Pages
▼
Saturday, June 1, 2013
ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေး
01 June 2013
ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေးဗိုလ်တထောင်
မြို့နယ်ရှိ စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း ဝင်ရောက်ကာ
ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ- ၂၉၅ (က)ဖြင့် အရေးယူ ခံထားရသူ သရုပ်ဆောင်
ရဲတိုက်က တောင်းပန် သောကြောင့် ၎င်းအား စွဲဆိုထားသော အမှုကို ကျေအေး
ပေးခဲ့ကြောင်း အဆိုပါ အမှုကို တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သူ စိန့်မေရီ
ကာသီဒြယ် ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဦးက ပြောကြားသည်။
“သူ့ဘက်က တောင်းပန် တော့လည်း အမှုမြန်မြန်ပြီးတာ ပေါ့ဗျာ။
သူ ဘုရားကျောင်းကို လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ဘက်က ခွင့်ပြုပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်၏ တောင်းပန်မှု အပေါ် ၎င်း၏ သဘောထားကို ဆက်လက် ပြောကြားသည်။ သရုပ်ဆောင် ရဲတိုက်၏ လက်မှတ်ရေးထိုး တောင်းပန်သော စာတွင် ၎င်း၏မှားယွင်းသော လုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရမှု အတွက် စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး သာသနာ့အကျိုးတော်ဆောင် အဖွဲ့နှင့် ဘာသာဝင်များ အားလုံးကို အနူးအညွတ် တောင်းပန် ပါကြောင်းနှင့် နောက်နောင်တွင် အလားတူ ကိစ္စရပ်များ မဖြစ်ပွားစေရန် တာဝန်ယူ ပါကြောင်း ဖော်ပြ ထားသည်။
သရုပ်ဆောင် ရဲတိုက်က “
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ တောင်းပန် ချင်တဲ့စိတ် အပြည့်အဝ
ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော် အထဲမှာ ရှိနေစဉ်မှာ အစားအသောက်တွေ
ပို့ပေး၊ ကိုယ်တိုင် လိုက်လာပြီး စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်တွေကို
ကျေးဖူးတင်ပါတယ်“ ဟု ပြောကြားသည်။
သရုပ်ဆောင် ရဲတိုက်ကို ဗိုလ်တထောင်
မြို့နယ် တရားရုံးက ငွေကျပ်ငါးသိန်းဖြင့် ခံဝန် ကတိထိုးပြီး အာမခံပေး
ခဲ့သည်။
ကိုယ်ပိုင် ဖောင်ဒေးရှင်း ထူထောင်၍ လူမှုရေး လုပ်ငန်းများ
ဆောင်ရွက်နေသော သရုပ်ဆောင် ရဲတိုက်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက
ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီ ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း
ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် သာသနာညှိုးနွမ်းစေမှု (ပုဒ်မ
-၂၉၅-က) ဖြင့် ဗိုလ်တထောင်ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း သို့ လာရောက်လေ့လာ သူများနှင့် ဝတ်ပြု ဆုတောင်း သူများအတွက် နေ့စဉ် နံနက် ၈ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီ အထိတစ်ကြိမ် လာရောက် လေ့လာသူများနှင့် ဝတ်ပြု ဆုတောင်း သူများအတွက် ဖွင့်လှစ်ပေးထား ပါကြောင်း ယနေ့ဖြစ်စဉ်မှာ သူတော်စင် များသာ ဝင်ရောက်ရသည့် ဓာတ်တော်မွေတော်များ ထားရှိရာ သန့်ရှင်းသည့် နေရာ၊ အထွတ် အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အဝတ်အစား (စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ် အမြတ်ထားရာ ဗိမာန်တော်ကို ကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန်သော အပြုအမူမျိုးပြုလုပ်ခြင်းကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ သတိပေး ပြောကြားခဲ့ခြင်းကို မကျေမနပ်ဖြစ်သွားပြီး ထိုမှတစ်ဖန်၊ တတိယအကြိမ်ပြန်လည် ရောက်ရှိ လာရာတွင်၊ သတင်းထောက်များ၊ မီဒီယာအဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာ သော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရဝဏ်အတွင်း ဝင်ရောက်ကာ၊ မည်သည့် အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း၊ သာသနာ့ အကျိုးဆောင်အဖွဲ့က အကြိမ်ကြိမ် မေတ္တာရပ်ခံနေသည့်ကြားမှပင် ကာယကံရှင်မှ ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့ကြောင်း စိန့်မေရီကာသီဒြယ် ဘုရားကျောင်း သာသနာ့ အကျိုးဆောင် အဖွဲ့က သတင်း ထုတ်ပြန်သည်။
By The Voice Journal
NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်
- ၁ ဇွန်လ ၂၀၁၃
၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် မြို့နယ် (၈) မြို့နယ်မှ ဘင်္ဂလီမိသားစု တစ်စုလျှင် သားသမီး (၂) ဦးယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း သဘောထား ကျေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်သော ဦးမောင်ကြွင်းအောင်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။
“ ကျွန်တော်က ရသေ့တောင်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌပါ။ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိသေးဘူး။ ရသေ့တောင်မြို့နယ်လည်း နာမည်ထဲမှာ ပါနေတယ်လို့ သိရတယ်။ ကျွန်တော် မသိဘဲနဲ့ ခုလို နာမည် ပါနေတယ်ဆိုတော့ ဒါဟာ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ဆိုသည်။
ဦးမောင်ကြွင်းအောင်မှ မိမိမှာ ယခုအခါ ရန်ကုန်မြို့သို့ ရောက်နေကြောင်း၊ ယခုလို အရေးကြီးသော သဘောထား ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော်မီတီဝင် လူကြီးများ မသိဘဲ ထုတ်ပြန်ခွင့် မရှိကြောင်း ပြောသည်။
“ ကျွန်တော်တို့ လုံးဝ မသိဘဲ ဒီထုတ်ပြန်ချက် ထွက်လာတဲ့ အပေါ်မှာ ပြောဆိုတာ ဖြစ်ပါတယ်။ ဒါက ပေါ်လစီပိုင်းနဲ့ ပတ်သက်တဲ့ အတွက် ဗဟိုကသာ ထုတ်ပိုင်ခွင့်ရှိတယ်။ အစည်းအဝေးခေါ်ပြီး လုပ်သလား ဆိုတာလည်း မသိရဘူး။ စစ်တွေက လုပ်သလားလည်း မသိရဘူး။ ကျွန်တော်က အခု ရန်ကုန်ကို ရောက်နေတဲ့ အတွက် မသိရတဲ့ ကိစ္စပေါ်မှာ ပြောဖို့ ခက်ခဲပါတယ်” ဟု ဦးမောင်ကြွင်းအောင်က ဆိုသည်။
မြေပုံမြို့တွင် နေထိုင်သူ မြို့နယ် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေအား ဆက်သွယ် မေးကြည့်ရာ ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း သူမက ပြောကြားသည်။
တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်အား မေးကြည့်ရာ ယခု ကျေညာချက်အား စစ်တွေမြို့နယ်မှ လူတစ်စုက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းတဲ့ အခါ စစ်တွေက အဖွဲ့ချုပ် အဖွဲ့ဝင် တစ်စုက တစ်ခြားမြို့နယ်တွေရဲ့ နာမည်တွေနဲ့ အခုလို ထုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ထုတ်ပြန်ချက်က ပြည်နယ် အလုပ်အမူဆောင် အဖွဲ့က ထုတ်တာ မဟုတ်တဲ့ အတွက် တရားမ၀င်ပါ” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးညီပုအား ဆက်သွယ်ရာ ဖုံးပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
(ထုတ်ပြန်ကျေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ သဘောထားထုတ်ပြနချက်
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ (၃၁) ရက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂလီလူမျိုးများ အိမ်ထောင်စုတစ်စုလျှင် သားသမီး (၂)ဦးယူရန်နှင့် တစ်ကြိမ်သာ လက်ထပ်ထိမ်းမြားရန် ဒေသန္တရအမိန့်ထုတ်ပြန်ကြောင်း သတင်းမီဒီယာများမှ တဆင့်ကြားသိရပါသည်။
၎င်းအမိန့်သည်လည်း ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာမဟု
ဤလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ ပထ၀ိနိုင်ငံရေးအရလည်းကောင်း၊ အမျိုးသားလုံခြုံမှုအရလည်းကောင်း လွန်စွာလိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ထောက်ခံအပ်ပါသည်။
၁။ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂။ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၃။ ပေါက်တောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၎။ ကျောက်တော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၅။ မြောက်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၆။ ရသေ့တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၇။ မင်းပြားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၈။ မြေပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဖြန့်ဝေခြင်း
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
၂။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
၃။ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ
၎။ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
၅။ ၀ံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
၆။ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်
နိရဉ္စရာ
တေးရေး K A T ရှင်ပါကူ ဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်

ကေအေတီ၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကေအေတီ၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်သူ ဒီဇိုင်း မျိုးဆွေသန်းထံမှ သိရသည်။
Popular Myanmar News Journal (facebook)
ပြည်ထောင်စုလွှတ်တော် နာယကအလံပြောင်းပြန်သတင်း မတုံ့ပြန်သေး
![]() |
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မေ ၂၂ ရက်တွင် နေပြည်တော် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် |
စားပွဲခုံပေါ်ရှိ မြန်မာနိုင်ငံတော်အလံသည် ဇောက်ထိုးဖြစ်နေကြောင်း
မေ ၂၃ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းရောင်စုံစာမျက်နှာထက်
အထင်အရှား တွေ့မြင်ခဲ့ရသည်။
၎င်းသတင်းကို သတင်း ဂျာနယ် အချို့တွင် အကျယ်တ၀င့်ရေးသား ဖော်ပြခဲ့ကြပြီး ဥပဒေပိုင်းဆိုင်ရာ ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။
နိုင်ငံတော်တွင် အဆင့်မြင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယကထိုင်သော ရှေ့စားပွဲအလံ ပြောင်းပြန်ဖြစ်ရပ်သည် တိုက်ဆိုင်သော ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပြီး၊ လွန်ခဲ့သောနှစ်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်တို့ အပါအ၀င် အစိုးရနှင့် ပါတီထိပ်တန်း ခေါင်းဆောင်များရှေ့မှောက် ပါတီညီလာခံစင်မြင့်၌ အလံပြောင်းပြန်ကိုင်ဆောင်၍ ဖွင့်ပွဲသီချင်း ဖျော်ဖြေခဲ့သော ဖြစ်ရပ်သည်လည်း အလံတော်၏ အနေအထားအရ မှားယွင်းတပ်ဆင်မိခြင်းသာဖြစ်ကြောင်း အလံတော်ကို မထီမဲ့မြင်ပြုရာမရောက်၍ အရေးမယူခဲ့ကြောင်း ပါတီဗဟိုတာဝန်ရှိသူအချို့က ပြောသည်။
ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ အလံပြောင်းပြန်ဖြစ်နေခြင်းအတွက် အမျိုးသားလွှတ်တော်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ
““ဒီကိစ္စကို ဥက္ကဋ္ဌ သိပါတယ်။ ဂျာနယ်အချို့ရေးတာကိုလည်း သိပါတယ်။ လူကြီးအနေနဲ့ လောလောဆယ် မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။ နိုင်ငံတော်အဆင့် တာဝန်ရှိသူအကြီးအကဲများအနေဖြင့် မိန့်ခွန်းများမှစ၍ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကျွမ်းကျင်သော ပုဂ္ဂိုလ်များကို ခန့်ထားတာဝန်ပေးထားပြီးဖြစ်၍ လုံခြုံရေးမှအစ အမှိုက်ကစ ပြာသာဒ်မီးလောင်တတ်သော သဘာဝကို အကြီးအကဲ၏ အနီးကပ်တာဝန်ရှိသူများ အထူးဂရုစိုက်တတ်ကြကြောင်း၊ သာဓကအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ရှိစဉ်က အစားအသောက် မှစ၍ လူကြီးမစားခင် ကြိုတင်၍အမြည်းသဘော စမ်းသပ်စားသုံးကြရခြင်း၊ ၎င်းလာရောက်မည့်အခမ်းအနား စင်မြင့်အထိ စစ်ခွေးများဖြင့် ကြိုတင်မိုင်းရှင်းခြင်း၊ လုံခြုံရေးအထပ်ထပ်ကြားမှပင် မှော်ဘီဗဟိုသင်တန်း ကျောင်းသို့ နာယကကြီး(တပ်ချုပ်ကြီး)လာမည့် ဘုရင့်နောင်ရိပ်သာတွင်းသို့ အကြိုည၌ သူခိုးဝင်ခိုးခဲ့သော ဖြစ်ရပ်ပင်ရှိခဲ့ကြောင်း၊ တာဝန်ရှိသူများ ရဲတိုင်ခဲ့ရကြောင်း၊ ယခုအလံပြောင်းပြန်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်မှာ နိုင်ငံပိုင်သတင်းစာ၏ ကာလာရောင်စုံစာမျက်နှာဖြစ်၍ ပိုမိုထင်ရှားပြီး သမိုင်းဝင်ဖြစ်ရပ်ဖြစ်သွား၍ ဆိုင်ရာအယ်ဒီတာများအနေဖြင့် နိုင်ငံပိုင်သတင်းစာတိုက်ကွပ်ကဲရာ ပြန်ကြားရေးဝန်ကြီးဌာန သဘောထားထင်ဟပ် နေနိုင်ကြောင်းယခင်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုများ၌
နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည့် သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။
ဒေါင်းမာန်ဟုန် မှ
အစိုးရနှင့် KIA တို့၏ သဘောတူညီချက် (၇)ချက်နှင့် စပ်လျဉ်း၍ ကျေနပ်ခြင်း မရှိသော ဒေသခံ တိုင်းရင်းသားများမှ ဆန္ဒထုတ်ဖေါ်


နံနက်(၈)နာရီမှ (၁၀)နာရီအချိန်ထိ လိုင်ဇာမြို့သို့ ပြန်လည်ထွက်ခွာသော KIA/KIO အဖွဲ့များ၏ ယဉ်တန်းများ ဆုံးသွားသည်အထိ စောင့်ဆိုင်း၍ ဆန္ဒ ဖေါ်ထုတ်ခဲတယ် လို့လည်း သိရပါတယ်။ ဆန္ဒထုတ်ဖေါ်ရခြင်းနှင့် စပ်လျဉ်း၍ ဦးဆောင်သူတစ်ဦးမှ - အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးရင် ကိုယ့်လုပ်ငန်းကို မလုပ်ကိုင်နိုင်ကြပါဘူး။ ထွက်ပြေးတိမ်းရှောင်နေကြရဦးမယ်၊ ဒါကြောင့် တိုက်ပွဲတွေကို အမြန်ဆုံး ရပ်ပေးစေလိုတာ။

မိမိဆန္ဒမပါပဲ စစ်သားစုဆောင်း ဖမ်းဆီးခံရပြီး နေနေရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ရှိတယ် - ဒါကြောင့် ဖမ်းဆီးထားသော ဒေသခံတိုင်းရင်းသားများကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုတာပါ။
လက်နက်ကိုင်အဖွဲ့တွေလာရင် ဘယ်အဖွဲ့ပဲလာလာ ကြောက်နေရတယ်။
အတင်းအဓမ္မ စစ်သား စုဆောင်းခံရတယ်။
ဆက်ကြေးပေးရတယ်။
မထင်ရင်မထင်သလို အမျိုးသမီးတွေ မဖွယ်မရာ ပြုကျင့်ခံရတယ်။

ဒါကြောင့် အကြောက်တရားကင်းစွာ လယ်ယာလုပ်ကိုင်ခွင့်ပေးပါလို့ တောင်းဆိုတာ။ တချို့နေရာတွေမှာ မိုင်းတွေထောင်ထားတော့ ဘယ်နေရာကိုမှ ကောင်းကောင်း မသွားရဲဘူး၊ မလုပ်ကိုင်ရဲဘူး၊ ကိုယ့်လယ်ယာ ကိုင်းကျွန်းနားမှာ မိုင်းများရှိနေမလားလို့ စိုးရိမ်နေရတယ်။ ဒါကြောင့် မိုင်းတွေကို ရှင်းလင်းပေးစေချင်တာပါလို့ ဆန္ဒပြသူတွေက ပြောပြပါသည်။
ဦးကောလေး

Photo and News -by Myanmar News Now
လားရှိုးပဋိပက္ခမှု များတွင် ပါဝင်သူများကို အရေးယူပေးရန် အစ္စလာမ်အဖွဲ့များ တောင်းဆို

ရန်ကုန်၊ မေ ၃၁
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင့် တာဝန်လစ်ဟင်းသူနှင့် တာဝန်မဲ့သူများ အားလုံးကိုမခွဲခြားဘဲ အရေးယူရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်တွင် မူးယစ်ဆေးစွဲ စိတ်ဝေဒနာရှင်တစ်ဦးက အမျိုးသမီး တစ်ဦးကို မီးရှို့မှုအပေါ် ရှုတ်ချကြောင်း ပြစ်မှုကျူးလွန်သူကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပါရန်နှင့် ယင်းရာဇဝတ်မှုကို အခွင့်ကောင်းယူကာ ဗလီ ဝတ်ကျောင်းတော်များနှင့် မိဘမဲ့ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးပြီး ဘာသာရေး ပဋိပက္ခ အသွင်ဆောင်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြားစေသော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အပါအဝင် အချက် ၁၀ ချက် ပါဝင်သည်။
လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က အမျိုးသမီး တစ်ဦးကို ဘာသာမတူသူ အမျိုးသားတစ်ဦးက ဓာတ်ဆီပက် မီးရှို့ ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ ၃၉ ဦးကို ဖမ်းဆီး ထားပြီးဖြစ်ကြောင်း လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ပဋိပက္ခမှုများကြောင့် အစ္စလာမ် ဘာသာဝင်များကို မေလ ၂၉ ရက်နေ့မှ စတင်ကာ မန်ဆူရှမ်းကျောင်း ပရဟိတ စာသင်တိုက်သို့ လုံခြုံရေး အကူအညီဖြင့် ပို့ဆောင်ခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် စုစုပေါင်းဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ကြားသည်။
ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လားရှိုးမြို့တွင် ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများမှာ မေလ ၃၀ ရက် နေ့မှ စတင်ကာ ပုံမှန်အခြေအနေကို
ပြန်လည်ရောက်ရှိနေပြီဟု ဒေသအာဏာပိုင် များထံမှ သိရှိရသည်။
The Voice Weekly
ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ
ပုသိမ်၊ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်းလမ်းရှိ နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင်တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှတွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။
ဆိုင်ရှင်လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ဖြစ်ပြီး ငွေထုပ်သယ်ယူသွားသူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွား ရေယာဉ်ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။
သင်္ဘောပေါ်တွင် ဖမ်းမိစဉ် လပြည့် (ခ) ပါစီကွေးထံတွင် ပီနံအိတ်ဖြင့်ထည့်ထား သော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်းရှစ်သောင်း ပြန်လည်သိမ်း ဆည်းရမိသည့်အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ် သူကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
ယင်းအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံ လှူဒါန်းခဲ့ကြောင်း နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။
တန်ဖိုးကြီးအမှုများ ပေါ်ပေါက်သည့် အတွက် ဝမ်းသာသော်လည်း ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုမျိုး ကဲ့သို့ အမှုများကိုလည်း ပေါ်ပေါက်ရန် ဆောင်ရွက်စေ လိုကြောင်း ဆိုင်ကယ် ပျောက်ဆုံး၍ အမှတ်(၁)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။
The Voice Weekly
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်းလမ်းရှိ နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင်တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှတွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။
ဆိုင်ရှင်လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ဖြစ်ပြီး ငွေထုပ်သယ်ယူသွားသူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွား ရေယာဉ်ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။
သင်္ဘောပေါ်တွင် ဖမ်းမိစဉ် လပြည့် (ခ) ပါစီကွေးထံတွင် ပီနံအိတ်ဖြင့်ထည့်ထား သော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်းရှစ်သောင်း ပြန်လည်သိမ်း ဆည်းရမိသည့်အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ် သူကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
ယင်းအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံ လှူဒါန်းခဲ့ကြောင်း နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။
တန်ဖိုးကြီးအမှုများ ပေါ်ပေါက်သည့် အတွက် ဝမ်းသာသော်လည်း ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုမျိုး ကဲ့သို့ အမှုများကိုလည်း ပေါ်ပေါက်ရန် ဆောင်ရွက်စေ လိုကြောင်း ဆိုင်ကယ် ပျောက်ဆုံး၍ အမှတ်(၁)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။
The Voice Weekly
ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက်သူများကို သေမိန့်ပေးဟုဆို

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ်ထားသော ဝနယ် အတွင်း သတ်မှတ်ထားသော စည်းကမ်း ဖောက်ဖျက်သူများ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ကိုင် သူများကို ဖမ်းဆီးရမိပါက သေမိန့်ပေးကြောင်း ဝတိုင်းဒေသ၏ ပြင်ပ ဆက်ဆံရေးဌာနမှ ဦးဆမ်ခွန်းက ပြောကြားသည်။
အထက်ပါ အကြောင်းအရာကို မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် မေလ ၃၀ ရက် နေ့က ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အေတို့ ဆွေးနွေးပွဲ တတိယနေ့တွင် ဦးဆမ်ခွန်းက သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ဝနယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့ရင်တော့ ခေါင်းဖြတ်သတ်တယ်" ဟု ၄င်းက ဆိုသည်။
ဝနယ်အတွင်း တရားမဝင် ခိုးဝင်သူများကို သေဒဏ်ပေးခြင်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် မှ ဝကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဆိုင်းပေါင်နပ်က သေဒဏ်ပေးခြင်းကို ကြားဖူးခြင်း မရှိကြောင်း The Voice နှင့် သီးသန့် အင်တာဗျူး တွင် ဖြေကြားထားသည်။
ဝသွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် လက်နက်အင်အား အတောင့်တင်းဆုံးဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် တောင်းဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်း တွင် အခြေစိုက်သော ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီး တပ်အင်အား သုံးသောင်းခန့်ရှိသည့် တိုင်းရင်းသားကိုင် အဖွဲ့အစည်းဖြစ်သည်။
The Voice Weekly
» တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို

“ကျနော်တို့ အချုပ်ထဲမှာတော့ အခု ၃၈ ဦး ဖမ်းမိထားပါတယ်။ ခုန နာရီပိုင်းလေးတင်က မြန်မာ အရာရှိလေးငါး ယောက်လောက် လာပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်သွားခဲ့တယ်” ဟု ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦးက မဇ္ဈိမကို ပြောသည်။
လုံဖောကြီး ကျေးရွာနှင့် ထိုင်းနိုင်ငံသည် ပါချန် မြစ်တခုသာ ခြားပြီး ကားဖြင့် ၁၀ မိနစ် ခရီးသာ ကွာဝေးသည်။ ထိုသို့ ထိုင်းအာဏာပိုင်များဘက်မှ ဖမ်းဆီးရာတွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လုံးဖော ဒေသခံတဦး ဖြစ်သူ ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။
“သေနတ်သံက ကျနော် တယောက်တည်း မဟုတ်ဘူး၊ တရွာလုံး ကြားရတာပေါ့။ ပစ်တာက ၇ ချက်နဲ့ ၈ ချက်လောက် ပစ်တယ်။ တရွာလုံး ကလေး လူကြီး အကုန်ကြားတယ်” ဟု ဆိုသည်။
လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက်တို့ သုံးဦးမှာ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် မေလ ၃၀ ရက်နေ့ ညသန်းခေါင်ကျော် ၂ နာရီခန့်တွင် အဆိုပါ လူများအား လိုက်လံပို့ဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဦးသာထူး ပဲ့ချိတ်မှ လူများအား ဖမ်းမိလိုက်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် တနှစ်ကျော်ခန့်က တကြိမ် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများ စီးနင်းလာ သည့် ကားအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း၌ မိုးပေါ်သို့ ထောင်၍ ခြောက်လှန့်ပစ်ခတ်မှုများသာ ရှိကြောင်း ရနောင်းဒေသခံများက ပြောသည်။
ယနေ့ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ ကော့သောင်း ရဲသတင်းတပ်ဖွဲ့သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ တွင် “သတင်းကိုတော့ ကြားတော့ ကြားတယ်။ အတည်ပြုနိုင်အောင် ကြိုးစား နေတုန်းပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထပ်မံ၍ ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ၌လည်း ဒု-ရဲအုပ် မျိုးအောင် က ၎င်းသတင်း အား “မသိရှိရသေးကြောင်း” သာ ပြန်လည် ဖြေကြားခဲ့သည်။
ဖမ်းဆီးခံရသူများသည် လုံဖောကြီး ကျေးရွာမှ ထွက်သွားကြစဉ် ပဲ့ချိတ်လှေ ၃ စီးဖြင့် စုစုပေါင်း ၅၄ ဦး ရှိသည်ဟု ကိုမင်းမင်း က ပြောဆိုကာ ရနောင်း ဒေသခံ ဖြစ်သည့် ဦးကျော် ကမူ ယင်းအုပ်စုတွင် စုစုပေါင်း ၄၂ ယောက် ဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ပျောက်ဆုံး နေသည်ဟု ကွဲလွဲသည့် အချက်များ လည်း ရှိနေသည်။
ဟင်္သာနီ (မွန်မြေ) |
by Mizzima - News in Burmese
အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ကုလသမဂ္ဂနဲ့ အမေရိကန်ကြိုဆို
မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို
ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် နှစ်ဖက်ကိုယ်စားလှယ် များကို
တွေ့ရစဉ်
photo: RFA/ Kyaw Myo Min
|
ဒီသဘောတူညီချက်တွေကနေ ကချင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို နှစ်ဘက်စလုံးက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်း ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရကြား လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ (၇) ချက်ပါ သဘောတူညီချက်ဟာ ထူးခြားအရေး ပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အခြေခံကောင်းတစ်ရပ်အဖြစ် မစ္စတာ ဘန်ကီမွန်းက မှတ်ချက်ပြု ပြောဆိုကြောင်း သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ကေအိုင်အိုနဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အပြုသဘောဆွေးနွေးပွဲကို ကြိုဆိုလိုက်ပြီး၊ အဲဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက် (၇)ချက်ကို အားရမိကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ တခြားသော ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပေးနေရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို စိုရိမ်ပူပန်ကြောင်း၊ သူတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအရေးကြီးအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် သွားလာခွင့်ကို တားဆီးဟန့်တားခြင်းမပြုဖို့ တိုက်တွန်းလိုကြောင်းကိုလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RFA
ပီနံအိတ်စက်ရုံ လုပ်သားများ အစာငတ်ခံ ဆန္ဒပြမှု ငါးရက်ရှိသော်လည်း မပြေလည်သေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် ရေလုပ်ငန်း စက်မှုဇုန် အတွင်းရှိ စံကောင်း ပီနံအိတ် စက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြမှု ငါးရက်မြောက် နေ့အထိ တောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိကြောင်း ထိုစက်ရုံ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က မဇ္စျိမကို ပြောသည်။
“လှိုင်သာယာမြို့နယ် အလုပ်သမားရုံးကလည်း အလုပ်သမားဥပဒေတွေ ဘာတွေ ထုတ်ပြန်ထားတယ် ဆိုတာကိုပဲ ဆန္ဒဖော်ထုတ်တဲ့နေရာကို လာပြောတာရှိတယ်။ ဘာညှိနှိုင်းမှုမှ လုပ်ပေးတာ မရှိဘူး” ဟု ပြောသည်။
အချိန်ပိုကြေး ပေးရန်နှင့် လုပ်ခ၊ လစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုဖြင့် စက်ရုံအလုပ်သမား ၄၇ ဦးကို စက်ရုံပိုင်ရှင်မှ ဧပြီလတွင် အလုပ်ထုတ်ပစ်ခဲ့ရာမှ အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြမှုများ မေလ ၁၁ ရက်နေ့က ဖြစ်ပွားလာခဲ့သည်။
ယခု အလုပ်သမား ၁၆ ဦး အစာငတ်ခံ ဆန္ဒပြခြင်းကို စံကောင်းစက်ရုံရှေ့တွင် မေလ ၂၇ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြ အမျိုးသမီးတဦး ကျန်းမာရေး ချွတ်ယွင်းလာကာ အင်းစိန်ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူထားရသည်ဟု အစာငတ်ခံ ဆန္ဒပြနေသူ မခင်စောသီတာ က ပြောသည်။
“ကျမက စံကောင်းစက်ရုံ ရက်ကန်း အလုပ်သမားပါ။ အစာငတ်ခံဆန္ဒဖော်ထုတ်တာ ငါးရက် ရှိသွားပြီ။ ရေသောက်တာကလွဲပြီး ဘာမှ ကျမတို့ မစားဘူး။ အလုပ်ထုတ်ခံရတဲ့ ဘဝတူ အလုပ်သမားတွေ အားလုံးကို အလုပ်ပြန်ရဖို့ပဲ ကျမရင်ထဲမှာ ဆန္ဒရှိနေတယ်” ဟု ဆိုသည်။
အထုတ်ခံထားရသည့် အလုပ်သမား ၄၇ ဦး အလုပ်ပြန်ဆင်းခွင့် ရရေး၊ ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဝန်ကြီးဌာန၏ သဘောတူညီချက်များကို ရရှိပြီးမှသာ ထုတ်ပယ်ရန်၊ စက်ရုံအတွင်းရှိ ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးရန် စသည့် အချက်များကို တောင်းဆိုထားသည်။
ထိုစက်ရုံ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြတ် ကမူ ထိုစက်ရုံတွင် အလုပ်သမား ၁,၀၀၀ ကျော်သည့်အနက် ၄၅၀ သာ အလုပ်ပြန်ဆင်း၍ စက်ရုံလည်ပတ်ရန် အခက်အခဲရှိနေကြောင်း မေ ၃၁ ရက်နေ့က ကန်တော်ကြီးရှိ Royal Garden restaurant တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
“အလုပ်သမား ၄၇ ဦးကိစ္စကို ကျနော်တို့ဘက်က ခုံသမာဓိ အဆုံးအဖြတ်ကို ခံယူသွားမှာပါ၊ ခုစက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ စက်ရုံအလုပ်သမားတွေကိုလည်း အလုပ်က ထုတ်လည်း မထုတ်သေးပါဘူး။ သူတို့ မဝင်ဘူးဆိုရင်တော့ နေ့စားအလုပ်သမားတွေ
ခေါ်ပြီး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ရမှာပါ” ဟု ပြောဆိုသွားသည်။
အလုပ်သမားများဘက်မှလည်း တောင်းဆိုသည့် အချက်များကို ရရှိရန် ဆက်လက် ဆန္ဒပြသွားမည်ဟု သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က ပြောသည်။
“ဆန္ဒဖော်ထုတ်သူတွေ အလုပ်ပြန်ဆင်းရင် ဆင်းခွင့်ပေးမယ်ဆိုတာ ခုချိန်ထိ ကျနော်တို့ဆီ လာညှိနှိုင်းပြောတာ မရှိသေးပါဘူး။ စက်ရုံဘက်က တရားဝင် လာအကြောင်းမကြားသေးဘဲနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ စက်ရုံဝင်းထဲကို ဝင်ရင် စက်ရုံဘက်ကနေ တရားစွဲဆိုမှုတွေ ရှိလာနိုင်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။
“ခေါင်းတွေ မူးနေတယ်။ ရင်တွေ တုန်နေတာတော့ ရှိနေတယ်။ လဲကျသွားတာလောက် အထိတော့ ကျမ မဖြစ်သေးပါဘူး” ဟု အစာငတ်ခံ ဆန္ဒပြနေသူ စတိုခန်းအလုပ်သမား မမြတ်စိုးစိုးသွယ် က ပြောသည်။
အေးမြင့်စန်း | by Mizzima - News in Burmese
လုပ်ငန်းနှောင့်ယှက်လို့ အလုပ်ဖြုတ်ရတာဖြစ်ကြောင်း စံကောင်းစက်ရုံ တာဝန်ရှိသူပြော

အစာငတ်ခံ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်
စံကောင်း ပီနံအိတ်စက်ရုံမှာ ဝန်ထမ်း ၄ဝ ကျော်ကို အလုပ်ဖြုတ်ခဲ့တာဟာ
စက်ရုံလုပ်ငန်းခွင် ရပ်ဆိုင်းအောင်
အနှောင့်အယှက်ပြုခဲ့တဲ့အတွက်ကြောင့်သာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက
ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စံကောင်း ဂုန်နီအိတ်ြစက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်မြို့ Royal Garden စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့တာဖြစ် ပါတယ်။
စံကောင်းစက်ရုံမှာ လုပ်သက်ရင့်ဝန်ထမ်းတွေက လုပ်သက်နုဝန်ထမ်းတွေကို အဆင့်လိုက်အုပ်ချုပ်တဲ့စနစ် ကျင့်သုံးနေတာဖြစ်တဲ့အပြင် နိုင်ငံတော်က ပြဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့ အုပ်ချုပ်နေတာဖြစ်ကြောင်း အဲဒီစက်ရုံရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်မြင့်က ပြောပါတယ်။
“တစ်လလုံးရုံးတက်တဲ့ဝန်ထမ်းက လစာရဲ့ ၁ဝ ရာခိုင်နှုန်း ဆုကြေးပေးတယ်၊ တစ်နှစ်လုံးရက်မပျက်တဲ့ဝန်ထမ်းဆိုရင သူ့ဝင်ငွေစုစုပေါင်းရဲ့နှစ်ဆ ဆုချီးမြှင့်ပါတယ်၊ အချိန်ပို ဥပဒေနဲ့အညီ် အတိအကျတွက်ပေးတာပါ၊ ရာထူးတိုးဖို့သတ်မှတ်ချက်တွေဟာ သူတို့တကယ်ကျွမ်းကျင်လားဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ထောက်ခံချက်ယူရတယ်၊ ဒီကနေ့ ဆန္ဒပြတောင်းဆိုနေတဲ့ လူတွေကိုကြည့်ရင် အပေါ်ပိုင်းအတွေ့အကြုံရှိတဲ့လူတွေရဲ့ ကြီးကြပ်ခြင်းကို မခံယူချင်ဘူးဗျာ၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်နဲ့ ကြီးကြပ်တဲ့လူတွေရဲ့နေရာကို ရောက်ချင်တယ်ဗျာ၊ ဆန္ဒပြတယ်ဆိုတာ သူတို့လိုအပ်ချက်ကို တောင်းဆိုခြင်းဖြစ်ပါတယ်၊ ဒါကိုကျနော်တို့ဘက်က ဘာမှကန့်ကွက်စရာမရှိပါဘူး”
အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူခံမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၇ ယောက်ကို အလုပ်ထုတ်လိုက်ပြီးနောက်ပိုင်း အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး၊ အားအင်ပြတ်လပ်ပြီး မူးလဲသွားတဲ့ အလုပ်သမားလေးယောက်ကိုလည်း ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
RFA Burmese
Vodafone and China Mobile မြန်မာက နုတ်ထွက်

မူလ တင်ဒါ ခေါ်စဉ် တုန်းကတော့ အသေးစိတ်တွေ မပါ ပေမယ့် ဆန်ခါ တင်တွေ အတွက် မေလ ၁၃ ရက် နေ့မှာ ထုတ်တဲ့ အသေးစိတ် တောင်းဆိုချက် တွေကို လေ့လာပြီး ကုမ္ပဏီရဲ့ ဌာနတွင်း မူဝါဒ တွေနဲ့ စိစစ် တိုက်ဆိုင် လိုက်တဲ့ အခါ မကိုက်ညီလို့ အခု ယှဉ်ပြိုင်မှု ကနေ ရုပ်သိမ်း ရတာလို့ ဆိုပါတယ်။
ဘယ်အချက် တွေနဲ့ ငြိစွန်းလို့ အခုလို မပါဝင် တာလည်း ဆိုတာ ကိုတော့ ကုမ္ပဏီက ပြောဖို့ ငြင်းပါတယ်။ ဒါပေမယ့် နောင်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရင်းနှီး မြှုပ်နှံဖို့ ကိုတော့ စိတ်ဝင်စား သေးတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က တောင်းတဲ့ အချက်တွေ ထဲမှာ ဘယ်လို ဝန်ဆောင်မှုတွေ ပေးရမယ် ဘယ်အချိန် အပြီး ဆောင်ရွက် ရမယ် ဆိုတဲ့ အချက်တွေ ပါဝင် သလို ပထမ အဆင့် အနေနဲ့ လိုင်စင် ရပြီး ၁၂ လ အတွင်း ၂၅ ရာခိုင်နှုန်း ဝန်ဆောင်မှု ပေးဖို့ ၅ နှစ် အတွင်း ၇၅ ရာနှုန်း ပေးဖို့ ဆိုတာ တွေ ပါဝင်ပါတယ်။
Vodofone and China Mobile ထွက်သွား တဲ့ အတွက် နောက်ထပ် ယှဉ်ပြိုင်မယ့် သူထဲက ဘယ်သူ ရမယ် ဆိုတာ ရှေ့လ အတွင်း အဖြေ ထွက်နိုင် ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဗိုင်းရပ်စ်ပိုးသစ်ကြောင့် နောက်ထပ် ၃ ဦးသေဆုံး
အနုကြည့်မှန်ပြောင်းကနေ မြင်ရတဲ့ SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ် coronavirus ။ |
01.06.2013
SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်ခုကြောင့် ဆော်ဒီအာရေဗျ
(Saudi Arabia) နိုင်ငံမှာ နောက်ထပ် လူသုံးဦး သေဆုံးခဲ့ရပြီးဖြစ်သလို၊
အခုဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတ၀ှမ်းသေဆုံးသူ အယောက် ၃၀
ရှိပြီိလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီရောဂါပိုးကြောင်း
သုံးဦးသေဆုံးတဲ့ အကြောင်းကို ဆော်ဒီအာရေဗျ အစိုးရအရာရှိတွေက
အတည်ပြုခဲ့တာဖြစ်တယ်လို့ WHO ပြောခွင့်ရက ဆိုပါတယ်။
ဆော်ဒီအာရေဗျမှာပဲ ဒီရောဂါပိုးကူးစက်ခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု လည်း တွေ့ရှိထားတဲ့အကြောင်းနဲ့၊ ဒါနဲ့ပါဆိုရင် ကမ္ဘာတ၀ှမ်းမှာ ဒီရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှု ဖြစ်ရပ်ပေါင်း ၅၀ ရှိပြီလို့လည်း သူက ပြောပါတယ်။ အခုနောက်ထပ်ဖြစ်တဲ့ ကူးစက်မှုဟာ အရှေ့ပိုင်းခရိုင် Al-Ahsa မှာ ဖြစ်ပွားခဲ့တာပါ။
SARS ရောဂါပိုးနဲ့တူတဲ့ ဒီ ဗိုင်းရပ်စ်ပိုးသစ်ကို ပြီးခဲ့တဲ့နှစ်က ရှာဖွေတွေ့ရှိ ခဲ့တာပါ။ ကူးစက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆော်ဒီအာရေဗျနိုင်ငံ ထဲမှာဖြစ်ပါတယ်။ ဂျော်ဒန်၊ ကာတာ နဲ့ တူနီးရှားနိုင်ငံတွေအပါအ၀င် တခြား အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပမှာလည်း ဒီရောဂါပိုးသစ် ကူးစက်ပျံ့ပွားမှုတွေ တွေ့ရှိခဲ့ရပါတယ်။
ဒီသီတင်းပတ်အစောပိုင်းကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့ရသလို၊ ဒါဟာ ပြင်သစ်မှာ ဒီရောဂါပိုးကြောင့် ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပြီး ဖျားနာတာနဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတွေ ဖြစ်စေတဲ့ ဒီရောဂါပိုးသစ်ဟာ နီးနီးကပ်ကပ်နေတဲ့ လူအချင်းချင်းကြား ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။
ဆော်ဒီအာရေဗျမှာပဲ ဒီရောဂါပိုးကူးစက်ခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု လည်း တွေ့ရှိထားတဲ့အကြောင်းနဲ့၊ ဒါနဲ့ပါဆိုရင် ကမ္ဘာတ၀ှမ်းမှာ ဒီရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှု ဖြစ်ရပ်ပေါင်း ၅၀ ရှိပြီလို့လည်း သူက ပြောပါတယ်။ အခုနောက်ထပ်ဖြစ်တဲ့ ကူးစက်မှုဟာ အရှေ့ပိုင်းခရိုင် Al-Ahsa မှာ ဖြစ်ပွားခဲ့တာပါ။
SARS ရောဂါပိုးနဲ့တူတဲ့ ဒီ ဗိုင်းရပ်စ်ပိုးသစ်ကို ပြီးခဲ့တဲ့နှစ်က ရှာဖွေတွေ့ရှိ ခဲ့တာပါ။ ကူးစက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆော်ဒီအာရေဗျနိုင်ငံ ထဲမှာဖြစ်ပါတယ်။ ဂျော်ဒန်၊ ကာတာ နဲ့ တူနီးရှားနိုင်ငံတွေအပါအ၀င် တခြား အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပမှာလည်း ဒီရောဂါပိုးသစ် ကူးစက်ပျံ့ပွားမှုတွေ တွေ့ရှိခဲ့ရပါတယ်။
ဒီသီတင်းပတ်အစောပိုင်းကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့ရသလို၊ ဒါဟာ ပြင်သစ်မှာ ဒီရောဂါပိုးကြောင့် ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပြီး ဖျားနာတာနဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတွေ ဖြစ်စေတဲ့ ဒီရောဂါပိုးသစ်ဟာ နီးနီးကပ်ကပ်နေတဲ့ လူအချင်းချင်းကြား ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းခွင့် မပြုထား
1-6-2013
မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား
အိမ်ငှားရမ်းနေထိုင်ခွင့် ပြုမထားကြောင်းနှင့် ယင်းသို့
ငှားရမ်းနေထိုင်မှုများကို စိစစ်တွေ့ရှိပါက ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့်
သတိပေး အရေးယူကာ ပြည်နှင်ဒဏ် ပေးခြင်းနှင့် အိမ်ရှင်ဖြစ်သူအား လ၀က
အက်ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်နိုင်ကြောင်း သိရသည်။
လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်ခွင့်ပြုထား သူများအား သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ထောက်ခံချက်အရ နေခွင့်(stay)တိုးမြှင့်ပေးခြင်း၊
လုပ်ငန်းတည်ရှိရာ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီမှ တာဝန်ခံ ငှားရမ်းပေးသည့်
အဆောက်အအုံတို့တွင် တည်းခိုနေထိုင်ခွင့်ပြုထားပြီး အိမ်ငှားရမ်း
နေထိုင်ခွင့် မရှိပေ။
မန္တလေးသို့ business visa ဖြင့် လာရောက်
အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ဦးရေမှာ လစဉ် ၅၀၀ ခန့် ရှိသည့်အနက် ၅၀
ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ရေနံပိုက်လိုင်း၊
ပညာရေး၊ ဆောက်လုပ်ရေး စသည့် ကဏ္ဍများတွင် အများဆုံး လုပ်ကိုင်လျက်ရှိရာ
ယင်းသို့ ဗီဇာဖြင့် လာရောက်နေထိုင်သော နိုင်ငံခြားသားများ အနေဖြင့်
overstay မဖြစ်စေရန်၊ တားမြစ်နေရာများ မသွားစေရန်နှင့် visa စည်းကမ်းများ
မဖောက်ဖျက်စေရန် သက်ဆိုင်ရာ ကုမ္ပဏီများကို လစဉ်ခေါ်ယူ အသိပေး
ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
''ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လူမျိုးနှစ်ဦး အိမ်ငှားချင်လို့ဆိုပြီး
ကျွန်တော်တို့ရုံးကို ရောက်လာတယ်။ မြန်မာစကားကို ပီပီသသ ပြောနိုင်တယ်။
ဟောင်ကောင်ကလာတဲ့ တရုတ်နိုင်ငံသား စစ်စစ်တွေဆိုတာ သူတို့ကိုင်လာတဲ့
ပတ်စပို့စာအုပ်ကို တွေ့တော့မှ အိမ်ငှားရမ်းနေထိုင်ခွင့် မရှိကြောင်းနဲ့
ဟိုတယ်မှာပဲ တည်းခိုခွင့်ရှိကြောင်း ပြောလိုက်ရတယ်။ တရုတ်နိုင်ငံသားတွေက
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား လူမျိုးတွေနဲ့
ရုပ်ချင်းခွဲမရတာကြောင့် ဗီဇာစည်းကမ်းနဲ့ မညီညွတ်တာမျိုးကို
စိစစ်အရေးယူဖို့ ခက်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
တိုင်းဦးစီးမှူး ဦးသောင်းဇော်ကဆိုသည်။
မြန်မာနိုင်ငံသို့
ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်ရာတွင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး
ဝင်ရောက်သော နိုင်ငံဖြစ်ကြောင်း သိရပြီး လည်ပတ်လေ့လာခြင်းထက်
ရက်ရှည်နေထိုင်ကာ လုပ်ငန်းလုပ်ကိုင်မှု များပြားကြောင်း သိရသည်။
''ကျောက်ဝိုင်းမှာ လာပြီး အရောင်းအ၀ယ်လုပ်တဲ့ တရုတ်ကုန်သည်တွေက
အိမ်ငှားပြီး ရက်ရှည်နေထိုင်ကြတယ်။ ဟိုတယ်မှာ လချီဘယ်သူမှ မနေဘူး'' ဟု
မန္တလေးမြို့မှ ကျောက်ပုတီး ကုန်သည်တစ်ဦးက ဆိုသည်။
အေးချမ်းမွန် Credit & Copy From >Eleven Media Group
Friday, May 31, 2013
» KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်

သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ ပယ်ဖျက် ပေးမယ်လို့ ပြောလာခဲ့တာပါ။
ဝန်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။
ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ၀န်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။
“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ၀င်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”
အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။
“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”
အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအ၀င် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က မတရားအသင်း၊ တရားမ၀င်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊ ၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့ ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။
အောင်ရဲ မောင်မောင် (ဗွီအိုအေ)
လားရှိုးပဋိပက္ခလျော့ပါး - ဒုက္ခသည်တထောင်ခန့်ရှိနေဆဲ
လားရှိုးမြို့ မန်ဆူကျောင်းတိုက်ရောက် ဒုက္ခသည်များ (ဓါတ်ပုံ- Opposite Eyes) |
“ ဒီနေ့တော့ မြို့ထဲမှာ ဈေးဆိုင်တချို့ပြန်ဖွင့်နေပြီ ။ လမ်းမပေါ်မှာ လူသွားလူလာလဲနဲနဲကျဲကျဲ တွေ့နေရတယ်။ ရိုက်မှု နှက်မှုတော့ ထပ်မကြားရသေးဘူး။ အိမ်တိုင်းလိုလိုမှာ ရွှေတိဂုံဘုရားပုံတော်တွေ မဟာမြတ်မုနိဘုရားပုံတော် တွေကိုအိမ် ရှေ့မှာ ထင်ထင်ရှားရှားကပ်ထားတယ်။ သျှမ်းအိမ်တွေဆိုရင်တော့ သျှမ်းအလံ ထူထားတယ်” ဟု လားရှိုးမြို့ခံ စိုင်းဆိုင် က ပြောသည်။
မေလ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့အတွင်းဖြစ်ပွါးခဲ့သော မူစလင်ဘာသာဝင်များနှင့် လူတစုတို့၏ ရိုက်နှက်သတ်ဖြတ်မှု နေအိမ်နှင့်ဗလီများမီးရှို့မှုတို့ကြောင့် အစိုးရထုတ်ပြန်ခဲ့သော အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ ကြောင့် လားရှိုးမြို့တွင်း ဆိတ်ငြိမ်လျှက်ရှိခဲ့သည်။
ထိုပဋိပက္ခများကြောင့် ဆုံးရှုံးမှုသိန်းပေါင်းထောင်ချီပြီး လူတဦးသေဆုံးမှုရှိကြောင်း၊ အများအပြားဒဏ်ရာရှိကြောင်း၊ မူစလင်ဘာသာဝင်(အများစုပါဝင်သော) ဒုက္ခသည် ၁၀၀၀ ခန့် မန်ဆူဘုန်းကြီးကျောင်း တွင်ခို လှုံနေလျက် ရှိကြောင်း ၊ ၎င်းတို့အား ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမသို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းလည်းထွက်ပေါ်နေကြောင်း မြို့ခံလူငယ် အမျိုးသမီးတဦးက လည်းပြော သည်။
“ဒုက္ခသည်တွေကိုတော့ မြို့ထဲကလူတွေနဲ့ ယူနီဆက်က အစားအသောက်တွေလာပေးတယ်။ လမ်းပေါ်မှာ သွားလာမှုရှိ နေတယ် ဆိုပေမယ့် သတိတော့ထားနေတုန်းဘဲပေါ့နော်။ ဆူပူမှုဖြစ်အောင်လုပ်တဲ့လူတွေရဲ့ စိတ်ကို မှမခန့်မှန်းတတ်တာ။ သူတို့ဘယ်ချိန်ဘယ်နေရာမှာ ဘာကိုမီးထပ်ရှို့မလဲ စိုးတထိတ်ထိတ်နဲ့ပေါ့” ဟု အဆိုပါအမျိုး သမီးကပြောသည်။
မေလ ၂၈ ရက်ညက လားရှိုးမြို့၌ ဓါတ်ဆီရောင်းအမျိုးသမီး မအေးအေးဝင်အား ကျိုင်းတုံမှတ်ပုံတင်ကိုင်ဆောင်သည့် ဦးနေဝင်းက ဓါတ်ဆီလောင်းမီးရှို့ရာမှာ လားရှိုးမြို့တွင်း ဗလီနှင့်လူနေအိမ်များမီးရှို့မှုဖြစ်ပွါးခဲ့သည်။
အဆိုပါ မီးရှို့မှုဖြစ်ပွားအောင်စတင်လုပ်ဆောင်ခဲ့သော တရားခံ ဦးနေဝင်းသည် ကျိုင်းတုံမြို့၌ လေယာဉ်လက်မှတ်ပွဲစား လုပ်ကိုင်နေသူတဦးဖြစ်ပြီး ၎င်း၏ အထက်စီးဆက်ဆံမှု ရိုင်းပျမှုကြောင့် ကျိုင်းတုံလူထုမှ အမြင်မကြည်ဖြစ်ကြ ကြောင်းလည်း ကျိုင်းတုံဒေသခံ အိုက်စိုင်းကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။
၎င်းသည် မန္တလေး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့ တို့တွင် ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုး၌ အမျိုးသမီးအား ဓာတ်ဆီ လောင်းမီးရှို့မှုမှသာ ပဋိပက္ခ ပေါ်လာကြောင်း မေလ ၂၉ ရက်နေ့က မြစ်ကြီးနား တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း ဒီဗီဘီသတင်းဌာနကလည်း ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်
အပြန်အလှန် တရားစွဲတဲ့ ဦးခင်ရွှေ နဲ့ ဦးနေမျိုးဝေ
ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကို
အသရေဖျက်မှုဖြင့် တရားစွဲရန် ဒဂုံမြို့နယ်တရားရုံးက ယနေ့
ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ
ဦးနေမျိုးဝေက ပြောသည်။
ဦးနေမျိုးဝေ၊ ဦးဝင်းချို အပါအဝင်
ပုဂ္ဂိုလ် ၄ ဦးသည် လူထုကို ထင်ယောင်ထင်မှား ဖြစ်စေရန်
လှုံ့ဆော်သူများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့်
အစည်းအဝေးတခုတွင် ပြောဆိုခဲ့ကြောင်း၊
ထိုပြောဆိုချက်ကို မက်ဆင်ဂျာ ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း၊
ထိုကိစ္စအတွက် အသရေဖျက်မှု ပုဒ်မ၅၀၀ ဖြင့် တရားစွဲခွင့်ရရန် လွန်ခဲ့သည့် နှစ်လကျော်က ဒဂုံမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ယနေ့ တရားစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးခင်ရွှေကို တရားစွဲခွင့်ရပြီ၊ သူပြောလိုက် တဲ့စကားက လူတွေကို အထင်မှားစေတယ်လေ၊ ဦးတို့ကလည်း လှုံ့ဆော်တဲ့သူ လုံးဝ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ဧရာဝတီ သို့ပြောသည်။
ဦးခင်ရွှေသည် ပုဒ်မ ၅ဝဝ နှင့် အမှန်တကယ်ညှိစွန်းခြင်းရှိမရှိကို လာမည့် ဇွန် ၁၀ ရက် တွင် ဒဂုံမြို့နယ်တရားရုံးတော်သို့ လူကိုယ်တိုင် သွားရောက်ကာ ထုချေရှင်းလင်းရမည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ဦးခင်ရွှေကို တယ်လီဖုန်းဆက် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ဦးခင်ရွှေက ဦးနေမျိုးဝေကို ယခင်က တရားစွဲဆိုဖူးသည်။ ထိုအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2012/08/blog-post_6096.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ဦးခင်ရွှေသည် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည်။
ဧရာဝတီblog
![]() |
ဦးနေမျိုးဝေ (ဓာတ်ပုံ - စည်သူ/ဧရာဝတီ) |
ထိုပြောဆိုချက်ကို မက်ဆင်ဂျာ ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း၊
ထိုကိစ္စအတွက် အသရေဖျက်မှု ပုဒ်မ၅၀၀ ဖြင့် တရားစွဲခွင့်ရရန် လွန်ခဲ့သည့် နှစ်လကျော်က ဒဂုံမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ယနေ့ တရားစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးခင်ရွှေကို တရားစွဲခွင့်ရပြီ၊ သူပြောလိုက် တဲ့စကားက လူတွေကို အထင်မှားစေတယ်လေ၊ ဦးတို့ကလည်း လှုံ့ဆော်တဲ့သူ လုံးဝ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ဧရာဝတီ သို့ပြောသည်။
ဦးခင်ရွှေသည် ပုဒ်မ ၅ဝဝ နှင့် အမှန်တကယ်ညှိစွန်းခြင်းရှိမရှိကို လာမည့် ဇွန် ၁၀ ရက် တွင် ဒဂုံမြို့နယ်တရားရုံးတော်သို့ လူကိုယ်တိုင် သွားရောက်ကာ ထုချေရှင်းလင်းရမည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ဦးခင်ရွှေကို တယ်လီဖုန်းဆက် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ဦးခင်ရွှေက ဦးနေမျိုးဝေကို ယခင်က တရားစွဲဆိုဖူးသည်။ ထိုအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2012/08/blog-post_6096.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ဦးခင်ရွှေသည် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည်။
ဧရာဝတီblog
အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ

အိန္ဒိယနိုင်ငံတဝှမ်းမှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။
အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။ ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။
မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။
အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
အမျိုးသမီးကို ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဟု သမ္မတရုံးဝန်ကြီးဆို
![]() |
ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း |
ရန်ကုန်၊ မေ ၃၀
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးခဲ့သူသည် ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား မြို့တွင် ပြုလုပ်နေသည့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားသည်။
လားရှိုးမြို့တွင် ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန်အတွက် ကျိုင်းတုံတွင် ပထမဆုံးကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ ကြောင်း၊ တောင်ကြီးနှင့် မန္တလေးမြို့ တို့တွင် ထပ်မံကြိုးပမ်းရာ မအောင်မြင် ခဲ့သဖြင့် လားရှိုးမြို့ တွင် ဓာတ်ဆီပက်မီးရှို့ရာမှ ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းကဆို သည်။
"ဘယ်သူက ခိုင်းတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို စုံစမ်းစစ်ဆေး နေတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။
ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း၏ ခန္ဓာကိုယ်တွင် WY စိတ်ကြွဆေးပြား တွေ့ရှိခဲ့ရကြောင်း လားရှိုးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။
မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ကျော်က လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးကို ဦးနေဝင်း ဓာတ်ဆီပက်မီးရှို့ခဲ့ရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခများတွင် လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သူဟု ယူဆရသော လူ ၃၉ ဦးကို ဖမ်းဆီး အရေးယူနေကြောင်း လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ပဋိပက္ခများသည် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ပြင်းထန်ခဲ့သော် လည်း မေလ ၃၀ ရက်နေ့တွင် ပြန်လည် တည်ငြိမ်မှု ရရှိခဲ့ကြောင်း ၄င်းကဆိုသည်။
မေလ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာဝင်များမှာ မနေဝံ့တော့သဖြင့် တပ်မတော်အကူအညီ တောင်းခံခဲ့ရာ ယနေ့ညတွင် အစ္စလာမ် ဘာသာဝင် ၂၀၀ ကျော်ကို မန်ဆူရှမ်း ကျောင်း ပရဟိတစာသင်တိုက်သို့ ပို့ဆောင် ပေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင်လည်း တပ်မတော် အကူအညီဖြင့် ပို့ဆောင်ပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးပုညကမိန့်ကြား သည်။
လာရှိုးမြို့တွင် ပဋိပက္ခများပြန်လည် တည်ငြိမ်သွားသော်လည်း မြို့မဈေးအပါအဝင် ပုဂ္ဂလိကဈေးဆိုင် အများအပြား ပိတ်ထားဆဲဖြစ်ပြီး အဓိကနေရာများ တွင်လည်း လူသူနည်းပါးနေကြောင်း၊ လုံခြုံ ရေးအင်အား ကိုလည်း အထူးတိုးမြှင့်ထား ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံရှေ့နေတစ်ဦးက ဆိုသည်။
ပဋိပက္ခများ ရပ်တန့်ရေးအတွက် မန္တလေးတိုင်းဒေသကြီးမှ ဘာသာပေါင်းစုံ ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီက လာရှိုးမြို့သို့ မေလ ၃၀ ရက်နေ့တွင် လာရောက်ကာ အကြမ်းဖက်ရန်စမှုများ ရပ်တန့်ရေး၊ ဥပဒေ မဲ့တုံ့ပြန်မှုများ မပြုလုပ်ရန်၊ လူသား အချင်းချင်း စာနာမှုများထားရှိရန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
The Voice Weekly
မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ

မေလ ၃၁ ရက် ၂၀၁၃
မြစ်ကြီးနားဆွေးနွေးပွဲ - KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် (ဘယ်)၊ မြန်မာအစိုးရ ငြမ်းချမ်းရေးညှိနှိုင်းရေးမှူး ဦးအောင်မင်း (လယ်) နှင့် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ကြား ၃ ရက်ကြာဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့သည်။
၎င်းသဘောတူညီချက်တွင် အစိုးရနှင့် KIO တို့ကြား နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်၊ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန်၊ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနိုင်းဆောင်ရွက်သွား ရန်တို့ ပါဝင်သည်။
ထို့ပြင် လိုအပ်သော လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်များနှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန်နှင့် အခြားဖိတ်ကြား လိုသောအဖွဲ့များရှိပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန်တို့ကို သဘောတူခဲ့ခြင်းဖြစ်သည်။
၎င်းတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန်အတွက်ကိုတော့ မူအားဖြင့်သာ သဘောတူထားခြင်းဖြစ်သည်။
အစိုးရနှင့် KIO ကြား ယခင်ဆွေးနွေးပွဲများတွင်မှာတော့ “သဘောထားထုတ်ပြန်ချက်” သာ ဖြစ်ပြီး ယခုဆွေးနွေးပွဲတွင် “သဘောတူညီချက်” ဟူ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ထုတ်ပြန်လိုက်ရခြင်းအားဖြင့် အစိုးရဘက်မှ အနည်းငယ်လိုက်လျောမှုများရှိပြီး သဘောတူထားသည့် အတိုင်း လက်တွေ့တွင် ဆက်လက်လုပ်ဆောင်သွားပါက အောင်မြင်သည့်ဘက်ကို ရောက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။
“ရွှေလီဆွေးနွေးပွဲမှာ စစ်ရှိန်လျော့သွားဖို့ ထုတ်ပြန်ခဲ့တဲ့နောက်မှာ ကချင်ပြည်နယ်ဘက်မှာတော့ လျော့သွား တယ်လို့မြင်တယ်။ အခုလဲ ဆက်ပြီး တိုက်ပွဲမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေမယ် ဆိုတာတွေကိုကြည့် ရင်တော့ တပ်ပိုင်းနဲ့ပတ်သက်ပြီး သူတို့သဘောတူထားတဲ့အတိုင်း လက်တွေ့လုပ်ဆောင်သွားရင်တော့ အောင် မြင်မယ်လို့မျော်လင့်တယ်။ တကယ်လို့များ စာရွက်မှာပဲ သဘောတူရေးထားရင်လဲ လက်တွေ့မှာ လိုက်မလုပ် ဘူးဆိုရင်တော့ အဲဒါက အားလုံးသိတဲ့အတိုင်းပဲလေနော်။”
ယခုဆွေးနွေးပွဲတွင် “အစိုးရဘက်က အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ထိုးမယ်ဆိုတာကို KIO အနေနဲ့တော့ ၁၇ နှစ်ရဲ့ အတွေ့အကြုံကြောင့် အပစ်ခတ်လက်မှတ်မထိုးဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုပြီးပြောတဲ့အပေါ်မှာတော့ KIO တွေရဲ့လိုအပ်ချက်ကို အစိုးရကနေပြီး လက်ခံတဲ့သဘောလို့မြင်တယ်” ဟု ဦးခပရာ ခွန်းအောင် ကပြောသည်။
မေလ ၂၉ ရက်နေ့တွင် KIA ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် အစိုးရဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့သည် သီးသန့် တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
KIO နှင့် အစိုးရတို့သည် မေလ ၂၈ မှစပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမဂျွယ်ခန်းမဆောင် (Majoi Gawknu) တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးသွားရာ တွင် စောင့်ကြည့်လေ့လာသူအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနီုင်ငံသံရုံး ဒုတိယ သံရုံးတာဝန်ခံ Mr. Lu Zhi၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော မြို့မိမြို့ဖ ၁၀ ဦးတက်ရောက်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်ဦးဆောင်သော အဖွဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ခွန်နော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူးကြီး စိန်ဂေါင်၊ ဦးနော်ထွယ်တို့ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ် ငန်းကော်မတီဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ်ဇော်ဝင်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့ တက်ရောက်ခဲ့သည်။
ယခုဆွေးနွေးမှုသည့် KIO နှင့် အစိုရအကြား အမိမြန်မာနိုင်ငံတွင် ပထမဆုံးကြိမ်းပြုလုပ်ခြင်းဖြစ်ပြီး နောက်ထပ်ဆွေးနွေးရန်ရှိသော်လည်း မည်သည့်အချိန်၊ နေရာတွင် ဆွေးနွေးမည်ကို မသိရသေးပါ။
KNG
မုံရွာမြို့ ကန်သာယာကန်အနီးမှ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆံများတွေ့ရှိ
မေလ ၃၁ ရက် ၂၀၁၃
ယနေ့နံနက်ပိုင်းက မုံရွာမြို့ကွေ့ကြီးရပ်ရှိ ရေကန်ထဲမှ အထုပ်တစ်ထုပ်ထဲတွင် ပေါက်ကွဲစေနိုင်သည့် လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန်များကို တွေ့ရှိကြောင်း မုံရွာခရိုင်ရဲ သတင်းရပ်ကွက်မှ သိရှိရသည်။
ဖြစ်ပွားပုံမှာ ယနေ့နံနက်၇နာရီခွဲက မုံရွာမြို့နေ ကိုကျော်ဆန်းဦးသည် ကွေ့ကြီးရပ်ကွက် အနောက်ဘက်
ရေကန်အစပ်တွင် ကန်စွန်းရွက်ဆင်းခူးစဉ် အထုပ်တစ်ထုပ်ကို ခြေထောက်ဖြင့် နင်းမိသဖြင့် ကုန်းပေါ်သို့ ယူဆောင်ပြီး ဖွင့်ကြည့်ရာတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များကို တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
အဆိုပါနေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ အပါအဝင် ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်
ဆေးရာတွင် အထုပ်ထဲမှ တရုတ်နိုင်ငံလုပ် ၉၁ ဗုံးသီး ၂ လုံး၊ ၅.၅၇ကျည် ၁၇ တောင့်နှင့် နိုကီယာအမျိုးအစား ဓာတ်ခဲနှင့် ဆင်းကတ်မပါသည့် ဖုန်းဟန်းဆက်တစ်လုံးတို့ကို တွေ့ရှိခဲ့သည်။
မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ထားရှိထားသည် အစရှိသည့် အချက်အလက်များကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းနှ
Mizzima
ဇွန်လ ၇ ရက်တွင် ရဲတိုက်ကို ရုံးထုတ်မည်

မေလ ၃၁ ရက် ၂၀၁၃
သရုပ်ဆောင်ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်
ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။
''ပြီးခဲ့တဲ့ မေလ ၂၉ ရက် မွန်းလွဲ ၁၁ နာရီအချိန်ကလည်း ဗိုလ်တထောင် တရားရုံးကို ရုံးထုတ်ခဲ့တယ်လို့ သိရတယ်။ အခု ထက်ထိတော့ အခြေအနေစောင့် ကြည့်နေ ရသေးတယ်။ အာမခံလည်း လောလော ဆယ် မရသေးပါဘူး။ ရဲတိုက်ဘက်က ခုချိန်ထိတော့ ရှေ့နေခေါ်တာ မတွေ့ရသေးပါဘူး။ ဥပဒေအတွင်းကနေပြီး ကူညီပေးလို့ရတာ မှန်သမျှကူညီပေးသွားမှာပါ။ အခု လက်ရှိ အချိန်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့ သိရပါတယ်'' ဟု ဆိုသည်။
ရဲတိုက်သည် မေလ ၂၈ ရက် မွန်းလွဲပိုင်းက စိန့်မေရီကာသီဒြယ်ဘုရား ကျောင်းရှေ့အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာတွင် ဝင်ခွင့်မပြုသဖြင့် ၁ နာရီ ၃ဝ မိနစ်ကြာ တစ်ကိုယ်တော်ဆန္ဒပြသခဲ့သဖြင့် ဗိုလ်တထောင်ရဲစခန်းမှ အရေးယူထားရသူ တစ်ဦး ဖြစ်သည်။
Mizzima
ကချင်ဆွေးနွေးပွဲ လုံးဝအပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံး

သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲတရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့အကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အချက် ၇ချက်ပါ သဘော တူညီချက် ကို မေလ ၃၀ရက် ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးနိုင် လိုက်ကြတာပါ။
“(က) နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီသည်။ (ခ) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခတ်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။
ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်မှု ဗဟိုဌာန MPC က ဦးအောင်နိုင်ဦးက သဘောတူညီချက် ၇ချက်ကို သတင်းစာရှင်းလင်းပွဲအတွင်း ဖတ်ပြသွားတာပါ။ အရင့်အရင်က တခြားလူမျိုးစုတွေနဲ့ ရခဲ့ဖူးတဲ့ သဘောတူညီချက်တွေ မတူဘဲ ထူးခြားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောတဲ့သဘောတူညီချက်တွေကို အလွယ်တကူ ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ တံခါးပိတ်၊ တံခါးဖွင့် ဆွေးနွေးပွဲတွေအတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာတွေထဲမှာ အဓိက အကျဆုံးကတော့ ကေအိုင်အိုဘက်က အစဉ်တစိုက်တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စဖြစ်ပါတယ်။
“ ကျနော်တို့ရဲ့ သဘောတူညီချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်ဆိုတာ နံပတ်တစ်အနေနဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီအချက်ကိုလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ကေအိုင်အို၊
ကေအိုင်အေဘက်က အဓိက ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း အလားတူ အသိအမှတ်ပြုပြောဆိုပါတယ်။
“ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းပေါ့နော်။ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းနဲ့ နိုင်ငံတော်အစိုးရဘက်က လက်တွေ့ အကောင်အထည်ဖော်မယ့် အပိုင်းကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ချမှတ်ထားပြီးသား နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။”
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရခဲ့တဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ နိုင်ငံတကာလေ့လာသူအဖြစ် နှစ်ဦးပဲ တက်ရောက်ခဲ့တဲ့ အထဲက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် မစ္စတာ လူဇီက ဗွီအိုအေကိုပြောပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိခွန်အားကို ထိန်းသိမ်းပြီး အတူတကွ အားဖြည့် ကူညီသွားမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာလူဇီကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တခြားအနောက်နိုင်ငံတွေ အခုဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ကို တရုတ်ဘက်က ကန့်ကွက်လို့ မပါဝင်ခဲ့ရဘူးဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အတိအကျ မငြင်းသွားပါဘူး။
မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မြန်မာ့ပြည်တွင်းရေးဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်အနေနဲ့ဆိုရင် မြန်မာနိုင်ငံဟာ ကျနော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံပါ။ တိုက်ရိုက်ဆက်စပ်နေတဲ့ အကျိုးစီးပွားတွေအရ နှစ်ဖက်စလုံးရဲ့ ပန်ကြားချက်တွေအရနဲ့ လိုအပ်တဲ့အကူအပံ့တွေ အားလုံးအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့အနေနဲ့ ကျနော်တို့ ပါဝင်လာတာပါလို့ တရုတ်ကောင်စစ်ဝန် မစ္စတာလူဇီက ဗွီအိုအေကိုပြောခဲ့ပါတယ်။
တရုတ်အပြင် ကုလသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယားလည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းကိုးဖွဲ့ နဲ့ မြစ်ကြီးနားမြို့က ကချင်မြို့မိမြို့ဖတွေ တက်ရောက်ကြပါတယ်။
ကေအိုင်အိုနဲ့အစိုးရကြား သဘောတူညီချက်တွေရတယ်ဆိုတာ ဒီတကြိမ်ကတော့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်စစ်အစိုးရတွေ လက်ထက်တုန်းက ရခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ၁၇နှစ်ကျော်ကြာပြီးကာမှ ပျက်ပြယ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အခုရတဲ့သဘောတူညီချက်တွေကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ဖို့ရာ အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။
ကိုကျော်ကျော်သိန်း (ဗွီအိုအေ)
လူသတ် စက်ရုပ် လက်နက် အရေး လူ့အခွင့် အရေး ကောင်စီ ကြားနာ

ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။
ဒီစက်ရုပ် တွေဟာ စစ်မြေပြင် ရောက်တာနဲ့ လူတွေရဲ့ ထိန်းချုပ်မှု ရှိတော့မှာ မဟုတ်တဲ့ အတွက် Drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် တွေနဲ့တော့ မတူ ပါဘူး။
လူသတ် စက်ရုပ်တွေကို အမေရိကန် ဗြိတိန်နဲ့ အစ္စရေး နိုင်ငံတို့မှာ ပြုလုပ် နေကြပြီး အခု အချိန် အထိတော့ အသုံး မပြုသေး ပါဘူး။
ဒီလက်နက် တီထွင်တာကို ထောက်ခံတဲ့ အဖွဲ့တွေ ကတော့ စက်ရုပ် တွေကို သုံးခြင်း အားဖြင့် စစ်မြေပြင်မှာ စစ်သားအရေ အတွက် လျော့သွားလို့ အသက် ဆုံးရှုံးမှု နည်းသွား စေလိမ့်မယ်လို့ ပြောနေကြ ပါတယ်။
လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့တွေ ကတော့ စစ်ပွဲကို ဘယ်လို ဆင်နွှဲကြ သလဲ ဆိုတဲ့ အရေးကြီးတဲ့ ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ အရေးကြီးတဲ့ မေးခွန်း တွေကို စဉ်းစား ရမယ်လို့ ခုခံ ပြောကြ ပါတယ်။
ကုလ သမဂ္ဂ အစီရင် ခံစာက ဒီစက်ရုပ်တွေ အသုံးပြုရေးကို တရားဝင် ဆိုင်းငံ့ ထားဖို့ တောင်းဆို ပါလိမ့်မယ်။
ဒါပေမဲ့ လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို သလို လုံးဝ ပိတ်ပင် မှာတော့ မဟုတ်ပါဘူး။
စက်ရုပ်ကို အသုံးပြုတဲ့ အတွက် အရပ်သားတွေ အများ အပြား သေဆုံးခဲ့ရင် ဘယ်သူ့မှာ တာဝန်ရှိ မလဲ ဆိုတဲ့ တာဝန်ယူမှု မေးခွန်းတွေကို ဖြေဖို့ အချိန်ပေးတဲ့ သဘော ဖြစ်ပါလိမ့်မယ်။
လူသတ် စက်ရုပ်ကို စစ်တရားခံ အဖြစ်တော့ တရားစွဲလို့ ရမှာမဟုတ်ဘူးလို့ ဂျီနီဗာရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Thursday, May 30, 2013
တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လဒုတိယပတ် ထွက်မည်
ရန်ကုန်၊ မေ ၂၉
၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ စာရင်းကို လာမည့်
ဇွန်လ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန
အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
"ပြည်နယ်နှင့်တိုင်း ပညာရေးမှူး တွေကို လျှို့ဝှက်အစည်းအဝေး ခေါ်နေပြီ။
၈ဝ ရာခိုင်နှုန်း သေချာပါတယ်"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ စာမေးပွဲ အောင်စာရင်းနှင့် အောင်ချက်ရာခိုင်နှုန်း အပေါ်
မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းသော်လည်း
အတည်ပြု ပြောကြားခြင်း မရှိပေ။
"ကြားတာက ၂ ရက်နေ့လည်း ပြောတယ်။ ၉
ရက်နေ့လည်းပြောတယ်။ ကရင်မှာဆို ဓာတုဗေဒမှာ အောင်ချက်မြင့်တယ်လည်း ကြားတယ်"
ဟု ကရင်ပြည်နယ် ဘားအံမြို့နေ တက္ကသိုလ်ဝင်တန်း ဖြေဆို ထားသူ လူငယ်တစ်ဦးက
ဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း
ယင်းပညာသင်နှစ်တွင် စစ်ဆေးသော အင်္ဂလိပ်ဘာသာ မေးခွန်းသည် အခြားနှစ်များနှင့်
သိသိသာသာ ကွဲပြားသောကြောင့် အောင်စာရင်းရလဒ် ပြောင်းလဲ နိုင်ကြောင်း
လုပ်သက်အတွေ့အကြုံအနှစ် ၂၀ ရှိ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်ဘာသာ သင်ကြားနေသူ
ပုဂ္ဂလိက ဆရာဦးဇော်မင်း က The Voice သို့ ပြောကြားသည်။
ယမန်နှစ်
၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြည်တွင်းနှင့် ပြည်ပစာဖြေဌာန ၁၂၉၆ ခုမှ
ဝင်ရောက်ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဝင်ရောက်ဖြေဆိုသူ ၄၆၇,၈၄၉ ဦးမှ ၁၆၀,၇၇၈ ဦး
အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းရှိ ကြောင်း
အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly
ဒီပဲယင်း ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် ကျည်ရွာမှာ ကျင်းပ

ဒီကနေ့ မေလ ၃၀ ရက်နေ့ဟာ ဒီပဲယင်း လုပ်ကြံမှုကြီး ၁၀ နှစ်တင်းတင်းပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ဒီပဲယင်း ဆိုတာနဲ့ မြန်မာ့ သမိုင်းမှာ မည်းညစ်ခဲ့တဲ့ သမိုင်းအမွေဆိုး ဖြစ်ရပ်ကြီးတခုလည်းဖြစ်တယ်။
လုပ်ကြံသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ရန်ရှာရင်း ဒေသခံ ကျည်ရွာသားတွေလည်း အသက်ဆုံးရှုံး၊ NLD ပါတီဝင်တွေလည်း သေသူသေ၊ လက်ကျိုး၊ ခြေကျိုး၊ ဘ၀ ပျက်သူပျက် တကယ့် အနိဋ္ဌာရုံ ဖြစ်ရပ်ဆိုးကြီးပါ။
ဒီကနေ့ ကျည်ရွာမှာ ကျင်းပတဲ့ ဒီပဲယင်း ၁၀ နှစ်ပြည့် ၀မ်းနည်းခြင်း အခမ်းအနားကတော့ နယ်ပယ်စုံက လူတွေနဲ့ အတော်စည်ကားပါတယ်။

ဒီပဲယင်းဖြစ်ရပ်ကို တချို့မေ့ထားသူတွေ၊ မေ့နေသူတွေရှိနေကြပေမယ့် အခုလို မမေ့နိုင်တဲ့ သူတွေ ဒီလို အင်အားရှိတယ်ဆိုတာ တကယ့် သမိုင်းကို တန်ဘိုးထားတဲ့ အခမ်းအနားတခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် ကံတရား ကြောင့် အခုထိ အသက်ရှင်လျှက်နဲ့ တိုင်းပြည်အကျိုး သယ်ပိုးနေသူတွေထဲမှာ အဓိက သက်သေတွေအဖြစ်ရှိနေသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့ပါပဲ။
အဲဒီတုန်းက လုပ်ကြံခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအ၀င် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေ ဟာ ဖမ်းဆီးထောင်ချ ထိန်းသိမ်းခံခဲ့ပေမယ့် အခုထိ ကျူးလွန်သူတွေကို အစိုးရတွေက အရေးမယူနိုင်သေး သလို စုံစမ်းဖော်ထုတ်တာမျိုးလည်း မရှိသေးပါဘူး။
ဒီပဲယင်း သမိုင်းကျောက်စာဟာ သမိုင်းအတွက် သင်္ခန်းစာကြီးတခုဖြစ်သလို နောက်နောင် ဒီလိုအဖြစ် ဆိုးကြိး မျိုး မဖြစ်ပေါ်ရေး ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေမယ့် လူ တွေ ကတော့ ဒီပဲယင်း ဖြစ်ရပ် ဆိုးကြီးဖြစ်ခဲ့တဲ့နေ့ကို ဘယ်လိုမှ မေ့ပျောက်ကျမှာ မဟုတ်ပါဘူး။
အခု ဒီပဲယင်း ၁၀ နှစ်ပြည့်အတွက် ဂျပန် အပါအ၀င် နိုင်ငံခြား တိုင်းပြည်တွေကို ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ NLD ပါတီဝင်တွေ၊ ဒေသခံ ပြည်သူတွေကလည်း အောက်မေ့ဖွယ် အခမ်းအနားတွေ လုပ်ဆောင်ကြပါတယ်။
အိမ့်သံစဉ် ~ဧရာဝတီ
မန္တလေးတွင် သာသနာညှိုးနွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ
မန္တလေး၊ မေ ၂၉
မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေး သာဇံမြို့နယ်၊ လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း အနီးတစ်ဝိုက်၌ မေ၂၉ရက် ညနေ၅နာရီ အချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်
အမှတ်စဉ် ကဒ်ပြား တစ်ခုကို အသုံးပြု၍ သာသနာညှိုး နွမ်းအောင် ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
“သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာတယ်၊နောက်ပြီး ကျမ်းစာအုပ်တွေလည်း ပါလာတယ်။အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီး မသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်း မပြနိုင်ဘူး၊ တခြားသူတွေဒုက္ခမရောက်အောင်
တာဝန်ရှိသူတွေက ပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ၂၉ရက် နေ့ညနေ၆နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ပြစ်မှုပုဒ်မ၂၉၅(က)နှင့်အရေးယူထာပြီး မေလ၃ဝရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေး သာဇံမြို့နယ်၊ လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း အနီးတစ်ဝိုက်၌ မေ၂၉ရက် ညနေ၅နာရီ အချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်
အမှတ်စဉ် ကဒ်ပြား တစ်ခုကို အသုံးပြု၍ သာသနာညှိုး နွမ်းအောင် ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
“သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာတယ်၊နောက်ပြီး ကျမ်းစာအုပ်တွေလည်း ပါလာတယ်။အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီး မသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်း မပြနိုင်ဘူး၊ တခြားသူတွေဒုက္ခမရောက်အောင်
တာဝန်ရှိသူတွေက ပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ၂၉ရက် နေ့ညနေ၆နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ပြစ်မှုပုဒ်မ၂၉၅(က)နှင့်အရေးယူထာပြီး မေလ၃ဝရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
အစိုးရနဲ့ KIO ငြိမ်းချမ်းရေးသဘောတူညီချက်(7) ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ
![]() |
Photo-Min Zaw Oo |
ယနေ့ကျင်းပတဲ့မြစ်ကြီးနားငြိမ်း
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့
![]() |
Photo-Min Zaw Oo |
တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေး ကိစ္စများ ညှိနှိုင်းမှုအဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တပ်ပိုင်းဆိုင်ရာများအတွက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်အေနှင့် တပ်မတော်တို့ သီးသန့်ဆွေးနွေးရာ ယင်းသို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခြင်းဖြစ်သည်။
တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကာကွယ်ရေး ဦးစီးချုပ် ၏ အာဏာကုန် လွှဲအပ်ပေးထားသော ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ သီးသန့်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
"ခုညှိနှိုင်းတာက တိုးတက်တဲ့ လက္ခဏာတွေ မြင်ရတယ်လို့ ပြောလို့ ရပါတယ်" ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး က ဆိုသည်။
အဆိုပါသီးသန့်တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်အသေးစိတ် အချက်အလက်များကို လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မေလ ၃၀ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။
ယင်းဆွေးနွေးမှုမတိုင်မီ တစ်ရက်အလိုတွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “တိုက်ပွဲတွေ ဘယ်လို လျှော့ချမလဲ ဆိုတာကို အဖြေရှာ ညှိနှိုင်းပါမယ်” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို အာဏာကုန် လွဲအပ်ထားသည် ဆိုသော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးရန်မှာ မလွယ်ကူနိုင်ကြောင်းနှင့် မူချမှတ်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း ၄င်းကပြော ဆိုခဲ့သည်။
ယင်းသို့နှစ်ဖက် တပ်ပိုင်းဆိုင်ရာများ ညှိနှိုင်းမှုအဆင်ပြေ နေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တွင်မူ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
The Voice Weekly
ကြံ့ခိုင်ရေးပါတီကိုဆန္ဒပြမည့်အစီအစဉ် အာဏာပိုင်များ ပိတ်ပင်
.png)
ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြပွဲပြုလုပ်ခွင့်ပေးရန် အာဏာပိုင်များကို တင်ပြခဲ့ရာ ယခုအချိန်သည် အထူး လုံခြုံရေး ကာလဖြစ်မှုကြောင့်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲ ပြုလုပ်ခွင့်မပြုဟု အကြောင်းပြန်ကြားလာခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးဦးဆောင်နေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ဧရာဝတီ
"အေ့ဒ်စ်ဝေဒနာရှင်များအတွက် ART ဆေးဝယ်ယူရေး ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်"
အေ့ဒ်စ်ဝေဒနာရှင်များအတွက် ART ဆေးဝယ်ယူ ရေးကို အမေရိကန်အခြေစိုက်
ကလင်တန်ဖောင်ဒေးရှင်းက ကူညီပေးသွားရန် သဘောတူညီမှု ရရှိထားပြီဖြစ် ကြောင်း
ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက
ပြောသည်။ကျန်းမာရေးဝန်ကြီးဌာနအေ နဖြင့်
ယမန်နှစ်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ချပေးသော ဘတ်ဂျက်ငွေ လေးဆ
တိုးမြှင့်ရရှိပြီးနောက် အေ့ဒ်စ်ဝေဒနာရှင်များ အတွက် ပထမဆုံးအကြိမ် ART
ဆေးဝယ်ယူရန် ပြည်တွင်းရှိ ဆေးကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့ရာ ဆေးကုမ္ပဏီများက
လိုအပ်ချက်ပြည့်မီအောင် မတင် သွင်းနိုင်သည့်အတွက် ဆေးဝယ်ယူရေး အစီအစဉ်မှာ
ရပ်ဆိုင်းခဲ့ရကြောင်း၊ သို့ရာတွင် ART ဆေးအစား HIV
ရောဂါပိုးအရေအတွက်အားစစ်ဆေးသည့်
Test Kit ခြောက်သိန်းကျော်ကို အစားထိုးဝယ်ယူနိုင်ခဲ့ကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနနှင့် ကလင်တန်ဖောင်ဒေရှင်း တို့
တွေ့ဆုံဆွေးနွေးပြီးနောက် ကလင် တန်ဖောင်ဒေးရှင်းမှ
မြန်မာနိုင်ငံရှိအေ့ဒ်စ်ဝေဒနာရှ င်များအတွက် လိုအပ် သည့် ART ဆေးဝါးဝယ်ယူ ရရှိရေးအတွက် ကူညီပေး သွားမည်ဟု သဘောတူညီချက်ရရှိခဲ့ကြောင်း ၎င်းက ဆို သည်။
အရင်ကတော့
ART ဆေးဝယ်ယူရေးအတွက် ကုမ္ပဏီတွေကလည်း မသွင်းနိုင်၊ အစိုးရအပိုင်းကလည်း
Sanction တွေကြောင့် သွားမဝယ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီနှစ်ကျတော့
အမေရိကန်-မြန်မာဆက်ဆံရေး ပြောင်းလဲ သွားပြီးတဲ့နောက်ပိုင်း
ကလင်တန်ဖောင်ဒေးရှင်းကနေ ကျွန်တော်တို့လိုတဲ့ ART ဆေးကို
ဈေးနှုန်းသက်သာစွာနဲ့ မရရအောင် ကူညီပေးသွားမယ်လို့ သဘောတူ လက်မှတ်
ရေးထိုးသွားတယ်။
ဒီသဘောတူညီချက်အရ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့
နောက်နှစ်ကစပြီး အေ့ဒ်စ်ဝေဒနာရှင် တွေကို ART ဆေးစပေးနိုင်မယ်ဟု ၎င်းက
ထပ်မံပြော သည်။ကျန်းမာရေးဝန်ကြီးဌာနနှင့် UNAIDS တို့၏ ထုတ်ပြန်ချက်များအရ
မြန်မာနိုင်ငံတွင် အေ့ဒ်စ်ဝေဒနာ ရှင်ပေါင်း ၂၄ဝဝဝဝ ကျော်ရှိသည့်အနက် ART
ဆေး ဝါးလိုအပ်သော လူနာအရေအတွက်၏ ၅၇ ရာခိုင်နှုန်း ကိုသာ
ဆေးများပေးဝေနိုင်သည်။
သူရထွန်း
Popular Myanmar News Journal
ရင်းနှီးမြှုပ်နှံမှု စာချုပ်များသည် သက်ဆိုင်ရာ အစိုးရများမှ ကုမ္ပဏီများအား လျော်ကြေးပေးရနိုင်မှုအပေါ် သတိပြုသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်
![]() |
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်) |
ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် (Investment to State Debute Settlement) များက အစိုးရများ၏ အများပြည်သူဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ တန်ဖိုးများကို ထိခိုက်စေပါက နိုင်ငံတကာ တရားရုံးများတွင် တရားဆွဲဆိုပိုင်ခွင့် ရှိစေသော အစီအစဉ်များ ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူအား သန်းပေါင်းများစွာ လျော်ကြေးပေးဆောင်ရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် အလျင်မလို သင့်ကြောင်း၊ လူထုအား ချပြပြီးမှသာ အတည်ပြုသင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
"ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို အစိုးရတွေက ရေးထိုးဖို့ ဘာကြောင့် သဘောတူကြ သလဲဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်တဲ့ အနေနဲ့ပါ။ ဒါပေမဲ့ ဒီလိုရေးထိုးတာဟာ အရမ်းအန္တရာယ် များပါတယ်။ ဥပမာ အစိုးရက ပေါ်လစီ တစ်ခုခုကို ပြောင်းလိုက်တာနဲ့ တရားစွဲ ခံရနိုင်တယ်။ ဒီလို တရားစွဲတဲ့အခါ အစိုးရ အနေနဲ့ လျော်ကြေးတွေ အများကြီးပေးဖို့ ဖြစ်လာတယ်။ တကယ်တမ်းကျတော့ ဒါက ပြည်သူလူထုရဲ့ ပိုက်ဆံတွေပါ။ တကယ်တော့ ရင်းနှီးမြှုပ်နှံမှု စာချုပ်ဆိုတာ လက်မှတ်မထိုးလည်း ရပါတယ်။
ဥပမာ မြန်မာနိုင်ငံမှာ မြစ်ဆုံဆည်လိုဟာမျိုး၊ လက်ပံတောင်းတောင်လို ပြဿနာမျိုးတွေ ပေါ်လာရင် အစိုးရက သူ့ရဲ့မူဝါဒကို ပြောင်းလဲဖို့ ဖြစ်လာမယ်။ ဒါဆိုရင် ကုမ္ပဏီက အစိုးရကို တရားစွဲဖို့ လမ်းပွင့်သွားပြီ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ လက်မှတ်ရေးဖို့ဆိုတာ အလျင်မလိုဖို့ ပြောရတာပါ" ဟု Transnational Institute -TNI မှ Tom Kramer က ဆိုသည်။
ယင်းကဲ့သို့ တရားစွဲဆိုရာတွင် နိုင်ငံတကာ တရားခုံရုံးတင်၍ အစိုးရအား တရားစွဲမည် ဖြစ်ကြောင်းနှင့် အမှုအောင်နိုင်ရေး မဆိုထားနှင့် ရှေ့နေငှားရမ်းမှုနှင့်ပင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးရကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏအပြင် အနာဂတ်တွင် ဆုံးရှုံးမှုများကိုပါ လျော်ပေးရလေ့ ရှိကြောင်း၊ အဆိုပါ နိုင်ငံတကာ ရှေ့နေဆိုသူများမှာရန် ကုမ္ပဏီနှင့် ချိတ်ထားသူများ ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရများ အနေဖြင့် လက်မှတ်မထိုးခင် သေသေချာချာ စဉ်းစားရန်လိုကြောင်း သုံးသပ်ကြသည်။
"ဒီ ISDS ရဲ့ အားနည်းချက်က ဘာလဲဆိုတော့ အစိုးရနဲ့ ပြည်သူက ရင်းနှီးမြှုပ်နှံတဲ့သူကို တရားစွဲခွင့် မရှိဘူး။ ဥပမာ ရင်းနှီးမြှုပ်နှံသူက လူ့အခွင့်အရေး ချိုးဖောက်တာမျိုးပဲ ဖြစ်ဖြစ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတာပဲ ဖြစ်ဖြစ်ပေါ့။ ဒါကြောင့် အန္တရာယ်များပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးပါ။ လျော်ပေးရမယ်ဆိုရင် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေတွေပဲ ဆုံးရှုံးမှာပါ" ဟု အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၊ ဥရောပ သမဂ္ဂ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ Ms.Pietie Vervest က ပြောကြားသည်။
ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျောက်မီးသွေးသိုက်ကြီးကို ပိုင်ဆိုင်ထားကြောင်း၊ မကြာသေးမီ ကာလအတွင်း အင်ဒိုနီးရှား အစိုးရက ပြည်သူအကျိုးစီးပွား မြှင့်တင်ရေးအတွက် နိုင်ငံခြားသား ပိုင်ဆိုင်မှု၊ ပို့ကုန်ခွန်နှင့် သတ္တုရိုင်း တင်ပို့ခြင်းများကို ကန့်သတ်သည့် နည်းဥပဒေ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းနည်းဥပဒေဖြင့် ဗြိတိန်အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Charchill ၏ မီးသွေးတူးဖော်ခွင့် လိုင်စင်ကို ပယ်ချခဲ့ရာ အဆိုပါ ကုမ္ပဏီက ၂၀၁၂ ခုနှစ် မေလတွင် အင်ဒိုနီးရှား အစိုးရအား အနာဂတ်တွင် ရရှိနိုင်သော အကျိုးအမြတ် ဆုံးရှုံးရသည်ဟူသော စွပ်ဆွဲချက်ဖြင့် ဒေါ်လာသန်း ၂၀၀၀ ကျော် လျော်ကြေးရလိုမှုဖြင့် တရားစွဲထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များ ရေးထိုးရန် သဘောတူထားသည့်အတွက် ယင်းဖြစ်ရပ်များအား ထည့်သွင်းစဉ်းစားသင့်ကြောင်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆိုထားကြောင်း၊ ယင်းကဲ့သို့ ချုပ်ဆိုမှုများကြောင့် ဧရာဝတီ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စများတွင် ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲများစွာ ရှိနေကြောင်း၊ များသောအားဖြင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်များ၏ သက်တမ်းသည် ၁၀ နှစ်မျှ ကြာတတ်ကြောင်း သိရသည်။
Eleven Media Group