Pages

Saturday, January 5, 2013

ရွေတိဂုံစေတီတွင် ဠင်းတနားခြင်းနှင့် ပတ်သက်ပြီး သံဃာတော်များ ပရိတ်တရားနှင့် ကမ္မ၀ါရွတ်ဖတ်

 
ရွေတိဂုံ စေတီတော်တွင် ၂၃ရက်နေ့ ညနေ ၅ နာရီတွင် ဠင်းတ ၆ ကောင်နားခြင်းနှင့် ပက်သက်ပြီး သံဃာတော်များသည် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန် ယနေ့ညနေ ၃နာရီတွင် ပရိတ်တရားနှင့် ကမ္မ၀ါစာများကို ရွတ်ဖက်ခြင်း ဖြစ်ကြောင်း ---
 

ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်


ဖူးခက်ကျွန်းစု အနီး၌ တွေ့ရှိရသော ရိုဟင်ဂျာ ဒုက္ခသည် ၇၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း ထိုင်းအရာရှိ များမှ ပြောကြား ခဲ့ပါသည်။

၎င်းတို့ အနေဖြင့် ခြေကုန်လက်ပန်း ကျခြင်းနှင့် ပင်လယ် အတွင်း၌ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ မျှော်မှန်းထားသည့် မလေးရှား နိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်များမှ ပြောကြား ခဲ့သည်ဟု ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Maitri Inthusut က ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ကလေး ၁၂ ဦး အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၇၃ ဦးအား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ၏ အကူအညီဖြင့် ကုန်းလမ်း ခရီးမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း Maitri က ပြောကြားခဲ့ ပါ သည်။

ထိုင်းအာဏာ ပိုင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များအား ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးဝါးများ၊ အစား အစာများနှင့် လောင်စာများ ထောက်ပံ့ခဲ့ ခြင်းကြောင့် ၎င်းတို့ အနေဖြင့် မျှော်မှန်းထားသည့် ခရီးစဉ်အား ဆက်လက် သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းအစိုးရ၏ မူဝါဒမှာ အဆိုပါ ဒုက္ခသည် များအား လက်ခံခြင်း မပြုသော်လည်း တတိယ နိုင်ငံ တစ်နိုင်ငံသို့ ရောက်ရှိရေး အတွက် အကူအညီ အထောက် အပံ့များ ပေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
မြ၀တီ
http://www.myawady.net.mm/allnews/global/item/3660-2013-01-05-16-31-28

မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ကြား ဖြစ်ပွားခဲ့သော လုပ်ငန်းပြဿနာများ ပြေလည်မှုရရှိ

မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအကြား လုပ်ငန်းပြဿနာများ ရှိခဲ့ပြီး ယင်းပြဿနာများအပေါ် အခြေခံကာ မိုးထိမိုးမိ ရွှေလုပ်သားများမှဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း(NLD) မှ ၀င်ရောက်ကူညီ ဖြေရှင်းပေးခဲ့ကာ နှစ်ဦးနှစ်ဖက်ကြား အဆင်ပြေမှုများ ပြန်လည် ရရှိသွားပြီဖြစ်ကြောင်းကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ စီမံကိန်းညွှန်ကြားရေးမှူး ဦးထွန်းအောင်စိုးက ဇန်န၀ါရီလ ၃ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောပြခဲ့သည်။
မိုးထိမိုးမိရွှေလုပ်သားများ ကိုယ်စားလှယ် ဦးလှိုင်မျိုးအောင်က ''ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခဲ့တာ သုံးကြိမ်ရှိပါတယ်။အဲဒီသုံးကြိမ်စလုံးမှာ တောင်းဆိုခဲ့တဲ့ အချက်တွေက ၁၂ ချက်လောက် ရှိပါတယ်။အခုကတော့ အချက်၃ချက်နဲ့ အဆင်ပြေသွားပါတယ်။ဒါပေမဲ့လည်း အကြီးစား ရွှေလုပ်ကွက်တွေမှာ ဖြတ်သန်းသွားလာခွင့်တော့ မရရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ အတွက်ကြောင့် ခွင့်မပြုတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ဆန္ဒထုတ်ဖော်ခဲ့နေရာမှ ခေါင်းဆောင်လေးဦးရဲ့ သဘောဆန္ဒတော့ မပါပါဘူး။အခုသူတို့က ဒဏ်ငွေနဲ့ ထောင်ဒဏ် ပေးခံနေရပါတယ်'' ဟု ပြောပြသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ထုတ်ပယ်ခဲ့သော ရွှေလုပ်သား(၈၁)ဦးအတွက် နစ်နာကြေးပေးရန် လွတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ တောင်းဆိုခဲ့ပြီ ဘုတ်အဖွဲ့ဝင်များနှင့် ရွှေလုပ်သားများအကြား ငွေကြေးကိစ္စများ ညှိနှိုင်းဖြေ ရှင်းခဲ့ရာတွင်၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နှင့် ၂၇ရက်နေ့တို့တွင် ရွှေလုပ်သား အင်းဦးစီးတစ်ဦးလျင် ၁၀သိန်းကျပ်နှင့် ရွှေတူးအင်းလုပ်သား၊ကယ်ရီ၊ဈေးသည်များကို တစ်ဦးလျင် ၅သိန်းစီ ပေးလျော်ခဲ့မှုအပေါ် စုစုပေါင်းရွှေလုပ်သား ၂၅ဦးမှ လက်ခံခဲ့ကြသော်လည်း ကျန်ရှိသော ရွှေလုပ်သားများမှ လျော်ကြေးငွေ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့ရာတွင် ကုမ္ပဏီဘက်မှ ဇန်န၀ါရီလ၂ရက်နေ့ ထပ်မံဆွေးနွေးပေးမည်ဟု လက်ခံခဲ့ကြောင်းကို ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘုတ်အဖွဲ့ဝင်များနှင့် ကျန်ရှိသော ရွှေလုပ်သား ခေါင်းဆောင်များသည် လျော်ကြေးငွေးကိစ္စနဲ့ ပတ်သတ်၍ ဇန်န၀ါရီလ ၂ရက်နေ့တွင် ထပ်မံညှိနှိုင်း ဆွေးနွေးခဲ့ရာ ကုမ္ပဏီဘက်မှ အင်းဦးစီး ၃၉ဦးအတွက် တစ်ဦးလျင် ၁၅သိန်းနှင့် အင်းလုပ်သား၊ကယ်ရီနှင့်ဈေးသည်များကို တစ်ဦးလျင် ၅သိန်းပေးလျော်ရာ  ကျန်ရှိသော ရွှေလုပ်သားများမှ လက်ခံခဲ့သည်ဟု ထပ်မံ ပြောကြားခဲ့သည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ စီမံကိန်းညွှန်ကြားရေးမှူး ဦးထွန်းအောင်စိုးက''မိုးထိမိုးမိရွှေ လုပ်သားများနဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား  အဆင်ပြေမှု ရရှိသွားပြီဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ၃ရက်နေ့မှာ တောင်းဆိုချက် ၃ချက်ကို ရွှေလုပ် သားတွေက တောင်းဆိုခဲ့ပါတယ်။ အမျိုးသားကုမ္ပဏီ သက်တမ်းရှိသရွေ့၎င်းတို့အား ပူးပေါင်းလုပ်ကိုင်ခွင့်ပြုရန်၊ဆက်လက်လုပ်ကိုင် ဆောင်ရွက်လိုခြင်းမရှိပါက နစ်နာကြေးပေးရန်နှင့် တရားစွဲဆိုခံရသူများအား ကုမ္ပဏီမှ ကျေအေးပေးရန် တို့ ဖြစ်ပါတယ်'' ဟု ပြောပြသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက'' ၂၀၁၃မှာ ဒါဟာ ကောင်းမွန်တဲ့ မင်္ဂလာတစ်ခုပဲဖြစ်ပါတယ်။ မိုးထိမိုးမိ ရွှေလုပ်သားကိစ္စကို လေးကြိမ် ဖြေရှင်းပေးခဲ့ရပါတယ် ရွှေလုပ်သားများနှင့် ကုမ္ပဏီတို့ကြား အဆင်ပြေသွားပြီလို့ အတည်ပြုပေးပါတယ်။ဒီလိုမျိုးကိစ္စတွေဟာ မကောင်းပါဘူး။အလုပ်ရှင်နဲ့ အလုပ်သမားကြား နှစ်ဦးနှစ်ဖက် မနစ်နာအောင် ညှိနှိုင်းဆောင်ရွက်လုပ် ကိုင်သွားသင့်ပါတယ်'' ဟု ပြောပြခဲ့သည်။
Eleven Media Group

KIA စခန်းသို့ ရောက်ရှိနေသော တပ်မတော်သား အယောက် ၃၀ ကို ပြန်လည်ခေါ်ယူနိုင်ရေး ၈၈ မျိုးဆက် ကျောင်းသားများ မြန်မာငြိမ်းချမ်းရေးစင်တာနှင့် ချိတ်ဆက်ဆောင်ရွက်နေ

ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) စခန်းသို့ ရောက်ရှိနေသော တပ်မတော်သား အယောက်  ၃၀ ကို ပြန်လည်ခေါ်ယူနိုင်ရေး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရောက် ကိုမြအေး ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံဆွေးနွေးအပြီး အဆိုပါတပ်မတော်သား အယောက် ၃၀ ကို ပြန်လည် ခေါ်ယူသွားရန် ယခုလို သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ှ KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကို Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ'' ကျွန်တော်တို့ KIA ကို ရောက်နေတဲ့ တပ်မတော်သား ၃၀ ကို အရင်ကတည်းက ပြန်ပို့ဖို့ ဦးအောင်မင်းနဲ့ ပြောပြီးသားဖြစ်တယ်။ဒါပေမဲ့ ဦးအောင်မင်းက အကြောင်းမပြန်ဘူး။ ကိုမြအေးတို့ ရောက်လာတော့ သူတို့နဲ့ တိုင်ပင်တယ်။ သူတို့က ခေါ်သွားဖို့ လက်ခံတယ်။ အဲဒီမှာ သူတို့က မြန်မာ ငြိမ်းချမ်းရေးစင်တာကို ဆက်သွယ်တော့ အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်မခံနိုင်ဘူးလို့ အကြောင်းပြန်တယ်လို့ သိရတယ်။ ကိုမြအေးတို့က တတ်နိုင်သလောက် ကြိုးစားနေပေမဲ့ ဒီပုံအတိုင်းဆို လိုက်ပါသွားလို့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဥပဒေတွေအရ စစ်ခုံရုံး တက်ရဖို့ ရှိတဲ့အတွက် အစိုးရနဲ့ သဘောတူညီမှု မရဘူးဆိုရင် ခေါ်သွားဖို့ မဖြစ်နိုင်ပါဘူး'' ဟု ပြန်လည် ဖြေကြားသည်။
၎င်းအခြေအနေအပေါ်  MPC တာဝန်ရှိသူတစ်ဦးဖြစ်ပြီး သမ္မတ အကြံပေးလည်းဖြစ်သူကို ဆက်သွယ်မေးမြန်းရာ ၎င်းမှ KIA က တရားဝင်ဆက်သွယ်ခြင်း မရှိကြောင်း၊ ကိုမြအေးနှင့် ဦးကိုကိုကြီးတို့ကမူ ဆက်သွယ်ကာ ညှိနှိုင်းဆောင်ရွက်နေသည်ဟု ကြားကြောင်း၊ သို့သော် ၎င်းတို့ဘက်မှ အဆင်သင့်မဖြစ်သေးဟု ပြောသည်မှာ မဖြစ်နိုင်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ ပြောခြင်းမှာ လုံးဝမဟုတ်ကြောင်း စသည်ဖြင့် ပြန်လည် တုံ့ပြန်သည်။ယင်းကဲ့သို့ တပ်မတော်သားများ ပြန်လည်လွှဲပြောင်းပေးခြင်းကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကြိုဆိုကြောင်း၊ တပ်မတော်ဘက်ကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဟု ထင်ကြောင်း၊ စနစ်တကျ လွှဲပြောင်းနိုင်ရန် MPC နှင့်သာမက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပါ ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ လူသားချင်းစာနာမှုအရ သာမက မိမိ၏ ရဲဘော်များ ဒုက္ခရောက်နေသည်ကို မည်သူကမှ လိုလားမည် မဟုတ်သဖြင့် MPC ဘက်က လက်ခံရန် ငြင်းဆန်မည်ဟု မထင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
'' ကျွန်တော်တို့အနေနဲ့ အနိမ့်ဆုံးအဆင့် စစ်ရှိန်လျော့ချဖို့နဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြန်ဖြစ်ဖို့ တတ်နိုင်သလောက် ကြိုးစားနေတာပါ။ ဒီဟာပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်နားလည်မှုတွေ ပိုပြီး တိုးလာစေချင်တာပါ။ ဒီဟာပေါ်မှာ မူတည်ပြီးတော့ အလားအလာ ကောင်းတွေဖြစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နိုင်ငံရေးအရ နားလည်မှုလွဲတဲ့ ပုံစံမျိုးတွေတော့ မဖြစ်စေချင်ဘူး'' ဟု ဦးကိုကိုကြီးက ဆက်လက် ပြောကြားသည်။
မြန်မာ့တပ်မတော်နှင့် KIA ကြား ၁၉၉၄ ခုနှစ်မှစ၍ ၁၇ နှစ် ကြာ အပစ်အခတ်ရပ်စဲထားခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက်ပွဲပေါင်း အကြိမ် နှစ်ထောင့်လေးရာခန့် ဖြစ်ပွားခဲ့သည်။ ထိုသို့ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်သား ၃၀ ဦးကို KIA ဘက်မှ ယခုလို ဖမ်းဆီးထားခဲ့ခြင်းလည်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၏ ဇန်န၀ါရီ ၅ ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင်မူ 'ကေ အိုင်အို/ကေအိုင်အေအဖွဲ့အစည်းတွင် ထိန်းသိမ်းထားသော တပ်မတော်/မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၀ ဦးအား ၎င်းတို့ထံမှ တစ်ဆင့်လွှဲပြောင်းပေးအပ် လိုပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်းကြားလာခဲ့ပါကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သတင်းရရှိပါသည်' ဟု ရေးသားထားသည်။
Eleven Media Group

တောင်တရုတ်ပင်လယ်မှ ၂ဝ၁၃ ခုနှစ်၏ ပထမဆုံး မုန်တိုင်း SONAMU

ဇန်နဝါရီလ ၄ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲတွင် ရရှိသည့် NRL data များအရ တောင်တရုတ်ပင်လယ်-တောင်ပိုင်းတွင် ၂ဝ၁၃ ခုနှစ်အတွက် ပထမဦးဆုံး ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်း 01W(SONAMU) သည် ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီဘဂါဝန်၏ မြောက်-အနောက်မြောက်ဘက် မိုင် ၂၉ဝ ခန့်၊ ဗီယက်နန်နိုင်ငံ တောင်ပိုင်း ဟိုချီမင်းစီးတီးမြို့၏ အရှေ့-အရှေ့တောင်ဘက် ၅၁ဝ မိုင်ခန့်တွင် ဗဟိုပြုနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။
မုန်တိုင်းလမ်းကြောင်း ကြိုတင်ခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်းအဆင့် (မုန်တိုင်းဗဟို လေတိုက်နှုန်း တစ်နာရီ မိုင် ၄ဝ မှ မိုင် ၅ဝ အထိ) သို့ ရောက်ရှိနေပြီး ၄င်းအဆင့်ထက် ပိုမိုအားကောင်းလာနိုင်ခြေ မရှိပဲ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျပြီး မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းခြေအနီးသို့ ဆက်လက် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။
04JAN-1200Z-01W-track
warning-04-13010406
http://blog.mmweather.com မှ

ရခိုင်ရေပြင် ငါးဖမ်း လုပ်ကွက် လေလံစနစ် ဖျက်သိမ်းမည်

လာမည့် ဘဏ္ဍာရေးနှစ် ၂၀၁၃-၂၀၁၄ မှ စပြီး ရခိုင်ပြည်နယ် အတွင်း မြစ်ချောင်းအင်းအိုင် ပယ်လယ်ပြင် ကမ်းနီး ရေပြင်များအား ငါးဖမ်း လုပ်ကွက်များ အပိုင်းလိုက် သတ်မှတ်ကာ နှစ်စဉ် လေလံတင်နေမူကို ရပ်ဆိုင်းတော့မည် ဖြစ်သည်။
Photo by: Dany 13 on flicker
Photo by: Dany 13 on flickr
ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမ အကြိမ် ပဉ္စမနေ့တွင် ထိုသို့ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ ချင်းရေးရာ ၀န်ကြီး ဦးကိုကိုနိုင်က ရခိုင်ပြည်နယ် အတွင်း ငါးဖမ်းလုပ်ကွက်တွေ သတ်မှတ်ပြီး ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်တွေကို လေလံတင်နေတာဟာ ရခိုင် ပြည်သူလူထုကို အထူး ဒုက္ခဖြစ်နေတဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ပြန်လည် စဉ်းစားပေးပါရန် အဆိုကိုတင်ပါတယ်။ အဲဒီအဆိုကို ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းထောက်ခံကြတဲ့ အတွက် အတည်ဖြစ်သွားပါတယ်” ဟု ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လက်ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထဲတွင် ပါဝင်နေသူ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးကျော်သိန်းမှ ၎င်းအဆိုကို နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးထိ ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လွှတ်တော် ကိုယ်စားလှယ်အများစုမှ ရေပြင်များကို လေလံတင်ပြီး စီးပွားရေး သမားများကို လေလံပေးသော စနစ်မှာ ဒေသခံ ရခိုင်ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်စေသဖြင့် ချက်ချင်း ဆုံးဖြတ်ချက် ချရန် တောင်းဆိုခဲ့ရာ အဆိုပါနေ့တွင်ပင် လွှတ်တော် ဥက္ကဌမှ ၎င်းအဆိုကို အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။
“ ဒီ လေလံ စနစ်ကြောင့် ရခိုင် လူထုတွေဟာ အထူး နစ်နာခဲ့ရတယ်။ တနှစ် တနှစ်ကို သိန်းပေါင်း လေး-ငါးထောင် အလိုလို ပေးသွင်းနေကြရတယ်။ မြစ်တွေ ချောင်းတွေမှာ လွတ်လပ်စွာ ငါးဖမ်းလို့ မရဖြစ်ခဲ့ကြရတယ်။ ဒီစနစ်ကြောင့် လူထုတစ်ရပ်လုံး ဒုက္ခရောက်ခဲ့ကြရတယ်။ အခုလို လေလံစနစ်ကို ပယ်ဖျက်လိုက်တဲ့ အတွက် ရခိုင်လူထု အတွက် အကျိုး ရှိတာကြောင့် ကျွန်တော်တို့က ၀မ်းသာပါတယ်” ဟု ဦးအောင်မြကျော်က ပြောသည်။
ယခုကဲ့သို့ မြစ်ချောင်း အင်းအိုင် ကမ်းနီး ပယ်လယ်ပြင်များအား ငါးဖမ်း လုပ်ကွက်များ သတ်မှတ်ကာ လေလံပေးသော စနစ်ကို ၁၉၈၈ ခုနှစ် စစ်တပ် အစိုးရ အာဏာရရှိလာသည့် အချိန်မှ စတင် ကျင့်သုံးလာခဲ့သည်။
ထိုစနစ်ကြောင့် ငါးဖမ်းသမားများ အနေဖြင့် ရေပြင် တစ်ခုခုတွင် ငါးဖမ်းလိုပါက ငါးဖမ်းလှေ အလိုက်ဖြစ်စေ၊ ပိုက်ကွန် တစ်ခုစီ အလိုက်ဖြစ်စေ လေလံရရှိသူ စီးပွားရေး သမားများထံ ငွေပေးသွင်းပြီးမှ ငါးဖမ်းခွင့် ရခဲ့ကြသည်။ အလားတူ ဒေသခံ ရခိုင်ပြည်သူများ အနေဖြင့် မိမိအိမ်ရှေ့မှ မြစ်ချောင်း အင်းအိုင်များတွင်ပင် ငါးရှာဖွေ ဖမ်းဆီး စားသောက်ခွင့် မရ ဖြစ်ခဲ့ကြရသည်။
ချောင်းထဲသို့ ဆင်းလျှင် ငါးဖမ်းကွန်တစ်လက်ကို ကျပ် ၅၀၀၊ ငါးမျှားတံ တစ်လက်ကို ကျပ် ၃၀၀ စသဖြင့် ချောင်းများကို လေလံရသူများက ကောက်ခံခဲ့သည်။
အဆိုပါ လေလံစနစ်သည် န၀တနှင့် နအဖ ခေတ်တွင် ရခိုင်ပြည်နယ် တွင် တာဝန်ကျခဲ့သော တိုင်းမှူးများအားလည်း အထူး အကျိုးစီးပွား ဖြစ်စေခဲ့သည်ဟု ဆိုသည်။
လေလံသမား စီးပွားရေး လုပ်ငန်းရှင်များသည်  မြစ်ချောင်းအင်းအိုင် ပင်လယ်ပြင် လုပ်ကွက်များကို လေလံရရှိရေးအတွက် အာဏာရှိသူ တိုင်းမှူး၊ ဒုတိုင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်များအား ကျပ်သိန်းရာချီ၍ လာဒ်ထိုးခဲ့ကြရသည်ဟု ဆိုသည်။
ထိုသို့ လာဒ်ထိုးမှ လေလံပစ်သော အခါ အဆိုပါ ရေပြင် လုပ်ကွက်များကို လေလံရရှိသည်ဟု ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ပင်လယ်ပြင်မှာ ငါးအလွန်ပေါသော ငါးဖမ်းလုပ်ကွက် ဖြစ်သဖြင့် အဆိုပါ ပင်လယ်ပြင်အား လေလံဆွဲလိုသူ အထူးများပြားရာ လေလံရလိုသူ တစ်ဦး အနေဖြင့် တိုင်းမှူးဖြစ်သူအား နှစ်အလိုက် သိန်းထောင်ချီပြီး လာဒ်ပေးရသည်ဟု ဆိုသည်။
ထိုကဲ့သို့ မြစ်ချောင်း အင်းအိုင် ပင်လယ်ပြင် လေလံ စနစ်ကြောင့် ရေပြင်ကိုမှီပြီး လုပ်ကိုင် စားသောက်နေကြသော ဒေသခံ ရခိုင်ပြည်သူများမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားခဲ့ကြရပြီး ရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများမှာ သန်းကြွယ် သူဌေးများ အဖြစ်သို့ နေ့ချင်း ညချင်း ရောက်ရှိသွားခဲ့ကြသည်။
မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိများသည် ကုန်းပေါ်တွင် လယ်မြေများကို သီးစားချရန် သိမ်းယူခဲ့ပြီး ရေပြင်တွင်မူ လုပ်ကွက်များ သတ်မှတ်ကာ လေလံတင် ရောင်းစားခဲ့ကြသည်။
သို့အတွက် ရခိုင်ပြည်နယ်သည် စစ်အစိုးရ လက်အောက်တွင် မြန်မာနိုင်ငံ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
နိရဉ္စရာ

ဆော်ဒီအာရေးဗီးယားရောက် မြန်မာ ဗုဒ္ဓဘာသာ ၁၂ ဦး၏ အသက် အန္တာယ် စိုးရိမ်နေရ

ဆော်ဒီ အရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသား ၂၆ ဦးထဲမှ ဗုဒ္ဓဘာသာဝင်  ၁၂ ဦး၏  အသက် အန္တာရယ် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း  ရရှိသည်။
teach-english-sudia
သူတို့ ၁၂ ဦးသည် တစ်ခြား မြန်မာနိုင်ငံသား ၁၄ ဦးနှင့် အတူ အလုပ်သမား အေဂျင်စီ တစ်ခုနှင့်  ကုမ္ပဏီ တစ်ခုတို့၏ ပူးပေါင်း လိမ်လည်မူဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျေလာမြို့သို့ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် အလုပ် လုပ်ရန် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ရောက်ရှိလာသည်မှာ ၂နစ်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ကုမ္ပဏီ၏ လိမ်လည်ခိုင်းစေမူကြောင့် နေရေး စားရေး ကအစ အဆင်မပြေ ဖြစ်ကာ ဒုက္ခ မျိုးစုံကို ရင်ဆိုင် ခံစားနေကြရသည်ဟု ဆိုသည်။
ယခုအခါ အချိန်ကြာမြင့်လာပြီး  နိုင်ငံကူး လက်မှတ်ကိုလည်း ကုမ္ပဏီက သိမ်းဆည်းထားပြီး passport stay card များလည်း မရှိသဖြင့် ဆိုဒီ ရဲများကိုလည်း ကြောက်လန့်ကာ  အပြင် မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည် သိရသည်။
အခြေအနေ ပိုမို ဆိုးဝါးလာသည်မှာ ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။  မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ၂၆ ဦးအထဲမှ  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို သတ်ပစ်ရန် ခြိမ်းခြောက်မူများ ထွက်ပေါ်နေ၍ ဖြစ်သည်ဟု ဆိုသည်။
ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မောင်းတောမြို့နယ်မှ ရောက်ရှိနေသူ  မွတ်စလင် အများစုက ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား အပြင်ထွက်ပါက သတ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။
ထိုသို့ ခြိမ်းခြောက်ထားသဖြင့်  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို အကူအညီပေးနေကြသော ဘူးသီးတောင်နှင့်  မောင်တောမြို့မှ တချို့  မွတ်ဆလင်များမှာ  ခြိမ်းခြောက်မူကို ကြောက်လန့်ကာ  ပြဿနာဖြစ်မည်ဟု ပြောဆိုပြီး ယခုအခါ ဆက်လက်မကူညီနိုင်ပဲ ရှိနေသည်ဟု ဆိုသည်။
သို့အတွက် ဗုဒ္ဓဘာသာဝင် ၁၂ယောက်မှာ နေစရာ စားစရာ မရှိ၊ အလုပ်အကိုင်လည်း မရှိ၊ အပြင်ကိုလည်း မတွက်ရဲဘဲ ကြောက်လန့်စွာ ပုန်းအောင်းနေထိုင်နေကြရပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဋ္ဌာန အမျိုးမျိုးကို အသနားခံ အကူ အညီတောင်း တိုင်တန်းစာများပို့ ထားသော်လည်း သက်ဆိုင်ရာ အေဂျင်စီနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် စုံစမ်း စစ်ဆေးရုံက လွဲပြီး မြန်မာ၂၆ယောက်၏ မြန်မာပြည် ပြန်နိုင်မည့် အရေး အတွက် အကူအညီများ မရရှိခဲ့ဟု ဆိုသည်။
ဆော်ရီအာရေးဗီးယားရှိ မြန်မာ သံရုံးကို မြန်မာ ၂၆ယောက်၏ ဒုက္ခ ပြဿနာအား ဖြေရှင်းပေးရန် အတွက် အသနားခံစာ အကူအညီ တောင်းစာများကို တယ်လီဖုံး၊ ဖက်စ် fax များဖြင့်အမျိုးမျိုး ဆက်သွယ်ပြီး အကူအညီ တောင်းခံသော်လည်း အကြောင်း အမျိုးမျိုး ပြကာ မကူညီနိုင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။
ဗုဒ္ဓဘာသာဝင် ၁၂ယောက် အနေဖြင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အသက်အန္တာရယ် အရမ်း စိုးရိမ် နေရပြီး ဒုက္ခမျိုးစုံ ရောက်နေကြောင်း  မြန်မာ နိုင်ငံသို့ အပြန်ဆုံး ပြန်လိုကြောင်း  မြန်မာသံရုံးကို အကူအညီ တောင်းရန် ကြိုးစား သော်လည်း သံရုံးအနေဖြင့် လက်ခံစကား ပြောချင်စိတ် မရှိဘဲ ဖြစ်နေသည်ဟု ပြောသည်
မြန်မာနိုင်ငံမှ အလုပ်သမား ၀န်ကြီးဋ္ဌာန၏ ဆွေးနွေးမူဖြင့် မြန်မာ ၂၆ ယောက် ပြသနာကို ကုမ္ပဏီနှင့် ဖြေရှင်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ရေး အတွက် အေဂျင်စီမှ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိ နေသော်လည်း ညှိုနှိုင်းမူ မရဘဲ အချိန်သာ  ကြန့်ကြာနေသည်ဟု သိရသည်။
ယခုအခါ ဗုဒ္ဓဘာသာ ၁၂ယောက်၏ အသက်အန္တာရယ်မှာ တစ်ရက်ထက် တစ်ရက် စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေသဖြင့် မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားများ အနေဖြင့် သူတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိရေး အတွက်  တတ်နိုင်သည့်ဘက်မှ အကူအညီပေး ကြရန် မေတ္တာရပ်ခံထားသည်။
နိရဉ္စရာ

လိုင်ဇာတိုက်ပွဲအခြေအနေအား UNFC ညီလာခံ၌ တင်ပြသွားမည်။

ကေအိုင်အိုဌာနချူပ်အနီးက တိုက်ပွဲအခြေအနေတွေ့ရှိချက်များအား ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် UNFC ၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် ဥက္ကဌနှင့် UNFC ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“လာမည့် ၇ ရက်ကနေ ၁၀ ရက်အစည်းအဝေးမှာမှ ဆုံးဖြတ်ကြမှာကိုး တရားဝင်က၊ သာမာန်အားဖြင့်တော့ ဒီလို လေကြောင်းပါ အသုံးပြုပြီးတော့ မြေပြင်ကတော့ လက်နက်ကြီးပေါ့ဗျား အမြောက်နဲ့၊ ဝေဟင်ကတော့ ဂျက်လေယာဉ်လို ပစ္စည်းမျိုးတွေပါ ထုတ်ပြီးတော့ တိုက်ခိုက်တဲ့အခါကြတော့ ဒီလို အခင်းအကျင်းမျိုးမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ် စကားပြောမယ်ဆိုရင် ယုတ္တိသိပ်မရှိတော့ဘူး ဖြစ်နေတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့သည်။

အဆိုပါအခြေအနေများကြောင့် လက်ရှိအပစ်ရပ်ထားသည့်အဖွဲ့များအနေဖြင့်လည်း ၄င်းတို့အနေအထားအား ပြန်လည် သုံးသပ် သင့်ကြောင်း UNFC ၏ စည်းလုံးညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရေး လိုလားချက်များကို ပူးပေါင်းတိုက်ပွဲဝင်ရေး ဒီကိစ္စများ၌ UNFC အဖွဲ့ဝင် အဖွဲ့များအနေဖြင့် စဉ်စားသင့်ကြောင်းကိုလည်း ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုအားလုံးပါဝင်သည့် UNFC ( ညီညွတ်သေားတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ ) တွင် အစိုးရနှင့် အပစ်ရပ်ထားပြီးအဖွဲ့များနှင့် အပစ်မရပ်သေးသည့်အဖွဲ့ စုစုပေါင်း(၁၁)ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သည်။

ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာအနေနဲ့ အဖွဲ့အနေနဲ့ ကေအိုင်အိုဌာနချူပ်အနီးက တိုက်ပွဲအခြေအနေတွေကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့တွင် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့်အတူ လားဟူဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ စောလမွန်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ နိုင်ငံခြားရေးတာဝန်ခံ ဦးရွှေမျိုးသန့် ၊ ရခိုင်ပြည် အမျိုးသားကောင်စီမှ ဦးထွန်းဇော် တို့ပါဝင်တဲ့ UNFC အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် KIO ဌာနချူပ်ရှိရာ လိုင်ဇာဒေသသို့ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအစိုးရမှဆင်နေသည့် မိုးကြိုးစစ်ဆင်ရေး၌ အင်အား (၃၀၀၀)ကျော် အသုံးပြုနေကြောင်း၊ လိုအပ်ပါက ထိုထက်ပို၍ အင်အားသုံးတိုက်မည်ဖြစ်ကြောင်း လေယာဉ်များကိုလည်း ယခုအချိန်အထိ အသုံးပြုနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“၂၈ ရက် မနက်က စသုံးတဲ့ လေယာဉ်က အခုအချိန်ထိ သုံးတုန်းပဲဗျ၊ လိုင်ဇာပတ်ပတ်လည်က စိုးမိုးကုန်းတွေကို လိုက်ပစ်နေတယ်၊ လိုင်ဇာ တည့်တည့်တော့ မပစ်သေးဘူး၊ ဒုက္ခသည်အားလုံးကတော့ တရုတ်နယ်စပ် ချောင်းဘေးမှာ ကပ်ပြီးတော့ နေကြတာပဲ၊ လိုင်ဇာတစ်ဝိုက်မှာတော့ ဒုက္ခသည် လေးသောင်းလောက်ဖြစ်နေပြီ၊ အခု အကူအညီ ကတော့ အခက်အခဲတော့ စဖြစ်နေပြီ၊ ပြည်တွင်းကလည်း လာဖို့ခက်၊ ပြည်ပကလည်း ၀င်ဖို့ခက်တဲ့အခြေအနေ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ အပါအ၀င်၊ စစ်ဦးစီးချူပ်၊ ဒုတိယ စစ်ဦးစီးချူပ်၊ KIA အတွင်းရေးမှူးစတဲ့ရှိသည့် ထိပ်ပိုင်းခေါင်းဆောင်များ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ စစ်ဘေး ဒုက္ခသည်များအား ကူညီနေသည့်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရသည်။

ကေအိုင်အို/ကေအိုင်အေ တပ်ဖွဲ့များအား တပ်မတော်မှထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း ၎င်းတို့ဘက်မှ ရထားလမ်း၊ ကားလမ်းများ၊ တံတားများအား အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးလိုင်းများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြာခဏ မိုင်းထောင်ခြင်း၊ ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်း စသောလုပ်ရပ်များ အဆက်မပြတ်ပြုလုပ်လာသည့်အတွက် တပ်မတော်အနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ အေးချမ်း တည်ငြိမ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း နှင့် စစ်ရေးအရပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရသည်။ ထိုသို့ ပြုလုပ်ရသော်လည်း တပ်မတော်တပ်ဖွဲ့များသည် အင်အားကို အစွမ်းကုန် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု အစိုးရဘက်မှထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် (၁/၂၀၁၃) တွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ထာဝရငြိမ်းချမ်းရေးရှိရေး ဆောင်ရွက်ခဲ့ရာ ကေအိုင်အို/ ကေအိုင်အေ အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့်သဘောတူ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကေအိုင်အို /ကေအိုင်အေအဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်ကိုလည်း ထုတ်ပြန်ကြေညာထားသည်။ အောင်အောင်(မြစ်မခ)

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်

 
by Tawk Hkam
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂) ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက်နေ့တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသားအများစုမှာ ကချင်လူငယ်များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦးပါဝင်ကြောင်း သင်တန်းတာဝန်ခံ ကရှင်းပြပါသည်။ ယခုသင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း၊ သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံစစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့သင်ယူစေကြောင်း တာဝန်ခံကဆက်ရှင်းပြပါသည်။
ဤသင်တန်းဆင်းပွဲသည် ယခင်နှင့် မတူ တမူထူးခြားစွာ စစ်ရေးပြအခမ်းအနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပ့ါသည်။ စစ်ဘင်ခရာသံစုံတီးဝိုင်း၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသောသင်တန်းသားများနှင့် ပိတိဝေဖြာနေသော မိဘပြည်သူများ ၏ အပြုံးမျက်နှာများသည် သင်တန်းဆင်းပွဲအားအသက်သွင်းလျက်ရှိပါသည်။

“ဘုရားသခင်သာ အောင်နိုင်ခြင်းရဲ့အရှင်…” “ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား ….” “ အိမ်ရှင်ပါ….” “ အိမ်ရှင်ဆိုရင် အိမ်ရှင်စိတ်ဓါတ်မွေးရမယ်… ဧည့်သည်စိတ်ဓါတ်ကို ဖျောက်ရမယ်…” “ လူမျိုးကိုတိုက်နေတာမဟုတ်ဘူး… မူကို မကြိုက်လို့တိုက်နေတာ..” စသည့် မိန့်ခွန်းသံများသည် သင်တန်းဆင်းပွဲအားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။
Kachin Daily News

တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ပြည်တွင်းမငြိမ်းချမ်းလျင် ဒီမိုကရေစီပန်းတိုင်ကို မရောက်ရှိနိုင်ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ပြောကြား

(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား သဝဏ်လွှာကို ကိုကိုကြီးကဖတ်ကြားစဉ်-ဓာတ်ပုံ-88 Generation Students 

တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ပြည်တွင်းငြိမ်းချမ်းမှုမရှိလျင် ဒီမိုကရေစီပန်းတိုင်ကို မရောက်ရှိနိုင်သည့်အပြင် နိုင်ငံသားအားလုံးမှာ လွတ်လပ်မှုကို အပြည့်အ၀ရရှိနိုင်မည်မဟုတ်ဟု ၈၈မျိုးဆက်ကျောင်းသားများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ဇန်န၀ါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပခဲ့ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံရေးမျိုးဆက်သစ်များ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ယင်းတို့၏ သ၀ဏ်လွှာများ၌ ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာတွင် '' ယနေ့ အခါသမယသည် လွတ်လပ်ရေးဖခင်ကြီးများ ချမှတ်ကြွေးကြော်ခဲ့သည့် ရည်မှန်းချက်များ မည်မျှအောင်မြင်သည်ကို ပြန်ပြောင်းသုံးသပ်ကြရန် လိုအပ်ပေသည်။တိုင်းရင်းသားချင်း တန်းတူညီမျှမှုမရှိဘဲ ပြည်ထောင်စုကြီး မတည်ဆောက်နိုင်။ ပြည်တွင်းငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖော်ဆောင်နိုင်။ဒီမိုကရေစီပန်းတိုင် မရောက်ရှိဘဲ နိုင်ငံသားအားလုံး လွတ်လပ်မှုကို အပြည့်အ၀မခံစားနိုင်''ဟု ယင်းသ၀ဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားသည်။

ဆက်လက်ပြီး ယင်းအခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပေးပို့သောသ၀ဏ်လွှာကို ဗကသများအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်မှ ဖတ်ကြားရာတွင်''ကျွန်ုပ်တို့ ကျောင်းသားများ အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး၏ လွတ်လပ်ခွင့်၊အခြေခံရပိုင်ခွင့်၊ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်များသည် တစ်ဖက်သက်ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် တန်ဖိုးမဲ့နေကြောင်း၊၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ လွတ်မြောက်သည်အထိ ကြိုးစားရုန်းကန်ကြရအုံးမည်ဖြစ်ကြောင်း'' ဖတ်ကြားခဲ့သည်။

ကိုအောင်ထွန်း ကျောင်းသားသမ္မဂ သမိုင်းစာပေအုပ်စုမှ ပေးပို့သ၀ဏ် လွှာတွင် ''ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဂျပန် တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုမှ စိတ်ဓာတ်တို့၏ တောက်ပြောင်မှုဖြင့် နိုင်ငံလွတ်လပ်ရေးကို အောင်ပွဲကိုရရှိခဲ့ကြောင်း၊ထိုလွတ်လပ်ရေး၏ အသီးအပွင့်ကို ၆၅နှစ် ကျော် မြန်မာပြည်သူလူထုတို့ ရရှိခံစားရမည်ဖြစ်သော်လည်း ယနေ့ထက်တိုင် မညီညွတ်မှု၊မမျှတမှု၊ အနိုင်ကျင့်မှု၊လက်ဝါးကြီးအုပ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ခေါင်းပုံဖြတ်မှုတို့ကို မြန်မာနိုင်ငံသား ၉၀%ကျော်က ခံစားနေရဆဲဖြစ်ကြောင်း'' ထည့်သွင်း ဖတ်ကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးလှထွေးက''ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် လွတ်လပ်ရေးတိုက်ပွဲဝင် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများအတွက် ဂုဏ်ယူစရာ နေ့မြတ်ကြီးဖြစ်ကြောင်း၊နိုင်ငံသူနိုင်ငံ သားအပေါင်းတို့သည် လိုလားတောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်းရေးအတွက် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်/ရဲမေများ အားလုံးနှင့် တိုင်းရင်းသား ညီအကိုမောင်နှမများတို့သည် မြန်မာပြည်လွတ်လပ်ရေးရယူခဲ့စဉ်က ထားရှိခဲ့သော စုစည်းညီညွတ်မှု စိတ်ဓာတ်မျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။

ကမန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ငွေက''ယနေ့အချိန်မှာ လွတ်လပ်ရေးနေ့ အသီးအပွင့်တွေကို ရရှိနိုင်ဖို့ အရိပ်အယောင်များ တွေ့မြင်နေရကြောင်း။လွတ်လပ်တဲ့နိုင်ငံနဲ့ လွတ်လပ်တဲ့လူမျိုးဖြစ်ဖို့အတွက် စည်းကမ်းရှိရမည်ဖြစ်ကြောင်း၊လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ လူမျိုးဖြစ်ရမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။
အဆိုပါ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံရေးမျိုးဆက်သစ်များမှ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ၀ါရင့် နိုင်ငံရေးသမားများဖြစ်သော နိုင်ဝေသိန်း၊ဦးအုံးမောင်(ရန်ကင်း)၊ဦးသာဘမ်းတို့မှ ၀ါရင့်နိုင်ငံရေးသမားများ၏ နိုင်ငံ ရေးလမ်းစဉ်များနှင့် ၁၉၄၈ခုနှစ်၊ဇန်န၀ါရီလ(၄)ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနုမှ ပြောကြားခဲ့သော လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချ မိန့်ခွန်းတို့ကို ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။
သတင်း-Soe July
 

တရားဝင်လား တရားမဝင်လားမသိတဲ့ မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုအား တရုတ်လူမျိုးများ ဆန္ဒပြပွဲ ရုပ်သံ


 
ဒီနေ့ ထူးထူးခြားခြား တက်လာတဲ့ တရုတ်သတင်း တပုဒ်ပါ..

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက်ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ပုံစံရေးထားပါတယ်..။

( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ်သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။

ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှုရှိမရှိနဲ့ မည်သည့်မြို့နယ်ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။

ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။

ဒီမိုဝေယံမှ

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပ

 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိ သုဓမ္မ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင် ဝင်း တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်း အနားကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဥပစာ မြက်ခင်း ပြင်၌ ကျင်းပသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပသည့် နိုင်ငံတော် သမ္မတ အိမ်တော် ဥပစာ မြက်ခင်းပြင်သို့ ညနေ ၆ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိ လာကြ ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့နှင့်အတူ အခမ်း အနားသို့ တက်ရောက် လာကြသည့် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌများ၊ မြန်မာ နိုင်ငံဆိုင်ရာ သံတမန် အဖွဲ့ နာယက စင်ကာပူ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua ဦးဆောင်သော သံတမန် များနှင့် ၎င်းတို့၏ ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာ စားပွဲသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုံ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တေးသံရှင် များက မြန်မာ့အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့နှင့် တွဲဖက်၍ တေးသီချင်း များဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။ (သတင်းစဉ်)

ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ၎င်းတို့၏ ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ် ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံတမန် အဖွဲ့ နာယက စင်ကာပူ သမ္မတ နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော သံရုံးများမှ သံအမတ် ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ ဌာနေ ကိုယ်စားလှယ် များနှင့် ၎င်းတို့၏ ဇနီးများ၊ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟို ကော်မတီ ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ နိုင်ငံရေး ပါတီ ဥက္ကဋ္ဌ များနှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာ စားပွဲတွင် ညစာမသုံး ဆောင်မီနှင့် ညစာ သုံးဆောင် နေစဉ် အတွင်း တေးသံရှင် များက မြန်မာ့အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့နှင့် တွဲဖက်၍ တေးသီချင်း များဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။

http://www.myawady.net.mm/allnews/headline/item/3607-2013-01-05-08-41-35

လှိုင်းဘွဲ့မြို့ ကရင်နှစ်ကူးပွဲကို KNU စစ်ဦးချုပ် တက်မယ်

 
                            ဗိုလ်ချုပ်ကြီးဂျော်နီ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
 ကရင်ပြည်နယ်ရှိမြို့နယ်များတွင် တခမ်းတနား အလှည့်ကျ ကျင်းပသည့် နှစ်သစ်ကူးပွဲတော်ကို KNU စစ်ဦးချုပ် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်သည်။

ယခုနှစ်အတွက် အလှည့်ကျသည့် ဒေသမှာ လှိုင်းဘွဲမြို့နယ်ဖြစ်သည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီက ဧရာဝတီသတင်းဌာနကို အောက်ပါအတိုင်း ပြောပြသည်။ ”ပွဲတော်ကျင်းပရေးကော်မတီက ကျွန်တော်တို့ကို ဖိတ်တယ်။ ကရင်အမျိုးသားစည်းလုံးညီ ညွှတ်မှုအတွက် သွားရောက်မှာဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားတွေကိုလည်း ကရင်အမျိုးသားတွေကို သိစေချင်တယ်”

ယခုနှစ်ဇန်န၀ါရီလ ၁၂ နေ့တွင် ရောက်သည့် ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်နှင့် ကရင်အမျိုးသားများနေထိုင်ကြသည့် နေရာဒေသများတွင်လည်း တပြိုင်တည်း ကျင်းပကြမည် ဖြစ်သည်။ လှိုင်းဘွဲမြို့တွင် ပြုလုပ်မည့် ပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြည်ထဲရေးဌာနတာဝန်ခံ ပဒိုအားတိုးအပါ အ၀င် ခေါင်းဆောင်အချို့လည်း တက်ရောက်ကြမည်ဟု သိရသည်။

ပဒိုအားတိုးက ”KNU ဥက္ကဌရဲ့နှစ်သစ်ကူးသ၀ဏ်လွှာကို ဖတ်မယ်၊ နောက်ပြီး လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူထုကို ချပြဘို့ရှိတယ်။ ဒါက အရေးကြီးတယ်။ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်” ဟုပြောသည်။

KNU စစ်ဦးစီးချုပ်နှင့် အဖွဲ့သည် နှစ်သစ်ကူး ခရီးစဉ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများ၊ အခြား ကရင်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟု သိရသည်။

ကရင်နိုင်ငံရေးပါတီတခုမှ လွှတ်တော် ကိုယ်စားလှယ်တဦးက ” KNU က တာဝန်ရှိသူတွေ ကရင်နှစ် သစ်ကူးပွဲလာမယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်။ ဒါမျိုးကအရင်ကတည်းကဖြစ်သင့်တာပါ။ ကရင်ပြည် နယ်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဘို့ ဆိုတာက တကယ် တာဝန်ရှိတဲ့လူတွေမှာပဲ မူတည်တာပါ” ဟုပြော သည်။

ပွဲတော်သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နိုင်ငံရေးပါတီများ၊ KNU အပါအ၀င် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ဖိတ်ကြားထားပြီး ပွဲတော်သို့ ကရင်ရိုးရာဒုံးယိမ်း အဖွဲ့ ၃၀ ခန့် ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဟု ပွဲဖြစ်မြောက်ရေး နာယက ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ၁၉၃၉ ခုနှစ်တွင် တရားဝင် စတင် ကျင်းပခဲ့သည်။
 ဧရာဝတီ

2012 ခု ကမ္ဘာတစ်လွှားထူးခြားဖြစ်စဉ်များ(ရုပ်-သံ)

  ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁

VOA မှတင်ဆက်သည်။
၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း နိုင်ငံတွေမှာ ခါတိုင်းနှစ်တွေလိုပဲ သဘာဝဘေးအန္တရယ်တွေ၊ မတော်တဆ ထိခိုက်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ တချိန်တည်းမှာ အောင်မြင်မှုတွေနဲ့ အခမ်းအနားတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ကြုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်က ထူးခြားတဲ့ အဖြစ်အပျက် တချို့ Reuters သတင်းဌာနရဲ့ စုစည်းတင်ပြချက်ကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်

၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၂

ဒုတိယကမ္ဘာစစ် တိုက်လေယာဉ်တွေရှာဖွေရေး (ရုပ်/သံ)


ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှုပ်နှံ ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ MK14 Spitfire ဗြိတိသျှတိုက် လေယာဉ်တွေကို ရှာဖွေဖို့ ဗြိတိန်နိုင်ငံက အဖွဲ့တဖွဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ ကို ရောက်ရှိလာကြပါတယ်။ MK14 Spitfire လေယာဉ်တွေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းမှာ စတင်တူးဖော် ရှာဖွေဖို့ ပြင်ဆင်နေတဲ့ အကြောင်း ဗြိတိန်ရှာ ဖွေရေး အဖွဲ့ခေါင်းဆောင် တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကတည်းက ပြောနေခဲ့ တာလည်းဖြစ်ပါတယ်။ ဒီအကြောင်း Reuters သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။


VOA

တရုတ်နိုင်ငံဘက် ဗုံးတွေ ကျလို့ မြန်မာကို ကန့်ကွက်

တရုတ် နိုင်ငံဘက် ခြမ်းကို တနင်္ဂနွေနေ့က ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်
 မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေ သူပုန်တွေ အပေါ် လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ် နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက် ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။


ထားဝယ်မြို့ ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) ~


(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲကို သောကြာနေ့က ကျင်းပခဲ့သည်။

နံနက်(၇)နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်၊ ရွှေဝယ်သီရိလမ်းမကြီးဘေးရှိ ခရီးကြမ်းစက်ဘီးစီးကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆုကို စိုးမင်း ၊ ဒုတိယဆုကို မျိုးမျိုး နှင့် တတိယဆုကို မျိုးမင်းထိုက်တို့က အသီးသီးရသွားကြသည်။


Mountain Bike Challenge 2013 ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲဟု အမည်ပေးထားသော ထိုပြိုင်ပွဲကို  စက်ဘီးသမား (၁၅)  ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

အသက်ငယ်ဆုံးပြိုင်ပွဲဝင်သူမှာ မောင်လင်းထူးကိုကို(အသက်၁၃ နှစ်) ဖြစ်ကာ အမှတ်စဉ်(၆)အဖြစ် ပန်းဝင်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲကို Dawei Bike အပျော်တမ်း စက်ဘီးစီးဝါသနာရှင်များက ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံအနှံ့စက်ဘီးစီးခဲ့သည့် ဦးသီးလှိုင်














Add caption


  Phoe Zaw (Phoezaw)Facebook

Friday, January 4, 2013

၆၅ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားတွင် သီးလေးသီး အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှု (ရုပ်/သံ)

ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၅ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွင် သီးလေးသီး အငြိမ့်အဖွဲ့တင်ဆက်ခဲ့သည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - The Voice Weekly
 ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၅ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွင် သီးလေးသီး အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှု။

ဆက်သွယ်ရေးရုံးများ၌သာ ရောင်းချမည့် တစ်သိန်းနှင့် တစ်သိန်းနှစ်သောင်းတန် ဖုန်းကဒ်များ

 
 ဇန်န၀ါရီလ ဒုတိယ အပတ်အတွင်း ထွက်ရှိမည့် တန်ဖိုးနည်း မိုဘိုင်း ဖုန်းကဒ်များအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံး များ၌သာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ GSM ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှင့် WCDMA ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ရောင်းချ မည်ဖြစ်ကြောင်း...

လိုင်ဇာသို့ရောက်နေသော၈၈မျိုးဆက်ကျောင်းသားများ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ


ကချင်ပြည်နယ်၊ လိုင်ဇာဒေသသို့ ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများသည် ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သိရသည်။

အချက်အလက်များ စုဆောင်းရန်နှင့် သာမန်နယ်စွန်နယ်ဖျားမှ တိုင်းရင်းသားများ၏ အမြင်တွင် ကချင်လူမျိုးများနှင့် ဗမာလူမျိုးများ စစ်ဖြစ်နေသည်ဆိုသောအမြင်ကို လျှော့ချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့် မစန်းစန်းမော်တို့သည် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဉ်မှရလာသည့် အချက်အလက်များကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများကို အသိပေးခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်သွားရန် ရှိကြောင်းနှင့် ၂၀၁၃ နှစ်သစ်တွင် ငြိမ်းချမ်းရေး လမ်းစတစ်ခု ရရန်အထိ အမြင့်ဆုံးမျှော်လင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပြောကြားထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာလ နှောင်းပိုင်းတွင် တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့်ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့သည်။

ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည် အရေအတွက်မှာ တစ်သိန်းခြောက်သောင်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများသည် ဒုက္ခသည်စခန်းများသို့ ငွေကျပ် ၁၄၅ သိန်းနှင့် စောင်၊ အ၀တ်အထည်များကိုလည်း လှူဒါန်းသွားမည် ဖြစ်သည်။

ခရီးစဉ်သည် ငါးရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို ရန်ကုန်သို့ ပြန်ရောက်ပြီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးမှ သိရသည်။

EMG

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်ရုံးမှာ ပြောတဲ့ မိန့်ခွန်း (အသံဖိုင်)

 
မြန်မာနိုင်ငံတွင်ပဋိပက္ခများဖြေရှင်းရာ၌တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားဖို့ 
လိုကြောင်းနှင့်ထိုကဲ့သို့ အပြန်အလှန်နား လည်မူ့ မပေးနိုင်ပါကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံထူထောင်နိုင်မှာမဟုတ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ၊ပြည်သူ့ လွှတ်တော်အမတ်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ရုံးချုပ်) တွင်ကျင်းပသော၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့် ခွန်းတွင် ပြောကြားလိုက်သည်။ “ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ပဋိပက္ခဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်လေးစားဖို့ ဖြစ်တယ် ကိုယ်နဲ့ မတူတဲ့အတွေးခေါ်တွေကိုမလေးစားနိုင်ရင် ကိုယ်နဲ့ မတူတဲ့အတွေးအခေါ်တွေကိုနားလည်မူ့ မပေးနိုင်ရင် ကျွန်မတို့ ဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံမထူ ထောင် နိုင်ပါဘူး” ဟုပြောကြားခဲ့သည်။7Day News Journal

ဆယ်စုနှစ်တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ဒီဗီဒီဇာတ်ကား ရိုက်ကူးမှုအား ၂၀၁၃ ဇန်န၀ါရီမှ စတင်၍ ခွင့်မပြုတော့ကြောင်းသိရ


၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့်မှ စတင်ကာ ဈေးကွက်လမ်းကြောင်း တစ်ခုအသွင်ဖြင့် ပေါ်ထွက်လာခဲ့သည့် ဒီဗီဒီဇာတ်ကားများ ရိုက်ကူးမှုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန် ကြေညာထားခဲ့သည်။

ယင်းသို့ ဒီဗီဒီဇာတ်ကားများအား ရိုက်ကူးခွင့် လျောက်ထားခြင်းကို တားမြစ်လိုက်ခြင်းမှာ ယခုအခါတွင် ရုပ်ရှင်ဇာတ်ကားကြီးမှာ ထွက်ရှိမှုအခြေအနေ တိုးတက်လာခြင်းနှင့် ဒစ် ဂျစ်တယ်စနစ်ဖြင့် ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ ပြသရေးအတွက် အခက်အခဲရှိလာနိုင်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု ယင်းကြေညာချက်တွင် တစ်ပါတည်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဗီဒီယို ထုတ်လုပ်သူ လုပ်ငန်းရှင်များ စုံညီအစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

''အခုလို ဆုံးဖြတ်လိုက်တာက ဖလင်ကနေ HD ပြောင်းဖို့ စီစဉ်နေတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဖလင်ကနေ HD ပြောင်းမယ့်အချိန်မှာ ဒီဗီဒီကားတွေက ကန့်လန့် ဖြစ်နေတဲ့အခါကျတော့ အခုလိုနားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်ထင်ပါတယ်။ဈေးကွက် အပြောင်းအလဲတစ်ခု ဖြစ် သွားမယ့် သဘောပဲရှိပါတယ်။

သိပ်အများကြီးတော့ ပြောင်းလဲသွားမယ် မထင်ဘူး။ ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာရှင်တွေအနေနဲ့လည်း အများကြီးပြောင်းလဲသွားဖို့ မရှိပါဘူး။ အဓိကတော့ ရုပ်ရှင်ကားကြီးတို့ ဒီဗီဒီတို့ ဆိုတာမျိုးက ဈေးကွက်အရသိပ်အများကြီး ကွာခြားမှုမရှိဘူး။ အခု ၂၀၁၃ မှာ ဇာတ်ကားရိုက်ကူးမှုကိုလည်း အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားပြီးပြီ ဆိုတဲ့အခါကျတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက် သီးသန့်ပဲ ရှိတော့မယ့် သဘောမျိုး ဖြစ်သွားမှာပါ။ ဇာတ်ကားရဲ့အရည်အသွေးပိုင်းကိုလည်း အတိုင်းအတာတစ်ခုထိတော့ ပြင်ဆင် ကြိုးစားလာကြလိမ့်မယ်ထင်တယ်'' ဟု ဒီဗီဒီဇာတ်ကားရိုက်ကူးမှုကို တားမြစ်လိုက်ခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရှင်းပြခဲ့ပါသည်။

ယင်းကဲ့သို့ ဒီဗီဒီဇာတ်ကားများ ရိုက်ကူးမှုရပ်နားလိုက်ခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်ရုံလုပ်ငန်းရှင်တစ်ဦးကလည်း ''အရင်ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးမှုနည်းသွားတဲ့အချိန်မှာ ဇာတ်ကားအစားထိုးပြသမှုအနေနဲ့ ဒီဗီဒီဇာတ်ကားတွေ ပြတယ်။

ဈေး ကွက်တစ်ခုအနေနဲ့ အခိုင်အမာရှိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီဗီဒီ ဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ယိုင်လာခဲ့ပါတယ်။ ဒီဗီဒီဇာတ်ကားက ရုံတင်တဲ့အချိန်နဲ့ သိပ်မကွာဘဲ အခွေအဖြစ်ထွက်နိုင်တဲ့အခါကျတော့ သိပ်ကောင်းတယ်ဆိုတဲ့ ကားလောက်ကလွဲရင် ပရိသတ်သိပ်အများကြီး မ၀င်တော့ဘူး။ အခုကတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်တာလည်း ပိုများလာတယ်။ဖလင်ကနေ HD ပြောင်းဖို့လည်း ကြိုးစားလာကြတယ်။

ရုံတင်ပြသတဲ့စနစ် ကိုလည်း ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့အခါမှာ ဒီဗီဒီဆိုတဲ့ လမ်းကြောင်းတစ်ခုကို နားလိုက်တာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။ ဈေးကွက်အနေအထားအရလည်း ရုပ်ရှင်ကားကြီးတွေချည်း သီးသန့်ယှဉ်ပြိုင် ရတဲ့ ပုံစံဖြစ်သွားတာပေါ့'' ဟု သူ၏အမြင်အား သုံးသပ်ခဲ့ပါသည်။

သတ်မှတ်လိုက်သော ထုတ်ပြန်ချက်အရ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ဒီဗီဒီဇာတ်ကား ရိုက်ကူးခွင့် လျောက်ထားမှုကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ငွေကြေးလက် လွန်ကာ စီစဉ်ပြီးဖြစ်နေသည့်ကားအချို့အား ချွင်းချက်အဖြစ် သတ်မှတ်ကာ ရိုက်ကူးခွင့်ပေးမပေးကို ဆုံးဖြတ်သွားမည်ဟု သိရှိရသည်။ ဒီဗီဒီဇာတ်ကား ရုံတင်ပြသမှုကိုမူ ရိုက်ကူးပြီးဖြစ်သည့် ဇာတ်ကားများကိုသာ ဆက်လက် ပြသမည်ဖြစ်ပြီး ယင်းဇာတ်ကားများအားလုံး ပြသပြီးသွားပါက ဒီဗီဒီ ဇာတ်ကားများ ပြသမှုရှိတော့မည် မဟုတ်ကြောင်း သိရှိရသည်။
Eleven Media Group

လွတ်လပ်ရေးနေ့ ဧရာဝတီတမ်းချင်း

 သန်းဝင်းသူ-ရေးသည်
 
အဘတော့ဒီနေ့ကိုယ့်ကိုယ်ကိုယ်ဇွတ်အတင်းလွတ်လပ် ခိုင်းထားတယ် ။
မန္တလေးကအရင်းအနှီးဆုံးတစ်ယောက်နဲ့ အစားကောင်းလေးတွေစားတယ်။ ပြီးသူလည်းသွားစရာ ရှိတာသွားတယ်။ ကိုယ်ကဘယ်သွားရမလဲ?။
သိပြီ..။
အဘတို့လိုပဲ့ပြည်သူတွေရဲ့နှလုံးသည်းပွတ် အမိဧရာဝတီဘက် လှမ်းခဲ့ပါတယ်။ အမိဧရာဝတီသည်လည်း တာဝန်ကျေပွန် အောင်ဘယ်လောက်ထမ်းရွက်ထမ်းရွက်လူသားများသည် ကားရက်စက်လှပေ၏။ မိခင်၏အားအင်ကိုတန်ဘိုးရှိစွာ မသုံးစွဲကြ ။ အချီးအနှီးဖြုန်းတီးကြပေ၏ ။ စည်းမဲ့ကမ်းမဲ့လုပ် ကြပေ၏ ။ မိခင်၏အလှတရားကိုဖျက်ဆီးပစ်ကြ၏ ။ မထိန်း သိမ်းသည့်အပြင် ပျက်သထက်ပျက်အောင်သာအလုအ ယက်ကြံဆောင်ကြပေ၏ ။


အုပ်ချုပ်သူများသည်လည်းမိခင် ကိုလှည့်မကြည့်ကြကုန်။ မိုက်လုံးကြီးစွာ ကြံရာပါပင်လုပ် ချင်နေပေသေး၏ ။ မိခင်သည်မေတ္တာကြီးမားသူပီပီမိုက်လုံး ကြီးသူများ၏ဒဏ်ကိုခါးစည်းခံပေ၏ ။ အမိဧရာဝတီသည် လည်းမလွတ်လပ်ပေတကား ။ သဘာဝအတိုင်းစီးဆင်းခွင့် မရ ဟိုတား ဒီဆီးဖြင့် ဖြစ်သလိုကွေ့ဝိုက်စီးဆင်းနေရပေ၏။

အို•••မြန်ပြည်ရှိအမျိုးချစ်လှကုန်သောတစ်ဗိုလ်တက်တစ် ဗိုလ်ဆင်း လူတတ်ကြီးများခင်ဗျား.......
မိမိတို့လုပ်ချင်ရာလုပ်ပြီး လျှင်လည်း အမိဧရာဝတီအားပြန်လည်စောင်းငဲ့ကြည့်ကြ ပါအုန်း။ စောင့်ရှောက်အလှဆင်ပါအုန်း။ မိုက်လုံးကြီးတာကို ရပ်ကြပြီး အလိမ္မာတုံးကြီးတွေလုပ်ကြပါအုန်း။

အို••ငမိုက်သား လောဘအိုးပြည်သူထဲကသူဋ္ဌေးတေလေ ဂျပိုးအပေါင်းတို့.......
သင်တို့စုပ်ယူထားသည့်အတိုင်းအမိဧရာဝတီအားစွမ်းအင်များပြန်လည်ဖြည့်တင်းကြပါကုန်။

အို...စည်းကမ်းမဲ့အမိဧရာဝတီအပေါ်အညစ်ကြေးစွန့် သူဆင်းရဲအပေါင်းတို့....
ဆင်ခြင်ပါကုန်လော့ယခုဘဝတွင် ပင်ဆင်းရဲခြင်းကိုဆင်ခြင်၍အမိဧရာဝတီကိုမညစ်နွမ်းစေ သင့်၊ နောင်ဘဝအတွင်အပေါက်မပါလူဗလာဖြစ်မည်ကို ကြောက်သင့်ပေ၏။
ကျနော်သည်ကားအနည်းငယ်မျှလွတ်လပ်နေသေး၏။

မိခင်ဧရာဝတီကားလုံးဝလွတ်လပ်မှုမရှိ။

ရင်နင့်စရာပင် ကောင်းနေသေးတော့။
                                                   thanwinthu@••••(4-1-2013)11:17AM  )
Than Win(Faebook)

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား



အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ် အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူ ခဲ့ရသည်။ အဆိုပါ အင်္ကျီ ၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။

အဆိုပါ အင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး ရွှေရောင် ခါးပတ် တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။

ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေလက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။

လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကွယ်လွန်

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင်ဟာ ယနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၃ နာရီက ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ 



ရန်ကုန်မြို့ X2O ရေကစား မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သေဒဏ် ချမှတ်ခံခဲ့ရပြီး ကင်ဆာရောဂါ ခံစားနေရချိန် ယမန်နှစ် သြဂုတ်လက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာမိန့်နဲ့ လွတ်မြောက်လာခဲ့သူ ကိုဖြိုးဝေအောင်ဟာ အသဲကင်ဆာ ဝေဒနာဖြင့် တာမွေမြို့နယ်၊ သီတာလမ်း နေအိမ်မှာ ယနေ့ နံနက်ပိုင်း က ကွယ်လွန်သွားတာဖြစ်တယ်လို့ မိသားစုဝင် တဦးဖြစ်သူ ကိုအောင်မြင့်က ဧရာဝတီကို ပြောပါတယ်။ 

"အခု သူ့ကို သုဿန်မှာ ရေးချိုးသန့်စင်တာတာတို့ ဘာလို့ လုပ်နေပါတယ်။ မဌေးဌေး ( ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ) ကတော့ စကားမပြောနိုင်လို့ ခွင့်လွှတ်ပါ။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ကလေးတွေ လဲ နေကောင်းကြပါတယ်။ နေ့လယ် ၁ နာရီခွဲမှာ သဂြိုလ်မှာပါ" လို့ သူက ပြောပါတယ်။

ယနေ့ နေလယ် ၁ နာရီ ခွဲတွင် အစ္စလမ် ဘာသာ ထုံးစံနှင့် အညီ ရေဝေး သုဿန်တွင် သဂြိုလ်မှာဖြစ်တယ်
လို့သိရပါတယ်။ 

X2O သင်္ကြန်မဏ္ဍပ် ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ် ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့် ပုဒ်မ ၄၀၁ နဲ့ ပြန်လွတ်လာခဲ့တာပါ။ ပြန်လွတ်လာစဉ်ကတည်းက ခန္ဓာကိုယ် အောက်ပိုင်း 
သေ နေခဲ့ပြီး အသဲကင်ဆာဝေဒနာကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးစစ်ဆေးချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ညင်းပမ်းနှိပ်စက်ပြီး အဓမ္မဝန်ခံထွက်ဆို ခိုင်းတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

အသည်းကင်ဆာ ခံစားနေရတဲ့ ကိုဖြိုးဝေအောင်ဟာ ၃ လ နီးပါးကြာ အင်းစိန်ဆေးရုံ မှာ ဆေးကုသ ခွင့်ရခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား မြန်မာပြည်ကို လာရောက်စဉ် ကိုဖြိုးဝေအောင်ကို သွားရောက် တွေ့ဆုံပြီးနောက် လေး ရက်မြောက်နေ့မှာ လွတ်မြောက်လာခဲ့တာပါ။ 


ကိုဖြိုးဝေအောင် အကျဉ်းထောင်က ပြန်လွတ်လွတ်ချင်း ဧရာဝတီက ဆက်သွယ်မေးမြန်းထားခဲ့ရာ ကိုဖြိုးဝေအောင်က ဘာတွေ ပြောခဲ့တယ်ဆိုတာ သိနိုင်ဖို့  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


မေး။ ကိုဖြိုးဝေအောင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေ ဘယ်လိုနေပါလဲ။
ဖြေ။ ကျနော် အသည်း ကတော့ ဆေးသောက် ရတယ်။ အောက်ပိုင်း ကတော့ လှုပ်လို့ မရတော့ဘူး။

မေး။ ကိုဖြိုးဝေအောင် ဒီနေ့ လွတ်လာတဲ့ အပေါ် ဘယ်များပြောချင်ပါလဲ။
ဖြေ။ ဖမ်းပြီးရင် တနေ့တော့ လွတ်ရမှာပေါ့။ ဘယ်နေ့ လွတ်မလဲ ဆိုတာသာ မသိတာပေါ့နော်။ တနေ့နေ့တော့ လွှတ်ပေးရမှာ စပြီးဖမ်းကတည်းက မှားပြီးဖမ်းတာ။

မေး။ ကျန်းမာရေး ကလည်း မကောင်းတော့ ဒီလို လွတ်လိမ့် မယ်လို့ မျှော်လင့် ထားလား။
ဖြေ။ တနေ့ မဟုတ် တနေ့တော့ ကျနော် တို့ကို လွှတ်ပေးရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အမှုတွေက ပွင့်ပွင့် လင်းလင်း ပြောရရင် အမှုတွဲထဲမှာ ကိုက ရှင်းရှင်း လင်းလင်း ပေါ်နေပြီးသား။ အဲဒါကို သူတို့ ဘယ်လိုမှ ဖုံးထားလို့မရဘူး။ လွှတ်တာတော့ အနှေးနဲ့အမြန် လွှတ်ရမယ်။ ဘယ်နေ့လဲတော့ ကျနော်တို့ မသိဘူး။ တနေ့နေ့ လွတ်မယ် ဆိုတာတော့ ကျနော်က သိပြီးသား။ ယုံကြည်ပြီးသားပဲ။

မေး။ မစ္စတာ ကင်တားနား လာတွေ့တယ် ကြားရတယ်။ ဘာတွေ ပြောဖြစ်ကြလဲ။
ဖြေ။ မစ္စတာ ကင်တားနား ဆေးရုံမှာ ကျနော့်ကို လာတွေ့တယ်၊ အဓိက သူနဲ့ ကျန်းမာရေး အကြောင်း အဓိက ပြောဖြစ်တယ်။ နောက် ထောင်အကြောင်း နည်းနည်း ပါးပါးမေးတယ်။ ဒီလောက်ပါပဲ။

မေး ဖမ်းဆီးပြီးတဲ့နောက် စုံစမ်းစစ်ဆေး တာတွေလည်း ကြမ်းတယ်လို့ ကြားရတယ်။ ဒီလို စုံစမ်းစစ်ဆေး တဲ့ အပေါ်မှာရော နောက် အကို့ကို တရားစီရင်တဲ့ အပေါ် ဘာများ ပြောချင်လဲ။
ဖြေ။ ဒါကတော့ ဖြစ်ကာစ ကတော့ လူပဲ၊ စိတ်ဆိုးတယ်။ ခံစားချက် ရှိတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်းပြောရရင် ခေတ်စနစ်တခုမှာ ဒါကို မောင်နီလုပ်ရင် လုပ်မယ် မောင်ဖြူ လုပ်ရင်လုပ်မယ်။ တယောက်ယောက်တော့ လုပ်နေကြမှာပဲ။ ဒါကတော့ စနစ် မပြောင်းမချင်း ဒါတွေ ရှိနေမယ်။ လူပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ကတော့ ကျနော် ဖြူသည် မဲသည် မပြောလိုတော့ပါဘူး။

မေး။ ဆေးကုသခံနေရစဉ်မှာရော ဆက်ဆံမှုက ဘယ်လိုရှိပါလဲ။
ဖြေ။ ဒီ (အင်းစိန်) ဆေးရုံမှာတော့ ဆရာဝန်တွေက အားလုံး ပရော်ဖက်ရှယ်နယ်တွေပဲလေ။ အားလုံး စိတ်ချရပါတယ်။ အဆင်ပြေပါတယ်။ ထောင်ဆေးရုံမှာကတော့ ရှင်းရှင်းပြောရရင် ဆရာဝန်တွေက ဆရာဝန်မဟုတ်ဘူးပေါ့ဗျာ။ ပရော်ဖက်ရှင်နယ် မဆန်ဘူး။

မေး။ အခုအင်းစိန်ဆေးရုံကနေ တခြားဆေးရုံကို လွှဲပြီးပြီလား။
ဖြေ။ မလွှဲရသေးဘူး။ လောလောဆယ် အင်းစိန်ဆေးရုံမှာပဲ ရှိသေးတယ်။

မေး။ မိသားစုနဲ့ ပြန်နေခွင့်ရပြီဆိုတော့ ခံစားချက်ကလေး ပြောပြပါအုံး။
ဖြေ။ ကျနော့်သားတွေ သမီးတွေနဲ့ ပြန်ဆုံရမယ်ဆိုတော့ ကြည်နူးတာပါ့ဗျာ။ ကလေးတွေနဲ့ ၂ နှစ်လောက် ခွဲနေရတာဆိုတော့။

မေး။ ပြောချင်တဲ့ စကားလေးရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ။ ကျနော် အထဲမှာ ရှိနေတဲ့အချိန်မှာ ကျနော်နဲ့ ပတ်သက်ပြီး ကူညီပေးတဲ့အဖွဲ့တွေ မီဒီယာတွေကို အားလုံးကို ကျနော်က ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။
ဧရာဝတီ blog မှ

၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ၈၈ မျိုးဆက် သ၀ဏ်လွှာ

ယနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်း သားများမှ သ၀ဏ်လွှာပေးပို့ပါတယ်။ 




စာအမှတ် - ၃၆/၂၀၁၂ (၈၈) 
ရက်စွဲ - ၄ ၊ ဇန်န၀ါရီ ၊ ၂၀၁၃ 
၈၈ မျိုးဆက်ကျောင်းသားများ 
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊  မြန်မာ။
ဖုန်း - ၀၁ - ၅၇၇ ၆၅၆ Email – info@the88generation.org 

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ 

 နိုင်ငံတကာမိသားစု အလယ်တွင် “ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ” ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ၆၅ နှစ် တိုင်ခဲ့လေပြီ။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်တွင် လွတ်လပ်ရေးကြေညာစာတမ်းကြီးကို နိုင်ငံ တကာသို့ ထုတ်ပြန်ကြေညာခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကြီး၏ အပိုဒ် ၆ တွင် “တိုင်းရင်းသား အပေါင်းတို့ သွေးစည်း ညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတ 
မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ ….” ဟူ၍ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာခဲ့သည်။

နိုင်ငံတော်သီချင်း၏ အဖွင့်စာသားအဖြစ် “တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြည် ….။ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ ပြည်၊ တို့ပြည် ….” ဟူ၍ နိုင်ငံတော် အခြေခံမူများကို ဟစ်ကြွေးခဲ့ကြသည်။ 


ယနေ့ အခါသမယသည် လွတ်လပ်ရေးဖခင်ကြီးများ ချမှတ်ကြွေးကြော်ခဲ့သည့် ရည်မှန်းချက်များ မည်မျှ ထမြောက်အောင်မြင်ခဲ့သည်ကို ပြန်ပြောင်းသုံးသပ်ကြရန် လိုအပ်ပေသည်။ တိုင်းရင်းသားချင်း တန်းတူ ညီမျှမှုမရှိဘဲ ပြည်ထောင်စုကြီး မတည်ဆောက်နိုင်။ ပြည်တွင်းငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖော်ဆောင်နိုင်။ ဒီမိုကရေစီပန်းတိုင် မရောက်ရှိဘဲ နိုင်ငံသား ပြည်သူအားလုံး လွတ်လပ်မှုအရသာကို တင်းပြည့် ကျပ်ပြည့် မခံစားနိုင်။ 

ပြဿနာအားလုံး၏ အဖြေသည် လက်ရှိနိုင်ငံတော်အစိုးရ အပါအ၀င် တိုင်းရင်းသား၊ နိုင်ငံသား အပေါင်း တို့၏ အပေါ်တွင် မူတည်နေပေသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း အရ ဖြေရှင်းကြ ရမည် ဖြစ်သည်။ 

သို့ပါသောကြောင့် ငြိမ်းချမ်းဖွံ့ဖြိုးသော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး” အမြန်ဆုံးပေါ်ပေါက်ပြီး လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ခံစားနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြပါရန် ဤ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။ 
၈၈ မျိုးဆက်ကျောင်းသားများ 

အမေရိကန် ကွန်ဂရက်လွှတ်တော်သစ် ကျမ်းသစ္စာဆို

အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ကွန်ကရက်လွှတ်တော်အဆောက်အအုံရှေ့တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆို ကြပြီိးတဲ့နောက် ကွန်ဂရက်လွှတ်တော်ရဲ့ သက်တမ်းအသစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိုးလာနေတဲ့ ကြွေးမြီကိစ္စ၊  အငြင်းပွားဖွယ် သေနတ်ပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တွေလို ကိစ္စအဟောင်းတွေကိုပဲ လာမယ့် သီတင်းပတ်တွေအတွင်း ရင်ဆိုင် ဖြေရှင်းကြရဦးမှာဖြစ်ပါတယ်။ သက်တမ်းကုန်သွားတဲ့ ကွန်ဂရက် လွှတ်တော်ဟာ အခွန်ကောက်ခံရေးနဲ့ အသုံးစရိတ်ဆိုင်ရာကိစ္စတွေအပေါ် သက်တမ်း ကုန်ခါနီး နောက်ဆုံးရက်တွေ အတွင်း အပြင်းအထန် သဘောထားကွဲလွဲခဲ့ပြီး နောက်ဆုံးမှာမှ အချမ်းသာဆုံး အမေရိကန်တွေအပေါ် အခွန် တိုးကောက်ဖို့ သဘောတူပြီး ပြေလည်မှုရခဲ့တာပါ။

အခု ၁၁၃ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်အသစ်ဟာ နိုင်ငံအနေနဲ့ ချေးယူနိုင်တဲ့ အကြွေးပမာဏသတ်မှတ်ချက် ဒေါ်လာ ၁၆ ဒဿမ ၄ ထရီလီယံကို ထပ်တိုးပေးဖို့ ပြန်ပြီး ဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။  အဲဒီချေးယူနိုင်တဲ့ အကြွေးပမာဏ သတ်မှတ်ချက် ဟာ ဒီသီတင်းပတ်အစောပိုင်းကပဲ ပြည့်သွားခဲ့တာပါ။

ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲတွေနဲ့အတူ ကွန်ဂရက်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွေရဲ့ တစိတ်တပိုင်းအဖြစ် အောက်လွှတ်တော်ရဲ့ လက်ရှိဥက္ကဋ္ဌ၊ အိုဟိုင်းယိုးပြည်နယ်၊ အောက်လွှတ်တော်အမတ် ဂျွန် ဘေနာ (John Boehner) ကို အောက်လွှတ်တော်ရဲ့ဥက္ကဋ္ဌအဖြစ် ထပ်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ အမေရိကန်ဥပဒေအရ သူဟာ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) ပြီးရင် သမ္မတတာဝန်ကို ဆက်ခံ ထမ်းဆောင်နိုင်တဲ့ ဒုတိယနေရာမှာ ရှိနေသူဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက်

မြန်မာနိုင်ငံရဲ့ ၆၅မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စုက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မှန်မှန်ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့ ကျေနပ်ဝမ်းမြောက်ရပါကြောင်း အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ အမေရိကန်လူထုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၂ခုနှစ်အတွင်း အမေရိကန်၊ မြန်မာ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ခဲ့တာ အပါအဝင် နှစ်ဘက်ဆက်ဆံရေးမှာ သမိုင်းဝင်ဖြစ်ထွန်းတိုးတက်ခဲ့တာကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်တွေအပေါ် သမ္မတအိုဘားမားရော သူပါ ကျေနပ်ဝမ်းမြောက်ရပါတယ်လို့ ဝန်ကြီးကလင်တန်က သဝဏ်လွှာမှာ ပြောထားပါတယ်။ လာမယ့်နှစ်တွေ အတွင်း မိမိတို့အကြား မိတ်ဘက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆက်လုပ်သွားဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)