Pages

Saturday, May 4, 2013

မဒေးကျွန်းဒေသခံတွေကို ရုံးတင်တရားစွဲမည်

Arakan-Gas-pipeline-construction
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းဒေသခံတွေက မိရိုးဖလာ လယ်လုပ်ငန်းနဲ့ ငါးဖမ်းကွက်တွေအတွက် သူတို့ရဲ့ရပိုင်ခွင့်ကို  ဆက်တောင်းဆိုနေတဲ့အတွက် ခံဝန်ကတိနဲ့ ပြန်လွှတ်ထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေဘက်က တရားရုံးတင်လိုက်ပြီဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာ တရားစွဲဆို အမှုစစ်မှာဖြစ်တဲ့အတွက် ဆန္ဒပြခဲ့ကြတာ ရွာလုံးကျွတ်ဖြစ်လို့ တရွာလုံးက အဖမ်းခံဖို့ ဆုံးဖြတ်ထားတယ်လို့လည်း မဒေးကျွန်းဒေသခံတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီးတော့ သွယ်ဖောက်တဲ့ ရွှေသဘာဝဓာတ်ငွေ့၊ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ မဒေးကျွန်းဒေသခံတွေက တရုတ်ကုမ္ပဏီရုံးရှေ့မှာ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူလို့ ယူဆရတဲ့ မဒေးကျွန်းရွာသူရွာသား ၁၀ ဦးကို အာဏာပိုင်တွေက တရားစွဲဆိုပြီးတော့ လာပြီးတော့ အမှုရင်ဆိုင်ဖို့ လာမယ့်တနင်္လာနေ့ကို ရုံးချိန်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲ ဦးဆောင်သူလို့ ယူဆရသူ ဒေသခံတွေကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးတော့ တာဝန်ခံရဲမှူးက ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်ပြီး လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မဒေးကျွန်း ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာဆုံးရူံးမှုတွေအတွက် ဆက်ပြီးတော့ တောင်းဆိုနေတဲ့ အတွက် အာဏာပိုင်တွေဘက်က တရားရုံးတင်ပြီး အမှုစွဲဆိုတော့မှာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ ဦးထွန်းနိုင်က ပြောပါတယ်။

“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တင်တာဖြစ်လိမ့်မယ်လို့ထင်တယ်။ ကြိုတင်ခွင့်ပြုချက်ကတော့ တောင်းတာပေါ့။ ကြိုတင်ခွင့်ပြုချက်က မြို့နယ်မှာတောင်းတယ်။ မြို့နယ်က ပယ်ချတော့ ပြည်နယ်မှာတခါ တောင်းတယ်။ ပြည်နယ်က ပယ်ချတယ်။ အဲဒီလို ပယ်ချတယ်။ သူတို့ခွင့်ပြုချက်မတောင်းတာတော့ မဟုတ်ဘူး။ တောင်းတယ်။ ပယ်ချတယ်။ ခွင့်မပြုဘူးပေါ့။ ခွင့်မပြုဘဲနဲ့ ဆန္ဒပြတယ်ဆိုတော့ အစိုးရမှာသတ်မှတ်ထားတဲ့ ပုဒ်မနဲ့သွားပြီး ညှိတာပေါ့။

“ဒီ ဆန္ဒပြတယ်ဆိုတာ သူတို့ ၁၀ ယောက်တည်းပြတာမဟုတ်ဘူး။ အကုန်လုံး ရွာကလူတွေ အကုန်လုံးပြတဲ့အတွက် အရေးယူမယ်ဆိုရင် တရွာလုံးကို အရေးယူဖို့အတွက်၊ လူ ၅၀၀ လောက်ကို အရေးယူဖို့အတွက် တောင်းဆိုပွဲ လုပ်နေကြတယ်။”

မဒေးကျွန်းပေါ်က တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့်ဖြစ်လာတဲ့ နစ်နာဆုံးရူံးမှုတွေ အတွက် မဒေးကျွန်း တရွာလုံးအတိုင်းအတာနဲ့ ဆက်ပြီးတော့ ဆန္ဒပြတောင်းဆိုသွားဖို့ ရွာသူရွာသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီရေနံပိုက်လိုင်းစီမံကိန်းကြောင့် မဒေးကျွန်းပေါ်က ဒေသခံတွေရဲ့ လယ်ယာဥယျာဉ်မြေတွေ အသိမ်းခံခဲ့ရတဲ့အပြင် မဒေးကျွန်းဒေသခံတွေရဲ့ မိရိုးဖလာ ငါးဖမ်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆန္ဒပြခွင့် တရားဝင်ရဖို့ သက်ဆိုင်ရာကို ခွင့်တောင်းခဲ့ပေမဲ့  ခွင့်ပြုမိန့် မရခဲ့တဲ့အတွက် ရာချီတဲ့ မဒေးကျွန်းဒေသခံတွေစုဝေးပြီး ဒေသခံတွေရဲ့လိုလားချက်တွေ နစ်နာဆုံးရှုံးမှုတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းနိုင်က ဆိုပါတယ်။

“ဆုံးရှုံးသွားတဲ့လယ်တွေကတော့ ဆုံးရှုံးသွားပြီလေ။ မတတ်နိုင်တော့ဘူး။ နောက်တခါ လျော်ကြေးမရတဲ့နေရာတွေကလည်း ရှိနေတယ်။ ဒါတွေအတွက်ကော သူတို့လိုချင်တာ ရှိလိမ့်မယ်။ လယ်သမားတွေက သူတို့တောင်းဆိုထားတဲ့အထဲမှာ ပါတယ်၊ အဲဒီမဒေးကျွန်းရဲ့ တောင်ဘက်မှာ နောက်ထပ် နေရာအသစ် လယ်ကွက်အသစ်တွေ ထုတ်ပေးဖို့ သူတို့တောင်းဆိုထားတယ်။ သူတို့တောင်းဆိုတာက သူတို့အတွက် နစ်နာတာ အလွန်တရာများတဲ့အတွက် သူတို့က ဒါကို လူအများသိအောင်၊ အပေါ်ကနေသိအောင် လုပ်နေတာပဲဖြစ်တယ်။ ဒီလို အရေးယူဖို့တော့ မကောင်းပါဘူး။ သူတို့ခံနေရတာက တကယ့်ကို ခံနေရတာလေ။”

မဒေးကျွန်းတဝိုက် ရေနံတင်ဆိပ်ကမ်းအနီးတွင် ရေနံတင်သင်္ဘောကြီးတွေ ၀င်ထွက်သွားလာတဲ့အတွက် ကျွန်းတဝိုက် ပိုက်ချထားတဲ့ မဒေးကျွန်း ဒေသခံတွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီး နစ်နာဆုံးရှုံးခဲ့ရတယ်လို့ မဒေးကျွန်းဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မဒေးကျွန်းပတ်လည်မှာ မဒေးကျွန်းသူကျွန်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့   လွတ်လပ်စွာ ငါးဖမ်းခွင့်ပေးဖို့နဲ့ ရေနံတင်သင်္ဘောတွေကြောင့် ဒေသခံတွေရဲ့ ငါးဖမ်းလှေတွေနဲ့ပိုက်တွေ ပျက်စီးဆုံးရှုံးရမှုတွေကိုလည်း တာဝန်ယူပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။

“တံငါ လုပ်ငန်းလုပ်နေတဲ့နေရာတွေမှာ သူတို့ သင်္ဘောကြီးတွေ ရောက်နေတယ်ဆိုတော့ ငါးတွေ ပိုက်တွေက အဲဒီလိုပဲ မျောထားခဲ့တာတွေက မျောထားလို့မရတော့ဘူး။ သူတို့ပိုက်နဲ့ညှိတာတို့ ဘာတို့ရှိတာကိုး။ ငါးဖမ်းကွက်တွေ မရှိတော့ဘူးဗျ။ နည်းသွားပြီပေါ့။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ငါးတွေ ရှားလာတယ်။ အများဆုံးကတော့ သင်္ဘောကြီးတွေ ရှိတယ်။ ပိုက်ချတယ်ဆိုတာက အောက်မှာ မျောထားတာကိုး။ ငါးဖမ်းပိုက်တွေက အဲဒီပင်လယ် မမြင်ရတဲ့နေရာတွေမှာ အောက်မှာ မြှုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေက သူတို့ သင်္ဘော ကျောက်ချလိုက်တယ် ဆိုတော့ ပါသွားတာပေါ့။ အဲဒါတော့ ရှိတယ်လေ။”

မဒေးကျွန်းဒေသခံတွေ အဓိက တောင်းဆိုခဲ့တဲ့အချက်တွေကတော့ စီမံကိန်း အတွက် မဒေးကျွန်းပေါ်က ဥယျာဉ်မြေနဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ခြံပိုင်ရှင်လယ်သမားတွေ နစ်နာဆုံးရှုံးမှုအတွက် လုံလောက်တဲ့ လျော်ကြေးရရှိရေးနဲ့ လယ်သမားတွေအတွက် လယ်လုပ်ကွက်အသစ် ဖော်ဆောင်ပေးရေးအပါအဝင်၊ မဒေးကျွန်းပတ်လည် စီမံကိန်းကြောင့် ပျက်စီးသွားရတဲ့ လမ်းတွေနဲ့ တာတမံကို ပြန်တည်ဆောက်ပေးရေး၊ မဒေးကျွန်းပေါ် လုံခြုံရေးတာဝန်ယူဖို့၊ မဒေးကျွန်းဒေသခံတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးစတာတွေကို မဒေးကျွန်းပတ်လည်က ရွာတွေ စုပေါင်းပြီး တောင်းဆိုနေကြတယ်လို့ မဒေးကျွန်းဒေသခံက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ရေနံပိုက်လိုင်းစီမံကိန်းကို တရုတ်ကုမ္ပဏီ CNPC (CHINA National Petroleum Cooperation) က လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မဒေးကျွန်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်း သွယ်ဖောက်မယ့် ရွှေသဘာဝ ရေနံပိုက်လိုင်း စီမံကိန်းရဲ့ လုပ်ငန်းခွင် အဓိက အစိတ်အပိုင်း နေရာလည်းဖြစ်ပါတယ်။ 
မဆုမွန်VOA

ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာလူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တယ်လို့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရခိုင်စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာနဲ့ ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ မေးမြန်းချက်အပေါ် ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြောကြားတာဖြစ်ပါတယ်။
"ရိုဟင်ဂျာဆိုတဲ့စကားလုံး ခိုင်ခိုင်မာမာတရားဝင်အနေနဲ့ မြန်မာနိုင်ငံမှာမရှိဘူး၊ ဒါပေမယ့် လက်တွေ့မှာပြဿနာက ဘာလဲဆိုတော့ အခုဟာကြီးက ဒီနေရာမှာက ဒီကိစ္စကြီးက လှုပ်ရှားမှုကြီးတစ်ခုအနေနဲ့ လူတွေကပါဝင်လာကြတယ်၊ ရန်ကုန်မှာရှိနေတဲ့ ဒီအသိုင်းအဝိုင်းကလူတွေ၊ လန်ဒန်မှာရှိနေတဲ့လူတွေ၊ နယူးယောက်မှာရှိတဲ့လူတွေ ဒါတွေအားလုံးဟာ ဒီရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို ရိုဟင်ဂျာမပြောရင် မလုပ်နဲ့ဆိုတဲ့အခါမှာ သူတို့ကသွေးထိုးပေးနေကြတာ"
ရခိုင်စုံစမ်းရေး အစီအရင်ခံစာ ရေးသားဖို့အတွက် ကွင်းဆင်းပြီးအချက်အလက် ကောက်ယူတဲ့နေရာမှာ ဘာသာစကားအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို ဒေသခံအချို့ရဲ့ ချဲ့ကားပြောဆိုမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံအလံကို အလေးမပြုကြဘူးလို့လည်း သူကပြောပါတယ်။
ဒါအပြင် ရချွိုင်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့ရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့တဲ့နေရာမှာ မဖြစ်နိုင်တဲ့ကတိတွေကို ပေးခဲ့တဲ့အတွက် အခုလိုရိုဟင်ဂျာလူမျိုး ပြဿနာဟာ ပိုမိုရှုတ်ထွေးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် ကိုးကားပြီး သူကပြောပါတယ်။
လက်ရှိရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူဦးရေစာရင်း ကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာလူမျိုးအဖြစ် ထည်သွင်းဖေါ်ပြဖို့ တောင်းဆိုချက်တွေကြောင့် စာရင်းကောက်ယူတာတွေ ရပ်ဆိုင်းလိုက်ရသလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားအောင် လှုံ့ဆောင်ခဲ့တဲ့လူအချို့ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
RFA

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ စစ်တွေထောင်တွင်း ၀င်ရောက်စစ်ဆေး

 sittway-jail-305.jpg
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အဖွဲ့ဝင်တွေ ဟာ ရခိုင်ပြည်နယ်  စစ်တွေမြို့မှာရှိတဲ့ အကျဉ်းထောင် အတွင်းက အခြေအနေတွေကိုသိရှိနိုင်ဖို့   မနေ့က စတင်ပြီး မေလ ၄ ရက်နေ့အထိ ၃ ရက်ကြာ ဝင်ရောက် စစ်ဆေးနေပါတယ်။
စစ်တွေ အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေး မှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတကာ  ကြက်ခြေနီအဖွဲ့ ICRC မှာ မြန်မာနိုင်ငံဆိုင်ရာ  ညှိုနှိုင်းဆောင်ရွက်ရေးမှူး တစ်ဦးဖြစ်သူ Mr. Bjorn RAHM အပါအဝင် အဖွဲ့ဝင်  ၁၁ ဦးပါရှိပါတယ်။ ဒီအဖွဲ့အနေနဲ့ သူတို့ရဲ့လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး  စစ်တွေအကျဉ်းထောင် အာဏာပိုင်တွေအပါအဝင် ထောင်ဝန်ထမ်းတွေနဲ့ မနေ့က  သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့မှာတော့ အကျဉ်းထောင်အတွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ မိလ္လာစနစ်၊ ရေသန့်ရရှိမှု အခြေအနေ၊ အစားအသောက်နဲ့ ဝတ်စားမှု အခြေအနေတွေကို အသေးစိတ် လေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
RFA

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

 
မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ ရာဇသံအချိန်ကျော်သွားပေမယ့် ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ်ရင်နေရာယူ ရင်ဆိုင်နေကြပြီး တင်မာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ၂၄ နာရီအတွင်း ဖြစ်နေတဲ့ ပြဿနာကို လာရောက်ရှင်းလင်းပေးမှာဖြစ်ကြောင်းနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က ခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာတဦး ဖုန်းဆက်လာတယ်။ ၂၄ နာရီအတွင်း ပြဿနာကို လာရှင်းပေးမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ Peace Center ကတော့ ကျနော်တို့ကို စစ်တပ်က ဖယ်ခိုင်းသလို့မျိုး မလုပ်ခိုင်းဘူး။ ပြဿနာကို ရှင်းပေးမယ်ပဲပြောတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက် က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေး ဟတ်ကြီးရေအားလျှပ်စစ် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရ စစ်တပ်က ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 ( Nayt Thit မှ ကူးယူဖေါ်ပြပါသည် )

ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသော ကျောက်စိမ်းများ မူဆယ်တွင်ဖမ်းမိ

ကျောက်စိမ်းအရိုင်းတုံးများ
 ရန်ကုန်၊ မေ ၃

ငြိမ်းချမ်းရေး ယူထားသော ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့ သယ်ဆောင်လာသော ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိသည့် ကျောက်စိမ်းအရိုင်းတုံး များကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မူဆယ်-မန္တလေး လမ်းကြောင်း ရွေ့လျားစစ်ဆေးရေး အဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်သူရက ပြောကြားသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ သယ်ဆောင် လာသည့် ကျောက်စိမ်းများကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်အတွင်း ကျောက်စိမ်း အရိုင်းတုံး ၉၁၉ ကီလိုဂရမ်နှင့် ကျောက်စိမ်းလက်ကောက် အကြမ်းအကွင်း ၃၀၀၀၊ ကျောက်စိမ်းဖြတ်စ ၁၀၉ ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ၄င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ကျောက်စိမ်း များ၏ တန်ဖိုးမှာ ကျပ်၆၅၉သိန်းကျော် တန်ဖိုး ရှိပြီး မြန်မာနိုင်ငံတွင် သွားလာရေး အဆင်ပြေရန်အတွက် ယခင်အစိုးရ လက်ထက်က ကျေးရွာချင်းဆက်၊ ခရိုင်ချင်း ဆက်လမ်းများ ဖောက်လုပ်ခဲ့ရာ ယင်းလမ်းများကို တရားမဝင် ကုန်သွယ်သူများ က မော်ဒယ်လ်မြင့် မော်တော်ယာဉ်များကို အသုံးပြု၍ မှောင်ခိုရှောင်ကွင်းလမ်းများ အဖြစ် အသုံးပြုလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ထပ်မံဆွေးနွေးမည်

 
May 4, 2013Home, သတင်း

လက်ရှိနိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေးအတွက် ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသားကိုကိုကြီးကပြောကြား ရာတွင် “အခုလွှတ်လိုက်တဲ့အထဲ မှာ တင်တဲ့စာရင်းနဲ့ လွှတ်တဲ့စာရင်း ကကွာခြင်းမှုရှိနေတယ်။ သူတို့ တွေကိုတော့ ဘာကြောင့်လွှတ် တယ်။ သူတို့တွေ့ကိုကြတော့ဘာ ကြောင့် ကျန်တယ်ဆိုတာကို ဆွေးနွေးမှုတွေလုပ်ရမယ်။ နောက်တစ်ခုက နိုင်ငံရေး၊ အကျဉ်း သားတွေကို လွှတ်တဲ့နေရာမှာ ပေတံတစ်ခု၊မူဝါဒတစ်ခုရှိဖို့လိုနေပြီ” ဟု ပြောကြားခဲ့သည်။
နောက်တစ်ခေါက်နိုင်ငံရေး၊ အကျဉ်းသားစိစစ်မှုတွင် ပုဒ်မကို မကြည်ဘဲ။ နိုင်ငံရေးဆောင်ရွက် ချက်ကိုကြည့်၍ သီးခြားခွဲဖို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုကိုကြီးကဆက်လက်ပြောသည်။
“ကျန်တဲ့နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်တာတော့လွှတ်မှာပါ။ တကယ်နိုင်ငံရေး၊ အကျဉ်းသား၊ စိစစ်ဖို့ကိစ္စက အရေးပါတဲ့ အဆင့် ဆုံးဖြတ်ရဦးမယ်။ နိုင်ငံရေး အကျဉ်သားဆိုတာဘယ်သူတွေ လဲ။ ဘယ်ပုဒ်မတွေလဲအဓိက ဖမ်းခံရတာနိုင်ငံရေးနဲ့ ဖမ်းခံရ တယ်။ ဒါပေမဲ့ သူတို့ကိုပုဒ်မနဲ့ မကြည့်ဘဲနဲ့ သူတို့ရဲ့နိုင်ငံရေး ဆောင်ရွက်ချက်၊ တခြားပုဒ်မ တွေနဲ့ စွပ်စွဲခံရသူတွေကိုသီးခြား ခွဲထုတ်ဖို့လိုမယ်”ဟု ၎င်းကပြော ကြားခဲ့သည်။

ဖြိုးအောင် The Hot News

Samsung Galaxy S4 စတင် ရောင်းချ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်


ရန်ကုန်၊ မေ ၎

Samsung Galaxy S4 စတင် ရောင်းချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

''တိုကင် ၁ဝဝဝ ဝေတာ အားလုံးကုန်သွားပါပြီ။ အဲ့ဒီအပြင်ကို တိုကင်မရဘဲ ဝယ်ချင်လို့ စောင့်နေတဲ့ သူတွေကလည်း တစ်ထောင်ကျော်လောက် ရှိနေတယ်'' ဟု ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။

နံနက် ၉ နာရီမှ စတင်ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တိုကင်လာရောက်တန်းစီသူများ အနေဖြင့် နံနက်အစောပိုင်းကပင် စတင်တန်းစီနေကြပြီး ၉ နာရီ မတိုင်မီ တိုကင် အားလုံး ကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
''ကျွန်တော် မနက် ၇ နာရီကတည်းက လာတန်းစီတာပါ။ တိုကင်နံပါတ် လေးရာကျော်ပါတယ်'' ဟု အလုံမြို့နယ်မှ ဖုန်းလာရောက် ဝယ်ယူသည့် သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုကင်မရရှိလိုက်သည့် သူများအနေဖြင့်လည်း အလုံးရေ ၁ဝဝဝ အပြင် ထပ်မံရောင်းချပေးမည် ဆိုသည့် သတင်းကြောင့် စောင့်ဆိုင်းနေကြပြီး တိုကင်များအား အချင်းချင်း ငွေကြေးဖြင့် ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လျက်ရှိသည်။

''နံနက် ၉ နာရီမှ ရောက်လာတော့ တိုကင်မရှိတော့ဘူး။ အဲ့ဒါနဲ့ ရှေ့ကနှစ်လုံးဝယ်ပြီးတဲ့သူက တိုကင်နှစ်စောင် ပိုတယ်ဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်စောင်ကို ကျပ် နှစ်သောင်းပေးပြီး ဝယ်လိုက်တယ်'' ဟု ဂလက်ဆီ S4 လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။

သို့သော် ဆမ်ဆောင်းအနေဖြင့် ယနေ့တွင် အလုံးရေ ၁ဝဝဝ အတိအကျသာ ရောင်းချပေး သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဝယ်သူများအတွက်ကိုမူ ပစ္စည်းလက်ကျန်ပေါ် မူတည်ပြီးမှသာ ရောင်းချမှုအား နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ တာဝန်ရှိသူ ကိုဇာနည်က ဆိုသည်။

 
 ''ဒီနေ့မှာတော့ သတ်မှတ်အလုံးရေထက် ပိုရောင်းမှာ မဟုတ်ပါဘူး။ အစက ရောင်းပေးဖို့ စီစဉ်ထားပေမယ့် အခြေအနေအရ မရောင်းဖြစ်တော့ပါဘူး'' ဟု ၎င်းက ဆိုသည်။

Samsung Galaxy S4 အား ပြည်တွင်း၌ ယနေ့ စတင် ရောင်းချပေးခြင်းဖြစ်ပြီး အလုံးရေ ၁ဝဝဝ အား ငွေကျပ်ငါးသောင်း ဈေးလျှော့၍ ကျပ် ၅၆၉ဝဝဝ ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းအတွက် ဝယ်ယူသူများကြား ပြဿနာ အနည်းငယ်ရှိသော်လည်း ဆမ်ဆောင်းအနေဖြင့် မြန်မာပြည် ခွဲတမ်း အတွက် ထပ်မံရရှိမည့် အလုံးအရေ များအား မရရှိလိုက်သည့် ဝယ်ယူသူများအတွက် စီစဉ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကိုဇာနည် က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားသည်။

သုတလင်း
Popular Myanmar News Journal

ရန်ကုန် စတော့အိပ်ချိန်း ဘယ်သူထူထောင်မလဲ

နယူးယောက် စတော့အိပ်ချိန်း တစ်နေ့တာမြင်ကွင်း။ (ဓာတ်ပုံ-AFP)

Saturday, May 4, 2013

နယူးယောက် စတော့အိပ်ချိန်း NYSE တို့ လန်ဒန်စတော့အိပ်ချိန်းတို့ ပါရီဘော့စ် Paris Bourses တို့ အမ်စတာဒမ်ဘော့စ် တို့သည် ကော်ဖီဆိုင်တွင် ထိုင်ကြရင်း စုပေါင်းထူထောင်ခဲ့သော ငွေကြေးအရင်းအနှီး ဈေးကွက်များ ဖြစ်ကြသည်။ နောက်မှ ဥရောပလိုက်ပြီး ပြဋ္ဌာန်းခဲ့ရသည်။ တိုကျိုတို့၊ ရှန်ဟိုင်းတို့ ဟောင်ကောင်တို့ခေတ် ရောက်သောအခါတွင်ကား ဥပဒေ အရင်ပြဋ္ဌာန်းပြီး ထူထောင်ခဲ့ပါသည်။

မြန်မာစတော့ အိပ်ချိန်းဖွင့်လှစ်ရန် ပဏာမခြေလှမ်းဟု ဆိုရမည့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးက ၁၈-၃-၂၀၁၃ ရက်နေ့တွင် အတည်ပြုလိုက်သည်ဟု မှတ်ယူကာ မှတ်တမ်းတင်ခဲ့ပါသည်။ ယင်းတွင် "ပုဒ်မ ၆၆ (ခ) ၌ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ၀န်ကြီးဌာန (ဘဏ္ဍာရေးနှင့် အခွန်) သည် မြန်မာ့စီးပွားရေးဘဏ်အား ငွေရေးကြေးရေး အဖွဲ့အစည်း မဟုတ်သော အဖွဲ့အစည်း တစ်ခုခုနှင့် ဖက်စပ် ကုမ္ပဏီဖွဲ့စည်းစေပြီး စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ခွင့်ပြုသည်" ဟု ပါရှိပါသည်။



ငွေကြေးကုန်စည် အခြေခံ

စတော့အိပ်ချိန်းများကို နိုင်ငံအများအပြားရှိ မြို့တော်ကြီးများနှင့် မြို့ကြီးများတွင် ဖွင့်လှစ်ထားရှိ ကြပါသည်။ စတော့အိပ်ချိန်းများသည် ငွေချေးသက်သေခံ လက်မှတ်များကို ရောင်းဝယ်ပါသည်။ ဤသို့ ရောင်းဝယ်ရာ၌ ယခုဥပဒေတွင် ပါရှိသည့်အတိုင်း စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက်ဟူ၍ နှစ်ဆင့်၊ နှစ်မျိုးရှိပါမည်။ အထက်က ဒုတိယအပိုဒ် အဆုံးလောက်တွင် စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများဟု တွေ့ရပါမည်။

ပြောရလျှင် စတော့အိပ်ချိန်း တစ်ခုခု (သို့မဟုတ်) ကောင်တာဈေးကွက် တစ်ခုခုကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ထောင်ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။ နယူးယောက်မြို့တွင် NYSE နှင့် Amex ဟု စတော့အိပ်ချိန်းနှစ်ခု ထွက်ပေါ်သလို ရန်ကုန်မြို့တွင် ရန်ကုန်စတော့ အိပ်ချိန်းနှင့် အခြားတစ်ခု၊ နှစ်ခု ထွက်ပေါ်လာနိုင်ပါသည်။
ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည် . . . . .

စတော့အိပ်ချိန်းမှာ မြင့်မားသော သတ်မှတ်ချက် များစွာနှင့် ပြည့်စုံသည့် တောင့်တင်းသော အများစုပိုင် ကုမ္ပဏီကြီးများ၊ အစိုးရ၊ ဒေသအစိုးရ၊ အစိုးရ အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာနှင့် နိုင်ငံခြား အစိုးရ၊ ယင်းတို့၏ အဖွဲ့အစည်းကြီးများ၏ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။ ကောင်တာဈေးကွက် Over the counter (OTC) market မှာ စတော့အိပ်ချိန်းတွင် စာရင်းမ၀င်နိုင်သော unlisted ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။

ငွေချေးသက်သေခံ လက်မှတ်ဟူ၍ ယခုဥပဒေကြမ်းတွင် ဖော်ပြသုံးစွဲမှုမှာ အစိုးရငွေတိုက်လက်မှတ် treasury bill၊ ငွေတိုက်စာချုပ် treasury bond၊ အစိုးရ...နိုင်ငံတကာနှင့် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေချေးစာချုပ်နှင့် ယင်းအမျိုးအစား တစ်ခုဖြစ်သည့် ဒီဘင်ချာများ၊ bonds and debentures၊ စီးပွားရေး အဖွဲ့အစည်းတို့၏ ရှယ်ယာ၊ စတော့၊ ယင်းတို့ကို ကြိုတင်ဝယ်ခွင့် စတော့ warrants၊ ရွေးချယ်ခွင့်ပါစတော့ options နှင့် အခြားဘဏ္ဍာငွေကြေး အခွင့်အရေးစတော့ rights စသည်များ ပါဝင်သည်။ ကောင်တာဈေးကွက်၌ ယင်းတို့အပြင် မစေ့ရောက်သေးသော ပြေစာ vouchers၊ ကုန်တင်ပို့လွှာ bill of laden၊ ကတိလက်မှတ် promisory note စသဖြင့် တစ်ချိန်တွင် ငွေရမည့် စာရွက်စာတမ်း papers မှန်သမျှ လျှော့လဲ လျှော့ရောင်းဝယ်မှု discounting များကို လက်ခံသည်။ ယုတ်စွအဆုံး ကျွန်တော်ရေးနေကျ စကားလုံးနှင့် ပြောရလျှင် ကျွန်တော်တို့ရပ်ကွက် ဆိုရှယ်လစ်ခေတ်က ဆီစာအုပ်ပေါင်ခြင်း၊ ယနေ့ပင်စင်စာအုပ် ပေါင်ခြင်း စသည်များသည် ကောင်တာခေါ် ဒုတိယဈေးကွက်၌ ငွေချေးသက်သေခံ လက်မှတ်များ (ဘဏ္ဍာရေးကုန်စည် financial product ဟုလည်း ခေါ်သည်) လဲလှယ်ရောင်းဝယ်ခြင်းများပင် ဖြစ်ပါသည်။



ရောင်းချ ထွက်ပြေးခြင်းလား

ယခုတော့ မိမိပိုင်ငွေ၊ မိသားစု မျိုးရိုးစဉ်ဆက်ပိုင်ငွေ၊ အစိုးရ ကျောထောက်နောက်ခံ ဘဏ်ချေးငွေ စသည်တို့ဖြင့် ချေးငွေရယူ ထူထောင်လုပ်ကိုင်ခဲ့ကြသော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများလည်း နှစ် ၂၀ ကျော်ကြာ အစိုးရများ၏ ကျေးဇူးဖြင့် အလွန်တရာ ကြီးမားသော ကုမ္ပဏီကြီးများ ဖြစ်လာကြပါပြီ။ သာမန် ဆန်စက်၊ ဆီစက်၊ ကွာစေ့လှော် လုပ်ငန်းလေးများမှ ဒေါ်လာဝယ်ကုန်သွင်း၊ ကန်ထရိုက်တိုက်များ အသစ်ဆောက် ရွှေဆိုင်ကလေးတွေ ဖွင့်နှင့် ရိုးရိုးသားသား တစ်ဆင့်ချင်း တက်လာသူများရော ထိုင်းသူဌေးဆီမှ စက်လှေငါးစင်းလောက်နှင့် ငါးဖမ်း အခေါက်ခေါက်အခါခါ ပြန်သွားသွင်းရင်း "ဘာလို့ နိုင်ငံခြားသားဆီ သွားလုပ်မလဲ....တို့ဆီမှာ လာလုပ်" ဆိုသူများနှင့် ရတနာပုံ ဆိုက်သွားသူများရော...လူက ချာတိတ်၊ ကိုင်တော့ မြေကြီး၊ ပိုင်တော့ ကျယ်လိုက်သည့်သတင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်း၊ ပြောမရ ဆိုမရသည့် ဇိုးသမားတို့၏ စားပေါက်ကုန်၊ ဟိုတယ်နှင့် ခရီးသွားက ပါသေးဟု ဆိုရမည့် ထောမှထော ဆိုသူများလည်း (ယခုကဲ့သို့ ခွဲခြားပြရသည်မှာ အားလုံး ခရိုနီ မဟုတ်ပါဟု ရှင်းပြလိုခြင်း ဖြစ်ပါသည်-စာရေးသူ) သူတို့၏ ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများကို အများပိုင်အဖြစ် ပြောင်းလဲရေး Going public ပြုပေးတော့မည့် အသံများ ကြားရသည်။

ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည်။ ထို့အတူ စတော့ဈေးကွက်အတွက် အများပိုင် ကုမ္ပဏီကြီးများအဖြစ် ပြောင်းလဲပေးသွားရန် ခြေလှမ်းစနေသူ အမြောက်အမြားကို တွေ့နေရပါပြီ။

ဒီတော့ စတော့ဈေးကွက်တို့၊ ကောင်တာဈေးကွက်တို့ ဖွင့်လှစ် လုပ်ကိုင်မည့် သူများသာ လိုပါတော့သည်။ ပြည်သူနှင့် မီဒီယာတို့ကတော့ ပြောကြမည်။ ရေနံနှင့် ဓာတ်ငွေ့ဆိုလည်း သူတို့၊ ကျောက်မျက်ဆိုလည်း သူတို့၊ ဖုန်းတွေလည်း သူတို့၊ ဂျာနယ် သတင်းစာတွင်လည်း သူတို့၊ ကန်ထရိုက်တို့ တစ်စပ်တည်း လယ်ယာတို့ လုပ်ဦးမလား...သူတို့ပဲဆိုတော့ သူတို့ရှယ်ယာ ထုတ်ဝေထုခွဲ ရောင်းချမည့် ဈေးကွက်ကြီးများလည်း သူတို့ပဲ လုပ်ကြလိမ့်မည် ဟူ၍။

တစ်ခုတော့ ရှိသည်။ စတော့ဈေးကွက်သည် မြန်မာနိုင်ငံ အနေအထားနှင့် တစ်ခုတည်းသာ ဖွင့်နိုင်မည်။ ယခု ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် စုဆောင်းဝယ်ယူမည့် ပြည်သူများကို အကာအကွယ်ပေးသော အပိုဒ်များ ပါဝင်သလို၊ ဖွင့်လှစ်လုပ်ကိုင်...ပါဝင်ထုတ်လုပ် ရောင်းချလျှော့လဲမည့် စီးပွားရေးသမားတို့အတွက် စည်းမျဉ်းများလည်း ပါဝင်ပါသည်။ တစ်ဖန် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဖက်စပ်လုပ်ကိုင်ရန် အဖွဲ့အစည်းသစ်တစ်ရပ် ၀ိုင်းဝန်းထူထောင် လက်ကမ်းလုပ်ကိုင်ရမည့် သဘောကို တွေ့ရပါသည်။

ဘယ်လောက် အတိုးနှင့် ဘယ်လောက်ချေးပြီး ဘယ်လောက်အကြွေး ကျန်မှန်းမသိရသော အစိုးရ (မြန်မာ့စီးပွားရေးဘဏ်) ချေးငွေဖြင့် ကြီးထွားပြီးကြသော စီးပွားရေး လုပ်ငန်းကြီးများ ထုခွဲရောင်းချခြင်းသည် ပြည်သူက သူတို့၏ စုဆောင်းငွေဖြင့် ကြားဝင်ဆပ်ပေးခြင်း ဖြစ်ပါသည်။ အများပိုင် ကုမ္ပဏီများအဖို့ ရှုံးလည်းပေးရမည့် အတိုးအစား မြတ်မှခွဲပေးရမည့် ချေးငွေသက်သေခံ လက်မှတ်များ ထုတ်ရောင်း၊ လျှော့လဲ၊ ၀ယ်ယူနိုင်သည့် စတော့အိပ်ချိန်းမှာ ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် မြင်သာပွင့်လင်းပြီး အကျိုးကို ပိုမိုရရှိစေပါမည်။
Eleven Media Group

မြန်မာနိုင်ငံကို ဂျီဟတ် စစ်ပွဲဆင်နွှဲလိုကြောင်း အင်ဒိုနီးရှား မွတ်ဆလင်များ ဆန္ဒထုတ်ဖော်


အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြိုးစားခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့သော်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လျှက် ရှိပါတယ်။ အချို့ဓာတ်ပုံများတွင်တော့ မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲ လို ကြောင်း ဓာတ်ပုံများ ဖော်ပြထားပြီ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ၊ ပုံတူများဖြင့် ဆန္ဒပြခြင်း၊ နိုင်ငံတော် အလံကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အစိုးရမှ တရားဝင် တုန့်ပြန်မှု မရှိသေးပေမယ့် အင်တာနက် သုံးသည့် မြန်မာနိုင်ငံသားများ အကြား ပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်လျှက် ရှိပါတယ်။ တစ်ချိန်တည်းမှာ ၈၈ ကျောင်းသားအဖွဲ့က Father Land ကုပဏီက အမေရိကန် ခရီးစဉ်အတွက် အလှူငွေ သိန်း ၃၀ လက်ခံ ရရှိ မှုမှာလည်း ပျံ့နှံ့လျှက် ရှိနေတာကြောင့် ဘင်္ဂလီ အရေးမှ မွတ်ဆလင်-မြန်မာ အရေး၊ မွတ်ဆလင်-မြန်မာ အရေးမှ နိုင်ငံရေးအမည်ခံများ၏ ဘာသာခြား အကူအညီဖြင့် ဆူပူမှုများ လုပ်ဆောင်ခြင်းကို ကန့်ကွက်ရေး တို့ ဖြစ်ပေါ်လျှက် ရှိပါတယ်။

အင်ဒိုနီးရှား နိုင်ငံဟာ ဒတ်ခ်ျ နယ်ချဲ့တို့လက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် ဒတ်ခ်ျအစိုးရက မြန်မာနိုင်ငံ လေယာဉ်ကွင်းအား အသုံးပြုပြီး နှိမ်နှင်းရန် ကြိုးစားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှ ဒတ်ခ်ျတို့ ၏ တောင်းဆိုချက်ကို ကန့်ကွက်သဘောမတူဘဲ ဆူဟာတို အစိုးရကို ထောက်ပံ့ပေးခဲ့ ပါတယ်။ အပြန်အလှန်အားဖြင့်လည်း မြန်မာ့ ရောင်စုံ သောင်းကျန်းသူ နှိမ်နှင်းမှုသမိုင်းမှာလည်း အင်ဒိုနီးရှားက လေယာဉ်များဖြင့် ကူညီပေးခဲ့သည့် အပြန် အလှန် ချစ်ကြည်မှုများလည်း ရှိပါတယ်။
မူရင်း
Members of Islamic hardline groups hold banners as they stage an anti-Myanmar rally in Jakarta on May 3, 2013 close to the Myanmar embassy. Indonesian police deployed heavy security around the Myanmar embassy compound Jakarta before the arrival of anti-Myanmar demonstrators on May 3. AFP PHOTO / ROMEO GACAD (Photo credit should read ROMEO GACAD/AFP/Getty Images) 2013 AFP

MTHN(UNIM) ref; by ရာဇာဓိ ရာဇာ

လေဖိအားနည်းဆဲလ် 91B – အရှေ့ဘက်သို့ ရွေလျားခဲ့

လေဖိအားနည်းဆဲလ် (INVEST)91B သည် မေလ(၄)ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့-အရှေ့မြောက်ဘက်သို့ တစ်နာရီ မိုင် ၄ဝ နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့တောင်ဘက် ၅၃၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်လေဆိပ်၏ အနောက်တောင်ဘက် ၈၄၅ မိုင်ခန့်နှင့် ပုသိမ်မြို့ အနောက်တောင်ဘက် ၁၀၅ဝ မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက် တည်ရှိနေပါသည်။ INVEST 91B သည် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ မရောက်ရှိသေးသော်လည်း တိမ်ထုစုဖွဲ့မှု အားကောင်းခြင်းကြောင့် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။
လေဖိအားနည်းဆဲလ် (INVEST)91B
04 May 2013 0600Z
Location: 3.7 86.9
Winds: 15 knots
Central Pressure: 1010 hPa
4MAY_1230MST-Google-Earth
 လေဖိအားနည်းဆဲလ် INVEST-91B တည်နေရာနှင့် ရွေ့လျားမှု အခြေအနေ(အပေါ်)
4MAY_1230MST
တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေ

20130504.0600.meteo7.x.ir1km.91BINVEST.15kts-1010mb-28N-836E.100pc
http://blog.mmweather.com/ မှ

ဆာကူရာအော်တိုကုမ္ပဏီ၌ ဆေးမှုတ်ရန် အပ်နှံထားသောကား ပြန်မရခြင်းကို သူဌေးက တာဝန်ယူသင့်ဟုဆို

 
တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၃)ရပ်ကွက်၊ ချယ်ရီဥယျာဉ် အိမ်ရာအတွင်းရှိ ဆာကူရာအော် တိုကုမ္ပဏီဆေးဘော်ဒီ အလုပ်ရုံမှ ၀န်ထမ်း(၃)ဦးက ချယ်ရီဥယျာဉ် အိမ်ရာ၊ ချယ်ရီ(၂)လမ်း၊ အမှတ် (၄၃)နေ ဗိုလ်မှူးစိုးကြည်(ငြိမ်း) ဆေးမှုတ်ပြုပြင်ရန် အပ်နှံထား သော တိုယိုတာ (ကလူဂျာ)ကား ကိုပြန်လည်ပေးအပ်ခြင်းမပြုသဖြင့် တောင်ဥက္ကလာရဲစခန်းသို့ တိုင် ကြားထားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်ပိုင်ရှင်ဖြစ်သူအား တွေ့ဆုံ မေးမြန်းရာ ““အဲဒီ ဆာကူရာကုမ္ပ ဏီက မန်နေဂျာတစ်ယောက်က ကျွန်တော်ကို လာတွေ့ပါတယ်။သူလာတွေ့ရတဲ့အကြောင်းအရင်း က သူဌေးက လုံးဝတာဝန်မယူ ဘူး။ ဒီကိစ္စကိုလည်း ဘာမှမသိ ဘူးဆိုပြီး ပြောနေတဲ့အတွက် ကြောင့် လာတွေ့ပြီး ညှိနှိုင်း တာပါတဲ့။ ဆာကူရာက သူဌေးက ဘာပြောလဲဆိုတော့ ဒီကိစ္စသူမသိတဲ့ ကိစ္စဖြစ်လို့ သူ့ဝန်ထမ်း(၃)ယောက်နဲ့ပဲ တွေ့ပြီး ရှင်းပါတဲ့။ အဲဒီ (၃) ယောက်က ဆာကူရာကုမ္ပဏီ က တာဝန်ခံအင်ဂျင်နီယာ မျိုးမင်းသောင်း၊ ဘော်ဒီဆရာ ထွန်းလေးနဲ့ ၀န်ထမ်းတစ်ဦး (အမည်မသိ)တို့ပဲဖြစ်ပါတယ်။ သူတို့က ဧပြီလ (၂၁)ရက် ည(၁၀)နာရီခန့်လောက်မှာ ပဲခူးဘက်ကို ဆာကူရာလုံခြုံရေး ဂိတ်ကနေပဲ ကားကိုယူဆောင် ပြီး ထွက်သွားတဲ့အချိန် လမ်း တစ်နေရာမှာ ယာဉ်မတော် တဆမှုဖြစ်လို့ ဒါးပိန်ရဲစခန်းက ကားကောလူပါ ထိန်းသိမ်းထား တယ်လို့ ကြားရပါတယ်””ဟု ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်များအနေဖြင့် တောင်ဥက္ကလာပရဲစခန်းတွင် အရေးယူဆောင်ရွက်ပေးရန် တိုင် ကြားထားကြောင်း၊ ၎င်းတို့ အနေဖြင့် ကားကို ဒါးပိန်ရဲစခန်းမှ မထုတ်ယူရသေးကြောင်း၊ ထိုဝန် ထမ်း(၃)ဦးကို ဆာကူရာကုမ္ပဏီ က အာမခံဖြင့် ထုတ်ယူသွား သည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စအား ပြုလုပ်သူများမှာ ဆာကူရာကုမ္ပဏီဝန်ထမ်း များဖြစ်သည့်အတွက် ကုမ္ပဏီ သူဌေးက တာဝန်ယူသင့်ကြောင်း ကာယကံရှင်ဖြစ်သူ ဗိုလ်မှူးစိုး ကြည်(ငြိမ်း)က ဆက်လက်ပြော ကြားခဲ့သည်။

ပြည်သူ့ညီညီအောင် http://www.hotnewsweekly.com/archives/20057
 

ရုပ်ရှင်ကြည့်ပြီး မော်တော်ကားအိပ်မက် မက်နိုင်ပြီ

 
ပြုံးပြုံးပျော်ပျော် ထော်လော်ကန့်လန့် ဆိုတဲ့ ရုပ်ရှင်ကားသစ်ကြည့်သူများ  ရန်ကုန်မှာ ရုပ်ရှင်ကြည့်ရင်း မော်တော်ကားမဲပေါက်တဲ့အိပ်မက် မက်နိုင်ပါပြီ။
မဲဖောက်ပေးမယ့်ကားက Nissan March   ဖြစ်ပါတယ် တဲ့။
ဒီရုပ်ရှင်ကို   ရန်ကုန်မှာ သမ္မတ၊  သွင်၊  မင်္ဂလာ၊ Junction Square, Junction Mawtin, Top Royal နဲ့ မန္တလေးမှာတော့ မြို့မ၊ ၀င်းလိုက် ရုံတွေမှာ ပြသနေပါပြီ။

 ထွန်းအိန္ဒြာဗိုလ်၊ မေသန်းနု၊ မေသဉ္ဖာဦး၊ ဟိန်းဝေယံ၊ အေးမြတ်သူ၊ ရဲအောင်၊ နေဆန်း၊ နေမျိုးအောင်တို့ ဒီရုပ်ရှင်ကားမှာ   ပါဝင်ကြပါတယ်။ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးထားတဲ့ကားပါ။ 


သမ္မတရုံရှေ့ဝင်ပေါက် ဘယ်ဘက်ဘေးနံရံမှာမည်း မဲပေါက်သူကိုပေးမယ့် Nissan March   ရပ်ထားတာ တွေ့ရမှာပါ။

ရုပ်ရှင်လက်မှတ်တစ်စောင် ၀ယ်ယူသူတိုင်း ကံစမ်းနိုင်ပါတယ် တဲ့။

ရုပ်ရှင်လက်မှတ်နဲ့ ကံစမ်းမဲအစီစဉ်ကို ပါဝါကင်း ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ် ဖြန့်ချီရေးကနေဆောင်ရွက်တာဖြစ်ပါတယ်။   
 ဗုဒ္ဓဂါယာခရီးစဉ်လက်မှတ်(၂)စောင်၊ Mitsubishi ရေခဲ သေတ္တာ၊ ၂၄ လက်မ LED Toshiba တီဗွီ၊ Sony EVD စက် အလုံး(၃၀)၊ ပေါင်းအိုးတွေ ပန်ကာတွေမီးပူ၊  တိုင်ကပ်နာရီ စတဲ့ ဆုမဲ(၁၀၀) ကျော်ကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာပါ တဲ့။
 
ဒီဆုတွေရဲ့ စုစုပေါင်းတန်ဘိုး နဲ့ ရုပ်ရှင်ဇာတ်ကားအမြတ်ငွေ ဘယ်လောက် ကွာခြားမှု ရှိတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာပြည်မှာ ကားဈေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကားဈေးတွေ ကျလာတာကြောင့် ကံစမ်း မဲအစီစဉ်တွေမှာ ကားတွေ ပိုပါလာတာကို တွေ့ရပါတယ်။

ကံစမ်းမဲနဲ့ မက်လုံးပေးတဲ့ခေတ် မကုန်သေးတဲ့ မြန်မာပြည်မှာ ကံစမ်းမဲ ဆိုတာ ပျော်စရာကောင်းတဲ့ အစီအစဉ်ဖြစ်ကြောင်း လက်ခံထားသူ အများအပြား ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။

ရွက်စိမ်း  ~ဧရာဝတီ http://blog.irrawaddy.org/2013/05/blog-post_9793.html

ပခုက္ကူမြို့တွင် မိုးခေါင်မှုကြောင့် ရပ်ကွက်အချို့၌ လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ၌ မိုးရွာသွန်းခဲ့


ပခုက္ကူမြို့တွင် မေလတွင်းသို့ ရောက် ရှိလာပြီ ဖြစ်သော်လည်း မိုးရွာသွန်းမှု မရှိခြင်းကြောင့် ၂၀၁၃၊ မေ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၌ မိုးရွာသွန်းစေရန် လွန်ဆွဲပွဲများ ပြုလုပ်ပြီး နာရီပိုင်းအကြာ မိနစ် ၃၀ ခန့် မိုးပြန်လည် ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းအနည်းငယ် တိုက်ခတ်ခဲ့ခြင်းကြောင့် မဲဇလီပင်၊ ဗာဒံပင်နှင့် ကုက္ကိုပင်များမှ သစ်ကိုင်းများမှာ လျှပ်စစ်ကြိုးများပေါ်သို့ ကျိုးကျခဲ့သည့်အတွက် လျှပ်စစ်မီးများ ပြတ်တောက်မှုများသာ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်နှင့်လူများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ သက်တမ်းရင့် သစ်ပင်ကြီးများလည်း လဲကျမှု မရှိကြောင်း သိရှိရသည်။ ''မိုးခေါင်တဲ့နှစ်တိုင်း အစ်မတို့ ရပ်ကွက်မှာ လွန်ဆွဲပွဲ အမြဲတမ်း လုပ်ဖြစ်တယ်။ ရိုးရာယုံကြည်မှုအရ မိုးပြန်ရွာအောင် လုပ်တာပါ။ အုံးပွဲ၊ ငှက်ပျောပွဲတွေနဲ့ လူကြီး၊ ကလေး အားလုံးပါဝင်ပြီး လွန်ဆွဲကြတယ်'' ဟု လွန်ဆွဲပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်..

''မိုးမရွာတာ အတော်ကြာပြီ၊ ခုမှ ပြန်ရွာတာ။ ရွာချိန်က သိပ်မကြာ လိုက်ပေမယ့် ရေကအတော်လေးပါတယ်။ လေလည်းနည်းနည်း တိုက်လိုက်တော့ သစ်ကိုင်းဆတ်တဲ့အပင်က သစ်ကိုင်းတွေ ကျိုးကျတာတော့ရှိတယ်။ သက်တမ်းရင့် သစ်ပင်ကြီးတွေ အပင်လိုက် လဲကျတာတော့ မရှိပါဘူး။ လောလောဆယ် လျှပ်စစ်မီးတော့ ပြတ်သွားတယ်။ မီးကြိုးတွေပေါ် ကျိုးကျနေတဲ့ သစ်ကိုင်းတွေကိုတော့ သက်ဆိုင်ရာက လိုက်ရှင်းနေတာတွေ့တယ်။ လျှပ်စစ်မီးကတော့ မိုးစရွာကတည်းက ပျက်သွားတာ ဒီနေ့(၃.၅.၂၀၁၃နေ့) နေ့လည်ထိအောင် မလာသေးဘူး။ အပူဒဏ်ခဏတော့ သက်သာသွားတာပေါ့'' ဟု ပခုက္ကူမြို့ခံ ကိုဇော်ဝင်းသန်းက ပြောသည်။

ပခုက္ကူမြို့တွင် ဧပြီလပထမပတ်မှစ၍ နေ့အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး အချို့ရက်များ၏ အမြင့်ဆုံး အပူချိန်များမှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မိုးပြန်လည် ရွာသွန်းခဲ့သည့်အတွက် နေအပူချိန်များ လျော့ကျရန်နှင့် မိုးထပ်မံရွာသွန်းရန် ဒေသခံများကြား မျှော်လင့်နေကြောင်း သိရသည်။

''မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်'' ဟု ဘုန်းကန်ကျေးရွာမှ တောင်သူ မမိမော်က ပြောသည်။

''လက်ရှိမိုးအခြေအနေက တောင်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေသေးဘူး။ နောက်ထပ်မိုးထပ်ရွာဖို့ မျှော်နေရတာပဲ။ ပျိုးကြဲပြီးချိန်လောက် တစ်မိုး နှစ်မိုးလောက် ထပ်ရွာရင်တော့ သီးနှံပိုဖြစ်တာပေါ့။ မနှစ်ကတော့ မိုးဦးလုံးဝမကောင်းဘဲ မေလကုန်လောက်မှရွာလို့ တောင်သူတွေမှာ တစ်သီးပဲ စိုက်နိုင်တယ်'' ဟု မြောက်လူးကန်ကျေးရွာမှ တောင်သူ ကိုညွန့်လွင်က ပြောသည်။
Eleven Media Group မှ 
 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေး ကျင်းပရန် ခေါ်ယူ


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
ပြည်ထောင်စု လွှတ်တော်
ကြေညာချက် အမှတ်(၁/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တန်ခူး လပြည့်ကျော် ၈ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၃ ရက်)

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ အထူး အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

နိုင်ငံတော် သမ္မတရုံး၏ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃)ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူနိုင်ရန် အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၈၃ နှင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် ပုဒ်မ ၅၂ တို့အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို နေပြည်တော်၌ ၁၃၇၅ ခုနှစ် ကဆုန်လဆန်း ၁၁ ရက်(၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်) တနင်္လာနေ့ နံနက်၁ဝ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။

                                                                               (ပုံ)ခင်အောင်မြင့်

                                                                                        နာယက

အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချ

ယနေ့မြန်မာနယ်စပ်တနေရာတွင်တွေ့ရသည့်  DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးရှာထူးဝေါ် တို့နှင့် KNU/KNLAငြိမ်းကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ) 

ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ  မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။

ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်

DKBA ဗိုလ်မှူးကြီးဆန်းအောင် 
DKBA ဗိုလ်မှူးရှာထူးဝေါ်
ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။

အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချလိုက်ကြောင်း ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ပြောသည်။

“ဒီနယ်မြေကကိုယ့်နေရာပဲ။ ဖယ်ပေးစရာအကြောင်းမရှိဘူး။ ဒီက ဖယ်ပေးလိုက်ရင် ထိုင်းဘက်ရောက်ဘိဖို့ပဲ ရှိတော့မယ်” ဟု  ဧရာဝတီသတင်းဌာနကို ယနေ့ နံနက်ပိုင်းက ပြောသည်။


“အတင်းအကြပ်ရွှေ့ခိုင်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ဆိုးကျိုးကိုပဲ ဖြစ်စေမယ်” ဟု ဆိုသည်။
ဒီကေဘီအေသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အောက်ခြေစစ်တပ်နှင့် စကားပြောရန်အကြောင်း လုံးဝ မရှိကြောင်း၊
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လက်နက်များဖြင့် မိမိတို့ကို အကြမ်းဖက် တိုက်ခိုက်လာပါက ပြန်လည်ခုခံမည်ဟုလည်း  သူက ဖြည့်စွက်ပြောကြားသည်။

အစိုးရတပ်၏ ရာဇသံ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်ကြီးငူတွင် (ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်နှင့် DKBA တို့ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာ တိုက်ပွဲ နှင့် ဆက်စပ်နေသည်ဟု
၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

KNU/KNLAငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး 

“ဒီတိုက်ပွဲဖြစ်တာလည်း သူတို့ရဲ့အကြံအစည်ပဲ။ ကျွန်တော်တို့ဘက်ကတော့ တပ်တွေကို ဖယ်ပေးစရာမရှိဘူး။ အရင်ကလည်းမြိုင်ကြီးငူကနေ
လက်ရှိနေရာကိုပြောင်လာခဲ့တာဘဲ ထပ်ပြီးဘယ်ကိုမှပြောင်းစရာမရှိတော့ဘူး” ဟု  ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။



  • ဒေသတွင်း တုံ့ပြန်ချက်တချို့

DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးက ဧရာဝတီသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အနေနှင့် လက်ရှိအခြေအနေများကို ၀င်ရောက်ထိန်းသိမ်းပေးရန်  DKBA အဖွဲ့က တောင်းဆိုလိုက်ပြီး ပြေလည်မှု မရပါက  ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု ပြောသည်။ 

  • ဟတ်ကြီးရေကာတာစီမံကိန်း

 DKBA တို့ တပ်စွဲထားသည့်နေရာသည် ဟတ်ကြီးရေကာတာ စီမံကိန်း နယ်မြေ အနီးတွင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတန်ကြာက အစပြုခဲ့သည့် ဟတ်ကြီးရေကာတာစီမံကိန်းသည် သံလွင်မြစ်နှင့် ဒေသဝန်းကျင်၏ သဘာဝကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဒေသခံ အများအပြားက ကန့်ကွက်နေကြသည်။

 စီမံကိန်းကို သဘောမတူသောကြောင့်လည်း DKBA က ထိုနေရာမှ ထွက်ခွာရန် ငြင်းဆန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“အများပြည်သူရဲ့ဆန္ဒမပါဘဲ လုပ်မယ့် ဟတ်ကြီးရေကာတာ စီမံကိန်းကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုနိုင်သလို ဒီနေရာကနေလည်း ဘယ်ကိုမှာရွှေ့ပြောင်းပေးမှာ မဟုတ်ဘူး။
သံလွင်မြစ်အပါအ၀င် ကရင်ပြည်နယ်ရဲ့သဘာဝတော တောင်ရေမြေတွေနဲ့ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်” ဟု DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

သေနတ်သံ အဆက်မပြတ် ထွက်ခဲ့သည့် ကရင်ပြည်နယ်သည် ကာလအတန်ကြာ ငြိမ်းချမ်းခဲ့ပြီး ယခုအခါ တိုက်ပွဲကြီးငယ်များ ပြန်ထွက်လာနိုင်သည့် အရိပ်အယောင်တချို့ တွေ့နေရသည်။
တိုက်ပွဲဖြစ်မည် သို့မဟုတ် ငြိမ်းချမ်းရေး ဆက်ထိန်းမည် ဆိုသည်တို့မှာ လက်နက်ကိုင်ထားကြသူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီhttp://blog.irrawaddy.org/2013/05/blog-post_1982.html

 

ဒေါ်အောင်ဆန်းစုကြည်၏အိမ်ပြန်ခရီး


 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၀န်းကျင်တွင် မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်မှ လေကြာင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

လိုအပ်ချက်တွေနဲ့ အမျိုးသားသတင်းဆု

 
ဒုတိယအကြိမ် အမျိုးသား သတင်းဆု ၆ ဆုကို ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းတွေကို အမျိုးသား သတင်းဆု ကော်မတီ ကနေ ရွေးချယ်ခဲ့ပြီး သောကြာနေ့တုန်းက ပေးအပ်ခဲ့ပါတယ်။  ဆုပေးပွဲကို ရန်ကုန် အမျိုးသားဇာတ်ရုံမှာ တေးသံရှင်တွေ အစုံအလင်နဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။

ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဝင်းငြိမ်းကတော့ ဆုရွေးချယ်မှုမှာ ပြုပြင် ရမယ့်အပိုင်းတွေ ရှိပါသေးတယ်လို့  အခုလို ပြောပါတယ်။

"'ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထွက်ရှိလာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊ အခုဆိုရင် ပုဂ္ဂလိက သတင်းစာတွေ ထွက်နေပြီဖြစ်တဲ့အတွက် နေ့စဉ် သတင်းစာတွေ ထွက်နေပါတယ်။ အဲဒီ သတင်းစာတွေ၊ ဂျာနယ်တွေအားလုံးကို ကျနော်တို့က monitor လုပ်နိုင်ရပါမယ်။ အဲဒီလို Monitor လုပ်ပြီးမှသာ  monitor လုပ်တဲ့အထဲက တစ်နှစ်လုံးစာကို ကြည့်ပြီးမှ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အခုနက တင်ပြခဲ့တဲ့ အခြေအနေ အရပ်ရပ်အရ ပြိုင်ပွဲသဏ္ဍန်ဖြစ်နေတာကိုတော့ ကျနော်တို့အားလုံးက စိတ်ထဲမှာ မကျေနပ်ကြပါဘူး။"

အမျိုးသား သတင်းဆု ပြိုင်ပွဲဝင်ခဲ့သူတွေထဲမှာ ပြည်တွင်းက ဂျာနယ်တွေ ရုပ်သံလိုင်းတွေ အပြင် အရင်က ပြည်ပ အခြေစိုက် သတင်းဌာန တွေဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ မဇ္ဇျိမသတင်းဌာနတွေကလည်း ၀င်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုတွေမှာတော့ ပြည်တွင်းက ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းကဘဲ ရသွားတာပါ။ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုကို The Myanmar Independent News Journal မှာ မသီတာ (စမ်းချောင်း) ရေးသားတဲ့ အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း အယ်ဒီတာ့ အာဘော်က ရသွားပါ တယ်။ ရခိုင် ပြည်နယ်တွင်း ပဋိပက္ခရဲ့ ဇစ်မြစ်ကို ရှာဖွေဖို့ တိုက်တွန်းထားတာပါ။
မသီတာ (စမ်းချောင်း)က စင်မြင့်ထက်မှာ ဆုကို လက်ခံရင်း   အခု သတင်းဆု ရွေးချယ်ရေး ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေကို သူ့အနေနဲ့ သဘောမတူတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

"'ဒီဆုရဲ့ လုပ်ထုံးလုပ်နည်းပေါ်မှာ သဘောမတူပါဘူး၊ ဘဝင်မကျပါဘူး။ အခုနကပြောသလို ပြိုင်ပွဲဝင်ရသလို ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘဝင်မကျပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင် လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီးတော့ ဆရာဦးမျိုးမြင့်ငြိမ်းက လွတ်လွတ်လပ်လပ် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ တည်းဖြတ်လိုက်တဲ့ ကျမတို့ Myanmar Independent ရဲ့ အယ်ဒီတာ့အာဘော်ဖြစ်တဲ့ အသွင်မတူမှုနဲ့ ပဋိပက္ခ အသွင် ပြောင်းလဲခြင်း-ဆိုတဲ့ ဒီဆောင်းပါးလေးကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးဖို့ လို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် ကျမ အများကြီးဝမ်းသာပါတယ်။ မကြာခင်ကမှ လာပြီး သင်တန်းပေးသွားတဲ့အထဲမှာ နိုင်ငံတကာမှာ အယ်ဒီတိုရီရယ်မပါလို့ ရှိရင်  ပရိသတ်က ဝယ်တောင်မဖတ်ဘူးလို့ ပြောတဲ့အထိ- အဲဒီအချိန်မှာ ကျမတို့ဆီမှာ အယ်ဒီတိုရီရယ် မပါတဲ့ သတင်းဂျာနယ်တွေ အများကြီး ရှိနေသေးတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလို အနေအထားမှာ ကျမတို့ Myanmar Independent က လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီး ဖော်ပြလိုက်တဲ့ အယ်ဒီတိုရီရယ်လ်ကို ဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

အကောင်းဆုံး သတင်းဆုကိုတော့ ၀န်ကြီးဌာနတို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့ The Voice Weekly ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းက ရသွားပါတယ်။ အကောင်းဆုံး သတင်းဆောင်းပါး ဆုကို လည်း  မြစ်ဆုံပြန်စမည်လော ဆိုတဲ့ သတင်းဆောင်းပါးနဲ့ အကောင်းဆုံး ကာတွန်းဆုကိုလည်း  The Voice ကဘဲ ရသွားတာပါ။

အကောင်းဆုံး ရုပ်သံဆုကိုတော့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္ဇျိမ တို့ကို ကျော်ပြီး လူငယ်သတင်းစာဆရာများ မီဒီယာလွတ်လပ်ခွင့် အရေး ဆို ခေါင်းစဉ်နဲ့ ရွှေသံလွင် မီဒီယာက ထုတ်လွင့်ပြီး စကိုင်းနက် ရုပ်သံ လိုင်းတွေကနေ ထုတ်လွှင့်နေတဲ့ မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ရသွားပါတယ်။ အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ စကာတင် စာရင်းဝင်ခဲ့တဲ့ ရွှေအင်းသား ခင်မောင်ဝင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတအိုဘားမား ဓာတ်ပုံ၊ မန်းမောင်မောင်(Venus) ရဲ့ မန္တလေး မြရည်နန္ဒာ ကျူးကျော် ရပ်ကွက် ဖြိုဖျက်ပုံတွေကို ကျော် တက်ပြီး ဇော်မင်းနိုင်(Monitor) ရဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ဓာတ်ပုံက ဆုရသွားပါတယ်။

သတင်းဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းငြိမ်းကတော့ ကော်မတီ အနေနဲ့ ထွက်ရှိသမျှ သတင်းတွေကို စောင့်ကြည့်ပြီး ရွေးချယ်သင့်တာ ဖြစ်ပေမယ့် အဲဒီ အဆင့်အထိ မလုပ်နိုင်သေးတဲ့ အတွက်ကြောင့် အခုလို ပြိုင်ပွဲလို ၀င်ရောက် ယှဉ်ပြိုင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ရွေးချယ်မှုမှာတော့ ပြည်တွင်း အခြေစိုက် သတင်းဌာနတွေ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြတာ လည်း ဖြစ်ပါတယ်ရှင်။ 
VOA

Friday, May 3, 2013

မြေမြုပ်မိုင်း ရှင်းလင်းရေး အမေရိကန်သံနဲ့ အပစ်ရပ်အဖွဲ့တွေ တွေ့ဆုံ

kayar-land-mine-305.jpg
မေလ ၂ ရက်နေ့က အမေရိကန်သံအရာရှိနဲ့  ကယားပြည်နယ် က အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ငါးဖွဲ့တို့ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ ပညာပေးရေးကိစ္စ ဆွေးနွေးခဲ့ကြစဉ်
photo: RFA/ Nay Thwae

အမေရိကန်သံရုံးက နိုင်ငံရေးဆိုင်ရာ သံအရာရှိနဲ့  ကယားပြည်နယ်က အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ငါးဖွဲ့တို့ဟာ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ ပညာပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရုံးမှာ တွေ့ဆုံတာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ကယားပြည်နယ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ဆိုရင် KNPP ပါတီရဲ့ ပူးပေါင်းပါဝင်မှုက အဓိကဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (KNPLF)ရဲ့ တွဲဖက်အထွေထွေ အတွင်းအရေးမှူး (၁) ဗိုလ်မှူး မန်းသက်ဖောက ပြောပါတယ်။
ဒီပွဲကို ကယားပြည်နယ်က အပစ်အခတ်ရပ်စဲထားတဲ့ KNPLF အပါအ၀င် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် ( KNG )၊ ကရင်နီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီပါတီ ( KNPDP)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေနဲ့  အစိုးရနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ တောင်းဆိုထားတဲ့အချက် ၂၀ ထဲက ၁၄ ချက်ကို ပဏာမ သဘောတူညီချက် ရယူနိုင်ခဲ့ပြီး တပ်ရုပ်သိမ်းရေးနဲ့  နယ်မြေသတ်မှတ်ရေး စတာတွေပါဝင်တဲ့ အချက် ၆ ချက်ကို ဆက်လက်ဆွေးနွေးသွားဖို့ ကျန်ရှိနေသေးတယ်လို့  သိရပါတယ်။
RFA

ဘင်္ဂလားဒေ့ရှ်ပြန် ရခိုင် ၆၀၀ ခန့် အခက်အခဲတွေ့

 rakhine-lawaka-305.jpg
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စုပေါင်း ၁၆၀ ကျော် ရွှေ့ပြောင်းအခြေချနေထိုင်လာကြပြီး သူတို့ရဲ့စားဝတ်နေရေးအတွက်  အခက်အခဲဖြစ်နေ တယ်လို့  RFA က စုံစမ်းသိရှိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းကို တစ်ဘက်ဘင်္ဂလားဒေ့ရှ် ကနေ ပြောင်းရွှေ့လာသူတွေဟာ ပြီးခဲ့တဲ့လပိုင်းက အိမ်ထောင်စု ၇၀ ဝန်းကျင်လောက်သာရှိခဲ့ရာကနေ အခုလက်ရှိမှာ အိမ်ထောင်စုပေါင်း ၁၆၀၊ လူဦးရေ ၆၀၀ ကျော်အထိ တိုးလာနေတယ်လို့ အဲဒီရွှေ့ပြောင်း လာသူတွေအရေး ကူညီဆောင်ရွက်ပေးနေ တဲ့ မောင်တောဒေသခံ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီအိမ်ထောင်စုတွေရဲ့ စားနပ်ရိက္ခာအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WFP က စားနပ်ရိက္ခာတွေ ကူညီပေးနေပေမယ့် နောက်ပိုင်းမှာ ဒုက္ခသည်စာရင်းမဝင်လို့ဆိုပြီး ကူညီမှုထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် အခုလို အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတာဖြစ်တယ်လို့ ရွှေ့ပြောင်းလာသူတွေအရေး အဓိကကူညီဆောင်ရွက်ပေးနေတဲ့ မောင်တောမြို့၊ ဗဟိုကျောင်းတိုက်က ဆရာတော် အရှင်အာစာရက RFA ကို မိန့်ကြားပါတယ်။
တစ်ဘက်ဘင်္ဂလားဒေ့ရှ်ကနေ ပြောင်းရွှေ့လာကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေကို ရခိုင်ပြည်နယ်အစိုးရက မောင်တောဒေသတစ်ဝိုက်က နယ်စပ်ဒေသပညာရေးနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာန (နတလ) အစီအစဉ်နဲ့ နေရာချပေးထားတဲ့ ကျေးရွာတွေမှာ  အခြေချနေထိုင်ခွင့်ပြုထားပြီး စားနပ်ရိက္ခာထောက်ပံ့မှုတွေကိုလည်း လုပ်နေတယ်လို့ဆိုပေမယ့် အစိုးရရဲ့ထောက်ပံ့မှုဟာ တစ်စတစ်စများပြားလာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လုံလောက်မှုမရှိတော့ဘူးလို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
ဒါ့အပြင် အခုလက်ရှိမှာ အဲဒီရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အဓိကထား မှီခိုနေထိုင်နေကြရတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းလာကြတဲ့ ရခိုင်မျိုးနွယ်စုတွေထဲမှာ ရခိုင်လူမျိုးတွေအပြင်၊ ဒိုင်းနက်၊ မြို၊ မာရမာကြီး၊ ခမီး စတဲ့ လူမျိုးနွယ်စုတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေဟာ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ နတ်ကျောက်စရီ၊ အလယ်ခိုဒေါင်၊ မော်ဒုတ်ကြီး၊ မော်ဒုတ်ချေ၊ ဘောဒူဝနဲ့ ရွာတော်ခရိုင်တွေမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး မူဆလင်အစွန်းရောက်တွေရဲ့ ရန်ပြုမယ့်အန္တရာယ်ကြောင့် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစတင်ပြီး ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။
RFA

မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူ နှစ်ဦး ဗုံးများနှင့်အတူ ဖမ်းမိဟု အင်ဒိုရဲ ဆို


အင်ဒိုနီးရှားနိုင်ငံ၏ အထူးလေ့ကျင့်ထားသော အကြမ်းဖက်သမား နှိမ်နင်းရေး တပ်ဖွဲ့က အိမ်လုပ် ဗုံး ငါးလုံးကို သိမ်းဆည်းရမိခဲ့ပြီး မသင်္ကာသူ နှစ်ဦးကိုလည်း ကြာသပတေး ညက ဖမ်းဆီးခဲ့ကြောင်း ဂျာကာတာမှ ပေးပို့သည့် အေပီ သတင်းတရပ်တွင် ပါရှိသည်။

ထိုသူတို့သည် မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် ဆက်ဆံပုံကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည်ဟု ရဲက ဆိုသည်။ သို့သော် မြန်မာသံရုံးအား မည်သည့်အချိန်တွင် တိုက်ခိုက်ရန် စီစဉ်ထားကြောင်းကိုမူ ရဲက ပြောဆိုခြင်း မရှိပေ။

ထိုသူများ ပုန်းအောင်းရာ နေရာကို အာဏာပိုင်များက သတင်းရရှိခဲ့ပြီးနောက် ဂျကာတာမြို့ အလယ်ပိုင်းတွင် မော်တော်ဆိုင်ကယ် တစင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး ဗုံးနှင့် ဝါယာကြိုးများကို ၎င်းတို့၏ ကျောပိုးအိတ် အတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဘွိုင်းရပ်ဖလီ အမား (Boy Rafli Amar) အား ကိုးကား၍ အေပီ သတင်းက ရေးသားသည်။

သူတို့၏ အမည်ရင်းများမှာ အာမက်တောဖစ် (Ahmad Taufik) (အသက် ၂၂ နှစ်) နှင့် ဆီဖါရီယာနို (Sefa Riano) (အသက် ၂၉ နှစ်) တို့ဖြစ်ကြပြီး အမည်ပြောင်းလဲ၍ အိမ်ငှါး နေထိုင်ခဲ့ကြသည်ဟု ဗိုလ်မှူးချုပ်က ဆက်ပြောသည်။ သူတို့သည် မကြာသေးမီက ဖြစ်ပွါးခဲ့သော အင်ဒိုနီးရှား ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသော ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်သည်။

စစ်ဆေးမေးမြန်းအပြီး ၎င်းတို့ ငှါးရမ်းထားသော အိမ်သို့ ဆက်လက် ရှာဖွေရာ အခြား ဖောက်ခွဲရေးပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့သည်။ အဆိုပါ အိမ်မှ အမျိုးသမီး တဦးနှင့် ကလေးငယ်ကိုလည်း ရဲက ဖမ်းဆီးခဲ့သည်။

အထောက်အထားများအရ ၎င်းတို့မှာ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွယ်မှုများ ရှိနေကာ အလားတူ ဂိုဏ်းဝင်များအား ဆက်လက်ရှာဖွေနေကြောင်း ဘွိုင်းရပ်ဖလီ အမား က ပြောသည်။

ဂျကာတာမြို့ရှိ မြန်မာသံရုံးနှင့် သံအမတ်ကြီးနေအိမ် လုံခြုံရေးအတွက် ရဲ အစောင့်အရှောက် ဒါဇင်ပေါင်းများစွာကို ချထားသည်။ အနီးရှိ အဆောက်အဦများနှင့် ဟိုတယ်များတွင်လည်း ရဲအရာရှိ များစွာကို ကား အစီးပေါင်း များစွာဖြင့် တင်ဆောင်ချထားသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့် အနေနှင့် ထိုသို့စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သင်္ကာမကင်း ဖြစ်ခံရသူများက အာဏာပိုင်များကို ပြောကြားခဲ့သည်။

ရိုဟင်ဂျာ မူဆလင်များကို ကာကွယ်သည့်အနေနှင့် အင်ဒိုနီးရှား နိုင်ငံသားများက ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ယမန်နှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်သည့် အဘူ ဘာကာ ဘာရှီးရား (Abu Bakar Bashir) က မြန်မာ သမ္မတထံသို့ စာရေးကာ မူဆလင်များ ဖိနှိပ်ညှဉ်းဆဲခံရသည့်အတွက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဘာရှီးယားသည် အယ်လ်ကိုင်ဒါ အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် စစ်သွေးကြွများ၏ ဘာသာရေး ခေါင်းဆောင်တဦးဖြစ်ပြီး ယင်းအဖွဲ့သည် အင်ဒိုနီးရှားတွင် ဖြစ်ပွါးခဲ့သော လူအသေ အပျောက်များသည့် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသူများလည်း ဖြစ်သည်။

ထိုသို့ ဘာရှီးယားက ခြိမ်းခြောက်ခဲ့အပြီး တလအကြာ၌ အသေခံ ဗုံးခွဲမည့်သူက စိတ်ပြောင်းသွားပြီး ရဲထံ အညံ့ခံခဲ့သည်။ ရိုဟင်ဂျာပြဿနာကြောင့် ဗုဒ္ဓဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်ခဲ့ပါသည် ဟုလည်း သူက ပြောသည်။

မဇ္ဈိမ သတင်းဌာန |
 

သမ္မတ ဦးသိန်းစိန် အမေရိကန်ကို သွားမယ်



 သမ္မတ ဦးသိန်းစိန်ဟာ အခု ဒီမေလ ၂၀ ရက် သို့မဟုတ် ၂၁ ရက်နေ့တွေမှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ကို သွားဖို့ ရှိတယ်လို့ အေဖက်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်ဘက်က မြန်မာ ခေါင်းဆောင်တွေအပေါ် တချိန်က ဗီဇာကန့်သတ်ထားမှုကို ဖြေလျှော့
ပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

လွန်ခဲ့တဲ့ နှစ် စက်တင်ဘာလက သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို သွားရောက် ခဲ့ပေမယ့် ဗီဇာ ကန့်သတ်မှု ရှိနေတဲ့အတွက် လွတ်လပ်စွာ သွားလာဖို့ အဆင်မပြေခဲ့ပါဘူး။ အခုတော့ အမေရိကန် ပြည်ထောင်စုမှာ လွတ်လွတ်လပ်လပ် အလည်အပတ် သွားလို့ ရပါပြီ။ 

သမ္မတ ဦးသိန်းစိန်ရဲ့ အခု လာမယ့် အမေရိကန် ခရီးစဉ်မှာ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနဲ့ အတူ ထိပ်သီးဆွေးနွေးပွဲ တခု တက်ရောက်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ 

တိုက်ဆိုင်စွာပါပဲ စစ်အုပ်ချုပ်ရေး အောက် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်ပိုင်းတွေနဲ့ပတ်သက်ပြီး ၁၉၉၆ ခုနှစ်က အမေရိကန်ကို လာရောက် လည်ပတ်ဖို့ ဗီဇာ ပိတ်ပင်ကန့်သတ်ခဲ့တာကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကလည်း ကြာသပတေးနေ့က အဆုံးသတ်ခဲ့ပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၁၉၉၆ ခုနှစ်က မြန်မာအစိုးရ ၀န်ထမ်းတွေ၊ အရာရှိတွေ၊ တချို့ ပင်စင်စားတွေကိုပါ အမေရိကန် ပြည်ထောင်စုက ဗီဇာ ပိတ်ပင်ကန့်သတ်ခဲ့တာပါ။ 

ဒါဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးကို နောက်ထပ် တဆင့် တိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုပြီး ပိတ်ဆို့အရေးယူတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖြေလျှော့ရုပ်သိမ်းပြီးနောက် ၂ နိုင်ငံ ဆက်ဆံရေးမှာ သံအမတ်အဆင့်တွေ အပြန်အလှန်ထားရှိတဲ့ ပုံမှန်အခြေအနေ ဆက်ဆံရေး ကို ပြန်လည် စတင်ခဲ့တာ မကြာသေးပါဘူး။ 

အိမ့်သံစဉ်(ဧရာဝတီ)

ဆွဲတင်စစ် အဖွဲ့တွေကို တိုက်ခိုက်မူနဲ့ စွပ်စွဲ ဖမ်းဆီးခံရသူ ၇ ဦးကို ရုံးထုတ်

အခင်းဖြစ်ပွားစဉ်က အခြေအနေကို မှတ်တမ်းင် ရိုက်ယူထားတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ- Coral Arakan)
အခင်းဖြစ်ပွားစဉ်က အခြေအနေကို မှတ်တမ်းင် ရိုက်ယူထားတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ- Coral Arakan)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း လူဦးရေ စာရင်း စစ်တဲ့ (ဆွဲတင်စစ်) အဖွဲ့တွေကို လူစု လူဝေးနဲ့ တိုက်ခိုက်မူကို နောက်ကွယ်က ကြိုးကိုင်သူတွေလို့ စွပ်စွဲ ဖမ်းဆီး ခံထားရသူ ၇ ဦးကို ဧပြီလ ၃၀ ရက် အင်္ဂါနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ရုံးထုတ်တဲ့ အထဲမှာ စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာက  ဦးကျော်မြင့်၊ သူရဲ့သား ဦးလှမြင့်နဲ့ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးတို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
သူတို့ကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖမ်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချက်တွေနဲ့ စစ်တွေမြို့နယ် အတွင်း ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ဆူပူ အုံကြွမူ ဖြစ်အောင် ဖန်တီး လုံ့ဆော်မူတွေ ရှိခဲ့တဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တုတ်တွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ဒုက္ခသည် စခန်းတွေက မူဆလင်တွေဟာ “ ငါတို့ ဘင်္ဂလီ မဟုတ်ဘူး။ ရိုဟင်ဂျာ- ရိုဟင်ဂျာ” ဆိုပြီး လူဦးရေ စာရင်း လာကောက်တဲ့ ဆွဲတင် စစ် အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဆွဲ၊ တင်၊ စစ် ရဲ့ အဓိပ္ပါယ်က (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ လူဦးရေ စာရင်း စစ်ဆေးခြင်း) စနစ်ဖြစ်ပါတယ်။
စစ်တွေမြို့နယ် အတွင်း ဆွဲတင်စစ် လူဦးရေ စာရင်း ကောက်ခံရခြင်းမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခ အပြီးမှာ လူဦးရေ စာရင်း ဇယား အတိုး အလျှော့ တိကျ မှန်ကန်စွာ ရရှိရေး၊ မွေးဖွားခြင်း သေဆုံးခြင်းနဲ့ ပတ်သက်ပြီး လိုအပ်သလို စာရင်း အတိုး အလျှော့ ပြုလုပ်နိုင်ရေး၊ ဒုက္ခသည်တွေကို  မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ပုံမှန် စားဝတ်နေရေးနဲ့  ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည် စခန်းတွေ အတွင်း အခြားဒေသတွေက တရားမ၀င် ရောက်ရှိလာမူ ရှိမရှိကို စစ်ဆေးနိုင်ရေးတို့ အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုသို့ ဆွဲတင်စစ် အဖွဲ့ဝင် အစိုးရ ၀န်ထမ်းတွေ တိုက်ခိုက်ခံရပြီး နောက်ပိုင်း အဲဒီနေ့မှာဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အပါအ၀င် အစိုးရ အရာရှိကြီးတွေဟာ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ပြီး တိုက်ခိုက်မူတွေ ဖြစ်ပေါ်အောင် နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာ ပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူတွေကို လိုက်လံ ဖမ်းဆီးရာမှာ  ၇ ဦးကို ဖမ်းဆီးမိပြီး အချို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ဦးကျော်မြင့်ရဲ့သား ဦးလှမြင့်က ခုလို ဆူပူမူ ဖြစ်အောင် သူတို့ကြိုးကိုင် ဆောင်ရွက်တာ ဖြစ်တယ်လို့ တရားရုံးမှာ ၀န်ခံသွားတယ်လို့ စစ်တွေမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။
နိရဉ္စရာ

ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်

 sspp in the forest
      သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား  အစိုးရတပ်က ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်နေကြောင်း SSPP သတင်းရပ်ကွက်ကဆိုပါသည်။

“ မနေ့ည ၇ နာရီကျော်ကျော်က ကျနော်တို့စခန်းကိုစတိုက်တယ်။ ညလုံးပေါက်ပစ်တယ်။ ဒီမနက် ၅ နာရီမှာလဲ ကျနော်တို့ စခန်းဆီ ရှေ့တိုးချဉ်းကပ်လာတယ်။ အခု ၉ နာရီ ၁၀ နာရီအထိ တိုက်နေရသေးတယ်။ အသေအပျောက် သတင်းတော့ မရသေးဘူး” ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေးအရာရှိတဦးကပြောသည်။

မေလ ၂ ရက် ည ၇ နာရီ ၁၅ မိနစ်က ဒေသတွင်းလားဟူပြည်သူ့စစ်တပ်ဖွဲ့နဲ့ ပူးပေါင်းအင်အား ၈၀ ကျော်ရှိ မြန်မာ့တပ်မ တော်မှ စစ်ကြောင်းတကြောင်းက သျှမ်းပြည်တပ်မတော် တပ်စခန်းထားရှိရာ လွယ်စေးတောင်ကြော အနောက်ဘက်ခြမ်းသို့ တက်လာရာ မတ်ဝေါင်းရွာ တောင်ဘက် ဖတ်းတမ်လိုင်းအရပ်၌ နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်ကာ တညလုံး ပစ်ခတ်တိုက်ခိုက် မှုရှိခဲ့ကြောင်း ဆိုပါသည်။

ယနေ့မနက်ပိုင်း မေလ ၃ ရက် မနက် ၅ နာရီ မိနစ် ၄၀ တွင်လည်း အဆိုပါပါ စစ်ကြောင်းသည် SSPP/SSA တပ်စခန်းရှိရာ သို့ ရှေ့ဆက်တိုးလာရာ မနက် ၉ နာရီကျော်အထိ တိုက်ပွဲများဆက်ဖြစ်နေသေးကြောင်း SSPP ကပြောသည်။

“ ကျနော်တို့အခု တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတဝိုက်မှာ မြန်မာစစ်တပ်က အင်အား ၂၀၀ နီးပါးရှိတယ်။ သူတို့ကိုလမ်းပြပေးဖို့ သူတို့အစားအသေခံဖို့ လားဟူပြည်သူ့စစ်၊ ဗိုလ်မွန်းပြည်သူ့စစ် ၊ လောမားပြည်သူ့စစ်တွေကို တဖွဲ့ အယောက် သုံးလေး ဆယ် ဆင့်ခေါ်လာတယ်လေ။ ဒါကျနော်တို့ တမြေတည်းနေတဲ့လူအချင်းချင်းကို ရန်တိုက်ပေးနေတာဘဲလေ” ဟု SSPP ရှေ့တန်းရောက်တပ်မှူးတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ နှင့် ခိုလမ်မြို့နယ်ခွဲအခြေစိုက် ရလခ တိုင်းတို့၏  စစ်ဆင်ရေး ဌါနချုပ် (၅) ခုနှင့်လက်အောက်ခံတပ်ရင်းစုစုပေါင်း (၁၅) ရင်းတို့ ဆက်စပ်နယ်မြေဖြစ်သည့်မိုင်းရှုးမြို့နယ် မိုင်းအွတ်တိုက် နယ်ဒေသသို့ ပို့ဆောင်ကာ အခြေပြုလှုပ်ရှားနေပြီး မြေပြင်/ဝေဟင် လက်နက်ကြီးရင်းများလည်း အသင့်ပြင်ဆင်ထားပြီဖြစ် ကြောင်း SSPP/SSA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါသည်။
သျှမ်းသံတော်ဆင့်http://panglongburmese.blogspot.com/2013/05/sspp.html

Night Camera+ v2.18 for android(latest version)

 
ကိုယ့်ရဲ့ မိုဘိုင်းဖုန်း ကင်မရာက ကတော့ ဘယ်နေရာဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ဓာတ်ပုံ ရိုက်ကူးရတာအဆင်ပြေပါတယ် .ဒါပေမယ့် မမှောင်ခင်(အလင်းရောင်ရှိတဲ့အချိန်)အထိပဲ ဓာတ်ပုံတွေကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးနိုင်မှာပါ .. …အလင်းရောင် မရှိတဲ့ သဲသဲကွဲကွဲမမြင်ရတဲ့အခါမျိုးမှာ ဒီ Night camera က သင့်ကို အပြည့်အ၀ အကူအညီပေးနိုင်တာကို တွေ့ရမှာဖြစ်ပါတယ် …ညဘက်တွေမှာ ဓာတ်ပုံရိုက်လိုသူတွေအတွက် တော့ သာမာန်ကင်မရာထက် resolution ပိုသာ၊ပိုကောင်းတာကိုတွေ့ရမှာပါ..ဒီ ကင်မရာဆော့ဝဲလ်လေးကို  google play မှာ 0.99 ဒေါ်လာနဲ့ ၀ယ်ယူသုံးစွဲရမှာဖြစ်ပြီး
Myanmar Mobile App Store မှာ တော့ freedownload ရယူနိုင်မှာဖြစ်ပါတယ် ..အောက်က Link မှာရယူနိုင်ပါတယ် ..
Night Camera+ v2.18 ဆော့ဝဲလ် အားရယူရန်
 http://www.myanmarmobileapp.com/2013/05/03/night-camera-v2-18-for-androidlatest-version/ မှကူးယူဖော်ပြပေးသည်.

Thursday, May 2, 2013

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ လိုက်နေသည့် Hot News ဂျာနယ်မှ တိုက်ပိုင် သတင်းထောက် ကိုမျိုးမြင့်ပျောက်နေ

 
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ လိုက်နေသည့် Hot News ဂျာနယ်မှ တိုက်ပိုင် သတင်းထောက် ကိုမျိုးမြင့်မှာ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ညနေမှ စတင် ပျောက်ဆုံးလျှက်ရှိကြောင်း ဂျာနယ် အုပ်ချုပ်ရေးမှူး အာရုဏက ပြောသည်။
“၁ ရက် ၂ ရက်တော့ စောင့်ကြည့်ရအုံးမယ်၊ လောလောဆယ်တော့ မျိုးမြင့်နဲ့ အဆက်အသွယ် ပြတ်နေတယ် လို့ပဲ ပြောလို့ ရတာပေါ့။ ခရိုင်ရဲရုံးနဲ့ ရဲမှူး ဦးတင်ထွန်းကို မေးလိုက်တော့ တရားဝင် လွှဲထားတာ မရှိသေးဘူး၊ ပြန်လည် စိစစ် ပေးပါ့မယ်လို့ အကြမ်းဖျဉ်း ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး အာရုဏက ဆိုသည်။
လက်ပန်းတောင်းတောင် စီမံကိန်းတွင် ပါဝင်လှုပ်ရှားမှုကြောင့် လတ်တလောတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူ ကိုဟန်ဝင်းအောင်က တိုက်ပိုင်သတင်း ထောက်ဖြစ်သူ ကိုမျိုးမြင့်သည် မုံရွာမြို့ပေါ်တွင် ပျောက်ဆုံးနေကြောင်း ဂျာနယ်တိုက်သို့ အီးမေးလ်တစောင် ပို့ထားကြောင်း၊ ထို့အပြင် ဟန်ဝင်းအောင်၏ ကိုယ်ပိုင် facebook စာမျက်နှာတွင်လည်း တင်ထားကြောင်း သိရသည်။
သတင်းဓာတ်ပုံ အရေးကြီးသည်ဟု ထင်ကာ သတင်းလိုက်လံ ရယူနေသည်ဟု ထင်မြင်ကြောင်း၊ ဂျာနယ်၏ နယ်ခံသတင်း ထောက် များကလည်း ၎င်းကို ရှာဖွေနေကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးချိန်မှာ ၂၄ နာရီ မပြည့်သေးသဖြင့် ပျောက်ဆုံး သည်ဟု အတည်ပြု၍ မရကြောင်း အထက်ပါ ဂျာနယ်တိုက် တာဝန်ရှိသူက ဆိုသည်။
“ကျနော်တို့တွေ ကိုမျိုးမြင့်ကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး လုံးဝမလုပ်ထားပါဘူး။ သူက ဒေသခံတွေဆီကို သတင်းယူတဲ့ အခါမှာ ဗီဒီယို ရိုက်တယ်၊ ဗီဒီယိုရိုက်တော့ သမားရိုးကျ မဟုတ်ဘဲ ဒေသခံတွေကို ဒီလိုပြောပါ၊ ဟိုလိုပြောပါ ဆိုပြီး သင်ပေးတာ မျိုးတွေ လုပ်တော့ မလုပ်သင့်ဘူးလို့ တားမြစ်တာပါ။ သတင်း လွတ်လပ်ခွင့်ကို ကျနော်တို့ မထိပါးပါဘူး” ဟု မုံရွာခရိုင် ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ပြောသည်။
အဆိုပါ သတင်းယူသည့် ကိစ္စနှင့် ပတ်သက်၍ ရဲများ၊ မယက တာဝန်ရှိသူများ အပါအဝင် တခြား သတင်းထောက် တချို့နှင့် ပါ ကတောက်ကဆ ဖြစ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
လက်ပန်းတောင်းတောင် စီမံကိန်းသို့ သွားရောက် သတင်းယူနေသည့် ဧရာဝတီ သတင်းထောက် တဦးကမူ “မျိုးမြင့်နဲ့ မနေ့ ညနေ ၅ နာရီကျော် လောက်ကတည်းက ဖုန်းအဆက်အသွယ် မရတော့တာ၊ မနေ့က မုံရွာမြို့ မယက တွေနဲ့ သူနဲ့ သတင်းယူတဲ့ကိစ္စ စကားများတာမျိုး ဖြစ်ခဲ့တယ်” ဟု ဆက်သွယ် ပြောပြသည်။
ထို့အပြင် ကိုမျိုးမြင့်နှင့် အတူ သတင်းယူရာသို့ တောက်လျှောက် လိုက်ပါနေသည့် ဒေသခံ ၂ ဦးကိုလည်း ၎င်းပျောက်ဆုံးသွား ချိန်မှ စတင်ကာ မတွေ့ရတော့သည့် အတွက် အဆိုပါ ဒေသခံ နှစ်ဦးနှင့်အတူ ကျေးရွာတရွာရွာသို့ ပါသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ပျောက်ဆုံးနေသူ ကိုမျိုးမြင့်မှာ Hot News ဂျာနယ်၏ တိုက်ပိုင် သတင်းထောက်ဖြစ်ပြီး လက်ပန်းတောင်းတောင် စီမံကိန်း သတင်းများကို အစဉ်တစိုက် ရေးသားနေသူ တဦးဖြစ်ကြောင်း သိရသည်။
ကြေးနီစီမံကိန်းရှိရာ ဆည်တည်းရွာတွင် အခြေချ နေထိုင်နေသည်မှာ တလကျော်ခန့် ရှိပြီဖြစ်ပြီး လက်ပန်းတောင်းတောင် အရေး လှုပ်ရှားမှုကြောင့် မုံရွာရဲတပ်ဖွဲ့မှ လတ်တလော အလိုရှိ ဝရမ်းထုတ်ခံထားရသူ ကိုဟန်ဝင်းအောင်နှင့် ချိတ်ဆက်ကာ စီမံကိန်း သတင်းများ ရယူခြင်းအပြင် ဗီဒီယိုရိုက်ကူးမှုများလည်း ပြုလုပ်သည့် သတင်းထောက် တဦးဖြစ်သည်။
ဧရာဝတီhttp://burma.irrawaddy.org/archives/38725

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

ရန်ကုန်-နှစ်နိုင်ငံသဘောတူညီမှုဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီ ၁၂ ခုအား ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း ဆိုင်းငံ့ထားရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ညွှန်ကြားလိုက်သည်။

နှစ်နိုင်ငံနားလည်မှု စာချွန်လွှာဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီများအနေဖြင့် စေလွှတ်ပြီး အလုပ်သမားများအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်နေသော ကာလအတွင်း အေဂျင်စီများမှ အလုပ်ခေါ်စာများ တင်ပြလာခြင်းကို ဆိုင်းငံ့ထားရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MOU နဲ့ ပို့တဲ့ လုပ်သားတော်တော်များများက အဆင်မပြေဘူး ဖြစ်နေတယ်။ တော်တော်များများ ပွဲစားအဆင့်ဆင့်ခံထားတဲ့အတွက် ကုန်ကျစရိတ်များတယ်။ အလုပ်ကလည်း ပြောထားသလိုမဖြစ်တာ များတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးကွန်ရက် မြန်မာပြည်တာဝန်ခံ ကိုကျော်ဇော်လင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်နေသော အေဂျင်စီအများစုမှာ ထိုင်းနိုင်ငံမှ အလုပ်ရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသူ အလွန်နည်းပါးပြီး ပွဲစားများမှတစ်ဆင့် စေလွှတ်နေသဖြင့် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဖြေရှင်းမပေးနိုင်ကြကြောင်းလည်း ကိုကျော်ဇော်လင်းက ဆိုသည်။

သက်ဆိုင်ရာက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသော အေဂျင်စီ ၆၀ ရှိသော်လည်း ယခုရပ်ဆိုင်းခြင်းခံထားရသော ကုမ္ပဏီ ၁၂ ခုကသာ အများဆုံး ပို့ဆောင်နေရကြောင်း သတင်းရရှိသည်။ နှစ်နိုင်ငံသဘောတူညီမှုစနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် မြန်မာကျပ်ငွေတစ်သိန်းနှင့်ဘတ်ငွေတစ်သောင်းသာ အကျိုးဆောင်ခယူရန် သတ်မှတ်ထားသည်။

နှစ်နိုင်ငံသဘောတူညီမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာမှစ၍ အေဂျင်စီ ၆၂ ခုအား နယ်စပ်စခန်း သုံးခုဖြစ်သော မြ၀တီ၊ ကော့သောင်းနှင့် တာချီလိတ် စခန်းများမှ အလုပ်သမား စေလွှတ်ခွင့်ပြုခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီလလယ်ထိ အလုပ်သမား ၅၁၃၈၀ ဦး စေလွှတ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်တော့မည်ဟု သမ္မတပြော

 
 မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်လိုက်ပြီဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက် လာတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုကနေ ကြေညာ လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မေ ၂ ရက်နေ့ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။

သမ္မတ ဦးသိန်းစိန်က “ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုများကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးရှိမှာ ဖြစ်သလို တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတက သတိပေးပြောဆိုပါတယ်။

စီးပွားရေးသုံးသပ်သူ ဒေါ်ခင်အုန်းသန့်ကလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်လို့ ပွင့်လင်းလာပေမယ့်လည်း နိုင်ငံတကာက စံချိန်စံညွှန်းကို ဂရုစိုက်တဲ့အတွက် မြန်မာတွေဘက်က စံချိန်စံညွှန်းပြည့်မီရေးကို အလေးထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

“အများအတွက်တော့ အထူးသဖြင့် အလတ်စားတွေအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူတို့ဘက်ကဖွင့်လိုက်တိုင်း ကိုယ်က အလိုလိုတော့ အခွင့်အရေးနဲ့ ရလဒ်တွေရမှာတော့မဟုတ်ဘူးလေ။ အထူးသဖြင့် ကျမစိတ်ပူတာက စံချိန်စံညွှန်း။ သူတို့ ကုန်သွင်းတယ်ဆိုတာ ဒီအတိုင်းသွင်းတာမဟုတ်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကြည့်တာလေ။ ဥပမာ ငါး၊ ပုစွန် သူတို့က ဒီမှာ ဘယ်လိုမွေးလဲ၊ ထားလဲဆိုတာ အီးယူက လာကြည့်မှာလေ။ သူတို့ စံချိန်စံညွှန်းနဲ့ညီလားကြည့်မှာလေ၊ ညီမှလုပ်မှာလေ။ အဲအပိုင်းကိုတော့ လုပ်ငန်းရှင်အသစ်တွေအတွက် စိတ်ပူတာလေ၊ ဒီကလူတွေက စံချိန်စံညွှန်း အင်မတန်ပေါ့တယ်လေ။”

သမ္မတဦးသိန်းစိန် ဆက်ပြောတာက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးသွားရမယ်လို့ ပြောပါတယ်။

သမ္မတက သူသွားရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံ ခရီးစဉ်တွေကနေ အဲဒီနိုင်ငံတွေနဲ့ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူဦးဆောင်တဲ့အစိုးရက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်သလို အကျဉ်းသား ၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေကို ထည့်သွင်းပြောဆိုခဲ့ပြီး ၂၀၁၃ ဧပြီဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတခုဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေထဲမှာ ရခိုင်ကော်မရှင်အစီရင်ခံစာလို ကမ္ဘာတ၀န်းက စိတ်ဝင်စားတဲ့ ကိစ္စမျိုးကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။

ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ချိန်းဆိုတဲ့အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား မြစ်ကြီးနားမှာ ဒီလဆန်း ၆ ရက်နေ့ကတည်းက ဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ ဆိုင်းငံ့ခဲ့ရတာ၊ ဧပြီ ၂၀ ရက်နေ့မတိုင်ခင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် မဆွေးနွေးနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို လူဦးရေစာရင်း ကောက်ယူရာမှာ ဘင်္ဂါလီဆိုပြီး ရေးသွင်းလို့ လက်မခံနိုင် ပြဿနာဖြစ်တာတွေနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်အတွင်း အိမ်ခြေ ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကိုလည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

 by ​အေး​နိုင်  (ဒီဗွီဘီ)

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

 
အခု တလော တရုတ်နိုင်ငံက ခြေလှမ်း စိပ်စိပ်နဲ့ မြန်မာ့အရေး ချည်းကပ်လာတာ သတိထားမိပါတယ်။ 

NLD ပါတီက အဖွဲ့ဝင်တွေကို ၂ သုပ်ခွဲပြီး တရုတ်နိုင်ငံကို လေ့လာရေးခရီးသွား ကြမယ်ဆိုပါတယ်။ 

ယမန်နှစ်နဲ့ ယခုနှစ်တွေမှာလည်း မြန်မာနိုင်ငံက အာဏာရ နိုင်ငံရေးပါတီ အပြင် အတိုက်အခံ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တချို့အဖွဲ့အစည်းတွေကိုလည်း တရုတ်နိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပါတယ်။ 
အခု နောက်ဆုံး ၈၈ ရုံးခန်းမှာ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ် ၈၈ မျိုး ဆက်
ကျောင်းသားတွေရဲ့ အမြင်ကို သိချင်လို့ ယနေ့ ကိုယ်စားလှယ်တဖွဲ့က လာဆွေးနွေးခဲ့တာ အပါအ၀င်ဘဲ။ 

၈၈ မျိုးဆက်တွေနဲ့ လာရောက်ဆွေးနွေးတယ်ဆိုတာကတော့  Instute of American Studies , Chinese Academy of Social Sciences က Dr. Zhou Qi (Senior Researcher,Director of American Politics) ဖြစ်သူနဲ့ Dr.Li Nan (Associate Research Fellow)တို့နှစ်ဦး ပါတဲ့အဖွဲ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပြောင်းအလဲတွေ ရှိလာတာ အားလုံး သတိထားမိမှာပါ။

ယမန်နှစ်နဲ့ ဒီနှစ်ထဲမှာဘဲ တရုတ်သံအမတ် အဟောင်းနဲ့ အသစ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာတွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် လှူဒါန်းမှု တချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါမျိုး လွန်ခဲ့တဲ့ နှစ်
ပေါင်း ၂၀ အတွင်းမှာ မရှိခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ တချိန်က ပါတီ ချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး ဆိုတဲ့ Party to Party, Government to Government ဆိုတာတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်း Army to Army ဆက်ဆံရေးတွေလည်း ရှိခဲ့ကြတာ ပါ။ ဒါတွေက အာဏာ ရှိသူတွေကိုသာ အဓိက ဆက်ဆံခဲ့တာပါဘဲ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်ရဲ့ ဗျူဟာ အရွေ့အပြောင်းက သိသာလာခဲ့ပါတယ်။ အမေရိကန် အပါအ၀င် အနောက်အုပ်စုဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်း
ပြီးတဲ့နောက်မှာ မြန်မာ့ ဈေးကွက်မှာ တရုတ်ဟာ တချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပါ။ 

အခုတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အခုတော့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်လာရတော့မှာပါ။

တဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာလူထုထဲမှာ ရှိနေတဲ့ တရုတ်ဆန့်ကျင်ရေးတွေ ကျယ်ကျယ် 
ပြန့်ပြန့် ဖြစ်လာခဲ့တာကိုလည်း ရိပ်စားမိလာခဲ့ပါတယ်။ 

သေချာတာတခုကတော့ မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ဘက်က လူထုဆက်ဆံရေး အလွန်အားနည်း ခဲ့တယ်ဆိုတာ သိသာတဲ့ ပြယုဂ်တခုအဖြစ်  သိသာပါတယ်။ 

ဒါကြောင့်ဘဲ တရုတ်ဘက်က သုတေသန လုပ်နေသူတွေအမည်နဲ့ ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြို့ကြီး တချို့မှာ လာပြီး မြန်မာလူထုထဲက တရုတ်ဆန့်ကျင်ရေး ရင်ခုန်သံတွေကို နားထောင်ခဲ့ပါသေးတယ်။ 

တချိန်က တရုတ်အနေနဲ့ မြန်မာလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့တာတွေအတွက် အခုအချိန်မှာ ပြန်လည်ပေးဆပ်နေရတာတွေ လည်း ဖြစ်ပါတယ်။ 

မြန်မာအနေနဲ့တော့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ပထ၀ီ နိုင်ငံရေးအရရော၊ နိုင်ငံရေး ပထ၀ီ သဘောအရတွေပါ ကမ္ဘာတည်သရွေ့ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားရမှာပါဘဲ။ 

တချိန်က စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်နဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ ကမ္ဘာ့အလယ်က အရှိန်အ၀ါကို ကိုယ့်အာဏာ တည်မြဲရေးအတွက် မျှော်ကိုး ဆက်ဆံခဲ့တာတွေက အများသားဖြစ်နေတာကိုတော့ ဝေဖန် 
ထောက်ပြသူတွေ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။ 

အခုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လုပ်လာမှုနောက်ပိုင်း နိုင်ငံ တကာ နဲ့ ပါ ဆက်ဆံရေး မျက်နှာစာသစ်တွေ ဖွင့်လာနိုင်ခဲ့တာမို့  မြန်မာအပေါ် တရုတ်အနေနဲ့ သတိထား ဆက်ဆံလာနေတာလည်း ဖြစ်ပါတယ်။ 

တကယ်တမ်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာနဲ့ ဆက်ဆံကူညီတဲ့ နိုင်ငံဆိုတာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ အားလုံးက ကိုယ်ကျိုးစီးပွားကို အခြေခံ ဆက်ဆံကြချည်းပါဘဲ။ 

ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဒီလို ဆက်ဆံမှုတွေထဲကမှ ကိုယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုး အတွက် ဘယ်လောက် အကောင်းတွေ ဖြစ်လာစေမယ်ဆိုတာကို ခေါင်းဆောင်ဆိုသူတွေ က ကြည့်ပြီး ချိန်ညှိ ဆက်ဆံသွားနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။


လင်းသန့် ( ဧရာဝတီ)http://blog.irrawaddy.org/2013/05/blog-post_6455.html

မုံရွာတွင်လေပြင်းမုန်တိုင်းတိုက်၊လက်ပန်တောင်းဒေသ မိုးသီးကြွေ

 
မုံရွာတွင်လေပြင်းမုန်တိုင်းတိုက်ခတ် မုံရွာမြို့တွင် ယနေ့နေ့လည် ၃နာရီခွဲအချိန် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ သစ်ပင်ကြီးများကျိုးပဲ့ခြင်း၊ မီးတိုင်များနှင့် ဘေဘုတ်ဆိုင်းဘုတ်ကြီးများ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ မိနစ်၂၀ကြာတိုက်ခတ်သွားသော လေပြင်းတိုက်ခိုက်ခြင်းနှင့် အတူ မိုးများပါ ရွာသွန်းပြီး ပြိုလဲသွားသော သစ်ပင်များသည် ကားများနှင့် ဆိုင်ကယ်များပေါ် ကျရောက်သဖြင့် ကားများနှင့် ဆိုင်ကယ်များ ပိုမို ပျက်စီးခဲ့သည်။ မုံရွာမြို့တွင်းနှင့် ကျောက်ကာလမ်းနှင် ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်ရှိ နှစ်ရှည် သစ်ပင်ကြီးများ အမြစ်များမှ ပြိုလဲပြီး အိမ်များပေါ်တွင် ပိမိကြလျှက်ရှိခြင်း ဓါတ်အားပေး လျှပ်စစ်တိုင်များလည်း ပြိုကျ ပျက်စီးကုန်ကြောင်းသိရသည်။ 
 
 
 
 
 
တင်းနှင့်ဓာတ်ပုံAung Nay Myo Facebook  
---------------------------------------------------------------------------------------- 
ယနေ့(၂-၅-၂၀၁၃)ညနေ ၅နာရီ ၂၀မိနစ်ခန့်တွင်လက်ပန်တောင်းဒေသတွင်မိုးသည်း ထန်စွာရွာသွန်း မိုးသီးများကြွေကျခဲ့သည်။ဟု ကိုဟန်ဝင်းအောင်၏facebook စာမျက်နှာတွင်ဖော်ပြထားသည်။
Photo: လက်ပန်တောင်းဒေသတွင်မိုးသည်း
ထန်စွာရွာသွန်းမိုးသီးများကြွေကျခဲ့
(၂-၅-၂၀၁၃)
ညနေ ၅း၂၀ 

ရခိုင်ပဋိပက္ခ အစီရင်ခံစာ ကုလသမဂ္ဂထောက်ခံ

 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ရေး ကော်မရှင်က ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂ(UN)က ထောက်ခံကြိုဆို ကြောင်း ကုလသမဂ္ဂ နေရာချထားရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Bertrand Bainvel က မေလ ၁ရက်နေ့က့ ပြောကြားလိုက်သည်။
ယင်းအစီရင်ခံစာတွင် ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ များ အရေးပေါ်ပေးအပ်ရန်နှင့် ဒုက္ခသည် များကို မိုးမကျမီ အမိုးအကာအောက် ရောက်ရန်ထောက်ပြ အကြံပြုထားသဖြင့် ၄င်းက အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။အစီရင်ခံစာ အပြည့်အစုံနှင့် ယင်းအစီရင်ခံစာတွင် ပါရှိသော အချက်များကို ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ သဘောတူညီချက် များနှင့်အညီ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အကူအညီပေးနိုင်ရန်၊ ကုလသမဂ္ဂ နိုင်ငံတွင်း အဖွဲ့အစည်းများက မြန်မာနိုင်ငံအစိုးရ၊ ရခိုင်အစိုးရ၊ လူ့အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ များနှင့် လက်တွဲကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mr.Bertrand Bainvel ကဆိုသည်။ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း အထောက်အပံ့များ ပေးအပ်နေသော လူမှုအဖွဲ့အစည်းများ အနှောက်အယှက်မရှိ ကူညီနိုင်ရန် အစိုးရက တာဝန်ယူသင့်ပြီး အဓိကရုဏ်း ဖြစ်စေနိုင်သည့် မည်သည့် လှုံ့ဆော်မှုကိုမဆို အချိန်မီ အရေးယူရန် ကုလသမဂ္ဂက တိုက်တွန်းသည်။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ၊ သမိုင်းနောက်ခံ အကြောင်းအရာများ အပါအဝင် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သားဖွားနှုန်း၊ သတင်းထုတ်ပြန်ရေး ကိစ္စများအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို စုံစမ်းစစ်ဆေးရေး ကော်မရှင် က ဧပြီလ ၂၂ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီး ၂၉ရက်နေ့တွင် သတင်း စာရှင်းလင်းခဲ့သည်။“မျှတမှု ရှိပါတယ်။ လပေါင်းများစွာ ကွင်းဆင်းလေ့လာပြီး ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ပါဝင်သော်လည်း အခြားလူ့အဖွဲ့အစည်းမှ ဒေသခံ ကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း၊ အစီရင်ခံစာတွင် ရခိုင်တိုင်းရင်းသားများက တင်ပြသည့် အချက်အလက် အများစုကို အခြေခံထားသဖြင့် မျှတမှု မရှိကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဗဟို အလုပ်မှုဆောင် ဦးကျော်စိုးအောင်က ဆိုသည်။

အစီရင်ခံစာမှာ မြေပြင်ပကတိ အခြေအနေ၊ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်း များကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ သုံးသပ် ဖော်ပြထားသဖြင့် ဖြစ်ရပ်မှန်နှင့် အလွန်နီးစပ်ကြောင်း၊ အစီရင်ခံစာမှ ဖော်ပြချက် များကြောင့် ယခင်မသိခဲ့သော ရခိုင်တိုင်းရင်းသားများ အပေါ် ဘင်္ဂါလီများ၏ သဘောထားကို သိမြင်ခဲ့ရကြောင်း စစ်တွေမြို့ မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြား သည်။

အစီရင်ခံစာနှင့် ပတ်သက်၍ မှတ်ချက် မပေးလို သော်လည်း နိုင်ငံသမ္မတ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ ဌာနချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ဆိုသည်။

ယင်းအစီရင်ခံစာကို လူပေါင်း ၂၀၀၀ ကို တွေ့ဆုံ မေးမြန်းထားမှု၊ ကွင်းဆင်း သုတေသန ပြုမှုများကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။
The Voice Weekly

အပူချိန် သတိပေးကြေငြာချက်

သတိပေးကြေငြာချက်
Thursday, May 02, 2013

ရန်ကုန်မြို့တော်၏ အပူချိန်မှာ အန္တရာယ်ရှိသော အဆင့်သို့ရောက်ရှိနေကြောင်း ...... အပူချိန်မှာ.. 54 ဒီဂရီ စင်တီဂရိတ်အထက်နှင့် ရှိသောကြောင့် WHO အဖွဲ.မှ သတ်မှတ်ထားသော (Extreme Danger) အန္တရာယ် ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်သွား ကြောင်းသိရှိရသည်။
ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ အနေနှင့် နေပူဒဏ် ကိုတက်နိုင်သမျှရှောင်ကြရန်နှင့်... အကာအကွယ်မဲ့ သွားလာခြင်း..... နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်း မျိုးကို လုံးဝ လုံးဝ ရှောင်ကြဉ်ကြရန်.... သတိပေးနိုးဆော်အပ်ပါသည်။

အပူချိန်ကြောင့် ဖြစ်ပေါ်နိုင်သော သက်ရောက်မူများမှာ ဦးနှောက်သွေးကြောပြတ်ခြင်း... အားအင်ကုန်ခန်းခြင်း..... မူးဝေခြင်း... ၀မ်းလျှော ၀မ်းပျက်ခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။။