ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းသို့ 
ဆက်သွယ်မည့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး 
လက်ရှိကာလ၌ တရုတ်နိုင်ငံမှ စီမံကိန်းဆိုင်ရာ အကြံပြုချက် တင်ပြထားဆဲ 
အဆင့်သာ ရှိနေသေးကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏
 ပြောကြားချက်အရ သိရသည်။
"ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ကျွန်တော်တို့က 
ညှိနှိုင်းဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးဆဲဆိုတော့ ဘာမှမပြတ်သားသေး 
ဘူးပေါ့။ တရုတ်ဘက်ကတော့ Proposal တင်တာတော့ ရှိတာပေါ့။ တရုတ်ဘက်က Proposal 
တင်တယ်ဆိုပေမယ့် ဒီဘက်က သဘောတူမှ လုပ်လို့ရမှာလေ။ နိုင်ငံအတွက် အခြေအနေ 
ပေးတယ်။ ဖြစ်သင့်တယ်ဆိုရင် ပြီးတော့ အားလုံးက၊ အားလုံးကဆိုတာ 
ပြည်သူလူထုတို့ အစိုးရရော လွှတ်တော်တို့၊ ဘာတို့ကရော ဖြစ်သင့်တယ်ဆိုမှ 
လက်ခံမှာပေါ့။ အခုကတော့ ဆွေးနွေးဆဲ အဆင့်သာ ရှိပါသေးတယ်" ဟုလည်း 
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ 
ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းနှင့် စီမံကိန်း၏ 
ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ရှိကြောင်းလည်း  
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
အရှည် ၈၀၀ ကီလိုမီတာရှိ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ၂၀၁၅ 
ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု 
အဖွဲ့မှ ထုတ်ပြန်ထားကြောင်း၊ အဆိုပါ ရထားလမ်း စီမံကိန်းအား 
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ Rail -ways Engineering 
Corporation တို့က ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က လက်မှတ်ရေးထိုး 
ခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့မှ 
ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့ လက်မှတ်ရေးထိုး ထားမှုအရ တရုတ်နိုင်ငံသည် ရထားလမ်းကို 
ငွေကြေးမတည် ဆောက်လုပ်ပြီး နှစ်ပေါင်း ၅၀ ကြာအောင် အသုံးပြု 
သွားမည်ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းမှ မြန်မာအစိုးရအား လွှဲပြောင်း 
ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ရထားလမ်းသည် တစ်နာရီလျှင် ၁၇၀ ကီလိုမီတာ 
မြန်နှုန်းဖြင့် ခုတ်မောင်းနိုင်မည့် အမြန်ရထားဖြစ်ပြီး ကုဗတန်ချိန် ၄၀၀၀ 
သယ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့မှ 
ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ 
ကီလိုမီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊
 မန္တလေး၊ လားရှိုးမြို့များနှင့် မူဆယ်မြို့များကို ဖြတ်သန်းတည်ဆောက် 
သွားမည်ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ 
စင်း၊ ဥမင်လိုင်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် 
ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။ 
EMG 
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
                      -
                    
 
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
  လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago
 

 
 
 
 
 
 
 
 
 
 
 
 
