Pages

Saturday, October 19, 2013

ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ” နိုင်ငံရေးမှာ သဒ္ဒါတရားနဲ့ ဂရုဏာ ထားရေး”ဒေါ်စုဟောပြောမည်



ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ ကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့စာရင်းပေးသွင်း ထားတယ်လို့ တက္ကသိုလ်အုပ်ချုပ်ရေးမှုးက ဗီအိုအေကို ပြောပါတယ်။ စနေနေ့ဒေသစံတော်ချိန်မနက်ပိုင်းမှာ သဒ္ဓါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ဥရောပ ငါးနိုင်ငံခရီးစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံနဲ့စတင်လိုက်တဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဥရောပကော်မရှင်ရဲ့ ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ကို ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောက်ရောက်ချင်းမှာပဲ မြို့တော်ဘရပ်ဆဲလ်နဲ့ ၁၂မိုင်ကျော်လောက်ဝေးကွာတဲ့ ဒလူဗမ်းကက်သလစ်တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေ၊ ပါမောက္ခတွေအပါအ၀င် ဒေသခံပြည်သူတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ သူ့ရဲ့ဟောပြောပွဲကို တက်ရောက်ဖို့ ဧည့်ပရိတ်သတ်ပေါင်း တစ်ထောင်ကျော် စာရင်းပေးသွင်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် အခုလို ပရိသတ်ထောင်ကျော်ပြီးစာရင်းပေးသွင်းထားတာဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ဆက်ဆံရေးဌာန ညွန်ကြားရေးမှုး Daniel Rahier ကဗီအိုအေကိုပြောပါတယ်။ ဒါအပြင် ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ de Louvain ကက်သလစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပေါမောက္ခဘွဲ့ကို ၁၉၉၈ခုနှစ်မှာ ချီးမြှင့်ခံထားရပါတယ်။ ဥရောပကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံကို လာရောက်တဲ့အချိန်မှာ ကျနော်တို့တက္ကသိုလ်ကိုလည်း လာရောက်လည်ပတ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းလာတဲ့အတွက် သူတွေ့ဆုံပွဲကို  စနေနေ့မနက်ပိုင်းမှာကျင်းပဖို့ ကျနော်တို့ စီစဉ်ခဲ့တာပါ။   နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ဂရုဏာတရားထားရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်က နှစ်ပေါင်းများစွာကတည်းက အားပေးထောက်ခံလာတာဖြစ်တယ်လို့ Daniel Rahier ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်နဲ့နှစ်ပေါင်းများစွာအကျဉ်းကျနေတဲ့ကာလမှာ ကျနော်တို့တက္ကသိုလ်ကနေ သူ့ကို ထောက်ခံအားပေးခဲ့ပါတယ်။ ဒါအပြင် တက္ကသိုလ်တည်ရှိနေတဲ့ မြို့က ဒေသခံတွေရဲ့ ပံပိုးထောက်ခံမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တာပါ။  နောက်တခုက ဒီတွေ့ဆုံပွဲမှာ နိုင်ငံခြားသံတမန်တွေပါဝင်ဟောပြောပေးဖို့ ဥရောပသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၂၂)ရက်နေ့ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာရှိတဲ့ ဥရောပပါလီမန်မှာ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ဆာခရော့ဆုကို လက်ခံယူမှာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမတိုင်ခင် ဥရောပပါလီမန်ဥက္ကဌ Martin Schulz နဲ့တွေ့ဆုံမှာပါ။

ဒါအပြင် အခြားပါလီမန်ခေါင်းဆောင်တွေနဲ့လည်းတွေ့ဖို့အစီစဉ်တွေလည်း ရှိတယ်လို့  ဥရောပပါလီမန်ဥက္ကဌရဲ့ ပြောခွင့်ရအမျိုးသမီး Maud Noyon ကဗီအိုအေကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂရဲ့ အခြားခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံမှာပါ။ ဒါပေမယ့် ဥရောပပါလီမန်ကို သူလာရောက်လည်ပတ်မယ့် အစီအစဉ်ကလည်း တိုတောင်းပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၅နှစ်မြောက် ဆာခရော့ ဆုချီးမြှင့်တဲ့  နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမှာ နာမည်ကျော် နိုင်ငံတကာဆုရှင်တွေကိုယ်တိုင်တက်ရောက်ဖို့ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မတက်ရောက်နိုင်တော့ပါဘူး။

ဆုပေးပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွင့်မိန့်ခွန်းပြောဖို့ရှိပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန်နေ့လည် ၁၂နာရီခွဲမှာ ပြုလုပ်မှာပါ။

ဗြိတိန်မှာတော့ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြောက်ပိုင်း အိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို လည်း သွားရောက်ပြီး စစ်ပညာလေ့ကျင့် သင်ကြားမှုတွေကို လေ့လာဖို့ ရှိပါတယ်။ Sandhurst တော်ဝင်စစ် တက္ကသိုလ်မှာပဲ ဗိုလ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကိုသွားပြီး မြန်မာ့ဒီမိုကရေစီရေးကို တောက်လျှောက် အားပေးထောက်ခံခဲ့တဲ့ မြို့ ၄ မြို့ဆီကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)

ဒေါ်စုရဲ့ မြောက်ပိုင်း အိုင်ယာလန် ခရီးစဉ်



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ အကြိမ်မြောက် ဗြိတိန် ခရီးစဉ်မှာ မြောက်ပိုင်း အိုင်ယာလန် ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

ခုလို မြန်မာ ပြည်က အဖွဲ့အစည်းနဲ့ လူပုဂ်ဂိုလ်တွေ ဒီလို လာပြီး လေ့လာနေကြတဲ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းဟာ တကူးတက သွားလေ့လာရအောင် ထိုက်တန် ပါရဲ့လား ၊ မြန်မာပြည် ငြိမ်းချမ်းရေး နီးလာပြီလားလို့ ဗဟု(ဖွံ့ဖြိုးမှု ) အဖွဲ့က သုတေသီ တယောက်ကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။

အိုင်ယာလန် နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံ တခုဖြစ်တယ် ၊ Conflict ပိုင်းဆိုင်ရာ ကျတော့ မြို့ပေါ် ဗုံးခွဲမှု ၊ အကြမ်းဖက်မှု စတဲ့ ကိစ္စတွေ အများအပြား ကြုံဖူးတဲ့ နိုင်ငံ တခု ဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ အနေအထားနဲ့ ကွာတဲ့ အကြောင်း အဲဒီ အဖွဲ့က သုတေသီ ကိုအောင်သူငြိမ်း က ပြောပါတယ်။

ဖြစ်နိုင်တဲ့ အကြောင်းတခုကတော့ အိုင်ယာလန် ဖက်က ဖိတ်လို့ ဒေါ်အောင်ဆန်း စုကြည်က သွားရောက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် နိုင်ငံက ပဋိပက္ခတွေ ဘယ်လို ပြေလည် သွားသလဲ ဆိုတာ သင်ခန်းစာ ယူနိုင်မယ်လို့ ထင်ကြောင်း ကိုအောင်သူငြိမ်းက ရှင်းပြခဲ့ပါတယ်။

အရင်ကလည်း အိုင်ယာလန်ကို သွားရောက် လေ့လာဖူးတဲ့ အဖွဲ့တွေ ရှိခဲ့ဖူးပြီး ဘယ်လိုများ အကျိုးရှိတာ တွေ့ရလဲလို့ မေးကြည့်တဲ့ အခါ သူက တခိျု့ အရပ်ဖက် အဖွဲ့တွေဟာ ပြန်သွားတဲ့ အခါ ငြိမ်းချမ်းရေး ကိစ္စတွေကို တက်တက်ကြွကြွ လုပ်တွေ ရှိတယ် ၊ တိုင်းရင်းသား ကိစ္စတွေမှာ ဆိုလဲ အပစ်ရပ်ရေးမှာ ဘယ်လို စောင့်ကြည့်မလဲ ဆိုတာ စသဖြင့် သူတို့ ပြန်လည် အသုံးချတာတွေ ရှိပါတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ ဖက်က မူဝါဒ ချမှတ်သူတွေ ဆိုရင်တော့ တခိျု့ ကိစ္စတွေက သူတို့အတွက် အကျိုးရှိတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

အခု ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်ရှိ ပဋိပက္ခတွေမှာ ထိပ်တိုက် တွေ့တာတွေ လျော့ကျသွားတာတွေ မြင်ရပြီး အပစ်ရပ်ရေး ပိုမို ခိုင်မာလာအောင် လုပ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာပြီး ဥပမာ အနေနဲ့ ဆိုရင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စတွေမှာ အစိုးရကို ဘယ်လို အာမခံချက် ပေးမလဲ ၊ စုစည်း သိမ်းသွင်းတာတွေ ဘယ်လို လုပ်မလဲ စသဖြင့် ပြန်လည် အသုံးချယူနိုင်တဲ့ ကိစ္စတွေဟာ အရေးပါ လိမ့်မယ်လို့ ထင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အခု အချိန်မှာ အပစ်ရပ်ရေးကို တိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ သဘောတူထားတာ တွေ့ရပြီး ပြဿနာက လက်ရှိ ဖွဲ့စည်းပုံ အရ လက်နက်ကိုင် အဖွဲ့ တခုတည်းဘဲ တိုင်းပြည်မှာ ရှိရမယ် ဆိုတော့ တိုင်းရင်းသား တွေဖက်ကလည်း လက်နက် မစွန့်ချင် တဖက်ကလည်း ဒါတွေကို သိမ်းသွင်းရမယ့် အတွက် အချိန်ယူ လုပ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ကိစ္စ ၊ မြေယာ သိမ်းယူတာတွေ စတာတွေကို အချိန်ယူ ဖြေရှင်းဖို့ လိုတယ်လို့ ကိုအောင်သူငြိမ်းက သူ့အမြင်ကို ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေ ရေရှည် ရပ်တည်ရေး ကိစ္စက ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ဘဲလို့လည်း သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ အခွန်ကောက်တာတွေ ၊ ဂိတ်တွေ ဖွင့်ပြီး ဂိတ်ကြေးကောက်တဲ့ ကိစ္စတွေမှာ တဖက်နဲ့ တဖက် ငြိနေတာတွေ တော်တော်များများ တွေ့နေရတယ်လို့ ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေကို ကိုအောင်သူငြိမ်းက ထောက်ပြသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒေါ်စုရဲ့ မြောက်ပိုင်း အိုင်ယာလန် ခရီးစဉ်



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ အကြိမ်မြောက် ဗြိတိန် ခရီးစဉ်မှာ မြောက်ပိုင်း အိုင်ယာလန် ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

ခုလို မြန်မာ ပြည်က အဖွဲ့အစည်းနဲ့ လူပုဂ်ဂိုလ်တွေ ဒီလို လာပြီး လေ့လာနေကြတဲ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းဟာ တကူးတက သွားလေ့လာရအောင် ထိုက်တန် ပါရဲ့လား ၊ မြန်မာပြည် ငြိမ်းချမ်းရေး နီးလာပြီလားလို့ ဗဟု(ဖွံ့ဖြိုးမှု ) အဖွဲ့က သုတေသီ တယောက်ကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။

အိုင်ယာလန် နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံ တခုဖြစ်တယ် ၊ Conflict ပိုင်းဆိုင်ရာ ကျတော့ မြို့ပေါ် ဗုံးခွဲမှု ၊ အကြမ်းဖက်မှု စတဲ့ ကိစ္စတွေ အများအပြား ကြုံဖူးတဲ့ နိုင်ငံ တခု ဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ အနေအထားနဲ့ ကွာတဲ့ အကြောင်း အဲဒီ အဖွဲ့က သုတေသီ ကိုအောင်သူငြိမ်း က ပြောပါတယ်။

ဖြစ်နိုင်တဲ့ အကြောင်းတခုကတော့ အိုင်ယာလန် ဖက်က ဖိတ်လို့ ဒေါ်အောင်ဆန်း စုကြည်က သွားရောက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် နိုင်ငံက ပဋိပက္ခတွေ ဘယ်လို ပြေလည် သွားသလဲ ဆိုတာ သင်ခန်းစာ ယူနိုင်မယ်လို့ ထင်ကြောင်း ကိုအောင်သူငြိမ်းက ရှင်းပြခဲ့ပါတယ်။

အရင်ကလည်း အိုင်ယာလန်ကို သွားရောက် လေ့လာဖူးတဲ့ အဖွဲ့တွေ ရှိခဲ့ဖူးပြီး ဘယ်လိုများ အကျိုးရှိတာ တွေ့ရလဲလို့ မေးကြည့်တဲ့ အခါ သူက တခိျု့ အရပ်ဖက် အဖွဲ့တွေဟာ ပြန်သွားတဲ့ အခါ ငြိမ်းချမ်းရေး ကိစ္စတွေကို တက်တက်ကြွကြွ လုပ်တွေ ရှိတယ် ၊ တိုင်းရင်းသား ကိစ္စတွေမှာ ဆိုလဲ အပစ်ရပ်ရေးမှာ ဘယ်လို စောင့်ကြည့်မလဲ ဆိုတာ စသဖြင့် သူတို့ ပြန်လည် အသုံးချတာတွေ ရှိပါတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ ဖက်က မူဝါဒ ချမှတ်သူတွေ ဆိုရင်တော့ တခိျု့ ကိစ္စတွေက သူတို့အတွက် အကျိုးရှိတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

အခု ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်ရှိ ပဋိပက္ခတွေမှာ ထိပ်တိုက် တွေ့တာတွေ လျော့ကျသွားတာတွေ မြင်ရပြီး အပစ်ရပ်ရေး ပိုမို ခိုင်မာလာအောင် လုပ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာပြီး ဥပမာ အနေနဲ့ ဆိုရင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စတွေမှာ အစိုးရကို ဘယ်လို အာမခံချက် ပေးမလဲ ၊ စုစည်း သိမ်းသွင်းတာတွေ ဘယ်လို လုပ်မလဲ စသဖြင့် ပြန်လည် အသုံးချယူနိုင်တဲ့ ကိစ္စတွေဟာ အရေးပါ လိမ့်မယ်လို့ ထင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အခု အချိန်မှာ အပစ်ရပ်ရေးကို တိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ သဘောတူထားတာ တွေ့ရပြီး ပြဿနာက လက်ရှိ ဖွဲ့စည်းပုံ အရ လက်နက်ကိုင် အဖွဲ့ တခုတည်းဘဲ တိုင်းပြည်မှာ ရှိရမယ် ဆိုတော့ တိုင်းရင်းသား တွေဖက်ကလည်း လက်နက် မစွန့်ချင် တဖက်ကလည်း ဒါတွေကို သိမ်းသွင်းရမယ့် အတွက် အချိန်ယူ လုပ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ကိစ္စ ၊ မြေယာ သိမ်းယူတာတွေ စတာတွေကို အချိန်ယူ ဖြေရှင်းဖို့ လိုတယ်လို့ ကိုအောင်သူငြိမ်းက သူ့အမြင်ကို ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေ ရေရှည် ရပ်တည်ရေး ကိစ္စက ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ဘဲလို့လည်း သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ အခွန်ကောက်တာတွေ ၊ ဂိတ်တွေ ဖွင့်ပြီး ဂိတ်ကြေးကောက်တဲ့ ကိစ္စတွေမှာ တဖက်နဲ့ တဖက် ငြိနေတာတွေ တော်တော်များများ တွေ့နေရတယ်လို့ ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေကို ကိုအောင်သူငြိမ်းက ထောက်ပြသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဗုံးကိစ္စ သတင်းစာရှင်းလင်းပွဲ ရဲချုပ် ပြောဆိုချက်အပြည့်အစုံ

          မနေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ ရဲချုပ်ဇော်ဝင်း။ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ 

မကြာခင်က ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးတွေပေါက်၊ ဗုံးတွေ တွေ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရဲချုပ်ဇော်ဝင်းပြောတဲ့ အချက်အလက်အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက် က ဖော်ပြထားပါတယ်။ သံသယရှိသူတွေကို ဘယ်လို ခြေရာခံတယ်။ စုံစမ်းစစ်ဆေးပြီး ဘယ်လိုအချက်အလက်တွေကို သိရတယ် ဆိုတာတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေကို ပြောသွားတဲ့ ပြောဆိုချက်တွေပါ။ အပြည့်အစုံကို ဧရာဝတီ က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီး များ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူး ဖိတ်ကြား ထားသော ဧည့်သည်တော်များ ခင်ဗျာ ရှေးဦးစွာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်း ဆက်သ ဂါရဝ ပြုအပ်ပါတယ်။

သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲ မှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော် ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာ များ အားလုံး သိရှိနိုင် စေရန်အတွက် ရည်ရွယ် ပြုလုပ် ရခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီးအချို့မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝ တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး မသမာ သူများဟာ အောက်တိုဘာလ အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြပါ တယ်။ အထူးသဖြင့် ပြည်သူလူထုများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်ပျက်ပြား စေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှာ ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်း ပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်း အရေ အတွက် (၁၀) လုံးဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။

ပထမဦးဆုံးဖြစ်စဉ်အနေနဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၁၀၀၀ နာရီချိန် ဖြူးမြို့ ကားဂိတ်မှာ ဇေယျာဟိန်း ခရီးသည်တင် ကားပေါ်မှ မသင်္ကာဖွယ်ရာ မိုင်းတစ်လုံးတွေ့ရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်/ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အားလုံးကို ယခု ဖြစ်စဉ်ချပြပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး လုံခြုံရေး ဂရုပြုဆောင်ရွက်ဖို့နဲ့ လှည့်ကင်း ပတ်ကင်းများနဲ့ နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့မ ရဲစခန်းက ဥပဒေနဲ့ အညီ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၅ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။ အဲဒီလို ဖြစ်ပွားပြီး တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ၂၀၅၀ နာရီချိန် တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ချက်အရ မသင်္ကာတရားခံ စောထွန်းထွန်းကို ဖော်ထုတ် နိုင်ခဲ့ပြီး ဝတ္တုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိပါတယ်။

သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ အောင်ဆန်းလင်း(ခ) ဆန်းလင်းကို ဖမ်းဆီးရမိတဲ့အခြေအနေကို တင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂၃၀ နာရီအချိန်မှာ လမ်းမတော်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားရုံးမှာ လုပ်ကိုင်နေ တဲ့ အောင်ဆန်းလင်း (ခ) ဆန်းလင်းကို အဲဒီ အလုပ်သမားရုံး အပေါ်ထပ်မှာ တွေ့ရှိဖမ်းဆီး နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး အငှားယာဉ်မောင်း အောင်မင်းဦးကို ဖမ်းဆီးရမိတဲ့ အခြေအနေကို တင်ပြပါမယ်။

ဆက်လက်ဖော်ထုတ်ချက်အရ ၁၄၀၀ ချိန် အငှားယာဉ်မောင်း အောင်မင်းဦးဟာ သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၀၁၀) တွင် နေထိုင်ကြောင်း သိရှိရလို့ သွားရောက်စုံစမ်းရာ ခြံတခါးနှင့် နေအိမ်တံခါးသော့ခတ်ထားပြီး ၁၁၃၀ ချိန်ခန့်မှ စလို့ နေအိမ်အပြင်ထွက်ခွာသွားကြောင်း သိရှိရတဲ့အတွက် ဖြန့်ကြက်ရှာဖွေခဲ့ရာ ၂၀၁၃ ချိန် လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ ပြည့်စုံဝင်း စတိုးဆိုင်ရှေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောင်မင်းဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောင်မင်းဦးကို စစ်ဆေးရာမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ နာရီချိန်မှာ ကဝမြို့နယ် ကျားတက်ရွာမှ တစ်ရွာတည်းသား သူငယ်ချင်းဖြစ်တဲ့ မောင်မိုး (ဖ) ဦးမြင့်သိန်း မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူက တက္ကဆီငှားရမ်းခဲ့ပြီး အောင်မိုးရဲ့ မိတ်ဆွေ (စောမြင့်လွင်) ကို
သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ကျောက်တံတားမြို့နယ် Hitachi အပေါ်ဆုံးထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို လိုက်ပို့ခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ဘောင်ရပ်ကွက် (၉၄) လမ်း၊ အမှတ် (၃၁) ၊ (၄) လွှာ/ ယာဘက်မှာနေတဲ့ အောင်မိုး ရဲ့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊
၁၈၀၀ ချိန်မှာ အောင်ဆန်းလင်း၊ အောင်မိုးနဲ့ ဇနီး၊ စောမြင့်လွင်တို့နဲ့ အတူ ဗဟန်းမြို့နယ်ရှိ ရွှေကောင်းဟော့ပေါ့ ဆိုင်ကို သွားရောက် စားသောက်ခဲ့ပြီးတော့ အောင်မိုးနဲ့ ဇနီးတို့ လမ်းခွဲကာ ၁၉၃၀ ချိန် အောင်ဆန်းလင်း၊ စောမြင့်လွင်တို့နဲ့အတူ အလုံမြို့နယ်ရှိ Western Park II စားသောက်ဆိုင်ကို ဆက်လက်သွားရောက် စားသောက်ခဲ့ကြောင်း၊ ၂၂၀၀ ချိန် အဲဒီဆိုင်ကနေ ပြန်လည် ထွက်ခွာပြီး စောမြင့်လွင်ကို အောင်ဆန်းလင်း နဲ့ အတူ ပဲခူးမြို့ထိ ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၀၅၀၀ နာရီအချိန်မှာတော့ သာကေတမြို့နယ် နေအိမ်ကို ပြန်ရောက် ရှိစဉ် စောမြင့်လွင်က အောင်မင်းဦးကို ဖုန်းဆက်သွယ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ် ကားပေါ်မှာကျန်ခဲ့ကြောင်းပြောတဲ့အတွက် ကားပေါ်မှာ တွေ့ရတဲ့ ပိုက်ဆံအိတ်ကို ညီဖြစ်သူ ဝင်းသန်း(၃၅) နှစ် သာကေတ မြို့နယ်နေသူထံ ခေတ္တအပ်နှံပေးခဲ့ကြောင်းသိရပါတယ်။

 ဝင်းသန်း အသက် ၃၅ နှစ် (ဖ) ဦးသောင်းစိန်ရဲ့ နေအိမ်မှာ အဲဒီ ပိုက်ဆံအိတ်ကို သွားရောက်ရှာဖွေ ရာ စောမြင့်လွင် အသက်၂၅ နှစ် ကရင်/ဗုဒ္ဓ၊ ကျပန်း၊ ၃/ ဖပန(နိုင်) ၀၂၂၅၇၆ မလိကျောက်ကျေးရွာ ဖာပွန်မြို့နယ်နေသူရဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ အတူ မြန်မာငွေရောရာ ၃၇၁၅၀ ကျပ်၊ လိပ်စာကတ် ၁၀ ခု၊ ဈေးဝယ်ဘောင်ချာ ၁ စောင်နဲ့ ဘော့ပင် ၁ ချောင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပါတယ်။
အဲဒီလိုသိမ်းဆည်းရမိတဲ့ စောမြင့်လွင်ရဲ့ မှတ်ပုံတင်နဲ့ ရန်ကုန်မြို့တွင်း တည်းခို သွားလာနိုင်မဲ့ နေရာတွေ ကို စိစစ်အတည်ပြုနေစဉ် ၂၃၂၀ အချိန်မှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် (၉၂၁) မှာ မိုင်းတစ်လုံးပေါက်ကွဲလို့ နိုင်ငံခြားသူ တစ်ဦး ဒဏ်ရာရ တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရတဲ့ အတွက် အဲဒီဟိုတယ်ရဲ့ တည်းခိုသူ စာရင်းများကို အသေးစိတ်စိစစ်တဲ့အခါ စောမြင့်လွင်ဟာ အခန်းအမှတ် (၉၂၁) မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ၁၅ ၀၀ အချိန်မှ ၁၃ ရက်နေ့ ၀၆ ၀၀ ချိန်ထိ တည်းခို သွားကြောင်း သိရှိရပြီး ဟိုတယ်ရဲ့ CCTV မှတ်တမ်းများကို စိစစ်ချက်အရလည်း စောမြင့်လွင် ရောက်ရှိသွားလာမှု မှတ်တမ်းများကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှု ဖြစ်စဉ် ကိုလည်း ကျောက်တံတား မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့်လည်းကောင်း၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့်လည်းကောင်း ဥပဒေနဲ့အညီ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိပါတယ်။

ဆက်လက်ပြီးတော့ စောမြင့်လွင်အား စုံစမ်းဖမ်းဆီးတဲ့ အခြေအနေများကို ရှင်းလင်း တင်ပြပါမယ်။
ဖမ်းဆီးရမိထားတဲ့ အငှားယာဉ်မောင်း အောင်မင်းဦးဆီက ရရှိတဲ့ သတင်းအချက်အလက် များအရ စောမြင့်လွင်ရဲ့ တည်နေရာကို နည်းပညာ အထောက်အကူနဲ့ အတည်ပြုခဲ့ရာမှာ ဘီးလင်းမြို့မှာ ရှိနေကြောင်း သိရလို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ပူးပေါင်းဆောင်ရွက် ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇ ၃၀ ချိန် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားလမ်းမပေါ်မှာ ၂၄ယ/ ၉၅၁၀၁ ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ စောမြင့်လွင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ၁၁ ၂၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ဆက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အောင်မိုးအား စုံစမ်းဖမ်းဆီးခဲ့တဲ့ အခြေအနေများကို တင်ပြပါမယ်။ ဖောက်ကွဲမှုတရားခံ စောမြင့်လွင်ရဲ့ မိတ်ဆွေ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူ အောင်မိုးကို ဖမ်းဆီးရမိဘို့အတွက် သူရဲ့နေအိမ်ကို သွားရောက်စုံစမ်းရာ တိမ်းရှောင် နေကြောင်း သိရပြီး နည်းပညာ အထောက်အကူနဲ့ သူရဲ့ တည်နေရာကို ရှာဖွေချက်အရ သန်လျင်မြို့၊ ဆေးရုံကြီးအနီး မှာ အောက်တိုဘာ လ ၁၄ ရက်နေ့ ၂၃ ၀၀ နာရီအချိန် ဟိုင်းလပ်ဆပ်ဖ်အနက်ရောင် ယာဉ်အမှတ် ၄ ဃ/၂၅၇၆ နဲ့အတူ အောင်မိုး ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။
အောင်မိုးကို စိစစ်ဖော်ထုတ်ချက်အရ စောမြင့်လွင်ဟာ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးရဲ့ ကားနဲ့ ရန်ကုန်သို့ လာရောက်ပြီး သူ့ရဲ့နေအိမ်မှာ ၁ ရက် တည်းခိုခဲ့ဘူးကြောင်း၊ စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ ၀၇ ၀၀ချိန် သူရဲ့ နေအိမ်ကို ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ သွားလာ လည်ပတ်နိုင်အောင် သူရဲ့သူငယ်ချင်း ယာဉ်မောင်း အောင်မင်းဦးကို ခေါ်ယူထည့်ပေးလိုက်ကြောင်း၊ ညနေပိုင်းမှာ ရွှေကောင်း ဟော့ပေါ့ဆိုင်၌ ညစာလိုက်ကျွေးကြောင်း၊ ညစာစားပြီး စောမြင့်လွင်က မြို့ထဲတွင် ထပ်မံစားသောက် ဖို့ ယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်းတို့နဲ့အတူ ၁၉၃၀ ချိန် ထွက်ခွာသွားကြောင်း ထွက်ဆိုပါ တယ်။
ဆက်လက်ပြီး စောမြင့်လွင်ကို စစ်ဆေးဖော်ထုတ်ရရှိမှု အခြေအနေများကို တင်ပြပါမယ်။ စောမြင့်လွင်ဟာ အသက် ၁၆ နှစ်အရွယ်မှာ စတင်၍ KNU ၌ ၅ နှစ် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ KNU မှ ထွက်ပြီးတော့ ဦးမြဖူးရဲ့ ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီ၌ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာမှ KNU အဖွဲ့အစည်း ရဲ့ စီးပွားရေး အဖွဲ့တစ်ခုမှ နေတိုး(ခ) စောရွှေထူးနဲ့ ခင်မင် ရင်းနှီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဘီးလင်းမြို့ ဦးမြဖူးနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူး က ဖုန်းဆက်ခေါ်တဲ့အတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ၀၇၀၀ ချိန်ထွက်ခဲ့ရာ မလိကျောက် အကောက်ဂိတ်ကို ၁၂၀၀ ချိန်ရောက်ရှိခဲ့ပြီး နေတိုး(ခ) စောရွှေထူးရဲ့ တပည့် မောင်ချမ်းအေး၊ တင်အောင်ဟိန်းတို့ (၂) ဦး ကို တွေ့ရှိရကြောင်း၊ အကောက်ဂိတ်၌ ညအိပ်ပြီး စက်တင်ဘာလ ၂၉ ရက် နေ့မှာ နေတိုး(ခ) စောရွှေထူးက အိတ်(၁)လုံးဖွင့်ပြလို့ မိုင်း (၁၀) လုံး တွေ့ရှိရပြီး ဖောက်ခွဲနည်းကို (၁၅) ကြိမ်လောက် သင်ကြားပေးခဲ့လို့ တတ်မြောက်ခဲ့ကြောင်းနဲ့ နေတိုး(ခ) စောရွှေထူးက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မိုင်းထောင် ဖောက်ခွဲဖို့ မိုင်းနှစ်လုံးနဲ့ ငွေကျပ် ၅ သိန်းပေး စေခိုင်းခဲ့ပြီး သူလဲ ဘီးလင်းသို့ ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ ၀၆၀၀ ချိန် ဘီးလင်းနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူးက ဦးမြဖူးဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး သူနဲ့အတူ ရန်ကုန်ကိုလာဘို့ ပြောတာကြောင့် ၁၂၀၀ ချိန် ဦးမြဖူးနဲ့ အတူ ရန်ကုန်ကို သွားခဲ့ကြောင်း၊ ၁၈၀၀ ချိန် နေတိုး(ခ) စောရွှေထူးနဲ့ စိုးမြင့်အောင်တို့ အိုလံပစ် ဟိုတယ်မှာ ရှိကြောင်း ဖုန်းဆက်ပြောတဲ့အတွက် အဲဒီဟိုတယ်ကို သွားရောက်တည်းခိုခဲ့ကြောင်း၊ အဲဒီလို တည်းခိုစဉ် ဦးမြဖူးက ဝင်းကိုကိုအမည်နဲ့ လည်း ကောင်း၊ နေတိုး(ခ) စောရွှေထူးက စောရွှေထူး (၃၀) နှစ်၊ (ဖ) ဦးပန်းအောင်၊ ၃/ဖပန(နိုင်) ၀၂၄၀၈၅ အမည်နဲ့လည်းကောင်း တည်းခိုကြရာမှာ နေတိုး(ခ) စောရွှေထူးက အခန်းအမှတ် (၁၀၄)၊ စိုးမြင့်အောင်နဲ့ သူက အခန်းအမှတ် (၁၀၉)မှာ ညအိပ်ပြီး ဦးမြဖူးဟာ ဟိုတယ် အပေါ်ထပ်မှာ သွားရောက် အိပ်ခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ ချောင်းသာကို သွားခဲ့ကြပြီး ချောင်းသာဟိုတယ်မှာ နေတိုး(ခ) စောရွှေထူး က သူ့ကို နိုင်ငံခြားသားတွေ တည်းခိုတဲ့ ကုန်သည်ကြီးများဟိုတယ်၊ ဆီဒိုးနားဟိုတယ်နဲ့ နိုင်ငံခြားသား စားသောက်ဆိုင်တွေကို အဓိကထား ဖောက်ခွဲရမည် ဖြစ်ကြောင်း၊ ဖောက်ခွဲရတဲ့ ရည်ရွယ်ချက်က တော့ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုင်းရင်းသားများရဲ့ စီးပွားရေး လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်လာမှုများ အဟန့်အတားဖြစ်စေဖို့ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး နှစ်နေရာ လုပ်ပေးရမှာ ဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးပါက ရွှေတူးဖော်ခွင့် လုပ်ကွက် ပေး မယ်လို့ ပြောတာမို့ သူက သဘောတူ လက်ခံခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ သူတို့အဖွဲ့ ရန်ကုန်ကို ပြန်လာတာ အိုလံပစ် ဟိုတယ်မှာ နေတိုး (ခ) စောရွေထူး က အခန်းအမှတ် (၁၀၃)၊ သူက အခန်းအမှတ် (၁၀၄) တွင် တည်းခိုပြီး ဦးမြဖူးနဲ့ ဦးစိုးမြင့်အောင်တို့က နေအိမ်ပြန်အိပ်ကြကာ ညနေမှာတော့ နေတိုး (ခ) စောရွေထူးက သူ့ကို ကုန်သည်ကြီးများ ဟိုတယ်ကို လေ့လာဖို့ ဦးမြဖူးနဲ့ စေလွှတ် ခဲ့ကြောင်း သိရှိရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ နေတိုး (ခ) စောရွေထူးက သူ့ကို ဘီးလင်းသို့ ပြန်လည် စေလွှတ် တဲ့ အတွက် ပြန်လာခဲ့ပြီး နေတိုး (ခ) စောရွေထူးတို့မှာ ရန်ကုန်၌ ကျန်ရစ်ခဲ့ ကြကြောင်း၊ နေတိုး (ခ) စောရွေထူး၊ စိုးမြင့်အောင်၊ ဦးမြဖူး ယာဉ်မောင်း ဇော်လတ်မောင် တို့ဟာ အဖြူရောင် Mark-X ကားနဲ့ မန္တလေးဘက်သို့ ခရီးသွားရန်ရှိကြောင်း သိရပါတယ်။

စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုင်းနှစ်လုံးယူဆောင်ပြီးတော့ ဘီးလင်းကနေ ကားငှား ထွက်ခွာခဲ့ရာ ၁၄၀၀ ချိန် ရန်ကုန်မြို့ကို ရောက်ရှိပြီး ၁၄၃၀ ချိန် ကုန်သည်ကြီးများ ဟိုတယ်အခန်းအမှတ် (၉၂၁) ကို ရောက်ရှိ တည်းခို ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၀၃၀၀ ချိန် အိပ်ရာမှထပြီး မိုင်းတစ်လုံးထုတ်ကာ မိုင်းခွဲမဲ့ အချိန်ကို (၄၈) နာရီပြတဲ့ ပဉ္စမပေါက်အတွင်းသို့ ဝါယာကြိုး တစ်စ ထည့် ပြီး ရေအိမ်သာနောက်၌ ထောင်ထားခဲ့ကြောင်း၊ အဲဒီနောက် နံနက် ၀၆၀၀ ချိန် ဟိုတယ်မှ ထွက်ခွာလာ ပြီး ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီမှာ ရင်းနှီးခဲ့တဲ့ တာမွေမြို့နယ်နေ ကိုအောင်မိုးထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုအောင်မိုး နေအိမ်ကို ရောက်ခဲ့ကြောင်း၊ ၁၂၀၀ ချိန် ရန်ကုန်မြို့တွင်း လည်ပတ်ခဲ့ပြီး ၁၆၃၀ ချိန် ကိုအောင်မိုး အိမ်ပြန်ရောက် ခဲ့ကြောင်းနှင့် ၁၈၀၀ ချိန်ခန့်တွင် ကိုအောင်မိုးတို့ လင်မယားနဲ့ အတူ ရွှေကောင်း စားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

အဲဒီကမှတစ်ဆင့် ၁၉၃၀ ချိန် အလုံမြို့နယ်၊ Western Park II စားသောက်ဆိုင်ကို သွားရောက်ခဲ့ပြီး စားပွဲအမှတ် (၁၉) ၌ အငှားယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်း တို့နဲ့ ဘီယာသောက်နေစဉ် အငှားယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ လက်ကျန်မိုင်း တစ်လုံးကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ယူဆောင်၍ စားပွဲအမှတ် (၁၉) အောက်တွင် ထောင်ထားခဲ့ကြောင်းနှင့် ၂၂၀၀ ချိန် အငှားယာဉ်မောင်း ကို ပဲခူးမြို့သို့ လိုက်ပို့ရန် ငွေကျပ် ၇၀၀၀၀ ဖြင့် ငှားရမ်းပြီး ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၄၀၀ ချိန် ရွှေမော်ဓောဘုရား အနီး နေထိုင်တဲ့ ယခင်က ခင်မင်ရင်းနှီးသူ ရွှေတွင်းပိုင်ရှင် ဦးသိန်းဝင်းရဲ့ နေအိမ်သို့ ရောက်ရှိ ညအိပ် ခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ၀၇၀၀ ချိန် ပဲခူးမြို့မှ ဘီးလင်းမြို့သို့ ထွက်ခွာလာရာ ၀၉၀၀ ချိန် ရောက်ရှိ ခဲ့ပြီး ဦးမြဖူးရဲ့ နေအိမ်၌ တည်းခိုးနေထိုင်ကြောင်းနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇၄၅ ချိန် သူပိုင်တဲ့ ဆိုင်ကယ်နဲ့ စီးနင်းသွားလာစဉ် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ် အရောက် တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဘီးလင်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကို ခေါ်ဆောင်စစ်ဆေးခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဆက်လက်၍ မန္တလေး၊ စစ်ကိုင်းဖြစ်စဉ်များကို ရှင်းလင်း တင်ပြသွားပါမယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၃၁၅ ချိန် မန္တလေးမြို့ ၁၆x၈၀ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်အပေါ် ထပ် မှာ မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိရပြီး ၁၆ လမ်းတောင်ဘက် ပလက်ဖောင်းမှာ မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့နဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အဲဒီအထုပ်အတွင်းရှိ မိုင်းကို ဖောက်ခွဲ ဖျက်ဆီး ပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ် မှာလည်း အောင်မြေသာစံ မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၃၃၀ ချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းလမ်းရပ်ကွက်၊ ရွှေပြည့်စုံ ဟိုတယ် အပေါ်ထပ်နဲ့ ၀၅၄၅ ချိန် စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင် မုခ်ဦးအဝင် ယာဉ်ရပ်နားစခန်းမှာ မိုင်းတစ်လုံးစီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း သိရှိရပါတယ်။ ဒီဖြစ်စဉ်များကိုလည်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။ အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ပတ်သက်လို့ ရဲချုပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့နဲ့ အတူ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခင်းဖြစ်ပွားတဲ့ နေရာများအား အသေးစိတ် စစ်ဆေးပြီး အခင်းဖြစ်နေရာ များမှာ တပ်ဆင်ထားရှိတဲ့ CCTV ကင်မရာမှတ်တမ်းများမှာရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ယူပြီးနောက် ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးမြို့ ဖြစ်စဉ်များကို ဆက်စပ်ဖော် ထုတ် သွားဖို့ ညှိနှိုင်းဆွေးနွေး ညွှန်ကြားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားတဲ့ ဟိုတယ်ကို အသေးစိတ် စစ်ဆေးရာမှာ တရားခံ စောမြင့်လွင်ရဲ့ ထွက်ဆိုချက်မှာ ပါတဲ့ နေတိုး (ခ) စောရွှေထူးနဲ့ ဇော်လတ်မောင်တို့ဟာ တည်းခိုသူ စာရင်း ၌ ဇော်လတ်မောင် နာမည် တစ်ခုသာ ပေး၍ နှစ်ဦးတည်းခိုသွားကြောင်း မသင်္ကာဖွယ် တွေ့ရှိရလို့ ဟိုတယ်ရဲ့ CCTV မှတ်တမ်းအား ဆက်လက် ရှာဖွေခဲ့ရာ မသင်္ကာဖွယ် တရားခံဓာတ်ပုံများ ရရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကို ပေးပို့ စိစစ်စေခဲ့ရာ ဇော်လတ်မောင်နဲ့ နေတိုး (ခ) စောရွေထူးတို့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်ရှိ CCTV များက မှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အဆိုပါ နေရာများကိုလည်း Mark-X အဖြူရောင် ၆ဂ/၅၉၄၈ နဲ့ ရောက်ရှိသွားလာ ခဲ့ကြောင်း ဖော်ထုတ်နိုင် ခဲ့ပါတယ်။ ထိုနည်းတူစွာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း အဆိုပါ ဓာတ်ပုံများနှင့် ရွှေဘဲ စားသောက်ဆိုင်ရှိ CCTV မှ မှတ်တမ်းပုံများကို ဆက်လက် တိုက်ဆိုင်ကြည့်ရှုရာမှာ အဲဒီ မသင်္ကာဖွယ် တရားခံများဟာ မိုင်းတွေ ရှိတဲ့ စားပွဲ အမှတ် (၁၄) ၌ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ ချိန်ခန့်မှာ စားသောက် ခဲ့ကြောင်း ဖော်ထုတ်ရရှိတဲ့အပြင် စားပွဲအောက်မှာ မိုင်းကို ချည်နှောင်ထားခဲ့တဲ့ သွပ်ကြိုးစကို သိမ်း ဆည်းရမိခဲ့ပါတယ်။ လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများ ခင်ဗျာ စစ်ကြောဖော်ထုတ်ချက်များအရ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ဇော်လတ်မောင်နဲ့ ယာဉ်ပိုင်ရှင် ဦးမြဖူး တို့ကို မွန်ပြည်နယ် ရဲတပ်ဖွဲ့ဟာ KNU အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ပို့ဆောင် စစ်ဆေးခဲ့ပါတယ်။ ဇော်လတ်မောင်ရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှ အခင်းဖြစ် နေရာများကို နေတိုး (ခ) စောရွေထူးနဲ့ အတူ ရောက်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေတိုး (ခ) စောရွေထူး၊ ဇော်လတ်မောင်တို့အဖွဲ့ဟာ ခရီးစဉ်၌ တောင်ငူ၊ ညောင်ဦး၊ မကွေး၊ ပုပ္ပါးမြို့ များကို ရောက်ရှိသွား လာခဲ့ကြောင်း သိရှိရတာကြောင့် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သံသယဖြစ်ဖွယ်နေရာတွေကို မိုင်းအန္တရာယ် ကင်းရှင်း ရေး ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ အခင်းဖြစ်နေရာများက သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံ ပစ္စည်းများအပေါ် မှုခင်းတပ်ဖွဲ့ရဲ့ ကျွမ်းကျင်သူ ထင်မြင်ချက်များ အရ အောက်တိုဘာက ၉ ရက်နေ့ ဖြူးမြို့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်း ဖြစ်စဉ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်း ဖြစ်စဉ်နဲ့ သာကေတမြို့နယ်၊ ၃/မာန်ပြေ ရပ်ကွက်ဖြစ်စဉ် များက မိုင်း (၅) လုံးရဲ့ အသုံးပြု ပစ္စည်းများ နှိုင်းယှဉ်ရာမှာ TNT ယမ်းတုံး ၀.၅ ပေါင်စီ၊ ဒီတိုနေတာမှာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၁၀ ပေ ခန့်စီ၊ ဘက်ထရီ ၉ ဗို့စီ၊ မီးတိတ် အနက်ရောင်များ၊ ချိန်ကိုက်နာရီ ၁.၅ ဗို့ ဓာတ်ခဲပါ မိုင်း (၄) လုံးနဲ့ ထောင်ချောက် မိုင်း (၁) လုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရတာကြောင့် အဖွဲ့အစည်း/ လူတစ်ဦးတည်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ဒေသလုပ် မိုင်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ အလုံမြို့နယ်၊ Western Park IIဖြစ်စဉ်နဲ့ အောင်မြေသာစံမြို့နယ်၊ ရွှေဘဲ စားတော်ဆက်ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျောက်တံတားမြို့နယ်၊ Traders Hotel၊ စစ်ကိုင်းမြို့၊ ရွှေပြည့်စုံ ဟိုတယ်နဲ့ ဆွမ်းဦး ပုညရှင် စေတီဖြစ်စဉ်တို့က မိုင်း (၅) လုံးရဲ့ အသုံးပြုပစ္စည်းများ နှိုင်းယှဉ်ရာမှာ M-67 လက်ပစ်ဗုံး တစ်လုံးစီ၊ ဒီတိုနေတာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၅ လက်မ ခန့်စီ၊ Sequence Controller များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် အဖွဲ့အစည်း တစ်ခုတည်းမှ ဆောင် ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းနဲ့ ဒေသလုပ်မိုင်းများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ရန်ကုန်ဖြစ်စဉ်နှစ်ခုမှာ နေတိုး (ခ) စောရွေထူးရဲ့ စေခိုင်းချက်ကြောင့် စောမြင့်လွင် ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်တဲ့စစ်ကိုင်း မန္တလေးဖြစ်စဉ် သုံးခုမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများနှင့် တပ်ဆင်ပုံစနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုး (ခ) စောရွေထူး နှင့် နေတိုး ဦးဆောင်တဲ့ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စစ်ကြောဖော်ထုတ် ချက်များ အရ နိုင်ငံအတွင်းမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက် လုပ်ကိုင်မှုကို ခြိမ်းခြောက်လိုတဲ့ အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါတယ်။ ဆက်လက် စစ်ကြော ဖော်ထုတ်ချက်များအရ ပိုမိုတိကျတဲ့ သတင်း အချက်အလက်များ ရရှိမှုကို သတင်းထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ ဒီပေါက်ကွဲမှုဖြစ်စဉ်များမှာ ကျူးလွန်သူများနဲ့ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေး အတွက် နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာ အထောက်အကူများ ရယူ၍ လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ ရဲအဖွဲ့ချုပ် Interpol မှ စုံစမ်းစစ်ဆေးရေးနဲ့ သတင်း အချက်အလက် အထောက်အကူများရယူ၍ လည်းကောင်း ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အကြံပြုချက်များ၊ သတင်းအချက်အလက်များ ရရှိရေး အတွက် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို အခြေခံ၍ စုံစမ်းဖော်ထုတ်နိုင်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြစ်စဉ်များ၊ ကျူးလွန်တဲ့ တရားခံ များနဲ့ ပါဝင်ပတ်သက်သူများကို အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ၈ ဦးကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ ထို့အပြင် အဓိက ပါဝင် ပတ်သက်နိုင်တဲ့ ကျန်တရားခံများကို ဆက်လက် ဖော် ထုတ်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်းနဲ့ မိဘပြည်သူများရဲ့ စိုးရိမ်စိတ်များ လျော့ပါးစေရန်နဲ့ ဖြစ်စဉ်ဖြစ်ရပ် တို့ကို ဆောလျင်စွာ အသိပေးလိုပါသဖြင့် ယခုကဲ့သို့ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော မိဘပြည်သူများ၊ သတင်းစာဆရာကြီးများနဲ့၊ ဧည့်သည်တော်ကြီးများ ခင်ဗျာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး တို့အပြင် ပြည်သူတစ်ရပ်လုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင် ရွက် လျက် ရှိပါကြောင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လက်တွဲ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါတယ်။



ဧရာဝတီ blog

ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ


အောက်တိုဘာလ(၁၈)ရက် ည ၇း၂၅မိနစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး ဥရောပခရီးစဉ် စတင်ထွက်ခွာခဲ့ သည်။အဖွဲ့ချုပ်နာယကဦးတင်ဦး၊ဦးစိုးဝင်းနှင်အဖွဲ့ ချုပ်အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ - ဓါတ်ပုံ - National League for Democracy


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅ နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို အခုလိုပြောပါတယ်။

ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

RFA Burmese

ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ


အောက်တိုဘာလ(၁၈)ရက် ည ၇း၂၅မိနစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး ဥရောပခရီးစဉ် စတင်ထွက်ခွာခဲ့ သည်။အဖွဲ့ချုပ်နာယကဦးတင်ဦး၊ဦးစိုးဝင်းနှင်အဖွဲ့ ချုပ်အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ - ဓါတ်ပုံ - National League for Democracy


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅ နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို အခုလိုပြောပါတယ်။

ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

RFA Burmese

ထားဝယ်ရိုးရာသပိတ်မျှောပွဲအထူးစည်ကား





















နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သောထားဝယ်ရိုးရာသပိတ်မျှောပွဲကိုထားဝယ်ကမ်းနားလမ်းတစ်လျှောက်နှင့်ကမျောကင်းတံတားအနီးရေဆိပ်ကျောင်း၌ကျင်းပရာ ယခင်နှစ်များကထက်အထူးစည်ကားခဲ့သည်ကိုတွေ့ရသည်။
ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမဏီကအဓိကကူညီပံ့ပိုးပြီးဒေါင်းငူ၊တံငါရပ်ကွက်လူငယ်များပူးပေါင်း ဆောင်ရွက်ကာ သဲကုန်းဆိပ်အနီးကျင်းပသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊မြို့သူမြို့သားများက နံနက် ၂နာရီကတည်းကစတင်သပိတ်မျှောပူဇော်ခဲ့ကြပြီးလောင်းလုံးမြို့နယ်သို့သွားရာ ထားဝယ်မြစ်ကူး ကမျောကင်းတံတားပေါ်တွင်လည်းသပိတ်မျှောပွဲလာပရိသတ်များဖြင့် အထူးစည်ကားခဲ့သည်ကိုတွေ့ရသည်။





ထို့အပြင်ကြက်စားပြင်ရပ်ကွက်လူငယ်များက လည်း နံနက် ၆ နာရီတွင် မီးပုံးပျံလွှတ်ပွဲကိုကျင်းပခဲ့သည်ကိုတွေ့ရသည်။

ယခုနှစ်တွင် ကျင်းပသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်တွင် ထူးခြားမှုတစ်ရပ်အနေဖြင့် ဒိုးပတ်ပြိုင်ပွဲကိုထည့်သွင်းကျင်းပနိုင်ခဲ့ပြီးသံချပ်များကိုလည်း လွတ်လပ်စွာသီဆိုဖော်ထုတ်နိုင်ခဲ့ကြောင်းတွေ့ရပြီး ၊ထားဝယ်ရိုးရာမုန့်မျိုးစုံဖြင့် စတုဒီသာကျွေးမွေးနိုင်ခဲ့ကြောင်းတွေ့ရသည်။

အဆိုပါထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သည် နှစ်ပေါင်းများစွာအတွင်း အသွင်သစ်တစ်မျိုးအဖြစ်ရိုးရာယဉ်ကျေးမှုမပျက် ကျင်းပနိုင်ခဲ့သောပွဲတော်တစ်ခုဖြစ်ပြီးအများပြည်သူတို့စိတ်ပျော်ရွှင်ချမ်းမြေ့စွာဆင်နွှဲခဲ့ ကြသောပွဲတော်တစ်ခုဖြစ်ကြောင်းတွေ့ရသည်။

သတင်းနှင့်ဓာတ်ပုံ -ဖိုးဇော်(ထားဝယ်)

Friday, October 18, 2013

ပြည်ထောင်စု အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပြောကြား


အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အောက်တိုဘာ ၁၅ ရက်တွင် လွှတ်တော်သို့ တင်သွင်းပြီးနောက် အဆိုပါ ဥပဒေကြမ်းအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ် လိုငွေကျပ် ၁၃၉၄၁၁၆ သန်းအား ထပ်မံ ခွင့်ပြုပေးရန် အစိုးရအဖွဲ့က ထပ်မံတောင်းခံခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''လွှတ်တော်ကို အစိုးရအဖွဲ့ကနေ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံ လာပါတယ်။ အရင်ချထား ပေးပြီးသား ဘတ်ဂျက်နဲ့ မလုံလောက်လို့ ထပ်မံ တောင်းခံလာတာ ဖြစ်ပါတယ်။ အခုတောင်းခံမှုက အရင်နှစ်ကထက်တော့ နည်းသွားပါတယ်။ အရင်နှစ်ကထက်စာရင် ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ အကြမ်းဖျင်း စစ်ဆေးချက်တွေအရ အရင်နှစ်က ထက်စာရင် ပိုပြီးဘောင်ဝင် လာတဲ့သဘော ရှိပါတယ်'' ဟု ပြောကြားသည်။
ယခင်နှစ်များက အစိုးရအဖွဲ့မှ ထပ်မံတင်ပြလာသည့် နောက်ထပ် အသုံးစရိတ် လိုငွေသည် မူလခွင့်ပြုခဲ့သည့် ဘတ်ဂျက်ပမာဏ၏ ၁၃ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းပမာဏ ၀န်းကျင်တွင် ရှိခဲ့ကြောင်း၊ ယခုနှစ် တင်ပြလာသည့် ပမာဏသည် မူလခွင့်ပြုခဲ့သည့် ဘတ်ဂျက် ပမာဏ၏ ရှစ်ရာခိုင်နှုန်း ၀န်းကျင်သာ ရှိသဖြင့် ယခင်နှစ်များကထက် ထပ်မံတောင်းခံငွေ ပိုနည်းလာသည့် သဘောရှိကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
ထိုသို့ အစိုးရအဖွဲ့မှ ထပ်မံတောင်းခံလာသည့် နောက်ထပ် အသုံးစရိတ်လိုငွေ တောင်းခံသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနက် သမ၀ါယမ ၀န်ကြီးဌာနသည် ထပ်မံတောင်းခံသည့် ပမာဏအများဆုံး အဖွဲ့အစည်း ဖြစ်သည်ဟု သိရသည်။
''ထပ်တောင်းတဲ့ အဖွဲ့အစည်းတွေမှာ သမ၀ါယမ ၀န်ကြီးဌာနက အများဆုံး တောင်းထားတယ်။ ကျန်တဲ့ ၀န်ကြီးဌာနတွေက သူ့လောက် မများဘူး။ အဲဒါတွေကိုလည်း သက်ဆိုင်ရာ ကော်မတီအလိုက် စနစ်တကျ စစ်ဆေးပြီး လိုအပ်မှ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားသည်။
သမ၀ါယမ ၀န်ကြီးဌာနသည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ပြည်သူများအား ပြန်လည် ထုတ်ချေးပေးရန်ဟု ဆိုကာ အတိုးနှုန်း ကြီးမြင့်စွာဖြင့် ချေးယူထားမှုအတွက် ဝေဖန်ခံနေရသည်။ လက်ရှိ သမ၀ါယမ ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှာ ဦးကျော်ဆန်းဖြစ်သည်။
Eleven  Media Group

အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ

 
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။ 

ဦးခင်မောင်မြင့်မှ နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ ရှိရသည်။

အဆိုပါ သေဆုံးနေသူ အမျိုးသမီးသည် မြို့သူပုံစံဝတ်စားထားပြီး၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပုတ်ပွနေသည်ကို တွေ့ရှိခဲ့ရာ ဖြူးမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြူးအမြန်လမ်း ရဲစခန်းမှ (ပ)၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

ခင်လပြည့်ဇော် တစ်နေ့တာအစီအစဉ် ကိုရီးယားရုပ်သံလိုင်း ရိုက်ကူးမည်


ကိုရီးယားရုပ်သံလိုင်းတစ်ခုက တစ်နေ့တာအစီအစဉ်ကို အောက်တိုဘာ နောက်ဆုံးပတ်တွင် ရိုက်ကူးရန် ကမ်းလှမ်းထားကြောင်း တရုတ်နိုင်ငံတွင် ပြုလုပ်သည့် Miss Tourism Queen International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်လပြည့်ဇော်က ပြောသည်။

ယင်းအစီအစဉ်ကို အောက်တိုဘာ ၂၇ရက်မှ ၃၀ ရက်အတွင်း လာရောက် ရိုက်ကူးမည်ဖြစ်ကြောင်း ခင်လပြည့်ဇော်က ပြောသည်။
““တစ်နေ့တာလှုပ်ရှားမှုကို Daily Program မျိုး ရိုက်မှာ သူတို့က ရိုက်တဲ့နေ့မှာ ညီမလုပ်တဲ့အလုပ်တွေကို တစ်နေ့လုံး ရိုက်မှာပါ”” ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းတွင် TV Program များ၊ မဂ္ဂဇင်းကာဗာများအတွက် ရိုက်ကူးဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကျောင်း၏ ကြော်ငြာကိုလည်း ရိုက်ကူးသွားရန်အစီအစဉ်ရှိကြောင်း ခင်လပြည့်ဇော်ကပြောသည်။
တရုတ်နိုင်ငံမှ ပြန်လာပြီးသည့်အချိန်တွင် ပထမဆုံး ပရဟိတအလှူအဖြစ် အောက်တိုဘာ ၁၁ ရက်တွင် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၌   နေ့လယ်စာနှင့် သုခရိပ်မြုံမှ HIV ကူးစက်ခံ မိဘမဲ့ကလေး   တစ်ရာကျော်အတွက်    မုန့်များနှင့်အချိုရည်များ လှူဒါန်းခဲ့ကြောင်း   ခင်လပြည့်ဇော်က ပြောသည်။

7Day Daily

အဝေးသင်ဘွဲ့ အပယ်ခံဖြစ်ပြီလား

Photo - tosaithukhathwaybiography.blogspot.com

ပြီးခဲ့သော စက်တင်ဘာလအတွင်း အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက အလုပ်ခေါ်ယူရာ တွင် အရည်အချင်း သတ်မှတ် ချက်တစ်ခု မှာ အစိုးရတက္ကသိုလ်တစ်ခုခု (နေ့ ကျောင်း)ဖြင့် ဘွဲ့ရပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ချက်ကို ဖတ်ရှုလိုက်ရပါသည်။ယင်းသတ်မှတ်ချက်ကို ဖတ်ရသော ကျွန်ေ တာ့်အနေဖြင့် အံ့သြတုန်လှုပ်မိပါ သည်။ အဘယ့်ကြောင့်ဆိုသော် အဝေး သင်တက္ကသိုလ်ဆိုသည်မှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ဖွင့်လှစ်ထားသော တက္က သိုလ် တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အစိုးရတက္ကသိုလ်ချင်းအတူ တူ နေ့ကျောင်းနှင့် အဝေးသင် ခွဲခြား ခေါ်ယူခြင်းမှာ လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်ပါသည်။ အဝေး သင်ဘွဲ့ရများကို နှိမ့်ချထားသောသဘောဖြစ်နေပါသည်။

ကျွန်တော်သည် ၁၉၆၈ ခုနှစ်က လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ရရှိခဲ့ သူ ဖြစ်ပါသည်။ ယခင် လုပ်သားများ ကောလိပ် မပေါ်မီ သက်ကြီးတက္ကသိုလ် ဟူ၍ ပေါ်ပေါက်ခဲ့ရာ ကျွန်တော်တို့လို ၁ဝ တန်းအောင်ပြီး တက္ကသိုလ်မတက် နိုင်သူများအဖို့ အားထားရသော တက္က သိုလ်ကောလိပ်များ ဖြစ်ပါသည်။ ကျွန် တော်သည် သက်ကြီး တက္ကသိုလ်တွင် ဥပစာသိပ္ပံ (ခ) အောင်ပြီးနောက် သက် ကြီးတက္ကသိုလ် ဖျက်သိမ်း၍ လုပ်သား များကောလိပ် ပေါ်ပေါက်ခဲ့ရာ လုပ် သားများကောလိပ်တွင် ဆက်လက် တက်ရောက်ပြီး ၁၉၆၈ ခုနှစ်တွင် သိပ္ပံ ဘွဲ့ရရှိခဲ့ပါသည်။ ယင်းနှစ်တွင်ပင် ဌာန ဆိုင်ရာတစ်ခုမှ ပြန်တမ်းဝင်အရာရှိခေါ် ၍ ဝင်ရောက်လျှောက်ထားပြီး အလုပ် ရရှိခဲ့ရာ အနှစ် ၂ဝ ကျော်မျှ အစိုးရဝန် ထမ်းအဖြစ် ကျေပွန်စွာ လုပ်ကိုင်ခဲ့ပါ သည်။

ဒီနေရာမှာ ကျွန်တော့်အကြောင်း ရေးသားရခြင်းက လုပ်သားကောလိပ် မှ ဘွဲ့ရသော်လည်း နေ့ကျောင်းဘွဲ့ရ များ၏ အရည်အချင်းကို အမီလိုက်နိုင် ကြောင်း တင်ပြ လို ၍ ဖြစ်ပါသည်။ တစ် ဖက်ကလည်း ကျွန်တော့်ဘဝနှင့်ယှဉ်ပြီး ယခုအဝေးသင်ဘွဲ့ရများ အဝေးသင် တက္ကသိုလ် တက်ရောက်နေသော လူ ငယ်များကို ကိုယ်ချင်း စာ၍ ရေး သားရ ခြင်း ဖြစ်ပါသည်။ နောက်ပိုင်း (မဆလ) ခေတ်တွင် လုပ်သားများ ကောလိပ်ပိတ် ၍ အဝေးသင်တက္ကသိုလ်ဟူ၍ ပေါ် ပေါက်ခဲ့ရာ ၁ဝ တန်းအောင်ပြီး စီး ပွား ရေးချို့တဲ့၍ နေ့ကျောင်း မတက်နိုင် သော လူငယ်များအဖို့ လုပ်ငန်းနှင့်တစ် ဖက်တွဲ၍ မိမိတို့ရည်မှန်းသော ဘွဲ့ဒီဂရီ ရရှိခြင်း၊ မိမိတို့ဘဝရည်မှန်းချက်များကို တိုးတ က်အောင် ဆောင်ရွက်နိုင်ခြင်းများ ကို တွေ့ရှိရပါသည်။

ကျွန်တော်တို့နိုင်ငံတွင် အခြားဖွံ့ ဖြိုးပြီး နိုင်ငံများကဲ့သို့ အလုပ်ခွင်မှ ကျောင်းတက်ရန် ခက်ခဲပါသည်။ နိုင်ငံ ခြားမှာက မိမိတို့၏ဝင်ငွေကို တစ်ဖက် ကရှာပြီး ကျောင်း တက်နိုင်သဖြင့် မိမိ တို့၏ ဘဝတက်လမ်းအတွက် လွန်စွာ လမ်းပွင့်လျက်ရှိပါသည်။ ဒီမှာက ဘဝ ရည်မှန်းချက်ကြီးသူများအဖို့ ပညာကို တန်ဖိုး ထားပြီး ငွေကြေး ချို့တဲ့ သူ အဖို့ အဝေးသင်တက္ကသိုလ်သာ အားထားရာ ဖြစ်ပါသည်။ဒါ့ကြောင့် ယခု ကြော်ငြာစာ ခေါ်ယူခြင်းကို ကျွန်တော် အံ့သြတုန် လှုပ်မိခြင်းမှာ အစိုးရဌာန တစ် ခုဖြစ် သော စည်ပင်သာယာလို ဌာနမျိုးကနေ့ ကျောင်းနှင့် အဝေးသင် ခွဲခြားခေါ်ယူ ခြင်းမှာမဖြစ်သင့်သော ကိစ္စဖြစ်ပါသည်။ ဒီနိုင်ငံ ဒီအစိုးရက တရားဝင်ဖွင့် ထား သော တက္ကသိုလ်မှ ရသည့်ဘွဲ့ဒီဂရီကို ကျန်အစိုးရဌာနတစ်ခုက အသိအမှတ် မပြုခြင်းမှာ မဖြစ်သင့်သော ကိစ္စဖြစ်ပါ သည်။

ကျွန်တော် ဤနေရာတွင် ဆန်းစစ် ရန် နှစ်ပိုင်းတွေ့ရပါသည်။ ယခုဌာနက ခွဲခြားခေါ်ယူခြင်းမှာ အဝေးသင်ဘွဲ့ဒီဂရီ များသည် အရည်အချင်း မပြည့်ဝလို့ လား၊ ဘာကြောင့် လက်မခံနိုင်သည်ကို ဆန်းစစ်ဖို့ လိုပါသည်။ အဝေးသင်တက္က သိုလ်၏ ပညာသင်ကြားရေးမှာလည်း ပညာရေးဝန်ကြီးဌာန လက်အောက် တွင် ရှိသဖြင့် ယခုကိစ္စကို ပညာရေးဌာ နမှ ပုဂ္ဂိုလ်များအနေဖြင့် ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် အဝေးသင်တက္ကသိုလ် ဘွဲ့များ အရည်အချင်းမမီခြင်းမှာ ပညာ ရေးဌာနတွင် လုံးဝတာဝန်ရှိပါသည်။ အရည်အချင်း မီပါလျက် ခွဲခြားခေါ်ယူ ခြင်းမှာ ခေါ်ယူသောဌာန၏ တာဝန်သာ ဖြစ်မည် ဖြစ်ပါသည်။

ကျွန်တော်သည် အဝေးသင်တက္က သိုလ် ပညာသင်ကြားရေးကို စေ့ငစွာ မသိရှိရသဖြင့် အရည်အချင်းပြည့်သည် မပြည့်သည်ကို မဝေဖန်လိုပါ။ သို့သော် ပြီးခဲ့သောအပတ် ဂျာနယ်တစ်စောင်တွင် အဝေးသင်ပညာရေး ဆောင်းပါးတစ်ပုဒ် ပါရှိရာ အဆိုပါဆောင်းပါးတွင် အဝေး သင်တက္ကသိုလ် ကျောင်းသားများ မိမိ တို့ လုပ်ရမည့် စာစဉ်များကို မိမိတို့ ကိုယ်တိုင်မလုပ်ဘဲ ကျူရှင်များ၊ အခြား တတ်ကျွမ်းသူများကို အားကိုးပြီး လုပ် ကိုင်နေသဖြင့် အဝေးသင်တက္ကသိုလ်၏ အရည်အချင်းညံ့ဖျင်းကြောင်း သုံးသပ် ထားသည်ကို ဖတ်ရှုရပါသည်။ ဒါကို လည်း ပညာရေးဌာန တာဝန်ရှိသူများ၊ အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူများ အနေဖြင့်ပြန်လည် ဆန်းစစ်ရန် လိုမည် ဖြစ်ကြောင်း အကြံပြု ရေးသားပါသည်။

နောက်တစ်ပိုင်းက အဝေးသင် တက္ကသိုလ်မှ အရည်အချင်း ပြည့်သည် ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ခေါ်ယူ သောဌာနအနေဖြင့် ယခုလို ခွဲခြားခေါ် ယူမှုတော့ မဖြစ်သင့်ပါ။ အလုပ်ခေါ်ပြီး စာတွေ့၊ လူတွေ့ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရမည်ဖြစ်သဖြင့် ယင်းအပေါ်မှာ ပင် စိစစ်ရွေးချယ်နိုင်သော အခွင့်အရေး ရှိပါသည်။ ယင်းအချိန်ကျမှသာ ထိုက် တန်သူကို ခန့်၍ရပါသည်။ သို့မဟုတ်က ယခုလို ခွဲခြားခေါ်ယူခြင်းဖြင့် အဝေး သင်ဘွဲ့ရများ အဝေးသင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် စိတ်ဓာတ် ကျမည် ဖြစ် ပါသည်။ ကျွန်တော်နှင့်ရင်း နှီးသော မကွေးမြို့မှ ရန်ကုန်တွင် အလုပ်လာရောက် လုပ်ကိုင်ပြီး အဝေး သင်တက္ကသိုလ် ဒုတိယနှစ်တက်နေ သော လူငယ်တစ်ဦးသည် အဆိုပါ ကြော်ငြာကိုတွေ့၍ စိတ်ဓာတ်ကျကာ   ”ကျွန်တော်တို့ ဘွဲ့ရလည်း အစိုးရဝန် ထမ်းလုပ်ဖို့ မလွယ်တော့ပါ” ဟု ပြော ဆိုသည်ကို ကျွန်တော်ကိုယ်တိုင် ကြား သိရပါ သည်။

အဝေးသင်ဘွဲ့ကို နိုင်ငံခြား တိုင်း ပြည်များကပင် အသိအမှတ်ပြုနေပါ လျက် ပြည်တွင်းမှ အသိအမှတ်မပြုခြင်း မှာ လွန်စွာဝမ်းနည်းဖွယ် ဖြစ်ပါသည်။ အဝေးသင် ဘွဲ့ ရပြီး နိုင် ငံခြားတွင် တာဝန်ကြီးကြီးမားမားများ ထမ်းဆောင်  သည်များ ရှိနေသလို ပြည်တွင်းတွင် လည်း တာဝန်ကြီးကြီးမားမား ထမ်း ဆောင်နေသူများ ရှိနေသည် ကို လေ့ လာတွေ့ရှိရပါသည်။ဒါ့ကြောင့် အစိုးရဌာနတစ်ခုနှင့် တစ်ခု အချိတ်အဆက် မမိခြင်းလား၊ ပညာရေးစနစ်ပဲ ကမောက်ကမ ဖြစ်၍ လား၊ ဘွဲ့ရချင်းအတူတူ အဆင့် အတန်း ခွဲခြားသတ်မှတ်သော ဌာနဆိုင်ရာများ ကိုပဲ အပြစ်ပြောရမည်လား ဆိုတာကို ကျွန်တော်ဝေခွဲမရပါ။ သို့သော် ငွေ ကြေးချို့တဲ့၍ နေ့ပိုင်းတက္ကသိုလ် မတက်နို င်သော၊ ဘဝရည်မှန်းချက် ကြီး မားစွာဖြင့် ပညာရေးကို စိတ်ဝင်စား သော လူငယ်များအဖို့ ယခု ကြော်ငြာ များကြောင့် တက်လမ်းမပိတ်စေလိုပါ။ ဒါကြောင့် ပညာရေးဌာန ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်း များအနေဖြင့် ယခုကိစ္စကို လေးလေး နက်နက် သဘောထားကာ ပြန်လည်စိ စစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မ ဟုတ်ပါက အဝေးသင်ဘွဲ့ရများသည် အပယ်ခံဘဝသို့ ရောက်ရှိနေမည်ဖြစ် ကြောင်း ရေးသားရခြင်း ဖြစ်ပါသည်။

ဘိုကြီး
Popular Myanmar News Journal

» ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ၈ ဦးကို ထိန်းသိမ်း

 
မြန်မာနိုင်ငံ မြို့ကြီးအချို့မှာ ဗုံးကွဲခဲ့မှုတွေနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေး ရရှိမှု အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ဇော်ဝင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ကျောထောက်နောက်ခံ  စီးပွားရေးသမားတဦးက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေ ၀င်ရောက်တာကို နှောင့်ယှက်လိုတဲ့ သဘောနဲ့ လုပ်တာလို့ ပြောသွားပါတယ်။

အဲဒီစီးပွားရေးသမားဟာ မန္တလေးနဲ့ စစ်ကိုင်းမှာ ကိုယ်တိုင်မိုင်းထောင်ခဲ့တဲ့ နေတိုး (ခ) စောရွှေထူးဖြစ်ပြီး သူကတဆင့် စောမြင့်လွင့်ကို ခိုင်းစေခဲ့တာဖြစ်ကြောင်းနဲ့ နေတိုးဟာ အခုလက်ရှိ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွဲဖက် အတွင်းရေးမှူး ၁ ပဒိုသောသီဘွဲက “အခုခေတ်မှာ စီးပွားရေး လုပ်ကိုင်နေတာ အများကြီးရှိတာပဲ။ သို့သော် စီးပွားရေးသမားတွေ ထဲမှာကတော့ ကေအန်ယူကနေ စေခိုင်းတာမျိုး ကေအန်ယူကနေ တာဝန်ပေးတာမျိုး တယောက်မှ မရှိပါ။ အဓိကက စောနေတိုး ခိုင်းတာပဲ ပြောပြော စောမြင့်လွင်က ဘယ်ကလူလဲ၊ ဘယ်အရပ်ဒေသကလဲ အဲဒါမျိုးတွေ သိရှိဖို့လိုတယ်။ သို့သော် ကျနော်တို့က ပြောထားပြီးပြီ စောမြင့်လွင်ဆိုတာ တပ်မဟာ (၅) မှာ မရှိဘူး။ ကျနော်တို့ စုံစမ်းခဲ့ပြီးပြီ” လို့ ပြောပါတယ်။

မန္တလေး ချမ်းမြသာစည်နဲ့ ရန်ကုန် ၀ပ်စတန်းမှာ သိမ်းဆည်းရမိတဲ့ ဗုံးတွေကို ပြသထားပြီး ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မရှိကြဖို့လည်း ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲတွေနဲ့ မပတ်သက်ဘူးလို့ ပြောသွားပါတယ်။

ဒါ့အပြင် ရဲချုပ်က ဗုံးပေါက်ကွဲမှုတွေကနေ ကာကွယ်နိုင်ဖို့ လုံခြုံရေးကို တိုးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ လုံခြုံရေးဆက်စပ် ပစ္စည်းတွေကို ကျပ်ငွေ ၆ ဘီလီယံ အကုန်ကျခံပြီး ဒီလကုန် ၀ယ်ယူသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဗုံးပေါက်ခွဲမှု ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နယ်စပ်ဒေသတွေမှာ လုံခြုံရေး တိုးမြှင့်တာတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧည့်စာရင်း စစ်ဆေးတာတွေနဲ့ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မူဆယ် ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် တာချီလိတ်မှာလည်း ရဲ၊ ပြည်သူစစ်နဲ့ စစ်တပ်တွေပူးပေါင်းပြီး အိမ်တွေမှာ ဧည့်စာရင်း စစ်ဆေးနေတယ်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပါတယ်။

“၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ ရပ်ကွက်တိုင်းလိုလိုမှာ အင်အား ၄၀ လောက်ရှိတယ်။ ရပ်ကွက်က ၂ ယောက်ပါတယ်။ ရဲက ၅ ယောက်လောက်ပါတယ်။ ပြည်သူ့စစ်က ၃ ယောက်လောက်ပါတယ်။ မီးသတ်ကလည်း ၃ ယောက်လောက်ပါတယ်။ လ၀က ၂ နှစ်ယောက်ရယ်၊ ကျန်တာတွေကတော့ အကုန်လုံး စစ်တပ်ကချည်းပဲ။ ရပ်ကွက်တိုင်းလိုလို ဧည့်စာရင်းစစ်သလိုလုပ်တယ်။ လူများတဲ့အိမ်ဆို ဓာတ်ပုံရိုက်တယ်။ အိမ်တန်းလျားတွေကိုလည်း ဓာတ်ပုံရိုက်တယ်။ ဧည့်စာရင်းမတိုင်ထားဘူးဆိုရင်လည်း ချက်ချင်း သွားတိုင်ခိုင်းတယ်၊ ဖမ်းတာတော့ မဟုတ်ဘူး။”

by ဒီဗွီဘီ

ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်းဆောင်ရွက်

ရန်ကုန်မြို့ ဗုံးတွေ့ရှိတဲ့မြင်ကွင်း။  (အောက်တိုဘာလ ၁၅၊ ၂၀၁၃)
လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင် ကို ကေအိုင်အိုဗဟို အလုပ်အမှုဆောင်တဦး လာရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဗုံးခွဲမှုမှာ မသင်္ကာသူတွေကို ဖမ်းဆီးရမိပုံ၊ သူတို့ကို စစ်ဆေး မေးမြန်းချက်တွေက ရရှိလာတဲ့ သတင်းအချက်အလက်တွေအကြောင်း စတာတွေကို အကျယ်တ၀င့် ရှင်းပြသွားတာပါ။

လောလောဆယ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ စောမြင့်လွင့်အပါအ၀င် တခြား မသင်္ကာသူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေတင်သာမကပဲ ဒီလူတွေထဲက တချို့ဟာ တချိန်က ကေအဲန်ယူအဖွဲ့ လက်အောက်ခံ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ကေအဲန်ယူက တာဝန်ရှိသူတွေပါ လာရောက် စစ်ဆေးပြီးတော့ ပူးပေါင်း လုပ်ဆောင်နေတယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

"ဒီကိစ္စ စဖြစ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ စပြီးတော့မှ သံသယရှိတဲ့ သတင်း အချက်အလက်တွေ ရရှိတော့ သက်ဆိုင်ရာ ကေအဲန်ယူ အဖွဲ့အစည်းနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရဲချုပ်ကြီး တင်ပြခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ မော်လမြိုင်ဘက်မှာ မိတာဆိုရင် ကေအဲန်ယူကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လုပ်ခဲ့တာရှိတယ်။ အဲ့တော့ ကေအဲန်ယူ အဖွဲ့အစည်းဟာ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို အစောဆုံး လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲမှာ ပါပါတယ်။ အကြာဆုံး အဖွဲ့လည်းဖြစ် ပါတယ်။ ကေအဲန်ယူခေါင်းဆောင်များအနေနဲ့ဆိုရင် ကျနော် မှတ်မိသလောက် ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး ဦးစီးတဲ့ခေါင်းဆောင်တွေဟာ သမ္မတကြီးနဲ့သုံးကြိမ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သုံးကြိမ်အထိ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဆိုလိုတာက အောက်ခြေတပ်ဖွဲ့ဝင်တွေကြားထဲမှာရော၊ နှစ်ဖက်ခေါင်းဆောင်များကြားထဲမှာရော အပြန်အလှန်ယုံကြည်မှုဟာ အင်မတန်မှ ခိုင်မာတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ အနေနဲ့က ကေအဲန်ယူ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးမှာ လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ အဲ့တော့ ကေအဲန်ယူ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ယောက်ကလည်း ခုနက ကျနော်ပြောသလိုပဲ ရန်ကုန်မှာ ရောက်ရှိနေပြီးတော့မှ ကျနော်တို့ စောမြင့်လွင်နဲ့ တွေ့ဆုံပြီး သူတို့သိချင်တဲ့ အချက်အလက်တွေ မေးနေတာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဆက်လက် ပူးပေါင်းပြီးတော့မှ အပြန်အလှန် သတင်းဖလှယ်ပြီးတော့မှ နောက်ထပ် ထပ်ဖြစ်လာနိုင်တဲ့ဟာတွေပေါ့နော်။ သတင်းဆက်တွေကို ဆက်လက်ဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ခုနက ကျနော်ပြောတဲ့အတိုင်း ပြန်ပြောရရင်တော့ ကေအဲန်ယူအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ကေအဲန်ယူအနေနဲ့ရော တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကိုလည်း ထိခိုက်စရာ အကြောင်းမရှိပါဘူး။

နောက်တခါ အစိုးရနဲ့ ကေအဲန်ယူ ပူးပေါင်းပြီးတော့ လည်း ပြည်လုံးကျွတ်ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကိုလည်း ကျနော်တို့ မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာ နှစ်ဖက်စလုံး ကလည်း အပြန်အလှန် ကတိပြုထားပြီး ဖြစ်ပါတယ်။ "

ကိုဇော်ဝင်းလှိုင်မေးမြန်းချက်။    ။  " ကေအဲန်ယူက အရာရှိတွေ စောမြင့်လွင် ကို တွေ့တယ်ဆိုတာ သူတို့လည်း သူတို့လိုချင်တဲ့အချက်အလက်တွေကို သိချင်လို့ လာစုံစမ်းစစ်ဆေးတာလား။"

ဦးရဲထွဋ်။     ။ "ဟုတ်ပါတ ယ်။ ကျနော်တို့လည်း ကျနော်တို့ရတဲ့ သတင်း အချက် အလက်တွေ ဖလှယ်တာပေါ့။ ဒီလိုတော့ ပြောနေပြီ ဆိုတာ ပြောလိုက် ပါတယ်။ ပြောလိုက်တဲ့ အခါကျတော့ ကေအဲန်ယူ ကနေပြီးတော့မှ CEC ပေါ့၊ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ဦး ဆင်းလာပါတယ်။ ဆင်းလာပြီးတော့မှ သူကိုယ်တိုင်လည်း အင်တာဗျူးလုပ်ပါတယ်။ သူ့ကရင်ဘာသာနဲ့ပဲ မေးတာပါ။ မေးပြီးတော့မှ ကျနော်တို့ဆီက ရတဲ့သတင်းအချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ သူလည်း လက်ခံပါတယ်။"

အဲဒီ ကေအဲန်ယူ ဗဟိုကော်မီတီဝင်ဟာ ဒီကနေ့ပဲ စောမြင့်လွင်ကို လာရောက် စစ်ဆေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ပူးပေါင်း လုပ်ဆောင် လိုက်ခြင်းက နောင် လုပ်မယ့် လုပ်ငန်းတွေအတွက်လည်း နားလည်မှု ပိုမို ရရှိသွားစေနိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုတွေ အရ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ ၀င်ရောက် လုပ်ကိုင်တာတွေ ကို နှောက်ယှက်ဖို့၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို နှောက်ယှက် ဖျက်ဆီးဖို့ ရည်ရွယ်တာကို တွေ့ရှိရကြောင်း စောမြင့်လွင်ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ အစချီပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

"စောမြင့်လွင်ရဲ့ ဘက်ကရောင်း အပြည့်အစုံမှာ စောမြင့်လွင် ဟာ သူက ကေအဲန်ယူ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒုတိယ အချက်က နောက်ကွယ်ကနေပြီးတော့မှ စီမံညွှန်ကြားတဲ့ နေတိုးရဲ့ အနေအထားပါ။ နေတိုးကတော့ ကျနော်တို့ ကေအဲန်ယူအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ တာဝန်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။

နောက်သံတွဲကိစ္စ၊ အာဆီယံဆီးဂိမ်း၊ ဒီကိစ္စတွေကို ကျနော်တို့ရှေ့မှာ တော်တော်လေး ဆွေးနွေး သွားပြီးပါပြီ။ လက်ရှိဖော်ထုတ် ချက်တွေ အရတော့ သူ့ရဲ့အကျိုးအကြောင်းက ၁အချက်ကတော့ ခရီးသွား လုပ်ငန်းတွေ တိုးချဲ့လာတာတွေကို အဟန့်အတားဖြစ်စေဖို့နဲ့ နောက်တခါ ၂ အချက်ကတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းဧရိယာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာမှာ တားဆီးဖို့၊ အဲ့ဒီ့လောက် ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဖော်ထုတ်ချက်အရတော့ ကျနော်တို့ ဒီလောက်ပဲ ရှင်းလင်းဖြေကြားနိုင်ပါတယ်။"

လတ်တလော ဗုံးဖောက်ခွဲမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ ၈ ယောက်ကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကိုလည်း လိုက်လံ စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပြီး နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ ကလည်း သူတို့ရဲ့ ရုပ်ပုံတွေကို ပြသနေတာပါ။ မသင်္ကာသူတွေကို ဖမ်းဆီး ရမိဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကူအညီ အပါအ၀င် Interpol လို့ခေါ်တဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုလဲ ရယူနေပါတယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

အနဲဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတဲ့ ဗုံးဖောက်ခွဲမှုတွေမှာ အိမ်တွင်းဖြစ်ဗုံးတွေကို အသုံးပြုခဲ့တာ တွေ့ရှိရသလို၊ အမျိုးအစားတူတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အခြေခံ တည်ဆောက်ထားတဲ့ အတွက်လည်း အဖွဲ့အစည်းတခု၊ အုပ်စုတခုက စီစဉ်တယ်လို့ အာဏာပိုင်တွေက သံသယ ရှိနေကြပါတယ်။

မြန်မာနိုင်ငံဟာ မကြာခင်မှာ SEA Games - အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေသလို အဲဒီ အားကစားပြိုင်ပွဲ ပြီးပြီးချင်းဆိုသလိုပဲ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်တော့မှာ ဖြစ်တဲ့အတွက် အခုလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ဟာ မြန်မာလူထုအတွက်သာ မကပဲ နိုင်ငံတကာ အသိုင်းဝိုင်းအတွက်လည်း စိုးရိမ်စရာကိစ္စ ဖြစ်လာနေတာပါ။

ဒါကြောင့် လုံခြုံရေးလုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်တာ အပါအ၀င် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေအတွက် ကျပ် ၆ ဘီလီယံ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောကြားသွားပါတယ်။ 
ကိုဇော်ဝင်းလှိုင်(VOA)

လက်နက် တင်ဆောင်တဲ့ အမေရိကန်သင်္ဘော အိန္ဒိယဖမ်းဆီး

အိန္ဒိယက ထိန်းသိမ်းထားတဲ့ အမေရိကန်လက်နက်သင်္ဘော။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)။
အိန္ဒိယက ထိန်းသိမ်းထားတဲ့ အမေရိကန်လက်နက်သင်္ဘော။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းမှာ ခွင့်ပြုချက် တစုံတရာမရရှိဘဲ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ တင်ဆောင်လာတဲ့ အမေရိကန်သင်္ဘောက ဝန်ထမ်း သုံးဆယ်ကျော်ကို ဖမ်းဆီးထားတဲ့အကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောအမှုထမ်းတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Tuticorin ဆိပ်ကမ်းမှာ သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။ သင်္ဘောဟာ Sierra Leone အလံတင်ထားပေမဲ့ အမေရိကန်ရေကြောင်းဆိုင်ရာ လုံခြုံရေးကုမ္ပဏီရဲ့ လက်အောက်ခံ Seaman Ohio ရဲ့ အပိုင်ဖြစ်တယ်လို့ဆိုပါတယ်။

သင်္ဘောအမူထမ်းတွေဟာ British၊ Estonian၊ India နဲ့ Ukrainian နိုင်ငံသားတွေဖြစ်ကြပါတယ်။ 
 
ဗွီအိုအေ (မြန်မာပိုင်း)

ပါတီ ပြောရေးဆိုခွင့် ရှိသူဆိုပြီး ဦးဌေးဦး အခြေခံဥပဒေ အယူအဆ လျှောက်ပြောနေ

ကျန်းမာ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး . . .

ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစစ်တမ်း သဘောထားNLD ပါတီမှ ကောက်ယူစဉ်တွင် ကြံ့ခိုင်ရေး ပါတီ သဘောထား ကြေညာချက်အရ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲပါက နိုင်ငံသားများအတွက် ပြဿနာများ ကြုံလာနိုင်ကြောင်း၊ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကလည်း အစိုးရနှင့် လွှတ်တော်ပါ ပျက်သွားနိုင်ပြီး ငြိမ်းချမ်းရေးလည်း ထိခိုက်နိုင်ကြောင်း စသည်ဖြင့် မီဒီယာသို့ ထုတ်ဖော်ပြောကြားချက်မှာ အခြေခံဥပဒေကို ပြင်ဆင်လိုသည့် (သို့မဟုတ်) အသစ်ရေး ဆွဲ လိုသည့် နိုင်ငံရေး စိတ်ဝင်စားသူ ပြည်သူများကို ကြံ့ခိုင်ရေးပါတီ အနေဖြင့် ခြိမ်းခြောက် သည့် သဘောဆောင်ကြောင်း ပြောဆို ဝေဖန်လျက် ရှိသည်။ ဦးဌေးဦး၏ ပြောကြားချက်မှာ ထိုကဲ့သို့ သဘောသက်ရောက်ခြင်း ရှိ၊ မရှိ ကြံ့ခိုင်ရေး ပါတီ ၀ါရင့် နိုင်ငံရေးသမားကြီး အဖြစ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံးက ရိုသေ လေးစားရသူ ပါတီဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်ကို မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ
““သူကလည်း လျှောက်ပြော နေတာ ပြောရေးဆိုခွင့် ရှိသူဆိုပြီးတော့။ ပြောရဲဆိုခွင့် အဖွဲ့ကို ဖွဲ့ပေး ထားတယ်လေ။ …

သူပြောတဲ့ သဘောက အန္တရာယ်များတယ်။ ပြင်ချင်လို့ပဲ ငါတို့ပါတီက ဦးဆောင်ပြီးတော့
 ဥပဒေပုဒ်မေ တွကို ပြင်မယ်။ ပြင်တာ တချို့က ကောင်းတယ်။ သူတို့တွေက ဒီဥစ္စာကို သဘောလည်း ပေါက်တာ မဟုတ်ဘူး။ ကိုယ်ဟာကိုယ် တွေးပြီးတော့ ပြည်သူရဲ့သဘောထားပါ ဆိုတဲ့ အဲလိုမျိုး လုပ်တာတွေလေ။ သူပြောတာက လုံးဝ ဒါကြီးကို အသစ်ဆွဲမယ်ဆိုရင် ပြဿနာတွေ လာမယ်လို့ ပြောတာ။ ငါက အဲလိုပဲ နားလည်တယ်။ မပြင်ဘူးဆိုတာတော့ ဘယ်လုပ်လို့ ရမလဲကွ။ ပြင်သင့် ပြင်ထိုက်တာတွေ အများကြီးပဲ။ မင်းအဘ ဦးအောင်သောင်း ကို မေးပါလားကွာ။ ဦးအောင်သောင်းကို ငါတို့က ပါတီမှာ ဆရာကြီးလို့ ခေါ်တယ်”” ဟု ပြောသည်။

လတ်တလော ပါတီမှ ရွေးချယ်ပေးထားသည့် ပြည်ထောင်စုဝန်ကြီး အချို့၏ မလျော်ကန်သော ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ““ပြည်သူတွေနှင့် တစ်သားတည်း။ တို့မှာ ရန်သူလည်း မရှိဘူး။ ဟိုတစ်နေ့က မိကျောင်းကန် ကိစ္စလည်း ငါမသွားနိုင်တော့ ဦးအောင်သိန်းလင်းကို မင်းတို့ ဘယ်လိုပြော၊ ဘယ်လိုတွေ့ ငါသင်လွှတ် လိုက်တာ။ တို့ဆီက ၀င်လိုက်တော့ ပြေလည် သွားတာပေါ့ကွာ။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဗိုလ်မှူးကြီး တင်ဝင်းလား မသိဘူး။ မင်းသိပါတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး။ ဟိုဘက်က ဆရာတွေကို ငါပြောတာပါ””ဟု ဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်က ပြောသည်။

 ဦးတင်ထွတ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သော အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ စိုးမိုးရေး/ တည်ငြိမ်အေးချမ်းရေး ကော်မတီထက် ပို၍ ပြဿနာများသော အစိုးရ၊ တပ်မတော်၊ ခရိုနီများနှင့် နစ်နာသူ လယ်သမားများအကြား ဖြေရှင်းပေးနေရသည့် လယ်ယာမြေ/ကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် လျက်ရှိသည်။

မြန်မာသံတော်ဆင့်

နန်းခင်ဇေယျာကို နိုင်ငံပိုင်သတင်းစာ အလွဲသုံးစားလုပ် သတင်းစာ မဖတ်ရသေး၍ မဖြေနိုင်ဟု အကြောင်းပြန်


 အောက်တိုဘာ ၁၃ရက်နေ့ထုတ် ကြေးမုံပါပုံ (ဘယ်)
အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံပါပုံ (ညာ)

ရန်ကုန်၊ အောက်တိုဘာ ၁၄

ဆီးဂိမ်း လှုံ့ဆော်မှု ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အစိုးရပိုင် ကြေးမုံ သတင်းစာတွင် သတင်းရေးသား ဖော်ပြခဲ့ရာ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာကို သတင်းဓာတ်ပုံ ထည့်သွင်း ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံ မှာလည်း ပုံနှင့်အမည် လွဲမှား ဖော်ပြ ထားခဲ့သည်။အောက်တိုဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာ နောက်ကျောဖုံးတွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပြီး သတင်း၏ အဆက်ကို စာမျက်နှာ ၅ ကော်လံ ၁ တွင် ဆက်လက် ဖော်ပြရာတွင် အဆိုပါပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာပုံကို စာရေးသား ထည့်သွင်းထားခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံမှာ လည်း မော်ဒယ် ကေကေ မိုးမြင့်ပုံ ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ အနောက်ပိုင်းခရိုင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်ကို မြန်မာသံတော်ဆင့်က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ် မေးမြန်း ခဲ့ရာ““အန်တီတို့ အဲဒီနေ့ သတင်းစာကို မဖတ်ရသေးဘူး။ အဲဒီညီမ ပြောနေတာတွေနဲ့ ပတ်သက်ပြီး အထက်က ဘာမှ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ပုံမှားနေတာ တော့ အန်တီတို့လည်း မသိဘူး”” ပြန်လည် ပြောကြားခဲ့သည်။ …

ယင်းနောက် အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ၏ စာမျက် နှာ ၅ တွင်မူ မော်ဒယ် ကေကေမိုးမြင့်၏ ပုံဖြင့်ပင် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲနှင့် အနုပညာရှင်၏ ၀မ်းသာပီတိ ဟူသော သတင်း ခေါင်းစဉ်ဖြင့် ထည့်သွင်း ဖော်ပြထားခဲ့သည်။အဆိုပါ ဓာတ်ပုံနှင့် စာသား မှားယွင်း ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာက ယင်းပွဲသို့ ဖိတ်ကြား ခံထားရခြင်း မရှိကြောင်းနှင့် ကြေးမုံတွင် ယင်းသတင်း ပါဝင်သည်ကို မသိသေးကြောင်း မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းသည်ကို ပြန်လည် ဖြေကြားခဲ့သည်။

နန်းခင်ဇေယျာက ““ ညီမအနေနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ညီမ ထင်တာတော့ ပုံနှိပ်တာ ရိုက်တဲ့လူ မှားသွားလို့ပါ။ လူတိုင်းက အလုပ်တွေ များတာနဲ့အမျှ အမှားလည်း ရှိနိုင်တယ်လေ။ လူတိုင်းက သဘောပေါက်မှာပါ။ အဲဒါ မှားယွင်းမှုလို့ နားလည်ကြမှာပါ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အထိမ်းအမှတ် ပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဘောလုံးအသင်းနှင့် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး အမျိုးသား ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားခဲ့ကြရာ မြန်မာ့ လက်ရွေးစင်ဟောင်းများ အသင်းက ၂-၁ ဖြင့် အနိုင်ရခဲ့သည်။

အေမီ၊ ဧပြီ

မြန်မာသံတော်ဆင့်

အောက်တိုဘာလ (၁၈)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

                                       
                                              
သတင်းစာဖတ်ရန်ဤနေရာကိုနှိပ်ပါ

ဒုက္ခရောက်နေသည့် အင်္ဂပူမှ ရွှေ့ပြောင်း လုပ်သားများအား ဧရာတိုင်းအစိုးရ မကူညီ၍ လွှတ်တော်ဥက္ကဋ္ဌဟောင်း၏ သာသနာရေးဝန်ကြီးဌာနမှ ကယ်တင်နေရပ်ပြန်ပို့

 
အောက်တိုဘာ ၁၆

ဧရာဝတီတိုင်း ဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာစိုက်ပျိုးရေး ကုမ္ပဏီ၌ အလုပ်သွားလုပ်ရင်း ဒုက္ခရောက်နေသူ ရွှေ့ပြောင်းလုပ်သား ၆၄ဦးအား သာသနာရေး ၀န်ကြီးဌာနက ကူညီကယ်ဆယ်၍ မူလနေရပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာ အုပ်စုရှိ ဒေသခံများအား ထူးကြီးကျေးရွာမှ အငယ်လေး (ခေါ်) ဌေးလင်း၊ လှဟန်နှင့် မိုးဇော်တို့က ကော့သောင်းရှိ ရာဘာခြံ၌ ဆေးဖျန်းသည့် အလုပ် ရှိကြောင်း၊ တစ်ရက်လျှင် ၄၅၀၀ ကျပ် လုပ်ခပေးမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ လူပေါင်း ၁၁၄ ဦးကို ၂ သုတ်ခွဲ၍ ထူးကြီးမှ ကော့သောင်းသို့ အဆင့်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း၊ လက်တွေ့ အလုပ်လုပ် ရာတွင် ပြောဆိုထားသည့် လုပ်ခအတိုင်း မရဘဲ ကြွေးမြီဖြင့် ချည်နှောင်ခိုင်းစေ နေသည့်အတွက် အလုပ်သမားများ ဒုက္ခရောက်ကြကြောင်း၊ ထိုသို့ ဒုက္ခရောက်နေသည့် အလုပ်သမားများအား ထူးထူးတိုး ကုမ္ပဏီက အောက်တိုဘာလ ၁၂ ရက်နေ့တွင် နှင်ထုတ်ခဲ့သဖြင့် အလုပ်သမား ၆၄ ဦးမှာ လမ်းလျှောက်၍ နေရပ်သို့ ပြန်လာကြရာမှ ဘုတ်ပြင်းမှ ကော့သောင်းမြို့သို့ ခရီးထွက်လာသည့် ကော့သောင်း ခရိုင် အုပ်ချုပ်ရေးမှူး ခရီးစဉ်နှင့် တွေ့ဆုံသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး စီစဉ်မှုဖြင့် ဒေသခံ အာဏာပိုင်များက ဘုတ်ပြင်းမြို့အထိ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် ရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သား ဒုက္ခသည်များအား ၎င်းတို့ နေရပ်ဖြစ်သည့် အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာသို့ ပြန်လည် ရောက်ရှိရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င်၊ နေပြည်တော်၊ ကော့သောင်းနှင့် ပုသိမ်မြို့ရှိ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့များထံ အကူအညီ တောင်းခံခဲ့သော်လည်း …အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ယခင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ)ထံ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ ဦးဆန်းဆင့်က အချိန်မဆိုင်းဘဲ ချက်ချင်း ကူညီပေးကြောင်း ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN)မှ ဦးထွန်းရွှေက ပြောသည်။

““ထူးကြီးက ဒေသခံတွေက တနေ့ ၄၅၀၀ ရမယ်ဆိုလို့ လိုက်သွားတာ။ ဟိုရောက်တော့ တစ်ရက်လုပ်မှ ၁၅၀၀၊ ၂၀၀၀၊ အများဆုံး ၃၀၀၀ လောက်ပဲ ရတယ်။ ဒီမှာ ပြောခေါ်တုန်းက ရာဘာပင် စိုက်ရမယ်၊ ဆေးဖျန်းရမယ် ဆိုပြီး ဟိုရောက်တော့ တောခုတ်ခိုင်းတယ်၊ ရာဘာပင် အောက်ခြေ ပေါင်းရှင်းတာတွေ လုပ်ခိုင်းတယ်။ အဲတော့ အလုပ်သမားတွေက မနေနိုင်တော့ဘူး။ ပြန်မယ် လုပ်ကြတယ်။ မင်းတို့ ပြန်မယ်ဆိုရင် ငါတို့အကြွေးတွေ ကျေအောင် ဆပ်ပြီးမှ ပြန်ရမယ်ဆိုပြီး ထူးထူးတိုး ကုမ္ပဏီက ပြောတယ်။

အကြွေးဆိုတာကလည်း ထူးကြီးကနေ ခေါ်တုန်းက လမ်းစရိတ် အခမဲ့နဲ့ ပို့ပေးမယ် ပြောခဲ့တယ်။ ဟိုရောက်တော့ လမ်းစရိတ်ကို ၅ သောင်းလို့ သတ်မှတ်ပြီး အကြွေးစာရင်း မှတ်ထားတယ်။ အလုပ်လုပ်ဖို့ ပေါက်တူး၊ ဓား၊ တောစီးဖိနပ်၊ ဒန်အိုး၊ ဒန်ခွက် အကုန်ဝယ်ရတယ်။ ပြီးရင် အကြွေးမှတ်ထားတယ်။ အဲတော့ အဲဒီအကြွေးတွေ ပေါင်းလိုက်တာ အလုပ်သမား တစ်ယောက်က အလုပ်မဆင်း ရသေးဘူး ကုမ္ပဏီဆီမှာ အကြွေး ၁ သိန်းကျော် တင်နေပြီ။ အဲဒီ အကြွေးတွေ ကိုလည်း သူတို့လုပ်ခထဲက ၅၀၀၊ ၁၀၀၀ စသဖြင့် ပြန်ဖြတ် ယူထားတယ်။

အဲဒီမှာ ထူးထူးတိုး ကုမ္ပဏီက ဘာလုပ်သလဲဆိုတော့ ပြန်ချင်တဲ့လူတွေ အကြွေးရှိတဲ့အတိုင်း အကုန်ဆပ်ပြီးရင် ပြန်ပို့ပေးမယ်လို့ ပြောတော့ ကော့သောင်းမှာ ရောက်နေတဲ့ အလုပ်သမားတွေက ထူးကြီးမှာရှိတဲ့ သူတို့ မိသားစုတွေဆီက ငွေတွေ တောင်းတော့တာပဲ။ ငါတို့အကြွေးတွေကို ထူးကြီးက အငယ်လေး (လူခေါ်ပွဲစား) ကို ပေးလိုက်ပါ။ ပေးစရာမရှိရင် အိမ်ခြံ၊ ရှိတာ အကုန်ရောင်းပြီး ပေးလိုက်။ ပြန်လာရင် ပြန်ရှာပါ့မယ်ဆိုပြီး ဖုန်းတွေဆက် မှာကြတယ်။ အဲတော့ ထူးကြီးက လူတွေက ရှိတဲ့ အိမ်၊ ခြံ၊ ပစ္စည်းတွေ ပေါင်ရောင်းပြီးတော့ တယောက်ကို ၁ သိန်းခွဲ၊ ၁ သိန်း ၇ သောင်း စသဖြင့် ပေးရတယ်။ ပေးတဲ့နေရာမှာလည်း ထူးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူရဲ့ ရှေ့မှာတင် လူပေါင်း ၁၇ ဦးစာအတွက် အငယ်လေး ဆိုတဲ့လူကို ပေးခဲ့တာလို့ သိရတယ်။အောက်တိုဘာ ၁၂ ရက် နေ့မှာ ထူးကြီးကျေးရွာကို ထူးထူးတိုး ကုမ္ပဏီက တာဝန်ခံ ဦးသက်နိုင်ဦး ဆိုတဲ့လူ ရောက်လာပြီးတော့ ကော့သောင်း ရာဘာခြံထဲက အလုပ်သမားတွေကို ပြန်ခေါ်ဖို့အတွက် ထူးကြီးက ဒေသခံတွေ ပေးထားတဲ့ ငွေကိုယူပြီး ညတွင်းချင်း ပြန်သွားတယ်။ သူနဲ့အတူ လူခေါ်ပေးတဲ့ အငယ်လေးလည်း တပါတည်း လိုက်သွားတယ်။ ထူးခြားတာက ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဇာတိရွာ အလယ်စု ဆိုတဲ့ ရွာပေါ့။ အဲဒီရွာက လူ ၅ ဦးလည်း ကော့သောင်းကို ပါသွားတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ထူးကြီး အုပ်ချုပ်ရေးမှူးဆီမှာ ငွေ ၈ သိန်း ပေးထားတာကို ကုမ္ပဏီ တာဝန်ခံ ဆိုတဲ့လူက ယူမသွားဘဲ ထားခဲ့တယ်။

အဲဒီ ၁၂ ရက်နေ့ ညမှာပဲ ကော့သောင်းက ထူးထူးတိုး ကုမ္ပဏီက အလုပ်သမားတွေကို ပြောတယ်။ မင်းတို့ ထူးကြီးသားတွေ မျက်နှာ မမြင်ချင်ဘူး။ အခု ချက်ချင်း ခြံထဲက ထွက်သွားကြဆိုပြီး နှင်ထုတ်တယ်။ အချိန်က ည ၇ နာရီလောက် ရှိပြီ။ ဒါတွေ ဘာလို့ သိလဲဆိုတော့ ထူးကြီးက လူတွေက သူတို့ မိသားစုဝင်တွေကို စိတ်ပူ နေတော့ ဖုန်းကတောက်လျှောက် ဆက်နေတာ။ ကော့သောင်းကိုလည်း ဆက်တယ်။ ကျွန်တော့် ဆီကိုလည်း ဆက်တယ်။ အဲ့လို နှင်ထုတ်လို့ အလုပ်သမား ၆၄ ယောက်က ညတွင်းချင်း ရာဘာခြံထဲကနေ ထွက်သွား ရတယ်။ ညကြီးကို လမ်းလျှောက် သွားတာ ည ၁၂ နာရီလောက်မှာ စစ်တပ် တစ်ခုနား ရောက်သွားတော့ ဆက်မလျှောက် ရဲတာနဲ့ လူအုပ်ကြီးက အဲဒီမှာ နားကြတယ်။ မိုးလင်းတော့မှ ဆက်လျှောက်တော့ ကော့သောင်း – ဘုတ်ပြင်း လမ်းပေါ်ကို ရောက်တယ်။ အဲဒီ လမ်းမှာ လျှောက်နေတုန်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် လမ်းကြောင်းနဲ့ ကြုံပြီးတော့ သူတို့က ကူညီပေးလို့ ဘုတ်ပြင်းမြို့ကို ရောက်သွားတယ်။

ဘုတ်ပြင်းကနေ ထူးကြီးပြန်ဖို့ကို မိသားစုတွေကလည်း ဘုတ်ပြင်းအထိ သွားခေါ်ဖို့ကို ငွေမတတ်နိုင်ကြဘူး။ အလုပ်သမား တွေမှာလည်း စရိတ်ပါမလာဘူး။ သူတို့အဖွဲ့ထဲမှာ သက်ကြီး ရွယ်အိုတွေလည်း ပါတယ်။ သားသည် အမေတွေလည်း ပါနေတယ်။ နေမကောင်း နာမကျန်း ဖြစ်နေသူတွေလည်း ပါတယ်။ အဲတော့ပြန်ဖို့ အခက်တွေ့နေတဲ့ အချိန်မှာ နေပြည်တော်က လူကုန်ကူး တိုက်ဖျက်ရေး ဌာနကို အကူအညီ တောင်းတယ်။ ကူညီဖို့ ဘာမှမပြောဘူး။ အထက်ကို တင်ပြပေးပါဦးမယ် လို့ပဲပြောတယ်။ အဲဒါနဲ့ ပုသိမ်လူကုန်ကူး တိုက်ဖျက် ရေးဌာနက ရဲမှူး ဒေါ်ခင်ခင်စိုးဆီ ဖုန်းဆက်တော့ ဒေါ်ခင်ခင်စိုးက သွားတုန်းကလည်း သူတို့အစီအစဉ်နဲ့ သူတို့သွားတာ။ ပြန်တော့လည်း သူတို့ အစီအစဉ်နဲ့ ပြန်လာလိမ့်မယ်။ ကျွန်မတို့ဌာနမှာ အဲဒီကိစ္စ အတွက် ဘတ်ဂျတ်မရှိဘူး။ တာဝန်ယူပေးလို့လည်း မရဘူးလို့ ပြောတယ်။ ကျွန်တော် ပြောတာက လူကုန်ကူးမှုကိစ္စက နောက်မှ ဆက်ရှင်းပါ။ လောလောဆယ် ဒုက္ခရောက် နေသူတွေကို ကယ်တင်ဖို့ အကူအညီပေးဖို့ တောင်းခံတာပါ လို့ ပြောတော့ အထက်ကို တင်ပြပေးပါမယ်ပဲ ပြောတယ်။

အဲဒါနဲ့ ဧရာဝတီတိုင်း အစိုးရဆီကို လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက တဆင့် ဆက်သွယ်တယ်။ အလုပ်သမားတွေ ဒုက္ခရောက် နေလို့ ကယ်ဆယ်ပေးဖို့ ကျနော် တင်ပြတော့ ၀န်ကြီးချုပ်ကို တင်ပြပြီးတော့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက် ပေးပါမယ်လို့ပဲ ပြောတယ်။ အဲတော့ ဌာနဆိုင်ရာ တွေဆီက အလုပ်သမားတွေကို ကယ်ဖို့ တိကျတဲ့ စကားတခုခု မရတော့ နောက်ဆုံးမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဆီကို ဖုန်းဆက်ပြီး အကူအညီ တောင်းဖြစ်ခဲ့တယ်။ သူကလည်း နာရီပိုင်းအတွင်းမှာ ကယ်ဆယ်ရေး လုပ်ဖို့ တနင်္သာရီတိုင်း သာသနာရေးကို ညွှန်ကြားခဲ့တယ်။ အခုဆိုရင် တနင်္သာရီတိုင်း သာသနာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ သူတို့ ဒီနေ့ မနက်ပိုင်း ဘုတ်ပြင်းက ထွက်လာကြပြီလို့ သိရတယ်”” ဟု ဦးထွန်းရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလုပ်သမား ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ““ကျွန်တော်တို့ရွာကို လွန်ခဲ့တဲ့၉ လပိုင်း လောက်က ထူးထူးတိုး ကုမ္ပဏီက လူတွေနဲ့ ရွာခံဖြစ်တဲ့ အငယ်လေးတို့က ရွာမှာရှိတဲ့ အလုပ်သမားတွေကို စည်းရုံး ကြတယ်။ ရာဘာခြံတွေ ရှင်းဖို့ ယောက်ျားလေးဆိုရင် တစ်ရက်ကို ၄၀၀၀ ကျပ်၊ မိန်းကလေးဆိုရင် ၃၅၀၀ ကျပ်ရမယ် ပြောတော့ ၁၀ လပိုင်း လောက်မှ ကုမ္ပဏီက လူတွေနဲ့ ဘုတ်ပြင်းကို လိုက်သွားတယ်။ ဟိုရောက်တော့ နေ့စားလုပ်တာ တစ်ရက် ၄၀၀၀ နဲ့ ၂ ရက် လုပ်လိုက်တယ်။ နောက်ပိုင်း ပုတ်ပြတ် ဆိုပြီးပေးတော့ အလုပ်သမားတွေက တစ်ရက်ကို ၁၅၀၀ ကျပ်လောက်ပဲ ရတော့တယ်။

လာအလုပ်ခေါ်စဉ်က ကုမ္ပဏီက ဆန်တစ်ပြည်ကို ၈၀၀ ကျပ်နဲ့ ရမယ်ပြောပြီး တကယ် ၀ယ်ရတော့  တစ်ပြည်ကို ၁၂၀၀ ကျပ်နဲ့ ၀ယ်ရတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ ခမောင်မြို့ကို ကျန်းမာရေး မကောင်းတဲ့ အလုပ်သမားတွေ ဆေးတက်ပြဖို့ ကုမ္ပဏီက စာရေးမထံ ခွင့်တိုင်ခဲ့တယ်။ မြို့ဆေးတက်ကုဖို့ သွားနေတဲ့ အချိန်မှာ အလုပ်သမား ကြီးကြပ် ကိုဖိုးဇော်ကနေပြီး နောက်အလုပ်တစ်ခု ရှာဖို့ မြို့တက် တယ်ပြောပြီး တစ်ဖက်နဲ့တစ်ဖက် စကားများကြတယ်။ စကားများတော့ သူဋ္ဌေးမက နားတွေညီးတယ် သူတို့တွေကို စစ်တပ် ၅၉၇ ခေါ်ပြီး ပစ်သတ်လိုက်လို့ ပြောတယ်။ ကျွန်တော်တို့လည်း စိုးရိမ်စိတ်တွေနဲ့ နေတဲ့နေရာ ပြန်လာပြီး အဲဒီည ၇ နာရီ မိနစ် ၃၀ လောက်မှာ ခြေကျင် လျှောက်ပြီး မြို့ကို တက်လာကြတယ်။ ကုမ္ပဏီက လူတွေကလည်း ဆိုင်ကယ်တွေပေါ်မှာ သေနတ်တွေ လွယ်ပြီး လိုက်လာကြတာပါ။ ၅၉၇ စစ်တပ် နားကို ရောက်တော့ ည ၁၂ နာရီလောက် ရောက်တယ်။ မနက် ၃ နာရီ လောက်ထပြီး လမ်းလျှောက်တော့ မြို့နယ် ခရိုင်မှူးတွေနဲ့ တွေ့ပြီး သူတို့က စားအုန်းဆီကားနဲ့ မြို့ကို လိုက်ပို့ပေးခဲ့တယ်။ ကုမ္ပဏီမှာက ရာဘာခြံ ရှင်းတဲ့ အလုပ်သမား ၂၀၀ ကျော်လောက် ရှိတယ်။ အလုပ်သမား အများစုကတော့ ပြန်ချင်နေကြပြီ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ယူထားတဲ့ ငွေတွေကလည်း လည်ပင်း မြုတ်နေတော့ မပြန်ရဲကြဘူး ဖြစ်နေတယ်။ ကုမ္ပဏီကတော့ ကော့သောင်းခရိုင်၊ ခမောင်ကြီး မြို့နယ်ခွဲမှာ တည်ရှိတာပါ။ ကုမ္ပဏီရဲ့ လူသားခြင်း မစာနာတဲ့ အပြုအမူ တွေကိုလည်း သက်ဆိုင်ရာ လူကြီးတွေ သိစေချင်ပါတယ်”” ဟု မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။

ဘုတ်ပြင်းမြို့၌ ခိုလှုံနေသည့် ရွှေ့ပြောင်း အလုပ်သမား ဒုက္ခသည်များအား ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ ညွှန်ကြားချက်အရ တနင်္သာရီတိုင်း ဒေသကြီး သာသနာရေးဌာနက တာဝန်ယူ ပို့ဆောင်ပေးနေပြီး ယနေ့နံနက် ပိုင်းက ဘုတ်ပြင်းမြို့မှ စတင် ထွက်ခွာလာကာ ည ၈ နာရီအချိန်တွင် မြိတ်မြို့၌ နားခိုခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း နေပြည်တော်ရှိ သာသနာရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

““အလုပ်သမားက ကလေး၊ လူကြီး စုစုပေါင်း ၆၅ ဦး ဖြစ်ပါတယ်။ သူတို့ ဒီနေ့မနက် ၈ နာရီမှာ ကား ၂ စီးနဲ့ ဘုတ်ပြင်းမြို့က စထွက်လာကြပါပြီ။ ဘုတ်ပြင်း ကနေ မြိတ်မြို့အထိကို ဘုတ်ပြင်းမြို့နယ် သာသနာရေး ဌာနက တာဝန်ယူ ပို့ပေးမှာပါ။ မြိတ်ကနေ အင်္ဂပူအထိတော့ တနင်္သာရီတိုင်း သာသနာရေးက တာဝန်ယူ ပို့ပေးမှာ ဖြစ်ပါတယ်”” ဟု သူက ပြောသည်။

ဘုတ်ပြင်းမြို့နယ် သာသနာရေးမှူး ဦးဝင်းရွှေကလည်း ““ကျွန်တော်တို့က ၁၀ လပိုင်း ၁၄ ရက်လောက်မှာ ဘုတ်ပြင်းမြို့၊ ဓမ္မ၀ိစာရကျောင်းမှာ ထူးထူးတိုး ကုမ္ပဏီကနေပြီးတော့ လုပ်သားတွေပေါ့ ကျား ၃၇ ဦး၊ မ ၂၁ ဦး သူတို့နဲ့ ပါဝင်လာတဲ့ ကလေး ၇ ဦး၊ စုစုပေါင်း ၆၇ ဦး ရောက်ရှိနေတယ် ဆိုတာ သိရှိရပါတယ်။ သိရှိရတဲ့အခါ အဲဒီလူတွေက အင်္ဂပူမြို့နယ်၊ ထူးကြီးရွာကလို့ သိရတယ်။ သူတို့ကို ထူးထူးတိုး ကုမ္ပဏီကနေ အလုပ်ထုတ် လိုက်လို့ ကုမ္ပဏီကနေ နေရပ်ကို ခြေကျင် ထွက်လာခဲ့ ကြရတာပါ။ အခုဆိုရင် ည ၈ နာရီ ၁၅ မိနစ်မြိတ် ကိုရောက်နေပါပြီ။ မြိတ်မှာဆိုရင် ပါလာတဲ့သူတွေအားလုံး တောရအောက်ကျောင်းမှာ နားကြမှာပါ။ မနက် မိုးလင်းရင်တော့ ထားဝယ်ကနေ ရန်ကုန်ကို သွားမှာပါ။ ရန်ကုန် ရောက်ရင်တော့ အလုပ်သမားတွေရဲ့ နေရပ်ကို လိုက်ပို့ ပေးမှာပါ။ ဘုတ်ပြင်းမှာ ရှိနေစဉ် ကာလတွေမှာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရ ၀န်ထမ်းတွေက ကူညီပေးကြ ပါတယ်။ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့က လူတွေနဲ့ ကုမ္ပဏီက လူတွေ ညှိနှိုင်းနေတယ်လို့ ကြားနေရပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။

အလုပ်လုပ်ရန် ဆွဲဆောင် စည်းရုံးခြင်း၊ လူများ စုဆောင်းခြင်း၊ လွှဲပြောင်း ပို့ဆောင်ခြင်း၊ ကြွေးမြီဖြင့် ချည်နှောင်၍ ခိုင်းစေခြင်းများ တွေ့ရှိ ပေါ်ပေါက်သည့် အတွက် HRWDN အဖွဲ့က ပုသိမ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သန်းဇော်မင်းက ထူးကြီးကျေးရွာသို့ လာရောက်၍ ကုမ္ပဏီမှ ထွက်ပြေးလာသည့် အလုပ်သမားများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေပြည် တော်ရှိ လူကုန်ကူး တားဆီးရေး အဖွဲ့ထံ အစီရင်ခံ တင်ပြထားကြောင်း သိရသည်။

ထိုကဲ့သို့ အလုပ်သမားများ လစာကောင်းကောင်း ရမည်ဆို၍ တရားဝင် ခေါ်ယူမှု မဟုတ်ဘဲ နစ်နာခဲ့ရသော ဖြစ်ရပ်များမှာ လူမှောင်ခို ကုန်ကူးမှုဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၏ ကူညီ စောင့်ရှောက်မှုကို နစ်နာသူများက မျှော်လင့်တကြီး စောင့်စားလျက် ရှိသော်လည်း ယခုကဲ့သို့ အင်္ဂပူမြို့နယ် (တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ မဲဆန္ဒနယ်မြေ)မှ လုပ်သားများ၏ အခက်အခဲကို ချက်ခြင်း အချိန်မီ ဖြေရှင်းရန် အကြောင်း မပြန်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအပေါ် ဒုက္ခရောက်နေသူအချို့က စိတ်ပျက်ခဲ့ကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ကိုသန့်စင်(ပုသိမ်)

မြန်မာသံတော်ဆင့် - Myanmartandawsint Newspaper

မြန်မာပြည်သားများတရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း


၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်းကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု

တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။

သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး _”ဟွန် “ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။

တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက်လာသည်မှာ လူနာဦးရေ တနှစ်လျင် တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုဏ်းများ တိုးပွါးလာတော့သည်။

တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။

တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။
တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။

လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။

ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။

အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။

မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်။

မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီဖြစ်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်။

ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။

ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

DDPC ၏ Edu Park ဖွင့်တော့မည်

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမဏီလိမီတက်ကထားဝယ်မြို့၊ရွှေဝယ်သီရိ အားကစားရင်ပြင်အနီးတည်ဆောက်လျက်ရှိသည့် Edu Park ကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ Edu Park တွင် အင်္ဂလိပ်စာ၊ထိုင်းနှင့်တရုတ်ဘာသာစကားဆိုင်ရာသင်တန်းများ၊ကွန်ပျူတာနှင့် အိုင်တီနည်းပညာဆိုင်ရာသင်တန်းများ၊အလုပ်အကိုင်အခွင့်အလမ်း
အသက်မွေးဝမ်း ကျောင်းမှုဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Edu Park ကိုတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဦးအောင်ဇော်ဟိန်းကပြောသည်။

Edu Park ကို ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမဏီလီမိတက်(DDPC)က
ကျပ်သိန်းပေါင်း ၃၅၅၀ ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။






သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

အစားအစာ ပြတ်လပ်နေသော ဆီးရီးယားများ ခွေးသားစားနိုင်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ ခွင့်ပြု

 
ဒမတ်စကတ်၊ အောက်တိုဘာ ၁၆

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြား ပိတ်မိနေသည့် ဆီးရီးယား နိုင်ငံသားများ အစားအစာ ပြတ်လပ်မှုမှ သက်သာစေရန် ခွေးသား၊ ကြောင်သားစသည့် ယခင်က တားမြစ်ထားသည့် အသားများကို စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အမိန့်ထုတ်ပြန်ခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစားအစာ ငတ်မွတ်မှုကို တွန်းလှန်နိုင်ရန် ခွေးသား၊ ကြောင်သားနှင့် မြည်းသားများ စားသုံးနိုင်သည်ဟု ဆီးရီးယား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဗီဒီယိုသတင်းတွင် ထုတ်ပြန်လိုက်သည်။

ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသရှိ အတိုက်အခံများ သိမ်းပိုက်ထားသော မူဒါမီယ ဒေသအတွင်း အစာရေစာ ပြတ်လပ်မှုများ ပေါ်ပေါက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့သော ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဒေသများသို့ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးပို့ခွင့်ပြုရန် ကူညီကယ်ဆယ်ရေး အေဂျင်စီများကလည်း ဆီးရီးယား အစိုးရအဖွဲ့ကို တောင်းဆိုထားသည်။

အစ္စလာမ် ဘာသာရေး အယူအဆအရ စားသောက်ရန် မသင့်ဟု ယူဆထားသော အသားများကို ဒမတ်စကတ်မြို့တော် ဂေါ့တာ စိုက်ပျိုးရေးဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအကြား ပိတ်မိနေသူများ စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အိဒ်အယ်အဟာ ဘာသာရေး ပွဲတော်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် အကူအညီများ ပေးအပ်ရန် တစ်ကမ္ဘာလုံးကို တောင်းဆိုကြောင်း ဘာသာရေး ခေါင်းဆောင်များက ပြောကြားလိုက်ပြီး အခြေအနေများ ဆက်လက်ဆိုးရွားလာပါက အသေကောင်များကိုပါ စားသောက်ရန် လိုလာလိမ့်မည်ဟု ပြောကြားသည်။

ယင်းကဲ့သို့သော ခွင့်ပြုချက် ပေးမှုသည် ဆီးရီးယား ပဋိပက္ခတွင်း ပထမဆုံးအကြိမ် မဟုတ်ဘဲ အလတ်ပိုမြို့နှင့် ဟွန်းမြို့များ၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားစဉ်ကလည်း ယင်းကဲ့သို့သော အမိန့် ထုတ်ပြန်ထားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများသို့ အစားအစာနှင့် သောက်သုံးရေများ ထောက်ပံ့ကူညီခြင်းကိုလည်း ဆီးရီးယား ဓာတုလက်နက်များ ဖျက်သိမ်းရေးကဲ့သို့ပင် ဦးစားပေးသင့်ကြောင်း ကူညီကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားသည်။

အကူအညီများ အရေးပေါ် လိုအပ်နေသည့် ဒေသတွင်းသို့ ထောက်ပံ့ရေး ယာဉ်တန်းများ ဝင်ရောက်ခွင့် မပြုသော်လည်း ဓာတုလက်နက် စစ်ဆေးရေးမှူးများကို လွတ်လပ်စွာ သွားလာခွင့် ပြုထားခြင်းမှာ အဓိပ္ပာယ်မရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့ Medecins Sans Frontieres မှ ညွှန်ကြားရေးမှူး ခရစ်စတိုဖာက ဝေဖန် ပြောကြားသည်။

The Voice Weekly

ဗုံးခွဲမှုဖေါ်ထုတ်ရေး ပါဝင်ဖို့ KNU ကမ်းလှမ်း


17.10.2013
တရုတ်မြန်မာ နယ်စပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မနေ့က ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်း စုစုပေါင်း ဗုံး သုံးကြိမ်ပေါက်ကွဲခဲ့တာကြောင့်  လူတယောက်သေဆုံးခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုရဲ့ လက်သည်ကို လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသဖြင့် ဆက်တိုက်လို ဗုံးတွေပေါက်ကွဲခဲ့ပြီးဗုံးလန့်တာတွေလည်း မကြာခဏ ဖြစ်နေချိန် မှာပဲ အခုနမ့်ခမ်းဘက်မှာ ဗုံးထပ်ပေါက်တာပါ။   သတင်းအပြည့်အစုံ ကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နမ့်ခမ်းမြို့ပေါက်ကွဲမှုဟာ ဒီကနေ့မနက် ၇နာရီလောက်က ပထမ တလုံးပေါက် ကွဲပြီး နောက်နာရီဝက်ခြားပြီးချိန်မှာ ဒုတိယ တလုံးပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲတဲ့ အခြေအနေကို နမ့်ခမ်းမြို့က တာဝန်ကျ ရဲဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

" ဘုရားရှေ့မှာ လမ်းလယ်ခေါင် ကျွန်းမျော၊ ဖလားဝါးဘောက်မှာပေါ့ စည်ပင်တွေက သန့်ရှင်းရေး လုပ်ရင်း အမှိုက်ပုံထဲက ကွဲတာပဲ၊ အဲ့မှာပဲဗျ။ ဟိုဘက်ပန်းခုံ၊ ဒီဘက် ပန်းခုံပဲဗျ။ နာရီဝက်ခြား နှစ်လုံးကွဲတယ် မနက်က။ တစ်ယောက်သေသွားတယ်ဗျ။ တစ်ယောက်ဒဏ်ရာရတယ်။ "

မနေ့ည ၁၁နာရီအချိန်လောက်ကလည်း ဒီမနက်ပေါက်ကွဲတဲ့ မြို့လည်ဘုရား အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကတော့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

"ဘာဖြစ်လို့ ဒီလိုမျိုးလုပ်လည်း မသိဘူး။ ကျနော်တို့က ငြိမ်းချမ်းရေးလည်း ရလာခါနီးပြီးဗျာ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး Nationwide Cease-Fire Agreement လက်မှတ်တောင် ထိုးခါနီးပြီ။ နောက်ပြီးရင် ဒါပြီးရင် Political Dialogue လည်း လာတော့မှာဟာကို ဘာဖြစ်လို့ အဲ့လိုလုပ်လည်း ကျနော်လည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။ အဲ့တာ မလုပ်သင့်ဘူးပေါ့ဗျာ။ နော် အပြစ်မဲ့ပြည်သူတွေကို အသက်အိုးအိမ် စည်းစိမ်ကို မထိခိုက်စေချင်ဘူးပေါ့။ ကျနော်တို့က "

ဒေသခံတွေကတော့ မနေ့ညက ဗုံးမပေါက်ကွဲခင်ကတည်းက နယ်စပ်ဂိတ် အ၀င်အထွက်တွေကို လုံခြုံရေး ချထားတာတွေ ရှိခဲ့သလို့ ပေါက်ကွဲပြီးနောက် မှာလည်း လုံခြုံရေး တိုးမြှင့်ပြီး စစ်ဆေးရှာဖွေတာတွေ ဆောင်ရွက်နေတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၃ရက်နဲ့ ၁၄ရက်နေ့တွေက  ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ်၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ကားမှတ်တိုင်၊ သာကေတမြို့နယ် အခွန်လွတ်ဈေးတွေမှာ   ဗုံးပေါက်ကွဲခဲ့သလို အလုံမြို့နယ်က စားသောက်ဆိုင်တခုမှာ ချိန်ကိုက်ဗုံးတလုံးတွေ့ခဲ့ပါတယ်။

၁၄ရက်နေ့မှာ မန္တလေးမြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ခဲ့သလို ၁၅ရက်နေ့ကတော့ စစ်ကိုင်းမြို့မှာ ဗုံး၂လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီအရင်ရက်တွေ ကတော့ ဖြူးမြို့မှာ ဗုံးတလုံးတွေ့ရှိခဲ့သလို တောင်ငူမြို့မှာ ဗုံးတလုံးပေါက်ကွဲပြီး လူ၂ဦးသေဆုံးခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ရန်ကုန်၊ မန္တလေးမှာ ဗုံးထောင်သူလို့ သံသယရှိသူတွေကို ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က ဒုရဲမှုးကြီး တဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အဓိကဗုံးခွဲသူအဖြစ်ယူဆပြီး ထိန်းသိမ်းထားတဲ့ စောမြင့်လွင် (ခ) မောထဟာ ကရင်အမျိုးသားအစည်းအရုံး KNU ကဖြစ်တယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီး တဦးကို ကိုးကားပြီး ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်နဲ့ပတ်သက်ပြီး KNU က ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ အခုလို ပြောပါတယ်။

" အခုကျနော်တို့ မီဒီယာတွေမှာ ကြည့်တာတော့ အာဏာပိုင်တွေ ဖက်က ပြောတာတော့ KNU ကလို့ တိုက်ရိုက် ထုတ်ဖော်ပြောကြားတာ မရှိဘူး။ သို့သော် စုံစမ်းဖော်ထုတ်ဆဲလို့ သူတို့ပြောတယ်။ ကျနော်တို့ကလည်း အဲ့ဒီ့အပေါ် လေ့လာစုံစမ်းနေတယ်။ ကျနော်တို့ KNU အနေနဲ့တော့ ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလိုလုပ်ဖို့ အစီအစဉ်မရှိဘူး။ ဒါကို ကျနော်တို့ ကန့်လည်းကန့်ကွက်တယ်။ ကျနော်တို့ KNUဗဟိုရဲ့အစီအစဉ် မဟုတ်ဘူး။ ကျနော်တို့ လုံးဝ မသိဘူးဆိုတာ ပြောချင်တယ်။"

ဒီကနေ့ ဆက်သွယ်မေးမြန်းချိန်အထိ အစိုးရဖက်က KNU ကို ဆက်သွယ် လာတာ မရှိသေးကြောင်းနဲ့ ဆက်သွယ်လာခဲ့ရင် အစိုးရနဲ့အတူ ဗုံးခွဲတဲ့ တရားခံကို ပူးပေါင်းဖော်ထုတ်သွားမယ်လို့လည်း ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

"ဒီအဖြစ်မှန်ဖော်ထုတ်ရေးအတွက် ကျနော်တို့ KNU မှာလည်းတာဝန်ရှိတယ်လို့ KNU ဗဟိုအနေနဲ့ သဘောထားတယ်။ ဒါကြောင့်မို့ တကယ်လို့ အစိုးရက ကမ်းလှမ်းလာလို့ရှိရင် နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ပြီးတော့ အပြစ်ရှိတဲ့သူကို အပြစ်ရှိတဲ့အလျောက် ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ ဒါ KNU ရဲ့ သဘောထားပဲဖြစ်ပါတယ်။"

ဒီလ ၁၁ရက်နေ့က လူ၂ယောက်သေဆုံးခဲ့ရ တဲ့ တောင်ငူမြို့ ပေါက်ကွဲမှုနဲ့ ပတ်သက်သူလို့ သံသယတဲ့ စောထွန်းထွန်းကိုတော့ ရှာဖွေနေဆဲဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ၄င်းနဲ့ပတ်သက်တဲ့ သတင်းတွေကို ရဲတပ်ဖွဲ့ကို ပေးပို့ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက်သတင်းစာမျက်နှာမှာတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနဲ့ ဖြူးမြို့တို့မှာ ချိန်ကိုက်ဗုံးတွေ့ရှိမှုနဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်နေကြောင်း၊ မကြာမီ သတင်းထုတ်ပြန်သွား မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို



18.10.2013
အမေရိကန်လွှတ်တော်အမတ်တွေက အသုံးစရိတ် ကန့်သတ်ချက် တိုးပေးလိုက်ပြီး ပေးရန်တာဝန် ပျက်ကွက်မယ့် အလားအလာ ကနေ နောက်ဆုံး အချိန်မှာ ရှောင်ရှားနိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။  ဒီလိုဖြေရှင်းနိုင်ခဲ့တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်သလို၊ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှု အတွက် ကူညီရာလည်းရောက်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ ကပြောပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းဌာနကတော့ အမေရိကန်ရဲ့ ဒီအကြပ်အတည်းကို ခပ်ပြတ်ပြတ် သုံးသပ်လိုက်ပါတယ်။  အမေရိကန်လွှတ်တော်အမတ်တွေက တကမ္ဘာလုံးကို ဓါးစာခံတွေအဖြစ် ပြန်ပေးဆွဲခဲ့ကြ တယ်လို့ ရှင်ဟွာသတင်းအယ်ဒီတာက စွပ်စွဲလိုက်ပါတယ်။  ဒီလိုမကြာခဏ ရင်ဆိုင်နေရတဲ့အတွက် အမေရိကန်ရဲ့ ငွေကြေးအာမခံစာချုပ်တွေဟာ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်တော့ဘူးလို့လည်း သတိပေးလိုက်ပါတယ်။

IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ Christine LaGarde ကလည်း အကြပ်အတည်း ပြေလည်သွားတဲ့အတွက် ကြိုဆိုပေမဲ့ အမေရိကန်လွှတ်တော်အမတ်တွေ အနေနဲ့ ဘဏ္ဍာရေးမူဝါဒကို ကိုင်တွယ်ရာမှာ မရေရာမှုတွေ ပတ်လည်ဝိုင်းနေတဲ့ အဖြစ်တွေလျော့ပါးရေးနဲ့ အသုံးစရိတ် ကန့်သတ်ချက်ကို ပိုပြီးတာရှည်ခံအောင် စဉ်းစားကြပါရန် တိုက်တွန်းလိုက်ပါတယ်။

ကိုသားညွန့်ဦး(VOA)

အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ



17.10.2013အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ၁၆ ရက် ကြာလာခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ မှာ ပြန်လည် လုပ်ကိုင်ခွင့်ရပြီဖြစ်ပါတယ်။ အမေရိကန် အစိုးရ အကြွေးမပေးနိုင်ပဲ ဖြစ်သွားမှာကို ရှောင်လွှဲဖို့ အပေးအယူလုပ်ထားတဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်မှကပ်ပြီး  လွှတ်တော်က အတည်ပြုပေးလိုက်တာမို့  အခုလို အစိုးရလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တာပါ။

သမ္မတ Barack Obama က ဒီဆုံးဖြတ်ချက် ကို ဥပဒေအဖြစ် ချက်ချင်း လက်မှတ်ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေ သဘောတူညီချက် အရ အစိုးရလုပ်ငန်းတွေ ၂၀၁၄ခု ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဆက်လက် လည်ပတ်နိုင်မှာ ဖြစ်သလို ရှေ့နှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့လောက်အထိ အစိုးရ အကြွေးမပေးနိုင်တဲ့ အနေထားရောက်မသွားအောင်  အစိုးရငွေချေးယူနိုင်တဲ့ ပမာဏကို တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ လွှတ်တော်အမတ်တွေ အနေနဲ့ အသုံးစားရိတ်ဖြတ်တောက်မှု ဆိုင်ရာ ညှိနှိုင်းမှုတွေကို လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေဟာ ကြာသပတေးနေ့မနက်ကစပြီး အလုပ်ပြန်ဆင်းနိုင်ပြီဖြစ်ပါတယ်။  ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမျိုးသားရင်ပြင်အပါအဝင် Smithsonian ပြတိုက်တွေကို ကြာသပတေးနေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်သလို  တိရိစ္ဆာန်ဥယာဉ်ကိုတော့ သောကြာနေ့မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

အခုလို အမေရိကန်အစိုးရ အကြွေးမပေးနိုင်တဲ့အဖြစ်နဲ့ ရင်ဆိုင်ရမယ့်ကိစ္စ ရှောင်လွှဲနိုင်အောင် အကြွေးယူခွင့်ပမာဏ တိုးမြှင့်ပေးလိုက်တာကို တရုတ်အစိုးရက ကြိုဆိုလိုက်ပါတယ်။

ဒီလို သဘောတူညီမှုရခဲ့တာဟာ အမေရိကန်အကျိုးစီးပွါးတွေ အတွက်သာမက ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော ပြီ

Photo -doctorsatephwar.blogspot.com
 ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ 
ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာ က တဆင့် ကျောင်းသား/ ကျောင်းသူတွေကို မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။ 

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်း 
ပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။ 

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ 

"UCL ဥက္ကဌကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ ၎င်း၏စာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -

" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ...

- ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူးရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင်ရှင်းလင်းဖော်ပြအပ်ပါသည်။

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်ကရရှိသည့်ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။ဤပြိုင်ပွဲ၏ကုန်ကျစရိတ်စုစုပေါင်းမှာ သိန်း(၃၀၀)နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။ဘောလုံးကွင်း၊ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊အားကစားဝန်ကြီးဌာန နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။ ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးများကအချိုးကျပါဝင်လှူဒါန်းပါသည်။ ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲဝင်ကြေးကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များသို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများအားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတရားဝင်အသိအမှတ်ပြုထားပြီး 
 နိုင်ငံတကာဒိုင်လူကြီးလိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍စေတနာဖြင့်လာရောက်ကူညီပေးနေသူများဖြစ်ကြပါသည်။ ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။ မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့်ဝန်ကြီး၊ ဒုဝန်ကြီးကမိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း?? မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း?? မည်သည့်ကျောင်းသား၊ကျောင်းသူများနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း?? မည်သည့်မီဒီယာက မိမိဘက်မှရပ်တည်ဖြေရှင်းပေးမည်နည်း?? မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်းကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှထိုနှစ်က အဆင့် ၆ သာချိတ်ပါသည်)၊ မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက်စားခြင်းမပြုပါ)၊ ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင်ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊ မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင်မဝယ်နိုင်ပါ၊ မည်သည့်ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်းမရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကိုနားလည်သဘောပေါက်ပါသည်)။ မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများမမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှလည်းမပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာတစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများတက်ရောက်သော ဘောလုံးပွဲဖွင့်ပွဲတွင်ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိကကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့်မဟုတ်မမှန်ရေးသားသူအများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။

- မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍အမြင်စောင်းနေသူအချို့လဲရှိနိုင်သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာလူကြီးမင်းများကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။ မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။ မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ်၍ မိမိနှင့်ရည်ရွယ်ချက်ချင်းတူသည့်မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ်ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။

- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စတစ်စုံတခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်းဝေဖန်တိုက်ခိုက်ခြင်းမျိုးမပြုဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊ နိုင်ငံတော်အဆင့်တာဝန်ရှိသူလူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ညီညွတ်မှုစွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။ 
Ref: https://www.facebook.com/uclmyanmar and The IrrawaddyBlog