Pages

Saturday, July 13, 2013

မြောက်ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ်းလက်နက်ကိုင်တွေငြင်း


နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ တဖွဲ့။

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံအရှေ့ခြမ်း ရှမ်းပြည်နယ်ထဲမှာ မြန်မာသူပုန်တွေက ဖမ်းဆီးထားတယ်လို့ တောင်ကိုရီးယား ဘက်က သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရှမ်းလက်နက်ကိုင်အဖွဲ့တွေ က ငြင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေဟာ နယ်စပ်တွေကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လေ့ရှိကြပေမဲ့ ဒီလိုလမ်းခုလတ်က ဖမ်းဆီးပြန်ပေးဆွဲမှုမျိုးကို မကြားသိကြဘူးလို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အနီး သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြောက်ကိုးရီးယား ၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီးတော့ ဘိန်းစိုက်ခင်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေမှာ အဓမ္မခိုင်းစေနေပြီး သူတို့ကိုပြန်ပေးဆွဲတဲ့အနေနဲ့ ငွေတောင်းခံနေတယ်လို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ ကင်မ်ဟီတေး က ပြောဆိုလိုက်ပါ တယ်။ တောင်ကိုးရီးယား အစိုးရဘက်က  ကင်မ်ဟီတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်း စည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆု ကလည်း သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။
ဒီလိုမျိုး ရှမ်းပြည်နယ်ထဲမှာ မြောက်ကိုရီးယားတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ဗွီအိုအေက စုံစမ်းမေးမြန်းကြည့်တဲ့အခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်ပြောခွင့်ရက သူတို့အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာမကြားမိကြောင်း ပြောဆိုပါတယ်။

“သူတို့ပြောတာ ဘယ်ဘက်လဲတော့ မသိဘူးခင်ဗျ။ ကျနော်တို့ ဒီ ဒေသဘက်မှာတော့ မကြားမိသေးဘူးခင်ဗျ။ ဒီဘက်မှာတော့။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA (North) ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆေးအွန် ကလည်း အရင်တုန်းက ဒီလိုမျိုး တရုတ်လူမျိုးတွေနဲ့ ကိုရီးယားလူမျိုးအချို့ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်လေ့ရှိတဲ့ အဖြစ်မျိုးတွေရှိပေမဲ့၊ ဒီလိုပြန်ပေးဆွဲဖမ်းဆီးထားတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ မကြားသိမိကြောင်း ပြောဆိုပါတယ်။

“ကျနော်တော့ တွေ့ဖူးတယ်ခင်ဗျ။ ကျနော်က အပေါ်ပိုင်း မြောက်ပိုင်းမှာ။ သူတို့အခုပြောတာက တောင်ပိုင်း တာချီလိတ်ဘက်မှာလေ။ အဲဒီမှာတော့ ရှိတာပေါ့။ အမြဲတမ်းရှိတာပဲ။ ယူနန်ကလည်း ရှိတယ်။ ကွမ်စီ ကလည်း ရှိတယ်။ အများကြီးပဲ။ တရုတ်တွေလည်း လာတယ်လေ။ ကိုရီးယားတွေလည်း လာတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲတယ် ဘာတယ်တော့ မရှိဘူး။ အခုမှ ကျနော် ကြားတာပါ။ ဒါက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ အတည်ပြုလို့တော့ မရသေးဘူး။ သူတို့က နမ့်ခမ်းကိုလာချင်ရင် တစ်သိန်း ကုန်တယ်ဗျ။ နောက်တခါ နယ်စပ်ကနေ တခါ ဘန်ကောက်ကို တစ်သိန်းလောက် ထပ် ကုန်တာပေါ့ဗျာ။ သူတို့ဖြတ်လာတာ တခါတလေကျရင် နမ့်ခမ်းဘက်က ဖြတ်တယ်။ ကျနော်တို့နယ်ပေါ့။ ဒါပေမဲ့ အခုကျတော့ ကျိုင်းတုံဘက်က ထွက်လာတယ်လေ။ အခုလာတဲ့လမ်းက ကျိုင်းတုံလမ်းပဲဗျ။ ဆစ်ဆောင်ပန်းနားလေ။ ကျိုင်းတုံ ကနေ တခါ တာချီလိတ်ဘက် ရောက်လာ တာပေါ့။ တာချီလိတ် ကူးပြီးရင်တော့ ထိုင်းကို ရောက်တယ်လေ။”

ထိုင်းနိုင်ငံတွင်းဝင်ရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံကို ဖြတ်ကျော်လာတာမျိုးရှိခဲ့ပေမဲ့ ဒီလို ပြန်ပေးဆွဲတဲ့ သတင်းမျိုးတော့ သူတို့ သေချာမသိရသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးခွန်ဆိုင်းကလည်း ပြောပါတယ်။

“MTA ခေတ်တုန်းက တရုတ်တွေက အဲဒီတုန်းက ထိုင်းနိုင်ငံထဲကို မတရားဝင်နေတဲ့အချိန်ပေါ့နော်။ ကျိုင်းတုံ ဘက်ကို ဖြတ်ပြီးတော့မှ လာတဲ့အချိန်ပေါ့။ အဲဒီတုန်းကတော့ မကြာခဏ ကြားရတယ်။ နောက်ပိုင်း မှာတော့ တရုတ်တွေ မရှိတဲ့အချိန်မှာ နောက်ပိုင်း ကိုရီးယားတွေ ထပ်ကြားတယ်။ ဒါပေမဲ့ ကိုရီးယားတွေ မကြားတာလည်း ကြာလှပြီ။ အစိုးရဘက်က ဖမ်းတာတွေ ဒလဆက် ကြားဖူးတာပဲ။”

တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက နယ်စပ်မှာ ပျောက်ဆုံးသွား တဲ့ မြောက်ကိုရီးယားတွေရဲ့ အရေးနဲ့ပတ်သက်ပြီး စုံစမ်းသိနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို အကူအညီတောင်းခံတာမျိုး ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းကလည်း ပြောပါတယ်။

“မြောက်ကိုရီးယား ဒုက္ခသည်အရေးကို ကိုင်တွယ်နေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ တောင်ကိုရီးယားမှာ ရှိတာကိုး။ ဒီလိုပဲ တချို့ မြောက်ကိုရီးယားလူမျိုးတွေဟာ ထိုင်းနိုင်ငံဘက် ကနေ ဖြတ်ပြီးတော့ မြန်မာနိုင်ငံထဲကို ၀င်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားသံရုံးမှာ ဒုက္ခသည်ခိုလုံခွင့်လုပ်ဖို့အတွက်ကို ကြိုးစားပေမဲ့၊ မြန်မာနိုင်ငံမှာရှိတဲ့ သူပုန်တွေကနေ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို သူတို့ရရှိပါတယ် ဆိုပြီးတော့ ပြောကောင်း ပြောလိမ့်မယ်။ သတင်းသမားတွေကလည်း အဲဒါကို ပြန်ပြီးတော့ အင်တာဗျူးတွေ ဘာတွေလုပ်ပြီးတော့ ဒါကို ပြန်ကားတာ ဖြစ်လိမ့်မယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။”

မြောက်ကိုးရီးယား အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ မူးယစ်ဆေးဝါးချက်တဲ့နေရာတွေမှာ အဓမ္မ ခိုင်းစေနေပြီး လူတဦးကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း အဲ့ဒီဒေသက တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ သိရှိခဲ့ရတာလို့ တောင်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူက သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ပြီးခဲ့တဲ့သောကြာနေ့က တောင်ကိုးရီးယား သတင်းဌာန Yonhap မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
 မဆုမွန် VOA

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်

မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ၀င်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေ ကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့ အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။
မြောက်ကိုရီးယား ကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေး အတွက် မကြာခင်မှာ အဖွဲ့တခု ဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။  တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေ တဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီးယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမ၀င်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာသူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။ 
မသိင်္ဂီထိုက် VOA

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်

မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ၀င်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေ ကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့ အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။
မြောက်ကိုရီးယား ကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေး အတွက် မကြာခင်မှာ အဖွဲ့တခု ဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။  တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေ တဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီးယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမ၀င်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာသူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။ 
မသိင်္ဂီထိုက် VOA

မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီရာက်

မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim Il Sung (ဝဲ) နဲ့ Kim Jong Il (ယာ) ရုပ်တုများ။
မြောက်ကိုးရီးယား ပြည်ပြေး ၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာသူပုန်အဖွဲ့တခုက ထိန်းသိမ်းထားပြီး ငွေပေးပြီး ပြန်လည် ရွေးယူဖို့လည်း တောင်းဆိုနေတယ်လို့ တောင်ကိုးရီးယား လူ့အခွင့်အရေးသမားတဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုးရီးယားက ထွက်ပြေးလာသူ ၆၄ ဦးကို တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြမှာ ကျွန်ပြုစေခိုင်းနေတယ်လို့ မြောက်ကိုးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ Kim Hee-Tae က ပြောဆိုလိုက်တာပါ။ မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူတွေ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုသွားရာ ခရီးတထောက် ၀င်ရောက်တဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ တောင်ကိုးရီးယား သာသနာပြု အဖွဲ့တခုဆီကနေ ဒီလို ကျွန်ပြု ခိုင်းစေမှုတွေ ကို သိရှိခဲ့ရတာလို့ ကင် ဟေတေး က ပြောပါတယ်။

“မြောက်ကိုးရီးယားတွေဟာ ထိုင်းနိုင်ငံကို သွားရာလမ်းမှာပဲ သူပုန်တွေရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာပါ။ သူပုန်တွေက သူတို့နယ်မြေကနေ ဖြတ်သွားတဲ့ အတွက် ပိုက်ဆံတောင်းခဲ့ပေမယ့် သူတို့မှာ ပေးစရာ ပိုက်ဆံမရှိပါဘူး။ ဒါနဲ့ပဲ သူပုန်တွေက သူတို့ကို ပြန်ပေးဆွဲထားလိုက်တာပါ။”

ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသားတွေကို ဘိန်းစိုက်ခင်းတွေမှာ စိုက်ရေးပျိုးရေး အလုပ်တွေ ခိုင်းစေပြီး အမျိုးသမီးတွေကိုတော့ ဘိန်းချက်ရာမှာနဲ့ အရက်ချက် စက်ရုံတွေမှာ အဓမ္မ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ကင်တေဟေးက ပြောပါတယ်။ လူတယောက်ကို အမေရိကန် ဒေါ်လာ ၅ ထောင်နဲ့ ရွေးယူရမယ်လို့လည်း သူပုန်တွေက ပြောဆိုတဲ့အကြောင်း သာသနာပြု အဖွဲ့အဆိုကို ကိုးကားပြီး ကင်တေဟေးက ပြောပါတယ်။
မြောက်ကိုရီးယား ကနေ ထွက်ပြေးလာသူတွေ လွတ်မြောက်ရေး အတွက် မကြာခင်မှာ အဖွဲ့တခု ဖွဲ့ပြီး လုပ်ဆောင်သွားဖို့ စီစဉ်မယ်လို့ ပြောဆိုလိုက်ပြီး တောင်ကိုးရီးယား အစိုးရအနေနဲ့လည်း ဒီလူတွေ လွတ်မြောက်ရေးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။  တောင်ကိုးရီးယား အစိုးရကတော့ ကင်ဟေတေးရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ ကင်ယောင်ဆုက သောကြာနေ့ အစောပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

“မြန်မာ သူပုန်တွေက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာသူ ၆၄ ယောက်ကို ဖမ်းဆီးထားပြီး အဓမ္မ အလုပ်စေခိုင်းနေတယ်ဆိုတာကို မီဒီယာတွေကနေ တဆင့် ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

ဒီသတင်းကိုတော့ သောကြာနေ့မှာဘဲ တောင်ကိုးရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှု အစာရေစာ ငတ်မွတ် ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုးရီးယား ပြည်သူတွေဟာ တောင်ကိုးရီးယားကို ထွက်ပြေးကြတာမှာ အရင်က တရုတ်ကို ဖြတ်သန်း သွားလာနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်တို့က ဒီလို ဖြတ်သန်းမှုကို တရားမ၀င်အဖြစ် သတ်မှတ် ဖမ်းဆီးပြီး မြောက်ကိုးရီးယားကို ပြန်ပို့နေတာပါ။ ဒါကြောင့်လည်း မြောက်ကိုးရီးယားက ထွက်ပြေးလာသူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျော်ဖြတ်ဝင်ပြီး ထိုင်းနိုင်ငံဘက်ကို နောက်ပိုင်းမှာ ဦးတည်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်ရှင်။ 
မသိင်္ဂီထိုက် VOA

Friday, July 12, 2013

စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်ကွက်

စက်မှုဝန်ကြီးဌာန ( သတင်းဓာတ်ပုံ- စက်မှုဝန်ကြီးဌာန တရားဝင် Face Book စာမျက်နှာမှ ကူးယူဖော်ပြသည်)

စက်မှုဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့က ရရှိတဲ့ ဝင်ငွေ ကျပ် သန်းပေါင်းများစွာ ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးသွင်းဖို့ ပျက်ကွက်ခဲ့ တာနဲ့ ပါတ်သက်လို့ စာရင်းစစ်ချုပ်ရုံးရဲ့တွေရှိချက်ကို ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာန ၂ ခုက နိုင်ငံတော်ကို ဘဏ္ဍငွေ ပြန် မသွင်းတဲ့ ကိစ္စကို စာရင်းစစ်ချုပ်ရုံးက သမ္မတနဲ့ လွှတ်တော်တွေကို အသိပေး ခဲ့ပြီးနောက် မှာ ပြည့်သူ့ ငွေစာရင်းကော်မတီက ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်၊ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

ဝန်ကြီးဌာနတွေက နိုင်ငံတော်ကို ဘဏ္ဍာငွေ တွေ ပေးသွင်းဖို့ ကျန်ရှိနေ တာတွေ ကို စာရင်းစစ် ချုပ်ရုံး က တွေ့ရှိတဲ့ အပေါ်မှာ အခြေခံ ပြီးတော့ လွှတ်တော်၂ ရပ် က ပူးပေါင်း ဖွဲ့စည်း ထားတဲ့ ပြည်သူ့ငွေစာရင်းကော်မတီက ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ မှာ  ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ဟာ ၂၀၀၇ ခုနှစ် ကစပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို သွင်းရမယ့် ငွေကြေး သန်းပေါင်းများစွာကို ပေးသွင်းဖို့ ကျန်နေတဲ့ အတွက် စာရင်းစစ်ချုပ် ရုံး က နေ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော် ၂ ရပ်ကို အသိပေးခဲ့တယ်လို့ လွှတ်တော် ၂ ရပ် က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ ငွေစာရင်း ကော်မတီ မှာ ပါဝင်သူတွေကပြောပါတယ်။

ဒါကြောင့် ဒီဝန်ကြီး ဌာန ၂ ခု က နိုင်ငံကို သွင်းဖို့ ကျန်နေတဲ့ ငွေတွေ ဘယ်တော့ ပြန်သွင်းနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်လို့လဲ  လွှတ်တော် ၂ ရပ် က ဖွဲ့စည်းထားတဲ့ ပူးပေါင်းငွေစာရင်းကော်မတီ က ၀န်ကြီးဌာနက ထိပ်ပိုင်း တာဝန်ရှိသူတွေ က ခေါ်ယူမေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့ အဓိက အကြောင်းနဲ့ ပါတ်သက်လို့ ပြည်သူ့ငွေစာရင်းကော်မတီ ဒုဥက္ကဌလဲဖြစ် ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဌလဲဖြစ်တဲ့ ဦးသူရိန်ဇော်ကပြောပါတယ်။

"ပြည်သူ့လွှတ်တော်က မေးပြီးတော့မှ ကျနော်တို့က သိချင်တာတွေကို ထပ်ခေါ်မေးတာပါ။ သိပ်မကျေလည်တဲ့ဌာန၊ နည်းနည်း ဟိုဝှာဖြစ်တဲ့ ဌာန ခေါ်မေးတာပါ။"

ဝန်ကြီးဌာန တွေ အနေနဲ့ ပြည်သူ့ဘဏ္ဍငွေတွေ ကို သုံးစွဲနေတာ ဖြစ်တဲ့ အတွက်ထင်သာမြင်သာ ရှိရှိ လုပ်ကိုင်ကြဖို့ နဲ့ စာရင်းတွေကို လည်း စနစ် တကျ တကျ ထားရှိဖို့ ပြည်ထောင်စု အစိုး၇ စီမံဖို့ တွေ ကို လည်း ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သူက တင်ပြ ခဲ့ပါတယ်။

" ပြည်သူ့ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ပြည်သူများ ထင်သာမြင်သာဖြစ်စေရန် အတွက် စာရင်းအထားအသို စစ်ဆေးမှုများတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီဖြစ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။ အထက်ပါ ပြည်ထောင်စု လွှတ်တော်ကော်မတီရဲ့ ၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်ရ၊ သုံးများ အပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးချက်အစီရင်ခံစာ အား စိစစ်တင်ပြခြင်း အမှတ်(၁) -၂၀၁၃အား ပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေး စဉ်းစားပေးပါရန် နာယကကြီးမှတဆင့် အဆိုတင်သွင်း အပ်ပါသည်ခင်ဗျား။"

အခုလို ဝန်ကြီးဌာန ၂ ခု ဖြစ်တဲ့ စက်မှု နဲ့ သတ္တု တွင်း ဝန်ကြီးဌာနတွေဖက်ကတော့ ပေးသွင်းဖို့ကျန်တဲ့ ပြည့်သူ့ဘဏ္ဍာ တွေကို ဒီနှစ် ၂၀၁၃ မတ်လဘဏ္ဍာနှစ်အတွင်းမှာ ပေးသွင်းဖို့ ကို ဂတိပေးသွားခဲ့တယ်လို့ ဆိုပါတယ်။

" အခုထက်ကတော့ စက်မှုကတော့ ပြေလည်သွားပြီ။ သူက တခုပြတယ် အဲ့လိုပေါ့လေ။ သတ္တုကတော့ ဒီဘက်ဂျက်နှစ်ကုန်ပေါ့လေ အဲ့လိုပေါ့။ ဘက်ဂျက်နှစ်ကုန် မတ် ၃၁ရက်နေ့အတွင်းပေါ့။ သတ္တုက နည်းမည်းများတယ်။ မတ်လ ၃၁ရက်အတွင်း ပေးမယ်ပေါ့ အဲ့လိုပေါ့နော်။"

စက်မှု ၀န်ကြီး ဌာန က နိုင်ငံတော် ကို ပေးသွင်းဖို့  ငွေကျပ် ၄၂ သန်း ပေးသွင်းဖို့ ကျန်နေသေးပြီး ၊ သတ္တုတွင်းဝန်ကြီးဌာန က ငွေကျပ် ၄၁၀၂၁.၄၆  သန်း ပေးသွင်း ဖို့ အသီးသီး ကျန်နေတယ်လို့ စာရင်းစစ်ချုပ်ရုံး ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေ ကပြောပါတယ်။

"စက်မှုဝန်ကြီးဌာနကဗျာ ပိုက်ဆံတွေ ပေးသွင်းဖို့ အများကြီးကျန်တယ်။ အမှတ်၃ အကြီးစားစက်မှုလုပ်ငန်း သွင်းဖို့ငွေကျန်တယ်။ အထည်ချုပ်လုပ်ငန်းကျန်တယ်။ စက်မှုဆေးဝါးကျန်တယ်။ စက်မှုဝန်ကြီးဌာနလက်အောက်ပေါ့နော်။ စက်မှုဝန်ကြီးဌာန ပေးသွင်းရန်ကျန်ငွေက ၄၂သန်းပေါ့။ သတ္တုတွင်းက နောက်ဆုံးသွင်းဖို့ကျန်တာကဗျာ ၄၂၀၂၁.၄၆ကျပ် ကျန်တယ်။ ကုမ္ပဏီ ၃၅ခုက သွင်းဖို့ကျန်တယ်။"

အခု လို သတ္တတွင်းဝန်ကြီးဌာနက ကျန်တဲ့ ငွေတွေ ဟာ ရေထုတ်လုပ်ရေး လုပ်နေတဲ့ ကုမ္ပဏီ ၃၅ ခု က ပေးသွင်းဖို့ ကျန်နေတာ ဖြစ်ပြီးတော့ တိုက်ပွဲ တွေ ဖြစ်နေတဲ့ ကချင် ပြည်နယ် လို နေရာ မျိုး မှာရှိတဲ့  ရွှေတွင်းတွေက ပိုက်ဆံတွေ မသွင်းနိုင်သေးတာ ဖြစ်တယ် ၀န်ကြီးဌာန တာဝန်ရှိသူ တွေက
ရှင်းလင်း ထွက်ဆိုသွားတဲ့အကြောင်း ဦးလှဆွေက ပြန်ပြောပြပါတယ်။

ဒီငွေကြေး တွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ်အမြန်ဆုံး သွင်းနိုင်ဖို့ ပူပေါင်း ပြည်သူ့ လွှတ်တော် ငွေစာရင်းကော်မတီ က တိုက်တွန်းခဲ့တယ်လို့ လည်း ကော်မတီဝင်တွေရဲ့ အပြောအရ သိရပါတယ်။
စက်မှု ၀န်ကြီး ဌာန ကလဲ သူတို့ ဘာကြောင့် ဘဏ္ဍာငွေ မသွင်းနိုင်သလဲ ဆိုတာကို လွှတ်တော်မှာ ခုလို ရှင်းပြခဲ့တယ်လို့ ဦးသူရိန်ဇော်က ပြောပြပါတယ်။

" စက်မှုက သူကရှင်းပြတာဗျာ  တလလားမသိဘူး။ သွင်းဖို့ကျန်တဲ့ဟာကို စောင့်ထားတာက သူတို့မှာ ဆောက်ထားတဲ့ အဆောက်အဦးကြီးရှိတယ်။ ကုမ္ပဏီက ဆောက်ပြီး ထားထားတာ၊ အဲ့တာကို သူတို့ပြန်စစ်လိမ့်မယ်။ တစ်သန်းလောက်နီးနီးပြန်ရလိမ့်မယ်။ အစက ဂိုဒေါင်တို့ဘာတို့ ဆောက်ထားခဲ့တာ။ အဲ့တာက နည်းနည်းကျေတဲ့သဘောရှိတယ်။ ဒါပေမဲ့ ကျန်တာက စာရင်းစစ်ရုံးက ပြန်စစ်ရမှာ၊ ဒီအဆောက်အဦးက အဲ့သလောက် တန်လားမတန်လားဆိုတာပေါ့နော်။"

ဝန်ကြီးဌာနတွေက နိုင်ငံတော် ကို သွင်းဖို့ ကျန်နေတဲ့ ငွေကြေး တွေ ဟာ အရင် စစ်အစိုး ရလက်ထက်က ပေးသွင်းဖို့ ကျန်နေတဲ့ လက်ကျန်ငွေတွေဖြစ်ပါတယ်။


အောင်ရဲ မောင်မောင် (ဗွီအိုအေ)

Air India- AI ရန်ကုန်-ကာလကတ္တား ခရီးစဉ် တိုးချဲ့ပျံသန်းမယ်

 
ရန်ကုန်- ကာလကတ္တား ခရီးစဉ်သစ်ကို ဇူလိုင်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဗုဒ္ဓဟူးနေ့ တိုင်း ပြေးဆွဲ မှာ ဖြစ်တယ် လို့ အိန္ဒိယအခြေစိုက် The Statesman အွန်လိုင်းသတင်း တပုဒ်က ဖော်ပြထားပါတယ်။ 

လေကြောင်းလိုင်းရဲ့ ခရီးစဉ်အသစ် ဖြစ်တဲ့ AI- 227 ဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားက ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၅၀ မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။ 

ရန်ကုန်က အပြန်ခရီးကိုတော့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲက ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ကာလကတ္တားကို ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အဲယား အိန္ဒိယ AI လေကြောင်းလိုင်းအနေနဲ့ အခု ပြေးဆွဲမယ့် ခရီးစဉ်သစ်မှာ ခရီးသည် ၁၄၄ ဦးလိုက် ပါနိုင်တဲ့ အဲယား ဘတ်စ် ၃၁၉ ( Airbus 319) လေယာဉ်တွေကို အသုံးပြုမှာဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ဆိုပါတယ်။ 

လက်ရှိ အဲယား အိန္ဒိယ AI လေကြောင်းလိုင်းဟာ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တပတ် တကြိမ်နှုန်းနဲ့ တနင်္လာနေ့ တိုင်း ပျံ သန်း ပြေးဆွဲနေတာပါ။ 

အခုလို ဗုဒ္ဓဟူးနေ့ တိုင်းပြေးဆွဲမှု ခရီးစဉ်သစ်ကြောင့် ရန်ကုန်- ကာလကတ္တား ခရီးစဉ် ပြေးဆွဲမှုဟာ တပတ်ကို ၂ ကြိမ်ဖြစ်လာတော့မှာပါ။ 


အိမ့်သံစဉ် ~ဧရာဝတီ

ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှ အထောက်အပံ့တောင်းခံခဲ့ဟု ဆို

ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှအထောက်အပံ့တောင်းခံခဲ့

ဂျကာတာ ဇူလိုင် ၁၁

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ ( RSO ) မှ ခေါင်းဆောင်နှစ်ဦးသည် အင်ဒိုနီး ရှား နိုင်ငံသို့ မကြာသေးခင်က လာရောက်၍ အကြမ်းဖက်မှုဆိုင်ရာ အထောက်အပံ့များ ရရှိရေးအတွက် သဘောထား တင်းမာသည့် အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု
ဂျကာတာပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

RSO မှ ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဘာသာရေး ခေါင်းဆောင် Abu Arif နှင့် စစ်သွေး ကြွခေါင်းဆောင် Abu Shafiyah တို့သည် တိုက်ခိုက်ရေးသမား ၊ လက်နက် ၊ ငွေကြေးနှင့် ဗုံးလုပ်နည်းညွန်ကြားပေးမည့်သူများကို လာရောက်အကူအညီးတောင်းခံခဲ့ခြင်း ဖြစ်သည်
ဟု ဆိုထားသည်။

ထို့အပြင် ရိုဟင်ဂျာများကို နှိပ်ကွပ်မှု ပြုနေသေူများအား ပြန်လှန် တိုက်ခိုက်ရန်အတွက် ရိုဟင်ဂျာ ၃၀၀ ခန့် ကို ရခိုင်ပြည်နယ်အတွင်း၌ ပင်(Ar Rahmah ဆိုက်တွင်မူ လျှို့ဝှက်နေရာဟု ဆိုထားသည်) စစ်သင်တန်း ပို့ချလျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ ခရီးစဉ်အကြောင်းကို အစွန်းရောက် တို့၏ Ar Rahmah Medai Network ၀က်ဘ်ဆိုက် တွင် ဖော်ပြထားခြင်း ဖြစ်သည်။ထို့အတူ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား စစ်သင်တန်းပေးနေသည်ဆိုသော ဓာတ်ပုံ ၂၈ ပုံ ကိုလည်း အဆိုပါဝက်ဘ်ဆိုက်ဒ်တွင်
လွှင့်တင်ခဲ့ပြီး ယင်းသည် ကမ္ဘာအနှံမှ မွတ်ဆလင်များအား ဘာသာရေးစစ်ပွဲစတင်ဆင်နွဲရန် တွန်းအားပေးနိုင်လိမ့်မည်ဟုလည်း ယင်းဝက်ဘ်ဆိုက်ဒ် တွင် ဆိုထားသေးသည်။

KYL
Popular Myanmar News Journal

အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်

 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI) အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

RFA Burmese

Thursday, July 11, 2013

Generation Wave အဖွဲ့မှ အတွင်းရေးမှုး ကိုဝေဖြိုး ဖမ်းဆီးခံရ

 
Generation Wave ရဲ့ အတွင်းရေးမှုး ကိုဝေဖြိုး(ခ) ဂလိကို သူတည်းခိုနေရာ ဟိုတယ်မှာ ပြည်မြို့အမှတ်(၁)ရဲစခန်းမှ စခန်းမှုးဦးအောင်လင်းက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးရခြင်းအကြောင်းရင်းက ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက Generation Wave ကပြုလပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှုကို ဦးဆောင်စီစဉ်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလှုပ်ရှားမှုမှာ ကိုဝေဖြိုး(ခ)ဂလိနဲ့အတူပါဝင်ခဲ့တဲ့ GW အဖွဲ့ဝင်၂ဦးတို့အဖမ်းခံခဲ့ရပြီး ကိုဝေဖြိုး(ခ)ကတော့ လွတ်မြောက်နေခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ပြန်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြည်အကျဉ်းထောင်မှာ ၇ လနီးပါးချုပ်နှောင်ထားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလ မှာ ထောင်ဒဏ် ၃လ (သို့မဟုတ်) ဒဏ်ငွေ ၃သောင်းချမှတ်ခဲ့ပါတယ်။

ယခု ကိုဝေဖြိုး(ခ)ဂလိကို ဖမ်းဆီးမှုဟာ အဲ့ဒီနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် ဖမ်းဆီးတာဖြစ်ပြီး၊ လက်ရှိပြည်မြို့တရားရုံး အချုပ်ခန်းမှာ ချုပ်နှောင်ခံထားရပါတယ်။ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇နဲ့တရားစွဲဆိုထားပြီး အာမခံမရနိုင်ဘူးလို့ သိရပါတယ်။ Generation Wave အနေနဲ့ ကိုဝေဖြိုး(ခ)ဂလိအပါအ၀င် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရိုဟင်ဂျာ တရားဝင်လက်ခံရေး မြန်မာအစိုးရကို အင်ဒိုနီးရှား ဖိအားပေး

 
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တိုးလာနေတဲ့အချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ (Marty Natalegawa) က မြန်မာအစိုးရကို ပြည်တွင်းမှာ မတူကွဲပြားတဲ့ လူမှု အသိုင်းအ၀ိုင်း နှစ်ရပ်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်သွားဖို့ လိုအပ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ တရားဝင် ရပိုင်ခွင့်တွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံတ၀ှမ်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈ သိန်းလောက်ရှိတယ်ဆိုတဲ့ ရိုဟင်ဂျာ အများစုကို မြန်မာအစိုးရက နိုင်ငံသား ခံယူခွင့် မပြုပါဘူး။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ က တင်းမာမှုတွေ လျော့ပါးရေးအတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့အတွက် အင်ဒိုနီးရှားအနေနဲ့ အားတက်မိတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူနိုင်ရေးကိစ္စ ရှိနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော ပတ်သက်နေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စကို အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုလို့ ကျနော်တို့ အားတက်မိပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တရားဝင် အသိအမှတ်ပြု ခံရပြီး အခြားကျန် နိုင်ငံသားတွေနဲ့အတူ ဥပဒေအရ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးဆိုတာကို ကာလကြာရှည် ခံယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ရောက်လာကြတဲ့ ဘင်္ဂါလီတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာ နာတလီ ဂါဝါ က မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား တဘက်နဲ့တဘက် ယုံကြည်မှု မရှိကြတာ တွေ့ရပြီး၊ အဲ့ဒီကတဆင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့လည်း ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဒီမိုကရေစီ စတင်ဖော်ဆောင်ရာမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြေရှင်းယူခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါကြောင့်လည်း လူမှုအသိုင်းအ၀ိုင်းတွေကို ပြန်လည်တည်ဆောက်ရာမှာ မြန်မာအာဏာပိုင်တွေကို အင်ဒိုနီးရှားရဲ့ အတွေ့အကြုံ မျှဝေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဖြေရှင်းရမယ့် ကိစ္စရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အရင်က ပြောထားပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်သွားရမှာပါ။ အချိန်ပိုင်းခြားထားလို့ မရပါဘူး။ တချိန်တည်းမှာ လူမှုအသိုင်းအ၀ိုင်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုပါတယ်။”

ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ဟာ ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့အတွက် လှေတွေနဲ့ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ခရီးလမ်းကနေ ထွက်ပြေးကြရာမှာ ဘယ်နှစ်ဦး သေဆုံးခဲ့ကြတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ အင်ဒိုနီးရှားအနေနဲ့ ဒီနှစ်အတွင်း ဒေသန္တရ ညီလာခံတရပ် ကျင်းပပြီး ဒေသတွင်းမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေအတွက် လျော့ပါးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ဒေါ်လှလှသန်း (ဗွီအိုအေ)

ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ

 
ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေးထားသည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့် Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံမှ မူဆလင် ရိုဟင်ဂျာများကို လူသစ် စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီများက စွပ်စွဲလိုက်သည်။

LeT က HuJi အဖွဲ့၏ အထောက်အပံ့ဖြင့်ဖွင့် လှစ်ထားသော အကြမ်းဖက် သင်တန်းများသို့ ရိုဟင်ဂျာများကို စုဆောင်း ခေါ်ယူနေသည်ကို ISI အဖွဲ့က အကူအညီပေးနေသည်ဟု အဆိုပါ ထောက်လှမ်းရေး အေဂျင်စီများအား ကိုးကား၍ အိန္ဒိယ အခြေစိုက် Express News Service က ရေးသားထားသည်။

ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂယာတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့အပြီး အိန္ဒိယ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် လုံခြုံရေး အေဂျင်စီများက နယ်စပ်ရှိ တပ်ဖွဲ့များကို ပြောဆိုထားသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အဆိုပါ လမ်းကြောင်းများ မှတဆင့် အိန္ဒိယသို့ ဝင်ရောက်လာကြ၍ ဖြစ်သည်။

အိန္ဒိယ မြို့ပေါ်ရှိ ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များအား စောင့်ကြည့်မှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း အကြမ်းဖက်သမား ခေါင်းဆောင်များ တရားမဝင် ခိုးဝင်လာသူများ အနေဖြင့် စိမ့်ဝင်လာခြင်း မရှိနိုင်ဟု မဆိုနိုင်ကြောင်း ထောက်လှမ်းရေး အေဂျင်စီများက ဆိုသည်။

သို့သော် အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့ အပါအဝင် ဘာသာစုံ အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်း အဖွဲ့အစည်းများ၊ လူမှု အဖွဲ့များကမူ ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မူဆလင်များအပေါ် ထင်မြင်ချက်ပေးကြသည့် ကောလာဟလများအပေါ် အလေးထား ယုံကြည်မှု မပြုကြရန် ပန်ကြားထားသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ထောင့်ပေါင်းစုံမှ ပြုလုပ်သွားမည် ဖြစ်သော်လည်း အလျင်စလို ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း သံသယဖြင့် ဖမ်းဆီးထားသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦးအား သက်သေ အထောက်အထားမရှိ၍ ပြန်လွှတ်ပေးလိုက်ပြီးနောက် ပြောဆိုသွားသည်။

မဇ္ဈိမသတင်းဌာန

ဂျပန်တွင် အပူဒဏ်ကြောင့် လူ ၃ ဦးသေဆုံးကာ ထောင်နှင့်ချီ၍ ဆေးရုံသို့ တင်ပို့ရ

 
ဂျပန်နိုင်ငံတွင် အပူဒဏ်ကြောင့် တစ်ပတ်အတွင်း လူ ၃ ဦးသေဆုံးပြီး အခြား လူပေါင်း ၂,၅၀၀ ကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ပြောကြားသည်။

ယာမာနာရှီတွင် ယနေ့ အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ် အထိ မြင့်တက်ခဲ့ပြီး အခြားနေရာများတွင်လည်း အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင်လ ပထမပတ်အတွင်း အပူဒဏ်ခံစားရမှုကြောင့် လူပေါင်း ၂,၅၉၄ ဦးအား ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ယင်းတို့အနက်မှ ၃ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အပူဒဏ်ကြောင့် သေဆုံးသူများနှင့် ဆေးရုံသို့ တင်ပို့လိုက်ရသူများ၏ ၄၂ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။ ဂျပန်တွင် ယခုသီတင်းများအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နေသဖြင့် အစိုးရက အပူဒဏ်ကာကွယ်ရေး သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။

Planet Myanmar Network

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားအား ၀ိုင်းဝန်ရိုက်သတ် ခဲ့တဲ့ တရားခံတွေ ဖမ်းမိပြီ

မောင်အောင်ဝိုင်းချစ်သူ ၏ နောက်ဆုံးခရီး တွင်တွေ့မြင်ရစဉ်ပုံ။

မုံရွာစီးပွားရေး တက္ကသိုလ် မှ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ (၂၁) နှစ်အား ၀ိုင်းဝန်းပြီး ရက်စက်စွာ ရိုက်သတ်ခဲ့သော မုံရွာ စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား ဖြစ်သူ ရှမ်းကြီး(ခ)ဇော်မိုးအောင် နှင့် စိုင်းရဲသူရ စာရင်းအင်း ဒုတိယနှစ် (ဘ) ဦးမြိုင်ဆွေ ဟိုပင်မြို့ နေသူ တို့ပါဝင်သော (၉)ဦးအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့ မုံရွာအမှတ်(၁/၂)ရဲစခန်းတို့မှ ပူးပေါင်း၍ ဖော်ထုတ်အရေးယူဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း မုံရွာစီးပွားရေး တက္ကသိုလ် အသိုင်းအ၀ိုင်း နှင့် ရဲတပ်ဖွဲ့ သတင်းများအရ သိရှိရကြောင်း Monywa Times သတင်းမှာ ဖော်ပြထားပါသည်။

မောင်အောင်ဝိုင်းချစ်သူ မှာ မုံရွာမြို့၊ သလ္လာမြို့သစ်ရ့ပ်ကွက်၊ ကျောက္ကာလမ်း၌ တည်ရှိသော ရွှေမင်းသမီး အမျိုးသမီး ဘော်ဒါဆောင်ရှေ့၌ ယခုလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့သော အမှောင်ရိပ်ခို လူရိုက်ပွဲကြီးတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်း ဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင် ပညာသင်ယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူ တစ်ဦးလည်း ဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂) ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်ခဲ့မှ တရားခံများအား ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။
Thit Htoo Lwin

Wednesday, July 10, 2013

» မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ

 
ရန်ကုန်၊ ဇူလိုင် ၉

ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်အော် အနီးရှိ M-3 လုပ်ကွက်တွင် လက်ရှိ စမ်းသပ် တူးဖော်နေသော လုပ်ကွက် သုံးခုမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သော သဘာဝ ဓာတ်ငွေ့သိုက် အသစ် ရှာဖွေတွေ့ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။

PTTEP ကုမ္ပဏီသည် အောင်သင်္ခ ၄၊ ၅ နှင့် ၆ အစမ်း တွင်း သုံးတွင်း ကို ဖေဖော်ဝါရီလမှ စတင်၍ စမ်းသပ် တူးဖော်ခဲ့ပြီးနောက် အဆိုပါ တွင်းများ မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၄ သန်းနှင့် ရေနံစည်ပေါင်း ၂၀,၀၀၀ ကျော် ထုတ်ယူနိုင်ဖွယ်ရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

PTTEP ကုမ္ပဏီသည် အဆိုပါ M-3 လုပ်ကွက်ကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အောင်သင်္ခ ၁ နှင့် ၂ တို့တွင် ၂၀၁၁ ခုနှစ်မှ စတင်၍ သဘာဝဓာတ်ငွေ့ စတင် ထုတ်ယူနေရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ ဒသမ ၁၄ သန်း ထုတ်လုပ်နေကြောင်း စွမ်းအင် ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ယခု အသစ် တွေ့ရှိရသော သဘာဝဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူပြီးပါက ပြည်တွင်းတွင် အသုံးပြုရန် ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ထံမှ သိရသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ၂၀၀၅ ခုနှစ်ကတည်း က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်ယူရေး လုပ်ငန်းသည် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဒုတိယနေရာတွင် ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၄၃၇၂.၂၇၂ သန်းအထိ ရင်းနှီး မြှုပ်နှံထားသည်။

The Voice Weekly

ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပစ်ခတ် နှိမ်နင်း

 
စီချွမ်၊ ဇူလိုင် ၉

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဒိုဖူ ဒေသတွင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုပေါင်း၍ ဆုတောင်းခြင်း၊ အမွှေးတိုင်များ ထွန်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ခွဲထွက်ရေး လှုပ်ရှားမှု ပြည်ပြေး ခေါင်းဆောင်ဖြစ်သူ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်ပွဲအဖြစ် စီချွမ်ပြည်နယ် ဒိုဖူဒေသရှိ တောင်ပေါ်နေရာ တစ်ခုတွင် တိဘက် ဘုန်းတော်ကြီးများနှင့် တိဘက်များက စုဝေး၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲ ပြုလုပ်သူများကို တရုတ်ရဲက သေနတ်၊ မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်း တွင် သေနတ်ထိမှန်ခဲ့ကြောင်း တိဘက်အရေး အပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ (International Campaign for Tibet) က သတင်း ထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘေဂျင်း အစိုးရအနေနှင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိပေ။

ထို့ပြင် ဘီဘီစီ သတင်းဌာနက စီချွမ်ပြည်နယ် ဒိုဖူ ဒေသ အာဏာပိုင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

တရုတ် အစိုးရက ပြည်ပ ဂျာနယ်လစ်များကို တရုတ်ပြည်တွင်း ဝင်ခွင့်ကို တင်းကျပ်ထားရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အတည်ပြုရန်အတွက် အခက်အခဲရှိကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ပြည်ပြေး သတင်းဌာန တစ်ခုဖြစ်သော Phayul တွင် ဖော်ပြ ထားချက်အရ အဆိုပါ ဆုတောင်းပွဲကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ် ခဲ့ခြင်းကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်းကို ထိမှန်ခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း၊ နောက်ထပ် လူ လေးဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ရဲတွေက ကား ပြတင်းပေါက်တွေ၊ တံခါးတွေကို ရိုက်ခွဲပြီးတော့ အဲဒီမှာ စုဝေး ဆုတောင်းနေကြတဲ့ တိဘက်တွေကို စရိုက်တာပါပဲ။ နောက် ပြီးတော့ သေနတ်နဲ့ ပစ်ပြီး လူစုခွဲခဲ့တာပါ” ဟု ဒေသခံ တစ်ဦးက လွတ်လပ်သော အာရှအသံ သတင်းဌာနကို ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ တစ်ဦးမှာ ၂၀၁၁ ခုနှစ်က မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် သီလရှင် တစ်ပါးနှင့် မောင်နှမ တော်စပ်သူ တစ်ဦးဖြစ်ကြောင်း Phayul သတင်းတွင် ဖော်ပြထားသည်။

တိဘက်ဒေသကို တရုတ် အစိုးရက အုပ်ချုပ်နေခြင်းကို ဆန့်ကျင်သည့် အနေနှင့် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့သူ အရေအတွက်မှာ လူဦးရေ ၁၁၀ ထိ ရှိသွားပြီ ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ တိဘက် ရဟန်းတော်များနှင့် သီလရှင်များ ဖြစ်ကြ သည်။

ယင်းကဲ့သို့ မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှုများမှာ တိဘက် ပြည်သားများ အများအပြားရှိသည့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အဖြစ်များသည်။

တရုတ် အစိုးရက တိဘက်အရေး လှုပ်ရှားသူ ဒလိုင်းလားမားအတွက် ဝတ်ပြု ဆုတောင်းပွဲများ ကျင်းပခြင်းကို ထိန်းချုပ်ထားခြင်းအပေါ် လျှော့ပေါ့ပေး လိုက်သည်ဟူသော သတင်းကို တရုတ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် လ နှောင်းပိုင်းက ပယ်ချခဲ့သည်။

ယခု ဝတ်ပြု ဆုတောင်းပွဲသည် တရုတ် အစိုးရက ဒလိုင်းလားမားနှင့် ပတ်သက်သော ဆုတောင်းပွဲများ အပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ပေး လိုက်ပြီဟူသော သတင်း ထွက်ပေါ်လာပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

လိမ်လည်ဆေးကုသည့် တရုတ်ဆေးခန်းများကို သတိထားရန် ကျန်းမာရေး ၀န်ကြီးပြော

 
ရန်ကုန်တိုင်းအတွင်းမှာ တရုတ်ဆေးဆရာတွေက ကုသနေတဲ့ တရားမ၀င် ဆေးကုခန်းတွေကို ပိတ်သိမ်းဖို့ သက်ဆိုင်ရာက ညွှန်ကြားပြီးဖြစ်ပေမယ့် ဆိုင်းဘုတ်ဖြုတ်ပြီး ဆက်ကုနေတာကြောင့် ပြည်သူတွေ သတိထားဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သတိပေးပြောဆိုပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မမှန်မကန် လုပ်နေတဲ့ ဆေးခန်းတွေကို ဘယ်လို အရေးယူဆောင်ဖို့ရှိသလဲဆိုပြီး ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ နေလင်းက
 မေးတာကို ပြည်ထောင်စုဝန်ကြီးက ခုလိုဖြေကြားခဲ့တာပါ။

ဝန်ကြီးက အဲဒီ ဆေးခန်းတွေဟာ ဘယ်သူ့ဆီကမှ ကုသခွင့်လိုင်စင်မရဘဲ မမှန်မကန် လုပ်ဆောင်နေတာတွေကြောင့် ပိတ်သိမ်း အရေးယူပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် ခုလို မှောင်ခို ဖွင့်လှစ်ကုသမှုတွေ ဆက်ပြီးလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အနောက်တိုင်းဆေးတက္ကသိုလ်တွေက ဘွဲ့ရသူလည်းမဟုတ်၊ တိုင်းရင်းဆေး ကုသခွင့် ရထားသူလည်း မဟုတ်သူတွေ အတော်များများ ၀င်ရောက်နေပြီး ဆေးကုသမှုတွေ လုပ်နေလို့ သတိထားဖို့ သင့်တယ်ဆိုပြီး ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောပါတယ်။

by ဒီဗွီဘီ

Tuesday, July 9, 2013

ဗဟိုချုပ်ကိုင်မှုကို လျော့ချသည့် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း စတင်ခွင့်ပြု



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဗဟိုအစိုးရအဖွဲ့၏ ချုပ်ကိုင်မှုကို လျော့ချပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအား အာဏာခွဲဝေသည့် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များကို ဗဟိုအစိုးရအဖွဲ့ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း စတင်ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

''မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုက အာဏာရှင် စနစ်ကနေ ဖက်ဒရယ်စနစ်ကို သွားနေတာပါ။ ပင်လုံဖက်ဒရယ်ဆို ၁၀ နှစ်ကြာရင် ခွဲထွက်ခွင့် ပေးရမယ်။ အခု ဖက်ဒရယ် စနစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့် အာဏာကို အစိုးရလက်စွဲဆိုတဲ့ စာအုပ်နဲ့ ခွင့်ပြုချက်ပေးတာပါ။ Power Sharing လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် ပါနေပြီးသားပါ'' ဟုလည်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်က ဆက်လက ပြောကြားသည်။

အရင်တုန်းက အစိုးရအဖွဲ့တွေ အနေနဲ့ ကိုယ့်လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။ အခုတော့ ကိုယ့်ပြည်နယ်က ဘာရှိတယ်။ ဘာလုပ်ပေးခွင့်ရှိတယ်။ ဘယ်လို ဥပဒေမျိုးတွေ ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာမျိုး သိလာရပါပြီ။ ကိုယ့်ပြည်နယ်အတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း စိစစ်ခွင့်၊ ပြည်နယ်အခြေအနေနဲ့ မကိုက်ညီရင် ကန့်ကွက်ခွင့်တွေ ရလာပါပြီ...

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းများအား ဖော်ပြထားပြီး ပုဒ်မ ၁၈၈ တွင် 'တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်' ဟု ပြဋ္ဌာန်းထားသဖြင့် ဇယား ၂ ပါ ခွင့်ပြုချက်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုက်လျောညီထွေမှု ရှိသည့် ဥပဒေများ ပြဋ္ဌာန်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍရှစ်ခု ခွဲခြားထားပြီး အဆိုပါ ကဏ္ဍများတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် မိမိဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရလက်စွဲ စာအုပ်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်အား ခွင့်ပြုပေးလိုက်သည့် အတွက် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ အနေဖြင့် မိမိတို့ လုပ်ပိုင်ခွင့် ရှိသည်များ၊ ဥပဒေပြဋ္ဌာန်းခွင့် ရှိသည်များ၊ ဗဟိုအစိုးရမှ ဆုံးဖြတ်ခွင့် ရှိသည်များအား ခွဲခြားလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

''အရင်တုန်းက အစိုးရအဖွဲ့တွေ အနေနဲ့ ကိုယ့်လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။ အခုတော့ ကိုယ့်ပြည်နယ်က ဘာရှိတယ်။ ဘာလုပ်ပေးခွင့်ရှိတယ်။ ဘယ်လို ဥပဒေမျိုးတွေ ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာမျိုး သိလာရပါပြီ။ ကိုယ့်ပြည်နယ်အတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း စိစစ်ခွင့်၊ ပြည်နယ်အခြေအနေနဲ့ မကိုက်ညီရင် ကန့်ကွက်ခွင့်တွေ ရလာပါပြီ'' မွန်ပြည်နယ် အစိုးရ အဖွဲ့မှ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးနိုင်လ၀ီအောင်က ပြောကြားသည်။

  Eleven Media Group မှ

Monday, July 8, 2013

ဗုဒ္ဓဂါယာ ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်ပြီး အမျိုးသား တဦးကို ဖမ်းဆီး

 
၀၈.၀၇.၂၀၁၃ (တနင်္လာနေ့)

မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်မှာ ဗုံးလိုက်ထောင်နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် အကဲဖြတ် လေ့လာ ဆန်းစစ် မှုတွေ ပြုလုပ်နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တယ်ဆိုတာကတော့ အခု အချိန်အထိ မသိရသေးပါ။

BBC Burmese

Sunday, July 7, 2013

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

 
တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ်များကို ယခုလ အတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေးသွားနိုင်ဖွယ်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထား
တာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လ လောက်ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်း
လိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

မြ၀တီ

Miss Asia Pacific World 2013 သို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ကျွမ်းဘားချဉ်ပီယံ ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ကြားခြင်း ခံရသော Miss Asia Pacific World 2013 ပြိုင်ပွဲကို (၂၀၁၃)ခ...ုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားခဲ့သော်လည်း အောက်တိုဘာလ(၃၀)ရက်နေ့ကိုရွှေ့ဆိုင်းကြောင်းကြေညာထားကြောင်း သိရသည်။

Miss Asia Pacific World 2013 တွင်မြန်မာနိုင်ငံက စတင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss Asia Pacific World ပြိုင်ပွဲကို ၂၀၁၀က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် Miss Asia Pacific World 2013 ကို တောင်ကိုရီး ယား ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။
ပါဝင်ယှဉ်ပြိုင်မည့် မထားထက်ထက်သည် မြန်မာ့ ကျွမ်းဘား လက်ရွေး စင်ဟောင်း တစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများတွင်ပြုလုပ်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲ များသို့ လက်ရွေးစင်တစ်ဦးအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၂ခုနှစ် Miss Myanmar International 2012 တွင် third runner up နှင့် Miss ရခိုင် 2012 တွင် Miss ရရှိခဲ့ကြောင်းသိရသည်။

Miss Asia Pacific world သည် Talent ယှဉ်ပြိုင်သည့်ပြိုင်ပွဲ တစ်ခုဖြစ် ကြောင်း သတင်းရရှိသည်။

27th Sea Games, Myanmar 2013

မြစ်ရေတိုက်စားပြီး ကမ်းများပြိုကျခြင်းကြောင့် အိမ်ခြေ ၁၅၀ ခန့် ပြောင်းရွှေ့ 

 
 ဇူလိုင်လ ၇ ရက်နေ့ 

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် မြင်းကျွန်းအုပ်စု မရိုးကုန် သိမ်ကုန်း ကျေးရွာများတွင် ယခုမြစ်ရေကြီးမှုကြောင့် ကမ်းပါးများပြိုကျပြီး ရွာအိမ်ခြေ ၁၅၀ ခန့်ပြောင်းရွှေ့ နေရပါသည်။

ထိုသို့ပြောင်းရွေရာတွင် ပြည်သူ ၊ စစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ အရန် မီးသတ်တပ်ဖွဲ့ ၊ သုဂတိ စေတနာရှင်
ပရဟိတအသင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် အခြားစေတနာရှင်အသင်းတို့ မှ လာ
ရောက်ကူညီခြင်း အိမ်များ ပြောင်းရွေခြင်းများကို ၀ိုင်းဝန်း ညီမှုများ ပေးကျပါသည်၊

ယခုဆိုလျင် သိမ်ကုန်း ဘုန်းတော်ကြီး ကျောင်းခြေသို့ ကမ်းပြိုခြင်းများ နီကပ်လာသဖြင့် အပြန်ဆုံး
ဖျတ်ဆီး ပြောင်းရွှေ့ နေကြရပါသည် ။

လင်းယုန်နီ

ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ


07.07.2013
ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် ၂၁၄ ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ ထွက်လာတာဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ခရီးတထောက် ရပ်နားခဲ့ပါတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ မြေပြင်ပေါ်မှာ အမြီးပြုတ်ကျနေပြီး၊ တောင်ပံတဘက် လည်း ပြုတ်ထွက်နေတာ တွေ့ရပါတယ်။ လေယာဉ်ကိုယ်ထည်အပေါ်ပိုင်း တခုလုံး မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ လေယာဉ်အမြီး က ပြုတ်ကျတဲ့ အပိုင်းအစတွေက လည်း လေယာဉ်ပြေးလမ်းပေါ် မှာ ပြန့်ကျဲနေတာတွေ့ရပါတယ်။

လေယာဉ်ဟာ ပြေးလမ်းကို ထူးဆန်းတဲ့ ထောင့်ချိုးပုံစံနဲ့ ဆင်းလာပြီး၊ မြေပြင်နဲ့အထိမှာ လှုပ်ခါပြီး လေယာဉ်အမြီးပိုင်း ပြုတ်ထွက် သွားတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်မှုပုံစံမျိုး မဟုတ်ဘူးလို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI က တွေ့ရကြောင်း ပြောပါတယ်။ 
VOA

ဗုဒ္ဓဂါယာ မဟာဗောဗိပင် ဘုရား ပွင့်တော်မူရာ ညောင် ပင် ခြေရင်း ဗုန်းပေါက်ကွဲ

 
ဝမ်းနည်းဖွယ် ရာ
ဒီနေ့မနက် ၅:၄၅ ခန့် မဟာဗောဗိပင် ဘုရားပွင့်တော်မူရာ ညောင် ပင် ခြေရင်း ဗုန်းပေါက်ကွဲခဲ့ပါသည်။
၆း၀၀ ဝန်းကျင်အချိန်ထိ ၅လုံး ပေါက်ကွဲနေပါသည်။
 ကျန်၎ လုံးသည် ဘုရားပတ်ဝန်းကျင်သာ ဖြစ်ပါသည်
 ဒဏ် ရာရှိမှု လူနည်းချိန်ဖြစ်၍ အနည်ငယ်သာ ရှိနိုင်ပါသည်
 မြန်မာရဟန်းတော် တပါးသာ နှင့် တိဘက်လူမျိုးတစ်ဦး အနည်းငယ် ထိခိုက်ပါသည်။ 
ထိခိုက်သော ရဟန်းတော်မှာမြင်ခြံနယ်ဖွါး သိရီလင်္ကာကျောင်းဆင်း
ဦးဝိလာသက္က ဒေါက်တာဝင်ခွင့်ဖြေရန် စောင့်နေသော ရဟန်းဖြစ်ပါသည်။

ကျန်တာတော့ ဦးဇင်းလည်း ချက်ချင်း ပြေးလာခဲ့ပါသည်။

Utayza Monk