Pages

Saturday, September 7, 2013

» မွန်ပြည်နယ်သံဃာများ မော်တော်ယာဉ်နှင့်ဆိုင်ကယ် မောင်းပါက အရေးယူမည်


မော်လမြိုင်၊ စက်တင်ဘာ ၆

လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။

ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ် သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

လက်နက်ကိုင်ဆောင်ခွင့် ရဲများအပေါ် ကြီးကြပ်မည်



ရန်ကုန် ၊ စက်တင်ဘာ ၆ ။     ။ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဖြစ်ပွားခဲ့သည့် ရဲအချင်းချင်း ပစ် ခတ်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား လက်နက် ကိုင်ဆောင်မှုများကို စနစ်တကျ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတာဝန်ရှိသူက ''ရဲ တွေ  လက်နက်ကိုင်ဆောင်မှုနဲ့ပတ် သက်ပြီး စည်းကမ်းတင်းကျပ်မှု တွေ ပြန်လည်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိတယ်''ဟု ပြော သည်။

ပြည်သူ့ဝန်ထမ်းရဲတပ်ဖွဲ့ဝင် အရာရှိများအနေဖြင့် အရေးတ ကြီးတာဝန်ချိန်မှအပ ကျန်အချိန် များတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုရန်နှင့် ပြည်သူ့ဝန်ထမ်းရဲများ အနေဖြင့် အရပ်ဝတ်ဖြင့် လက် နက်ကိုင်ဆောင်ခြင်းများ တွေ့ရှိ ပါက အကြောင်း ကြားရန် စသည့် ကိစ္စများကို အထူးကြပ်မတ်သွား မည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိ ဦးမျိုးဝင်းက ''ရဲတပ်ဖွဲ့တွေမှာ အရာရှိအဆင့်ပဲ ကျည်ဆန်နဲ့ သေ နတ်ကိုင် ခွင့်ရှိတယ်။ အရာရှိမဟုတ် တဲ့ သာမန်အဆင့်ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်တော့ သေနတ်ပဲပေးထား တာ။ ကျည်မပေးဘူး။ လိုအပ်မှ ကျည်ဆန်ချပေးရတာ။ ရဲတွေ လက် နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေ အများ ကြီး ရှိတယ်''ဟုပြောသည်။

ယင်းကဲ့သို့ ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ် ကိုင်ဆောင်ကာ ပြဿနာဖြေရှင်း ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေဖြင့် လူအများပြောစရာကိစ္စ တစ်ခုဖြစ်ကြောင်းကို တရားလွှတ် တော်ရှေ့နေတစ်ဦးက ''ဒီကိစ္စက ရဲအချင်းချင်း ပြဿနာ ဖြစ် ရာက နေ စဖြစ်တာပေမယ့် သေနတ်နဲ့ ဖြေရှင်းတာကတော့ ဥပဒေမဲ့ရာ ကျလွန်းတယ်''ဟုပြောသည်။ မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ၂ ရက်က ဒုရဲအုပ်မှရဲအုပ်တစ်ဦးအား သေနတ်ဖြင့် တေ့ပစ်ခဲ့သော ကြောင့် ရဲအုပ်သေဆုံးခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group

ဒေါ်လာ ၅၀ နဲ့ နေပြည်တော်- ဘန်ကောက် သွားမယ်

ထိုင်းနိုင်ငံ ဘန်ကောက်က မြန်မာနိုင်ငံ နေပြည်တော်ကို အမေရိကန် ဒေါ်လာ ၅၀ ထဲနဲ့ ပြေးဆွဲမယ့် 
လေကြောင်းလိုင်းကတော့ အဲအးရှ ( Air Asia ) လေကြောင်းဖြစ်ပါတယ်။ 


 ဓာတ်ပုံ- traveldailynews.asia

အဲအေးရှအနေနဲ့ ဘန်ကောက်-နေပြည်တော် ခရီးစဉ်တိုးချဲ့ပြေးဆွဲမှုကို အောက်တိုဘာလားမှ စတင်မှာ ဖြစ်တယ်လို့ အဲအေးရှားက ထုတ်ပြန်ကြေညာပါတယ်။

ဗန်ကောက်- နေပြည်တော် ခရီးစဉ်ကို အောက်တိုဘာလ ၂၈ ရက်က စတင်ပြေးဆွဲ မှာ ဖြစ်ပြီး လေယာဉ် ကွင်း အခွန်နဲ့ အခြား အခွန်အခ တွေအပါအ၀င် လေယာဉ်လက်မှတ်ခက ခရီးစဉ်တကြောင်းစာအတွက် အမေရိကန် ဒေါ်လာ ၅၀ အထူးဈေးနှုန်း သတ်မှတ်ထားပါတယ်တဲ့။

အဲဒီ နှုန်းနဲ့ ခရီးစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့ထိ တပတ်ကို ၃ ကြိမ် ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါ တယ်။ ဒီလိုပြေးဆွဲမှုက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် Seagames အတွက် အထူး အစီအစဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲအေးရှား လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်- ရန်ကုန် တနေ့ ၃ ကြိမ်ပြေးဆွဲနေပြီး ဘန်ကောက်-မန္တလေး ကို တနေ့ တကြိမ်ပြေးဆွဲနေတာပါ။

တန်ဘိုးနည်း လေကြောင်းလိုင်း အဲအေးရှားဟာ ရန်ကုန်ကနေ ကွာလာ လမ်ပူကိုလည်း တနေ့ တကြိမ် ပြေးဆွဲပေးနေပါသေးတယ်။


အိမ့်သံစဉ် ~ ဧရာဝတီ

မကဒတ မြောက်ပိုင်းခေါင်းဆောင်များ အကျယ်ချုပ်ချခံနေရ

 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ABSDF ခေါင်းဆောင်တချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ဖေ့ဘုတ် အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မမှန်ပါဖူးလို့ ငြင်းဆိုပါတယ်။

အလားတူ လိုင်ဇာအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမည်မဖေါ်လိုတဲ့ တပ်မှူးတစ်ဦးကလည်း မဟုတ်ကြောင်း RFA ကို သောကြာနေ့က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

ဒါပေမယ့် အစိုးရအရာရှိတစ်ဦးကတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းခေါင်းဆောင်တွေနဲ့ ကေအိုင်အိုအကြား သဘောထား မတိုက်ဆိုင်တာကြောင့် အခုလို ကျောင်းသားတပ်မတော် မြောက်ပို်င်းခေါင်းဆောင်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတာလို့ သူတို့သိရှိရကြောင်း RFA ကို အမည်မဖေါ်ပဲ ပြောဆိုပါတယ်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ အချက် ၁၂ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားပြီ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (၇) ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။

RFA Burmese

Nok Air ခရီးသည်တဦး ဗီဇာမပါဘဲ ရောက်ရှိလာ

 
၇-၉-၂၀၁၃နေ့  ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့  မဲဆောက်လေဆိပ်မှ Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး ဆင်းသက်ရာတွင် လေကြောင်း ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

အဆိုပါ လေယာဉ် ဆင်းသက်ရာတွင်  လေယာဉ် ရဲတပ်ဖွဲ့စုမှူး ရဲမှူးအောင်ဘုန်းကျော်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူးအေးမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး မျိုမင်းစိန်၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ချစ်ကိုမြင့်နှင့် တပ်ဖွဲ့ဝင်များ မော်လမြိုင် လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ်အောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုလ၀ကမှူး ထိန်းလင်းနှင့်အဖွဲ့များ၊ အကောက်ခွန်မှ ဒုအကခမှူးကျော်ကိုဝင်းတို့မှ လုံခြုံရေး ဆောင်ရွက်ပြီး ခရီးသည်များအားစစ်ဆေးရာတွင် ဂျာမဏီနိုင်ငံသား တစ်ဦးအား ဗီဇာမပါရှိကြောင်း စစ်ဆေးတွေ့ ရှိရခြင်း ဖြစ်သည်။

ဗီဇာမပါတဲ့ ဂျာမဏီနိုင်ငံသား အား  မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းခွင့် မရှိသဖြင့် အဆိုပါလေယာဉ်ဖြင့် မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားစေကြောင်း သိရပါသည်။

သတင်းနှင့်ဓာတ်ပုံ - Myanmar News Now

မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည်

 


လာမယ့် နိုဝင်ဘာလ ရုရှားနိုင်ငံမှာ ကျင်းပမယ့် မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံက အလှမယ် ၀င်ရောက်ယှဉ်ပြိုင်တော့မှာပါ။ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲ အကြိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ကိုစည်သူက ပြောပြပေးမှာပါ။ (ဗွီအိုအေ )

MISS SUPRANATIONAL 2013, FINAL RESULTS:


MISS SUPRANATIONAL 2013, FINAL RESULTS:

MISS SUPRANATIONAL 2013: Philippines Mutya Datul
1st RUNNER UP: Mexico Jaqueline Morales
2nd RUNNER UP: Turkey Leyla Köse
3rd RUNNER UP: Indonesia Cok Istri Krisnanda Widani
4th RUNNER UP: US Virgin Islands Esonica Veira

Image

Best National Dress - Nicaragua
Miss Talent - Malaysia
Miss Friendship - Macau
Miss Personality - Philippines
Miss Elegance - Sweden
Miss Top Model: Moldova
Miss Photogenic: Puerto Rico
Miss Internet: Myanmar
Miss Asia and Oceania: Australia
Miss America: Brazil
Miss Europe: Belarus
Miss Africa: Gabon

Image

TOP 20:
 Venezuela, Puerto Rico, Australia, Thailand, Indonesia, US Virgin Islands, Luxembourg, India, Mexico, Myanmar, Belarus, Philippines, Russia, Latvia, Ukraine, Gabon, Turkey, Brazil, Poland, Canada
Image

Best Talent: Malaysia - Nancy Markus
1st Runner-up Cameroon - Johanna Medio Akamba
2nd Runner-up U.S. Virgin Islands - Esonica Veira

Top 10: 
 (Best in Talent) Puerto Rico - Desirée Del Rio, Australia - Esma Voloder, Hungary - Anett Szigethy, Netherlands - Leila Aigbedion, Philippines - Mutya Johanna Datul, Guadeloupe - Elodie Odadan, Sri Lanka - Gayesha Perera

Image

ခင်ဝင့်ဝါ

Friday, September 6, 2013

ဆရာတော်ဝီရသူအား ခေါင်းဖြတ်သတ်မည်ဟု နေ့စဉ် ဖုန်းဖြင့်ဆက်၍ ချိန်းချောက်ခံနေရ (သတင်းနှင့် ရုပ်-သံ)

 

မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် ၀ီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ် နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ် နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ ဆရာတော်၏ အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏ တရားပွဲများ လုံခြုံရေး လိုက်ပါ ဆောင်ရွက်နေကြ ကြောင်းသိရသည်။
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် ၀ီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ ဆရာတော်၏အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏တရားပွဲများ လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြ ကြောင်းသိရသည်။

“အမြဲတမ်းချိန်းချောက်ခံနေရတယ်၊ ချိန်းချောက်တဲ့သူကို ပြန်မေးတိုင်း မကြားဝံ့မနာသာတွေ ဆဲဆိုပြီးတော့ ဖုန်းကို ချ- ချပစ်တယ်၊ ပြီးရင် ပြန်ခေါ်တယ်၊ ဘုန်းကြီးအနေနဲ့ကတော့ ချိန်းချောက်သူတွေကို ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံချင်တယ်၊ ဘုန်းကြီးနဲ့ပတ်သက်တဲ့လူတွေကိုလည်း ဆဲတာဆိုတာတွေရှိတယ်၊ ဆဲတာ ဆိုတာလောက်ဆိုရင်တော့ သက်ဆိုင်ရာကို အကြောင်းမကြားပါဘူး၊ ခေါင်းဖြတ်မယ်လို့ ချိန်းချောက်နေတော့ သက်ဆိုင်ရာကို အကြောင်းကြားရတယ်၊ ကြောက်လို့တော့ မဟုတ်ဘူး၊ မလိုလားအပ်တဲ့ပြဿနာတွေ ရှုပ်ထွေးကုန်မှာကို ဘုန်းကြီးအနေနဲ့စိုးရိမ်တယ်၊ ဘာသာရေးခေါင်းဆောင်တွေကို လည်း ဆရာတော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်၊ စံနစ်တကျ ထိန်းသိမ်းကြဖို့လိုတယ်၊ အခုဟာက တစ်ဖက်သတ် ချိန်းချောက် တိုက်ခိုက်မှုတွေဖြစ်နေတယ်၊ ဆရာတော့်အနေနဲ့ ဘာသာရေးဝါဒ လုံးဝမဖြန့်ဘူး၊ တကယ်ဖြစ်ပျက်နေတာတွေကိုပဲ ဒကာ ဒကာမတွေသိအောင် ဟောပြောပေးနေတယ်၊ ဒီလိုတွေကြောင့် ချိန်းချောက်ခံနေရတယ်လို့ ဘုန်းကြီးအနေနဲ့ မြင်တယ်၊ အခု နောက်ဆုံးချိန်းချောက်တဲ့ ဖုန်းနံပါတ်တွေကတော့ ၀၉-၄၀၂၆၉၀၉၈၃ နဲ့ +၆၁၄၃၀၄၅၇၁၉ တို့ ဖြစ်တယ်၊ နံပါတ်မပေါ်တဲ့ဖုန်းတွေ နဲ့လည်း ချိန်းချောက်မှုတွေရှိတယ်၊ အသံကတော့ အသက်၅၀ကျော် လူကြီးတစ်ယောက်ရဲ့အသံပဲ၊ ဘေးနားမှာ တီးတိုး တီးတိုး နဲ့ ပြောဆိုသင်ပေးနေတဲ့အသံတွေလည်း ကြားရတယ်၊ Viber ဖုန်းနံပါတ်တွေနဲ့လည်း ၀င်တယ်၊ Viber ဖုန်းနဲ့ကျတော့ လိင်အင်္ဂါ တွေနဲ့ခိုင်းနှိုင်းပြီး ဘာ…ဂတုံး၊ ညာ…ဂတုံး၊ ထမင်းဝအောင်စားထားလို့ ကျိန်းမောင်းတယ်” ဟု ဆရာတော်မှ ပြည်သူ့ဆန္ဒကို မိန့်ကြားခဲ့သည်။

ယခုအခါတွင် ထိုဖုန်းများအား ပြန်လည်ခေါ်ဆိုရာတွင် ဖုန်းများပိတ်ထားကြောင်း သိရသည်။ ပြည်သူ့ဆန္ဒမှ ၄င်းဖုန်း နံပါတ်များအား ဆက်သွယ်ခေါ်ယူရာတွင် စက်ပိတ်ထားသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်နေသူများကိုလည်း ဖုန်းဖြင့်ချိန်းချောက်နှောက်ယှက်မှုများရှိနေကြောင်း သိ ရသည်။

ပေးပို့သူ- ကိုကြီးသူရ(မန်း)


by Myanmar News Now
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ဆရာတော်ဦးဝီရသူ မိန့်ကြားချက်ဗီဒီယို

Most Beautiful Girl In the WorldဆုI People Choice Award နဲ့  Face of Miss Supranational 2013 ဆု တွေကို ပါ ခင်ဝင့်ဝါက မြန်မာပြည်အတွက် ဂုဏ်ယူစွာ သယ်ဆောင်လာတော့မည်ဟု Miss Supranational Myanmar Facebookစာမျက်နှာတွင်ဖော်ပြထား

မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့  မျိုးချစ်စိတ်ဓာတ်တို့ ကို တစ်ကမ္ဘာလုံးက အံ့အားသင့်သွားအောင် ပြသနိုင်ခဲ့ပါပြီ...

Miss Supranational ပြိုင်ပွဲရဲ့ Miss Internet ဆုအတွက် အွန်လိုင်းငွေချေစနစ် ဖြင့် မဲပေးရွေးချယ်ရာတွင် Credit/Debit Card Payment System သုံးစွဲမှု မတွင်ကျယ်သေးတဲ့ မြန်မာနိုင်ငံက
နိုင်ငံသားတိုင်း Credit/Debit Card သုံးနေကြတဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို အနိုင်ယူနိုင်ခဲ့ပါပြီ.... ခင်ဝင့်ဝါရဲ့ အောင်မြင်မှုနဲ့  မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်မှုတို့ က အရမ်းပဲဂုဏ်ယူဖို့ ကောင်းပါတယ်...

ခင်ဝင့်ဝါကို Miss Internet ဆုရရှိအောင် ကြိုးစားပေးခဲ့ကြတဲ့ မြန်မာပရိသတ်များ၊ အထူးသဖြင့် ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာမိသားစု မိဘညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်...

မြန်မာပြည်က Official Voting အတွက် မဲပေးလို့ မရလို့ စိတ်ညစ်နေကြတဲ့ မြန်မာပရိသတ်တွေလည်း စိတ်ညစ် မနေကြပါနဲ့ ။ ပြည်ပ က ညီအစ်ကို မောင်နှမတွေက ကူညီပေးခဲ့ကြပါပြီ....

ခင်ဝင့်ဝါက Miss Supranational ပြိုင်ပွဲကြီးမှ ချီးမြှင့်တဲ့ Miss Internet ဆုအပြင်
မြန်မာ ပရိသတ်များအားလုံး Internet Connection မကောင်းတဲ့ကြားက အိပ်ရေးအပျက်ခံ၊ မောက်စ်ပျက်အောင် အားကြိုးမာန်တက် မဲပေးရွေးချယ်အားပေးခဲ့ကြတဲ့
ဘီလာရုပ်စ်Website မှ ချီးမြှင့်တဲ့ Most Beautiful Girl In the World ဆု
Missosology မှ ချီးမြှင့်ပေးတဲ့ People Choice Award နဲ့  Face of Miss Supranational 2013 ဆု
တွေကို ပါ ခင်ဝင့်ဝါက မြန်မာပြည်အတွက် ဂုဏ်ယူစွာ သယ်ဆောင်လာတော့မှာပါ.....
မြန်မာလူမျိုးတွေဟာ
ဘယ်လောက်ပဲအခက်အခဲအတားအဆီးတွေရှိရှိ
ဘယ်နေရာဘယ်ဒေသရောက်ရောက်
တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်တွေနဲ့  အောင်မြင်မှုတွေ ကို ရယူပိုင်ဆိုင်နိုင်တယ်ဆိုတာ
ခင်ဝင့်ဝါရဲ့ Miss Internetဆုလေးက သက်သေပြလိုက်ပါပြီ...

Final အတွက်အကြိုလေ့ကျင့်နေစဥင်္

Congratulations Miss Supranational Myanmar - Khin Wint Wah!!!
Congratulations Myanmar!!!
We love Myanmar!!!
We are Myanmar!!!

Miss Supranational Myanmar မှ ကူးယူဖော်ပြသည်။

ဗြိတိန်က ကားအစီး ၁၀၀ ကျော် ယာဉ်တိုက်မှု

ဗြိတိန်နိုင်ငံ တောင်ပိုင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်လောက်က ကားအစီး ၁၀၀ ကျော် ဆင့်ကဲ့ ယဉ်တိုက်မှု ဖြစ်ခဲ့ပါတယ်။ 



အဲဒီ ယာဉ်တိုက်မှု ဖြစ်ခဲ့တာကလည်း တံတားတစင်းပေါ်မှာပါ။ ယာဉ်တိုက်မှုဟာ ၁၀ မိနစ်တောင် ကြာခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်က မြူနှင်းတွေ ထူထပ်နေတာ ကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ မေးလ် အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။ 

ယာဉ်တိုက်မှုကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ထိခိုက် ဒဏ်ရာသူတွေကတော့ ၂၀၀ ကျော်ရှိ ပါတယ်။ အဲဒီ အထဲက ၆ ယောက်က စိုးရိမ်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် အဲဒီ တံတားကို မိနစ် အနည်းငယ် ကြာ ပိတ်ထားလိုက်ရပါတယ်တဲ့။ 


မြန်မာနိုင်ငံမှာတော့ ဒီလောက် ဆိုးတဲ့ ယာဉ်တိုက်မှုမျိုး မရှိတာကိုပဲ ကံကောင်းနေပြီလို့ ပြောရမှာပါ။ မြူနှင်းလည်း ထူထူထဲထဲ မကျတဲ့ ရာသီဥတုက မြန်မာပြည်အတွက် ကံကောင်းတယ် ဆိုရမလားပါပဲ။ 


အိမ့်သံစဉ် ~

 ယာဉ်တိုက်မှု မှတ်တမ်း ဓာတ်ပုံတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။




သတင်းနှင့်ဓာတ်ပုံ-ဧရာဝတီblog

Miss Supranational 2013 Final ပြိုင်ပွဲကြီး ကို တိုက်ရိုက်ထုတ်လွှင့်ပြသမည့်အစီအစဉ်နှင့် “ခင်ဝင့်ဝါ” ၏လှုပ်ရှားမှုပုံရိပ်များ

 Minsk Miss Supranational 2013
Miss Supranational 2013 Final ပြိုင်ပွဲကြီးကို 
ယနေ့ စက်တင်ဘာလ(၆)ရက် မြန်မာစံတော်ချိန် ည (၁၀)နာရီ တွင်
www.misssupranational.com
မှ တိုက်ရိုက် LIVE Webcast ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်...



Miss Supranational 2013နောက်ဆုံးအဆင့် ပြိုင်ပွဲကြီး Stage အတွက် ပြင်ဆင်မှု



Miss Supranational 2013 National Costume ပြိုင်ပွဲအတွက် Rehearsal ၀တ်ဆင်ထားတာပါ...


Training အပြီး Hokey ကစားပွဲကို သွားရောက်အားပေးခဲ့ကြပါတယ်


Training အပြီး Hokey ကစားပွဲကို သွားရောက်အားပေးခဲ့ကြပါတယ်


Final အတွက် Training လုပ်နေကြတာပါ...






Miss Supranational Myanmar - Khin Wint Wah
"Talent Show Performance"
"The Apyo Daw Dance or The Royal Maids Honor Dance"





 သတင်းနှင့်ဓာတ်ပုံ--Miss Supranational Myanmar

ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းတစ်ခု ၂ လအတွင်း အပြီးသတ်ရေးဆွဲမည်

 
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်တစ်ခုကို ၂ လအတွင်း အပြီးရေးဆွဲသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က ထုတ်ဖေါ်ပြောဆိုပါတယ်။

ရေးဆွဲမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအသစ်အတွက် အဖွဲ့ခွဲ ၃ ခုဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း UNFC က သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထုတ်ပြန်ချက်အရ လာမယ့်နိုဝင်ဘာလကုန်မှာ မူကြမ်းကိုအပြီးရေးဆွဲမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီမူကြမ်းဟာ လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်တဲ့လုပ်ငန်းနဲ့ အပြိုင်ဆောင်ရွက်နေတာဖြစ်ပေမယ့် တချိန်မှာပူးပေါင်းဆောင်ရွက်မူတွေ လုပ်နိုင်မှာဖြစ်တယ်လို့ UNA အဖွဲ့က ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“လောလောဆယ်ကတော့ မျဉ်းပြိုင်သွားနေမှာပဲ၊ ဒါပေမယ့် တချိန်မှာတော့ဆုံရမှာပဲ၊ မဆုံလို့မရဘူး၊ ဒီမူကြမ်းပေါ်လာလို့ရှိရင် UNFC နဲ့ UNA အဖွဲ့ကြီးနှစ်ခုရဲ့ သဘောထားပဲဖြစ်မှာပဲ၊ တကယ်လို့ လွှတ်တော်ထဲကလုပ်တဲ့ဥစ္စာပေါ့နော်၊ သူတို့ဘယ်လိုပြင်မလဲ၊ မပြင်ဘူးလားစသဖြင့် သူတို့ဥစ္စာလည်း သူတို့ဟာတစ်ခုတည်းဖြစ်မှာပဲ၊ ဒီအထဲမှာမပါတဲ့ အဖွဲ့အစည်းတွေ၊ တပ်ပေါင်းစုတွေမှာလည်း သူတို့လည်း သူတို့မူကြမ်းရှိမှာပဲ၊ ဒီမူကြမ်းတွေကိုကိုင်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စပြီးဆွေးနွေးရမှာပဲ၊ ကျနော်တို့က အဲလိုပဲမြင်တယ်”

UNFC အဆိုအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ပရောက်တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရေးဆွဲထားတာဖြစ်ပြီး အခုဆောင်ရွက်တာဟာ ယခင်ရေးဆွဲထားတာတွေကို ပြန်လည်စုစည်းခြင်းသာဖြစ်တယ်လို့ ပြောဆိုပါတယ်။

UNFC အဖွဲ့ဟာ လက်နက်ကိုင်တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး UNA အဖွဲ့ကတော့ ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်ရင်း ဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် ဇိုမီး၊ ကိုးကန်နဲ့ ကချင်နဲ့ ကရင်တိုင်းရင်းသားပါတီ၂ခုတို့ ပါဝင်တာဖြစ်ပါတယ်။

RFA Burmese

စက်တင်ဘာလ(၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

 

6.Sept_.13_mal


သစ်ထူးလွင် မှ

အာဆီယံမှာ ဗီဇာမလိုဘဲ ခရီးသွားနိုင်တော့မယ်

ဓာတ်ပုံ-သစ်ထူးလွင်
မြန်မာ နိုင်ငံသားတွေ အာဆီယံ နိုင်ငံတွေကို ဗီဇာ မလိုဘဲ သွားနိုင်အောင် တခါ အာဆီယံ နိုင်ငံတွေက နိုင်ငံသားတွေလည်း ဗီဇာမလိုဘဲ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်အောင် စတင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

ဘယ်တော့လောက်မှာ အကောင်အထည် ဖော်နိုင်ကြမလဲ ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာဌာနရဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်လင်းကို ဆက်သွယ် မေးကြည့်တော့ ၂၀၁၄ မှာ မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဌ တာဝန် ယူတဲ့ အခါ အာဆီယံ နိုင်ငံသားတွေ မြန်မာ နိုင်ငံကို လွယ်လွယ်ကူကူ ဝင်ထွက်နိုင်ကြဖို့နဲ့ မြန်မာနိုင်ငံသားတွေလည်း အာဆီယံနိုင်ငံတွေကို လွယ်ကူစွာ သွားလာနိုင်စေဖို့ အတွက်ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဗီဇာကင်းလွတ်ခွင့် အတွက်ကို အာဆီယံအတွင်းက နိုင်ငံတွေအကြား နှစ်နိုင်ငံ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်နေတာဖြစ်ပြီး လောလောဆယ်မှာ မြန်မာနဲ့ လော နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားပြီလို့ ဆိုပါတယ်။

၂၀၁၅ မှာ အာဆီယံ အသိုက်အဝန်း ကြီးပေါ်ပေါက်လာမှာ ဖြစ်သလို အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုတာလည်း ရှိမှာဖြစ်ကာ ဈေးကွက်ကြီးတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အာဆီယံ အတွင်းက လုပ်ငန်းရှင်တွေ အနေနဲ့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လွယ်လွယ်ကူကူ သွားလာဖို့ လိုအပ်ပြီး ပြည်တွင်းက ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပြည်တွင်းထုတ်ကုန်တွေ တင်ပို့ ရောင်းချ တာတွေကို ပိုလုပ်လာနိုင်မယ်လို့ ဆိုပါတယ်။

ဒီလို ဗီဇာ မလိုဘဲ ဝင်ထွက် သွားလာ ခွင့်ပြုပေမယ့်လို့ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာတော့ စိစစ်မှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ပြောပါတယ်။ တခါ လူကုန်ကူးတာလိုမျိုး ပြဿနာတွေ ပိုပြီး ကြီးထွားမလာစေဖို့ အတွက်ကိုလည်း ကြိုတင် တွက်ချက် ပြင်ဆင်ထားပြီး သက်ဆိုင်ရာ ဌာနတွေက အရေးယူ ဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thursday, September 5, 2013

မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ ဖွင့်လှစ်ရမည်

မယ်တော်ဆေးခန်း (ဓာတ်ပုံ-ဧရာဝတီ)
 မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်းဘတ်ငွေ ၃ သန်းခန့် ထောက်ပံ့မည်ဟု သိရသည်။

”အဓိက ကတော့ အခု မယ်တော် ဆေးခန်းဖွင့်ထားတဲ့ မြေနေရာက ထိုင်း မိသားစုတစ်စုဆီကနေ ငှားထားတာလေ။ အခုသူတို့က မြေကိုပြန်ယူတော့မယ်။ မငှားတော့ ဘူးဆိုတော့ ပြောင်းရွှေ့ဖို့ပြင် ဆင်ရတာပါ” ဟု မယ်တော် ဆေးခန်း၏ ထရိန်နင်မန်နေဂျာ နော်အိသွဘော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်းနိုင်ငံ တပ်(ခ်)ခရိုင် မဲဆောက် မြို့အနီးတွင် ၁၉၈၉ ခုနှစ်မှ စတင်ဖွင့် လှစ်ကာ ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက် ရွှေ့ပြောင်းလုပ်သားများအား ကျန်းမာရေးေ စာင့်ရှောက်မှုပေးနေ သော မယ်တော်ဆေးခန်း အဆင့်မြှင့် တင်ရန်နှင့် နေရာပြောင်းရွှေ့ ဖွင့်လှစ် ရန်အတွက် ဂျပန်အစိုးရက ထိုင်းဘတ် ငွေ ၂၉၉၄၅ဝဝ ထောက်ပံ့ လှူဒါန်းမည် ဖြစ်သည်။ ယင်းအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Shigekazu Sato နှင့် မယ်တော်ဆေးခန်း တည် ထောင်သူ မြန်မာနိုင်ငံသား ကရင်တိုင်း ရင်းသူ ဒေါက်တာ စင်သီယာမောင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် လ ၂၇ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

”အခုပြောင်းမယ့်နေရာက အခုလို လမ်းမကြီးဘေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခု ဆေးခန်းနေရာနဲ့တော့ သိပ်မဝေးပါဘူး” ဟု နော်အိသွဘော်က ပြောသည်။

စတင်တည်ထောင်စမှ ယခုအချိန် အထိ ပြည်တွင်းပြည်ပ အလှူရှင်များ ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် ရပ်တည် လည်ပတ်နေရသော မယ်တော်ဆေး ခန်း အတွက် ယခုကဲ့သို့ ဂျပန်အစိုးရက ပမာ ဏများများ လှူဒါန်းခြင်းသည် ပထမဆုံး အကြိမ်ဟု သိရသည်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခု နှစ်တွင် ဒေါက်တာစင်သီယာမောင်က ဦးစီးဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် နှိပ် စက်ညှဉ်းပန်းခံရမှုတို့ကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာ ရသူများနှင့် ဆေးဖိုး ဝါးခမတတ်နိုင်သော ရွှေ့ပြောင်းမြန်မာ လုပ်သားများအား အခမဲ့ဆေးကုသ စောင့်ရှောက်မှု ပြုပေးခဲ့ သည်။ နှစ်စဉ် လူနာတစ်သိန်းခွဲခန့်ကို ဆေးကု သစောင့် ရှောက်မှု ပြုပေးနေသည်ဟု သိရသည်။

”ဆေးခန်းကို ဆေးလာကုတဲ့လူ နာက တစ်ရက်ကို ပျမ်းမျှ ၃၅ဝ လောက် ရှိတယ်” ဟု သူမက ပြောသည်။
ပြီးခဲ့သည့်လအတွင်းက မိုးအ ဆက်မပြတ် ရွာသွန်း၍ သောင်းရင်းမြစ် ကြီး ရေကြီးရေလျှံမှုကြောင့် ဆေးခန်းရှိ အတွင်းလူနာများ ကို နေရာရွှေ့ ပြောင်းခဲ့ ရပြီး အေ ဆာက်အအုံအချို့ ဟောင်းနွ မ်း နေခြင်း ကလည်း ဆေးခန်းနေရာရွှေ့ ပြောင်းဖွင့်လှစ်ရခြင်း အကြောင်းရင်းဟု သိရသည်။

ကျော်ရဲလင်း (Popular Myanmar News Journal )

» ရန်ကုန်မြို့တော်တွင် ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါး ဖျက်ဆီး

Photo-MNN

ရန်ကုန်၊ စက်တင်ဘာ ၎

ရန်ကုန်မြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးမိခဲ့သော ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။

"ညစ်ညမ်းစွာ ရိုက်ထားတာတွေကို အတုယူကြပြီး လက်တွေ့စမ်းသပ် ကျူးလွန်တာတွေကြောင့် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီး အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ ကာယနဲ့ ဉာဏအားတွေကို မတရား ခေါင်းပုံဖြတ်ပြီး ရိုက်ချိုးသလို ဖြစ်နေတာ ကြောင့် ဆင်ဆာမဲ့ ထုတ်လုပ်ရောင်းချနေသူ တွေကို ထိရောက်စွာ အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၉ မြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ထိ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပေးပို့သော အမှုပေါင်း ၈၆ မှုနှင့် ဆင်ဆာမဲ့ အခွေပေါင်း ၁၉၉,၅၁၀ တွင် နိုင်ငံခြား ဇာတ်ကားခွေပေါင်း တစ်သိန်းရှစ်သောင်းကျော် အများဆုံးပါရှိကြောင်း ယင်း အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။

"ဆင်ဆာမဲ့ ခိုးကူးခွေတွေ ဝယ်ကြည့်တဲ့ သူတွေလည်း ခိုးရာပါပစ္စည်းလက်ခံရင် ဥပဒေနဲ့ ငြိစွန်းပေမယ့် ရောင်းတဲ့လူတွေကိုပဲ အဓိကထားပြီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

"ညစ်ညမ်းခွေတွေ ဖမ်းနေပေမယ့် ဆိုင်တွေကို ရဲက လိုင်းကြေးပေးပြီး ရောင်းခိုင်းနေတာပဲ။ အခုခေတ် လူငယ်တွေက ညစ်ညမ်းဝက်ဘ်ဆိုက်ကနေ ဖုန်းထဲ Download ဆွဲပြီး ကြည့်နေတာ ကျွန်တော့် ကိုယ်တွေ့ပဲ" ဟု မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် အခွေရောင်း နေသူတစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ကုန်ထိ ရှစ်လတာဖမ်းဆီးအမှုပေါင်း ၄၃၀ နှင့် သိမ်းဆည်းရမိခွေ ငါးသိန်းကျော်ရှိပြီး ၂၀၀၁၊ ၂၀၀၂ ၊ ၂၀၀၄ နှင့် ၂၀၀၉ ခုနှစ်တို့ တွင် အလားတူ ဆင်ဆာမဲ့ခွေများကို ဖျက်ဆီးခြင်း အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
The Voice Weekly

တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး အတွက် အတွက် ကျပ်သန်းပေါင်း ၃၈၆၀ ကျော် အသုံးပြုသွားမည်ဟုဆို

အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။

၎င်းလျာထားငွေထဲမှ လမ်းတံတား အတွက် ကျပ်သန်းပေါင်း ၃၅၇၉ ဒဿမ ၉၀၃ သန်းကို သုံးစွဲမည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်းပေါင်း ၂၄၆ သန်း၊ ကျန်းမာရေး အတွက်
ကျပ်သန်း ၃၀၊ မီးလင်းရေး အတွက် ကျပ်သန်းပေါင်း ၁၉၄ သန်း၊
အိမ်ယာအတွက် ၈၁ ဒဿမ ၆၀၀ သန်း၊ အလုပ်အကိုင်အတွက် ကျပ် ၁၂ သန်း သုံးစွဲသွားမည်ဟု ဆိုသည်။
ထိုသို့ သုံးစွဲသွားမည်ကို သြဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ MPC ခန်းမတွင် ပြုလုပ်သော နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် NGOs များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တင်သွင်းသော စာတန်းတွင် ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက်
ကျပ်သန်းပေါင်း ၇၅၀၁၅ ဒဿမ ၅၁၃ ထိ သုံးစွဲရန် လျာတား ထားကြောင်း အဆိုပါ စာတန်းတွင် ဖေါ်ပြသည်။

အဆိုပါ ကဏ္ဍ (၆) ခုအတွက် ၂၀၁၃-၂၀၁၄ အတွင်း ကချင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၆၅၄ ဒဿမ ၅၉၈ သန်း၊ ကယားပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၁၄၅ ဒဿမ ၃၃၁သန်း၊ ကရင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၃၃၇ ဒဿမ ၃၅၂ သန်း၊ ချင်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၅၅၁ ဒဿမ ၆၁၀ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၈၇၈၄ ဒဿမ ၆၉၄ သန်း၊

တနင်္သာရီ တိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၆၀ ဒဿမ ၅၂၅ သန်း၊
ပဲခူးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ဒဿမ ၈၅၀ သန်း၊ မကွေးတိုင်း ဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၂၂ ဒဿမ ၆၂၇ သန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း  ၃၃၅၀ ဒဿမ ၁၆၂ သန်း၊ မွန်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၂၈၅ ဒဿမ ၆၈၆ သန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၆၃၈၁ ဒဿမ ၅၁၆ သန်း၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၁၇၁၆၉ ဒဿမ ၉၄၃ သန်း၊ ဧရာဝတီ တိုင်း ဒေသကြီးအတွက် ၃၈၆၁ ဒဿမ ၁၁၆ သန်း လျာထားသည်ဟု စာရင်းတွင် ဖေါ်ပြသည်။

မော်ကျွန်းမှာ လယ်သမား ၆ ဦးကို အလုပ်ကြမ်းနဲ့ ထောင် ၂ လ ချမှတ်


ပိုင်နက်ကျူးလွန်မှုဖြင့် ဗွေဆော်ဦးထောင်ဒဏ်တစ်လ ချမှတ်ခံရသော ထားဝယ်မြို့မှလယ်သမားကြီးဦးစံလင်း

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာက လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။
မော်လမြိုင်ကျွန်း လယ်သမားတွေကို ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး  လယ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီကွန်ရက်အဖွဲ့ဝင် ဦးကြည်လွင်က အခုလိုပြောပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးတော့ တိုင်ခဲ့တဲ့အတွက် လယ်သမားတွေမှာ ကိုယ့်မြေကိုပြန်မရတဲ့အပြင် နိုင်ငံတော်သမ္မတက လမ်းညွှန်လိုက်တဲ့အချိန်တုန်းက အကြောင်းအမျိုးမျိုးကြောင့် သိမ်းထားတဲ့လယ်တွေ ပြန်ပေးရမယ်လို့ ပြောခဲ့ပေမယ့် အခုတကယ်တန်းကျတော့ မူလလယ်သမားတွေကို တရားစွဲတာတို့၊ ထောင်ချတာတို့ လုပ်နေတာကတော့ နိုင်ငံတော်သမ္မတက ချမှတ်ထားတာနဲ့ လုံးဝမကိုက်ညီဘူးလို့ ကျနော်မြင်တယ်ခင်ဗျ”
တံခွန်တိုင်ကျေးရွာက လယ်သမား၂၀၀ ကျော်ပိုင်ဆိုင်တဲ့  လယ်ယာမြေဧက ၅၀၀ နီးပါးကို ၁၉၈၆ ခုနှစ် ရက်ကွက်ပြည်သူ့ကောင်စီလက်ထက်က နိုင်ငံတော်ကိုပေးရမယ့် အခွန်တာဝန်မကျေလို့ဆိုပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို တဆင့်ပြန်လည်ရောင်းချလိုက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက လယ်သမားတွေက အဲဒီလယ်ယာမြေတွေထဲက ဧက ၅၀ လောက်မှာ ဝင်ရောက်ထွန်ယက်ခဲ့တာပါ။

အဲဒီ လယ်သမား ၆ ယောက်ဟာ ရုံးချိန်း ၁၀ ခေါက်နီးပါးလောက် ရင်ဆိုင်ခဲ့ရပြီး မနေ့က မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၂ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လွန် ခဲ့သော ၂ပတ်ခန့် က ထားဝယ်မြို့မှ လယ်သမားကြီးဦးစံလင်းသည်လည်း ထောင်ဒဏ်၁လနှင့်
ငွေဒဏ်၂၀၀ကျပ် ချမှတ်ခံရပါသည်။

RFA

သူရ ဦးရွှေမန်းနှင့် ဝ၊ မိုင်းလား တပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံ

 

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ UWSA အဖွဲ့က တောင်းဆိုနေ တဲ့ ပြည်နယ်ကိစ္စ ပြောဆိုလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကိုပြောပါတယ်။

“ကျိုင်းတုံမှာ တွေ့ဖြစ်ပါတယ်၊ အဓိကတော့ လွှတ်တော်အနားယူတုန်းပေါ့နော်၊ အောက်ခြေ လှည့်ပြီး တောင်းဆိုချက်လေးတွေ ဘာလေးတွေ ပြည်သူတွေရဲ့အသံနားထောင်ချင်လို့ ဆိုပြီးတော့ ဆင်းလာတာဖြစ်တယ်၊ အခုကလွှတ်တော်ရှိတယ်၊ ဥပဒေရှိတယ်၊ ရှိတဲ့ကိစ္စက သူတို့ ဒီဆွေးနွေးပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့နော့်၊ ပြောစရာဆိုစရာရှိတာတွေကိုလည်း သူတို့ဆီကို တင်လို့ရတယ်ပေါ့၊ သူတို့ကလည်း အခြေအနေနဲ့ကိုက်အောင် ပြုပြင်တာပေါ့နော့်၊ အဓိကတော့ ဒီဦးတည်ချက်ပါပဲ၊ ကျနော်တို့ ဖွဲ့စည်းပုံကိစ္စပေါ့၊ ဆိုလိုတာက ဝကလည်း ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် တောင်းနေတယ်မဟုတ်လား၊ ဒါလေးတွေကို ညွှန်းပြနေတာ ဒီလိုကိစ္စမျိုးကို ပြောတာပါ”

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ UWSA ဘက်က ဒုတိယ စစ်သေနာပတိချူပ် တာ့လွန်း၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့သုံးယောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင် ၁၅ ယောက်လောက် ပါဝင်ပါတယ်။

ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ဦးစံပေ့၊ ဒုဥက္ကဌ ခွန်းစံလူတို့ သုံးဦးနဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် PNO က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဥက္ကဌလည်းဖြစ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချူပ် ပန်ဆန်းဒေသကို ရောက်နေပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေ စုံစုံလင်လင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့  ဖယ်ဒရယ်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် ဖိတ်ကြားဖို့သွားနေတာလို့ UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“UNFC က ကျနော်တို့ ဥက္ကဌ ကိုယ်တိုင်သွားတာပါ၊ ကျနော်တို့က ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ရင် UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးတွဲပြီးတော့ တွေ့ဆုံဆွေးနွေးပွဲဝင်ဖို့ဆိုပြီးတော့ ၀ ကို ဖိတ်ထားတာရှိတယ်လေ၊ အဲ့ဒီ ဖိတ်ကြားထားတဲ့ကိစ္စကို ထပ်လောင်းပြီးတော့ ဖိတ်နိုင်တယ်၊ ဒါတစ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ အခု ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးမယ့်ကိစ္စမှာလည်း ကျနော်တို့က အနည်းဆုံးတော့ ၀၊ မိန်းလား၊ ကိုးကန့် ကနေပြီးတော့ ကိုယ်စားလှယ် တစ်ယောက်လောက်ပေးဖို့ ကျနော်တို့ ပြောထားတော့ အဲ့ဒါကိုလည်းပဲ သူတို့ထပ်လောင်းပြီးတော့ နှိုးဆော်တဲ့သဘောလည်း ဖြစ်နိုင်တာပေါ့ဗျာ၊ ကျနော်သိသလောက်တော့ အဲ့သလောက်ပါပဲ၊ ကျနော်တို့ ပြောထားတာကတော့ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ၊ အဲ့ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲမှာ အတူတူဆွေးနွေးကြမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးတဲ့ထဲမှာ အတူတူပါကြမယ် အဲ့သလို ဖိတ်ခေါ်ထားတာပါပဲ”

UNFC အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

RFA Burmese

သူရဦးရွှေမန်းသားပိုင် ဧရာရွှေဝါကုမ္ပဏီက ရန်ကုန်မြို့၏ ငါးပုံတစ်ပုံစာမျှ ရှိသော မြေများကို သိမ်းထားမှု တိုင်းအစိုးရကို အမတ်ကမေးခွန်းထုတ်မည်


ဧရာဝတီတိုင်းအတွင်းရှိ ဧရာရွှေဝါကုမ္ပဏီက သိမ်းထားသောလယ်မြေများကို မူလပိုင်ရှင် လယ်သမားများ ထံပြန်ပေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားသော်လည်း သာပေါင်းမြို့နယ်မှ
လယ်ဧက ၂၉,၀ ၀၀ မှာ ယနေ့အချိန်ထိ ပြန်မရသေး၍ တိုင်းအစိုးရကို မေးခွန်းထုတ်မည်ဟု
တိုင်းအမတ် ဦးဝင်းသိန်းက ပြောသည်။

သိမ်းဆည်းထားသည့်လယ်မြေများမှာ ဧက ၂၉၀၀၀ ပင်ရှိရာ စတုရန်းမိုင်အားဖြင့် ၄၅မိုင် ကျော်သည်ဖြစ်ရာ ရန်ကုန်မြို့၏ ငါးပုံတစ်ပုံခန့်ပင် ကျယ်ဝန်းသည်။

“အခုချိန်ထိ မူရင်းလက်ငုတ်လုပ်သူတွေ ဆီပြန်မရောက်သေးဘူး။ အဲဒါကြောင့် (တိုင်း) အစိုးရကဘယ်လို ဆောင်ရွက်နေလဲ။ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ မေးမှာပါ” ဟု သာပေါင်းမဲဆန္ဒနယ်မှ တိုင်းအမတ် ဦးဝင်းသိန်းကပြောသည်။

ထိုလယ်များကို သိမ်းထားသည့် ဧရာရွှေဝါကုမ္ပဏီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်ဟု ဆန်စပါးအသင်းချုပ်က အတည်ပြု ပြောကြား ထားသလို၊ နာမည်ကြီး သူဌေးဦးတေဇ ကလည်း ၂၀၁၂ ဇူလိုင်က ဧရာရွှေဝါကုမ္ပဏီ သိမ်းထားသည့် မြေများကို နိုင်ငံကိုပြန်အပ်ကြောင်း ထိုကုမ္ပဏီ၏ ဥက္ကဋ္ဌ အဖြစ် လက်မှတ်ထိုးကာ ဧရာဝတီတိုင်း အစိုးရထံ အကြောင်း ကြားစာပေးပို့ခဲ့ဖူးသည်။

သာပေါင်းမှ တိုင်းလွှတ်တော်အမတ် ဦးဝင်းသိန်းက ဧရာရွှေဝါကုမ္ပဏီ သိမ်းဆည်းထားသည့် လယ်မြေများကို ဦးတေဇက ပြန်ပေးသော်လည်း မူလပိုင်ရှင်လယ်သမားများထံ မရောက်သေးသဖြင့် မိုးစပါးအမီ ပြန်ပေးရန် လွှတ်တော်တွင် အဆိုတင်ခဲ့ရာ လွန်ခဲ့သည့် ငါးလကျော်ကာလဖြစ်သည့် မတ် ၃၁ ရက်ကထိုအဆိုကို လွှတ်တော်ကအတည်ပြုခဲ့သည်။

ယင်းအဆိုအတည်ဖြစ်ခဲ့သဖြင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ထိုလယ်မြေများကို မူလပိုင်ရှင်လယ်သမား များ ထံ ကုမ္ပဏီက ပြန်ပေးရေးဆောင်ရွက်ရန် တိုင်းအစိုးရထံညွှန် ကြားခဲ့သော်လည်း ယခုအချိန် အထိ သာပေါင်းမှ လယ်သမားများ မြေပြန်မရသေးခြင်းဖြစ်သည်။

ထို့ကြောင့် ဦးဝင်းသိန်းက စက်တင်ဘာ ၄ ရက်တွင်စတင်မည့် ခုနစ်ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေးတွင် ထပ်မံမေးခွန်းထုတ်မည် ဖြစ်သည်။

ဧရာရွှေဝါကုမ္ပဏီသည် လွန်ခဲ့သော ၁၅ နှစ် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ် မြေရိုင်း များ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအ၀င် ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,၀၀၀ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းသိန်းက မဇ္ဈိမကိုပြောသည်။

Mizzima

ချင်းပြည်နယ်သတ္ထုတွင်းစီမံကိန်း စိုးရိမ်မကင်းဖြစ်မှု နိုင်ငံရေးပါတီတွေ စုံစမ်း

ဓာတ်ပုံ - http://www.slideshare.net
ချင်းပြည်နယ် တီးတိန်မြို့အနီးမှာရှိတဲ့ မြွေတောင်မှာ တရုတ်ကုမ္ပဏီတခုနဲ့ ဖက်စပ်ပြုလုပ်မယ့် သတ္တုစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေတာကြောင့် စီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ သိရှိနိုင်ဖို့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်အဖွဲ့ အဲဒီဒေသမှာ သွားရောက် လေ့လာနေကြပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သိရှိရအောင် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ အထက်ချင်းတွင်းလူငယ်အဖွဲ့က ကိုကျော်သက်ဝင်းကို ဆက်သွယ်မေးမြန်းပြီးတော့ တင်ပြထားပါတယ်။


စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်မြို့အကြား ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြွေတောင်မှာ ဒီသတ္တုတွင်း စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အခုလုပ်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ ဒေသတွင်း သဘာဝအရင်းအမြစ်တွေ ထိခိုက်ပျက်ဆီးမှာ ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်တွေ စုပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို ၂ ရက်ကြာ သွားရောက် လေ့လာနေကြတာပါ။

ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့တော့ ကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါသွားတဲ့ အထက်ချင်းတွင်းလူငယ်အဖွဲ့က ကိုကျော်သက်ဝင်းက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဒေသခံတွေအနေနဲ့ လက်ရှိ ကျနော်တို့ စုံစမ်းရသလောက်တော့ မြွေတောင်တွင်းအတွက် လာရောက်တဲ့ ချင်းပါတီက သူတို့အနေနဲ့ ဒီစီမံကိန်းကို သူတို့အနေနဲ့ လုံးဝ လက်မခံတဲ့အကြောင်းရယ်၊ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မသိဘဲနဲ့ လာပြီးမှ ကုမ္ပဏီတွေနဲ့၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့က သဘောတူညီချက်တွေ ယူပြီးတော့မှ တအားကြီးပေါ့နော် ဘယ်လိုပြောမလဲ အကိုရာ၊ ဘာမပြော ညာမပြော လာပြီးမှ ဒီဝင်ရောက်လုပ်ကိုင်မှာကိုပဲ တအားစိုးရိမ်တဲ့ကိစ္စတွေ သူတို့ တင်ပြတယ်လို့ ပြောတယ်အကို။ လက်ရှိ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာ အဲ့ဒါပေါ့နော်။ ကျနော်တို့ ဒါ သူတို့ ဒီ ချုပ်ဆိုတယ်၊ မချုပ်ဆိုဘူးဆိုတာ ပြည်နယ်လွှတ်တော်ကတောင်မှ မသိဘူးခင်ဗျ။ အဲ့ဒီကိစ္စကိုလည်း ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် ကလည်း အဲ့ဒီကိစ္စကို ထည့်ပြောတယ်။ အဓိကကတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ North Mining ကုမ္ပဏီနဲ့ လုပ်မယ်လို့တော့ အတိအကျ သူတို့ ကြေညာထားတာတွေ ရှိတယ်။”

အစောပိုင်းတုန်းကတော့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့လပိုင်းအတွင်းလောက်က စတင်မယ့် ပုံစံမျိုး အစိုးရသတင်းစာတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်ထိတော့ မြွေတောင်ဒေသမှာ စီမံကိန်းစတင်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ကိုကျော်သက်ဝင်းက ပြောပါတယ်။

ဒီစီမံကိန်းအပေါ် ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ချင်းပြည်နယ်အစိုးရကလည်း အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ကွင်းဆင်းဖူးပါတယ်ခင်ဗျ။ ကွင်းဆင်းပြီးတော့မှ လူထုကို ကျနော်တို့က ရှင်းပြပေးတာပါ။”

မေး။          ။ သြော် ဟုတ်ကဲ့။ ဘာတွေများ ပြောပါသလဲခင်ဗျ။
ဖြေ။           ။ “အဲ့ဒီမှာ ကုမ္ပဏီကလည်းလာတယ်။ ကျနော်တို့ ပြည်နယ်အစိုးရက တာဝန်ရှိတဲ့ဝန်ကြီး သုံးပါးပေါ့ ၀န်ကြီးချုပ်အပါအ၀င်။ ကျနော်တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ သွားပြီးတော့မှ ၄ ရက်တိတိ ကျနော်တို့ ကွင်းဆင်းခဲ့ပါတယ်။ ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းတဲ့အခါမှာ ကျေးရွာပေါင်း ၂၀ ကို ကွင်းဆင်းပါတယ်ခင်ဗျ။ ကွင်းဆင်းတော့ အဲ့ဒီတောင်က မြွေတောင်ဆိုတာက သစ်တောလည်း သိပ်မရှိတော့ပါဘူး။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ လူထုတွေက စိုးရိမ်ကြောင့်ကြမှု ရှိပါတယ်။ လူထု စိုးရိမ်ကြောင့်ကြမှုရှိတာကို ကျနော်တို့က ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့မှ သေချာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပေးတာပါ။ သို့သော်လည်းပဲ နိုင်ငံတကာကို ရောက်နေကြတဲ့ လူနည်းစုတွေက အတို့အထောင်လုပ်လို့ အခု လူတချို့ကတော့ သံသယရှိတယ်ပေါ့။ နိုင်ငံတကာကို ရောက်နေကြတဲ့ ချင်းအမျိုးသားတချို့တွေပေါ့။ အဲ့ဒီမှာ ကျနော်တို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့တဲ့အတွက် သူတို့မှာက သူတို့စီမံချက်မှာကိုက လူမှုရေးကစ၊ သဘာဝပတ်ဝန်းကျင်အဆုံး ကျန်းမာရေးရော အားလုံး သူတို့ project မှာ သူတို့ စီမံချက် ရေးထားပါတယ်။ ကုမ္ပဏီက သူတို့ အားလုံး EIA၊ SIA အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။”

ဒီစီမံကိန်းကို ချင်းပြည်နယ်အစိုးရက ကိုင်တွယ် လုပ်ဆောင်တာမဟုတ်ဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်ထားတယ်လို့ ဦးကျော်ငြိမ်းက ဆက်ပြောပါတယ်။

ဒါကြောင့် လောလောဆယ်မှာတော့ ဒီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးနေကြတုန်းပဲလို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

“အဲ့ဒါက ပြည်ထောင်စုဝန်ကြီးနဲ့ စာချုပ်ချုပ်တာပါ။ အခု သူတို့ အချိုးကျ ခွဲဝေငွေပေါ့။ ပြည်ထောင်စုက ဘယ်လောက် ခံစားခွင့်၊ ကုမ္ပဏီက ဘယ်လောက်ခံစားခွင့်၊ ပြည်နယ်က ဘယ်လောက်ခံစားခွင့်ဆိုတာ ရာခိုင်နှုန်းခွဲမှာပါ။ သူတို့ အခု ပြည်ထောင်စုမှာ အဲ့ဒီအချိုးကျ ခွဲဖို့ကိစ္စ ဆွေးနွေးနေပါတယ်။”

ဒီစီမံကိန်းနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့နှစ် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်ကို သွားတဲ့အချိန် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဦးကျော်ငြိမ်းက ဆက်ပြောပါတယ်။


ဒီမြွေတောင်မှာ သတ္တု၊ နီကယ် စတဲ့ တွင်းထွက် သယံဇာတတွေရှိတယ်ဆိုပြီး အရင်ကလည်း နိုင်ငံခြားကုမ္ပဏီတွေ လာရောက် လေ့လာဖူးတယ်လို့ ဆိုပါတယ်။ အခုမှသာ တရုတ်နိုင်ငံက North Mining ကုမ္ပဏီက တူးဖော်ခွင့် ရရှိသွားတာပါ။

ကချင်ပြည်နယ်အတွင်းက မြစ်ဆုံရေကာတာ စီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းက ကြေးနီတောင် စီမံကိန်း စတဲ့ စီမံကိန်းကြီးတွေအပါအ၀င် အရင်စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ ဒေသခံပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှုတွေကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ် ပြည်သူအများစုက အမြင် မကြည်မလင်ဖြစ်ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့အချိန် ဒီ မြွေတောင်စီမံကိန်းကိစ္စ ထပ်မံ ပေါ်ပေါက်လာပြန်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကတော့ အရင် စစ်အစိုးရလက်ထက်မှာ ချုပ်ဆိုတာမဟုတ်ဘဲ လက်ရှိ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တရုတ်နိုင်ငံက North Mining ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ပွင့်လင်း မြင်သာမှုမရှိဘူးဆိုပြီး ဒေသခံတွေ ရဲ့ ပြောဆိုမှုတွေ ထွက်လာတာကြောင့် ချင်းအမျိုးသား နိုင်ငံရေးပါတီတွေက အခုလို သွားရောက် လေ့လာနေကြတာ ဖြစ်ပါတယ်။

အခုသွားရောက်လေ့လာနေတဲ့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုကတော့ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးကွန်ဂရက်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အရှိုချင်းအမျိုးသားပါတီတို့ဖြစ်ကြပါတယ်။ 
ကိုဇော်ဝင်းလှိုင် VOA

စက်တင်ဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ



5.Sept_.13_mal

MNN မှ