Pages

Saturday, June 29, 2013

အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ



မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ

"ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

မခင်မျိုးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းကျယ်လူးရွာ ဇာတိဖြစ်၍ အဖွား ဒေါ်ပြုံးရင်နှင့် အတူနေထိုင်ကာ မူလတန်းပညာကို သင်ယူရင်း ကျောင်းထွက်၍ အသက် (၁၈)နှစ်တွင် အမဲသားသည် ကိုကာတင်နှင့် တွေ့ဆုံကာ ခိုးရာလိုက်ပြီး အစ္စလာမ်ဘာသာဝင် အဖြစ်သို့ ခံယူခဲ့ရခြင်းဖြစ်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ ရှေ့နေဦးအေးပိုင်မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာရခြင်းအကြောင်းကို ရှင်းပြကာ ရွှေရတု တိပိဋကဓရ ဆရာတော်ကြီး ဦးသီလက္ခန္ဓာဘိဝံသမှ သြဝါဒကထာကို မိန့်ကြားရာတွင် "ရှေးဦးစွာ စကားကို စွန့်လွတ်ရတယ်။ နောက်တော့ စိတ်ထဲကနေ စွန့်လွတ်ရတယ်၊ နောက်ဆုံးမှ အယူဝါဒကို စွန့်လွတ်ရတယ်"ဟု လမ်းပြညွန်ကြားတော်မူသည်။

ထို့နောက် မခင်မျိုးဦးမှ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ပစ္စာသမဏ ဆရာတော်၊ ဒဂုံအရှေ့ ကေသရာရာမဆရာတော် အရှင်ကေသရ၊ မင်္ဂလာမဏ္ဍိုင်ဆရာတော်၊ ဒဂုံအရှေ့ မာဂဓီသာစည်ဆရာတော် အရှင်နေမိန္ဒ စသည့် ဆရာတော် (၅)ပါးရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုကြောင်း လျှောက်ထားပြီး မင်္ဂလာမဏ္ဍိုင်ဆရာတော်ထံမှ (၅)ပါးသီလ ဆောက်တည်ကာ ရတနာမြတ်သုံးပါးနှင့် သရဏဂုံးအကျိုးကို ရှင်းလင်းမိန့်ကြားတော်မူသည်။

 ဆက်လက်၍ ကေသရာရာမဆရာတော် အရှင်ကေသရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ မြင့်မြတ်ပုံအကြောင်းကို မိန့်တော်မူ၍ မခင်မျိုးဦးက ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ခြင်း သရဏဂုဏ်နှင့် သီလကို ပေးကာ မင်္ဂလာမဏ္ဍိုင်ဆရာတော်နှင့် ကေသရာရာမဆရာတော် တို့ရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။
ဆရာတော်များမှလည်း အသိအမှတ်ပြု ပြန်လည်ရေးထိုးခဲ့သည်။

ထို့နောက် ဖခင် ဦးမျိုးတင့်နှင့် ဦးလေး ဦးဝင်းသိန်းတို့မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အတွက် ဝမ်းသာစကားပြောကြားခဲ့သည်။ ထို့နောက် ထေရဝါဒ ဓမ္မကွန်ယက် သဘာပတိ ဆရာဦအောင်ကြိုင်မှ ဆုံးမစကားပြောကြားကာ စာနယ်ဇင်းများမှ မေးမြန်းသမျှကို မခင်မျိုးဦးက ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ မခင်မျိုးဦးကို ဝိသာခါ သီလရှင်ကြီး ဒေါ်ကိဿရထေရီ မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း မိန့်ကြား၍ ငွေ ကျပ် (၅၀၀၀၀)လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲနဲ့ ပတ်သက်၍ ထေရဝါဒ ဓမ္မကွန်ယက်မှ နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်နေမိန္ဒ က "ဒီလို ဗုဒ္ဓဘာသာ ပြန်လည်ကူးပြောင်းပွဲတွေကို တရားဝင် ထင်ထင်ရှားရှားပြုလုပ်ပေးတာဟာ အင်မတန်ကောင်းမွန်လှပါတယ်။ ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေဟာ ဟိရိ သြတပ္ပ တရား အလွန်ကြီးမားကြတော့ ပြန်လည်ကူးပြောင်းချင်ပါလျက် အရှက်အကြောက်တရားကြောင့် မကူးပြောင်းရဲကြသူတွေလည်း ကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရရှိသွားကြတာပေါ့။ ဆရာတော်တို့ကတော့ ကိုယ့်ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလာကြမယ့် လူတွေကို နွေးထွေးစွာ ကြိုဆိုနေကြဆဲ ဖြစ်ပါတယ်"ဟ ရီပိုတာဂျာနယ်သို့ မိန့်ကြား ပြောဆိုခဲ့သည်။

တင်ထွန်းအေး
The Reporter- NEWS JOURNAL. 30-June- 2013-

နိုင်ငံတော်အလံအလံဇောက်ထိုးလွှင့်ထူသူ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် နှစ်ဦး နိုင်ငံတော်အလံဥပဒေပုဒ်မဖြင့် အရေးယူခံရ

ရန်ကုန်-
ကရင်နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်အလံလွှင့်တင်ရာ၌ မြေပေါ် ကျအောင် လုပ်ဆောင်ခဲ့သည် ဟု စွပ်စွဲခံရသော ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အလံဇောက်ထိုးလွှင့်ထူသူ နှစ်ဦးလုံးကို ခြောက်လခန့်အကြာတွင် နိုင်ငံတော်အလံဥပဒေပုဒ်မဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ဇန်န၀ါရီ ၁၂ ရက်က ကွမ်းခြံကုန်းမြို့နယ်၊ ဆူးကလပ်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပစဉ် နိုင်ငံတော်အလံအား လွှင့်တင်ရာ အလံတိုင်တစ်ဝက်အရောက်တွင် မြေပေါ်သို့ ပြုတ်ကျခဲ့သည်။ ထို့ကြောင့် ၎င်းနှင့်အတူ နောက်တစ်ဦးကလည်း ၀ိုင်းကူ၍ ပြန်လည်လွှင့်ထူရာ နိုင်ငံတော်အလံအား ဇောက်ထိုးလွှင့်ထူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

ထိုအခါ အဆိုပါကျေးရွာတွင် နေထိုင်ကြသော ကျေးရွာသား ၅၀ ဦးခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်စာရေးသားကာ တိုင်ကြားခဲ့၍ စစ်ဆေးခဲ့ရာတွင် တိုင်ကြားသည့်အတိုင်း ဟုတ်မှန်သောကြောင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

“အမှုစဖွင့်တဲ့အချိန်မှာ မြို့နယ်ရုံးကနေ စုံစမ်းထောက်လှမ်းပြီးတော့ အမှုကပေါ်ပေါက်နေလို့ အမှုကို လက်ခံပြီး ရွာအုပ်ချုပ်ရေးမှူးကို ရဲက ဖမ်းလိုက်ရတာပါ။ အချုပ်မှာ ဆယ့်ငါးရက်ချုပ်ထားဦးမယ်။ ပြီးမှ ရုံးထုတ်မှာ” ဟု အမှုဖွင့်ပြီး ခြောက်လကြာမှ တရားခံများအား ဖမ်းဆီး
ရမိကြောင်း အဆိုပါရဲဝန်ထမ်းက ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် ဇွန် ၂၆ ရက်ည ၈ နာရီ မိနစ် ၄၀ တွင် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းမှ အမှုဖွင့်ကာ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် တရားခံများကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဆူးကလပ်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကပြောရာတွင် နိုင်ငံတော်အလံမှာ မြေပေါ်သို့မရောက်ခဲ့ဘဲ ၎င်း၏ အမျိုးသားအား ဖမ်းခေါ်သွားပြီး အချုပ်ထဲထည့်ထားခြင်းဖြစ်၍ မကြာမီပြန်လွတ်ရန် မျှော်လင့်ကြောင်းပြောသည်။

ယခုတရားစွဲဆိုခံထားရသော ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် အမျိုးသားနှစ်ဦးတို့အား စွဲဆိုထားသော ပုဒ်မအရ ပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ကျပ်ငွေသုံးသိန်းထက်မပိုသော ဒဏ်ကြေးငွေတစ်မျိုးမျိုး(သို့မဟုတ်)ဒဏ်နှစ်ရပ်လုံး ကျခံစေရမည်ဟု နိုင်ငံ
တော်အလံဥပဒေပုဒ်မ ၁၆ တွင် ဖော်ပြထားသည်။နိုင်ငံတော်အလံသစ်ပြောင်းပြီးနောက် အစိုးရအဖွဲ့အစည်းအဝေးအချို့နှင့် ပါတီကြီးတစ်ခု အစည်းအဝေးမှာပင် နိုင်ငံတော်အလံမှာ ပြောင်းပြန်ဖြစ်ဖူးကြောင်း သတင်းရရှိသည်။

7Day News Journal

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲသို့ ထိုင်း၊ အိန္ဒိယနှင့် သီဟိုနိုင်ငံရောက် ရဟန်းတော်များလည်း တက်ရောက်ခဲ့

မောင်နီမိုး
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတောရ ကျောင်းတိုက်တွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၉နာရီမှ ည ရနာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲသို့ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ရဟန်းတော်များ သာမက ထိုင်း၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် သီတင်းသုံးနေကြသော မြန်မာ ဆရာတော်များလည်း တက်ရောက်ခဲ့ကြသည်။
Monk-meeting
တက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ထိုင်းနိုင်ငံမှ (၉)ပါး၊ သီရိလင်္ကာနိုင်ငံမှ (၁)ပါးနှင့် အိန္ဒိယနိုင်ငံမှ(၉)ပါး ဖြစ်ကြောင်း သိရသည်။
ညီလာခံသို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ တက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ရန်ကုန်တိုင်းမှ (၇၈၄)ပါး၊ မန္တလေးတိုင်းမှ (၇၆)ပါး၊ ဧရာဝတီ တိုင်းမှ (၁၂၄)ပါး၊ မကွေးတိုင်းမှ (၇၀)ပါး၊ စစ်ကိုင်းတိုင်း မှ(၁၁၄)ပါး၊ တနသာင်္ရီတိုင်းမှ (၄၉)ပါး၊ ပဲခူးတိုင်းမှ (၉၃)ပါး၊ ကချင်ပြည်မှ (၃၆)ပါး၊ ကယားပြည်မှ (၁၀) ပါး၊ ကရင်ပြည်မှ(၂၄)ပါး၊ ချင်းပြည်မှ (၃)ပါး၊ မွန်ပြည်မှ(၃၀)ပါး၊ ရခိုင်ပြည်မှ (၂၁)ပါး၊ ရှမ်းပြည်မှ (၃၉)ပါး၊ နေပြည်တော်မှ (၁၂)ပါး တို့ ဖြစ်ကြသည်။
စုစုပေါင်း ရဟန်းတော် ၁၅၃၀ပါး၊ သီလရှင်(၂၅) ပါး၊ သတင်းမီဒီယာများမှ သတင်းထောက် (၈၃)ယောက်၊ လူပုဂ္ဂိုလ် (၁၀၀၀) ခန့် ထက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဇ၀နသီရိကျောင်းတိုက်မှ ဦးဇောတိကမှလည်း သံဃာ့ညီလာခံနှင့် ပတ်သက်ပြီး  နိရဉ္ဖရာသို့ ယခုလို မိန့်ကြားသည်။
“ ရခိုင်ပြည် အရေးအခင်းဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ညီနောင်တွကို အမျိုးသားရေး မျက်စိ ဖွင့်ပေးလိုက်တယ်လို့  ဦးဇင်းမြင်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ ရခိုင်စာပေ။ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်ဒေသ၊ ရခိုင်သမိုင်းအမွေအနှစ်တွေဟာ အလွန်တရာမှ  ရှေ့ကျလှပါတယ်။ အမျိုးသီလကို စောင့်ထိမ်းတဲ့ နေရာမှာလည်း ဦးဇင်းတို့ကတော့ ရခိုင်လူမျိုးတွေကို စံထား အတုယူစရာလို့ မြင်ပါ တယ်။ အခု အစည်းအဝေးကနေ တိုင်းရင်းသား ညီနောင် သံဃာထု တွေအနေနဲလည်း ဒီထက်မက ညီညီညွတ်ညွတ် လုပ်ဆောင် လာနိုင်မယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ ဒီမျိုးစောင့် ဥပဒေကို လူအခွင့်အရေး ချိုးဖေါက်တယ်လို့ ပြောတာဟာ ဘာသာရေးမှာ အလွန်တရာမှ အားနည်းတဲ့ အတွက်ကြောင့်လို့ ဦးဇင်းက သုံးသပ် ပြောကြားချင်ပါတယ်။ ဒါ့ပြင်  ရန်ကုန်မြို့မှာ ရခိုင် သတင်း မီဒီယာ တစ်ခုကို ခုလို ပြောခွင့်ရတာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အတွက်  နိရဉ္ဖရာကိုလည်း ကျေးဇူး တင်ပါတယ်” ဟု ဆိုသည်။
သံယာ့ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ရဟန်းတော် (၂၁) ပါး တက်ရောက်ခွင့်ရခဲ့ပြီး ထိုအထဲတွင် ပါဝင်သော ရမ်းဗြဲမြို့နယ်  ချောင်းဝရွာမှ အရှင် ကုန္ဒ၀ဇီရမှ ယခုလို မိန့်ကြားသည်။
“ ဦးဇင်းတို့ ရခိုင်ပြည်က သံဃာတော် ၂၁ ပါးတက်ရောက်ခဲ့ကြပါတယ်။ သို့သော် တခြား တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်လာကြတဲ့ ရခိုင် သံဃာတော်တွေကိုပါ ပေါင်းထည့်မယ် ဆိုရင်တော့ ၂၀၀ လောက်တော့ ရှိပါလိမ့်မယ်။  ဦးဇင်းတို့ ချောင်းဝရွာ (သပြေချောင်း) က အစပြုခဲ့တဲ့ ဒီအရေးအခင်းကြီးဟာ အခုဆိုရင် မျိုးစောင့် ဥပဒေ ထုတ်ပြန် ရတော့မယ့် အနေအထားထိ ဖြစ်လာပါပြီ။ ဒီလိုပါပဲ တခြား ဆော်ဒီတို့ မလေးရှားနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေမှာလည်း သူ့တို့လူမျိုးကို ကိုကာကွယ်မယ့် ဥပဒေတွေ အသီးသီး ရှိကြတာဘဲ။ ဒါဟာ လူ့အခွင့် အရေး ချိုးဖေါက်တာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာလည်း သူ့နိုင်ငံနဲ့ သူ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းလို့ ရှိတယ်လို့ ဦးဇင်းတို့ သိရတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း ကိုယ့်လူမျိုးနဲ့ သက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေ တစ်ရပ်တော့ ရှိဖို့လိုတယ်လို့ ဦးဇင်းတို့က ခံယူပါတယ်။ ရင်ထဲမှာရှိတာတွေကိုပြောခွင့်ရလို့ နိရဉ္စရာ  သတင်းဌါနကို အထူး ကျေးဇူးတင်ပါတယ်။”
သံယာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာ ကျောင်းတိုက် ဆရာတော်အရှင် ဥာဏိကမှလည်း ယခုလို မိန့်ကြားသည်။
“ ဒီဥပဒေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်မယ့် ဥပဒေ မဟုတ်ပါဘူး။ ဦးဇင်းတို့ နိုင်ငံအတွက် လိုအပ်လာလို့ ဒီဥပဒေကို တင်သွင်းဖို့ ရဟန်းတော်တွေ ကြိုးစားကြတာသာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
အစည်းဝေးတွင် သြ၀ါဒကထာ မြွက်ကြားသူ  သီတဂူဆရာတော် ဒေါက်တာ ညာဏိသာရမှ  Time မဂ္ဂဇင်း၏ ဇူလိုင်လ ၁ ရက်နေ့ထုတ် The Face of Buddhist Terror မျက်နာဖုံးနှင့် ဆောင်းပါးမှာ ရန်တိုက်ပေးလိုသော သဘောမျိုး ရှိသော်လည်း ဘုရားသားတော် သံဃာတော်များအနေဖြင့် အစစအရာရာ သည်းခံကြဖို့ လိုအပ်ကြောင်း အထူး တိုက်တွန်းမိန့်ကြား သွားခဲ့သည်ဟု ကျောက်ပြောက်ရွာ ဆရာတော်မှ မိန့်ကြားသွားပါသည်။
နိရဉ္စရာ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း သြဂုတ်လတွင် တရားဝင် မှတ်ပုံတင်မည်


 
ရန်ကုန်၊ ဇွန်၂၈

အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးတွင် တက်ကြွ လှုပ်ရှားသူများအဖြစ် ပါဝင်ခဲ့သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကို သြဂုတ်လအတွင်း တရားဝင် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဇော်မင်းက The Voice သို့ပြောကြားသည်။

“လောလောဆယ် ဥပဒေကြောင်းနဲ့ ဆိုင်တဲ့ အချက်အလက် လုပ်ငန်းစဉ်တွေကို ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အရင်ဆုံး ဆွေးနွေးနေတယ်” ဟု၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော်နှင့် ပြည်သူများအကြား ပေါင်းကူး လုပ်ဆောင်ရန်နှင့် နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပဋိပက္ခများအား ပိုမို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန် မှတ်ပုံတင်ရခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် ပထမဦးစွာ ရန်ကုန်ရုံးအတွက် မှတ်ပုံတင်မည် ဖြစ်ပြီး ယင်းနောက် မြန်မာ တစ်နိုင်ငံလုံးတွင် ရုံးခွဲများ ဖွင့်လှစ်ကာ တရားဝင် အဖွဲ့အစည်းဖြင့် ရပ်တည်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဒေါ်မီးမီးက ဆိုသည်။

၂၀၁၅ တွင် ကျင်းပမည် ဖြစ်သော ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက ပါတီအဖြစ် မှတ်ပုံတင်ကာ ဝင်ရောက် ယှဉ်ပြိုင်မည့်ဆိုသည့် သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကို ၂၀၁၂ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကူအညီပေးခြင်း၊ ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသများသို့ သွားရောက် အကူအညီ ပေးခြင်းနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးမှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

အဆိုပါ အဖွဲ့အစည်းမှ အဖွဲ့ဝင် အများစုမှာ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုကြောင့် ၂၀၀၇ ခုနှစ်တွင် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသော်လည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။

ဟိန်းသွင်ထက်

အမျိုးစောင့်ဥပဒေညီလာခံ၌ ဆရာတော်ကြီးများ သြ၀ါဒ အကျဉ်းချုပ်

ဓာတ်ပုံ-ဒေါင်းမာန်ဟုန်


၁။ မလုပ်နိုင်ပဲ တာဝန်မယူခြင်ဘူး၊ ဒါတပည့်တော် ၀ါဒပဲ။
၂။ ဗုဒ္ဓဘာသာအမျိုးသ္မီးများ အနှိပ်စက်ခံ အလှည့်စားခံဘ၀ ရောက်နေကြတယ်၊ ဒီဥပဒေကို မထောက်ခံခြင်တဲ့သူတွေဟာ ကိုယ်ချင်းစာတရား မရှိကြလို့ ဖြစ်မယ်(ဘာသာခြား)၊ ဒါမှမဟုတ် ထွက်ခြင်တိုင်းထွက် ၀င်ခြင်တိုင်းဝင်ခြင်လို့ဖြစ်မယ်(ဘာသာတူ)။
၃။ ဘာသာ၎မျိုးလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ အိမ်လေးအိမ်ရှိတဲ့ ရွာနဲ့တူတယ်၊ တခြား(ဘာသာ)အိမ်၃လုံးမှာတော့ (ဥပဒေ)ခြံခတ်ထားတယ်၊ (ဗုဒ္ဓဘာသာ) အိမ်တအိမ်ပဲ ခြံမခတ်ရသေးတာ၊ ဒီတော့ လုံခြုံမှုမရှိတော့ဘူး၊ အန္တရာယ်တွေ ၀င်လာပြီပေါ့။
၎။ မီးခဲသေးသေးလေးဖြစ်ပေမဲ့ လေနဲ့တွေ့ရင် အိမ်တွေ ရွာတွေ မြို့တွေ ပျက်စီးအောင် လောင်နိုင်တယ်၊ ထို့အတူ ကိစ္စသေးသေးလေးဖြစ်ပေမဲ့ မီဒီယာလေ နိုင်ငံရေးလေ အတိုက်ခံလိုက်ရရင် ရခိုင်လို မိတ္ထီလာလို အများစိတ်ထိခိုက်စရာ ဖြစ်သွားတတ်တယ်။
၅။ ဘယ်ကိစ္စမဆို အစွန်းမရောက်ပဲ အလယ်အလတ်လမ်းစဉ် လိုက်မှ အောင်မြင်မယ်၊ ဂျိုပေါက်တဲ့နွားလို အစွယ်ထက်တဲ့တောဝက်လို မာနခံနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လဲ အများမုန်းပြီး မအောင်မြင်တတ်ဘူး၊ ခြေသုတ်ပုဆိုးလို အဆွယ်ကျိုးတဲ့မြွေလို သူများအောက်ကကြီးပဲနေပြီး ဇာတိမာန်စသည်ပျောက်ကာ သိုးငယ်လေးလို ကြောက်လန့်ထိပ်ရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံရတတ်တယ်၊ မအောင်မြင်နိုင်ဘူး၊ ဘယ်အရာမဆို မလျှော့မတင်း အလယ်အလတ်လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်တန်းတန်းကျင့်မှ အောင်မြင်ပြီး ကောင်းကျိုးအမျိုးမျိုးရမယ်။
၆။ သာသနာမှာ ၂ပိုင်းခွဲထားရမယ်၊ ပရိယတ်ပဋိပတ်ကို စွမ်းစွမ်းတမံ လုပ်နေသူက တပိုင်း၊ သူတို့ဟာ ဘုရားတရားကိုကျင့်ကြံနေသူတွေဖြစ်လို့ ဘုရားနဲ့တူတယ်၊ သူတို့ကို လောကအကျိုးမလုပ်ဘူးလို့ အပြစ်မဆိုသာဘူး၊ နောက်တပိုင်းက ပရိယတ်ပဋိပတ်ကို ထင်သလိုမလုပ်နိုင်သူတွေအနေနဲ့ လောကအကျိုးကို ဓမ္မ၀ိနယနဲ့အညီ ကြိုးစားပြီးလုပ်ရမယ်၊ သာသနာဝန်ကို တနည်းနည်းနဲ့ ထမ်းရမယ်၊ သာသနာကို ခိုမစီးရဘူး။
၇။ သာသနာမှာ အတွင်းရန် အပြင်ရန် ၂မျိုးလုံးကို သတိထားရမယ်၊ အသားထဲကလောက်ထွက်သူတွေ နဲ့ အတုအယောင်တွေဟာ သာသနာတွင်းက ရန်သူတွေပဲ၊ ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဘာသာခြားတွေ အယူဝါဒမတူတွေဟာ အပြင်ရန်ပဲ။ (ဟင်္သာတ မိုးကောင်းဆရာတော်)

၈။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာရောက်မယ်၊ မျက်ကွယ်ပြုရာ ရောက်မယ်။
၉။ ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စတွေလုပ်ခဲ့တယ်၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရားဟောပေးခဲ့တယ်၊ လောကငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံနည်းလမ်း ဆင်းရဲသူနဲ့တွေ့ရင် သနားရမဲ့နည်းလမ်း ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမဲ့နည်းလမ်း အများနဲ့ဆက်ဆံတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံပုံနည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေးမတည်ငြိမ်ကြတော့ လင့်ကျင့်ဝတ်မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊ အတွင်းကျကျပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ရွက်ဖို့ မိန့်မှာခဲ့တယ်။
၁၀။ အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်ခန်းနဲ့ပတ်သက်လို့ ရှေးခောတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းဘကီးတွေက ခေါင်းဆောင်ခဲ့တယ်၊ ပုဂံခောတ်မှာ အရျင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မ၀ိလာသိနီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။
၁၁။ ဘာသာအားလုံးနဲ့ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေပါဝင်လို့ ပိုအောင်မြင်နေတယ်။
၁၂။ ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကိုကျော်ရင်တော့ ၇န်များတယ်။
၁၃။ ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်းမထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စိးအောင် လုပ်နေတာပဲ။
၁၄။ လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန်ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။ (အင်းစိန်ရွာမဆရာတော်)

၁၅။ လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
၁၆။ ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။ (ရွှေတောင်ကုန်းဆရာတော်)

၁၇။ဝိုင် အမ် ဘီ အေ အသင်ကြီးမှာ ဆရာတော်တွေဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ ပညာ ကဏ္ဍကြီး၎ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊ အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။
၁၈။ အောင်မြင်ခြင်ရင် ဦးတည်ချက်တခုထဲထား အောင်စိတ်မွေး။
၁၉။ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်လူမျိုးတွေဟာ အမျိုးကိုထိမ်းနိုင်ကြလို့ ခုထိ ရှိပေမဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်းလျှမ်းတောက်ထင်ရှားခဲ့တဲ့ ပျူလူမျိုး ခု ရှာမရတော့ဘူး။
၂၀။ သင်ရုံလေးနဲ့ မပီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့ သံဃာ၁သောင်းကျော် ပညာသင်ကြားပေးတဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။ (တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)

၂၁။ သီးခံခြင်း ခွင့်လွှတ်ခြင်းထားကြပါ၊ မထားနိုင်ရင် လမ်းဆုံးမရောက်နိုင်ဘူး၊ ကိုယ့်လုပ်ငန်းအနှောက်အယှက်ဖြစ်နိုင်တယ်။
၂၂။ သီးခံရမယ်ဆိုပေမဲ့လဲ ဒီနေရာမှာဖြစ်တဲ့ကိစ္စ ဒီနေရာမှာ ပြီးအောင်ရှင်း၊ ကဲ့ရဲ့လာရင် မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်၊ မှန်နေရင်လဲ ၀န်ခံရဲရမယ်။
၂၃။ ဘုရားတောင်မှ ရာဇဂြိုဟ်မှာရော ကောသမ္ဘီမှာရော မကောင်းမြင်သူတွေရဲ့ အတိုက်ခိုက် ခံရဖူးတယ်၊ ရာဇဂြိုဟ်မှာတော့ ဘုရင်အကူအညီရတော့ ပြဿနာ အကြီးအကျယ် မဖြစ်ဘူး၊ ကောသမ္ဘီမှာတော့ ဘုရင်က မိန်းမဘက်ပါပြီး ဘုရားကို ဂရုမစိုက်တော့ အကြီးအကျယ် ဒုက္ခကြုံရတယ်။
၂၄။ ဧည့်သည်ကလဲ ကိစ္စသေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး အိမ်ရှင်ရဲ့အိမ်ကို မဖျက်စီးရဘူး၊ အိမ်ရှင်ကလဲ တခုခုဖြစ်လာရင် မှန်မှန်ကန်ကန်ဖြေရှင်းတတ်ရမယ်။
၂၅။ အင်အားသေးတယ်ဆိုပြီး အထင်မသေးနဲ့၊ ကိုယ့်ကို စိတ်ဆွနေ ၇န်စနေရင် တည်တည်ငြိမ်းငြိမ်နဲ့ တုန့်ပြန်ရမယ်၊ ဒေါသကိုလွှတ်ပြီး Overspeed နဲ့ တုန့်ပြန်ရင် အင်အားကြီးတယ်ဆိုပေမဲ့ ထောင်ချောက်ထဲဝင်ပြီး ဘ၀ပျက်တတ်တယ်။
၂၆။ ပြဿနာဖြစ်လာရင် အပေါ်ယံတင် မကြည့်ပဲ ပြဿနာရဲ့ ဇစ်မြစ်ထိ ကြည့်တတ်ရတယ်၊ နောက်ကွယ်က အကြောင်းအရာထိ မကြည့်နိုင်ရင် အဖြေမှန်မပေါ်ပဲ တလွဲဖြစ်သွားတတ်တယ်။
၂၇။ သံဃာတွေဟာ ဘယ်ကိစ္စနဲ့ကြုံကြုံ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေရမယ်၊ လူ့အသိုင်းအ၀ိုင်းက ဆူပူနေရင်လဲ ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ Peacemaker ဖြစ်ရမယ်၊ ဆူပူအောင် မလုပ်ရဘူး။
(သီတဂူဆရာတော်)
ဒေါင်းမာန်ဟုန် မှ

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ



ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိသုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင်သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထား ရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။

“ဆေးအပြား(၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆ (ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

ဇော်မျိုးဦး(မြစ်မခ)

http://myitmakhamediagroup.com/detail.php?newid=5005

ငွေစု ဘဏ်စာရင်းဖြင့် ATM စက်များတွင် ငွေထုတ်နိုင်သည့် ဝန်ဆောင်မှု စမည်

http://fitnessanddefense.com/wp-content/uploads/2011/02/atm2.jpg
photo- ccs.infospace.com
 ရန်ကုန်၊ ဇွန် ၂၇

ဘဏ်ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးတက် မြင့်မားလာသည့် မြန်မာနိုင်ငံ တွင် စာရင်းရှင် အပ်ငွေစာရင်း (Current Account) ရှိမှသာ ATM (အလို အလျောက် ငွေထုတ်စက်) များတွင် ငွေထုတ်နိုင်သည့် စနစ်မှ ငွေစု ဘဏ် စာရင်းဖြင့် ATM စက်များတွင် ငွေထုတ်နိုင်သည့် ဝန်ဆောင်မှု စတင်တော့ မည်ဖြစ်ကြောင်း ယင်းစနစ် စတင်လုပ်ဆောင်မည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် တို့ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဘဏ်စနစ်များ တပ်ဆင်ပြီးပါက အတိုးရရှိသည့် စုငွေစာရင်းဖြင့် ATM ကတ်များ အသုံးပြုခြင်း၊ မိုဘိုင်းလ်ဖုန်းဖြင့် ဘဏ် ဝန်ဆောင်မှု၊ အင်တာနက်ဖြင့် ငွေစာရင်း လက်ကျန်စာရင်းကြည့်ခြင်းနှင့် ဈေးဝယ်ခြင်း စသည့် ဘဏ်ဝန်ဆောင်မှုများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သမဝါယမ ဘဏ်၏ အကြီးတန်း အရာရှိ တစ်ဦးက ရှင်းပြသည်။

ကမ္ဘောဇဘဏ်က Oracle Systemနှင့် သမဝါယမဘဏ်က Temenos T24 System များကို ဘဏ်ခွဲများတွင် စတင် စမ်းသပ်နေခြင်းဖြစ်ပြီး အချိန်နှစ်လ ခန့် ကြာမြင့်ဖွယ်ရှိကာ အဆင်ပြေပါက အများပြည်သူ လက်တွေ့ အသုံးပြုနိုင်ရန် စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်များထံမှ သိရသည်။

Temenos T24 Systemကို ဆွစ်ဇာလန် စတော့ဈေးကွက် စာရင်းဝင် Temenos Group AG က ပြုလုပ်ခြင်းဖြစ်ပြီး Temenos Group သည် ဘဏ်နှင့် သက်ဆိုင်သည့် ဆော့ဖ်ဝဲများကို အဓိကပြုလုပ်သော ကုမ္ပဏီဖြစ်ကာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ငွေကြေး အဖွဲ့အစည်း ၁၀၀၀ ခန့်အတွက် နည်းစနစ်များ ပြုလုပ်ပေးလျက်ရှိသည်။

Oracle သည် အမေရိကန်အခြေစိုက် ကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး ကွန်ပျူတာ ပစ္စည်းများအတွက် စနစ်များပြုလုပ်ခြင်းကို အဓိက လုပ်ဆောင်နေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး မိုက်ခရိုဆော့ဖ်နှင့် အိုင်ဘီအမ် ပြီးလျှင် တတိယ အကြီးဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်သည်။

The Voice Weekly

KIO နှင့် ဇူလိုင်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမည်ဟု သမ္မတရုံးဝန်ကြီးဆို

ဦးအောင်မင်း

နေပြည်တော် ၊ ဇွန် ၂၈

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့ ဖြစ်သည့် KIO အဖွဲ့နှင့် ဇူလိုင်လ အတွင်းတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“KIO အဖွဲ့က ဖွဲ့စည်းထားတဲ့ Technical Team နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက Technical Team တို့ ဇွန်လပထမ အပတ်မှာ အရင်ဆွေးနွေးမယ်၊ အဆင်ပြေရင်တော့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ်” ဟု ဦးအောင်မင်းကဆိုသည်။

KIO အဖွဲ့နှင့် အစိုးရတို့ကြား မေလတွင် ရေးထိုးထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပဏာမ သဘောတူချက် ရှစ်ချက်အရ တိုက်ပွဲများ လျှော့ချထားနိုင်ပြီး ယခုလအတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားထားခြင်း မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီလအတွင်း ကချင်မှာ သေနတ်သံ တစ်ချက်မှ မကြားရဘူး” ဟု အင်ဂျန်းယန်
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့ မေလ အတွင်းတွင် မြစ်ကြီးနားမြို့နယ်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးမီ နှစ်ဖက်တိုက်ပွဲများ လျှော့ချထားနိုင်ရန် အပါအဝင် သဘောတူညီချက် ရှစ်ချက်ကို လက်မှတ်ရေးထိုးထားသည်။

The Voice Weekly

တော်လှန်ရေးကောင်စီ ပြည်သူပိုင် သိမ်းခဲ့သည့် ပစ္စည်းများ ပြန်ပေးမည် မဟုတ်ဟုဆို



နေပြည်တော်၊ ဇွန် ၂၈

တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခဲ့ပြီး အစိုးရလက်ဝယ်တွင် ကျန်ရှိနေသေးသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို မူလပိုင်ရှင်များနှင့် ဆက်ခံသူများသို့ ပြန်လည် လွှဲပြောင်း ပေးအပ်မည် မဟုတ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ပစ္စည်းများကို ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုကို ၎င်းကစာဖြင့် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံများနှင့် မြေယာကွက်များ စီမံခန့်ခွဲမှု ကော်မတီကို ၂၀၁၁ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့ပြီး သိမ်းဆည်းထားသည့် ပစ္စည်းများကို စနစ်တကျ ထုခွဲရောင်းချလျက် ရှိကြောင်း၊ ထို့ကြောင့် မူလပိုင်ရှင်များထံ ပြန်လည် လွှဲအပ်မည် မဟုတ်ဘဲ အကယ်၍ ကော်မတီက ပြန်လည် ရောင်းချချိန်တွင် မူလပိုင်ရှင်ကို ဦးစားပေး ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါ ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ယခင်အစိုးရက ပြည်သူပိုင် သိမ်းခဲ့သည့် ပစ္စည်းများကို အရပ်သားအစိုးရ လက်ထက်တွင် ဆက်လက် သိမ်းယူထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ရောင်းချသွားမည် ဆိုခြင်းမှာ အစိုးရတစ်ရပ်၏ အလုပ်မဟုတ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အမျိုးသမီးကြီး တစ်ဦးဆို အသက်တော်တော် ကြီးနေပြီ။ သိမ်းခံထားရတာ ပြန်ရမလား ဒီအဖြေကို စောင့်နေတာ။ အဖြေသာ ပြလိုက်ရင် တစ်ခါတည်း အသက်ထွက်သွားနိုင်တယ်” ဟု ၎င်းက ထုတ်ဖော်ပြောကြားသည်။

ယခင်က ၎င်းတို့ ဘိုးဘွားပိုင် အဆောက်အအုံ များကို တော်လှန်ရေးကောင်စီက သိမ်းယူခဲ့ပြီး ဌာနဆိုင်ရာ ရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ယခုအဆိုပါ အဆောက်အအုံသည် ဌာနဆိုင်ရာက အသုံးပြုတော့ခြင်း မရှိသဖြင့် ပြန်လည် တောင်းခံရန် ကြိုးစားနေပြီး ယခု ပြည်ထဲရေးဝန်ကြီး၏ စကားအရဆိုလျှင် မျှော်လင့်ချက် မရှိတော့သဖြင့် ဝမ်းနည်းမိကြောင်း ကျောက်တံတားမြို့နယ်မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးမောင်ဌေးက ပြောကြားသည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရသည် ရုပ်ရှင်ရုံများ၊ ဟိုတယ်လုပ်ငန်းများ၊ စက်ရုံများ၊ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း အမြောက်အမြားကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်။

တပ်မတော်အစိုးရ လက်ထက်မှ စတင်ကာ တော်လှန်ရေးကောင်စီက ပြည်သူပိုင် သိမ်းယူခဲ့သည့် အဆောက်အအုံများ၊ ရုပ်ရှင်ရုံများနှင့် စက်ရုံများကို တင်ဒါခေါ်ယူခြင်း၊ လေလံဆွဲစေခြင်း၊ အစိုးရနှင့် နီးစပ်သူများထံသို့ လွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

The Voice Weekly

သံဃာတော် ၁၅၀၀ ကျော် ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း


ရန်ကုန်၊ ဇွန် ၂၈ 
 သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဇွန်လ ၂၇ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အရှင်စန္ဒာသီရိက မိန့်ကြားသည်။

အဆိုပါ အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ တာဝန်ယူမည် ဖြစ်ပြီး သံဃာတော် အပါး ၆၁ ပါးဖြင့် ကနဦး ဖွဲ့စည်းလိုက်ကြောင်း၊ ဥပဒေပညာရှင်များနှင့် လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။

“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ခွင့်ပြုချက် တောင်းခံဖို့ စီစဉ်နေတယ်” ဟု အရှင်စန္ဒာသီရိက မိန့်ကြားသည်။

အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်တွင် ဇွန်လ ၂၇ရက်နေ့က ပြုလုပ်သော သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခဲ့သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် သံဃာတော်များ ထောက်ခံမှုဖြင့် အဆိုပါအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ရန်ရည်ရွယ်ကာ ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ သာသနာ ပြန့်ပွားစေရန် ဟောပြောခြင်း၊ သင်တန်းပေးခြင်းများကို ဓမ္မနှင့်အညီ လုပ်ဆောင်ရန်၊ အသိအမြင်၊ အတွေးအခေါ်၊ ပညာရေး မြင့်မားရေး လုပ်ငန်းများ ကို ဆောင်ရွက်ရန်၊ မျိုးစောင့် ဥပဒေတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်ကဲ့သို့ အလားတူ ပြဿနာများ တွင် နိုင်ငံတကာကို ဖြေရှင်းနိုင်ရေးနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် ဦးဆောင်လမ်းညွှန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသင့်ပြီး ယင်းကော်မတီတွင် နိုင်ငံတကာ အသိအမြင်ရှိသည့် လူပုဂ္ဂိုလ်များကို ထည့်သွင်းရန် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ဥာဏိဿရက ယင်းတွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အကြံပြု တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေး အပြီးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ထောက်ခံရေး၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး၊ အရှင်ဝီရသူ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည့် တိုင်းမ် မဂ္ဂဇင်းကို အပြင်းအထန် ကန့်ကွက်ရေး၊ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့က အမျိုးဘာသာ သာသနာရေးတွင် အကူ အညီပေးရေး၊ ပဋိပက္ခ မဖြစ်ပွားရန် ဝိုင်းဝန်း ထိန်းသိမ်းရေး အချက်ငါးချက် ပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး 
မဟုတ် မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာအရှင်ဉာဏိဿရက ယင်းအခမ်းအနားတွင် မိန့်ကြားသည်။

The Voice Weekly

မြဝတီမြို့ရဲ့ ပထမဆုံး အလုပ်သမား ဆန္ဒပြပွဲ

  ကြာသပတေး ညနေပိုင်းက နယ်စပ်မြို့ မြဝတီမှာ အလုပ်သမားအများ ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ ဒီဒေသမှာ အလုပ်သမားတွေ ပထမဆုံးအကြိမ် ဆန္ဒပြခြင်း ဖြစ်ပါတယ်။
သူတို့ ဘာကြောင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလဲ။
ဒီအကြောင်း ဧရာဝတီ သတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ်။

 ကြာသပတေးနေ့က ကရင်ပြည်နယ် မြဝတီတွင်ဆန္ဒပြခဲ့ကြသည့်အလုပ်သမားများ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)

ထိုင်း-မြန်မာ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU)  အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့်သူ အများအပြား ကာလ ကြာရှည်စွာ စောင့်ဆိုင်းနေရသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်ဟု ၎င်းတို့ကို အကျိုးဆောင်ပေးသည့် မြဝတီအခြေစိုက် ”ဆွေဆွေစံ” ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ၏ မန်နေဂျာ ကိုကျော်မြင့်(ခ)မိုက်ကယ်က သတင်းဌာနများကိုပြောသည်။

၎င်းက ”ကျွန်တော့ဆီမှာ ထိုင်းကိုထွက်ဘို့စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၆ဝဝ လောက်ရှိတယ်။ အခုဆန္ဒလာပြ တာက ၂ဝဝ လောက်ပါပဲ၊
သူတို့စောင့်နေတာ ၇ လရှိပြီ။  အလုပ်သမားဝန်ကြီးဌာနက ဒီလူတွေကိုသွားခွင့်မပြုဘဲ အခြားကုမ္ပဏီကအလုပ်သမားတွေကို အစားထိုး သွားခွင့်ပြုလိုက်တဲ့အတွက် သူတို့ရဲ့ အဂတိလိုက်စားမှုတွေကို သိစေချင်တဲ့အတွက် အခုလို  လာရောက်ဆန္ဒပြရတာဖြစ်တယ်” ဟု ကိုကျော်မြင့်ကပြောသည်။

အမှန်တရားအတွက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူရင်ဆိုင်သွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဆွေဆွေစံ”ကုမ္ပဏီက အကျိုးဆောင်ပေးထားသူများသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား၊   အချက်အလက် အပြည့်အစုံရရှိပြီးဖြစ်ကြောင်း သိရသည်။

၂ နာရီခန့်ကြာသည့်ဆန္ဒပြပွဲသို့ မြဝတီခရိုင်ရဲမှူးဦးအောင်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့ ရောက်ရှိလာပြီး လူစုခွဲစေကာ ကိုကျော်မြင့်နှင့် အလုပ်သမားခေါင်းဆောင်အချို့ကို ခေါ်ဆောင်သွားခဲ့သော်လည်း ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးခြင်းမရှိသေးဟု မြို့ခံတဦးကပြောသည်။

နယ်စပ်မြဝတီမြို့တွင် ယခုကဲ့သို့ မြန်မာအလုပ်သမား အများအပြား ဆန္ဒပြအရေးဆိုခြင်းသည်   ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာပိုင်များ အနေနှင့် အလုပ်သမားများ၏တောင်းဆိုမှုကို ပြေလည်အောင် ဖြေရှင်းပေးသင့်သည်ဟု မြဝတီမြို့ရှိ နိုင်ငံရေး ပါတီကြီး တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ပြီး  အလွယ်တကူ သွားရောက် လည်ပတ်နိုင်သော်လည်း တရားဝင် ရေရှည် အလုပ်လုပ်ကိုင်ခွင့် အတွက် မြဝတီတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မြို့ပေါ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေးကုမ္ပဏီ ၁ဝ ခုခန့်ရှိပြီး ကုမ္ပဏီအချို့နှင့် ပွဲစားအချို့ကြောင့် လိုရာခရီးမပေါက်ဘဲ ဤဒေသတွင် သောင်တင်နေသော အနယ်နယ်အရပ်ရပ်မှ အလုပ်သမား ၃,ဝဝဝ ခန့် ရှိသည်ဟု မြဝတီမှ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက ဧရာဝတီသတင်းဌာနကို ပြောသည်။

ဆန္ဒပြအရေးဆိုမှုကို အာဏာပိုင်များဘက်မှ ပြေလည်အောင်ဖြေရှင်းပေးခြင်း မရှိပါက အလားတူဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်သည်ဟု ထိုင်းဘက်ခြမ်း မဲဆောက်တွင် အခြေစိုက်သည့် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်နေကြသည်။

ကုမ္ပဏီအချို့က အလုပ်သမားတို့ကို ငွေညစ် လိမ်လည်သည်ဟူသော ဖြစ်ရပ်မှာ နယ်စပ် နှစ်မြို့စလုံးတွင် ပေါ်ပေါက်နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မဲဆောက်မြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး အကျိုးဆောင် ပေးသည့် ကုမ္ပဏီအချို့က  အလုပ်သမားများထံမှ ဘတ် တသောင်းကျော်စီ ကြိုတင်ရယူကာ အလွဲသုံးစားပြုထားခြင်းကို မကျေနပ်သဖြင့် ဆန္ဒပြအရေးဆိုသူတချို့ကို ထိုင်းရဲတို့က ထိန်းသိမ်းလိုက်သည်။ 

 အကျိုးဆောင်ကုမ္ပဏီတချို့ နှင့် ကြားပွဲစားတချို့ကို ပုံအပ်မိသဖြင့် ယာယီနိုင်ငံကူးလက်မှတ်မရဘဲဒုက္ခရောက်ကာ မဲဆောက်တွင် နှစ်ဝက်ကြာ သောင်တင်နေသည့် မြန်မာအလုပ်သမား

 ထောင်ဂဏန်းနီးပါးရှိသည်ဟုသိရသည်။
ဧရာဝတီ

မင်ဒဲလားထံ အိုဘားမားသွားရောက်တွေ့ဆုံ


အမေရိကန်သမ္မတ အိုဘားမားသည် ဆေးရုံတွင်သေခြင်းတရားကို တိုက်ခိုက်နေရသည့် ၎င်း၏သူရဲကောင်း မင်ဒဲလားအား တွေ့ဆုံအရို အသေ ပေးနိုင်ရန် ရည်ရွယ်လျက် တောင်အာဖရိကသို့ ယနေ့သွားရောက်နေပြီဖြစ်သည်။

မင်ဒဲလား ကျန်းမာရေးဆိုရွားနေခြင်းကြောင့် အတ္တလန်တိတ်သမုဒ္ဒရာတစ်ဘက်ခြမ်းစီမှ လူမျိုးစု အကန့်အသတ်များကို ကျိုးပျက်စေခဲ့သည့် ၎င်းတို့နှစ်ဦးကြားတွေ့ဆုံမှုကို မီဒီယာများ တွေ့ရဖွယ်မရှိဘဲ ဖြစ်နေသည်။

အကျဉ်းသမားဘဝမှ သမ္မတထိ တက်လှမ်းနိုင်ခဲ့သည့် ထူးခြားအံ့သြဖွယ်ဘဝအကြောင်းကို အိုဘားမားသုံးရက်ကြာလည်ပတ်မည့်ခရီးတွင် တွေ့ရဖွယ်ရှိသည်။

မင်ဒဲလားသည် လာမည့်လတွင် ၉၅ နှစ်ပြည့်မည်ဖြစ်ကာ လွန်ခဲ့သည့်သုံးပတ်က အဆုတ်ရောဂါသည်းလာသောကြောင့် ဆေးရုံတက်ခဲ့ရပြီး ၎င်းမှုစ၍ သေလုနီးပါးအခြေအနေတွင်ရှိနေသည်။

ပထမတစ်ခေါက် သွားရောက်တွေ့ဆုံပြီးနောက် တောင်အာဖရိကန်သမ္မတက မင်ဒဲလားအရေးပေါ်အခြေအနေဖြစ်ကြောင်း ပြောကြားပြီး အခြေအနေ တည်ငြိမ်နေကြောင်း ပြောကြားခဲ့သော်လည်း သမ္မတသည် အိမ်နီးချင်း မိုဇမ်ဘီနိုင်ငံသို့ သွားရောက်လည်ပတ်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

၂၄နာရီတွင်း နှစ်ကြိမ်မြောက် သွားရောက်ကြည့်ရှုပြီးဖြစ်သည့် သမ္မတ “ ဒီနေ့ပိုသက်သာနေတဲ့ပုံပဲ” ဟု ကြာသပတေးနေ့တွင် ပြောကြားသော် လည်း မိသားစုအပါအဝင် တောင်အာဖရိကပြည်သူများသည် အဆိုးဆုံးကို တွေးထားဆဲဖြစ်သည်။

“မလိမ်ပါဘူး၊ အခြေအနေမကောင်းဘူး” ဟု သမီးဖြစ်သူပြောကြားပြီး “ သူ့ကိုစကားပြောရင်တော့ ပြန့်တုံ့ပြန်တယ်ပြီးတော့ မျက်လုံးတွေဖွင့်ဖို့ ကြိုးစားတယ်၊ ခုထိတော့သူရှိနေတုန်းပဲ” ဟု ဆက်လက်ပြောကြားသည်။

“ဘယ်အရာမှ မပြောနိုင်ဘူး၊ ဒါပေမယ့် သူဘယ်အချိန်ဆုံးမယ်ဆိုတာတော့ ဘုရားပဲသိမယ်လို့ ထပ်ပြောချင်တယ်” ဟု ရေဒီယိုတွင်လွှင့်ထုတ် သည့်သတင်းတွင် သူမပြောကြားသည်။

ယခုအချိန်တွင် အိုဘားမားသည် ကမ္ဘာ့သူရဲကောင်းအဖြစ် ညွှန်းဆိုပြောကြားသွားသည့် မင်ဒဲလားအား အားပေးသည့် အသံတစ်သံ ပြောကြား သည်။

“သမ္မတဟာ နယ်လဆင်မင်ဒဲလားရဲ့ သမိုင်းအမွေကို ပြောကြားသွားမှာဖြစ်ပြီး အဲဒါဟာ တောင်အာဖရိကကို ကျွန်တော်တို့သွားတဲ့ ခရီးစဉ် အတွင်း အဓိကအပိုင်းဖြစ်မှာပါ” ဟု အမျိုးသားလုံခြုံရေးဒုအကြံပေး ဘင်ရိုဒ့်က ပြောကြားသည်။

“သမ္မတဟာ အဲလိုပြောကြား ချီးမြှောက်ရမယ်ဆိုတဲ့ ဘယ်အခွင့်အရေးမဆိုကို တန်ဖိုးထားမှာပါ” ဟု ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ဟာ အဲဒီမှာဖြစ်ပျက်နေတာတွေ၊ မိသားစုနဲ့ အာဖရိကန်အစိုးရဲ့ဆန္ဒတွေကို အလွန်လေးစားမိပါတယ်” ဟု မစ္စတာရိုဒ့်က ပြောကြားသည်။

အိုဘားမားသည် တနင်္ဂနွေနေ့တွင် မင်ဒဲလားထောင်ကျခံခဲ့ရသည့် ကိပ်တောင်းရှိရော့ဘင်ကျွန်းမှ ထောင်သို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး အဖြစ်အပျက်ကိုပိုမိုနားလည်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အိုဘားမားသည် ၎င်းကြာရှည်စွာစောင့်စားလာခဲ့သည့် အာဖရိကခရီးစဉ်အတွင်း ဆီနီဂေါနိုင်ငံတွင် မိန့်ခွန်းပြောကြားရာ မင်ဒဲလားသည် ၎င်း၏ သူရဲကောင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“သူဟာကမ္ဘာကြီးရဲ့သူရဲကောင်းလို့ ကျွန်တော်ထင်တယ်၊ ပြီးတော့ အကယ်၍များ သူကွယ်လွန်သွားတယ်ဆိုရင်တောင် သူ့ရဲ့သမိုင်းအမွေ ဟာ ခေတ်တွေအဆက်ဆက်မှာ တည်မြဲသွားမယ့် အရာတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိမယ်လို့ ကျွန်တော်ထင်တယ်” ဟု လည်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတက ၁၉၇၀နှောင်းပိုင်း ကျောင်းသားဘဝတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုတွင် ပါဝင်လုပ်ဆောင်ခဲ့စဉ် နိုင်ငံရေး လုပ်ဆောင်မှုများတွင် မင်ဒဲလား မည်မျှလွှမ်းမိုးခဲ့ကြောင်းလည်း ပြန်ပြောင်းပြောပြခဲ့သည်။

Ref:AFP

မြန်မာ့ခောတ်

လက်ပန်တောင်းမှာစစ်ခရိုနီဆန့်ကျင်ရေးကိုဆုံးခမ်းတိုင်ဆင်နွဲသွားရန်လယ်သမားတွေဆုံြး­ဖတ်လိုက်ြ­ပီး ၂၉ - ၆ - ၂၀၁၃ တွင်ဆန္ဒပြပြီ

  Photo: လက်ပန်တောင်းမှာစစ်ခရိုနီဆန့်ကျင်ရေးကိုဆုံးခမ်းတိုင်ဆင်နွဲသွားရန်လယ်သမားတွေဆုံြး­ဖတ်လိုက်ြ­ပီ
၂၈၊၆၊၂၀၁၃
၂၈၊၆၊၂၀၁၃ ရက်နေ့
လက်ပန်တောင်းမှာစစ်ခရိုနီဆန့်ကျင်ရေးကိုဆုံးခမ်းတိုင်ဆင်နွဲသွားရန်
လယ်သမားတွေဆုံြး­ဖတ်လိုက်ြ­ပီ
Photo: လက်ပန်တောင်းမှာစစ်ခရိုနီဆန့်ကျင်ရေးကိုဆုံးခမ်းတိုင်ဆင်နွဲသွားရန်လယ်သမားတွေဆုံြး­ဖတ်လိုက်ြ­ပီ
၂၈၊၆၊၂၀၁၃ 


Photo: လက်ပန်တောင်းမှာစစ်ခရိုနီဆန့်ကျင်ရေးကိုဆုံးခမ်းတိုင်ဆင်နွဲသွားရန်လယ်သမားတွေဆုံြး­ဖတ်လိုက်ြ­ပီ
၂၈၊၆၊၂၀၁၃

စစ်ခရိုနီဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်းဖမ်းဆီးခံရသူများကျန်းမာစေကြောင်းဆုတောင်းကြစဉ်
 
 



သံဃာတော်နှင့်ြ­ပည်သူတွေကိုမီးလောင်ဗြုံ­ဖင့်ြ­ပစ်ြ­ပီးအကြမ်းဖက်ခဲ့သည့်အစိုးရကို
လက်ပန်တောင်ြး­ပည်သူတွေဆန္ဒပြနြေ­ပီ
၂၉၊၆၊၂၀၁၃



 





                               သတင်းနှင့်ဓာတ်ပုံ - ကိုဟန်ဝင်းအောင်

ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူ(သို့ မဟုတ်) ကျည်ဆံဘုရားနှင့်လက်ဝါးကပ်တိုင်ဖော်ဆောင်သူ ဦးဝင်ချိုနှင့်ခဏတာ

 
ကချင်ပြည်နယ်ကြီးငြိမ်း ချမ်းစေရန်အတွက် ရန်ကုန်မြို့မှ မြန်မာပြည်မြောက်ပိုင်း ကချင် ပြည်နယ်၊လိုင်ဇာမြို့အထိခြေလျင် လမ်းလျှောက်ငြိမ်းချမ်းရေးဖော် ဆောင်ကြပြီး မိုးညှင်းမြို့မှဖြတ် သန်းသည့် ကိုရန်နိုင်ထွန်း၊ကို စည်သူတို့နှင့်အတူဦးဆောင်ခဲ့ သည့် ဦးဝင်းချို သည်ငြိမ်းချမ်း ရေးကို အလွန်မြတ်နိုးသူတစ်ဦး ဖြစ်ပေသည်။
အသက်အရွယ်နှင့် မလိုက်လူငယ်များနှင့်အတူငြိမ်းချမ်း ရေး ဖော်ဆောင်ခဲ့သူ ဦးဝင်း ချိုသည် ယခုအခါကချင်ပြည်နယ်တိုက်ပွဲ များ ဖြစ်ပွားစဉ်ကကောက်ယူ စု ဆောင်းထားခဲ့သော သေနတ် ကျည်ဆန်အမျိုးမျိုးဖြင့်ဗုဒ္ဓရုပ်ပွား တော်တစ်ဆူနှင့်လက်ဝါးကပ်တိုင် တစ်ခုတို့ဖော်ဆောင်ကာ ကချင် ပြည်နယ် ထာဝရငြိမ်းချမ်းစေရန် ရည်ရွယ်လျက် လိုင်ဇာမြို့သို့ ပို့ ဆောင်မည်ဖြစ်ကြောင်း အင်တာ နက်စာမျက်နှာတွင်တွေ့ရှိရပေ သည်။
အဆိုပါဗုဒ္ဓရုပ်ပွားတော် တစ်ဆူနှင့်လက်ဝါးကပ်တိုင်တို့ ကို မော်တော်ယာဉ်(၂)စီးဖြင့် သယ်ဆောင်လာသော ဦးဝင်းချို နှင့်အဖွဲ့သည်ဇွန်လ(၁၈)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မိုညှင်းမြို့သို့ရောက်ရှိခဲ့ကြပြီး နတ်ကြီးကုန်းရပ်ကွက်၊ဗုဒ္ဓပိယ ကျောင်းတိုက၌ တစ်ညတာ ရပ်နားခဲ့သည်။စာရေးသူနှင့် မီဒီယာအဖွဲ့သည် ဇွန်လ(၁၉) ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ငြိမ်းချမ်းရေးသမားကြီး ဦးဝင်းချို နှင့်သွားရောက်တွေ့ဆုံ၍သိရှိလို သည်များကို မေးမြန်းခဲ့ကြသည်။
““မင်္ဂလာပါ ဦးဝင်းချို””
““မင်္ဂလာပါ မိုးညှင်းမီဒီယာ””
““ဦးဝင်းချိုတို့ပင့်ဆောင်လာ တဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့လက်ဝါး ကပ်တိုင်အကြောင်း သိပါရစေ””
““အခုပင့်ဆောင်လာတဲ့ မနောဝိမုတ်္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော် နဲ့လက်ဝါးကပ်တိုင်ကို ကျွန်တော် တို့ငြိမ်းချမ်းရေး အဖွဲ့ခြေလျင် ခရီးနဲ့လိုင်ဇာကိုသွားရောက်စဉ်က ၀ိုင်းမော်မြို့နဲ့လိုင်ဇာအကြားမှာ တိုက်ပွဲဖြစ်စဉ်က လမ်းမပေါ်မှာ ပျံ့ကြဲနေတဲ့ကျဉ်ဆန်အခွံတွေကို ကောက်ယူစုဆောင်းထားတဲ့ ကျည်ဆန်တွေနဲ့ပုံဖော်ထားတာပါ””
ဗုဒ္ဓရုပ်ပွားတော်သွန်း လောင်းဖို့ အတွက်ကျည်ဆန်အခွံ (၁၃)ပိဿာကို ကျိုချက်သန့်စင် လိုက်တဲ့အခါ သန့်စင်တဲ့ကြေး (၁၁)ပိဿာရရှိပါတယ်။ အဲဒီ ကြေး တွေနဲ့မန္တလေးမြို့က ကြေးသွန်း ပညာရှင်ဦးဖဲနိဗ္ဗာန် ကုန်ဆိုင်မှာအပ်နှံပြီးသွန်းလောင်းခဲ့ပါ   တယ်။လက်ခ ၁၀၅၀၀၀ကျပ် ကျပါတယ်။
လက်ဝါးကပ်တိုင်ကိုတော့ ကျည်ဆန်အခွံ(၁၁၁၆)တောင့်ပုံ ဖော်ထားပါတယ်။ကြေးသွန်း လောင်းထားတဲ့ဗုဒ္ဓရုပ်ပွားတော်ကို ဇွန်လ(၁၆)ရက်နေ့မှာ မန္တလေး မြို့ရေတော်တိုက်မှာ အနေကဇာ တင်ပြီး မနောဝိမုတ်္တိရသငြိမ်းချမ်း ရေးဆုတောင်းပြည့်ဗုဒ္ဓဆင်းတု တော်အဖြစ်ဘွဲအမည်ပေးခဲ့ပါ တယ်။အဲဒီဇွန်လ(၁၆)ရက်နေ့မှာ ပဲ မန္တလေးမြို့မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ထံမှာ ရင်ငွေ့လှုံခဲ့ပြီး ကချင်ပြည်နယ်ခရီးစဉ်ကို စခဲ့ပါ တယ်။””
““လိုင်ဇာမြို့ရောက်ရင် ဆောင်ရွက်မဲ့လုပ်ငန်းစဉ်ကလေး ပြောပြပါဦး””
““လိုင်ဇာမြို့ကိုရောက်ရင် အခုပင့်ဆောင်လာတဲ့ ဗုဒ္ဓရုပ်ပွား တော်နဲ့လက်ဝါးကပ်တိုင်ကို သက် ဆိုင်သူတွေထံပေးအပ်မှာပါ။ လက်ရှိ အဆက်အသွယ်အရ လက်ဝါးကပ်တိုင်ကိုလက်ခံမယ့် ဘာသာရေးအဖွဲ့ရှိထားပေမယ့်ဗုဒ္ဓ ရုပ်ပွားတော်ကို လက်ခံမယ့် ဘာသာရေးအသင်းအဖွဲ့မရှိသေး   ပါဘူး။အဲဒီမှာ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းမရှိဘူးလို့သိရပါတယ်””
““တကယ်လို့ ဗုဒ္ဓရုပ်ပွား တော်ကိုလက်ခံထိန်းသိမ်းကိုးကွယ် မယ့်လူမရှိရင်ဘယ်လိုဆောင်ရွက် မှာပါလဲ””
““အဲဒီလို လက်ခံမယ့်လူမရှိ ရင် အခြေအနေအရပြန်လည် ပင့်ဆောင်လာမှာပါ။အဲဒီလိုပြန် လည်ပင့်ဆောင်လာတဲ့ ၀ိမုတ်္တိ ရသ ငြိမ်းချမ်းရေးဆုတောင်း ပြည့်ဗုဒ္ဓရုပ်ပွားတော်ကို       ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ထံအပ်နှံ မှာ ဖြစ်ပါတယ်””
““နောက်ဆုံးအနေနဲ့ဦးဝင်းချို ပြောချင်တာလေးများရှိရင်ပြော ပေးပါ””
““ဟုတ်ကဲ့ခင်ဗျာ။ ကျွန် တော်တို့နိုင်ငံမှာစစ်ပွဲတွေရပ်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းစေချင်ပါ တယ်။စစ်ပွဲတွေမှာ ကုန်ကျနေတဲ့ ကုန်ကျစရိတ်တွေကို ကျွန်တော် တို့ နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့ ပညာရေး၊ကျန်းမာ ရေး ကဏ္ဍတွေမှာသုံးစွဲနိုင်ရင် အလွန်တရာအကျိုးရှိမှာပါ။ ကျွန်တော်အနေနဲ့မြန်မာပြည် ကြီးသာမက တစ်ကမ္ဘာလုံးငြိမ်း ချမ်းစေချင်ပါတယ်ခင်ဗျာ””
““ဟုတ်ကဲ့ အခုလိုဖြေကြား ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်””
““ကျွန်တော်ကလည်းပြောချင် တာလေးတွေ ပြောပြခွင့်ရတဲ့ အတွက် မိုးညှင်းမီဒီယာအဖွဲ့ကို ကျေးဇူးတင်ပါတယ်””
အဆိုပါဦးဝင်းချိုနှင့်ငြိမ်းချမ်း ရေးလိုလားသူများ အဖွဲ့သည် ဗုဒ်္ဓ ရုပ်ပွားတော်နှင့် လက်ဝါးကပ် တိုင်ကို မော်တော်ယာဉ်(၂)စီးဖြင့် ပင့်ဆောင်၍မိုးညှင်းမြို့အတွင်း လှည့်လည်အပူဇော်ခံကာ မြစ်ကြီးနားဘက်သို့ဆက်လက် ထွက်ခွာသွားခဲ့ကြကြောင်းသိရှိရ ပါသည်။

သစ္စာ(မိုးညှင်း)The Hot News

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူ

 
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးသြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော် တွေ့ဆုံညှိနှိုင်းပွဲကို ဇွန် (၂၇) ရက် နံနက် (၉း၀၀) နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ်္တိစာသင်တိုက်အောင် ဆန်းတပ်ဦး မိုးကုတ်ရိပ်သာ၌ ကျင်းပသည်။
အမျိုးစောင့်ဥပဒေသတ်မှတ် ပြဌာန်းပေးနိုင်ရေးအတွက် ယော ဆရာတော်အပါအ၀င် တိပိဋက ဆရာတော်(၉)ပါးက ထောက်ခံ ကြောင်း သိရသည်။ အမျိုးစောင့် ဥပဒေကို ရှင်ပညာဝရ (သိမ်း ဇရပ်)က လျှောက်ထားရှင်းလင်း ခဲ့ပြီး ဇူလိုင် (၁) ရက်နေ့ထုတ်  Time  မဂ္ဂဇင်းတွင် ဦးဝီရသူ (မစိုး ရိမ်) ဆရာတော်အပေါ်ရေးသား ချက်ကို ဒေ၀ိန္ဒာဘိဝံသ(သီတဂူ) က ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာကာ အမျိုးစောင့်ဥပဒေ နှင့် ပတ်သက်၍ ဦးစောဝင်း (ဥပဒေ) ပညာရှင်က ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရ သည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဥပဒေပေါ်ထွန်း ရေးနှင့်သံဃာကိုယ်စားလှယ် ရွေး ချယ်အတည်ပြုရေးကို ဦးတေ ဇောသာရဘိဝံသက အဆိုတင် သွင်းခဲ့ကြောင်းလည်း သိရသည်။
မြစေတီစာသင်တိုက်(မော် လမြိုင်) ဆရာတော် ဦးဝိမာလ ဗုဒ်္ဓိက ထောက်ခံဆွေးနွေးရာတွင် ““အမျိုးစောင့်ဥပဒေကို အားလုံး စီစဉ်ပြီးလို့ လွှတ်တော်ကိုတင်တဲ့ အခါ လွှတ်တော်ကိုယ်စားလှယ် တွေကအတည်ပြုပေးကြမှာလား၊ ကန့်ကွက်ကြမှာလား။ သံဃာ တွေအတည်ပြုထားတဲ့ ဥပဒေကို ထောက်ခံတဲ့ပုဂ်္ဂိုလ်တွေကိုအမည် မထုတ်ဖော်ချင်နေ၊ ဘယ်ပုဂ်္ဂိုလ်၊ ဘယ်ကိုယ်စားလှယ်တွေက ကန့် ကွက်တဲ့ လူတွေရဲ့အမည်နဲ့၊ နေ ရပ်လိပ်စာကို ကြော်ငြာပေးနိုင် ရင်ကောင်းလိမ့်မယ်။ အဲဒီလို သိ ရင် အရှင်ဘုရားဘာလုပ်မှာတုန်း ဆိုရင် ၂၀၁၅ မှာ မဲမပေးဖို့ကို ဒကာ၊ ဒကာမတွေကို စည်းရုံးလို့ ရတယ်။ ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တယ်။ သံဃာထု နောက် မှ မဲဆန္ဒရှင်တွေ ရှိတယ်။ မဂ်္ဂဇင်း ဆောင်းပါးရှင်ကလည်း အပြင်က နေ လေဖမ်းဒန်းစီးပြီး ဘာလို့ရေး နေရတာလဲ။ ဒီစာစောင်ကို မဖြန့် ဖို့လည်း နိုင်ငံတော်က တားမြစ် နေတာတွေ့ရတယ်။ ဖြန့်သွားခဲ့ ရင်ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင် တယ်။ မခံနိုင်လို့ ရှုတ်ရှုတ်ထွေး ထွေး ဖြစ်သွားနိုင်တယ်။ ဒီလို ဆူပွက်အောင် တမင်တကာ ဖန် တီးနေတာလား ဆိုတာလည်း တွေးမိတယ်။ သံဃာထုက ကြိုး ပမ်းထားတာတွေကို လွှတ်တော် ထဲမှာ ပေါ့ပေါ့လေး ပယ်ချလိုက် ရင် သဲထဲရေသွန်သလို ဖြစ်သွား မယ်။ ဘုန်းကြီးက တပည့်တွေကို အမြဲဆုံးမတာရှိတယ်။ တစ်သိန်း ပျောက်တာမနှမြောဘူး၊ ငါးပြား တစ်စေ့အလိမ်ခံရတာက ပိုဆိုး တယ်။ အလိမ်ခံရတာကကိုယ့်အ လိုကိုယ်ညံ့လို့ဖြစ်တယ်။ဒီလိုမဖြစ် အောင်နေကြပါလို့ ဆုံးမလေ့ရှိ တယ်။ မထောက်ခံသူတွေဟာ ၂၀၁၅ မှာ မြစ်ထဲရောက်မယ်။  နောက်ဆုံး သမုဒ္ဒရာထဲရောက် သွားမှာပဲ။ အခြေအနေကို မလေ့လာဘဲစွတ်စွတ်ပြောနေကြ တာတွေရှိတယ်။ ဒီလိုပြောနေ အောင်လည်း နိုင်ငံတကာက မိုက်တပ်ပေးလိုက်တာကို ဆု ကလေးဘာလေး ပေးအောင် ပြောနေတာနေမှာပေါ့။ သဘော တူပါတယ်ဘုရားလို့ ပြောရင်ရ တယ်”” ဟု ထောက်ခံမိန့်ကြားခဲ့ သည်။
မျိုးကျော် The Hot News

တယ်လီနော်က မြန်မာကျွမ်းကျင် လုပ်သားတွေကို အလုပ်ပေးမယ်

ယမန်နေ့က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက  အော်ပရေတာ လုပ်ငန်း လိုင်စင်ချပေးလိုက်တဲ့ နိုင်ငံခြား ကုမ္ပဏီ ၂ ခုထဲက နော်ဝေ အခြေစိုက် တယ်လီနော် က သူ့ရဲ့ တယ်လီနော် မြန်မာ ဆိုတဲ့  ဖေ့စ်ဘုတ် စာမျက်နှာမှာ မြန်မာနိုင်ငံသား ၀န်ထမ်းတွေ အများစုကို ခန့်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 


 Telenor ကုမ္ပဏီတံဆိပ်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ – Telenor ဝက်ဘ်ဆိုက်)

ကုမ္ပဏီအနေနဲ့ တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင် သတွေကို အလုပ်ပေးကာ တယ်လီဖုန်း ခေါ်ဆိုမှုကိုလည်း သက်သာတဲ့နှုန်းထားတွေနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ် က ပြောတယ်လို့ အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာက ဆိုပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။” လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာက ပြောထားပါတယ်။ 

ယမန်နေ့ ညနေပိုင်းက မြန်မာဆက်သွယ်ရေးနဲ့ တယ်လီဖုန်း အော်ပရေးတာ၊ နည်းပညာကဏ္ဍအတွက် လုပ်ပိုင်ခွင့် လိုင်စင်ကို ကြေညာခဲ့ရာမှာ အဆိုပါ နော်ဝေ တယ်လီနော် နဲ့အတူ ကာတာ နိုင်ငံ အခြေစိုက် 
အော်ရီဒူး ကုမ္ပဏီ ၂ ခု က အောင်မြင်ခဲ့ကြတာပါ။ 

စာရင်းဇယားများအရ ယမန်နှစ်ကထိ ကမ္ဘာတလွှား တယ်လီနော် မိုဘိုင်းဖုန်း အသုံးပြုသူဟာ ၁၄၈ သန်း ရှီတယ်လို့ သိရပြီး နော်ဝေ ခရိုနာ ဘီလျံ ၁၀၀ ကျော် ( အမေအရိကန် ဒေါ်လာ ၂၀ ဘီလျံ) ရှိကာ  ၀န်ထမ်း ၃ သောင်းကျော် ရှိတယ်လို့လည်း သိရပါတယ်။ 

အဆိုပါ တင်တာ အောင်မြင်တဲ့ ကုမ္ပဏီ ၂ ခုနဲ့ပတ်သက်တဲ့ သတင်းကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ
ဧရာဝတီ သတင်းထောက် မေစစ်ပိုင်ရေးသားတင်ပြထားတဲ့ နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ  (http://burma.irrawaddy.org/archives/43196) ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံဖတ်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~ဧရာဝတီ

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို

 
မန္တလေး၊ ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်သို့ ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက်ရတနာဆိုင်၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည် ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ နီလာ၊ စိန်ပတ်လည် လက်စွပ်တစ်ကွင်း နှင့် ကျပ်သိန်း ၅၀ တန်ဖိုးရှိ ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟုမေးပြီး ပြန်လာမည်ဟု ပြောကာ ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။

"အခု ရဲက လိုက်နေတုန်းပဲ ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း တွင် တရားလိုပြု၍ အမှုအမှတ် (ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(ဖြိုးဖြိုးဇော်)

The Voice Weekly

အီဂျစ်ပဋိပက္ခထဲ အမေရိကန်တဦးသေဆုံး

အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ကန့်ကွက်နေကြသူများ။
အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ကန့်ကွက်နေကြသူများ။
အီဂျစ်နိုင်ငံ Alexandria မြို့မှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်တိုက်ပွဲတွေ အတွင်း သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအကြား သေနတ်တွေ၊ ဗျောက်အိုးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

လုံထိန်းရဲတွေက သံချပ်ကာကားတွေနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပေမဲ့ မစ္စတာမော်စီရဲ့ နိုင်ငံရေးပါတီ ရုံးတွေ မီးရှို့ဖျက်ဆီးမှုတွေကို အချိန်မီ မတားဆီးနိုင်ခဲ့ပါဘူး။ အဓိကရုဏ်းဖြစ်ပွားနေချိန်မှာ ဓာတ်ပုံရိုက်ယူဖို့ကြိုးစားနေတုန်း ဓားနဲ့အထိုးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အပါအ၀င် သေဆုံးသူ နှစ်ဦးရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီဂျစ်နိုင်ငံထဲမှာ မလိုအပ်ဘဲ ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ခရီးသွားလာမှုသတိပေးချက် ထုတ်ပြန်ထားပါတယ်။ သံရုံးဝန်ထမ်းတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ကိုင်ရိုမြို့က တဟီရန်ရင်ပြင်မှာလည်း စုဝေးခဲ့ကြပြီး အီဂျစ်အလံတွေ လွှင့်ထူလို့ မစ္စတာ မော်စီ ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာ မစ္စတာ မော်စီ သမ္မတသက်တမ်း တနှစ်ပြည့်၊ တနင်္ဂနွေနေ့မှာ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ကြီးကြီးမားမား ပြုလုပ်သွားဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

မစ္စတာ မော်စီနဲ့ မူစလင်ညီအစ်ကိုတော်များ လှုပ်ရှားမှုဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ လျော့နည်းအောင် ကြိုးစားနေပြီး သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖယ်ရှားခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုအံကြွမှုတွေရဲ့ ဆန္ဒတွေနဲ့အညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုနေတာပါ။ တချိန်တည်းမှာပဲ မစ္စတာ မော်စီကို ထောက်ခံသူတွေကလည်း လူထုစုဝေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
VOA

မန္တလေး NDF ပါတီ မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး လှုပ်ရှားမှုပြုလုပ်

 
မန္တလေး၊ ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆိုကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ခု မန္တလေး ခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။

"ကျွန်တော်တို့ မန္တလေး လေးမြို့နယ် မှာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်းနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign လုပ်ပါတယ်။ ထောက်ခံကြောင်းနဲ့ ဆန့်ကျင် ရှုတ်ချကြောင်း ပါတဲ့ စာရွက်တစ်သောင်းခန့် ဝေပါတယ်" ဟု ယင်းပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးစည်သူအောင်က The Voice သို့ ပြောကြားသည်။

ယင်းပါတီမှ အဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းမြသာစည် မြို့နယ်တို့ရှိ ဈေးနှင့် လူစည်ကားသည့် နေရာများတွင် ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲလာသော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံ ညီညွတ်ရေးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေမှုကို ထိခိုက်စေခြင်း၊ ဖြူစင်သန့်ရှင်း လွတ်လပ်ပွင့်လင်း သည့် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းသော ဘာသာ တရားကို အကြမ်းဖက်ဝါဒီ အဖြစ် အရုပ်ဆိုး အကျည်းတန်အောင် ရေးသားချက်များ အားလုံးကို အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ရဲဝံ့ပြတ်သားစွာ ရှုတ်ချကန့်ကွက်ကြောင်းနှင့် NDF ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ လွှတ်တော်အသီးသီးသို့ တင်ပြ၍ သဘောထား ကြေညာချက် တစ်ရပ် အမြန်ထုတ်ပြန်ပေးရန် တင်ပြသွားမည့် အဆိုကို ကြိုဆိုပါကြောင်း ယင်းပါတီက ပြုလုပ်သည့် လှုပ်ရှားမှုတွင် ဖြန့်ဝေသောစာ၌ ဖော်ပြပါရှိသည်။

The Voice Weekly

ပေါက်တောမှာ ရုန်းရင်းဆန်ခတ်မှု အပြီး နောက်ထပ်အလောင်း တစ်လောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မွတ်စလင် ဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပြီး မနေ့ညနေပိုင်းမှာလည်း နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။

ထပ်မံရှာဖွေတွေ့ရှိတဲ့ အလောင်းကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတွေက ကျေးရွာအတွင်းမှာ ဝင်ရောက်စစ်ဆေးနေစဉ် တွေ့ရှိတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို ဒီကနေ့ ပြောပါတယ်။

မနေ့က ဇွန်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ပေါက်တောမြို့နယ် ကြိမ်နီပြင်ဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က တာဝန်ယူကာ ဒုက္ခသည်စခန်းတန်းလျားတွေ ဆောက်လုပ်နေစဉ် အလုပ်သမား ၃၅ ဦးနဲ့ ဒုက္ခသည် သုံးရာကျော်တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီ သုံးရာကျော်တဲ့ လူအုပ်စုဟာ မနေ့က သူတို့ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူးနဲ့ နစကအရာရှိတွေ၊ ဌာဆိုင်ရာဝန်ထမ်းတွေအပြင် လုံခြုံရေးဝန်ထမ်းတွေကိုပါ ထပ်မံတိုက်ခိုက်ဖို့ ကြိုးစားလာခဲ့တာကြောင့် စစ်တပ်က သေနတ်နဲ့ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ ဒုက္ခသည်တစ်ဦးသေဆုံးခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ၂ ဦးဟာ ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဘော်ဒေါနဲ့ မာမောက်ဆော်လိမ်တို့ဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးကို နယ်စည်းမထား ဆရာဝန်များအသင်း AZG အဖွဲ့နဲ့ မြို့နယ်တာဝန်ရှိသူတွေက ဆေးကုသပေးနေသလို အဲ့ဒီဒုက္ခသည်တန်းလျား ဆောက်လုပ်မှုလုပ်ငန်းကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

RFA

Friday, June 28, 2013

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက်ထုတ်၊(ရုပ်-သံ)

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက်ထုတ်၊ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သြ၀ါဒခံယူပွဲတွင် ထုတ်ပြန်

Eleven Media Group

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာ့ညီလာခံ(ရုပ်-သံ)


နိုင်ငံတော် သြဝါဒစရိယ ဆရာတော်ကြီးတွေ အပါအဝင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ တက်ရောက်တဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာ့ညီလာခံကို ရန်ကုန်၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။

ဝေဒနာရှင်များ တရားသံများနာကြားနိုင်ပြီ(ကျော်သူ)


 
လူသတ္တဝါ မှန်သမျှတို့သည် မအိုချင်ဘဲ အိုကြရပေလိမ့်မည်။ မနာချင်ဘဲ နာကြရပေလိမ့်မည်။ တစ်နေ့နေ့၌ မသေချင်ဘဲလည်း မုချသေကြရပေလိမ့်မည်။ တစ်နေ့နေ့၌ ရှောင်လွဲ၍မရ ရင်ဆိုင်ကြုံတွေ့ ရမည့် (သေဆုံးခြင်း)ကိစ္စတစ်ခုအတွက် တရားသဘောအား နှလုံးသွင်းကာ ကြိုကြိုတင်တင် ပြင်ဆင် ဆောင်ရွက် လေ့ကျင့်ပေးထားခြင်းဖြင့် မကွယ်လွန်မီ လူ့ဘဝ၌ ကောင်းမှုကုသိုလ်များ များစွာပြုလုပ်ခဲ့ပြီး တရားကျင့်ကြံပွားများအားထုတ်မှုများ ပြုလုပ်ပါလျှင် ပြိတ္တာဘုံသို့ မည်သို့မျှ မရောက်ရှိနိုင်ပေ။ ကောင်းမွန် သော ဘုံဘဝသို့သာ ရောက်ရှိရမည်ဟူ၍ သင် တထစ်ချ ယုံကြည်နေသည်ဆိုပါအံ့။ ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ပုထုဇဉ်သတ္တဝါတို့သည် ကွယ်လွန်သွားကြချိန်တွင် - 
၁။ နတ်ဘုံသို့ လားရောက်ရခြင်း (ဒေဝဂတိ) 
၂။ လူ့ဘုံသို့ လားရောက်ရခြင်း (မနုဿဂတိ) 
၃။ တိရစ္ဆာန်ဘုံသို့ လားရောက်ရခြင်း (တိရစ္ဆနဂတိ) 
၎။ ငရဲဘုံသို့ လားရောက်ရခြင်း (နိရယဂတိ) 
၅။ ပြိတ္တာဘုံသို့ လားရောက်ရခြင်း (ပေတဂတိ) ဟူသော လားရာဂတိ ငါးမျိုးဟောကြားခဲ့ပါသည်။ 

၁၈.၆.၂ဝ၁၃ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အင်တာဗျူးအား “ဝင်း” ဆံသဆိုင်မှ ဦးသန်းဝင်းသည် ဖတ်ရှုခဲ့ချိန်၌ အိပ်ရာထက်တွင် လှဲလှောင်းနေရရှာသည့် သူ၏မိခင်ကြီး ဒေါ်သန်းကြည် အသက် (၉၂) နှစ်အား ၂၄. ၆. ၂ဝ၁၃ ရက်နေ့တွင် တာမွေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်သို့၎င်း၊ 

၂၅.၆.၂ဝ၁၃ ရက်နေ့တွင် ယင်းကဲ့သို့ပင် ပေါ်ပြူလာ ဂျာနယ်အား ဖတ်ရှုမိခဲ့သူ ကိုအောင်သူရသည်လည်း သူ၏ဖခင်ကြီး ဦးထွန်းကြည် အသက် (၇၈) နှစ်သည် လေငန်းရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရသည့်အတွက် သာကေတမြို့နယ်၊ အနော်မာရပ်ကွက်သို့ ၄င်း၊ 

၂၆.၆.၂ဝ၁၃ ရက်နေ့တွင် ထပ်မံ၍ ဆက်သွယ်လာခဲ့သည့် ကိုရဲဝင်းသည် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာအား ဖတ်ရှုခဲ့ရပြီး ချက်ချင်းဆိုသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ခဲ့ရာ ညီတော်စပ်သူ ကိုသူရကျော် အသက် (၃၁) နှစ်သည် အသည်းရောဂါ ဝေဒနာအား ပြင်းထန်စွာခံစား နေရပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေသူအတွက်၎င်း ...
အစ ရှိသည့် ရောဂါဝေဒနာများအား ခံစားနေရသော ကာယကံရှင်တို့၏ ဆန္ဒ (သို့) မိသားစုဝင် ညီအစ်ကို၊ မောင်နှမ၊ သားသမီးတို့သည် ဝတ္တရားကျေပွန်စွာဖြင့် ကောင်းမှုကုသိုလ်ပြုလိုသည့် ဆန္ဒအရ သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာပို့သမှု၊ တရားဒေသနာတော်များနာကြားလိုမှု၊ ပရိတ်/ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ခြင်းအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံရာ ဝဋ်ကြွေးတော်ပြေ စေတီတော်၊ ရန်အောင်မြေကျောင်းတိုက်ရှိ သံဃာတော်များတို့အား ပင့်လျှောက်၍ ကာယကံရှင်ရှိရာ နေအိမ် (သို့) ဆေးရုံများသို့သွားရောက်၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဝေဒနာရှင်များတို့မှ ကိုယ်တိုင်ကိုယ်ကျ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ဝေဒနာရှင်များနှင့် မိသားစုဝင်များတို့မှ ရေစက်သွန်းချ၍ ကုသိုလ်ကောင်းမှု အစုစုတို့အား အမျှပေးဝေခဲ့ကြပေသည်။ 

လူသားတိုင်းအနေဖြင့် နေ့စဉ်နေ့တိုင်း တစ်နေ့ (၃) ကြိမ်ခန့် သရဏဂုဏ်တင်ဆောင်သင့်ပေသည်။ လူသားတိုင်းသည် အချိန်မရွေး သေဆုံးနိုင်သည်။ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်သည့်အတွက် ကိုယ်တိုင် သရဏဂုဏ်တင်ဖို့ လိုအပ်သည်။ မိသားစုဝင် (သို့) သံဃာတော်များတို့မှ လုပ်ဆောင်ပေးခြင်းသည် ထိုသူ အတွက် ရရှိကောင်းမှ ရရှိမည်ဖြစ်သည်။ နောက်ဆုံးချိန်တွင် သားသမီးကောင်းရှိဖို့နှင့် မိတ်ဆွေကောင်း ရှိဖို့ရန် အထူးအရေးကြီးပြီး ဝေဒနာရှင်၏ ဘေး(အနီး)တွင် လာရောက်၍ မျက်ရည်ကျ ငိုယိုနေခြင်းသည် ၄င်းဝေဒနာရှင်အား အပယ်ငရဲဘုံသို့ တွန်းပို့နေခြင်းဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝေဒနာရှင်များအတွက် ဇူလိုင် (၁၉) အာဇာနည်နေ့ရက်မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဥက္ကဋ္ဌ ဦးကျော်သူမှ အင်တာဗျူးများတွင် ပြောကြားခဲ့သော်လည်း ကောင်းမှုကုသိုလ်ပြုလုပ်ရန်အတွက် နေ့ရက် သတ်မှတ်၍ လုပ်ဆောင်ရန် မလိုအပ်သည့်အတွက် ယခုကဲ့သို့ ဂျာနယ်၊ သတင်းစာများ၌ ဖတ်ရှုမိသူတို့၏ ဆက်သွယ်အကြောင်းကြားလာခြင်းတို့ကြောင့် ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ “ကုသိုလ်လုပ်သည့်နေ့သည်ကား - ရက်ရာဇာ” “အကုသိုလ်လုပ်သည့်နေ့သည်ကား - ပြဿ ဒါး” ပင်ဖြစ်တော့သည်။
ကျော်သူ 
ဓာတ်ပုံ-ကျော်သူ(Facebook)

သမ္မတအိုဘားမား တောင်အာဖရိကကို ခရီးဆက်

တောင်အာဖရိကနိုင်ငံသို့ ဦးတည်ထွက်ခွာသွားကြသော သမ္မတအိုဘားမားနှင့်ဇနီး။ (ဇွန်လ ၂၈၊ ၂၀၁၃။)
တောင်အာဖရိကနိုင်ငံသို့ ဦးတည်ထွက်ခွာသွားကြသော သမ္မတအိုဘားမားနှင့်ဇနီး။ (ဇွန်လ ၂၈၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စုနဲ့ အာဖရိကတိုက်အကြား ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်ရေး ရည်ရွယ်ချက်နဲ့ အာဖရိက သုံးနိုင်ငံ ခရီးထွက်နေတဲ့ သမ္မတ Barack Obama ဟာ သောကြာနေ့က တောင်အာဖရိကနိုင်ငံကို ခရီးဆက်သွားနေပြီ ဖြစ်ပါတယ်။

ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီအရေး တိုးမြှင့် လုပ်ဆောင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် သူ့ရဲ့ နှစ် ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ပဲ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ၁၈ ရာစုနှစ်က အာဖရိကတိုက်က ကျွန်တွေကို အဓိက တင်ပို့ခဲ့တဲ့ ကြေကွဲဖွယ်ကောင်းတဲ့ Goree ကျွန်းကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။

တောင်အာဖရိနိုင်ငံ Pretoria ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသားအရောင် ခွဲခြားအုပ်ချုပ်မှု တိုက်ဖျက်ရေးခေါင်းဆောင် Nelson Mandela ကို သမ္မတ အိုဘားမား သွားကြည့် မကြည့်ဆိုတာတော့ မသေချာသေးပါဘူး။ သမ္မတအိုဘားမား သွားလည်နိုင်ရေးကိစ္စနဲ့ ပတ်သက်လို့တော့ မစ္စတာ မန်ဒဲလားရဲ့ မိသားစုကပဲ အဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။
ဒါပေမယ့် မစ္စတာမန်ဒဲလား နှစ်ပေါင်း ၂၀ ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကိုတော့ သမ္မတ အိုဘားမား စနေနေ့မှာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

တောင်အာဖရိကခေါင်းဆောင်ဟောင်း မစ္စတာ မန်ဒဲလားဟာ တကမ္ဘာလုံးရဲ့ သူရဲကောင်းဖြစ်တယ်လို့ ကြာသပတေးနေ့မှာ သမ္မတ အိုဘားမားက ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။
VOA

သရုပ်ဆောင် အလုပ် ပြန်လုပ်နေပြီ ဖြစ်တဲ့ ထိုက်စံမော့စ်

 
မော့စ် ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “အနိုင်အရှုံး မရှိတဲ့ သက် ဆုံးတိုင်အချစ်” ဆိုတဲ့ ဗီဒီယို ကားမှာ ထိုက်စံမော့စ် က မိုးယုစံ နဲ့ အတူ သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းလေးက လူငယ်တွေ အတွက် ပညာပေး ကားလေးဖြစ်တယ် လို့ ပြောပြခဲ့ပါတယ်။ ၂လလောက် ကားရိုက် နားထားပြီး ပထမ ဆုံး ပြန်ရိုက်ထားတဲ့ ကားဖြစ်ပါတယ်။ နားထားတဲ့ ၂လ အတွင်း မှာလည်း အနုပညာ နဲ့ ပတ်သက်တာတွေကိုပဲ လေ့လာဖြစ်နေပြီး ပြန်ရိုက်တဲ့ အခါမှာ စကား ပြော တာ လေးတွေတော့ ပြန်ပြင်ရ တယ်လို့ ပြောပြခဲ့တာကတော့ “ဒီကားက နားထားတဲ့ ၂လ အတွင်းမှာ ပြန်ရိုက်တာ ပထမဆုံးကားပေါ့။

ဒီကား မှာကလည်း ဖိုက်တင်လေး ဘာလေး နည်းနည်း ပါတယ် ဆိုတော့ ဒီနားနေတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်ဖို့ အတွက် လေ့ကျင့်တယ်။ ဒီကားလေးမှာ ကိုယ် သရုပ်ဆောင် ရမယ့် ဇာတ်ရုပ်တွေ ကိုလေ့ကျင့် တယ်။ ကားစရိုက်တော့ လည်း တခြား အခက်အခဲတော့ မရှိပါဘူး။ ကင်မရာနဲ့ ကလည်း ရင်းနှီး နေပြီးသားလေ။ ဒါပေမဲ့ စကား ပြော တာလေး ပြန်ပြင် ရတယ်။ အဲဒါ လေးတော့ ပြန် လေ့ကျင့်နေရတယ်။ လိုအပ်ချက်တွေ ကတော့ ရှိနေသေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။


ထိုက်စံမော့စ်က သီချင်း ဆိုတာကိုတော့ ဝါသနာ ပါပေမယ့် သရုပ်ဆောင် လိုင်းတစ်ခုတည်းကိုပဲ လုပ်ဖြစ်သွားမှာ ဖြစ် ကြောင်း ပြောပြခဲ့ပါတယ်။ “သီချင်း ဆိုတာ ဝါသနာ ပါတယ်။ ဒါပေမဲ့ ဒီသရုပ်ဆောင်လိုင်း တစ်ခုကိုပဲ လုပ်ဖြစ်နေတယ်။ ကျွန်တော်က စီးရီးတွေ၊ သီချင်းလိုက် ဆိုတာမျိုးတွေေ တာ့ ရှိလာမှာမဟုတ်ဘူး။ တစ်ခါ တလေ ပရိသတ် ကဆိုပြပေးပါ တောင်းဆိုတဲ့ အခါမျိုးဆိုရင်တော့ ဆိုပြမယ်။

သီချင်းဘက်ကိုပါ ပူးတွဲ လုပ်တာမျိုးတော့ မ လုပ်ဘူး။ဒီအနုပညာ သရုပ်ဆောင် လိုင်း တစ်ခု ကိုပဲ တစိုက်မတ်မတ် ကြိုးစားသွား မယ်။ နောက်ပိုင်း ရိုက်တဲ့ကားတွေမှာလည်း ထူးထူး ခြားခြားဖြစ်အောင် ကြိုးစားသွားမယ်” လို့ ပြောလာတဲ့ ထိုက်စံမော့စ် က ပရိသတ် ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ့် ကားမျိုးတွေကိုလည်း ရွေးချယ် ရိုက်ကူးသွား မှာဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

နှစ်နိုင်ငံသဘောတူညီချက်အရထိုင်းနိုင်ငံသို့ စေလွှတ်ထားသည့် အလုပ်သမားအချို့ အခက်တွေ့

 
ထိုင်းမှာအလုပ်လုပ်ဖို့ ဘန်ကောက်ရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ကို အတင်းအကျပ် ခေါ်ဆောင်ခံရပြီးနောက် မြန်မာအချင်းချင်း ကယ်တင်လို့ လွတ်မြောက်ခဲ့ပါတယ်။

နှစ်နိုင်ငံသဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့  အလုပ်သမား ၃၆ လောက်ဟာ မြန်မာနယ်စပ်ဘက်ကို မနေ့ညက ပြန်ပို့ခံခဲ့ရတာပါ။

သူတို့ဟာ ထိုင်းနိုင်ငံကို ရောက်လာဖို့ ရွှေလမ်းဖွင့် ကုမ္ပဏီကို မြန်မာကျပ်ငွေ ၃ သိန်းခွဲပေး ဆောင်ခဲ့ရသလို ထိုင်း-မြန်မာနယ်စပ် မြ၀တီမှာ ၆ လအထိ စောင့်ဆိုင်းခဲ့ရပြီး ဧပြီလကုန်ပိုင်းမှာ ဘန်ကောက်ကို ရောက်ရှိခဲ့ကြပါတယ်။

သူတို့ကို နတ်ခွန်းစ၀မ်မှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရမယ်ဆိုပြီး စာချုပ်ပြီးခေါ်လာခဲ့ရာက အလုပ်အကိုင်မယ်မယ်ရရ မပေးတာကြောင့် ကုမ္ပဏီကို အကြိမ်ကြိမ်သွားပြောရာမှာ ကုမ္ပဏီကနေ သူတို့ကို အလုပ်သွင်းပေးမယ်ဆိုပြီး နယ်စပ်ပြန်ပို့ခဲ့တာလို့ အလုပ်သမား မမိုးသူဇာသိန်းက ပြောပါတယ်။

“မနက် ၁ နာရီလောက် ကုမ္ပဏီက ဦးမျိုးမြင့်လေးကိုယ်တိုင် ပထုံဌာနီနားလေးက ပွဲစားအိမ်မှာ ထားတယ်။ ၁ နာရီလောက် ပထုံဌာနီကိုရောက်လာပြီး အလုပ်သတ်မှတ်ဖို့ သံရုံးမှာ လက်ဗွေနှိပ်ရမယ်ဆိုပြီး ကျမတို့ကို ကား ၂ စီးနဲ့ ခေါ်တယ်။ ကားပေါ်မှာ အလုပ်သမားတွေချည်း ထည့်လွှတ်လိုက်တယ်။ လမ်းမှာ ချောင်းကြည့်တော့ သံရုံးဘက်သွားတဲ့ အနေအထားမရှိဘူး။ တောဘက်ကိုသွားမယ့် ပုံစံ၊ ဒါနဲ့ ကျမတို့လည်း ဒါမြန်မာပြည်ပြန်ပို့တာပဲ ဆိုပြီး ကားသမားကို အတင်းရပ်ခိုင်းတာ။ ကားသမားက ကျမတို့ကို လမ်းမှာချပေးခဲ့ပြီး ထွက်ပြေးသွားတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ကို အလုပ်သမားတွေက ဖုန်းဆက်လို့ သွားရောက်ကူညီခဲ့တာလို့ အမ်အေတီအဖွဲ့ရဲ့ ဒုတာဝန်ခံ ဦးခိုင်ကြီးက ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ တောင်မတက်ခင် တယောက်နဲ့ တယောက် ရုန်းရုန်းဖြစ်ပြီး ကားသမားက ထွက်ပြေးသွားတယ်တဲ့။ ကျနော်တို့ကို အကြောင်းကြားတော့ အချိန်မီသွားပြီး သူတို့ရှိတဲ့နေရာကို လိုက်စုံစမ်းပြီး ကယ်လာခဲ့တယ်။”

သူတို့ကို ဘန်ကောက်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မြန်မာသံရုံးမှာ  အကူအညီ တောင်းထားတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

အလုပ်မလုပ်ရသေးဘဲ ပြန်ပို့မယ်ဆိုရင် ထိုင်းကိုလာဖို့ ချေးလာခဲ့တဲ့ငွေတွေ မဆပ်နိုင်ဘဲ အခက်အခဲကြုံရတော့မယ်လို့ မမိုးသူဇာသိန်းက ပြောပါတယ်။

“အလုပ်ကောင်းကောင်းမွန်တခု လုပ်ချင်တယ်။ ယူလာရတဲ့ ချေးငွေတွေကလည်း အခု အတိုးရော၊ အရင်းရော ၁၀ သိန်းရှိသွားပြီ။ မြန်မာပြည်ပြန်ပို့မယ်ဆို ဘယ်လိုမှမဖြစ်ပါဘူး။ လုပ်စားစရာ မရှိဘူး။ ဘ၀ပျက်ဖို့ပဲ ရှိပြီ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး  ရွှေလမ်းဖွင့်ကုမ္ပဏီက ဦးမျိုးမြင့်လေးကို မေးမြန်းရာမှာ ဒီအလုပ်သမားတွေကို နယ်စပ်ပြန်ပို့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့လာတုန်းက ဆောက်လုပ်ရေးသမားလေးတွေ။ ဒီရောက်တော့ သူတို့မလုပ်နိုင်တော့ စက်ရုံကို ရွှေ့ပေးလိုက်တယ်။ စားသောက်ကုန်ထုတ်တဲ့ လုပ်ငန်းလေ။ အဲဒါလည်း အဲအလုပ်မကြိုက်ပြန်ဘူး။ အဲတော့ နောက်တခါရွှေ့ဖို့က အခက်အခဲဖြစ်လာတယ်။ ဒီအပေါ် ရွှေ့ဖို့က တရားဝင်မဖြစ်နိုင်တော့ဘူးဆိုတာ ကျနော်သိတယ်လေ။ ဒါကြောင့် နယ်စပ်ပြန်ပြီး တရားဝင်ပြန်ဖြစ်အောင်လုပ်ပြီး ပြန်တက်လာအောင် ရည်ရွယ်လုပ်တာပါ။”

ဒီအလုပ်သမားတွေအတွက် မြန်မာသံရုံးကနေပြီး ထောက်ခံစာထုတ်ပေးမှာဖြစ်ပြီး ဒီထောက်ခံစာနဲ့ (work permit) ပြန်လျှောက်ကြရမယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှား ရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမားတင်သွင်းတာ ၂၀၀၉ ခုနှစ်က စတင်ပြီး အကျိုးဆောင်ကုမ္ပဏီ ၁၂ ခုက အလုပ်သမားပို့ဆောင်နေတာပါ။

အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၂ ခုအနေနဲ့ အမ်အိုယူအရ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဟုတ်မဟုတ် စိစစ်တင်ပြဖို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

by နော်နိုရင်း  (ဒီဗွီဘီ)

ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မူ အတွင်း လူ (၂) ဦးသေဆုံး

 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

refugeeဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူသိသလောက် ရှင်းပြရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် အစိုးရမှ တည်ဆောက်ပေးသော အိမ်ယာ အစီအစဉ်ကို လက်ခံသူများနှင့် လက်မခံသူများဟူ၍  အုပ်စု (၂) စုကွဲနေကြောင်း၊ အုပ်စု တစ်ခုက အစိုးရက စီစဉ် တည်ဆောက်ပေးသော အိမ်ယာများတွင် နေထိုင်နေကြောင်း၊ ယမန်နေ့က မိုးရွာသဖြင့် အိမ်များ မိုးယိုရာ  အိမ်ကို ပြုပြင်နိုင်ရန်အတွက် လိုအပ်သော ၀ါးများ၊ ဓနိများကို သယ်ယူရန် သွားစဉ် အစိုးရ၏ အိမ်ယာ ဆောက်လုပ်ပေးမူ အစီအစဉ်ကို လက်မခံသော အုပ်စုက တုတ်ဓါးများ တိုက်ခိုက်ရန် ကြိုးပမ်းသဖြင့် အနီးအနားရှိ တပ်စခန်းသို့ ၀င်ပြေးကြကြောင်း၊ စစ်တပ်မှ ဟန့်တားသော်လည်း မရကြောင်း၊ နောက်ပိုင်းတွင် လူအုပ်ဖြင့် စစ်သားများကိုပါ ရန်ရှာလာသဖြင့် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မူကြောင်း တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ နောက်ပိုင်းမှ သေဆုံးသွားခဲ့ကြောင်း ပြောကြားသည်။

ယခုအခါ သေဆုံးသူများ၏ အလောင်းများမှာ  ပေါက်တောမြို့နယ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦး၏ အလောင်းသာ ပေါက်တော ဆေးရုံသို့ ရောက်ရှိပြီး ယခုအခါ အလောင်းကို သက်ဆိုင်ရာ ဒုက္ခသည် စခန်းရှိရာသို့ ပြန်လည် ယူဆောင်သွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

သေဆုံးသူ ဘယ်နှစ်ဦးရှိသည်ကို မိမိတို့ အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ရဲတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးနေတုန်း ဖြစ်ကြောင်း၊ ပိုမိုသိလိုပါက ပြည်နယ် အဆင့်တာဝန်ရှိသူများကိုသာ ဆက်သွယ်မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။

ပြည်နယ်အဆင့် တာဝန်ရှိသူ ဦးဝင်းမြိုင်ထံ ဆက်သွယ်သော်လည်း လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုံးမှာ စက်ပိတ်ထားပါတယ်ဟု ပြန်လည် ဖြေကြားသဖြင့်  အသေးစိတ် အချက်အလက်များကို မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။

နိရဉ္စသတင်း ဌာန

ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်

ဒါရိုက်တာ အဏ်ထော်နီ
 ၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက လေယာဉ်ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒါရိုက်တာ အဏ်ထော်နီက ရိုက်ကူးချိန်ခြောက်လသတ်မှတ်ပြီး ရိုက်ကူးစရိတ်တချို့ကို ပြန်ကြားရေးဝန်ကြီး ဌာနဆီတင်ပြတောင်းခံသွားမယ်လို့ ဒါရိုက်တာအဏ်ထော်နီက ဆိုပါတယ်။ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၃၀၀၀ လောက် ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

“ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ဟိုတလောက လာတွေ့တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အနုပညာသမားတွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တခုပေါ်လာတယ်။ ဇာတ်လမ်းကောင်းတယ်၊ ကမ္ဘာကို သွားလို့ရနိုင်တဲ့အတွက် လိုအပ်ရင် ရုပ်ရှင်သမားတွေကို နိုင်ငံတော်က မတည်ပြီး ထုတ်ချေးပေးမယ်ပြောလို့ ကိုယ်တိုင် နိုင်ငံတော်သမ္မတဆီတင်မယ်၊ ခွင့်ပြုချက်ရတဲ့အပေါ် မူတည်ပြီး ဇာတ်ကားကို ထုတ်ချေးမယ်။”

ဒီဖြစ်ရပ်ကိုရိုက်ကူးတဲ့အခါမှာ လိုအပ်မယ့် အမေရိကန်နိုင်ငံထုတ် ဒါကိုတာ လေယာဉ်ပုံစံကိုတော့ အမေရိကန်နိုင်ငံကိုပဲ အကူအညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးဖို့အတွက် အဓိကကျတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကိုပေးချင်တဲ့ အချက်အလက်အလက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဏ်ထော်နီက အခုလိုပြောပါတယ်။

“ကမ္ဘာနဲ့ချီပြီး ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းဆိုတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာရော၊ ပထမဆုံးစလုပ်တဲ့သူက စွန့်ဦးတီထွင်ပဲလေ။ ကိုယ့်နိုင်ငံက စွန့်ဦးတီထွင်ပြီး သတ္တိရှိရှိနဲ့ လေယာဉ်ပြန်ပေးဆွဲတယ်ဆိုတော့၊ အသက်ကိုတောင်စွန့်ပြီး လုပ်ခဲ့တဲ့ ကြံစည်မှုကြီး။ ဒီလို ကြံစည်မှုမျိုးကို လုပ်ရဲတဲ့သတ္တိရှိသူဟာ ကိုယ့်နိုင်ငံက ပေါက်ဖွားခဲ့တဲ့သူတွေ ဖြစ်လို့ ဒါကို ရိုက်ပြလာခြင်းအားဖြင့် ကမ္ဘာကို ချပြရတာ ဂုဏ်ယူစရာပေါ့။”

နိုင်ငံတကာဖြန့်ချိမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးတာဖြစ်တဲ့အတွက် တိကျတဲ့ အချက်အလက်မှန်တွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဦးစောကျော်အေးက ကူညီပေးမယ်လို့ အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဗိုလ်စောသိန်းကျော် (ကွယ်လွန်) ရဲ့ သားဖြစ်သူ ဦးစောဒေါဒေါက ပြောပါတယ်။

ကေအန်ဒီအိုက သူတို့အဖွဲ့အတွက် လိုအပ်တဲ့လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ သယ်ယူဖို့အတွက် လေယာဉ်တစ်စီး လိုအပ်လာတာကြောင့် လေယာဉ်ကို ရယူလိုရုံသက်သက် ပြန် ပေးဆွဲမှုကို ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့နေရာမှာ နာမည်ရနေတဲ့ မင်းသား၊မင်းသမီးတွေကို လုံးဝသုံးမှာ မဟုတ်ဘဲ အသစ်တွေနဲ့သာ ရိုက်ကူးမယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဦးနုအစိုးရ လက်ထက် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲခဲ့တဲ့ လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကေအန်ဒီအို အဖွဲ့ဝင် ၃ ဦးက ဦးစီးပြီး ပြန်ပေးဆွဲခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေအနက် ဦးစောကျော်အေးက သက်ရှိထင်ရှားရှိပြီး ကျန် ဦးစောသိန်းကျော်နဲ့ အငြိမ်းဆိုတဲ့ပုဂ္ဂိုလ်တို့ကတော့  ကွယ်လွန်သွားပြီဖြစ်ပါတယ်။

 by ယုဇနကိုကို  (ဒီဗွီဘီ)

လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို

 
ဇွန်၊၂၈

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

စိုင်းနောင်  -  Popular Myanmar News Journal

သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးရမယ် – ဒေါ်အောင်ဆန်းစုကြည်

 
မီဒီယာတွေက ချောင်ပိတ်စေနိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေးသမားတွေ ရင်ဆိုင် ဖြေဆိုရမှာဖြစ်ပြီး တကယ်တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်တာပါ။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတက ဖော်ဆောင်နေတယ်၊ ဒါပေမယ့် ဖော်ဆောင်မှုတွေက လွှတ်တော်နဲ့ သီးခြားဖြစ်နေတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်မိပါလဲ။

“ဝေဖန်မှုတွေရှိနေလို့လည်း ပိုနီးစပ်အောင်လုပ်နေတယ်လေ။ မနက်တုန်းကတောင် လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ တောင်းဆိုချက်အရ လာရှင်းပြတာတွေ ရှိတယ်။ ပို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထင်တယ်။ ဒီမိုကရေစီအစိုးရဆိုတာ လွှတ်တော်ကမပါဘဲ လုပ်လို့မရဘူး။ အစိုးရဆိုတာ လွှတ်တော်လည်းပါတယ်။ ၀န်ကြီးအဖွဲ့တင် မဟုတ်ဘူး။ နောက် အန်တီတို့မှာ သိပ်မရှိသေးတဲ့ တရားရေးမဏ္ဍိုင်ဆိုတာလည်း ပါရမယ်။ အားလုံး ၀ိုင်းဝန်းဆောင်ရွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မယ်။”

ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့က အန်တီကို မေးခွန်းတွေနဲ့ ချောင်ပိတ်စေနိုင်မယ့်အဖြစ်မျိုးတွေ ဖန်တီးနေတယ်လို့ တချို့ကမြင်တယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။

“ဒါက နိုင်ငံရေးလုပ်ရင် ဒီလိုမေးတဲ့ မေးခွန်းတွေဖြေရမယ်၊ နိုင်ငံရေးသမားတွေ ရင်ဆိုင်ရမှာပဲ။ တခုတော့ ရှိတယ်။ သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးဖို့ လိုတယ်။ ဒါမှ သတင်းသမားတွေအနေနဲ့ ချိန်ခွင်လျှာညီမျှတယ်လို့ လူတွေက မြင်မှာ။ နိုင်ငံရေးသမားတွေဆိုတာ နိုင်ငံရေးလုပ်တာမှန်တယ်။ တကယ်တော့ တိုင်းပြည်ထဲမှာ အုပ်ချုပ်ရေးအာဏာရှိတာ မဟုတ်ဘူး။ တိုင်းပြည်ထဲဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိတာက အစိုးရဖြစ်တယ်။ အဓိက တာဝန်ရှိသူတွေကို မေးဖို့က ပထမဆုံး လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။”

တရုတ်အစိုးရက မြစ်ဆုံနဲ့ပတ်သက်လို့ ပြန်စချင်တဲ့အရိပ်အယောင်တွေ ပြောနေတယ်။ ဒါနဲ့ ပတ်သက်လို့ရော။

“အဲဒီဟာက အစကတည်းက အန်တီပြောတယ်။ ရပ်လိုက်တယ်၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ ငါးနှစ်။ ဆိုင်းငံ့လိုက်တာ ၅ နှစ်ဆိုကတည်းက အန်တီတို့အနေနဲ့ ဘယ်လို စာချုပ်တွေချုပ်ထားပြီး ဘယ်လို သဘောတူညီမှုတွေ ယူထားမှန်းမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ အန်တီတို့ကနေပြီး မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။ အဲအတွက်လည်း အစိုးရကို မေးရမယ်။ ဘယ်လို သဘောတူညီချက်တွေရှိလဲ။ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဒီဟာကို သဘောတူထားတာလဲ။ အခု ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဆိုတာ။ ဆိုင်းငံ့တာက ဆိုင်းငံ့တာပဲ။ ဒါက ရပ်သွားတာမဟုတ်ဘူး။ နောင် ဘယ်လိုအစီစဉ်ရှိလဲဆိုတာ မေးရမှာ။ ဆိုင်းငံ့လိုက်တဲ့ အစိုးရကို မေးရမှာ။”

by ဒီဗွီဘီ

အစိုးရ ရုပ်သံသတင်းကို မိုဘိုင်းဖုန်းကနေ ကြည့်နိုင်တော့မယ်

 
ဒီကနေ့ ဖြစ်ပျက်တာတွေကို နောက်နေ့ ဆိုရင် သိကြရပါပြီ။ ဘာကြောင့်လဲ။
ဒီနေ့ဖြစ်တာတွေကို နောက်နေ့သတင်းစာတွေမှာ ထည့်သွင်းကြလို့ပါပဲ။

သို့သော်လည်း မြန်မာအစိုးရက ဒီကနေ့ဖြစ်ရပ်တွေကို လူအများ သိစေဖို့ ဒီကနေ့ ထုတ်ပြန်မယ့် နည်းလမ်း/အစီအစဉ် ရှိနေပါပြီ။

ဒီအကြောင်း ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ဒီမနက် ရန်ကုန်မြို့ ဆွေးနွေးပွဲတခုမှာ ပြောလိုက်တာပါ။

"လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့က စပြီးတော့မှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ ကြည့်နိုင်အောင် လုပ်မယ်။ ရေဒီယိုအစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ လုပ်မယ်" လို့ ဒုဝန်ကြီးက ပြောပါတယ်။

အဲ ... သူပြောသလို သတင်းဖြစ်ရပ်တွေ ချက်ချင်း သိနိုင်ဖို့ မိုဘိုင်းဖုန်းတော့ လိုပါမယ်။
မိုဘိုင်းဖုန်းလည်း လက်ရှိအရေအတွက်ထက် ပိုပြီး တိုးပွားလာမယ့် အလားအလာ ရှိနေပြီ ဆိုတော့ အစိုးရပြန်ကြားရေးဌာနရဲ့ ခြေလှမ်းတွေက အတော်ဟုတ်နေပြီလို့ ဆိုရပါမယ်။

အိုင်တီခေတ်မှာ အစိုးရပြန်ကြားရေးဌာနလည်း အိုင်တီနည်းနာတွေသုံးပြီး ဒီကနေ့ဖြစ်ရပ်ကို ဒီကနေ့ ထုတ်ပြန်ဖို့ လုပ်နေပြီလို့ နားလည်ရမယ် ထင်ပါတယ်။

"မနေ့ကဖြစ်တဲ့ဟာကို ဒီကနေ့ လာပြောနေလို့ မရတော့ဘူး" လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ကဲ ... အိုင်တီခေတ်မှာ အစိုးရသတင်းဌာနက မိုဘိုင်းဖုန်းသုံးသူတွေကို ပစ်မှတ်ထားလာပါပြီ။
မြန်မာ့အသံဟာ ခါတိုင်းလို လှေကြီးထိုးရိုးရိုးသတင်းဌာန မဟုတ်တော့ပါဘူး။

ငွေသုံးနိုင်တဲ့ သတင်းဌာနဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(ဦးရဲထွဋ်က မြန်မာ့အသံရဲ့ အိုင်တီခြေလှမ်းအကြောင်း ပြောသွားတာကတော့
အမုန်းပွား ရေးသားမှုလျော့ပါးသွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဆိုင်ရာ သတင်းကိုတော့   http://blog.irrawaddy.org/2013/06/blog-post_333.html နဲ့ http://www.irrawaddy.org/archives/38770 တို့မှာ ဖတ်နိုင်ပါတယ်)

မုန်းတီးမှု ဖြစ်စေသည့် ပြောဆိုချက်များ ဖေ့စ်ဘွတ်ကြောင့်ဟု ဦးရဲထွဋ်ပြော

 
မြန်မာပြည်မှာမုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့ ပြောဆိုရေးသားချက်တွေဟာ
 ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေက သွားနေတာဖြစ်ပြီး ပြည်တွင်းမှာ ဖေ့စ်ဘွတ်အကောင့် ၈ သိန်းလောက်တဲ့ထဲက ထက်ဝက်ဟာ အကောင့်အတုတွေ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန်မြို့က ချက်ထရီရမ်ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမုန်းတရားကာကွယ်ရေးစကားဝိုင်းမှာ သူက ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁.၀၅ သန်းရှိပြီး ဖေ့ဘုတ်အကောင့်အသုံးပြုသူ ၈ သိန်းနီးပါးမှာ ၅၀ ရာခိုင်နှုန်းက အကောင့်အတုတွေ သုံးကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“အင်တာနက်အသုံးပြုသူတွေဟာ ဖေ့ဘွတ်အကောင့်ရှိတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့် အကောင့်အတုတွေထားလဲ၊ အရင်အစိုးရလက်ထက်မှာ အင်တာနက်အသုံးပြုတာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်။ အီလက်ထရောနစ်လို ဥပဒေတွေနဲ့ အပြစ်ပေးတာတွေရှိတော့ လူတွေမှာ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်တဲ့ အကျင့်စွဲလာတယ်လို့ ယူဆပါတယ်။ ဒီလို ဖုံးကွယ်ပြီး ပြောဆို ဆွေးနွေးလာတာတွေဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ ပြောချင်တယ်။”

အင်တာနက်အသုံးပြုပြီး လူမှုကွန်ရက်မီဒီယာတွေမှာ မုန်းတီးမှုကို ဖြစ်စေတဲ့ ပြောဆိုချက်တွေ တဖြည်းဖြည်း များလာတယ်လို့ ဆိုပါတယ်။

“တဖက်က အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ တိုးချဲ့နေတယ်။ မိုဘိုင်းဖုန်းတွေ နောက်လာမယ့် ၂ နှစ်အတွင်း ၆ ဆတိုးချဲ့ပြီး၊ ဒီကနေ့ ဖုန်းသုံးစွဲသူ ၇.၃ သန်း၊ လူဦးရေအားဖြင့် မနှစ်က ၇ ရာခိုင်နှုန်းရှိရာက အခုအချိန်မှာ ၁၁. ၄၃ ရှိလာတယ်။ ၂၀၁၅-၁၆ မှာ အစိုးရဟာ မိုဘိုင်းဖုန်း ၄၅ သန်း၊ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်းသုံးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်။ အဲထဲက ထက်ဝက်ဟာ အင်တာနက်အသုံးပြုပြီး လူမှုကွန်ယက်မီဒီယာမှာ သွားနေတဲ့ မုန်းတီးမှုကိုဖြစ်စေတဲ့ ပြောဆိုချက်တွေဟာ တဖြည်းဖြည်းနဲ့ အင်တာနက်၊ လူမှုကွန်ယက်မီဒီယာတွေကို ရွှေ့သွားမယ်။ အဲလိုရွှေ့သွားတာဟာ မိမိ မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားလို့ရတယ်၊ မိမိပြောချင်တဲ့ သတင်းအချက်အလက်တွေကို အင်မတန်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ဖြန့်လို့ရတယ်။”

ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေပေါ်က အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ရေးသားဖော်ပြချက်တွေကြောင့် သာမန်ရာဇ၀တ်မှုတွေကနေ အင်မတန်ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်ပွားတာလို့လည်း ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“အဓိကတွေ့နေရတာဟာ မသန်စွမ်းသူတွေ၊ အလုပ်အကိုင်တွေ၊ အသားအရောင်တွေအကြောင်းပြောတာမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးစုအပေါ်မူတည်ပြီးပြောနေကြတာတွေ၊ ဒီထက်အန္တရာယ်ကြီးတာက အင်တာနက်ပေါ်မှာ ခွဲခြားဆက်ဆံမှုတွေဖြစ်စေတာကို ပြောနေသူတွေသည် နိုင်ငံရေးလောကမှာ အဓိကထားပြောနေတဲ့ အကြောင်းအရင်းတွေကို သုံးပြီး သပ်လျှိုတယ်။ သာမန်အားဖြင့် ဖြစ်နေတဲ့ ရာဇ၀တ်မှုတွေလေးကနေ အင်မတန်ကြီးတဲ့ ပြဿနာဖြစ်လာတယ်။ ဒါဟာ ဘာလို့်ဆိုတော့ လူတွေဟာ အင်တာနက်ပေါ်မှာ လူမှုကွန်ယက်မီဒီယာသွားနေတယ်။ ဒီကိစ္စတွေကို ဖတ်ရင်းနဲ့ တဦးချင်းစီရဲ့ စိတ်ထဲမှာ ကိစ္စတိုင်းကို ကြိုတင်ဆုံးဖြတ်တဲ့ပုံရိပ်က မသိစိတ်ထဲ သွားရှိနေတယ်။ တခုခုပြဿနာဖြစ်တိုင်း သူတို့ မသိစိတ်ထဲ လွှမ်းမိုးနေတဲ့ ကြိုတင်ဆုံးဖြတ်ထားမှုတွေကနေ၊ ပုံရိပ်တွေကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်လာတယ်။ ကိစ္စအများစုမှာ ဒီလိုပဲဖြစ်နေတယ်လို့ ယုံကြည်တယ်။”

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို အစိုးရက လုပ်နေတာ မဟုတ်သလို စစ်တပ်က လုပ်နေတာလည်း မဟုတ်ဘူးလို့ ဦးရဲထွဋ်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

“ဒီလိုဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုပြီး ပြောဆိုတာတွေ ရှိတယ်။ ခန့်မှန်းချက်တွေလည်း အမျိုးမျိုးရှိတယ်။ ရှိချင်လဲ ရှိချင်မယ်။ ရှိတဲ့သူရှိရင်လည်း ကျနော်တို့ကဖော်ထုတ် အရေးယူသွားမယ်။ သို့သော် အခိုင်အမာပြောချင်တာက အစိုးရအနေနဲ့ ဒီနောက်မှာ ကြိုးကိုင်မှုတွေရှိနေတယ်။ တပ်မတော်အနေနဲ့ ဒါတွေဖြစ်အောင် လုပ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ပြဿနာတွေဖြစ်လာရင် အရင်ဆုံးခေါင်းခဲရတာ၊ ဖြေရှင်းရတာ အစိုးရအဖွဲ့နဲ့ တပ်မတော်ပဲဖြစ်တယ်။”

စစ်တပ်ဟာ ဆိုင်ဘာစစ်ဆင်ရေးလုပ်နေတယ်ဆိုတာကိုလဲ သူက ငြင်းဆို ပြောကြားပါတယ်။    လက်ရှိအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင်အောင် လုပ်နေကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

 by ရွှေအောင်  (ဒီဗွီဘီ)

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆို

 
 ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ သမ္မတဆီ သ၀ဏ်လွှာတစောင် ရေးသားပြီး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

အကြောင်းကတော့ သမ္မတဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဆောင်ရွက်ချက်တွေ အနက် တချို့အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်တာတွေ ရှိသလို၊ တချို့အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခါမှာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေနဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ် လာနိုင်တယ်ဆိုပြီး ပြည်သူတွေနဲ့ အမတ်တွေက သူကို တင်ပြလာခဲ့ကြောင်း၊ ဒါကြောင့် ဒီကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးဖို့ လိုအပ်လာလို့ တောင်းဆိုရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် ဒီနေ့ သမ္မတဆီက သ၀ဏ်လွှာ တစောင် ပေးပို့လာပေမယ့် ဘယ်လို အချက်တွေ ဖော်ပြထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မသင့်သေးဘူးလို့ သူရဦးရွှေမန်းက ပြောပါတယ်။

by ဒီဗွီဘီ

မြန်မာ့ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ နော်ဝေနှင့် ကာတာကုမ္ပဏီ လာမည့်နှစ်ဆန်းတွင် ဝန်ဆောင်မှုစမည်

 
အာရှတိုက်တွင် နောက်ဆုံး ကျန်ရှိနေသည့် အကြီးဆုံး ဆက်သွယ်ရေး ဈေးကွက်ကြီးအဖြစ် နိုင်ငံတကာ အိုင်တီ ကုမ္ပဏီများက သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လက်ကျန်နှစ်နေရာကို ရရှိသွားသော နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့မှာ လာမည့် နှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းဈေးကွက်တွင် ဖုန်းဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ ရရှိသွားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာအပြီး နာရီပိုင်းအကြာတွင် ယင်းကုမ္ပဏီများက အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မည်သည့် ကုမ္ပဏီများနှင့်မျှ ပူးပေါင်းထားခြင်း မရှိသေးသော ယင်းကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် မေလ နောက်ပိုင်းတွင် ဖုန်းလိုင်ကတ်များ စတင်ရောင်းချပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသူများ မလုပ်ပါက အစားထိုးအနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ် လိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့် လွှတ်တော်တွင် အတည်ပြုပြီးမှသာ အဆိုပါ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများကို လိုင်စင်များ တရားဝင် ချပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလို ဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန် ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်း ဖြစ်သွားပြီ။ ဘယ်သူဘယ်လောက် လုပ်နိုင် မလဲဆိုတာက စကားပြောသွားလိမ့်မယ်” ဟု Programmer တစ်ဦးဖြစ်သူ ဦးရဲဝင်းအောင်က မှတ်ချက်ပေးသည်။
ယခုကဲ့သို့ ကြေညာခဲ့ခြင်းသည် အစိုးရအပေါ် ပြည်တွင်းပြည်ပမှ ယုံကြည်မှု ပိုမို ရရှိစေနိုင်ကြောင်း၊ လုပ်ကိုင်ခွင့် ရရှိနေသော ကုမ္ပဏီများသည်လည်း သင့်တော်သည်ဟု ထင်မြင်မိကြောင်း ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက မှတ်ချက်ပေးသည်။
နော်ဝေ အစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော TELENOL ကုမ္ပဏီက မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းလ်ဖုန်း၊ လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ဆက်သွယ်ရေးလိုင်စင် မရရှိမီက ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယားအစရှိသော နိုင်ငံများတွင် ဝန်ဆောင်မှု ပေးနေပြီး ယင်းဝန်ဆောင်မှုကို သုံးစွဲသူ အရေအတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။
အဆိုပါ ကုမ္ပဏီအနေနှင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီ ဖြစ်စေရန် HSPA နှင့် LTE နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ငါးနှစ်အတွင်း မိုဘိုင်းလ် ကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် မတ်လ ကျော်လွန်ပါက စတင်ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း TELENOL က တင်ဒါအောင်မြင်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်း မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တစ်သားတည်း ဖြစ်စေရန် မြန်မာနိုင်ငံနှင့် လိုက်ဖက်သော အမည်တစ်ခုလည်း ပေးသွားမည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။
အခြားလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သည့် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား အစရှိသော နိုင်ငံများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော Ooredoo ကုမ္ပဏီသည် အသုံးပြုသူ ၉၁ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေပြီး မြန်မာနိုင်ငံတွင် မည်သည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ကိုမူ မသိရှိရသေးပေ။
ယင်းကုမ္ပဏီမှာ အခြားယှဉ်ပြိုင်ဘက် ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားထားခြင်း မရှိသော်လည်း ဇွန်လ ၂၇ ရက်နေ့ ဆက်သွယ်ရေး လိုင်စင်ရရှိကြောင်း ထုတ်ပြန်အပြီး နာရီပိုင်း အကြာတွင် Ooredoo ၏ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံ ဒေသတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရ လွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင်၊ လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က ပြောကြားသည်။
ယခုလိုင်စင် ရရှိသော ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ Myanmar Telecom၊ ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီတို့ အနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချထားပေးရမည် ဖြစ်ရာ၊ ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်းတို့ကို ပြည့်မီအောင် တပ်ဆင်ပေးရမည် ဖြစ်သည်။
The Voice Weekly