Pages

Saturday, November 2, 2013

အပစ်အခတ်ရပ်စဲရေးမူတစ်ခုကို လိုင်ဇာညီလာခံက အတည်ပြု



ကချင်ပြည်နယ် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက်
အခန်း ၉ ခန်းပါ မူဘောင်တစ်ခုကို မနေ့က ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီမူဘောင်တွေဟာ မြန်မာငြိမ်းချမ်းရေးစင်တာ၊ KNU ကရင်အမျိုးသားအစည်းရုံးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပူးပေါင်းရေးဆွဲထားတဲ့ အပစ်ခတ်ရပ်စဲမှုဆိုင်ရာ မူဘောင်တွေနဲ့ သိပ်ပြီးကွာဟမှုမရှိပေမယ့် အဓိကကျတဲ့အချက်တွေကို ညှိနှိုင်းဖို့တော့ လိုနေသေးတယ်လို့ CNF ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာ လျှံမှုန်းဆာခေါန်းက ပြောပါတယ်။

"သူတို့က တိုင်းရင်းသားတွေစရေးတဲ့ WGEC က အချက်တွေပေါ်မှာ အခြေတည်ပြီးရေးတာကို အခြေခံပြီးရေးတာဖြစ်တဲ့ အတွက် အနှစ်သာရအားဖြင့် သိပ်မကွာပါဘူးလို့ ပြောချင်ပါတယ်၊ သို့သော် အဓိကအချက်အလက်တွေပေါ်မှာ ညှိနှိုင်းဖို့ လိုပါလိမ့်မယ်"

တိုင်းရင်းသားခေါင်းဆောင်တွေ မနေ့က အတည်ပြုခဲ့တဲ့အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၄ လအတွင်း မြန်မာအစိုးရက နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပေးရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး ဦးစီးကော်မတီတစ်ရပ်ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့တယ်လို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၁  ဦးခွန်ဥက္ကာက ဆွေးနွေးပွဲအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲထက်ကို နိုင်ငံရေးဦးစီးကော်မတီဖွဲ့ဖို့ စဉ်းစားထားချက်ပဲရှိပါတယ်"

ဒါပေမယ့် အဲဒီကော်မတီကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာကတော့ ဆုံးဖြတ်ခဲ့ခြင်း မရှိသေးပါဖူး။

လိုင်ဇာဆွေးနွေးပွဲကို ဒီနေ့ဆက်လက်ကျင်းပမှာဖြစ်ပြီး ရရှိတဲ့အပြီးသတ်ဆုံးဖြတ်ချက်တွေကို လာမယ့်ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာကျင်းပမယ့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ တင်ပြမှာဖြစ်ပါတယ်။
RFA

လက်နက်ကိုင်အဖွဲ့များ ရှိနေသောကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ဟုဆို


နေပြည်တော်၊ နိုဝင်ဘာ ၁

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည့်အတွက် မတရားအသင်း အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။

၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ အချိန်မီ ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ်သက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် အဆင့်များစွာ ကျန်ရှိနေပြီး အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကို ကျူးလွန်အားပေးသည့် အသင်းများ၊ ကူညီထောက်ပံ့သည့် အသင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အဆိုပါ ဥပဒေကို ဆက်လက်ထားရှိရမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
“ဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့တွေ အားလုံးမှာ လက်နက်တွေ ကျန်ရှိနေတယ်။ အချိန်မရွေး မမျှော်လင့်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထုကို အဓမ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တံတား၊ အဆောက်အအုံ၊ မော်တော်ယာဉ်များတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း အစရှိသည့် အကြမ်းဖက်မှုများကို လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်ပါက မတရားအသင်း အက်ဥပဒေ ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့ပြင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများကို ယင်းဥပဒေဖြင့် တရားရုံးများက စီမံဆောင်ရွက်ရသဖြင့် ပယ်ဖျက်ရန် မသင့်ကြောင်း၊ ဥပဒေပါ အချက်အချို့ကိုမူ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ ပြုလုပ်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးက ထပ်လောင်းပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် လက်နက်ကိုင် တပ်ဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ရေးအတွက် သဘောတူညီထားသည်။

ယနေ့တွင်ပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူလူထု သို့ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယုံကြည်မှု ပိုမိုခိုင်မာလာကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက် လာသည်ဟု ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ ဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား ၅၆ ဦးကို စက်တင်ဘာလ အတွင်းက လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

The Voice Weekly

တောင်ငူခရိုင်သုံးမြို့နယ်အတွင်း စစ်တောင်းမြစ် ရေကြီးမှုကြောင့် လူသုံးဦး သေဆုံးပြီး ၃ဝဝဝဝကျော် ရေဘေးသင့်

 
တောင်ငူ ရေကြီးမှု မြင်ကွင်း 
 ဓါတ်ပုံ- Ko Kyaw Swar
တောင်ငူ၊ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း တောင်ငူ၊ ရေတာရှည်နှင့် အုတ်တွင်းမြို့နယ် သုံးမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ စံချိန်တင်တက်မှုကြောင့် ယနေ့အထိ လူသုံးဦး သေဆုံးခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စု ၇၇၁၁ စု၊ လူဦးရေ ၃၁၁ဝ၉ ဦး ရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၈ ရက်မှစ၍ မိုးအဆက် မပြတ် ရွာသွန်းခဲ့မှုကြောင့် စစ်တောင်းမြစ်ရေလျှံ ကာ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက် ခြောက်ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁ဝ အုပ်စုတို့မှ အိမ်ထောင်စု ၂၉၅၁ စု၊ လူဦးရေ ၁၁၈၉၈ ဦး၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာ အုပ်စု ၁၅ စု၊အိမ်ထောင်စု ၄၄၈၁ စု၊ လူဦးရေ ၁၇၆၁၉ ဦးနှင့် အုတ်တွင်းမြို့နယ်တွင် ကျေးရွာ အုပ်စု တစ်စု၊ အိမ်ထောင်စု ၂၇၉ စု၊ လူဦးရေ ၁၅၉၂ ဦးတို့ ရေဘေးသင့်ခဲ့ရပြီး ယာယီကယ်ဆယ်ရေး စခန်းပေါင်း ၅၆ခုတွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူ များ၏ ပံ့ပိုးကူညီလှူဒါန်းမှုများဖြင့် နေထိုင်နေရ ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေတက်မှုကြောင့် ရေတာ ရှည်မြို့နယ်တွင် လူနှစ်ဦးနှင့် တောင်ငူမြို့နယ် တွင်တစ်ဦး၊ စုစုပေါင်းသုံးဦး ရေနစ်သေဆုံး ကြပြီး ရန်ကုန်-မန္တလေးပုံမှန်ကားလမ်းပေါ်တွင် ရေ သုံးပေခန့်တက်လာသဖြင့် ကားကြီးများသာ မောင်းနှင်နိုင်ပြီး ကားငယ်များ မြို့ရှောင်လမ်းမှ တစ်ဆင့် သွားလာနေကြရကြောင်းသိရသည်။

မြစ်ရေကြီးနေစဉ်တွင် တောင်ငူ အထက(၅) ကယ်ဆယ်ရေးစခန်း၌ ယမန်နေ့က တောင်ငူမြို့ (၁၉) ရပ်ကွက်နေ မသဲသဲ အသက် (၂ဝ)နှစ် (ဘ) ဦးအောင်သိန်းထွန်းသည် သမီးမိန်းကလေး တစ်ဦးအား စခန်းရှိတာဝန်ကျသားဖွားဆရာမ၏ စောင့်ရှောက်မှုဖြင့်မီးဖွားခဲ့၍ တောင်ငူခရိုင် မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စံထားဖြူကလာရောက်ကြည့်ရှုအားပေးကာ ငွေကျပ်တစ်သိန်းနှင့် ကလေးအသုံးအဆောင် ပစ္စည်းများလှူဒါန်းခဲ့ကြောင်း၊ ဆက်လက်ကြည့်ရှု စောင့်ရှောက်ပေးနိုင်ရေးအတွက် တောင်ငူဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


ဦးကျော်လှ(တောင်ငူ)

The Union Daily

ရန်ကုန်မြို့ မြောက်ဥက္ကလာပ တည်းခိုခန်း တစ်ခုတွင် ရခိုင်အမျိုးသမီး တစ်ဦး အသတ်ခံရ


 ၂ နိုဝင်္ဘာလ ၂၀၁၃
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့ နယ်၊ တည်းခိုခန်း တစ်ခုတွင် အောက်တိုဘာလ ၃၁ ရက်နေ့က အသက်၂၆ အရွယ်ရှိ ရခိုင်အ မျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည်။

အသတ်ခံရသူ သူအမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ ဦးသိန်းထွန်း၏ သမီး မမိမိစံ (၂၆) နှစ် ဖြစ်ကြောင်း သိရသည်။

မမိမိစံ အသက်ခံရမူနှင့် ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ခဲ့သူ  မြောက်ဥက္ကလာမြို့ နယ် သာရေးနာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်က နိရဉ္စရာသို့ ယခုလိုပြောသည်။

“ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၈ နာရီခန့်မှာ အသတ်ခံ ရတယ်လို့ သိရပါတယ်။ ကျွန်တော် တို့ သတင်းရလို့  သွားကြည့်တာက နိုဝင်္ဘာလ ၁ ရက်နေ့ နေ့ လယ် ၃ နာရီလောက်မှာ ဆိုတော့ နည်းနည်း နောက်ကျနေပြီ။ အသက်ခံ ရတဲ့ ပုံစံကတော့ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊  ၀ဲပခုံး ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ နောက် ၀ဲမျက်ခုံး ဖူးယောင်ဒဏ်ရာ (၁)ချက်နဲ့  သေဆုံး နေတာကို တွေ့ရ ပါတယ်” ဟု ယင်းက ပြောသည်။

မြောက်ဥက္ကလာပမြို့ နယ် ကျောက်ရေတွင်း ရပ်ကွက်၊ တိမ်တံခွန် အအေးခန်း ဧည့်ရိပ်မွန်တွင် တည်းခို နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသည့်နေ့က သူမသည် သူမ၏ ချစ်သူနှင့် ချိန်းဆို ထားပြီး ချစ်သူအလာကို စောင့်နေစဉ် အသတ်ခံခဲ့ရသည်ဟု  ကြားသိရကြောင်း ဦးသန်းကြည်က ဆိုသည်။

သေဆုံးနေသူ မမိမိစံ၏ အနီးတွင် လက်ပတော့ပ် ကွန်ပျူတာ တစ်လုံး၊ လက်ကိုင် ဖုန်းတစ်လုံး၊ သိုးမွှေး အရုပ်ကြီး တစ်ရုပ်နှင့် သူငယ်ချင်းများနှင့် အတူ ရိုတ်ကူးထားတော့ ဓါက်ပုံများကို တွေ့ရှိရပြီး၊ သူမသည် သိုးမွှေး အရုပ်ကြီးကို ပွေ့ဖက်ကာ သေဆုံးနေကြောင်း သာရေး နာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်မှ အသေးစိတ် သူသိသမျှကို နိရဉ္စရာသို့  ပြောကြားသည်။

“ ဘယ်သူ သတ်သွားတယ်ဆိုတာ အတိအကျပြောလို့  မရသေးဘူး ။ ကျွန်တော်တို့လည်း စုံးစမ်းနေတယ်။ အငြိုး ရန်စနဲ့ တစ်ယောက်ယောက် လာပြီး သက်သွားတာလား။ သတ်တဲ့ သူကတော့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားတဲ့ ပုံစံမျိုးတွေ့  ရတယ်လို့ ရဲက ပြောပါတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

မမိမိစံအား အသက်ခံရမူနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ဆေးရုံးတွင် စစ်ဆေးမူများ ပြုလုပ်နေပြီး  ယင်း၏ မြို့နယ် ရဲစခန်းမှ (ပ)၈၈၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ရဲစခန်းမှ စုံစမ်း ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိ ရသော်လည်း အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

သူမအား သင်္ဂြိုလ်မည့် နေ့ရက်ကိုလည်း လောလောဆယ်တွင် အတိကျ မသိရသေးကြောင်း  ဦးသန်းကြည်မှ ပြောသည်။

ခိုင်မောင်ဦး (ရန်ကုန်)-နိရဉ္စရာ

ဂျပန်တွင် ပြသခဲ့သည့် မြန်မာ ဗီဒီယို ဇာတ်ကား နှစ်ကားအား ထပ်မံပြသရန်အတွက် လာရောက်ဝယ်ယူ

 
ဂျပန် နိုင်ငံတိုကျိုမြို့ရှိ ''ရှီဗူဗာရှီ'' Up Link ရုပ်ရှင်ရုံတွင် ပြသခဲ့ သည့် မြန်မာဗီဒီယိုဇာတ်ကား နှစ်ကား အား ယင်းနိုင်ငံတွင် ထပ်မံပြသ ရန်အတွက် လာရောက်ဝယ်ယူမှု များရှိနေကြောင်း သိရသည်။

အဆိုပါဗီဒီယိုဇာတ်ကား နှစ် ကားမှာ ၂၀၁၃ခုနှစ် ဧပြီ ၂၆ ရက်က ဂျပန်နိုင်ငံတွင် သွားရောက် ပြသခဲ့သည့် ဇာတ်ကားများဖြစ် ပြီး ပြသစဉ် ကအင်္ဂလိပ်စာတန်း ထိုးဖြင့်ပြသခဲ့ရာ ဂျပန်လူငယ် များက အများ ဆုံးကြိုက်နှစ် သက် ခဲ့သည့်အတွက် ထပ်မံတောင်းဆို မှုများကြောင့် ယခုလိုလာရောက် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ရုပ်ရှင် အစည်းအရုံးမှတာဝန်ရှိသူတစ်ဦး က ''အခုလိုမျိုး လာရောက်ဝယ် ယူတာဆိုတော့ ကောင်းတာပေါ့၊ အဲဒီလိုမျိုး တခြားနိုင်ငံတွေ က လာ ရောက်ဝယ်ယူမှုများလေ ဗီဒီယို ဈေးကွက်ကောင်းဖို့ အလားအလာ တစ်ခုဖြစ်တယ်၊ ဒါပေမဲ့ ကိုယ့် ဘက်ကလဲ ဇာတ်ကားတွေကို အ ကောင်းဆုံးဖြစ်အောင် ရိုက်ဖို့လို မယ်။ ဖြစ်ကတတ်ဆန်း မရိုက်ဘဲနဲ့ ကောင်းကောင်းမွန်မွန်ရိုက်မယ် ဆိုရင် ဒါလဲဖောက်ထွက် နည်းတစ် ခုပဲ''ဟု ပြောသည်။

ယင်းဇာတ်ကားနှစ်ကား မှာ ဒါရိုက်တာဝိုင်းရိုက်ကူးထားပြီး နေတိုးနှင့် အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်ထားသည့် ''ကောင် မလေးတွေ မသိစေနဲ့''ဇာတ်ကား နှင့် လူမင်းပါဝင်သရုပ်ဆောင်ထား သည့်'' ငရဲတစ်ပိဿာ''ဆိုသည့် ဇာတ်ကားတို့ဖြစ်ကြောင်း သိရ သည်။

ယခုအခါတွင် ယင်းဇာတ် ကားနှစ်ကားအား ဂျပန်စာတန်း ထိုးပြီးပြသမည်ဖြစ်ကာ တိုကျို မြို့ ရှီဗာဗူရှိ Up Link ရုပ်ရှင်ရုံ တွင်ပင် ပြသမည်ဖြစ်သည်။

တရုတ်မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသား အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ မြင့်သော တိုက်ပေါ်မှ ခုန်ချ သေဆုံး

 chinese school
တရုတ်နိုင်ငံမှ အသက် ၁၀ နှစ် အရွယ် ကျောင်းသား တစ်ဦးသည် အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ တိုက် အမြင့်မှ ခုန်ချသေဆုံးသွားကြောင်း အစိုးရ သတင်းမီဒီယာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြသည်။
၎င်းသတင်းအား အစိုးရပိုင် သတင်းမီဒီယာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ဖေါ်ပြထားကြောင်း အေအက်ဖ်ပီ သတင်းက ဆိုသည်။
တိုက်ပေါ်မှ ခုန်ချ သေဆုံးသူ (၅) တန်း ကျောင်းသားငယ်အား ၎င်း၏ ဆရာမှ မိမိကိုယ်ကို ဝေဖန်ထားသော စာတစ်စောင်ရေးသားရန် အတန်းထဲတွင် ညွှန်ကြားခဲ့ကြောင်း၊ မရေးနိုင်ပါက တိုက်ပေါ်မှ ခုန်ချရန် ညွှန်ကြားခဲ့ကြောင်း သူ၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ကိုးကားပြီး တရုတ် အမျိုးသား ရေဒီယို၏ သတင်း ၀က်ဆိုက်တွင် ဖေါ်ပြထားဟု သိရသည်။
၎င်းကျောင်းသားငယ်သည် ဆရာ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်ကို ဝေဖန်ထားသော စာလုံးရေ (၁၀၀၀) ပါ ဆရာအားတောင်းပန်စာအား မရေးသားနိုင်သဖြင့် နောက်ပိုင်းတွင် အထပ် (၃၀) အမြင့် တိုက်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။
အေအက်ဖ်ပီ သတင်းတွင် အဆိုပါ ကျောင်းသားငယ် သေဆုံးသည့် နေ့ရက်နှင့် နေရပ်လိပ်စာများကိုမူ ဖေါ်ပြထားခြင်း မရှိပါ။

ဥရောပခရီးစဉ်မှပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်

 
ဒီကနေ့မနက် 8:45 နာရီက ဥရောပခရီးစဉ် မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော အမေ ဒေါ်အောင်ဆန်းစုကြည် အား လာရောက်ကြိုဆိုသော ပြည်သူအများမှ ဖွဲ့စည်းပုံအခြခံဥပဒေကို အမြန်ဆုံးပြင်ဆင်သည်ကို မြင်လိုကြောင်း ပြောဆိုကြပြီး 2015 မှာ သမတကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းများ တောင်းဆိုကြသည် ။


ဒေါင်းမာန်ဟုန်  မှ

တောင်းဆိုချက်တွေရမယ်ဆိုရင် အစိုးရစစ်တပ်နဲ့ လက်တွဲဖို့ အသင့်လို့ KIA ဗိုလ်မှူးပြော

 
လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသာလက်နက်ကိုင် အင်အားစုတွေရဲ့ ထိပ်သီးညီလာခံမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ အပစ်ခတ်ရပ်ပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေချိန်မှာ ဒီနှစ် နှစ်ဆန်းပိုင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လယ်ဂျားယန် ရှေ့တန်းစခန်းတွေမှာ အခြေအနေတွေက တဖက်နဲ့ တဖက် တပ်ဖွဲ့တွေ အော်ဟစ် လှမ်းစကားပြောတဲ့ အနေအထားမှာ ရှိနေပါတယ်။

လယ်ဝဲယန် တောင်ကုန်းဟာ အခု နှစ်ဆန်းပိုင်းတုန်းက မြန်မာ အစိုးရ စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် သိမ်းပိုက်ခံရတဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတဲ့ ၇လ အကြာ အခုအချိန်မှာ တဖက်နဲ့ တဖက် ခြင်းခတ်ဖို့ စကားပြောဖို့ လှမ်းခေါ် ကြပေမယ့် နှစ်ဖွဲ့ကြား နေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ကြောက်လို့ တဖက်နဲ့ တဖက် ကူးလူး ဆက်ဆံမှုတော့ မရှိကြဘူးလို့ ကေအိုင်အေ ဗိုလ်မှူး တယောက်က ပြောပါတယ်။

စစ်ပွဲတွေ ဖြစ်ခဲ့ကြတာဟာ ဘာကြောင့်လဲလို့ ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ ဗိုလ်မှူးက နိုင်ငံရေးကြောင့် ဖြစ်တယ် ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို စစ်တပ်က လက်ဝါးကြီးအုပ်တဲ့ အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ရတာလို့ ဆိုပါတယ်။

အခုဆိုရင် ကေအိုင်အေနဲ့ မြန်မာ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေကြပြီမို့ တကယ်လို့များ အဆင်ပြေသွားရင် အထက် ညွှန်ကြားချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါလို့ ကေအိုင်အေ ဗိုလ်မှူးက ပြောပါတယ်။

ကေအိုင်အေရဲ့ အထက် အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရလာရင် ကေအိုင်အေ တပ်တွေနဲ့ မြန်မာ အစိုးရ စစ်တပ်တို့ အတူ တွဲလုပ်ရမယ်ဆိုရင် လုပ်မှာပါလို့ သူက ရှင်းပြခဲ့ပါတယ်။

တကယ်လို့များ ငြိမ်းချမ်းရေး ရသွားမယ် ဆိုရင် တိုက်ပွဲတွေ ရပ်သွားပြီမို့ အိမ်မှာဘဲ ကျွဲနွားမွေး နေထိုင် စားသောက်တော့မယ် ၊ ဒါပေမယ့် အသက် ၂ဝ အရွယ်ကတည်းက ကေအိုင်အေ တပ်ထဲ ဝင်ခဲ့တာ ဆိုတော့ စစ်မြေပြင်မှာ နေလာတာ နှစ် ၃၀ ရှိသွားပြီ ၊ တိုက်ပွဲ ဖြစ်ရာ နေရာတွေက ကိုယ့်မိဘ အိမ်လို ဖြစ်နေတယ်လို့ ကေအိုင်အေ ဗိုလ်မှူးက ပြောပါတယ်။

သူ့ဘဝ တလျောက် အဆိုးရွားဆုံး တိုက်ပွဲကတော့ ရက် ၂ဝ ကျော် တလ နီးပါး တိုက်ခိုက်ခဲ့ရတဲ့ လယ်ဂျားယန် ၊ ခါယာပုံ တိုက်ပွဲတွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ် တိုက်ပွဲ ဖြစ်တိုင်း ကေအိုင်အေ က ကြံ့ကြံ့ခံနိုင်တာ ဘာကြောင့်လဲ ဆိုတဲ့ အမေးကိုတော့ သူက ဖြေကြားရာမှာ ကေအိုင်အေရဲ့ ခံယူချက် ၊ မျိုးချစ်စိတ် အပြင် နယ်မြေ ကျွမ်းကျင် မှုကြောင့် လို့ သူက ပြောပါတယ်။

ဒါ့အပြင် တပ်နှစ်ခု လယ်ဗယ်တူရင်တောင် တိုက်ရည်ကွာတယ်လို့ ကေအိုင်အေ တပ် ဗိုလ်မှူး တယောက်က ရှင်းပြခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လိုင်ဇာညီလာခံ မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ လှမ်းနိုင်မည်ဟု သမ္မတယုံကြည်



ကေအိုင်အိုဌာနချုပ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုက ထုတ်လွှင့်တဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များစွာထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးလိုခြင်း၊ ရေးထိုးပြီးဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် အဆင့်ဆင့်ကို ထပ်လောင်းအတည်ပြုလိုခြင်းနဲ့ လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို စတင်လိုခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းဟာ အပစ်အခတ်ရပ်စဲရေးအဆင့်မှာတင် ရပ်တန့်ထားရန်မဟုတ်ဘဲ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးများကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲများကို တက်လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျှက်ရှိကြောင်းပင် ဖြစ်ပါသည်”

အစိုးရကကျင်းပဖို့ ပြင်ဆင်နေတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးတက်ရောက်ဖို့ ဖိတ်ခေါ်ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီးလည်း မိမိဖြစ်ချင်တဲ့ဆန္ဒထက် တိုင်းပြည်အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့ အနာဂတ်ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကိုစဉ်းစားပြီး လက်တွေ့ကျကျဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ကို သမ္မတဦးသိန်းစိန် ရောက်ရှိနေတဲ့အချိန် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးရှိအောင်နဲ့ ဒေသတည်ငြိမ်ရေးကို ပိုမိုဆောင်ရွက်ဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA Burmese

မတရားအသင်း အက်ဥပဒေကို ပြင်ရုံသာပြင်သင့်တယ်ဟု ဆို

 
အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အခုအချိန်ထိ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလိုပြင်ဆင်ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ ရှိမရှိ မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့တာပါ။

“ဥပဒေကို ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း အဆင့်အထိစဉ်းစားရန် မလိုအပ်ကြောင်း တွေ့ရှိရပါတယ်၊ ဒီဥပဒေကို တိုးတက်ပြောင်းလဲတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့အညီ လေ့လာသုံးသပ်ပြီး နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်းသည်သာ သင့်တော်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်”

အရင်စစ် အစိုးရလက်ထက်က အဲဒီဥပဒေကိုအသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တရားမ၀င်အသင်းအဖွဲ့တွေအဖြစ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်သူတွေကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)နဲ့ အရေးယူတာတွေ ထောင်ဒဏ်ချမှတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ အဲ့ဒီမတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။

အဲ့ဒီဥပဒေပါ ပုဒ်မ ၁၇( ၁) မှာ မတရားအသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်ဆောင်ရွက်ရင်၊ ဒါမှမဟုတ် ငွေကြေးထောက်ပံ့ရင်၊ ငွေကြေးလက်ခံတောင်းခံရင်၊ အသင်းလုပ်ငန်းမှာ တစ်နည်းနည်းနဲ့ ကူညီဆောင်ရွက်မယ်ဆိုရင် ပြစ်ဒဏ်ကျခံစေရမယ်လို့ ပြဌာန်းထားပါတယ်။

အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရောမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးမှာ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂) နဲ့ အရေးယူခံထားရတဲ့ တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်။

RFA Burmese

နီဂျဲက အစာရေငတ်သေဆုံးမှု ဖြစ်စဉ် ပြန်ပြောပြ

 
ဆာဟာရ သဲကန္တာရ ကြီးထဲမှာ ခရီးသွားတုန်း ကားပျက်သွားပြီးတဲ့နောက် Niger နိုင်ငံသား ၈၇ ယောက် ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ရေငတ်ပြီး သေဆုံးခဲ့တာ တွေ့ခဲ့ကြရ ပါတယ်။

အဲဒီ ထိတ်လန့် ကြောက်မက်ဖွယ်ရာ အဖြစ်ကနေ အသက် မသေဘဲ ကျန်ခဲ့ တဲ့ အသက် ၁၄ နှစ် အရွယ် Shafa ဆိုတဲ့ မိန်းကလေးက သူ့ရဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေအကြောင်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။

'သူတို့ က အာယ်လ်ဂျီးရီးယားက အမျိုးတွေဆီ အလည် သွားကြတာ၊ လူ ၁၀၀ ကျော်ပါတဲ့ ကား နှစ်စီး အတူ သွားကြရင်း သူလိုက်လာတဲ့ ကားက လမ်းမှာ ပျက်သွားတော့ ပြင်ရတာ တစ်နေကုန် ကြာတယ်၊ အဲဒီ အချိန်မှာပဲ သူတို့ သောက်ရေ ပြတ်သွားတယ်'လို့ Shafa က ပြောပါတယ်။

နောက်တော့ နည်းနည်းပဲ ရှိတဲ့ ရေတွင်း တစ်တွင်းကို တွေ့တော့ တစ်ယောက်က ရေဆင်းခတ်တယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ ရေငတ် နေတုန်းပဲမို့ ကား ဒရိုင်ဘာ တွေက သူတို့ ရေသွားရှာပြီး ပြန်လာလိမ့်မယ်၊ ဒီမှာပဲ စောင့်နေကြလို့ ပြောပြီး ထွက်သွားလိုက်တာ တစ်ညနဲ့ တစ်ရက်သာ ကြာသွားတယ် ပြန်မလာကြဘူးလို့ ပြောပါတယ်။

သူတို့ လမ်းလျှောက် ခရီးဆက်ဖို့ မဆုံးဖြတ်ခင် သဲကန္တာရထဲမှာ နှစ်ရက်ကြာအောင် အစာငတ် ရေပြတ် နေခဲ့ရတယ်၊ တခိျု့ ကားတွေက သူတို့နားကနေ ဖြတ်ကျော် သွားကြတယ်၊ သူတို့က တားပေမဲ့ ဘယ်သူကမှ ရပ်မပေးကြဘူးလို့ သူက ပြောပါတယ်။

အဲဒီ အချိန်ကစပြီး လူတွေ သေတော့ တာပဲ၊ ဒုတိနေ့မှာ သူတို့ထဲက ၁၅ ယောက် ရေငတ်ပြီး အရင်ဆုံး သေသွားခဲ့ကြ တယ်လို့ Shafa က ပြောပါတယ်။

သူတို့ကို အယ်လ်ဂျီးရီးယားလုံခြုံရေး တပ်တွေသား တခိျု့က တွေ့ပေမဲ့ သူတို့ကို ခေါ်သွားတာ တရားမဝင် တဲ့ အတွက် အရေးယူ ခံရမှာ စိုးလို့ ပြန်လှည့် သွားကြတယ်လို့ ပြောပါတယ်။

တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြသူတွေထဲမှာ ဆာရှာရဲ့ အမေနဲ့ ညီအစ်မ တွေလည်း ပါပါတယ်။ သူတို့ သစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတဲ့ အချိန်မှာ သူ့ရဲ့ ညီအစ်မ တစ်ယောက် သေဆုံးသွားတယ်၊ အဲဒီ သစ်ပင်အောက်မှာပဲ သူ့ကို မြှုပ်လိုက်တယ်၊ နောက် လမ်း ဆက်လျှောက်သွားပြီး တစ်ရက် အကြာမှာ တော့ နောက်ထပ် တစ်ယောက် ညီအစ်မ တစ်ယောက် သေဆုံးသွားတယ်၊ တတိယမြောက် နေ့မှာ သူ့ အမေ ၊ သေဆုံးသွားပြန်တယ်၊ သူ့ အမေနဲ့ သူ့ ညီအစ်မ တွေကို သူကိုယ်တိုင် မြေမြှုပ်ခဲ့ရတယ် လို့ ဆာရှာက ပြောပါတယ်။

သူတို့ ဆက်လမ်းလျှောက်သွားကြတာကို ဖြတ်သွား ဖြတ်လာ ကားတွေက မြင်ပေမဲ့ ရပ်မပေးကြတဲ့ အပြင် ကားတစ်စီးက ဆိုရင် ကားနဲ့ ဝင်တိုက်လို့ သူတို့ထဲက သုံးယောက် သေဆုံး ခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ဆုံး သစ်ပင် တစ်ပင် တွေ့လို့ အရိပ်အောက်မှာ နားပြီး မျှော်လင့်ချက်တွေ အားလုံးကို လက်လျှော့ လိုက်တော့မယ့် အချိန်မှာ ကားတစ်စီး ကို မြင်လိုက်လို့ သူ့ အင်္ကျီလေးကိုချွတ်ပြီး သူ့ကို မြင်အောင် ဝှေ့ယမ်း လိုက်တယ်၊ ကားမောင်းသမား အမျိုးသားက ကားကို ရပ်ပြီး ဖြစ်ပျက်ပုံကို မေးတော့ သူ ပြန်ပြောပြပါတယ်။

နောက်ဆုံး သူ့ အဖိုး နေတဲ့ Arlit ဆိုတဲ့ နေရာကို ပို့ပေးလို့ အဖိုးနဲ့ ပြန်ဆုံရတဲ့အကြောင်း မိဘမဲ့ဖြစ်သွားရှာတဲ့ ရှာဖာက ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု

 
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံကနေ ထွက်သွားခဲ့ကြတာပါ။

လွှတ်တော်မှာ ကျန်ခဲ့တဲ့ ညွန့်ပေါင်းပါတီတွေက ကိုယ်စားလှယ် ၃၁၀ ကတော့ ကန့်ကွက်မဲ့သူမရှိ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဖြစ်စရာတွေ ကြုံလာရတဲ့အတွက်လည်း သွေးထွက်သံယို ပဋိပက္ခတွေ တကျော့ပြန် ကြီးထွားလာမှာကို စိုးရိမ်မှုတွေ လည်း ပေါ်ပေါက်လာပါတယ်။

ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ အတွက်ကတော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာပါ။ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေကတော့ ဥပဒေသစ်ဟာ လက်ရှိဝန်ကြီးချုပ် Yingluck Shinawatra ရဲ့အကိုဖြစ်သူ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကျူးလွန်ခဲ့တဲ့ အမှုတွေကို ပယ်ဖျက်ပေးရာ ရောက်လိမ့်မယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာတုန်းက စစ်တပ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားတဲ့ ၀န်ကြီးချုပ်ဟောင်း ပြည်တော်ပြန်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ဖြစ်တယ်ဆိုပြီးတော့လည်း ကန့်ကွက်နေကြတာပါ။

ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ အစောပိုင်းမှာလည်း ဒီမိုကရက်ပါတီကို ထောက်ခံသူ လူပေါင်း ထောင်နဲ့ချီပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း

 
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

=>>အပြည့်အစုံသို့=>>http://lwintmgmg.blogspot.com/2013/11/blog-post_1.html

ကျောင်းဆရာ ဆရာမများအတွက် တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံ ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှဟုဆို

မြန်မာနိုင်ငံရှိ ကျောင်းဆရာ ဆရာမများ၏ တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံသည် ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှကြောင်း အောက်တိုဘာ ၃၁ ရက် သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးများအတွက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယူနီဆက်ဖ်မြန်မာ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ခုနှစ် ဘတ်ဂျက်တွင် ပညာရေး သုံးစွဲငွေမှာ ပညာရေး ၀န်ကြီးဌာနသို့ ခွဲဝေသတ်မှတ် ပေးခြင်းဖြင့် တိုင်းတာပါက ကျပ် ၇၅၂၀၆၆ သန်းရှိပြီး ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများ အတွက် စုစုပေါင်း သုံးစွဲငွေ ကျပ် ၆၈၃၃၃၆၂ သန်း၏ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် စာရင်းရှင် သုံးစွဲငွေ၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ငွေလုံးငွေရင်း သုံးစွဲငွေ၏ ၆ ဒသမ ၇ ရာခိုင်နှုန်းမှာ ပညာရေးအတွက် သုံးစွဲကြောင်း သိရသည်။
ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိန်းက ''Social Budget, Social Investment ဆိုတာတွေက ၀န်ကြီးဌာန သုံးခုပေါင်းကို ခေါ်လိုက်တာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုပ်ပေးရမှာ။ နောက်လာမည့် ဘတ်ဂျက်တွေမှာ လိုအပ်တဲ့ အတိုင်းတိုးဖို့ တောင်းခံရမယ်။ Plan ပါရမယ်။ ဘာလုပ်မယ်ဆိုတဲ့ Plan မပါဘဲနဲ့ ပိုက်ဆံတစ်ရာ လိုချင်ပါတယ် ပြောလို့မရဘူးလေ။ အဲ့ဒီတစ်ရာကို ဘယ်လိုသုံးမလဲ ဆိုတာကို Plan ပါမယ်။ ဒါပေမဲ့ ခုနကပြောသလို အခြားနိုင်ငံတွေနဲ့ စာရင်နည်းနေ သေးတာပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာနက စရမှာပေါ့။ ငွေတွေက အဟောသိကံ ဖြစ်ကုန်ပြီလေ။ Plan ပါရင်တော့ Plan အတိုင်း လုပ်မလုပ် စစ်ဆေးလို့ရမယ်။ စစ်ဆေးဖို့ လုပ်တာကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန လုပ်တယ်။ ပြီးတော့မှ စာရင်းစစ်ချုပ်ရုံးက လုပ်တယ်ပေါ့နော်။ ဒီထက် လုပ်နိုင်တဲ့ ယန္တရား တစ်ခုရှိရင် ပိုကောင်းတာပေါ့'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး သုံးစွဲငွေမှာ ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်း နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ သုံးစွဲငွေကို ပေါင်းထည့် ထားသော်လည်း အပြည့်အ၀ အကောင်အထည် ဖော်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မူလတန်းသင် ဆရာ ၃၆၀၀၀ မျှရှိပြီး စာသင်ကျောင်း ရာခိုင်နှုန်း ၆၀ ၌ ဆရာမလုံလောက်ဘဲ ကျောင်းဆရာ သုံးယောက်မှ အတန်းငါးတန်းမျှ၍ သင်ကြားနေရကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက် စာတမ်းများအရ သိရသည်။
Eleven Media Group

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဆီးဂိမ်းစ်တွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေအားကစားနည်းဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပစဉ် ခုနစ်ရက်တာ ကာလအတွင်း လုံခြုံရေးအတွက် အထူးကြပ်မတ်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းမင်းက ဆိုသည်။
''အဓိကတော့ ရဲတပ်ရင်း၊ တိုင်းရဲတပ်ဖွဲ့တွေရယ် ပြီးတော့ စီအိုင်ဒီတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို လုပ်ဆောင်မှာ ဖြစ်တယ်။ အင်အားအနေနဲ့ ကတော့ တပ်ဖွဲ့ဝင် ၄၀၀ ကျော် ၅၀၀ နီးပါးလောက်ရှိမယ်'' ဟု ဒုတိယရဲမှူးကြီး ထွန်းမင်းက ဆိုသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာ နီးကပ်လာပြီ ဖြစ်သည့်အတွက် အားကစားနည်းများ ကျင်းပမည့် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း လုံခြုံရေးကို အမြင့်ဆုံး အဆင့်ဖြင့် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။
အောက်တိုဘာလအတွင်း ဆီးဂိမ်းစ်အတွက် လျာထားသည့် ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ ဗုံးလန့်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။
ထို့အတွက် လုံခြုံရေး အခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို လာမည့် အပတ်မှစ၍ ဟိုတယ်ဇုန် အဖွဲ့မှ လိုအပ်ချက်များ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
Eleven Media Group

ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် အစိုးရ၏ ကိုင်တွယ်ပုံမှာ အလွန်ပျော့လွန်း နေသည်ဟု NDF ပါတီဥက္ကဋ္ဌ ဝေဖန်

ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် လက်ရှိအစိုးရ၏ ကိုင်တွယ်ပုံများမှာ ပျော့လွန်းသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက Daily Eleven သို့ ပြောကြားသည်။
ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် နိုဝင်ဘာ ၁ ရက်မှစကာ ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကာ ပြောင်းလဲ ကောက်ခံမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာခဲ့သည်။
ယင်းကဲ့သို့ ကောက်ခံခြင်းအပေါ် ပြည်သူများ၏ စားဝတ်နေရေးကို ပြန်ကြည့်ပြီး ပြည်သူများ အနေဖြင့် ထိုမျှလောက် အခွန်အခတွေ ပေးနိုင်မှု ရှိမရှိ၊ ပြည်သူများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ရပ်တန့်နေရန်နှင့် ထပ်တက်မလာစေရန် အစိုးရဘက်က မည်ကဲ့သို့ လုပ်ပေးနိုင်မလဲ ဆိုသည်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းနှင့် ဘဏ္ဍာငွေအတွက် ဆိုပါက ခရိုနီများ အခွန်ရှောင်တိမ်းမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်းကို အရင်လုပ်သင့်သည်ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။
ဦးခင်မောင်ဆွေက ''အစိုးရဘဏ္ဍာ တိုက်ထဲမှာ အခွန်အတုပ်တွေ လျော့နည်းတာနဲ့ပဲ ဒီဘက်က မြှင့်မယ်ဆိုရင် တခြားဌာနတွေကလည်း စဉ်းစားဖို့လိုတယ်။ မီတာခ တိုးကောက်လိုက်တာနဲ့ ဘယ်လောက် ရမလဲဆိုတာနဲ့ အခွန်ရှောင်ပြီး နေနေတဲ့ ခရိုနီတွေပေါ့။ အခွန်ရှောင်ပြီး မပေးဘဲ နေတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒါတွေကို ပြည့်အောင် ကောက်မယ်။ မပြည့်ရင် အရေးယူမယ် ဆိုတာမျိုး တစ်စုံတစ်ရာ ထွက်လာတာ မရှိသေးဘူး။ သမ္မတကြီး အုပ်ချုပ်တဲ့ အစိုးရက။ သမ္မတကြီး အစိုးရက ပျော့နေတယ်။ တအားပျော့နေတယ်။ Strong Government မဖြစ်သေးဘူး'' ဟု ပြောကြားသည်။
ထို့ပြင် ပြည်တွင်းတွင် ရှိနေသည့် ခရိုနီများနှင့် ပူးတွဲလုပ်ကိုင်နေသော လုပ်ငန်းရှင်ကြီးများ ထံမှလည်း အခွန်များရရန် လုပ်ရမည်ဖြစ်ပြီး မရပါက ထောင်ချပစ်သည်အထိ အရေးယူရန် လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဂိတ်များနှင့် တရားမ၀င် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြင့်လည်း အခွန်ငွေများ များစွာရနိုင်ကြောင်း၊ ယင်းကိစ္စများကိုတင်း တင်းကျပ်ကျပ် မလုပ်ဘဲ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ပြီး ပြည်သူများကို ဒုက္ခပေးခြင်းမှာ နိုင်ငံတော် ဘဏ္ဍာအတွက် ဆယ်ပုံတစ်ပုံခန့်ပင် ပြည့်နိုင်လိမ့်မည် ဖြစ်ကြောင်းလည်း ဦးခင်မောင်ဆွေက ထောက်ပြသည်။
''ပြည်သူဘက်ကတော့ ဒီမိုကရေစီခေတ်မှာ အခွန်ရှောင်လို့ မရဘူး။ အခွန်ဆောင်ရမှာပဲ။ ပြည်သူတွေ သက်သာအောင် ဘယ်လိုစဉ်းစားရမလဲ ဆိုတာကတော့ လွှတ်တော်နဲ့ အစိုးရတာဝန်ပဲလေ။ အဲတော့ အခွန်ကောက်တာကို လက်ခံတယ်။ ဒါပေမဲ့ သင့်တင့်လျောက်ပတ် ပါရဲ့လား။ ပြည်သူတွေ ပေးနိုင်ပါရဲ့လား။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို မထိခိုက်နိုင်ပေဘူးလား ဆိုတာတွေကိုထည့် တွက်ဖို့လိုတယ်'' ဟု ၎င်းက ဆိုသည်။
အစိုးရ၏ ကိုင်တွယ်ပုံ လျော့တိလျော့ရဲ ဖြစ်သည့် ကိစ္စများတွင် ကော်မတီ၊ ကော်မရှင်များဖွဲ့ပြီး လုပ်ငန်းများ လုပ်ကိုင်ခိုင်းကာ အဆိုပါ လုပ်ငန်းများ အောင်မြင်မှုရှိမရှိ ပြန်လည် စုံစမ်းစစ်ဆေးသည့် စနစ်မရှိခြင်းလည်း ပါဝင်ကြောင်း၊ လုပ်ငန်းစဉ်အလိုက်၊ ၀န်ကြီးဌာနအလိုက် စုံစမ်းရေးအဖွဲ့များ ရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
အစိုးရမှ ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် ထိပ်တန်း အခွန်ထမ်း ၅၀၀ စာရင်းတွင် ၀င်ငွေများစွာ ရရှိနေသည့် ပုဂ္ဂလိက ဆေးရုံကြီးများ၊ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ထိပ်တန်းရုပ်သံ မီဒီယာကြီးများ ပါဝင်လာခြင်း မရှိသည့် အပေါ်တွင် ဝေဖန်မှုများစွာ ရှိခဲ့ပြီး ယင်းကဲ့သို့ ထိပ်တန်းအခွန်ထမ်းများ စာရင်းတွင် မပါဝင်လာမှုအပေါ် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟူသော ဝေဖန်မှုများ ရှိခဲ့သည်။
Eleven Media Group

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အပါအ၀င် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက် (ယနေ့) တွင် လက်မှတ်ရေးထိုး အတည်ပြုမည်

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အချိန်သတ်မှတ်ချက် အပါအ၀င် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက်(ယနေ့)တွင် လက်မှတ်ရေးထိုးပြီး အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တတိယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို ရရှိခဲ့ပြီး ထိုသဘော တူညီချက်အတိုင်း လိုက်နာဆောင်ရွက်ရန် နိုဝင်ဘာ ၂ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
အခန်း ၉ ခန်း ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် အခြေခံမူများ၊ ရည်ရွယ်ချက်၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များ၊ ဆွေးနွေးရေးကာလ အစီအမံများ၊ လက်မှတ် ရေးထိုးခြင်းနှင့် အတည်ပြုခြင်း၊ အထွေထွေ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
''အခြေခံအားဖြင့် ကိုးခန်းရှိတယ်။ အဲဒါကို အတည်ပြုနိုင်တယ်။ တော်တော်ကောင်းမွန်တဲ့ မူဖြစ်တယ်။ လက်မှတ်ရေးထိုးမယ့် အဆင့်က မနက်ဖြန် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အလုပ်လုပ်မယ့် အဖွဲ့ကိစ္စ အရင်ဆွေးနွေးပြီးမှ လုပ်မှာပါ။ ဘုံသဘောထား တူညီချက်ကို မနက်ဖြန် လက်မှတ်ထိုးဖို့ ပြင်ဆင်ထားပါတယ်'' ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တတိယနေ့ ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက် ရရှိထားသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းမည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းရေး ကိစ္စရပ်တွင်မူ မတင်မကျ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ တွဲဖက် အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးရန်အတွက် အချိန်သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးလုပ်ဆောင်နိုင်ရန် သတ်မှတ်ထားကြောင်းနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အပြီးရေးကာ နောက်ထပ် ရက်ပေါင်း ၆၀ တွင် နိုင်ငံရေး ဆွေးနွေးပွဲ အပြီးသတ်ရန် ရေးဆွဲထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ယခုသဘော တူလိုက်သော ဘုံသဘော တူညီချက်သည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(WGEC)က ရေးဆွဲခဲ့ပြီး KNU နှင့် RCSS အဖွဲ့တို့က အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့က ပြင်ဆင်ရေးဆွဲ ထားသောမူကြမ်းနှင့် နီးစပ်မှုရှိကြောင်း သိရသည်။ အစိုးရမူကြမ်းမှ ပယ်လိုက်သည့် အချက်များမှာ ကော်မတီ အဆင့်ဆင့် ဖွဲ့ခြင်းနှင့် အခြေအနေများကို သမ္မတ ဦးဆောင်သော ဗဟိုအဖွဲ့သို့ တင်ပြရေးကိစ္စများ ပါဝင်ကြောင်း သိရသည်။
''အခုဆွဲထားတဲ့ မူဘောင်ကို အစိုးရအနေနဲ့ လက်ခံနိုင်ဖွယ် ရှိ၊ မရှိ ဘယ်နေရာမှာ အကြိတ်အနယ် ဆွေးနွေးရနိုင်လဲ ဆိုရင် ကျွန်တော့်အမြင် ပြောရရင် အစိုးရအနေနဲ့ တိုင်းပြည်ကို ချစ်တယ်။ ပြည်တွင်းစစ်ကို ငြိမ်းချမ်းစေချင်တယ်။ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်နဲ့ ထူထောင်ချင်တယ်ဆိုရင် သိပ်ပြီးတော့ အငြင်းအခုံလုပ်ဖို့ မရှိဘူးလို့ ထင်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ မကြာမီ တင်သွင်းမည်ဟု သူရဦးအောင်ကို ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ တင်သွင်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက် များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးအောင်ကိုက ပြောကြားရာတွင် ''ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ခွင့်ပြုပေးပြီး ပြန်လည်ထိန်းချုပ်သလို ဖြစ်နေတယ်။ အဲဒါကို လုံးဝဖျက်သိမ်းဖို့ ရှေ့တစ်ပတ်မှာ လွှတ်တော်ကိုတင်မယ်'' ဟု သူရဦးအောင်ကိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ''အခုဒီပုဒ်မ ၁၈ ကြောင့် လူတွေအများကြီး ထောင်ထဲရောက်နေပြီ။ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲကလည်း ၂၀၁၃ ခုနှစ် ကုန်တဲ့အခါမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲကို နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မကျန်ရဘူးဆိုပြီး အာမခံထားတယ်။ နိုင်ငံတကာကို အာမခံထားတာ။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ ပုဒ် မ ၁၈ ကို ပယ်ဖျက်ဖို့ တင်မှာပါ'' ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ပုဒ်မပေါင်း ၂၃ ချက် ပါဝင်မည် ဖြစ်သည်။
သူရဦးအောင်ကို ပယ်ဖျက်မည် ပုဒ်မ ၁၈ သည် ''မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်'' ဟု ပါရှိသည်။
လက်ရှိအစိုးရ တာဝန်ယူပြီးနောက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေထွက်ပြီးနောက် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ အများအပြား ရှိနေပြီ ဖြစ်သည်။
Eleven Media Group

လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း

ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ဘင်္ဂလားပင်လယ်အော်ရဲ့ နှစ်စဉ်သင်္ဘောတွေထွက်တဲ့ ဒီလိုဆောင်းဦးပေါက် ရာသီမှာ ရခိုင်ပြည်နယ်ကနေ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေ စတင်ထွက်ခွာနေကြပြီလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ မှာဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ကနေ လှေစီးပြေးဒုက္ခသည် ၁၅၀၀ ကျော် စက်လှေတွေနဲ့ ထွက်ပြေးခဲ့ကြပြီး တချို့ ကမ်းလွန်ပင်လယ်ပြင် မှာလှေမှောက်သေဆုံးခဲ့ရတယ်လို့ UNHCR က သတင်း ထုတ်ပြန်လိုက်တဲ့ အကြောင်း ကုလသမဂ္ဂရဲ့ သောကြာနေ့က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky ကပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်မှာ မနှစ်က ဇွန်လအတွင်း လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လှေစီးပြေးဒုက္ခသည်တွေ
တိုးလာတဲ့ပြဿနာနဲ့ ပတ်သက်ပြီး UNHCR က သတိပေးလိုက်တဲ့အကြောင်း Mr. Nesirky ကအခုလိုပြောဆိုလိုက်ပါတယ်။

လှေစီးပြေးဒုက္ခသည်တွေလျော့ပါးအောင် မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုးပြီးကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ UNHCR က ယုံကြည်တယ်လို့ပြောဆိုလိုက်တာပါ။"

မိုးရာသီကုန်ဆုံးတဲ့ အခုလိုဆောင်းဦးပေါက်မှာ လှေစီးပြေး ဒုက္ခသည် အရေအတွက် တိုးလာတာနဲ့အမျှ လူကုန်ကူးသူတွေ ရဲ့ ခေါင်းပုံဖြတ်မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။  ပင်လယ်ထဲလှေမှောက်သေဆုံးရတဲ့အဖြစ်တွေနဲ့ လူကုန်ကူးခံရမယ့်အရေးက ကာကွယ်ဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကလည်း အထူးအရေးပါတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး

လော့စ်အန်ဂျလိစ် နိုင်ငံတကာလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားစဉ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၃)
လော့စ်အန်ဂျလိစ် နိုင်ငံတကာလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားစဉ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၃)
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ် မြို့နိုင်ငံတကာလေဆိပ်မှာ မနေ့က သောကြာနေ့တုန်းက မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင် လာတဲ့ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူတဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားဟာ အသက် ၂၃နှစ်အရွယ် Paul Ciancia    ဖြစ်တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။  လုံခြုံရေးစစ်ဆေးဖို့စောင့်တဲ့နေရာက အတားအဆီးကို ဖြတ်ပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲ အရာရှိတွေကပြောပါတယ်။ အဲဒီ့နောက်မှာတော့ သေနတ်သမားကို ရဲတွေဘက် က ပြန်လည်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသူဘယ်သူဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ဖော်ခြင်း မရှိသေးပေမဲ့ အမေရိကန် သတင်းမီဒီယာတွေ ကတော့ သေဆုံးသူဟာ လေယာဉ်ကွင်း လုံခြုံရေးတာဝန်ခံ တဦးဖြစ်တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း လူ၇ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

သေနတ်သမားကို ဖမ်းဆီးခဲ့ပြီဖြစ်ပေမယ့် ဘာရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ရဲအရာရှိတွေကပြောပါတယ်။ အခင်းဖြစ်ပွားစဉ်အတွင်း လေဆိပ်ဝင်းထဲကို ရဲတွေ ၀န်းရံထားခဲ့ပြီး လေဆိပ် Terminal တခုမှာ ခရီးသွားတွေကို ဘေးကင်းရာကို ပြေးကြပြီး ထွက်ခွာမယ့် လေယာဉ်တွေလည်း ယာယီရပ်တန့်သွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ အခြေအနေတွေ တည်ငြိမ်သွားပြီလို့ တာဝန်ရှိသူတွေက ကြေငြာခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး

သေဆုံးသူ တာလီဘန်ခေါင်းဆောင်  Hakimullah Mehsud
သေဆုံးသူ တာလီဘန်ခေါင်းဆောင် Hakimullah Mehsud
အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်တာလို့ သံသယရှိတဲ့ တိုက်ပွဲမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Hakimullah Medsud အပါအဝင် ၃ ဦး    မနေ့က သေဆုံးသွားပါတယ်။ ပါကစ္စတန်နိုင်ငံ မြောက် Waziristan ပြည်နယ် Miram Shah ရွာအတွင်း သောကြာနေ့တိုက်ခိုက်မှုမှာ အမေရိကန်ထောက်လှမ်းရေး FBI က ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်းထုတ်ထားတဲ့ တာလီဘန်ခေါင်းဆောင် သေဆုံးသွားတာ သေချာတယ်လို့ အမည်မဖော်လိုတဲ့ ပါက္စတန်လုံခြုံရေးအရာရှိတွေက အတည်ပြုပေးပါတယ်။

နေတိုးတပ်တွေကို ပစ်မှတ်ထားတိုက်ခဲ့တဲ့ Haqquani ကွန်ယက်အုပ်စု အခြေစိုက်ရာ ဒီ Miran Shah ရွာထဲက အဆောက်အဦးတခုကို အဝေးထိန်းလေယာဉ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ရာမှာ၊ တာလီဘန်ခေါင်းဆောင် Hakimullah ပါသွားတာဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ဆိုပါတယ်။
လူထောင်ပေါင်းများစွာကို သတ်ခဲ့ပြီး၊ ကြောက်စရာကောင်းအောင် ဒေါသကြီး ရက်စက်တယ်လို့ နာမည်ကြီးခဲ့တဲ့ ဒီတာလီဘန်ခေါင်းဆောင် ကို ထောက်ခံသူတွေ အနေနဲ့ကတော့ သူ့ရဲ့ အသုဘကို ပို့ဖို့ ဒီနေ့စုဝေးရောက်ရှိလာဖို့ရှိတယ်လို့ နောက်ပိုင်းသတင်းတွေမှာ ဆိုပါတယ်။

တာလီဘန်ခေါင်းဆောင် Hakimullah အနေနဲ့ အရင် တာလီဘန်ခေါင်းဆောင် Baitullah Medsud ၂၀၀၉ ခုနှစ် အမေရိကန် မောင်းသူမဲ့လေယာဉ်လို့ သံသယရှိခဲ့တဲ့ တိုက်ခိုက်မှုထဲမှာ သေဆုံးသွား အပြီးမှာ ခေါင်းဆောင်ဖြစ်လာခဲ့ တာပါ။ အဲ့ဒီအချိန်က သူဟာ အသက် ၃၀နီးပါးပဲရှိသေးတယ်လို့ ယူဆထားကြပါတယ်။

Hakimullah ဟာ အရင်သေဆုံးခဲ့တဲ့ ခေါင်းဆောင်နဲ့ နီးစပ်မှု့ရှိခဲ့ပြီး၊ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ၂၀၀၇ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရပါတယ်။ အဲ့ဒီထဲက Hakimulla ကို အလားအလာရှိတဲ့ခေါင်းဆောင်အဖြစ် လူသိများလာခဲ့ပြီး၊ သူဟာ အာဖဂန်နစ္စတန်ကိုသွားတဲ့ NATO ထောက်ပံ့ရေးကားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကစီစဉ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )

 
ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။

ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။

ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ '' ကိုယ်ကျိုးမကြည့်ဘူး '' ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက် အဓိက စကားလုံးပါဘဲ ။
 ဆိုလိုတာက '' ငါ '' ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။ မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။ ဒါကြောင့်ဘဲ ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) လို့ ကျမတို့ ပြောကြတာပါ ။

ဘာသာပြန်ဆိုသူ( Spring Flowers )
 Nay Zaw (Facebook) မှ

ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့ “သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့ လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။

မကြည်ဖြူ တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။ မကြည်ဖြူ ကလည်း ညီမနဲ့ လိုက်မယ် ထင်လို့ အကောင်းဆုံး ရွေးထားတာကို ကျေနပ်ပါတယ်။ ညီမက သရုပ်ဆောင် ကို အစိမ်းသက်သက် ဖြစ်နေတော့ ကောင်းတာ ၊ဆိုးတာ၊ ဝေဖန် ပေး ကြပါဦး လို့ ပြော ချင်ပါတယ်။ ကိုယ်က သင်တန်းဆင်းတာ လည်း မဟုတ်ဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သေချာလည်း စဉ်းစားတယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ် ဆိုပေ မယ့် ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်ကိုပဲ ကျေနပ်ပါတယ်။ ပရိသတ်တွေက ဝေဖန်ပေးမှုတွေ နဲ့ အကောင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပြပါတယ်။

ခင်ဝင့်ဝါက “သစ္စာနှင်းဆီ” “ရွှေစင်ဦး” ထုတ်လုပ်ရေး တို့နဲ့ ဇာတ်ကား ၁ဝကားစီ၊ ကား၂ဝ စာချုပ်ချုပ်ပြီး ဇာတ် ကားတွေ ရိုက်ကူး သွားမယ် လို့ပြောပြတာက “ညီမ တိုက်နှစ် တိုက်နဲ့ ကား ၁ဝကားစီ စာချုပ်ချုပ် ထားပါတယ်။ မကြည်ဖြူနဲ့ လည်း ဆက်ရိုက်ဖြစ်မှာပါ။ ညီမတို့က အလုပ် သဘောအရ စာချုပ်ချုပ် တာလောက်ပါပဲ။ ညီမတောင်း ဆိုတာလည်း သူတို့က လိုက်လျောတယ်။ ကားတွေကို ဆက်တိုက် ရိုက်သွားမှာပါ။ စာချုပ်ချုပ် ထားတာတွေက လည်း ဇာတ်တွေကို ညီမ ကြိုက်တဲ့ ဇာတ် ရှိရင် ညှိပြီး ရိုက် ပေးမယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်။ အားလုံးအကြိုက် ညှိပြီး ရိုက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

လမ်းတို့ရဲ့မာယာ(ဆရာဇော်သူရ)


 

 သင် ဆိုင်ကယ်တစ်စီးနဲ့ ဘိတ်ဘက်ကို သွားကြည့်လိုက်ပါ။ ကတ္တရာလမ်းအတိုင်းပေါ့။ ဆိုင်ကယ်မောင်းရင်း အိပ်ငိုက်လာပါမယ်။ မပူပါနဲ့ မကြာမီ အိပ်ငိုက်ပြေသွားမယ်။ အိပ်ငိုက်ပြေရုံတင်မဟုတ်ပါဘူး၊ ချွေးပါပြန်လာပါ မယ်။ စိတ်မညစ်ပါနဲ့ ရှေ့မှာ လမ်းပြန်ကောင်းပါလိမ့်မယ်။ ကတ္တရာလမ်းသက်သက်မို့ အာရုံပြောင်းပေးပါလိမ့် မယ်။မြေနီလမ်းကိုရောက်ပါအုံးမယ်။ပြီးတော့ကျောက်လမ်းကိုလည်းတွေ့ရပါလိမ့်မယ်။
လမ်းသွားရင်း သတိထား ပါ။ ကျောက်မိုင်းခွဲလို့ ဒုက္ခတွေ့နိုင်တယ်။ သမုတ်ချောင်းကို လှေနဲ့ကူးပြီးရင် ဘိတ်ကို ရောက်ပါတယ်။ သင်ရဲ့ ခရီးစဉ်အတွင်း ရသပေါင်းစုံတွေ့ရပါမယ်။
ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖူးပါတယ်။ “ နွေဆိုရင်ဖုန်ထပါလို့၊ မိုးရောက်ရင်ဗွက်ထူ ၊ ကတ္တရာတကယ် မတွေ့ပါဘူး၊ အခါအခါမြေဖို့ရှာတယ်၊ ပျက်နေအစဉ် ပြင်ခဏပါဘဲ၊ ဘတ်ချက်ရယ်မကူ၊ ရပြန်လည်း တလွဲလုပ် တယ်၊ အများသိ သူယူ။ မွေးဇာတာကံရယ်ခေလို့ သွားရတယ်ဒီလမ်းမှာဖြင့် ချိုင့်ခွက်တွေထူ၊ ကတိတွေရင်ဝယ်ပိုက်ပါလို့ ပြည်သူတွေ ၀မ်းမနည်းပါဘူး အချိန်တန်ကောင်းလိမ့်မယ်လို့ မျှော်ရင်းသာ အိပ်မက်မက်တယ် ဒို့ပြည်သူလမ်း။”
ကျွန်တော့် ကျောင်းဆရာလစာလေးနဲ့မလောက်တော့ ယောက္ခမခြံမှာ ကပ်ပြီး ကွမ်းရွက်ပင်စိုက်၊ ရာဘာလေး စိုက်၊ ကွမ်းပင်လေးစိုက်ပါတယ်။ (၄၂)မိုင်ဝေးတဲ့ ရငဲရွာကို သောကြာနေ့ညနေပိုင်းသွားတယ်၊ တနင်္လာနေ့ အစောကြီးပြန်ပါတယ်။ လမ်းရဲ့မာယာကို ကျွန်တော်သိပ်သိပါတယ်။ ၄၂မိုင်ဝေးတဲ့ခရီးကို (၃)နာရီလောက်သွား ရတယ်။ အစောပိုင်းမသိသာပေမယ့် ကြာလာတော့ ရင်အောင့်လာတယ်၊ခါးအောင့်လာတယ်။ ရောက်ရင် ၁/၂နာရီငြိမ်ပြီးနားနေရတယ်၊ မလှုပ်နိုင်တော့ဘူး။ ဆိုင်ကယ်ဆိုရင်လည်း မကြာခဏပြင်၊ အစိတ်အပိုင်းတွေ လဲပေါ့ဗျာ။ မိုးအခါရေပြည့်နေတဲ့ ချိုင့်ထဲ ကျလို့ ဆေးခန်းရောက်ခဲ့ဖူးတယ်။


 
 ကျွန်ဝယ်ရာအစစ်ပါတဲ့ ကျွန်တော့်တပည့်တွေနဲ့ ဆိုင်ကယ်စီးရင်း သီချင်းလေးညီးမိတယ်။ အိုး...တောင်ပိုင်း လမ်း၊ ထားဝယ်-ဘိတ်ကားလမ်း၊ အိုး..အိုး.. အိုး ရေးကားလမ်း။ ကျွန်တော်လေ ရာဘာပေါ်ချိန် ကွမ်းသီးခူးချိန် မှာ ရွှေလီရတနာကားကြီးနဲ့ ဘိတ်မြို့ဘက်သို့ အလည်တစ်ခါသွားတယ် လမ်းတွေကဆိုး ချိုင့်တွေကပေါ ဇောချွေးကလေးများပြန်နေအောင်မောင်းတယ်၊ တစ်ခါတစ်လေကုန်ချိန်များလို့ လေးကျိုးခဲ့ရင် ရေပူမှာတောင် တစ်ထောက်နားအုံးမှာ၊ အိုး..တောင်ပိုင်းလမ်း၊ ထာဝယ်-ဘိတ်ကားလမ်း၊ အိုး.အိုး..အို ရေးကားလမ်း လို့ စိတ်ဖြေသီချင်းလေးဆိုပါတယ်။
ခြေဗွေပါတဲ့ကောင်ဆိုတော့ ဟိုရောက်ဒီရောက်ပေါ့ဗျာ၊ ရှင်မော်၊ ကံပေါက်၊ မေတ္တာ အသာထား ဘိတ်၊ တနင်္သာရီ၊ ပြည်ကြီးမဏ္ဍိာုင်၊ ရတနာပုံအထိ ဆိုင်ကယ်စီးရင်းသွားဖူးတယ်။ နွေဆိုရင် ဖုန်းတထောင်းထောင်းနဲ့။ ကားကြီးကားငယ်တွေကျော်ရင် ရပ်ထားလိုက်ရတယ်၊ ဆက်မောင်းလို့မရတော့လို့။ မိုးဆိုရင် ဗွက်ထူလို့ လမ်းဘေးဆိုင်ကယ်လမ်းကမောင်းရတယ်၊ တစ်ချို့နေရာတွေဆိုရင် ခြံတွေထဲ ရာဘာပင်တွေ၊ ကွမ်းပင်တွေထဲ ကနေ မောင်းခဲ့ဖူးတယ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ သံထိုးလို့ဘီးပေါက်ရင် သြော်...ပြည်ကြီးရှင်တွေ... ပြည်ကြီးရှင်တွေလို့ ဂါထာရွတ်တတ်ခဲ့ပါတယ်။


 
 ကျွန်တော်က ခေတ်ပျက်ကြီးထဲ လူဖြစ်ရတော့ အတွေးအခေါ်ပျက်၊ အတွေးအခေါ်ဟောင်းတွေဘဲရှိတာပါ။ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရလက်ထက်ရောက်တော့ ကျွန်တော်လည်း ဒီမိုကရေစီ အတွေးလေးတွေတွေးတတ်လာပါတယ်။ခေတ်မီအောင်လို့ပါ။ နိုင်ငံရေးကို နားမလည်ပါဘူး။ ကိုယ်ဖြစ်ချင်တာ လျောက်ပြောတာဘဲ သိပါတယ်။
 

ကိုယ်သွားတဲ့လမ်းလေးမကောင်းတော့ ကောင်းချင်တာပေါ့ဗျာ။ လူဘဲ၊ အကောင်းကြိုက်တာပေါ့။ အချိန်လည်း သက်သာ၊ လူလည်းသက်သာ၊ ပစ္စည်းလည်းသက်သာကိုး။ ကျွန်တော်မှားရင်လည်းမှားမယ်။ မနှစ်က (၂၀၁၂-၂၀၁၃)လမ်းအတွက် ဘတ်ချက် ဘီလီယံ ၃၀ကျော်ရသတဲ့။ သန်းပေါင်း ၃၀၀၀၀ကျော်ပေါ့။ သိန်းနဲ့တွက်ရင် ၃၀၀၀၀၀ကျော်ရှိတယ်။ ၀မ်းသာလိုက်တာ၊ ငါလမ်းကောင်းကောင်းသွားရတော့မယ်။ ကလေးတွက်နည်း အတိုင်း စိတ်တွက်လေးတွက်ကြည့်တယ်။ ၁မိုင် သိန်း၁၀၀၀ကုန်မယ်။ မဟုတ်သေးပါဘူး၊ ငါက အင်ဂျင်နီယာမှ မဟုတ်တာ၊ မှားနိုင်တယ်၊ သူငယ်ချင်းအင်ဂျင်နီယာတွေလိုက်မေးကြည့်တယ်၊ မျိုးစုံကြားရတယ်။ ပြီးတော့ ခေတ်ဆိုးကြီးရဲ့ အတွေ့အကြုံအရ ဟို ၁၀%၊ ဒီ၁၀%ဆိုတာလည်းသိထားတော့ ၁မိုင် သိန်း ၂၀၀၀ကုန်ကွာ ဆိုပြီးတွက်ကြည့်တော့ မိုင် ၁၅၀ လောက်ခင်းလို့ရတယ်။ ပျော်လိုက်တာ။
ဟိုဟိုဒီဒီခရီးသွားရင်း လမ်းတွေလိုက်ကြည့်မိတယ်။ လမ်းတွေချဲ့၊ တောင်တွေဖြို ၊ ကျောက်တွေထုတ်၊ လမ်းလုပ်သားတွေ အများကြီး ၀မ်းသာလိုက်တာဗျာ၊ ကျေးဇူးတင်လိုက်တာ၊ လုပ်ရင်းနဲ့မိုးကျလာတယ်။ လုပ်ငန်း အများစုရပ်သွားတယ်။ 


မလွဲတောင်မှာလမ်းတွေကျယ်သွားတယ်။
 ဘို့တောင်မှာ လမ်းတွေကျယ်သွား တယ်။ မေတ္တာဘက် သုံးထပ်ကွေ့၊ ၂၅မိုင် အတက်တွေမှာလမ်းတွေကျယ်သွားတယ်၊ ဗွက်တွေထသွားတယ်၊ ချောင်းတွေနောက်သွားတယ်။ ခြံတွေမြေအောက်ရောက်သွားတယ်။ မိုးတွင်းမြေတွေပြိုလာတယ်။ 
 လောင်းလုံးဘက်ရောက်တော့ တသက်လုံးဖြောင့်နေတဲ့လမ်း တတံတားအသစ်ဆောက်လို့ ကောက်သွားလေရဲ့။ တော်လိုက်တာ၊ ဆုပေးသင့်တယ်လို့ အကြံပေးချင်လိုက်မိတယ်။
 

သိပ်တော်တဲ့လူတွေပါ။ လမ်းခင်းဖို့ကျောက် အဝေးကြီးသွားရှာစရာမလိုပါဘူး။ လမ်းဘေးကပ်နေတဲ့ ရေတံခွန်တွေ ဘ၀တစ်ပါးပြောင်းသွားတယ်။ မိုင်းခွဲမယ်လို့ပြောပြီး လမ်းပိတ်မိုင်းခွဲလေရဲ့၊ အမိန့်အရဆိုတော့ ကျွန်တော်တို့ ပြည်သူက ရပ်စောင့်ပေါ့ဗျာ။ မြို့ထဲမှာ လမ်းလေးတွေကောင်းလာလို့ဝမ်းသာနေတုန်း တံတားတွေလုပ်လေရဲ့၊ ပြီးတော့ ဒီအတိုင်းထားခဲ့တယ်။ စဉ်းစားမရတာက လမ်းလုပ်တုန်းက မပါဘူးလား၊ တစ်ခါတည်းလုပ်လိုက်ရင် တံတားလည်းကောင်း၊ လမ်းလည်းကောင်းမှာ။ အခု မောင်းမကန်လမ်းလုပ်နေပြန်ပြီ၊ အမိန့်အရဆိုတော့ လုပ်ချင်သလိုလုပ်တာပါဘဲ။
 

နယ်စပ်ဂိတ်တွေဖွင့်တော့ ကောင်းတာပေါ့ ၊ လမ်းက ကြားတော်မူတဲ့အတိုင်းပါဘဲ။
 မောတောင်လမ်းကို ကန်ထရိုက်ယူပြီး မလုပ်နိုင်လို့ ယိုးဒယားကို အပ်တယ်။ ဒီအတွက် ယိုးဒယားကို မြေဧက၄၀၀၀၀ပေးရသတဲ့။ တစ်ဦးဆို ဧက ၅၀၀၀၀လို့တောင်ပြောတယ်။
အခု ၂၀၁၃-၂၀၁၄မှာ ဘတ်ချက်ဘယ်လောက်ရတယ်မသိရပါဘူး။ 


မိုးကုန်ပါတော့မယ်။ လမ်းတွေခင်းကြပါအုံး မယ်။ 

ကျွန်တော်တို့ အိပ်မက်တွေ ဖြစ်/မဖြစ်ကြည့်ရအုံးပါမယ်။ 
 မာယာများလှတဲ့လမ်းအကြောင်းထဲက အဖြစ်အပျက်တစ်ချို့ဖြစ်ပါတယ်။

ဆရာဇော်သူရ

Friday, November 1, 2013

ဒေါက်တာ တူးဂျာရဲ့ ပါတီကို မှတ်ပုံတင်ခွင့် ပြု

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ ရဲ့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ဒီနေ့ ပေးလိုက်ပြီ ဖြစ်ပါတယ် ။

ဒေါက်တာ တူးဂျာ ရဲ့ ပါတီကို ၂၀၁၀ ခု နှစ် တုန်းကလည်း ပါတီ ထောင်ခွင့် ငြင်းပယ်ခံခဲ့ရ ပြီးတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲမှာလည်း ပါဝင်ခွင့် ငြင်းပယ် ခံရ တာတွေ ရှိခဲ့ဖူးပါတယ်။

အရင်တုန်းက ပယ်ချခံရတာဟာ တပ်မတော် စစ်အစိုးရ လက်ထက်မှာ စံနစ်ဟောင်း အစိုးရဟောင်း လက်ထက်မှာ ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် ပယ်ချခံရတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ တူးဂျာက ဘီဘီစီကို ပြောပါတယ်။

အခုတော့ အစိုးရသစ် စံနစ်သစ် လက်ထက်မှာ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီမို့ ဥပဒေနဲ့ အညီ ခွင့်ပြုပေးလိုက်တာလို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒေါက်တာ တူးဂျာ အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ တသီးပုဂ0x081ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာကိုတောင် ပယ်ချခံရတယ် ဆိုတော့ ဒါဟာ ပစ်မှတ်ထား ငြင်းပယ် ခံရမှုလားလို့ ဘီဘီစီက မေးတဲ့အ ခါမှာ သူက အဲဒီလို ပစ်မှတ်ထား ပယ်ချတယ်လို့ မထင်ကြောင်း ၊ အဲဒီတုန်းက မြို့နယ် သုံးခုဖြစ်တဲ့ မိုးကောင်း ၊ ဗန်းမော်နဲ့ ဖားကန့်တို့မှာ လုံခြုံရေး အခြေအနေကြောင့် ရက်ရွေ့ဆိုင်း ခဲ့တာလို့ ယူဆကြောင်း သူက ပြောပါတယ်။

တခါ ကေအိုင်အိုက တိုင်းရင်းသား ညီလာခံ ကျင်းပနေချိန်မှာ ဒေါက်တာ တူးဂျာရဲ့ ပါတီ မှတ်ပုံတင်ခွင့် အခုလို ချပေးခံရတာဟာ တိုက်ဆိုင်မှုလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို သူက ပြန်လည် ဖြေကြားရာမှာ သူတို့ အနေနဲ့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားမှုကို လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂လစောင့်ပြီးမှ ရတဲ့ အတွက် ဒါဟာ တိုက်ဆိုင်မှုလို့ မထင်ကြောင်း သူက ဆိုပါတယ်။

ကေအိုင်အို ဆိုတာက ဥပဒေဘောင် ပြင်ပမှာ ရှိနေတဲ့ အဖွဲ့ ဖြစ်ပြီး သူတို့က ဥပဒေ ဘောင်ထဲက လုပ်ဆောင်နေတာ ဖြစ်ကြောင်း ၊ ကေအိုင်အိုဟာ အခုမှာ ညှိနှိုင်းနေတဲ့ အဆင့်မှာ ရှိပြီး အသင်းအဖွဲ့ ဖျက်သိမ်းရေး ၊ ဆယ့်ခွန် တစ် ၊ နှစ် တို့ကို ရုတ်သိမ်းတာတွေ လုပ်ရဦးမယ် ၊ အဲဒါတွေ မလုပ်ရသေးသမျှ ကေအိုင်အို သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ ဥပဒေ ပြင်ပမှာသာ ရှိနေမှာ ဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒေါက်တာ တူးဂျာနဲ့ ကေအိုင်အိုနဲ့ ဆက်စပ်မှု ရှိသေးလားလို့ မေးမြန်းရာမှာတော့ ငြိမ်းချမ်းရေး ဦးတည် လုပ်ဆောင်နေတဲ့ လုပ်ရပ်မှန်သမျှ အားလုံးကို အပြုသဘောနဲ့ လုပ်တာလို့ မြင်ဖို့ လိုကြောင်း ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေ အပေါ် သံသယ ပွားနေမယ် ဆိုရင် အကန့်အသတ်တွေ ရှိသွားစေလိမ့်မယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒေါက်တာ တူးဂျာရဲ့ ပါတီကို မှတ်ပုံတင်ခွင့် ပြု

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ ရဲ့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ဒီနေ့ ပေးလိုက်ပြီ ဖြစ်ပါတယ် ။

ဒေါက်တာ တူးဂျာ ရဲ့ ပါတီကို ၂၀၁၀ ခု နှစ် တုန်းကလည်း ပါတီ ထောင်ခွင့် ငြင်းပယ်ခံခဲ့ရ ပြီးတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲမှာလည်း ပါဝင်ခွင့် ငြင်းပယ် ခံရ တာတွေ ရှိခဲ့ဖူးပါတယ်။

အရင်တုန်းက ပယ်ချခံရတာဟာ တပ်မတော် စစ်အစိုးရ လက်ထက်မှာ စံနစ်ဟောင်း အစိုးရဟောင်း လက်ထက်မှာ ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် ပယ်ချခံရတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ တူးဂျာက ဘီဘီစီကို ပြောပါတယ်။

အခုတော့ အစိုးရသစ် စံနစ်သစ် လက်ထက်မှာ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီမို့ ဥပဒေနဲ့ အညီ ခွင့်ပြုပေးလိုက်တာလို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒေါက်တာ တူးဂျာ အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ တသီးပုဂ0x081ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာကိုတောင် ပယ်ချခံရတယ် ဆိုတော့ ဒါဟာ ပစ်မှတ်ထား ငြင်းပယ် ခံရမှုလားလို့ ဘီဘီစီက မေးတဲ့အ ခါမှာ သူက အဲဒီလို ပစ်မှတ်ထား ပယ်ချတယ်လို့ မထင်ကြောင်း ၊ အဲဒီတုန်းက မြို့နယ် သုံးခုဖြစ်တဲ့ မိုးကောင်း ၊ ဗန်းမော်နဲ့ ဖားကန့်တို့မှာ လုံခြုံရေး အခြေအနေကြောင့် ရက်ရွေ့ဆိုင်း ခဲ့တာလို့ ယူဆကြောင်း သူက ပြောပါတယ်။

တခါ ကေအိုင်အိုက တိုင်းရင်းသား ညီလာခံ ကျင်းပနေချိန်မှာ ဒေါက်တာ တူးဂျာရဲ့ ပါတီ မှတ်ပုံတင်ခွင့် အခုလို ချပေးခံရတာဟာ တိုက်ဆိုင်မှုလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို သူက ပြန်လည် ဖြေကြားရာမှာ သူတို့ အနေနဲ့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားမှုကို လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂လစောင့်ပြီးမှ ရတဲ့ အတွက် ဒါဟာ တိုက်ဆိုင်မှုလို့ မထင်ကြောင်း သူက ဆိုပါတယ်။

ကေအိုင်အို ဆိုတာက ဥပဒေဘောင် ပြင်ပမှာ ရှိနေတဲ့ အဖွဲ့ ဖြစ်ပြီး သူတို့က ဥပဒေ ဘောင်ထဲက လုပ်ဆောင်နေတာ ဖြစ်ကြောင်း ၊ ကေအိုင်အိုဟာ အခုမှာ ညှိနှိုင်းနေတဲ့ အဆင့်မှာ ရှိပြီး အသင်းအဖွဲ့ ဖျက်သိမ်းရေး ၊ ဆယ့်ခွန် တစ် ၊ နှစ် တို့ကို ရုတ်သိမ်းတာတွေ လုပ်ရဦးမယ် ၊ အဲဒါတွေ မလုပ်ရသေးသမျှ ကေအိုင်အို သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ ဥပဒေ ပြင်ပမှာသာ ရှိနေမှာ ဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒေါက်တာ တူးဂျာနဲ့ ကေအိုင်အိုနဲ့ ဆက်စပ်မှု ရှိသေးလားလို့ မေးမြန်းရာမှာတော့ ငြိမ်းချမ်းရေး ဦးတည် လုပ်ဆောင်နေတဲ့ လုပ်ရပ်မှန်သမျှ အားလုံးကို အပြုသဘောနဲ့ လုပ်တာလို့ မြင်ဖို့ လိုကြောင်း ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေ အပေါ် သံသယ ပွားနေမယ် ဆိုရင် အကန့်အသတ်တွေ ရှိသွားစေလိမ့်မယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ

 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေကြရပါတယ်။

အဲဒီ ကျေးရွာသူ ကျေးရွာသား ၃၀၀ ကျော်လောက်မှာ အများစုက ကလေးတွေဖြစ်ပြီး သူတို့ကို မနေ့က ကား ၇ စီးနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ကြိုပေးတာ ၃၄၁ ယောက်ပေါ့နော်၊ အများစုက ကလေးတွေပါ၊ မုန်းဒိန်ပါခင်ဗျ၊ ကားလိုတယ်ဆိုတော့ စီစဉ်ပေးတာ ၁ဝ စီးပေါ့ ၊ တကယ်တော့ ၇ စီးပဲ သူတို့စီးလာတယ်၊ မနက် ၉ နာရီ ၄၅ ထွက်တယ်၊ ကျနော်တို့ဆီကို နေ့လည် ၂ နာရီလောက်ရောက်တယ်”

ဗန်းမော်မြို့ နှစ်မိုင်အောင်သာ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ မနေ့က စစ်ဘေးဒုက္ခသည် ၆၀ ကျော်လောက် လာရောက်ခိုလှုံလာတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီမန်စီမြို့နယ်မှာ လောလောဆယ် တိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲ အေးချမ်းနေပြီလို့လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

RFA Burmese

ပါကစ္စတန်အစိုးရနဲ့ တာလီဘန် ဆွေးနွေးနေပြီ

ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ပါကစ္စတန်တာလီဘန်တွေနဲ့ စတင်ဆွေးနွေးနေပြီလို့ပြောဆိုလိုက်ပါတယ်။  ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ဗြိတိန်ဒုဝန်ကြီးချုပ် Nick Clegg နဲ့ လန်ဒန်မြို့မှာကြာသပတေးနေ့ကတွေ့ဆုံစဉ် အခုလိုပြောဆိုလိုက်တာပါ။ လန်ဒန်မြို့ရှိ ပါကစ္စတန်သံရုံးကလည်း ပါကစ္စတန်တာလီဘန်တွေနဲ့ စတင်ဆွေးနွေးနေတဲ့အကြောင်း သတင်း ထုတ်ပြန်လိုက်ပါတယ်။

ပါကစ္စတန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက တာလီဘန်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ဆိုပေမဲ့ အသေးစိတ်ကို ထုတ်ဖေါ် ပြောဆိုခြင်းမရှိပါဘူး။

ပါကစ္စတန်တာလီဘန်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပွင့်ပွင့်လင်းလင်းဝေဖန်နေပြီး၊ ပိုပြီးတင်းကျပ်တဲ့ အစ္စလာမစ် ဥပဒေကို ပြဌာန်းဖို့ တောင်းဆိုနေပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း ပါကစ္စတန်မှာ လူထောင်နဲ့ချီသေဆုံးခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်တာတွေ မကြာခဏဖြစ်နေပြီး အဲဒီတိုက်ခိုက်မှု အများစုကို တာလီဘန်တွေက သူတို့ လုပ်တာပါလို့ ကြေညာထားပါတယ်။ 
VOA

ဆီးဂိမ်းမှာ မြန်မာ့ ယဉ်ကျေးမှုပြနိုင်ဖို့ မျှော်လင့်

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်း ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်တာဟာ မြန်မာ့ရိုးရာ၊ယဉ်ကျေးမှု ကို ပြသခွင့် ရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို ပြသဖို့ အခွင့်အရေးတရပ်ဖြစ်တယ်လို့ မြန်မာ အစိုးရက ခံယူထားကြပါတယ်။ တချိန်တည်းမှာပဲ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာ အားကစားသမားတွေကို နိုင်ငံခြားက နည်းပြတွေခေါ်ယူပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တာဖြစ်ပါတယ်။ အေပီ သတင်းတပုဒ်ကို အခြေခံပြီး မမေစန္ဒီက တင်ပြပေးမှာလိမ့်မယ်။

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်း ကို မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ ၂လတောင် မလိုတော့တာဖြစ်တဲ့ အတွက် မြန်မာ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ ပြင်ဆင်မှုတွေ အပြီး သတ်ဆောင်ရွက်နေကြပါတယ်။ ဆီးဂိမ်းပွဲကြီးကို နှစ်ပေါင်း၄၄နှစ်အကြာမှာ အခုလို ပြန်လည်ကျင်းပ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့မှာ ဆိုရင်လည်း ဆီးဂိမ်း ကြော်ငြာဆိုင်းဘုတ်တွေကို နေရာတော်တော် များများမှာ တွေ့နေရပါပြီ။

ဒီဆီးဂိမ်းပြိုင်ပွဲတွေ ကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီး မျှော်မှန်းချက်တွေကိုတော့ အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းထိုက် ကအခုလိုပြောပါတယ်။

"၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နဲ့ တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်မှာဖြစ်သလို ကျနော်တို့ ယဉ်ကျေးမှု၊ မြန်မာ လူမျိုးတွေရဲ့ နွေးထွေး ပျူငှာမှုကို ကမ္ဘာကို ပြနိုင်မှာဖြစ်ပါတယ်။ အဲဒီ့တော့ ဒီဆီးဂိမ်းပြိုင်ပွဲကြီးကနေ ကျနော်တို့တွေ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ကမ္ဘာကို အစွမ်းကုန်ပြဖို့ အခွင့်အရေး တခုဖြစ်တယ်လို့ခန့်မှန်းပါတယ်။"

၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ ပိုလာခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ပြောင်းလာပြီးကတည်း က ပြည်သူလူထုကလည်း စီးပွားရေးနဲ့ နိုင်ငံရေးတွေမှာ တိုးတက်မှုတွေဖြစ်ဖို့ ပိုပြီး  မျှော်လင့် လာခဲ့ကြပါတယ်။ ဒီလိုမျိုးတိုးတက်ပြောင်းလဲမှုတွေကို ဆီးဂိမ်းပြိုင်ပွဲကြီးကနေတဆင့် ကမ္ဘာက မြင်တွေ့နိုင်ပြီလို့ ၀န်ကြီး ဦးသောင်းထိုက် က အခုလိုဆက်ပြောပါတယ်။


"၂၀၁၀ခုနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကဏ္ဍအသီးသီးမှာ ဥပမာ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပြောင်းလဲခဲ့ပါတယ်။ အခုလို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို အားလုံးက ကြည့်ကြမှာဆိုတော့ ကမ္ဘာမှာ ဂုဏ်ယူနိုင်တာပေါ့။ ဒီပွဲပြီးသွားရင်လည်း အာဆီယံအဆင့် တင်မက အာရှကစားပွဲတွေ၊ အိုလံပစ်ကစားပွဲလိုပွဲတွေကိုပါ စီစဉ်ကျင်းပနိုင်ပါပြီ။

ဒါ့ပြင် မြန်မာ အားကစားသမားတွေအနေနဲ့လည်း  သူတို့ရဲ့ ပြည်တွင်းက ပရိသတ်တွေရှေ့မှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ဖို့ အခွင့်အရေး တခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ့ရိုးရာ ကစားနည်းတွေအပါအ၀င် အားကစားအမျိုးအစားစုစုပေါင်း ၃၃ မျိုးကို ယှဉ်ပြိုင် ကစားကြမှာဖြစ်တဲ့ အတွက် နိုင်ငံတကာ နည်းပြတွေ မြန်မာနိုင်ငံမှာ လာပြီး လေ့ကျင့် သင်ကြား ပေးနေတယ်လို့ ဒုဝန်ကြီး ဦးသောင်းထိုက် ကအခုလို ဆက်ပြီးပြောပါတယ်။

"နိုင်ငံခြားကနေ နိုင်ငံတကာ အဆင့် နည်းပြ ၊ ကျနော့်အထင် ၃၀လောက် မြန်မာနိုင်ငံကိုလာပြီး ကျနော်တို့အားကစားသမားတွေ ကို လေ့ကျင့်ပေးပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အခြေအနေဟာ အရင်ကထက် ပိုပြီးကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အရင်ထက်ပိုပြီး ရွှေတံဆိပ် ဆုတွေရနိုင်မှာပါ။"

ဒီ ဆီးဂိမ်းပြိုင်ပွဲကြီးကို  ၁၉၆၉ ခုနှစ် က မြန်မာနိုင်ငံမှာ လက်ခံကျင်းပ ခဲ့စဉ်တုန်းက ဆုတံဆိပ်အားလုံးပေါင်း ၁၄၉ခု ရရှိခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ၂၆ကြိမ်မြောက် ဆီးဂိမ်းကြီးမှာတော့ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၆ခု အပါအ၀င် ဆုတံဆိပ် အားလုံး ၈၀ နဲ့ နံပါတ် ၇နေရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးလွတ်လပ်မှုတွေကို တဖြည်းဖြည်း ခံစားလာနေတဲ့ တချိန်ထဲမှာပဲ အားကစား ပိုင်းမှာလည်း အောင်မြင်မှုတွေရဖို့ မျှော်လင့်နေကြတာပါ။
VOA

ကချင်ဒေသ အပစ်ရပ်ရေး ဒေသခံတွေ သံသယရှိဆဲ

 
ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးမှုတွေ ညှိုနှိုင်းမှုတွေ ရှိနေပေမယ့်၊ ဒေသခံတွေ ကတော့ ပြေလည်နိုင်မယ့် အခြေအနေရှိပါ့မလား ဆိုတာ သံသယရှိနေကြပါတယ်။ အခုလို သံသယဟာ ဒေသခံ စစ်ပြေး ဒုက္ခသည်ပြည်သူတွေရော၊ ကေအိုင်အေ တပ်ထဲမှာပါ ရှိနေတယ် လို့ ပြောနိုင်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆွေးနွေးမှုတွေဟာ အကြိမ်မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်း နေရာ အတော် များများမှာ နှစ်ဖက်တပ်တွေ နေရာယူ ထားတာ ဆုတ်ခွာပေးခြင်းမရှိသလို၊ တပ်တွေအကြား တင်းမာမှုတွေလည်း ရှိနေဆဲပါ။

တကယ်တော့ ကေအိုင်အိုနဲ့ မြန်မာအစိုးရအကြား ဒေသတွင်း ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ နည်းလမ်းသဘောထား ကွာဟချက်ကြောင့် အပစ်အခတ်ရပ်စဲရေးယူဖို့ ခက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာအစိုးရက Cease Fire ကို အရင်လုပ်ရမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲက နောက်ကနေ သွားရမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ကေအိုင်အေကျတော့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးက သူ့အလိုလိုဖြစ်သွားမယ်ဆိုတဲ့ ပန်းတိုင်ကို သွားတယ်။ ဒီပန်းတိုင်နှစ်ခုက ဆုံဖို့ခက်မယ်လို့ ကျနော်တို့ကမြင်တော့ ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်ရှိရှိ သိပ်ပြီးတော့မှ မျှော်လင့်ချက် အားနည်းတာပေါ့ ကျနော်တို့ဘက်ကလဲ။"

အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးနေကြတာ မအောင်မြင်ပဲ ကြာမြင့်လာတာနဲ့အမျှ၊ နှစ်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာပြေးနေရတဲ့ အရပ်သားဒုက္ခသည်တွေအဖို့လည်း ရပ်တည်နေထိုင်ရေး ပိုပြီး ခက်ခဲလာတယ်လို့ Samson Hkalam က ပြောပါတယ်။

နှစ်ဖက်တပ်တွေအကြားမှာလည်း တင်းမှုမှုတွေရှိသလို၊ ပစ်ခတ်မှုတွေလည်း ကျို့ကြားကျို့ကြား ရှိနေတာကြောင့် အရပ်သားတွေအတွက်ကတော့ ထိတ်လန့်စိုးရိမ်မှုတွေ မပြတ်ရှိနေတုန်းပဲလို့ လည်း ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ်မှာ ဒေသခံအရပ်သားတွေတင် သံသယရှိကြတာမဟုတ်ပါဘူး။ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်တွင်းမှာပါ ဒီ သံသယတွေ့ရပါတယ်။ ဒီ ဆွေးနွေးပွဲတွေကနေ အပစ်အခတ်ရပ်စဲနိုင်ရေး ရလဒ်ကောင်းတွေ ထွက်နိုင်ပါ့မလားဆိုတာ သံသယရှိတဲ့အကြောင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်က ဗိုလ်မှုးကြီးဇော်ဂေါင်ကလည်း ဗွီအိုအေကို ပြောပါတယ်။

"အစိုးရလုပ်တဲ့ ဆွေးနွေးပွဲက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်ကို သွားမယ်ဆိုရင်တော့ ကောင်းတယ်ပေါ့။ ကောင်းတယ်လို့ အကောင်းမြင်တယ်။ ဒါပေမဲ့ အတုအယောင်၊ လွန်ခဲ့တဲ့နှစ်ကလို ဆွေးနွေးပွဲဖြစ်ရင်တော့ ကျနော်တို့အတွက်လည်း မကောင်းဘူးလေ။ အဲ့လိုပဲမြင်တယ်။ အစိုးရက ပြောတာတမျိုးပေါ့။ တပ်က တကယ့်လက်တွေ့ ရှေ့တန်းမှာဖြစ်တာက တမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့ သိပ်ပြီးတော့မှ စိတ်ထဲမှာတော့ မယုံကြည်ဘူးပေါ့။ သံသယတော့ရှိတာပေါ့။ အဲ့လိုဖြစ်တယ်။"

မြန်မာနိုင်ငံနေရာအတော်များများမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရထားပေမယ့်၊ ကချင် ကေအိုင်အိုနဲ့ကတော့ အခုအချိန်အထိ အဆင်မပြေသေးပါဘူး။

အရင် စစ်အစိုးရလက်ထက်တလျှောက်လုံးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မာအစိုးရနဲ့ အဆင်ပြေခဲ့တဲ့ ကေအိုင်အိုဟာ အခု အစိုးရသစ်လက်ထက်ရောက်လာမှ တင်းမာမှုတွေ စခဲ့တာပါ။ မြန်မာအစိုးရက ရည်မှန်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအဆင့်မှာ အခု ကချင်ပြဿနာက စိန်ခေါ်ချက်တရပ်လိုဖြစ်နေပါတယ်။

အခုလို အချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ညီလာခံ တရပ်ကို ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရှိရာ ဌာနချုပ်လိုင်ဇာမှာ အခု ကျင်းပနေပါတယ်။ ဒါဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဦးတည်တာဖြစ်သလို၊ တဖက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

ကချင်နှစ်ခြင်းအဖွဲ့က Samson Hkalam ကတော့ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုပေါ်လာရေးအတွက် ပထမခြေလှမ်းဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

"တိုင်းရင်းသားများအတွက်ကတော့ ဒါအခွင့်အရေး တစ်ခု၊ အောင်မြင်မှု လမ်းစတခုလို့မြင်ပါတယ်။ ဒါပူးပေါင်းဆောင်ရွက်မှုပေါ့။ အဲ့ အဲ့ကတော့ ထွက်လာမယ့်အဖြေကတော့ ဖက်ဒရယ်ပြည်ထောင်စု၊ပီပြင်ရေးတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီးမှ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ အဖြေထွက်လာလိမ့်မယ် လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီလိုင်ဇာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးမှုတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံတော်အတွက် ငြိမ်းချမ်းသော၊ တရားမျတသော ပြည်ထောင်စု ဖက်ဒရယ်ကြီးပေါ်ပေါက်လာဖို့အတွက်တော့ ပထမခြေလှမ်းလို့ ကျနော်တို့ ပြည်သူတွေ၊ ဒုက္ခသည်တွေဘက်က ဒါတွေကိုမြင်ပါတယ်။

အခု လိုင်ဇာ တိုင်းရင်းသား ညီလာခံကနေ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေရဲ့ အဆိုပြုချက်တရပ်ထွက်လာဖို့ ပြင်ဆင်နေကြတာပါ။

တဖက်မှာ အစိုးရဖက်ကလည်း တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆိုပြုချက် ပို့ထားတယ်လို့သိရပါတယ်။ ဒီညီလာခံ ရလဒ်တွေကနေ လက်ရှိမှာ ကြန့်ကြာနေရတဲ့ ကချင်အပစ်အခတ် ရပ်စဲရေးအတွက် လမ်းစဖြစ်လာနိုင်မလားဆိုတာကိုလည်း ကချင် လူမှုအဖွဲ့အစည်းတွေဖက်က မျှော်လင့်နေတာတွေ့ရပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

ဒေါ်အောင်ဆန်းစုကြည် Parma မြို့တော်တွင်(ဓာတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည် Parma မြို့တော်ခန်းမတွင်
31-10-2013






















အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က Parma မြို့တော် club သို့ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်း 4.30pm က သွားရောက်ခဲ့ပါတယ်။


 အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က Parma မြို့တော် စာကြည့်တိုက် သို့ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။






 Martin Swe (Facebook)မှ

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုမှာ ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ ကိုသာ ထိခိုက်မည်ဟု လျှပ်စစ်တာဝန်ရှိသူ ပြောကြား

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ (၀ ဒသမ ၃၉ ရာခိုင်နှုန်း) သာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဇေကမ္ဘာ စက်မှုဇုန်တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရှင်းလင်း ပြောကြားသည်။

''ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထု အတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်း ကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ၀ ဒသမ ၃၉ ရာခိုင်နှုန်းရှိတဲ့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ နီးပါးလောက်ကိုပဲ ထိခိုက်မှာပါ'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာချက်များအရ လက်ရှိကောက်ခံနေသော လျပ်စစ်ဓာတ်အားခကို နိုဝင်ဘာ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံ သွားမည်ဟု သတင်းထုတ်ပြန် ခဲ့ပြီးနောက် ပြည်သူလူထုနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အကြား ဝေဖန်သံများ ထွက်ပေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀၀ ရာခိုင်နှုန်းတွင် ၃၀ ခန့်သာ လျှပ်စစ်မီးကို သုံးစွဲနိုင်ကြောင်း၊ ကျန် ရာခိုင်နှုန်း ၇၀ မှာ လျှပ်စစ်မီး မသုံးစွဲနိုင် သေးသည့်အတွက် လျှပ်စစ်ဓာတ်အားပေးရေး စက်ရုံများ၊ မဟာဓာတ်အားလိုင်း စသည်တို့ တည်ဆောက်ဖို့ လိုအပ်မည် ဖြစ်သည့်အတွက် ရန်ပုံငွေ လိုအပ်နေကြောင်း၊ တစ်ယူနစ်လျှင် ပျမ်းမျ ၂၂ ကျပ် ရှုံးနေပြီး တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံ အရှုံးခံ ထုတ်လုပ်နေရသော လျပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကာမိရန် ယခုကဲ့သို့ ဓာတ်အားခ နှုန်းထားများ တိုးမြှင့်လိုက်ရခြင်း ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။

၎င်းအပြင် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရန် နိုင်ငံတော်နှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ညှိနှိုင်းခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယခုချိန်မှသာ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်ရန် သတ်မှတ်နိုင်ခဲ့ကြောင်း ကိုလည်း ဦးအောင်ခိုင်က ပြောကြားသည်။

သို့သော် အစိုးရအနေဖြင့် ယင်းကဲ့သို့ ဓာတ်အားခ နှုန်းထားကို တိုးမြှင့်ကောက်ခံခဲ့ရာတွင် အခြေခံလူတန်းစားများ အတွက် ထိခိုက်နိုင်ခြင်း မရှိဟု ဆိုသော်လည်း သာမန်မိသားစု အနေဖြင့် လျှပ်စစ်မီတာခ အတွက် ယခင်ထက် ရာခိုင်နှုန်း ၄၀၊ စီးပွားရေး လုပ်ငန်းသုံး များအတွက် လက်ရှိထက် နှစ်ဆနီးပါး ကုန်ကျစရိတ် ပိုလာမည် ဖြစ်သည်။

''ဓာတ်အားခဈေးနှုန်း အပြောင်းအလဲက ဟိုလူတော့ မထိဘူး။ ဒီလူတော့ မထိဘူးလို့ ခွဲပြောလို့ မရနိုင်ဘူး။ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ သက်ရောက်မှုကလည်း ပြည်သူတွေဆီကိုပဲ သွားမှာပေါ့။ ကုန်ထုတ်လုပ်ငန်းမှာ ဓာတ်အားခ ရင်းနှီးမြှုပ်နှံ ကုန်ကျရင် ထုတ်ကုန်တွေမှာ သက်ရောက်မှာပဲ။ အဲဒီထုတ်ကုန်တွေကို အဆင့်ဆင့် ပြန်လည်သုံးစွဲရမယ့် ပြည်သူတွေဆီ အဲဒီသက်ရောက်မှုက ရောက်သွားမှာပဲ။ ဘယ်လောက်အထိ သက်ရောက်မှုကြီးမယ် ဆိုတာပဲ ကွာဟမှာပေါ့။ သေချာတာကတော့ ဒီပုံစံအတိုင်းဆိုရင် အားလုံး ခက်ခဲကုန်မှာပဲ'' ဟု ရန်ကုန်မြို့တွင် အလတ်စား ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ ကိုမြင့်ထွေးက ပြောကြားသည်။

"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လား" (အတွင်းသိ)






ကျုပ်တို့ မြန်မာတွေ အခုဆီထမ်း၊ ခုစာကလေးကျော် ဖြစ်တတ်တာက ခေါက်ရိုးကျိုး အကျင့်ပါနေပြီလားပဲ။ နေရွှေသွေးအောင်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော ..
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုးလပြည့်ကို အမွှန်းတင်ထားတဲ့ အစစ်လား အတုမှန်းလား မသိ မှန်တဝက် မမှန်တဝက် ကြိုတင် အကွက်ချ လုပ်ဆောင်ပေးနေရတဲ့ အလံရှူး တချို့ရဲ့ အမွှန်းတင်တဲ့စာကို ဖတ်ပြီး ချီးကျူးထောမနာ ပြုကြတဲ့ စာတွေဖတ်ရတော့ ကျုပ်လို အတွင်းသိ တယောက်အနေနဲ့ မပြောမဖြစ် မတီးမမြည်လို့ ဒီမိုဝေယံ ခင်ဗျားဆီကတဆင့် ကျုပ်ဖောက်သည်ချလိုက်ဦးမယ်။

ကဲ နေရွှေသွေးအောင်က" မိမိအရက်သေစာသောက်စားခြင်း မပြုပါဆိုတာ" ကစပြောရအောင် ၂၀၀၈ခုနှစ်က မြန်မာပြည်ရဲ့ ခရိုနီမောင်ဝိတ်နဲ့ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့  သတင်းကို ခင်ဗျားတို့ မှတ်မိမှာပေါ့..
အစပထမ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့် ရေပေါ်ဆီတွေနဲ့ အနုပညာအသိုင်းအဝိုင်းကို  Ecstasy စိတ်ကြွဆေးတွေကို လက်ဆောင်ပေးပြီး စွဲအောင်လုပ် နောက်ကိုယ်တိုင် ရောင်းဝယ်ရာက စခဲ့တာပဲ။
အဲ့ဒီအချိန်က  (၁၇)နှစ်သာ ရှိသေးတဲ့ နေရွှေသွေးအောင် တယောက် Ecstasy စိတ်ကြွဆေး သောက်ပြီး မူးလဲနေတာကို သိသွားတဲ့ အဘိုးဖြစ်သူ ဦးသန်းရွှေက ရောင်းဝယ်သူတွေကို ဖမ်းဆီးပေးဖို့ အမိန့်ပေးလိုက်တာက စတော့တာပဲ။

မောင်ဝိတ်ကို ဖမ်းဖို့လုပ်တော့ မောင်ဝိတ်က နေပြည်တော်က ဆင်းလာတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို အကာကွယ် ယူဖို့လုပ်သေးသဗျ။ အဘကို (ဗိုလ်မောင်အေး) ကားမောင်း ပို့ပေးရဦးမယ်ဆိုပြီး လုပ်ပေမယ့် ဦးသန်းရွှေ အမိန့်နဲ့ ပြည်ထဲရေးက မဖမ်းမဖြစ် ဖမ်းလိုက်ရတာ။ မယုံရင် ခုလက်ရှိ ပုသိမ်ထောင်မှာ ထောင်လို့ အမည်သာ ရှိပြီး ဋ္ဌာနဆိုင်ရာ အရာရှိတွေ လိုလေသေးမရှိ ဖူးဖူးမှုတ်ထားနေရတဲ့ မောင်ဝိတ်ဆီ အဖြစ်မှန်တွေ ကိုယ်တိုင်သွားမေးကြည့်လို့ ရတယ်။

ယာဉ်ထိန်းရဲကို ကိုယ်တိုင် ကျူးလွန်ခြင်း မရှိပါဆိုလို့ ပြောရဦးမယ်။ ဒီကိစ္စပေါ်လာတော့ ချုပ်ချုပ်ဟောင်းကြီး ကိုယ်တိုင် ဦးရွှေမန်းကို ခေါ်ပြီး မင်းဒီကိစ္စ ကြည့်စီစဉ်လိုက်ပါ ဆိုပြီးခိုင်းတာ ကျုပ်တို့ အတွင်းသိ တိုင်းသိတယ်..။ ဆက်ပြောလိုက်ဦးမယ် နေပြည်တော်က တပ်ချုပ်ဟောင်းကြီး မိသားစု(၈)ဦးအတွက်  ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဖားယားဆောက်ထားတဲ့ ၈လုံးတွဲတွေ အိမ်ရှိတယ်။ ဒီ (၈)လုံးတန်းမှာ တပ်ချုပ်ကြီးက လွဲပြီး ကျန်တဲ့သူတွေက ရန်ကုန်မှာ နေကြတာ။ ဘယ်သူမှ မနေဘူး စကားပြောဖော် မရှိတော့ ဆေးညွှန်မှူး ဗိုလ်ချုပ် သန်းအောင် ညစဉ် တပ်ချုပ်ကြီးဆီသွား စကားစမြည်ပြော တပ်ချုပ်ကြီးနဲ့ ဘောလုံးပွဲ အတူထိုင်ကြည့်ပြီးမှ ပြန်လာရတာ အတွင်းသိတိုင်းသိတယ်။
ဒီထက် ထပ်ပြောရင် ကျုပ်ဘယ်သူဆိုတာ သိတော့မှာမို့ ဒီမှာပဲ ရပ်မယ်။ သူ့ဆန်စားလို့ ရဲနေတာမဟုတ် ပြည်သူ့ဆန်စား နေတယ်လို့ပဲ ကျုပ်က မှတ်ယူတယ်။ အလံရှူးတွေ ရပ်တန်းက မရပ်ရင်တော့ ကျုပ်သိတာ ထပ်ပြောရမှာပဲ။

ပုရွတ်ဆိတ်တောင် သနား ခွင့်လွှတ်လွယ်တတ်တဲ့ ကျုပ်တို့ မြန်မာတွေ ချင့်ယုံကြ၊
ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်.. ဦးသိန်စိန်နဲ့ ဦးရွှေမန်း အားပြိုင်ပွဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းက ဘာနဲ့တူနေသလဲဆိုတော့ ယခင်နအဖခေတ် နိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူဆိုပြီး ထောက်လှမ်းရေးတွေ အရောင်တင်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်နဲ့ နိုင်ငံတကာမှာ Image မကောင်းလှတဲ့ ဗိုလ်သန်းရွှေတို့ နှစ်ဦး အားပြိုင်တဲ့ ပုံနဲ့ ထပ်တူပဲပေါ့။ ဗိုလ်ခင်ညွန့်ကတော့ အဂတိ လိုက်စားမှု မရှိဆိုပြီး ထောက်လှမ်းရေး အုပ်စုက အသွင်ဖော်ထားပြီး ဗိုလ်သန်းရွှေ မိသားစုကတော့ အဂတိလိုက်စားတယ် ဆိုပြီး အာဏာရှင် ဆိုတဲ့ နာမည်ပျက်နဲ့ နိုင်ငံတကာမှာတော့ လူကြမ်းပေါ့။

ဒီနေရာမှာ ကျူပ်ပြောလိုတာက ဦးရွှေမန်းရဲ့သား အောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုနဲ့တင် နအဖလက်ထက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အရေးယူခဲ့သူလား ဘာလားဆိုတာ ခင်ဗျားတို့ မြင်အောင်ကြည့်ကြ။ ဒီနေရာမှာ နိုင်ငံတကာမှာ နာမည်ရတဲ့ ဦးသိန်းစိန်နဲ့ ဗိုလ်ခင်ညွန့် ရိုးသားမှုက အပုံကြီးကွာတယ်ဗျ။
ကျုပ်တခုပြောပြမယ် ဦးသိန်းစိန်ရဲ့ နေအိမ်ရှိတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူးရွာဆိုတာ မိုးတွင်းဆို ရွာလယ်လမ်း ရေမြုပ်ပြီး ဦးသိန်းစိန် နေအိမ်ဆို အောက်ထပ်တခုလုံး ရေမြုပ်နေကျပေါ့။ သမ္မတသူ့ဇာတိ ရွာကိုလာရင် ရွာလယ်လမ်းကို စက်လှေနဲ့ ဝင်ရပြီး အဲ့ဒီကမှ သူနေတဲ့ လမ်းထဲကို လှေနဲ့ တဆင့်ပြန်ဝင်ရတာ။  ဒါကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က အိမ်ကို ပြင်ပေးချင်ပေမယ့် သမ္မတက ခွင့်မပြုလို့ မပြင်ရတာ ကျုပ်တို့အသိပေါ့။

 ကျုပ် သမ္မတဘက်က လော်ဘီလုပ်နေတာ မဟုတ် ခုလက်ရှိ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ ရိုးသားမှုကို စဉ်းစားချင့်ချိန်ဖို့ နှိုင်းယှဉ်ဖော်ပြနေတာ။ ကျုပ်ကတော့ ပြတ်ပြတ်ပဲ။
ဒီထက် ထပ်ပြောဖို့ အချိန်မကျသေးလို့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ်။

ကျုပ်တို့ မြန်မာတွေ ဖြစ်တတ်တဲ့ ကောက်ရိုးမီးနဲ့ လွမ်းခန်းကို မျက်စိနဲ့တောင် မြင်ရတာ မဟုတ်ပဲ မျက်ရည်ဝဲတတ်ကြတဲ့ ကျုပ်တို့ မြန်မာတွေ ယုံလွယ်၊ သွေးပူလွယ်၊ သွေးအေးလွယ်တာကို ကျုပ်ပြောနေတာ။ အဲ့ဒီတော့ နေရွှေသွေးအောင်က စာပို့တယ်ဆိုပြီး ဘယ်သူရေးမှန်းမသိတဲ့ စာကို ယုံလွယ်တတ်ကျ၊ သနားတတ်ကျလွန်းလို့ ကျုပ်ပြောနေတာ..။ အေးတကယ်တန်း ရှင်းရဲ၊ ပြောရဲရင် မီဒီယာကနေ အင်တာဗျူးလေး တပုဒ်လောက် ရုပ်လုံးထွက်ပြပြီး ဖြေရှင်းဖို့ နေရွှေသွေးအောင်နဲ့ တပ်ချုပ်ဟောင်းကြီးကို ကျုပ်တောင်းဆိုချင်တယ်..။ မေးတတ်၊ မြန်းတတ်တဲ့ အင်တာဗျူး ဆရာတွေနဲ့ တွေ့စမ်းစေချင်ပါတယ်.။

 ဒီတော့ ကျုပ်တို့ မြန်မာတွေ လွမ်းခန်းကို ရောက်ရင် မျက်ရည်ဝဲရအောင် အနှစ်(၂၀)ကျော် ခါးစည်းခံခဲ့ရတဲ့ ကျုပ်တို့တတွေ ဒီအာဏာရှင် မိသားစုနဲ့ ပတ်သတ်ပြီး လွမ်းလောက်လို့လားလို့ ကျုပ်ပြန်မေးပါရစေ။

အတွင်းသိ

-ဒီမိုဝေယံ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

နှစ် ၃၀ အတွင်း အဆိုးဆုံး တောင်ငူရေဘေး


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ မိုးများပြီး ရေကြီးတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံပြည်သူ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြရပါတယ်။ ဒီလိုရေလွှမ်းမိုးတာဟာ မြစ်ချောင်းတွေက ရေအတက်မြန် တာကြောင့်လို့ အာဏာပိုင်တွေဖက်က သုံးသပ်ပေမဲ့ ဒေသခံ တချို့ကတော့ ရေလှောင်တမံတွေ ဖွင့်ချတာကြောင့်လို့ ပြောဆိုနေ ပါတယ်။ တောင်ငူမြို့နယ်ဖက်က ရေလွှမ်းမိုးမှုအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ၄ရက်လောက် မိုးအဆက်မပြတ် ရွာသွန်းခဲ့ တာကြောင့် တောင်ငူမြို့နယ် အတွင်းက မြစ်ကမ်း တလျောက် မြေနိမ့်ပိုင်းက ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေ ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။
လက်ရှိရေ လွှမ်းမိုးတာကြောင့် တောင်ငူမြို့နယ်အတွင်း ယာယီ ကယ်ဆယ်ရေး စခန်း၃၀ကျော် ဖွင့်လှစ် ထားရပြီး ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီ လက်ခံထားရတယ်လို့   ဒု မြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းဝင်းက အခုလို ပြောပါတယ်။

" လောလောဆယ် သုံးဆယ့်တစ်ခုခင်ဗျ။ ဟုတ်ကဲ့။ အဲ့တောင်ငူ တမြို့နယ်လုံး ခင်ဗျ။ အိမ်ထောင်စုက လောလောဆယ် ၃၁ရက်နေ့ စာရင်းအရ ဆိုရင်တော့ ၂၇၆၇ အိမ်ထောင်စုပေါ့။ လူဦးရေကတော့ တစ်သောင်းတစ်ထောင်ရှစ်ရာ လေးဆယ့်ခုနှစ် ခင်ဗျ။ မနေ့ကဆိုရင်တော့ ကျနော်တို့က ရှစ်ထောင်ကျော်ပဲရှိတယ်။ ဟုတ်ကဲ့။"

ဒီလို ယာယီကယ်ဆယ်ရေးစခန်းတွေကိုတော့ ၂၉ရက်နေ့တည်းက စတင် ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလော ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အခြေအနေကို ဦးထွန်းထွန်းဝင်းက အခုလို ဆက်ပြောပါတယ်။

" ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျနော်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ်တို့၊ ဆီတို့ပေါ့လေ။ လှမ်းပေးပါတယ်။ နောက်ကျနော်တို့မြို့မှာရှိတဲ့ မြို့မိမြို့ဖပေါ့ အထောက်အကူပြုအဖွဲ့တွေရယ်၊ နောက်တခါ လူမှုရေး အသင်းအဖွဲ့တွေပေါ့၊ နောက်တခါ တစ်ဦးချင်း အလှူရှင်တွေပေါ့။ ဒီဟာတွေကတော့ အမြဲတမ်းမပြတ် လှူဒါန်း ဆောင်ရွက်နေတာပါ။
ဒီနေ့ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆၀၀ စင်တီမီတာကိုကျော်လွန်ပြီး ၇၁၃စင်တီမီတာကို ရောက်ရှိနေပါတယ်။
တောင်ငူမြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးအောင်ဇေယျကတော့ တောင်ငူမြို့က အခြေအနေကို အခုလို ပြောပါတယ်။

" ရေတွေကြီးတာပေါ့ဗျာ။ ဒီနှစ်ကတော့ အဆိုးဆုံးပဲဗျ။ ကျနော်တို့ နှစ်သုံးဆယ်လောက် အတွင်းမှာ ဒါတော့ စံချိန်ပဲဗျ။ အကုန်လုံးခေါင်မိုးတွေပါ လွှင့်ကုန်တာဗျ။ ရပ်ကွက်တွေ တချို့တွေဆို၊ ကျနော်တို့ ကားလမ်းမပေါ်လည်း သုံးပေလောက်အထိကို တက်နေပြီ။ ကျနော်တို့ မိန်းလမ်းပေါ့လေ။ ရန်ကုန်-မန္တလေးလမ်းပေါ့လေ။ လမ်းဟောင်းပေါ့။ ကျနော်တို့ အရင်လမ်းဟောင်းပေါ့။ အမြန်လမ်းတော့မဟုတ်ဘူး။ မြို့ထဲကလမ်းတွေ အကုန်လုံး ကျော်ကုန်တာ။ ကျနော်တို့ အုတ်ကြွပ်တန်းဘက်ဆိုရင် ၁၀ရပ်ကွက်ရဲ့ ရှေ့ဆိုရင် ၃ပေ ကျော်ကျော်လောက်ရှိတယ်။ ငါးဖယ်အင်းကျောင်းရှေ့၊နောက် ရပ်ကွက်တွေကတော့  လူနှစ်ရပ်၊ သုံးရပ်လောက်ကို နက်သွားပြီးတော့ ရေတက် တာတော်တော်ကြမ်းတယ်။ နေပူကြီးထဲကို တက်နေတာခင်ဗျ။

တောင်ငူမြို့နယ်အတွင်းမှာ အခုလို ရေလွှမ်းမိုးတာဟာ ရေလှောင်တမံတွေ က ရေလွှတ်တာကြောင့် လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

"အခုဟာက ဒါ တော်တော်များတယ် ခင်ဗျ။ အခုထက်ထိ တက်တုန်းပဲ ရှိတယ်။ နေပူပြီးတော့ကို၊ ဆည်တွေ များတယ်ဆိုတော့။ ကျနော်တို့ဆီမှာ ဆွာဆည်ရှိတယ်။ ဟိုတနေ့က ဆွာဆည်က လွှတ်လိုက်တယ်။ ခပေါင်းဆည်ရှိတယ်။ သောက်ရေသန့်ရှိတယ်ဗျာ။ ဆည်တွေက ခုနပြောသလို ဖြေးဖြေးမလွှတ်ပဲ တခါတည်း တပြိုင်နက်တည်း လွှတ်ချလိုက်တော့ အကုန်လုံး လူတွေက တချို့ဆို
ပြေးဖို့တောင် မနည်းလုပ်ရတယ်။ ရေတာရှည်ဘက်ဆို ပိုဆိုးတယ်ဗျ သူတို့။"

ဒီလို ဆည်တွေ ရေဖောက်ချတာကြောင့်ရေကြီးတယ်ဆိုတာကိုတော့ ဒုမြို့နယ် အုပ်ချုပ်ရေးမှုးဦးထွန်းထွန်းဝင်း က အတည်ပြုချက်မပေးပါဘူး။
ရေတာရှည်မြို့နယ် ဘက်မှာတော့ အသေအပျောက်ရှိတယ်လို့ အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ သူတဦးက ပြောပါတယ်။

"ရေတာရှည်ဘက်မှာလဲ တော်တော်ကြီးတယ်ဗျ။ တောင်ငူနဲ့တဆက်တည်းပဲ စစ်တောင်းမြစ်က။ ရေတာရှည်က ပြီးတော့ ဆွာဆည်က ရေလွှတ်တာလည်း ပါတော့ ပိုဆိုးတယ်ပေါ့။ ဆွာမြို့က ရွာတွေထိတယ်။ မြို့လှကရွာတွေထိတယ်။ ကမ်းနဘေးကရွာတွေထိတယ်။ ဆွာချောင်းဘေးက ဆည်နားကရွာတွေ ထိတယ်။ ခန့်မှန်းခြေလူဦးရေ အခုလောလောဆယ်ကို ရေတာရှည်မြို့နယ် မှာ လောလောဆယ် ဒုက္ခသည်ရေဘေးကယ်ဆယ်ရေး စခန်းကိုရောက်ခဲ့တာ သုံးထောင်ကျော်လောက်ရှိတယ်။ ဟုတ်ကဲ့။ ဆွာချောင်းဘေး စစ်တောင်းမြစ်ဘေးပေါ့နော်။ ရေတာရှည်မြို့နယ်ထဲက၊ နောက်ပြီးတော့ ရေတာရှည်မြို့နယ်ထဲမှာ နှစ်ယောက်သေ တယ်လေ။ နွားတွေ ဆွဲရင်းနဲ့ ရွှေ့ရင်းနဲ့ ချောင်းထဲပါသွားတာ။ ၂၉ရက်နေ့ မနက်က။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တောင်ငူမြို့နယ်မှာသာမက အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း မိုးများခဲ့တာကြောင့် ဒေသခံတောင်သူတွေဟာ စပါးရိတ်သိမ်းဖို့ အခက်အခဲတွေ့ကြုံနေရပါတယ်။ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာတော့ ရိတ်သိမ်းနေဆဲ တောင်ယာစပါးခင်းတွေ ပျက်ဆီးကုန်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးများပြီး ရေကြီးတာကြောင့် ကရင်ပြည်နယ်မှာ လူ ၃သောင်းကျော် ရေဘေးသင့်ခဲ့သလို မွန်ပြည်နယ်မှာတော့ လူ ၅ထောင်လောက် ရေဘေးသင့်ခဲ့ပါတယ်။ သူတို့တွေအတွက် အစိုးရက ယာယီကယ်ဆယ်ရေးစခန်း ၁၀၀ကျော် ဖွင့်လှစ်ပြီး ဒုသမ္မတကိုယ်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့ရပါတယ်။

ကိုမိုးဇော် (ဗွီအိုအေ)

မိုးစက်ဝိုင် နဲ့ ဂဏန်းစတိုင်



မော်စကိုရောက် အလှမယ် မိုးစက်ဝိုင်က မယ်စကြာဝဠာပြိုင်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Truth and Dare ဆိုတဲ့ ကစားနည်းအစီအစဉ်ကိုလည်း ကျော်ဖြတ်ရပါတယ်။

မေးခွန်းတခု ဖြေရ၊ ခိုင်းတာတခု လုပ်ပြရပါတယ်။ အဲဒါတွေအတွက် ဖန်အိုးထဲက မဲလိပ် နှိုက်ရပါတယ်။ မဲလိပ်တွေ ဖြေလိုက်တော့ တခုက
အရွယ်ရောက်လာရင် ဘာဖြစ်ချင်တယ်ဆိုပြီး ကလေးဘ၀က စဉ်းစားမိတာလေးကို ပြောပြပါ တဲ့။ ဒီတော့ မိုးစက်ဝိုင်က အခုလို ပြောပါတယ် ....

"ကျမရဲ့ငယ်ဘ၀မှာ လွှမ်းမိုးမှု အရှိဆုံးကတော့ ဆရာ/ဆရာမတွေပါပဲ။ ပြီးတော့ သူတို့ရဲ့ ဘ၀တွေကလည်း အေးရာအေးကြောင်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်"


မဲလိပ် နောက်တခုမှာတော့ crab walk လို့ ရေးထားပုံ ရပါတယ်။ ဂဏန်းလို လမ်းလျှောက်ခြင်း။

ဂဏန်းလို လျှောက်ပြရပါတယ်။ ရေးထားတာ နားမလည်ရင် အမှတ်လျော့ဖွယ် ရှိသလို မဲကျတဲ့အတိုင်း လိုက်မလုပ်ပြရင်လည်း အမှတ်ရမယ် မထင်ပါ။

မိုးစက်က လျှောက်ပြပါတယ်။
မိုးစက်တို့အတွက်၊ ဒီပွဲကို စောင့်ကြည့်နေတဲ့ ပရိသတ်များအတွက် ပျော်စရာကောင်းတဲ့ အစီအစဉ်လေး ဖြစ်မယ်လို့ ယူဆရပါတယ်။