာ အစိုးရကို ကန့်လန့်တိုက်နေတာ ဆန့်ကျင် နေတာ စသည့် ဖြင့် အဲဒီ သဘောမျိုးမဟုတ်ဘဲနဲ့ အားကိုးနေတာ။ သူတို့ ရဲ့ဖြစ်စဉ်တွေကို တင်ပြနေတာ။ အားကိုးပြီးတော့ ဖြစ်စဉ်တွေ ကို တင်ပြတဲ့ အခါမှာ လွှတ်တော်က ယနေ့ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေပေါ့ဗျာ။ ဆန္ဒပြမှု ဥပဒေများနဲ့ လွဲချော်ကောင်းလွဲ ချော်နိုင်တယ်။ ဒါကို အစိုးရ စိတ်ရှည်သင့်တယ်လို့ ထင်တယ်။ အခုလို ဖြေရှင်းမှုဟာ အကြမ်းဖက်ဖြေရှင်းတဲ့ ပုံစံ တစ်ရပ် ဖြစ်တယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့မှာ ဒီလိုဖြေရှင်းမှုတွေ ရှိနေတုန်းပဲလား ဆိုတာကို တွေးရင်းနဲ့ စိတ်မကောင်း စရာတော့ ကောင်းတယ်။ တိုင်းပြည်ရှေ့ရေးအတွက်တော့ တစ်ကယ် ရင်လေးစရာ ကောင်းတယ်" (ကိုဂျင်မီ၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)
"လက်ပန်းတောင်း ကြေးနီတောင်အရေးကို ရုပ်သံသတင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်  ကိုယ်တိုင်ရှင်းလင်းချက်များ ကို ကြား လိုက်ရ ပါသည်။ ရှင်းလင်းချက်အတိုင်းဆိုလျှင် မည်သည့် ပြဿနာမျှ မရှိဆိုသည့် သဘောသက် ရောက်ပါသည်။ ထို့ပြင် နားလည်မိသည်က (၁)ထိုစီမံကိန်းသည်တရုတ်နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး မျက်နှာမပျက်လိုကြောင်း (၂) တပ်မတော် သားစစ်သည်များနှင့် မိသားစုများ ခံစားပိုင်ခွင့်အကျိုးအတွက် ဖက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း နားလည်မိသည်။ အမှန်တော့ လွှတ်တော်ထဲတွင် စစ်သားအကျိုးနှင့် အရပ်သားအကျိုးတို့ ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် အရပ်သား (ပြည်သူ) များ၏အကျိုးကိုကြည့်မလား၊ တပ်မတော် သားတို့၏ အကျိုးကိုကြည့်ပြီး စီမံကိန်းကို ခွင့်ပြုမလား စောင့်ကြည့်ရမည် ဖြစ်သည်။ လက်ပန်းတောင်းနှင့် ကြေးနီတောင် တို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းကြောင်း ကြားရသည့် အတွက် စိတ်မကောင်းဖြစ်မိပါသည်။ ဒီမိုကရေစီ အရေး တစ်ဖက်က ကြွေးကြော်နေပြီး စစ်အာဏာရှင်တို့၏ ကိုင်တွယ်ဖြေရှင်းနည်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ထို့ပြင် ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုပြဿနာဖြစ်နေသည့် နေရာသို့ သွားရောက် လေ့လာမည်ကို သိလျက်နှင့် ဒေါ်အောင်ဆန်းစုကြည် မလာမီ ကြိုတင် ရှင်းလင်း နှိမ်နင်း လိုက်ခြင်း ကလည်း စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုင်တွယ် ဖြေရှင်းပုံကို စောင့်ကြည့် သင့်သည်ဟုထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မလာမီ ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက (၁) ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်သောကြောင့်လား (၂) ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မှုကြောင့် ပြဿနာ အားလုံး ပြေလည်သွားမည်ကို စိုးရိမ်သော ကြောင့်လား (၃) ဒေါ်အောင်ဆန်းစုကြည်ကြောင့် သပိတ်မှောက်နေသော အဖွဲ့များ ပြန်သွားကြပြီး အခြေအနေက အေးချမ်းသွားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထား ပိုမိုမြင့်တက် သွားမည် ကို စိုးရိမ်သော ကြောင့်လားဟု စဉ်းစားစရာဖြစ်ပါသည်။ တရုတ်နှင့်ယခုဖြစ်နေသော ပြဿနာများသည် လက်ရှိ အစိုးရလက်ထက်တွင် သဘောတူညီပြီး လုပ်ဆောင် ထားချက်တစ်ခုမျှ မဟုတ်ပါ။ စစ်တပ်အုပ်စိုးစဉ်ကာလ စစ်ခေါင်း ဆောင်များနှင့် တရုတ်တို့ သဘောတူပူးပေါင်း ဆောင်ရွက်ချက်များသာဖြစ်ပါသည်။ မြစ်ဆုံကိစ္စတွင် သမ္မတကြီး ဦးသိန်းစိန်က သူ့သမ္မတ သက်တမ်းကာလ အတွင်း ဤစီမံချက်ကို ဆက်မလုပ်ပါဟု ရှောင်လွှဲခဲ့ပါသည်။ နောက်အစိုးရ နောက်သမ္မတလက်ထက်သို့ လမ်းကြောင်းလွှဲချလိုက်ခြင်းဖြစ်သည်။ ထို့ပြင်လက်ရှိ လက်ပန်းတောင်း ကြေးနီတောင် ကိစ္စကို လည်း ယခုမှ ပြည်သူတွေက သိကြရခြင်းဖြစ်သည်။ ခေတ် အဆက်ဆက် မည်သူ့အကျိုးအတွက် လုပ်ဆောင နေကြောင်း ပြည်သူတွေသိသော်လည်း ယခုလိုမဖော်ထုတ်ဝံ့ သဖြင့် ငြိမ်ခံခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လွှတ်တော်ထဲတွင်  ရှင်းလင်းချက်များသည် ပြည်သူကို တင်ပြခြင်း၊ ဖြေရှင်းခြင်းထက် စိန်ခေါ်ခြင်း အသွင်ဆောင် နေပါသည်။ ထို့ပြင် နောက်ထပ် ၀န်ကြီးတစ်ဦးကလည်း တရုတ်များကျေးဇူးရှိသည်ဆိုသည့် စကားကို ပြောသွား ကြောင်း ကြားသိရသဖြင့် စိတ်မချမ်းသာဖြစ်မိသည်။ အမှန်တော့ “ဆန်ပေးလို့ ဆေးရ” သည့် ဆိုသည့်အတိုင်း အသွား အပြန်တွေ အများကြီးရှိခဲ့သောကြောင့်သာ ပေးသူကလည်းပေး၊ ယူသူကလည်းယူ သဘောတူကြည်ဖြူနေချိန်တွင် အသံမကြားရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ယခင်စစ်အစိုးရလက်ထက် သဘောတူညီချက်များ၊ စာချုပ်များ၊ အပေးအယူများ မည်မျှ ရှိသေးကြောင်း ပွင့်လင်းစွာ မသိနိုင်သေးပါ။ လက်ပန်းတောင်း ကြေနီတောင် ကိစ္စများတွင်လည်း ယခင်က တည်းက ပွင့်လင်းပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်ဆိုလျှင် ဤမျှ ပြဿနာ ကြီးမည်ဟု မထင်ပါ။ အစိုးရအနေဖြင့် တရုတ်ကို အကာအကွယ်ပေးပြီး၊ ပြည်သူကို ဖိနှိပ်ရေးအသွင်ရောက်သွားဆိုလျှင် အစိုးရအပေါ်တွင်သာမက တရုတ်အပေါ်တွင်ပါ ပြည်သူတို့ နာကြည်းမုန်းတီးသွားနိုင်ပါလိမ့်မည်" (ဦးတင်ညွန့်၊ နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ)

"ဒီဟာက သူတို့ နိုင်ငံရေး ကစားကွက်ပေါ့ဗျာ။ အဲတာကြီးကို ဖော်ဖို့ ကောင်း၊ မကောင်းဆိုတာ ရှိသေးတယ်လေ။ အမှန်က တော့ ဒေါ်အောင်ဆန်းစုကြည် မလာခင် ကန်တဲ့သဘောပါပဲ။ ကျွန်တော် နားလည်တဲ့ ကစားကွက်ကတော့ အဲတာပဲ။ ယေ ဘုယျအားဖြင့်တော့ နိုင်ငံရေး သဘောထားတွေကို ကျွန်တော် ပြောလေ့ ပြောထ မရှိလဘူး။  ဖြစ် စဉ်အပေါ်မှာ ပြောရင် နိုင်ငံရေး သဘောထား ပြောရတော့မယ်။ ကျွန်တော်က သိပ်မပြောချင်ဘူး" (စာရေးဆရာ မောင်မိုးသူ)
"အရင်လို လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အခုဖြိုခွင်းမှုမှာ ဘယ်သူ တာဝန်ခံပြီး လုပ်သလဲပေါ့။ တာဝန်ခံပြီးလုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကို။ အရင် စစ်အစိုးရလက်ထက်တုန်းကလို ဆန္ဒပြမှုဖြစ်လာပြီဆို ဒီလို အင်အားသုံးဖြိုခွင်းတာကို အဲလောက် လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲတာကို သူတို့ နားမလည်တာ ဖြစ်လိမ့် မယ်။ အခုရှင်းပြီးတဲ့ကိစ္စကို တာဝန်ရှိတဲ့လူက တာဝန်ခံပြီး ရှင်းရမယ်။ သူတို့လုပ်ခဲ့တာကို သတင်းထုတ်ပြန်ရမယ်။ ဘာကြောင့် ဘာကြောင့်ဆိုတာ သတင်းထုတ်ပြန်ရမယ်။ သတင်းထုတ်ပြန်ပြီးတဲ့ အခါမှာလည်း ထပ်ပြီးတော့ မကျေနပ်တဲ့ သူတွေ တိုင်တန်းတဲ့သူတွေ ရှိလာရင် တကယ်တာဝန်ယူပြီး လုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ တာဝန်ယူပြီးလုပ်တဲ့သူ က  တစ်ခုခုပြန်ပေးဆပ်ရလိမ့်မယ်" (ဘလော့ဂါ နေဘုန်းလတ်)

" ဒီမိုကရေစီ နိုင်ငံမှာ ဒီလို ဖြေရှင်းလို့ မရပါဘူး။ လူတိုင်း ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါကတော့ အခြေခံ ပြောတာပါ။ ဦး ပိုင်ဆိုတာ ဘယ်သူတွေနဲ့ပဲ ဖွဲ့စည်း ထားထား သူက ကုမ္ပဏီပါပဲ။ ကုမ္ပဏီနဲ့ နိုင်ငံခြားသား အကျိုးစီးပွား ကြောင့် မြန်မာနိုင်ငံက သယံဇာတ တွေကို အကျိုးမဲ့ ဘာကြောင့် ဒီလို ဖျက်ဆီးမှာလဲ။ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေက ဆန္ဒဖော်ထုတ်တာ ကို နိုင်ငံသားတွေ ထမင်းကျွေးထား တဲ့ နိုင်ငံ့ဝန်ထမ်းကပဲ ဒီလို ဖြေရှင်းတာဟာ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တာပါပဲ။ ဒီလို ပစ်မိန့်ကို ဘယ်သူပေးတာလဲဆိုတာကို ဖော် ထုတ်ရမယ်။ အခု ဆေးရုံမှာ ရောက် နေကြပြီ လို့ သိရတယ်။ ဒီလို ဖြေ ရှင်းပုံမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာချင်လို့ ရေးဆွဲ ထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်နေတာပါ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝဖျက်သိမ်းပြီး ပြည် သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲတဲ့ ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာ ဖြစ်သင့်ပါတယ်" (ဦးစိုးညွန့်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

" ဒီဖြေရှင်းပုံက သိပ် အရုပ်ဆိုး တာပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြုပြင်ပြောင်းလဲမယ် ပြောပြီး ဒီလိုဖြစ်တာဟာ အပြော တစ်ခြား အလုပ် တစ်ခြားဖြစ်နေတယ်။ အခု ဘုန်းကြီးတောင် ဆေးရုံပို့ရတယ် ဆိုတော့ တော်တော်ကို မဖြစ်သင့်တာပဲ။ အ များ ကြီး စိတ်မကောင်းဘူး။ ကျွန်တော်တို့ ကတော့ လုံးဝ မလျှော့ဘူး။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် သွားမယ်။ ကျွန်တော် တောင် အသက် ၈၀ ကျော်ဖြစ်လို့ပဲ၊ နို့မို့ဆို ကျွန်တော ကိုယ်တိုင် လိုက်သွားတယ်။ ဆန္ဒပြတဲ့သူတွေနဲ့ အတူပါ ဝင်လိုက်မယ်။ သေနတ်နဲ့လည်း ပစ်ချင်ပစ်၊ အသေခံပစ်လိုက်ချင်တယ်" (ဦးအုန်း၊ ဒုတိယဥက္ကဋ္ဌ၊ FREDA)



"သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြတဲ့သူတွေက ကြမ်းရမ်းပြီး လွန်လွန်ကျူးကျူး ဖြစ်နေလို့ အခုလို အင်အား သုံးတယ် ဆိုရင် တော့ တစ်မျိုး ပေါ့။ အခုလို သပိတ်စခန်း ဖွင့်ပြီး အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်တာလောက် ကိုတော့ အင်အားသုံး ဖြိုခွင်းစရာ မလိုဘူးလို့ မြင်ပါ တယ်။ ဖြိုခွင်းတဲ့ နေရာမှာ လူတွေရဲ့ အသားအရေကိုပါ လောင်ကျွမ်းစေတဲ့ လက်နက်မျိုး ပါ သုံးတယ် ဆိုရင်တော့ လွန်သွားပြီ။ ဒီလို လုပ်လိုက်တာက ကြီးမားတဲ့ ပဋိပက္ခအသွင်ကို ဆောင်သွားစေနိုင်တယ်။ ဒါဆို ရင်တော့ နိုင်ငံအတွက် မကောင်းတဲ့၊ မလိုလား အပ်တဲ့ အခြေအနေကို လုပ်ဆောင်သလို ဖြစ်သွားနိုင်တယ်။ ဒီလိုတော့ မဖြို ခွင်းသင့်ဘူး" (ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး)

" ဒီကိစ္စက အလွန် စိတ်မကောင်း ဖြစ်စရာကောင်းတယ်။ ဒီလိုနည်းနဲ့ ပြဿနာ ဖြေရှင်းရင် မပြေလည် နိုင်ဘူး။ အရင် ခေတ်စနစ်မှာ လုပ်ခဲ့တဲ့ ချေမှုန်းနည်း အတိုင်းပဲ လုပ်နေတာပဲ။ အဲဒီလို ဖြေရှင်းလို့ ပြဿနာ ပြေလည် သွားတာမှ မဟုတ် တာပဲ။ ဆွေးနွေး ညှိုနိုင်းရမယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပေးသင့်တယ်။ ဦးပိုင်က တော်တော် လက်ဝါး ကြီး အုပ်တာတွေ များတယ်။ ဒီလိုကိစ္စတွေဆိုတာ ဆွေးနွေး ညှိုနိုင်းပြီးမှာပဲ ဖြေရှင်းသင့်ပါတယ်။ အခုလို ဖြိုခွဲတာအတွက် ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်" (ကိုသက်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့)

"အစိုးရ အနေနဲ့ ညှိုနိုင်းမှုတွေ လုပ်မယ်လို့ ယူဆခဲ့တယ်။ ဒီနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း အကာအကွယ် ပေးမယ် လို့ မျော်လင့်ခဲ့ တယ်။ ဒါပေမဲ့ ဒီနေ့ လက်ပံတောင်းတောင် ကိစ္စကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ညှိုနိုင်းမှုတွေမလုပ်ပဲ အရင်ခေတ်ဟောင်း ကအတိုင်း အကြမ်းဖက်မှုတွေပြုလုပ်လာတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စကို လုံးဝ ကန့်ကွက်ရှုံချတယ်" (ကိုဌေးကြွယ်၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

"မီးလောင်ဗုံး သုံးတဲ့အတွက် အမိန့်ပေးတဲ့ လူတွေ ကိုယ့်ကိုကိုယ် လိပ်ပြာသန့်ရဲ့လားလို့ အရင် မေးချင်တယ်။ ဖြစ်လာ သမျှ အရေးကိစ္စတွေ အားလုံးကို အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ဘာဖြစ်လို့ စစ် ယူနီဖောင်းကို ချွတ်လိုက်တာလဲ။ ပြည်သူကတော့ အမြဲတမ်း ဆွေးနွေး ညှိနှိုင်းတာကို လိုချင်တယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြတာ မဟုတ်ဘူး။ ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြကြတာ ဖြစ်တယ်။ မညှိနှိုင်း ချင်တာက စစ်အစိုးရလို့ပဲ ကျွန်တော် ယူဆပါတယ်။ ပြညသူတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပါ၊ ဦးပိုင်နဲ့ ဝမ်ပေါင်ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာ လက်မခံပါဘူး။ ကန့်ကွက်ပါတယ်" (ဦးဝင်းချို)

"ဘယ်လိုနေ့မျိုးမှာပဲ ဖြစ်ဖြစ် ဘယ်လို အကြမ်းဖက်မှုကို မဆို ဆန့်ကျင်ကန့်ကွက်ပါတယ်။ စေ့စပ် ညှိနိုင်းရမယ်။ ဘာ ကြောင့် ဆန္ဒပြနေကြတာလည်း၊ တဘက်ကလည်း ဘာကြောင့် ဆန္ဒမပြစေချင်တာလဲ။ ကြေကြေလည်လည် ဆွေးနွေး ညှိနှိုင်း ရမယ်။ ပြည်သူတွေရဲ့ ရေရှည် အကျိုးကိုလည်း ကြည့်သင့်ပါတယ်" (ကိုကျော်ထွေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင်)


"ဥပဒေနဲ့ အရေးယူလို့ ရတယ်ဆိုပေမယ့် အခုလို အကြမ်းဖက် ဖြိုခွင်းတယ် ဆိုတာမျိုးက လုံးဝမဖြစ် သင့်တော့တဲ့ အခြေ အနေပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘယ်ခေတ် ဘယ်အခြေအနေကို ပြန်ရောက်သွားသလဲ ဆိုတာ စဉ်းစားစရာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ မဖြစ်သင့် ဘူးလို့ယူဆပါတယ်” (ဒါရိုက်တာဝိုင်း)

"လက်ပံတောင်းတောင် စီမံကိန်း ဆိုတာ တရုတ်ကဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစစ်တပ်က ဦးပိုင်ကုမ္ပဏီ နှစ်ခုကြား ဘယ်တုန်းက သဘောတူထား မှန်းမသိတဲ့ ဟာတစ်ခုပေါ့လေ။ ဘာမှ အရှည်တွေးခေါ်မြော်မြင်စဉ်းစားချင့် ချိန်နိုင်တဲ့ ဦးနှောက် မရှိကြတဲ့သူတွေ အလုပ်လုပ်ထားတယ် ဆိုတာ ပေါ်တာပေါ့လေ။ ဘာလို့လဲ ဆိုတော့ ဒီစီမံကိန်းကြောင့် အဲဒီနား ဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ သာမန် ပြည်သူလူထုတွေ အပါအဝင် သာသနာဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းတွေ အကုန် ပြောင်း ရွှေ့ကြရတယ်။ ဒါကို ပြည်သူတွေက ဝိုင်းပြီး ကန့်ကွက် ဆန္ဒပြကြတယ်။ သပိတ်စခန်း ခြောက်ခု ဖွင့်ထား တယ်။ ဟိုနေ့က သတင်းထုတ်ပြန်ချက်တစ်ခု ထွက်လာတယ်။ အဲဒီသပိတ်စခန်း ခြောက်ခုကနေ ချက်ချင်းဖယ်ပေးရမယ် ဆိုပြီး တော့။ နိုင်ငံတော် အဆင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးလို့ရဖို့အတွက် သပိတ်စခန်းက ဖယ်ပေးရမယ်၊ အဲဒီ သပိတ်စခန်းဖယ်ပေးပြီး ဝမ်ပေါင် ကုမ္ပဏီက ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်နိုင်ပါမှ အဖွဲ့က စစ်ဆေးလို့ ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  သပိတ်စခန်းတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေလုပ်တယ်။ မနက် သုံးနာရီ ခွဲလောက်လို့ ကျွန်တော် တို့သတင်းရ ပါတယ်။ ဒီအတွက် သံဃာတော်တွေ၊  ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတယ်။ မျက်ရည်ယိုဗုံးနဲ့ ပစ်တယ် လို့ ပြောပေမယ့် မျက်ရည်ယိုဗုံးဆိုတာ မီးလောင်စရာ အကြောင်းမရှိဘဲနဲ့ မီးထလောင် တယ်ပေါ့လေ။ ဒီလို လွဲမှားတဲ့စီမံ ကိန်းတစ်ခုကို ပြည်သူလူထုကို အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတာဟာ ဖြေရှင်းခြင်းတစ်ခု ဖြစ်မယ်လို့ မယုံကြည်ဘူး။ ဒီလို အကြမ်းဖက် တစ်ဖက်သတ် လက်နက်အားကိုးနဲ့ သံဃာနဲ့ပြည်သူလူထုကို နှိမ်နင်းတယ်ဆိုတာ ဒီမိုကရေစီအစိုး ရရဲ့ လုပ်ထုံး လုပ်နည်းထဲမှာ ပါမှာမဟုတ် ဘူးလေ။ တော်တော် စိတ်မကောင်း ဖြစ်ရသလို တော်တော် စိတ်အနှောင့်အ ယှက် ဖြစ်ရပါတယ်။ ဘယ်လို အစိုးရမျိုးလဲ ဆိုတာကိုလည်း စဉ်းစားရတာ ပေါ့လေ။ နဂိုကတည်းကလည်း အယုံ အကြည် ရှိခဲ့တာမျိုး မဟုတ်ဘူးလေ။ ၂၀ဝ၈ တုန်းကလည်းကျွန် တော်ရော၊ မိသားစုပါမဲမပေးခဲ့သလို ၂၀၁၀ မှာလည်း မဲမပေး ခဲ့ကြပါဘူး။ ဒါကို အများပြည်သူ ထောက်ခံတဲ့ အခြေ ခံဥပဒေ၊ အများပြည်သူ ရွေးချယ်တင် မြှောက်တဲ့ အစိုးရပါဆိုပြီး တက်လာ တယ်။ ဒီလို တက်လာပြီဆိုလည်း ဒီမိုကရေစီစနစ်နဲ့ အညီစည်းကမ်းကျ နစွာ၊ တရားနည်းလမ်း မျှတစွာ အုပ် ချုပ်တယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ အုပ်ချုပ်တဲ့ နည်းလမ်းက မမှန်ကန်တဲ့ အခါကျတော့ တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်မိပါတယ်" (ဒါရိုက်တာ မင်းထင်ကိုကိုကြီး)
"ဒီလက်ပံတောင်းတောင် စီမံကိန်းက အရင်အစိုးရ လက်ထက်က စာချုပ် ချုပ်ပြီး အကောင်အထည်ဖော်ခဲ့တာ။ အခုက ဒီမိုကရေစီ လက်ထက်ဆိုတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဒီစီမံကိန်းက နိုင်ငံတော် အတွက်လား၊ ပြည်သူလူထု အတွက်လား၊ တရုတ် အတွက်လားဆိုတာကို အများပြည်သူ သိရှိ နားလည်အောင် ပွင့်ပွင့်လင်းလင်း အစိုးရက ပြန်ဖြေရှင်းပြ သင့်တယ်။ အဓိကက ရီဗျူးပြန် လုပ်ဖို့ပဲ။ နစ်နာတဲ့ဒေသခံပြည်သူ တွေ၊ အစိုးရနဲ့ တရုတ်ကုမ္ပဏီ သုံးဦးသုံးဘက် သေချာ ညှိနှိုင်းသင့်တယ်။ အစိုးရဘက်ကလည်း စာ ချုပ်ချုပ်ပြီး သားဆိုပေမယ့် ဒါကို ပြန်ညှိနှိုင်းလို့မရဘူးလား။ ဒေသခံတွေကို အခုထက် စိတ်ကျေနပ်အောင် မလုပ်နိုင်တော့ ဘူးလား။ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမှာ အကြမ်း ဖက်တဲ့ ဖြေရှင်းနည်းကို အစိုးရရော  လူထုကပါမလုပ်သင့်ဘူး။ အခု လောက်အထိ ဖြစ်ခဲ့တာ ကို စိတ်မကောင်းဘူး။ နည်းလမ်းတွေ အများကြီးရှိတာကို၊ ဥပမာ တရုတ် ကုမ္ပဏီဆီက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အတွက် အခွန် ကောက်လို့ ရတယ်။ ဒေသခံတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးအောင် ထောက်ပံပေးလို့ရ တယ်။ အခုလို အခြေအနေမျိုးတွေ ဖြစ်ခဲ့တာကြောင့် အစိုးရ အနေနဲ့ တာဝန်ကြီးသွားပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်းစောင့် ကြည့်နေတဲ့အချိန်မှာ အကြမ်းဖက် မဖြေရှင်း သင့်ဘူး။ ပြည်သူတွေဘက်ကလည်း ထစ်ခနဲရှိ လမ်းပေါ်ထွက်တာမျိုး မဖြစ်သင့်ဘူး။ အဓိက အချက်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ စီမံကိန်း စတင်ခဲ့တာနဲ့ ဒေသခံ တွေရဲ့ အကျိုးစီပွားပါဝင်မှု နည်းခဲ့ တာကိုပြန်သုံးသင့်တယ်" (ဦးသန်းလွင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ၊ အမျိုးသား လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး ရေးအကြံပေးကောင်စီအဖွဲ့ဝင်)
" အခုကိစ္စမှာ တကယ်တမ်းနစ် နာသူက ဒေသခံတွေပါ။ အစိုးရရော တရုတ်ကုမ္ပဏီရော ဒေသခံတွေရဲ့ အကျိုးစီးပွား အတွက် ပြန်စဉ်းစား သင့်တယ်။ ဒီလက်ပံတောင်းတောင် စီမံကိန်းက ဘယ်သူ့အကျိုး စီးပွားအတွက်လဲ။ ဒီစီမံကိန်းမှာ ဒေသခံတွေရဲ့ အကျိုး စီးပွားပါဝင်မှု  ရှိမှ ဒေသခံတွေရဲ့လိုက်လျောမှုကို ရမှာပါ။ ဒါကြောင့်အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်ပြီးစဉ်းစားသုံး သပ်သင့်တယ်။ စီမံကိန်း ကို ရှေ့ ဆက်ပြီးမြောက်အောင် လုပ်ချင်တယ် ဆိုရင် အစိုးရ၊ တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေ ပွင့်ပွင့်လင်းလင်း မျက်ချင်းဆိုင် ဖြေရှင်း ဖို့လိုတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ အကုန်လုံး အများပြည်သူကို ထုတ်ပြန်ပေးသင့်တယ်။ လူထု အမြင်ရှင်း မှ ပါဝင်မှု ရှိမှ စီမံကိန်း တွေအောင်မြင်မှာပါ။ စီးပွားရေးလုပ်ငန်းတွေ အများကြီးဝင်လာဖို့ရှိ တဲ့အချိန်မှာ၊ စောင့်ကြည့်နေတဲ့ အချိန်မှာ ဒါကို သင်ခန်းစာယူရမှာပါ။ အစိုးရအနေနဲ့ ခြေလှမ်းမှားဖို့မသင့်ဘူး။ လူထုဘက်က ဘာကိစ္စမဆို လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးကလည်း အစိုးရကို အကျပ်ရိုက်စေပါတယ်။ နောင် စီမံကိန်းတွေလုပ်တဲ့ အချိန်မှာ အစိုးရအနေနဲ့ ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ စီမံကိန်းမှာဒေသခံ တွေရဲ့ အကျိုးစီးပွား ပါဝင်မှုရှိဖို့ ပြင်ဆင်ဆောင်ရွက်သွားရမှာပါ" (ပါမောက္ခဒေါ်လှမြင့်)
"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက  ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်   တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့် ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။သူတို့မှာ နိုင်ငံသား  အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော   ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့ ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။ နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။ ဒီအဆင့်တွေကို ကျွန်တော်  ပြောပြစရာ လိုမယ် မထင်ပါဘူး။ အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့ သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊ ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရော သေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာ တွေအများကြီး ရှိပါတယ်။ နောက်  တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင်  မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့ ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။ နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုးကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။ အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့မရပါဘူး။ ဒါကိုလည်းပြည်ူသူလူထုကလက်ခံလာအောင် စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ စိတ်လိုက်မာန်ပါ နဲ့ နာသအငသညေူပ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး" (ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

"ဒါက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ ဘာကြောင့်လဲဆိုတော့ အဓိကရုဏ်းကို ဖြိုခွင်းတဲ့ နေရာမှာ နည်းလမ်းမျိုးစုံရှိတဲ့ အထဲမှာ ဒီနည်း လမ်းမှာ သုံးစွဲတဲ့ လက်နက်ဟာ အင်မတန်မှ ပြင်းထန် လွန်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်။ မီးလောင်ဗုံး ဆိုတာဟာ အဓိကရုဏ်း နှိမ်နင်းတဲ့သမိုင်းမှာ တစ်ခါမှ မကြုံခဲ့ဘူးတဲ့ လက်နက်ဖြစ်တယ်။ နောက် တစ်ခါကျတော့ သံဃာတော်တွေ အိပ်မောကျနေတဲ့ အချိန်မှာ သံဃာ တော်တွေကို အလစ်အငိုက် တိုက်ခိုက်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲလို့ သံဃာတော်တွေ ဘက်က ပြောနေကြတာလည်း ကြားရတယ်။ ပြီးတော့ ဒါဟာ ရက်စက်စွာ နှိမ်နင်းမှုဖြစ်ပြီးတော့ နှိမ်နင်းမှုကြောင့် ငါးသိန်းအင်အား ရှိတဲ့ မြန်မာတစ်ပြည်လုံးက သံဃာ တော်တွေရဲ့
ဒေါသကို ပိုပိုကြီး ထွားလာအောင် ဆွလိုက်သလို ဖြစ်လို့  နှစ်ဖက်စလုံး အကျိုးမရှိတဲ့နည်းလမ်း ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ ဗကသကလည်း အေးချမ်းစွာ ဖြေရှင်းပါ။ အေးအေး ဆေးဆေး ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖြေရှင်းပါ။ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ လိုက်လျောပါ ဆိုတာ ကြေညာချက် သဘောထား ပေးထားတာ ရှိတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီး အခုလို လုပ်လိုက်တာကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်"(ကျော်ကိုကို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ)

"ကျွန်တော်တို့ ကတော့ ဒီလို အကြမ်းဖက်မှုကို လက်မခံဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အကြမ်း ဖက်တာတွေ လုပ်လာတယ် ဆိုရင် သူတို့ပြောတဲ့ လမ်းကြောင်းဟာ သံ သယဖြစ်စရာတွေ ဖြစ်လာ လိမ့်မယ်။ တွေ့ဆုံဖြေရှင်း အဖြေရှာဖို့ ကြိုးစား နေကြတာပဲလေ။ ဒီလို ဖြိုခွင်းတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် မလုပ်သင့်တဲ့ ကာလပေါ့ဗျာ။ မညီမျှမှုရဲ့ အဖြေရှာမှုကို ခေါင်းဆောင် တစ်ဦးကို ကြိုးစားခွင့် မပေးဘဲ ဖြေရှင်းတဲ့ သဘောပေါ့။ ကျွန်တော်တို့ ကတော့ ဒါကို ကန့်ကွက် ပါတယ်။ ဒီကိစ္စက ၂၀ဝ၇ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးပိုင်ဆိုတာ နိုင်ငံတော်နဲ့ ဘာမှ မပတ်သက်ဘူးလေ။  ဒီကိစ္စမှာ နိုင်ငံတော်မှာ အကျိုးရှိ တာလား။ တရုတ်ရဲ့ အကျိုးစီးပွား ကို ဦးတည်တာလားဆိုတာ ကျွန် တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ တော်တော်လေး နေရာတော်တော် များများမှာရှိပါတယ်" (ဒေါက်တာ အေးမောင်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

"ရုပ်ပျက် ဆင်းပျက် ကိုင်တွယ်မှု ကိစ္စလို့ မြင်ပါတယ်။ ဒီလို ကိုင်တွယ်တာဟာ ရက်စက်ရာ ရောက်လွန်းတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေကို အကာ အကွယ်မပေးဘဲနဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေး နေတာကို ပြင်းပြင်းထန်ထန် ရှုံ့ချ ပါတယ်" (ကိုငယ်ပီး၊ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
"ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမယ်လို့ပဲ ပြောချင်ပါတယ်။ လောကမှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ကိုယ်ဆီပြန်လာမယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ကမ္ဘာမှာမြင်လို့ မကောင်းတဲ့မြင်ကွင်းတွေ ဖြစ်တယ်" (နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ)

Eleven media group