Pages

Saturday, March 23, 2013

ဓာတ်ပုံများ က ပြောသော မိတ္ထီလာ

 Myanmar-unrest-2

မိတ္ထီလာ မြို့ တွင် သုံး ရက် အတွင်း ဖြစ်ပွား ခဲ့ သည့် ဆူပူ အကြမ်းဖက် မှု များ ကြောင့်
အိမ်ခြေ ၂၀၀ ကျော် ပျက် စီး ဆုံး ရှုံး ပြီး လူ ၄၀ ထက် မနည်း သေဆုံး ခဲ့သည်။ ဘာ
သာရေး အဆောက် အဦ ၁၄ ခု ဖျက်ဆီး ခံ ရပြီး ပညာရေး မှုး ရုံး နှင့် စာရင်း စစ်
ရုံး အဆောက် အဦများ ပျက်စီးခဲ့သည်။ မော်တော် ဆိုင်ကယ် နှင့် မော်တော် ကား
များ လည်း ပျက်စီးခဲ့သည်။
ဓာတ်ပုံ များ | AP , AFP, Reuters
1ad40834c93cdb092c0f6a70670062b22c8affa4c911da092c0f6a70670055082c8affa4c911da092c0f6a7067005508-4_3_r536_c5343a9cf292ca44e0092c0f6a70670002ed12
1313b531aec929da092c0f6a70670078be14ad8871c955db092c0f6a706700c7e1628x4712013-03-22T080116Z_382681297_GM1E93M18E301_RTRMADP_3_MYANMAR-UNREST-MEIKHTILA2013-03-22T144449Z_2_CBRE92L0VU900_RTROPTP_2_CNEWS-US-MYANMAR-UNREST-MEIKHTILA989289fdc955db092c0f6a706700707e4587796-3x2-700x467APTOPIX Myanmar Riot.JPEG-0b518APTOPIX Myanmar Riot.JPEG-01a52APTOPIX Myanmar Riot.JPEG-0707easia_myanmar_policeb5a9b44ac946db092c0f6a706700a80bc25dd9e4c91fda092c0f6a706700722bc3791258c929da092c0f6a706700bc6ad62d9824c954db092c0f6a706700b518da0df239ca30df092c0f6a7067005c9ddad79058c99adc092c0f6a7067001a52f7f66bdd74884c4e8dc95095802c40fc-49f0325f2573489c9e99479ff9c5c6ef-7ff5d1a39ca2fdf092c0f6a706700681effddad2ec97bdc092c0f6a7067009c44Myanmar1+March+22+2013Myanmar2+March+22+201Myanmar7+March+22+2013Myanmar9+March+22+2013P06-130323-329pb-130322-burma-da-02.photoblog900WO-AN128_MYANMA_G_20130322171924
by FNG on March 23, 2013

ယနေ့မိတ္ထိလာ(၂၃-၃-၂၀၁၃)

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေရာ ခရိုင်အားကစားကွင်းရှိ ဒုက္ခသည်စခန်းအား ယနေ့မွန်းလွဲပိုင်းကတွေ့ရစဥ

ဓာတ်ပုံ- 7Day News Journal

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့တွင် စစ်ကားအစီး ၃၀ ခန့်တွေ့ရပြီး မိတ္ထီလာတံတားအနီးတွင် အတန်းလိုက်တွေ့ရသည့်စစ်ကားများ

 မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော တပ်မတော်သားအချို့ကို တွေ့ရစဉ်

7Day News Journal

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို



By သီတဂူဆရာတော်

ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။
(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲဓာတ်ပုံ)
ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။
(နာဂစ်တုန်းက လာရောက်လှူဒါန်းကြသော ခရစ်ယာန်ဘာသာဝင်များ)

(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ်က ပါမောက္ခများနှင့်အတူ)

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်
ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။


မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃

http://www.sitagustar2020.net/2013/03/by.html

မိတ္ထီလာမြို့တွင် ယနေ့မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အခြေအနေ


မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်တွင် Eleven Media Group မှ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက “မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဒဏ်ရာရတဲ့သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိပေမယ့် တချို့က ဒဏ်ရာသက်သာတဲ့အတွက် ဆေးရုံက ပြန်ဆင်းသွားကြပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်ရှိနေတဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၂၇ ဦး ရှိပါတယ်။ ဆေးရုံကို ရောက်ရှိလာတဲ့ သေဆုံးသူစာရင်းက ၁၀ ဦးပါ” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

“အားလုံး အေးအေးချမ်းချမ်း ဖြစ်နေပါပြီ။ မီးလောင်တာ ဆူပူအကြမ်းဖက်တာ ဘာမှမရှိတော့ပါဘူး” ဟု မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနေ့နံနက် ၇ နာရီ ၄၀ လောက်မှာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က မော်တော်ယာဉ် အစီး တစ်ရာဝန်းကျင်လောက် မထ္တီလာမြို့ထဲကို ၀င်လာတာ တွေ့ရပါတယ်။ အင်အားဘယ်လောက်ရှိတယ် ဆိုတာကတော့ ခန့်မှန်းလို့ မရပါဘူး။ မီးလောင်တာ လူစုလူဝေးနဲ့ ဆူပူတာတွေ မတွေ့ရတော့ပါဘူး။ မိထ္တီလာမြို့မှာ ပုံမှန်သွားလာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေတာ တွေ့ရတယ်။ ဈေးဆိုင် အချို့လည်း ပြန်ဖွင့်နေပါပြီ။ ညကလည်း ဘာမှမဖြစ်ဘူး အေးအေးဆေးဆေး ပါပဲ။ တည်ငြိမ်မှု ပြန်လည်ရရှိနေတာကို တွေ့နေရပါပြီ” ဟု မိတ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောသည်။

မိတ္ထီလာထီလာသားပြောတဲ့ ယနေ့နံနက် ၆း၀၀နာရီ am အချိန်နှင့်နောက်ဆုံးအခြေအနေများ။

မင်းသန့်အောင်(မိတ္ထီလာ)။၂၃-၃-၂၀၁၃
ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။
ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။
မနက် ၆း၀၀နာရီ အချိန် စားသောက်စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့်
၁၀ဘီးကားများမြို့ထဲသို့ဝင်ရောက်လာ။
မနက် ၆း၀၀နာရီခွဲအချိန် မြို့ထဲသို့ကျွန်တော်လည့်လည်ကြည့်ရှုရာတွင် ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိလူမျိုးခြားများက စခန်းအပြင်ဘက်ထွက်လာပြီးလက်ဘက်၇ည်ဆိုင်ထိုင်ကြ။လက်ဘက်ရည်ဝယ် ၊ကွမ်းဝယ်နှင့်စည်ကားနေတာကိုတွေလိုက်ရပါသည်။ သည်အခြေနေမှာလုံးဝမဖြစ်သင့်သေးပါ။
ပြဿနာရှာလိုသူများနှင့်တွေလျှင် မီးထပ်ပွားသွားနိုင်ပါသည်။ ကယ်ဆယ်ရေးစခန်းအတွင်း

ရှိတာဝန်ရှိသူများ စည်းကမ်းတကျကြပ်မတ်ရန်လိုအပ်ပါသည်။လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှတာဝန်ယူ၍ကျန်လူများအတွက်ဝယ်ပေးသင့်ပါသည်။
လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေသည်မှာ မသင့်တော်ပါအမြန်ဆုံး

ထိန်းသိမ်းသင့်ပါသည်။ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါသည်။မြို့ထဲမှာဒီလိုဆက်ဖြစ်နေလျှင် ပြဿနာတွေထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာမည်သည့်စခန်းဆိုတာ
ကိုတော့တို့မီးရှို့မီးလုပ်မည့်လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။
ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့် လူမျိုးခြားမွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။သဓ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့်ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင်အမှန်မခံရပါ။ ဝမ်းသာကြည်နှုးဖွယ်ပါပေ။
မည့်သည့်အိမ်ဖြစ်သည်၊မည်သည့်နေရာတွင်ရှိသည်ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။
ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ

 ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်ပေးနေသော တပ်မတော်သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိအကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်ကကဲ့သို့ ပြန်လည်ချစ်ခင်ညီညွှတ်ကြမည့် ရောင်နီဦးလေလားဟု မြော်လင့်မိကြောင်းပါ ခင်ဗျား။
မင်းသန့်အောင်(မိတ္ထီလာ)။

မဟာ သင်္ကြန်အခါတော်



နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်အခါ ၀ါဆို-၀ါကပ် ရက်မြတ်အချိန်အခါတွေကို ထွက်ပေါ်လာပါပြီ။
မြန်မာသက္ကရာဇ် ၁၃၇၄/၇၅ ခုနှစ်အတွက် မဟာ သင်္ကြန်အခါတော် ( အကျ-အကြတ်- အတက်) ၃ ရက်နဲ့
မြန်မာ- ရခိုင်- ၀ါဆို-၀ါကပ် - လ ရက်တွေကို ယနေ့ ထုတ် သတင်းစာတွေမှာ ကြေညာထားပါတယ်။

လာမယ့် ဧပြီလ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် နံနက် ၄ နာရီ ၆ မိနစ် ၂ စက္ကန့်မှာ မဟာသင်္ကြန် အချိန် ကျရောက်မှာဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ် ၄၄ စက္ကန့်မှာတော့ သင်္ကြန်အတက်ချိန် အဖြစ် သိရပါတယ်။

အပြည့်အစုံကို မြန်မာအလင်းသတင်းစာမှာ ဖတ်နိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO ခေါတောကုလားများအဖွဲ့မှ မြန်မာပြည်အစိုးရနှင့် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများအား ဂျီဟတ်ဘာသာရေးစစ်ပွဲအတွက် တရားဝင်စစ်ကြေငြာလိုက်ခြင်း ဗွီဒီယိုမှတ်တမ်း

 
ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO ခေါတောကုလားများအဖွဲ့မှ မြန်မာပြည်အစိုးရနှင့် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများအား ဂျီဟတ်ဘာသာရေးစစ်ပွဲအတွက် တရားဝင်စစ်ကြေငြာလိုက်ခြင်း ဗွီဒီယိုမှတ်တမ်း
(အစ ~ အဆုံး အသေချာ ကြည့်ရှုနားဆင်ကြစေလိုပါသည်)


Published on Mar 22, 2013
MrHINOSXZ

အင်တာနက်လွတ်လပ်ခွင့်ပေးဖို့ Google ဥက္ကဋ္ဌတိုက်တွန်း


22.03.2013
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အသိအမှတ်ပြုနေတဲ့ တချိန်တည်းမှာဘဲ အင်တာနက်နည်းပညာ ထွန်းကားတဲ့ ဒီခေတ်မှာ နောက်ကြောင်း ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Google ကုမ္မဏီအကြီးအကဲ Eric Schmidt က ပြောဆိုလိုက်ပါတယ်။ တိုင်းပြည်ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ပြုပြင်ဖို့ လိုအပ်တဲ့အကြောင်း သောကြာနေ့က ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ပြုလုပ်တဲ့ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲအတွင်း Google ကုမ္မဏီအကြီးအကဲက ပြောသွားတာပါ။

နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အင်တာနက်ကတဆင့် လူထုရဲ့ထင်မြင်ချက်တွေကို ချက်ချင်းသိနိုင်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပြုရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အားပေးရေးတိုက်တွန်းလိုက်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး နယ်ပယ်အသီးသီးအတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် Google ကုမ္မဏီက ဒီနှစ် အတွင်း မြန်မာပြည်မှာ လုပ်ငန်းတွေ စတင်ဖို့ရှိတယ်လို့
မိုဘိုင်း လက်ကိုင်ဖုန်း တခုထဲနဲ့တင် မတရားမှုတွေကို မှတ်တမ်းတင်ထားနိုင်တယ်လို့လည်း Eric Schmidt က ပြောပါတယ်။ ဒါ့အပြင် အင်တာနက်ကို အစိုးရက ထိန်းချုပ်ခွင့်မပြုကြဖို့လည်း အခမ်းအနားကို တက်ရောက်လာသူတွေကို Eric Schmidt က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတာကြောင့် မြန်မာနိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေဟာ အများကြီး ခေတ်နောက်ကျကျန်ခဲ့တာ ဖြစ်ပါတယ်။

Google ကုမ္မဏီအကြီးအကဲ Eric Schmidt ဟာ လစ်ဗျား၊ အာဖဂန် နစ္စတန်နဲ့ မြောက် ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ် အပြီးမှာ မြန်မာနိုင်ငံကို ရောက်လာ တာဖြစ်ပြီး သောကြာနေ့ နေ့လည်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 
VOA ဗွီအိုအေ (မြန်မာဌာန)

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

 
မတ်လ ၂၀ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။RFA

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တာဝန်ပေးအပ်

 
မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တာဝန်ပေးအပ် လိုက်ကြောင်းသတင်းရရှိသည်။


အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမှာဖြစ်ကြောင်း။


ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်ဖြစ်ပါသည် သတင်းရရှိပါသည်။
သတင်းနှင့်ဓာတ်ပုံ-Myanmar News Update

အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက်

Photo-Myanmar News Update
အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေကိုတော့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းချိန်မှာ ဒေါက်တာ သိန်းလွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ လမ်းတွေအားလုံးကို စစ်တပ်က တာဝန်ယူလိုက်ပါပြီ။ စစ်ဥပဒေကြေညာပြီးတော့ ပြဌာန်းလိုက်ပြီ။ စစ်တပ်က အကုန်တာဝန်ယူလိုက်ပြီ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထင်ပါတယ်။ မာရှယ်လော-က။ အဲဒီကာလမှာ ကိုယ့်အိမ်ထဲမှာကိုယ် နေကြပေတော့-ပဲ။”

မေး။ ။ အခု ဘယ်နှစ်နာရီ ရှိပြီလဲ ဆရာ။

“အခု ကျနော်တို့ဆီမှာ ၈ နာရီ ရှိပါပြီ။”

မေး။ ။ --ဆိုတော့ လမ်းပေါ်မှာ လူမရှိတော့ဘူးပေါ့။

“မရှိတော့ဘူး။ အသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။”

မေး။ ။…ဆိုတော့ ဆူဆူ ပူပူ ဖြစ်တဲ့ ကိစ္စတွေလည်း ရပ်စဲသွားပြီလို့ ဆိုနိုင်တာပေါ့။

“ဆူဆူပူပူဖြစ်တဲ့ ကိစ္စတွေလည်း ငြိမ်သက်သွားပါပြီ။ ဒီနေ့ဆိုရင် တော်တော်လေး ရှင်းသလောက် ဖြစ်သွားပြီ။ ၃ ရက်လောက် နေပြီးမှာ မာရှယ်လောက ထွက်တယ်။ မာရှယ်လော စောစောစီးစီးက ထုတ်ထားလည်း ပြီးတာပဲ။ အခုတော့ နောက်ကျတယ်။”

မေး။ ။ မီးလောင်တာတွေရော ငြိမ်သက်သွားပြီလား ခင်ဗျ။

“မီးလောင်တာတွေတော့ ငြိမ်သက်သွားပါပြီ။ ပြီးတော့ နောက်ဆက်တွဲ ပြဿနာတစ်ခုက မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ယူတဲ့ ကိစ္စတွေပေါ့။ ဒီနေ့ဆိုလို့ရှိရင် အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တို့- ရေခဲသေတ္တာတို့-အဲလိုပစ္စည်းတွေကို သယ်ထုတ်နေတယ်။ ဆိုင်ကယ်တွေနဲ့သယ်ကြ၊ ကားတွေနဲ့သယ်ကြ၊ သုံးဘီးငှားပြီး လာသယ်တဲ့သူတောင် ရှိသေးတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့။”

မေး။ ။ အရေးပေါ် ဖြစ်ပြီးတဲ့နောက်မှာ အဲဒီလို ဆိုင်တွေကို ဖောက်ထွင်းယူတာတွေလည်းပဲ ငြိမ်သက်သွားပြီပေါ့။-

“အတော် ငြိမ်သက်သွားပါပြီ။ အခုတော့ အတော်များများ ငြိမ်သက်သွားပါပြီ။ ကျနော်တို့ အမှတ် (၁) စခန်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ကျနော်တို့ သွားကြည့်ပါတယ်။ ဦးဝင်းထိန်နဲ့ ကျနော်နဲ့ပေါ့။ လိုအပ်တဲ့အကူအညီတွေ ကျနော်တို့ လုပ်ပေးပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း ကလေးတွေက အစာမစားရ-မပြုရဆိုတော့ ကျန်းမာရေး ချို့တဲ့မှုတွေရော- ဘာတွေရော-ကျနော်တို့ ရှိနေတော့ လွတ်လွတ်လပ်လပ်တော့ သွားပြီး အကူအညီပေးလို့ မရသေးဘူးပေါ့။ မာရှယ်လောက ၄ နာရီမှာ စပြီးတော့ ထုတ်တာ။ ကျနော်တို့ ခရိုင်ရုံးရောက်တဲ့အချိန်မှာမှ ဝန်ကြီးချုပ်က ဖတ်ပြတယ်။ အဲဒီတော့မှ ကျနော်တို့ မာရှယ်လော ထုတ်ထားတယ်ဆိုတာ သိတယ်။ အဲဒီတော့ တုတ်၊ ဓား၊ လက်နက်တွေကိုတော့ သိမ်းချင်သိမ်းပါ။ ဒါပေမဲ့ လူတွေကိုထိန်းတဲ့ ကိစ္စကတော့ လက်ရှိအခြေအနေမှာ လူတိုင်းက တုတ်၊ ဓား၊ လက်နက် ကိုင်ကြမှာပဲ။ ကိုင်တယ်ဆိုတာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကိုင်တာပါ။ အဲဒါလေးကိုတော့ ဝန်ကြီးချုပ်အနေနဲ့ စဉ်းစားပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အဲဒါကိုတော့ ကျနော် တောင်းဆိုပေးလိုက်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ နောက်တခုက နောက်ဆုံး ဆရာတို့ သိရတဲ့အထိ အသတ်ခံရတဲ့သူ၊ သေတဲ့သူ ဘယ်နှစ်ယောက်ရှိတယ်လို့ အကြမ်းဖျင်းသိရပါသလဲ ခင်ဗျ။

“အကြမ်းဖျင်းတော့ ကျနော်ထင်ပါတယ်- ထုတ်ပြန်ကြေညာချက်ကတော့ နည်းတယ်ပေါ့လေ။ သူတို့က ၅ ယောက်ပဲ ကြေညာထားတာ။ ဒဏ်ရာရတာ ၃၄ ယောက်ပေါ့။ တကယ်တန်းဆိုရင် အဲလောက် မကပါဘူး။ ကျနော်တို့မြင်တာကို ၇ ယောက်လောက် ရှိတယ်။ ဒါတောင် ကျနော်တို့ မျက်မြင်ပဲ ရှိသေးတယ် နော်။ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက်ဆိုတဲ့ ပြဿနာ၊ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ဆိုရင် လမ်းပေါ်မှာ အခုထိ မသိမ်းသေးဘူး။”
ဒေါက်တာသိန်းလွင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာပါ။ 
 VOA

Friday, March 22, 2013

နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ရခိုင်သမိုင်းသုတေသီပညာရှင်များ၊ စာရေးဆရာများ စုစုပေါင်း၅၀ခန့်တက်ရောက်သည့် ရခိုင်စာပေ သင်ရိုးညွန်းတမ်း ပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး။မတ်လ ၅ရက်၂၀၁၃
 ရန်ကုန်၊ မတ် ၁၆သမိုင်းစဉ်တစ်လျှောက် ခွင့်ပြုချက်မရခဲ့သော ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအောက်အဆင့်၌ တရားဝင် သင်ကြားခွင့်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်မှ ဥပဒေချုပ် ဦးလှသိန်း၊ စက်မှုဝန်ကြီး ဦးသာ လူချေနှင့် စစ်တွေတက္ကသိုလ်မှ ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် ၂၇ ဦး အဖွဲ့ကို ပြည်နယ်အစိုးရက မတ်လ ၅ ရက်နေ့တွင် ရခိုင် စာပေကို သင်ရိုးညွှန်းတမ်း ရေး ဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး မတ်လ ၉ ရက်နေ့ ညနေတွင် ရခိုင်သင်ပုန်းကြီး ဖတ်စာကို ပထမအဆင့်အနေဖြင့် ရေးဆွဲမှု ပြီးစီးသွားခဲ့ကြောင်း အဖွဲ့ဝင် အဖြစ်ပါဝင်သူ ဦးကျော်ရွှေမောင် က ပြောသည်။
”အပြောကိုအခြေခံပြီး ရေးဆွဲထားပါတယ်။ အက္ခရာနဲ့စာကို မသိတဲ့သူတွေရှိတယ်။ အခုရေးဆွဲထားတဲ့အက္ခရာက မြောက်ဦး ခေတ်အဝိုင်းအက္ခရာကို ရခိုင်အက္ခရာ အဖြစ် အခြေခံပြီး အသုံး ပြုထားတယ်”ဟု ၄င်းကဆို သည်။
မတ်လ ၁၆ ရက်နေ့တွင် ပထမတန်း၊ ဒုတိယတန်းအဆင့်များ၌ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ရခိုင် စာပေကို သင်ကြား ပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်းတို့ကိုလည်း ကော်မတီက ဆောင်ရွက်သွားမည် ဟု သိရသည်။
၁၁၇၄ ခုနှစ်တွင် ရခိုင်က ထီးနန်းဆုံးရှုံးပြီး မြို့ဝန်ခေတ်၊ ထိုမှ အင်္ဂလိပ်ခေတ်၊ ပြီးလျှင် အစိုးရအဆက်ဆက်များ နောက်ပိုင်းမှယခုတွင် တရားဝင်သင်ကြား နိုင်ခြင်းဖြစ်သည်။
http://popularmyanmar.com

မိတ္ထီလာတွင် အရေးပေါ် အခြေအနေကြေညာပြီ

 နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ၁/၂၀၁၃ ကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

အဲဒီအမိန့်အရ မိတ္ထီလာ၊ ၀မ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်များမှာ အရေးပေါ်အခြေအနေ ကြေညာ လိုက်ပြီဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မ ခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အများပြည်သူ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှုရှိစေရန်အတွက် တပ်မတော်ရဲ့ အကူအညီကို ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 Ye Htut (Facebook)

မိတ္ထီလာပဋိပက္ခ သတင်းယူသည့် မီဒီယာသမားများ ခြိမ်းခြောက်ခံရ

 
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်များကို သတင်းရယူနေသည့် ပြည်တွင်း ပြည်ပသတင်းသမား ၈ ဦး ယနေ့မနက်ပိုင်းက ဘုန်းကြီးအချို့ပါဝင်သော လူအုပ်စုတခုက  သတင်းမယူရန် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း သတင်းရရှိသည်။
ယနေ့ ၈ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့ပေါ်ရှိ မီးလောင်ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီး ဓာတ်ပုံရိုက်ကူးနေသော ပြည်တွင်းပြည်ပ သတင်းသမား ၈ ဦး လိုက်ပါသော မော်တော်ယာဉ်ကို ဘုန်းကြီးအချို့ ဦးဆောင်သော လူအုပ်တခုက လမ်းမပေါ်တွင် တားမြစ်ပြီး ဓာတ်ပုံများ ဖျက်ခိုင်းခြင်း၊  ကင်မရာများ သိမ်းဆည်း ရန်ကြိုးပမ်းခြင်းများ ကြုံတွေ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သတင်းသမားတဦးက ပြောသည်။
“ကျနော်တို့က အပျက်အစီးတွေ၊ မီးလောင်နေတဲ့ အိမ်တွေကို ဓာတ်ပုံတွေရိုက်နေတယ်။ အဲဒီအချိန်မှာ လူအုပ်စုတခုက တုတ်တွေ၊ ဓားတွေကိုင်ထားတယ်။ ကျနော်တို့ကားကို တားတယ်။ ပြီးတော့ ဘာလို့ ဓာတ်ပုံရိုက်တာလဲ၊ ဘာတွေရိုက်လဲ မေးတယ်။ ကျနော်တို့ကလည်း သတင်းထောက်ကတ်တွေ ဘာတွေ ထုတ်ပြတယ်။ ကင်မရာကိုသိမ်းတယ်။ အဲဒီတော့ ကင်မရာကိုတော့ မသိမ်းပါနဲ့ ပုံတွေဖျက်ပေးရတယ်။ အခြေအနေက လုံးဝ လုံခြုံမှုမရှိဘူး” ဟု အဆိုပါ သတင်းသမားက ဆိုသည်။
လူအုပ်တွင်ပါဝင်နေသော သံဃာအချို့မှာ ဒေသခံ သံဃာများ မဟုတ်ဘဲ အခြားဒေသများမှ လာရောက် သည့် သံဃာများဖြစ်ပုံရကြောင်း အဆိုပါသတင်းသမားက ဆိုသည်။
ခြိမ်းခြောက်ခံရသည့် သတင်းသမားများကို ဒေသခံ သံဃာတော်အချို့က မြို့ပေါ် ဘုန်းကြီးကျောင်းတခုတွင် ယာယီ စောင့်ရှောက်ပေးထားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ အချို့ သတင်းသမားများမှာ လုံခြုံရေးအခြေအနေ စိတ်မချရသည့်အတွက် မိတ္ထီလာမြို့မှ ပြန်လည်ထွက်ခွာလာပြီး အချို့မှာမူ မိတ္ထီလာတွင် ဆက်လက်သတင်းယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
သတင်းသမားများ ခြိမ်းခြောက်မှုအတွက် ရန်ကုန်မြို့အခြေစိုက်သတင်းလွတ်လပ်ခွင့်ကော်မတီက ကြေညာ ချက် တရပ်ထုတ်ပြန်ခဲ့ပြီး  သတင်းသမားများကို ခြိမ်းခြောက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အစိုးရတာဝန်ရှိသူများနှင့် မိဘပြည်သူများက သတင်းသမားများ လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း တိုက်တွန်းပြောဆိုသည်။
သတင်းလွတ်လပ်ခွင့်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံသတင်းစာဆရာ ဦးဇော်သက်ထွေးက သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်ပြီး-”ကျနော်တို့ မေးခွန်းပြန်မေးရတော့မယ်။ အခု မီးရှို့နေတဲ့သူ၊ အကြမ်းဖက် နေတဲ့သူတွေက ဘာအတွက်လဲ၊ ဘာရည်ရွယ်ချက်လဲ၊ ဘာလုပ်ချင်တာလဲ။  သတင်းသမားတွေကိုတောင် ခြိမ်းခြောက် လာတယ် ဆိုတာက ဘာကို ရည်ရွယ်ချင်တာလဲ။ ဒီဖြစ်စဉ်ကြီး နောက်မှာ တဦးတယောက်၊ အဖွဲ့အစည်းတခုခု က လုပ်ဆောင် နေတယ် ဆိုတာ အတော်ကို သံသယဖြစ် စရာကောင်းနေပြီ” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
မိတ္ထီလာတွင် မတ် ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် ဖြစ်ပွားသော ရန်ပွဲတခုကို အကြောင်းပြုကာ ဘာသာရေးနှင့် လူမျိုးရေးပုံစံအဓိကရုဏ်းများဖြစ်ပွားလျက်ရှိနေပြီး လူ ၅ ဦးသေဆုံးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန် ထားသည်။
ဧရာဝတီ

မိတ္ထိလာသားပြောတဲ့ ယနေ့မတ်လ ၂၂ရက် အခြေအနေမှန်

မိထ္ထီလာမြို့ရှိမြို့မိမြို့ဖများက မြို့တွင်းလိုက်လံကြည့်ရှု့နေစဉ်
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
Min Thant Aung 
 မိတ္ထိလာ ၂၂-၃-၂၀၁၃
ကျွန်တော်သတင်းအခြေအမှန်တွေကိုသာ အတတ်နိုင်ဆုံးစီစစ်ပြီးတင်ပေးနေပါတယ်။ ကောလဟာလစကားတွေသိပ်များနေလို့ အလွယ်တစ်ကူမယုံကြပါနဲ့။ မြန်မာနိုင်ငံ အဝန်းရှိမိဘပြည်သူများခင်ဗျား ၊မိမိမြို့တွေမှာ အဓိကရုဏ်းလုံးဝမဖြစ်အောင်ထိန်းကြပါ။ လူငယ်တွေကိုနိုင်အောင်ထိန်းကြပါ။ အဓိကရုဏ်ဆိုတာ ပျော်စရာမဟုတ်ဘူးနော်။ မြို့သိပ်နာပါတယ်။ စိတ်နှလုံးကို ပြင်းထန်စွာပူလောင်စေပါတယ်။ဒုက္ခတွေသိပ်ရောက်ရပါတယ်။ကျီးလန့်စာစားတို့
၊ကြက်အိပ်ကြက်နိုးတို့ဆိုတဲ့ မြန်မာဝေါဟရတွေရဲ့ အဓိပ္ပါယ်ကို လက်တွေ့မြင်ကြရလိမ့်မယ်။ မိတ္ထီလာလိုမဖြစ်အောင် အသိစိတ်ရှိရှိထိန်းကြပါခင်ဗျား။
မင်းသန့်အောင် (မိတ္ထီလာမြို့)
=================================================
မိတ္ထီလာမြို့၂၂၊၃ ၊၂၀၁၃ ။ နံနက် ၂း၀၀ am .အချိန်။
အားလုံးတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး ဖြစ်နေပါပြီ။ လူတွေကတော့ မအိပ်ရဲကြသေးပါ။ အိမ်ရှေ့၊လမ်းထိပ်စသည်တို့မှာ အဆင်သင့်စောင့်နေပါသည်။ရဲကားများ၊ မီးသတ်ကားများလည်း တစ်ညလုံးလည့်လည်ပေးနေပါသည်။
==================================================
မိတ္ထီလာ နံနက်၈း၀၀နာရီ။
ဘုန်းကြီးအပါး၅၀ ခန့်ဓါး၊တုတ်၊လက်နက်များဖြင့် ကန်အနောက်ဘက်သို့ကူးသွား။ ဓါတ်ပုံမရိုက်ရ ၊ဖုန်းမဆက် ရစသည်တို့အော်ဟစ်သွားသည်။ မီးဆက်လက်လောင်နေ။ မိတ္ထီလာ မြို့ ကားဝန်းဝန်းကျင် ပြာပုံအတိဖြစ်။ သောကြာနေ့ဖြစ်နေလို့ ဂရုစိုက်နေကြပါသည်။
===================================================
မိတ္ထီလာနောက်ဆုံးအခြေနေ ၂၂၊၃၊၂၀၁၃ နေ့လည် ၁၁း၀၀နာရီ ။
၁။ချမ်းအေး ရပ်ကွက်အကြီးအကျယ်မီးလောင်နေ။
၂။နန်းတော်ကုန်းရပ်ကွက် အာရဗီစာသင်ကျောင်းဗလီ ကိုမီးရှို့ရန်လာရောက်ကြသော လူအုပ်ကြီး ကို  ရပ်ကွက် အတွင်းရှိ လူငယ်များကတားဆီးပြီး ရပ်ကွက်ထဲမီးအရှို့မခံနိုင်ပါ ၊ဒီဗလီကိုမြေပေါ် လုံးဝပြိုကြသွားအောင်တာဝန်ယူဖျက်ပေးပါမယ်ဆိုပြီး ဖျက်ပေးလိုက်၍မီးအရှို့မခံရပါ။
 ၃။ ကိုယ့်ရပ်ကွက်အတွင်းမီးအရှို့မခံရအောင် သတိထားပေးနေရပါသည်။
 ၄။လူအုပ်ကြီးနဲ့ ဆရာတော်တွေက ကုလားလက်မခံရ။လက်ခံတဲ့အိမ်ပါဖျက်ဟုကြွေးကြော်နေသည်။ ၅။မိတ္ထီလာအဖြစ်အပျက် ဗီဒီယို ခွေထွက်နေသည်။ သို့သော် ထိုခွေမှာမရိုးသားပါ။မြန်မာတွေခံနေရသည့်အစပိုင်းနေ့ရက်များထဲမှ သွေးဆူစေသောအပိုင်းများကိုသာ edit လုပ်ထားပါသည်။ ထိုခွေကို ကြည့်ပြီးသွေးမဆူကြပါနဲ့။ ကိုယ်ဒေသငြိမ်းချမ်းရေးကို ကိုယ်ကိုယ်တိုင်တာဝန်ယူကြပါ။
မင်းသန့်အောင် (မိတ္ထီလာမြို့)
=================================================
မိတ္ထီလာ နေ့လည်၁၁နာရီ၃၀ အခြေအနေ ။
 တောကြေင်တွေ လက်ခမောင်းခတ်ကုန်ပြီ။တောကြောင်တွေလက်ခမောင်းခတ်ကုန်ပြီ။
 စတီစိုးမြင့် ဂိုထောင်ကိုဖောက်ပြီး ရွာသားတွေဆိုင်ကယ်တွေနဲ့ပစ္စည်းတွေတိုက်နေပြီ။ မြို့ခံလူထုက မီးရှို့ရင်တော့ရှို့တဲ့ကောင်ကုလားရောဗမာရောမရွေးဘူးအကုန်သတ်မှာလို့ကြိမ်းနေရ။ ကိုယ့်အိမ်ကိုယ်ကာကွယ်ကို့လမ်းကိုကာကွယ်။ လမ်းတွေပိတ်ထား။လူစုလူဝေးနောက်မလိုက်နဲ့ ကိုယ်လမ်းထဲကို လူစိမ်းလုံးဝအဝင်မခံကြနဲ့။တောကြောင်တွေသတိထားကြ။
သူခိုးတွေက ကုလားဗမာ အိမ်မရွေးဘူး။
အားလုံးအဆင်သင့်ပြင်ထားကြ။ကာကွယ်ကြ။
===================================================


မိထ္ထီလာမြို့ရှိ ချမ်းအေးရပ်ကွက်မတ်လ ၂၂ရက်နေ့က မီးလောင်နေစဉ် ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
မိတ္ထီလာနေ့လည် ၁၂း၀၀နာရီအခြေအနေ။
ဝမ်းသာစရာသတင်းပါခင်ဗျာ။ဝမ်းသာစရာသတင်းပါခင်ဗျာ။
အခု ၁၀တန်းစာမေးပွဲပြီးပြီးခြင်း လုံခြုံရေးတွေတစ်ကယ်လုပ်ပါပြီခင်ဗျား။ ကျွန်တော်အခုမြင်နေရတဲ့နေရာမှာ ရဲလုံခြုံရေးတွေအပြည့်နေရာယူထားပါပြီ။
 ဒုတ်၊ဓါးလက်နက် အကုန်သိမ်းနေပြီ။
သူများပစ္စည်းခိုးတဲ့သူခိုးတွေကိုအကုန်ဖမ်းနေပါပြီခင်ဗျား။
မင်းသန့်အောင် (မိတ္ထီလာမြို)
====================================================== မိတ္ထီလာနောက်ဆုံးအခြေအနေ နေ့လည်၁း၀၀နာရီpm.
အခု ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေက ရဲတပ်ဖွဲဝင်တွေကိုကူညီနေပါတယ်။ ရေသန့်များတိုက်ကျွေးနေပါတယ်။
 မြင်ရတဲ့မြင်ကွင်းတွေကကြည်နူးစရာပါ။ သူခိုးတွေအများအပြားဖမ်းဆီးရမိနေ။
ထူးခြားမှုတစ်ခုက မီးလောင်အိမ်တွေကခိုးလာတာလို့ပြောတဲ့ ဆာလာအိတ်တစ်လုံးနဲ့အပြည့်၅၀၀၀တန်တွေနဲ့လူနှစ်ယောက်ကိုမိပါတယ်။ အခြားဒုတ်ဒါးလက်နက်နှင့် ရေခဲသေတ္တာ၊တီဗီ၊ဟန်းဆက်စသည်တို့ကိုခိုးလားသောသူခိုးပေါင်း ၂၀ ခန့်ကိုဖမ်းဆီးရမိထားပြီးဖြစ်ပါသည်။ ဆက်လက်လဲဖမ်းဆီးလျှက်ရှိပါသည်။
အခုအခြေအနေက ကျွန်တော်မြင်ရတဲ့ မြို့လည်ခေါင်တစ်ခုတည်းက အခြေအနေဖြစ်ပါသည်။
Min Thant Aung https://www.facebook.com/minthant.aung.1



မိထ္ထီလာမြို့ရှိမြို့မိမြို့ဖများက မြို့တွင်းလိုက်လံကြည့်ရှု့နေစဉ် ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ

မိထ္ထီလာမြို့တစ်နေရာကိုမတ်၂၂ရက်နေ့ကတွေ့ရစဉ် ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ





မိထ္ထီလာမြို့ရှိ ချမ်းအေးရပ်ကွက်မတ်လ ၂၂ရက်နေ့က မီးလောင်နေစဉ် ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ 

Min Thant Aung(Facebook)