Pages

Friday, February 22, 2013

SSPP/SSA နှင့်အစိုးရစစ်တပ်ကြား ယနေ့ တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်

SSPP
    သျှမ်းပြည်တပ်မတော် SSPP/SSA
 ယနေ့မနက်ပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း SSPP/SSA နှင့်အစိုးရစစ်တပ်ကြား တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွါးနေပြီး ရလခ တိုင်းဘက်မ စစ်ယာဉ်တန်းများလည်း မိုင်းရှူးဘက်သို့ ထပ်တက်သွားသည်ကို တွေ့ရကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ကပြောပါသည်။

“ဒီနေ့မနက်ပိုင်း ၆ နာရီခွဲလောက်ကစပြီး ပစ်ခတ်တိုက်ခိုက်နေကြတယ်။ လွယ်လန်းထဲမှာဘဲ။ ခု မွန်းလွဲ ၂ နာရီအထိ ဖြစ်နေတယ်။ မရပ်သေးဘူး။ မနေ့ကတော့ ညနေပိုင်း ထပ်မံပစ်ခတ်တာ မရှိဘူး။ မြန်မာဘက်က အလောင်းတွေ လာသယ် ထုတ်နေတာ တွေ့တယ်။ ခန့်မှန်းထားတာထက် ပိုများမယ်လို့တော့ ထင်တာဘဲ။ ဘယ်လောက်ကျတယ်တော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲ” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ထို့အပြင် ယမန်နေ့က သျှမ်းပြည်တောင်ပိုင်း ခိုလမ်ဘက်မှ မြန်မာစစ်ယာဉ်တန်းတချို့လည်း မိုင်းနောင်၊ မိုင်းရှူးဘက်သို့  တက်လာကြောင်း ဆိုပါသည်။

“စစ်ကူသဘောတော့ဖြစ်မယ်မထင်ဘူး။ ကျနော်တို့တပ်တွေ ဆက်သွယ် အားဖြည့်တာတွေ မလုပ်နိုင်အောင် ဖြတ်ဖို့တက် လာတာ ဖြစ်နိုင်တယ်” ဟုလည်း ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

တဖက်၌လည်း အစိုးရစစ်တပ်၏ နယ်မြေရှင်းလင်းရေးစီမံကိန်းဟုဆိုကာ တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာ အုပ်စု နမ့်တောင်ဇိမ်ရွာအနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်းအား တပ်ဆုတ်ပေးရန် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကြားလူလွှတ်၍ ပြောဆိုခိုင်းခဲ့သည်ဟု ဆို၏။

သို့သော် SSPP/SSA မှ တန့်ယန်းဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ မိမိတို့ တပ်သားမိသားစုများ နေရာချထားရေး ဆောင် ရွက်ရန်အတွက် နိုင်ငံတော် သမ္မတထံ၌ စာတင်ထားပြီးဖြစ်သဖြင့် တပ်မဆုတ်ပေးနိုင်ကြောင်း၊ အဆိုပါ ယာဉ်တန်းများ တက်လာစဉ်ကလည်း တပ်အပြောင်းအလဲအတွက်ဟုသာ ဝမ့်ဟိုင်းရှိ SSPP/SSA ဌာနချုပ်သို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ထိုသို့မဟုတ်ဘဲ မိမိတို့အား ထိုးစစ်ဆင်ရန် တက်လာခြင်းဖြစ်သဖြင့် ယခုတိုက်ပွဲသည် မိမိတို့ဘက်မှ စတင်ကျူး လွန်ခြင်း မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

တိုက်ပွဲစဖြစ်သည့် ၁၉ ရက်နေ့က ရမခတိုင်းရုံးထံ သျှမ်းပြည်တပ်မတော်မှ ဖုန်းဆက်မေးမြန်းရာ တိုင်းမှူးကိုယ်တိုင် မိမိတို့ တိုင်းအောက်မှ တပ်များမဟုတ်ကြောင်း ပြောဆိုပြီး တိုက်ပွဲရပ်တန့်ရေးအတွက် ညွှန်ကြားပေးမည်ဟုလည်း ပြောဆိုခဲ့သေး ကြောင်း ဆိုပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ က ပဏာမ အဆင့်၊ ပြည်ထောင်စု အဆင့် တို့ဖြင့် ဆွေးနွေးပြီးဖြစ်ပါသည်။ ထိုအချိန်မှ ယနေ့တိုင် အစိုးရ၏ စစ်တပ်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၈၀ ထက်မနည်း ဖြစ်ပွါးခဲ့ပြီးဖြစ်ကြောင်း SSPP/SSA အရာရှိများ အသိုင်းအဝိုင်းက ပြောပါသည်။

 

လိုင်ဇာရောက် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အား မြန်မာ့တပ်မတော်ကဖမ်းဆီး


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ရောက်ရှိလာသော ငြိမ်းချမ်းရေးလမ်း လျှောက်အဖွဲ့အား အစိုးရ၏ စစ်တပ်က ဖမ်းဆီးကာနေပူလှမ်းထားကြောင်း သိရသည်။


ယခုလ ၂၁ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာသည့် ဦးနေမျိုးဇင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ယနေ့လိုင်ဇာမြို့မှ ဗန်းမော်သို့ အပြန်တွင် လဂျားယန်ရှိ မြန်မာအစိုးရတပ်က ထိန်းသိမ်းခေါ်ဆောင်ကာ နေပူလှမ်းထားခြင်းဖြစ်သည် ဟုဆိုပါသည် ။

၎င်းအဖွဲ့တွင် အသက် ရ၀ ခန့်အရွယ် ဗန်းမော်မြို့ NLD ပါတီဥက္ကဋ္ဌ ဦးဘမြင့် အပါအဝင် လူ ၃၀ ကျော်ခန့် ပါဝင်ပြီး ယခုလ ၁၉ ရက်နေ့က ဗန်းမော်မှ လိုင်ဇာသို့ ထွက်ခွာလာခြင်း ဖြစ်သည် ။ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါး ပစ္စည်း ကျပ် ၁၈ သိန်းဖိုး လှူဒါန်းခဲ့ကြောင်း သိရသည် ။

Sunday, February 17, 2013

အပိုင်းပိုင်းပြတ် အမျိုး သမီး အလောင်း ဖြူး တစ်မြို့ လုံး အုတ်အော်သောင်းနင်း ဖြစ်

 
ပဲခူးတိုင်း ဖြူး မြို့  နယ် တွင်း ရှိ သပြေ လှ ချောင်း ထဲ တွင် တွေ့ ရှိရသည့် အပိုင်းပိုင်း
ပြတ်နေသော အမျိုး သမီး အလောင်း တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက်
တွင် ပီနံ အိတ် တစ်ခု ထဲ တွင် ထည့် သွင်း ထား ပြီး တွေ့  ရှိရသည် ဟု ဖြူး မြို့ နယ် ရဲ
တပ် ဖွဲ့  မှုး ရုံး မှ ရဲ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။
စတင် တွေ့  ရှိ ချိန် က ဦးခေါင်းမ ပါ လာ သော် လည်း ထို့  နေ့ ညနေ တွင် ခန္တာ ပိုင်း
ကို တွေ့  ရှိ ရာ နှင့် မိုင် အနည်း ငယ် အကွာ တွင် ဦးခေါင်း ကို တွေ့  ထပ်မံ တွေ့  ရှိ
ရသည်။
ဖြူး မြို့  နယ် ပြည်သူ့  ဆေး ရုံ ကြီး မှာ သေမှု သေခင်း ဆိုင်ရာ စစ်ဆေး ချက် များ ကို
မကြာခင် ထုတ် ပြန် ပေး မည် ဟု ပြောကြားခဲ့ ပြီး ဦးခေါင်း နှင့် ခန္တာ ကိုယ် မှာ တစ်
ဆက် စပ် တည်း ဖြစ်သည် ဟု သတင်း ထုတ် ပြန်သည်။
ရွာသား တစ်ဦး ၏ အသိပေး ချက် အရ တွေ့ ရှိသော အမျိုး သမီး အလောင်းသည်
ဖြူး မြို့  တစ် မြို့ လုံး သဲ ထိတ် ရင် ဖို ဖွယ် ပင် ဖြစ်နေသည် ဟု သိရသည်။
ဖြူး မြို့  မှ ပညာရေး ၀န်ထမ်း တစ်ဦး က ကလေး တွေ ကို မျက်စေ့ အောက်က အပျောက်
မခံ တော့ ဘူး ၊ ညနေ ဆို အပြင် ကို မလွှတ်တော့ ဘူး ၊ သတင်း က တစ်မြို့  လုံး အုတ်
အော် သောင်းနင်း ပဲ ဟု FNG ကို ပြောသည်။
ဖြူး မြို့ နယ် ရဲ စခန်း က ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထား ပြီး တရားခံ ကို ဖမ်းမိရေး အတွက်
အပူ တပြင်း ကြိုး ပမ်း လျှက် ရှိသည်။
သေဆုံးသူ မှာ ဖြူး မြို့  မှ မဟုတ် ဟု သိရသည်။

သတင်း-FNG ဓာတ်ပုံ-သစ်ထူးလွင်
ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
(ထိတ်လန့် ခြောက်ခြား စရာ ဓါတ်ပုံများ ဖြစ်ပါ သဖြင့် ကလေးများနှင့် နှလုံးရောဂါ ရှိသူများ လုံးဝ မကြည့်ရှုရန် အထူး သတိပေး မေတ္တာရပ်ခံပါသည်။)