Pages

Saturday, November 16, 2013

ထားထက်ထက်ရဲ့ Best National Costume ပြိုင်ပွဲဝင် ပုံရိပ်လွှာ

Miss Grand International 2013 မှာ နိုင်ငံပေါင်း ၈၀ ကျော်က မယ်တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ထားထက်ထက်ရဲ့ ချင်းမိုင်မြို့က Best National Costume မှာ Top 10 ဇကာတင် ပါဝင်ခဲ့ စဉ် ပြိုင်ပွဲဝင် ခြေလှမ်းတွေ ဖြစ်ပါတယ်။


 မြန်မာအလှမယ် ထားထက်ထက်၊ ဓာတ်ပုံ- လင်းသန့်/ ဧရာဝတီ

အခုဆို ထားထက်ထက်ဟာ ဘန်ကောက်မြို့မှာ မနက်ဖြန် ကျင်းပမယ့် ပြိုင်ပွဲတခုအတွက်လည်း ဒီကနေ့ အစမ်းလေ့ကျင့်မှုကို လုပ်ဆောင်ဖို့ ရှိပါတယ်။

































ဧရာဝတီ Blog

OIC အဖွဲ့ စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့အချို့နှင့် ပုသိမ်၊ ပဲခူး၊ ပခုက္ကူ၊ ကလေးမြို့များတွင် ပြည်သူထောင်ပေါင်း များစွာက OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြ


နိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောမြို့များသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်ခဲ့သည်ဟု သိရပြီး ၎င်းတို့၏ ခရီးစဉ်အပေါ် ရခိုင်ပြည်နယ် အတွင်းရှိ မြို့အချို့နှင့် ပုသိမ်၊ ပဲခူး၊ ပခုက္ကူ၊ ကလေးမြို့များတွင် ပြည်သူထောင်ပေါင်း များစွာက OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

OIC အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာကာ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် အတွင်းရှိ အကြမ်းဖက် မီးရှို့မှု ဖြစ်ပွားခဲ့သော ကျေးရွာများသို့ သွားရောက်ခဲ့ပြီး မြေပုံ၊ ပေါက်တောနှင့် စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

စစ်တွေလေယာဉ်ကွင်းရှေ့တွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး OIC ထွက်သွား၊ OIC အလိုမရှိဟု ကြွေးကြော်ခဲ့ကြကြောင်းနှင့် ဆန္ဒပြပွဲသို့ သံဃာတော်နှင့် လူအင်အား ၃၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမောင်နုက ''အခုကန့်ကွက်တာက OIC မြန်မာနိုင်ငံကို မလာဖို့၊ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့်မပေးဖို့၊ ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း အလိုမရှိ ဆိုတာကို ထုတ်ဖော်ပြသတာ ဖြစ်တယ်။ နယ်ချဲ့ဝါဒနဲ့ ပတ်သက်ရင် လုံးဝအလိုမရှိဘူး။ သူ့မှာနိုင်ငံ ဘယ်လောက်ပဲရှိစေ လုံးဝအလိုမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီတွေပဲ ရှိတယ်'' ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ၁၅ ရက်၌ ဆန္ဒပြရန် ခွင့်ပြုချက် မရသည့်အတွက် လူ ၂၀၀ ခန့်က အိုအိုင်စီကန့်ကွက်သည့် စာသားများ ရေးသားထားသော စာရွက်များကို ချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းများကို လွှင့်တင်ခဲ့ကြောင်းနှင့် တောင်ကုတ်မြို့တွင်လည်း ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် မှုများကြောင့် ရဲများက တားဆီးပိတ်ပင်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့မှ ဒေသခံတစ်ဦးကလည်း ''ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်ရတာက ၁၆ ရက် ဖြစ်နေတာကြောင့် မိုးပျံပူပေါင်းတွေမှာ OIC ကန့်ကွက်စာတွေ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ မနက်ဖြန်မှာ ငြိမ်းချမ်းစွာ စီတန်းဆန္ဒ ထုတ်ဖော်သွားဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။

OIC အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်တွေလေဆိပ်တွင် ခဏတာတွေ့ဆုံပြီး မောင်တောမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တွေ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မောင်တောမြို့သို့ နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် စစ်တွေမှတစ်ဆင့် ရဟတ်ယာဉ် နှစ်စင်းဖြင့် ရောက်ရှိလာရာ ဒေသခံတိုင်းရင်းသား ၃၀၀ ခန့်က OIC ကို အလိုမရှိကြောင်း ပိုစတာများ ကိုင်ဆောင်ကာ လမ်းမကြီးတစ်လျှောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ OIC အဖွဲ့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ်ဘာသာဝင် မော်လ၀ီများ အပါအ၀င် ဘင်္ဂါလီ ၃၀ ဦး၊ တိုင်းရင်းသား ၃၀ ဦးတို့နှင့် တစ်နာရီကြာ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖ ဦးထွန်းအေးသိန်းက ''OIC အဖွဲ့ လာရောက်တဲ့အခါမှာ ပြည်ထောင်စု ၀န်ကြီးတွေလည်းပါတယ်။ OIC အဖွဲ့ခေါင်းဆောင် ပြောတာကတော့ သူတို့ဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေမခံတဲ့အကြောင်း၊ ကူညီမှုသက်သက် ဖြစ်ကြောင်း ပြောတယ်။ ကျွန်တော်တို့ တင်ပြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိတဲ့အကြောင်း၊ ရိုဟင်ဂျာလို့ အမည်တပ်လာတာ ဟာလည်း ဒီမှာပြစ်မှု ကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ သူတွေက အမည်သစ်တစ်ခု တပ်လာတာ ဖြစ်ကြောင်းနဲ့ OIC အနေနဲ့ ရိုဟင်ဂျာ အမည်ကို အသုံးမပြုဖို့ ပြောခဲ့ပါတယ်။ နောက်တစ်ချက်က နိုင်ငံတကာ အကူအညီ ၀င်နေတာ အနှစ်၂၀ လောက်ရှိပြီ ဖြစ်ပေမယ့် တိုင်းရင်းသားတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာ မရှိဘူး။ အကူအညီလည်း မရဘူး။ ဒါကြောင့် OIC ကူညီဖို့အတွက် ၀င်လာဖို့ မလိုဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်တာ တွေဟာ မောင်တောဒေသမှာ ဘင်္ဂါလီ လူဦးရေ အဆမတန် များလာတာကြောင့် ဖြစ်တာ။ ဒါကြောင့် ကူညီမယ်ဆိုရင် လူဦးရေ ထိန်းချုပ်ဖို့မှာ ကူညီဖို့ ဖြစ်ကြောင်းနဲ့ ကူညီမယ် ဆိုရင်တောင် ညီညီမျှမျှ မကူညီရင် နောက်ထပ် ပြဿနာ ထပ်ဖြစ်လာမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်'' ဟု ပြောကြားသည်။

OIC အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကန့်ကွက်မှုများသည် အခြားမြို့ကြီးများ ဖြစ်သည့် ပုသိမ်၊ ပဲခူးနှင့် ပခုက္ကူ၊ ကလေးမြို့များတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး ရဟန်းရှင်လူ ထောင်ပေါင်းများစွာက ပါဝင်ဆန္ဒ ပြခဲ့ကြသည်ဟု သတင်းရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် သံဃာတော်များနှင့် ပြည်သူများ စုပေါင်း၍ OIC အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည့်အပေါ် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ ကျုံပျော်မြို့များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ သံဃာတော် အပါး ၃၀၀၀ ကျော်နှင့် ပြည်သူအင်အား ၅၀၀ ကျော်တို့မှ ပုသိမ်မြို့ လယ်တီကျောင်းတိုက်မှ စတင်စုဝေးကာ လှည့်လည်ခဲ့ပြီး ''OIC အလိုမရှိ''၊ ''OIC Get Out'' ၊ ''OIC ကို လက်မခံ'' ၊''OIC ကို ဖိတ်ခေါ်သူကို ဆန့်ကျင်ကြ'' စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ OIC ကို ကန့်ကွက်ကြောင်း လက်ကိုင်စာတမ်းများ ကိုင်ဆောင်လျက် တောင်းဆိုဆန္ဒ ပြခဲ့ကြောင်း သိရသည်။

''အခုလို ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ OIC ရုံး စိုက်တာကို အလိုမရှိဘူး။ မြန်မာ့ပြည်တွင်းရေးကို OIC မှ မဟုတ်ဘူး။ ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်တာကို လက်မခံဘူး။ မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အရေးကို တိုင်းရင်းသား အချင်းချင်းပဲ ဖြေရှင်းမယ်။ ပြီးတော့ ကိုယ့်အမျိုး ကိုယ်ဘာသာကို ထိန်းသိမ်းဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင်သန်းထိုက်က ပြောကြားသည်။

ပဲခူးမြို့တွင် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်မှစ၍ OIC ခရီးစဉ်နှင့် ပတ်သက်၍ သံဃာတော်အပါး ၁၀၀၀ ခန့်မှ ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုအား ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် ရန်ကုန်- မန္တလေး ကားလမ်းမမှ စတင်ပြီး ပဲခူးမြို့ တောင်ဘက်အထွက် ပင်စီလမ်းဆုံအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် ပရိယတ္တိ စာသင်တိုက်များမှ သံဃာတော်များသည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် OIC ရုံး ဖွင့်လှစ်ခြင်းအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ပေါ် စာသင်တိုက် အသီးသီးမှ သံဃာတော်များသည် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အလိုမရှိ၊ မြန်မာနိုင်ငံတွင် OIC အလံ အစိုက်မခံနိုင်ပါ၊ ဗုဒ္ဒဘာသာ၊ လူမျိုး၊ နိုင်ငံ ကာကွယ်စောင့်ရှောင့်ကြ၊ OIC ထွက်သွား အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ OIC ထွက်သွား၊ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် လက်မခံ၊ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်မခံ၊ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ကာကွယ်ကြ၊ ဘင်္ဂါလီ မွတ်စလင်များ မြန်မာနိုင်ငံမှ ထွက်သွား အစရှိသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ခဲ့ကြပြီး အမှတ် (၁) ရပ်ကွက် ၊ ဖောင်တော်ဦးဘုရား ပရိဝုဏ်အတွင်း စုရုံး၍ OIC ကန့်ကွက်ပွဲ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။

''OIC ရုံးဖွင့်မယ့် ကိစ္စကို ဦးဇင်းတို့က အမြဲကန့်ကွက်ခဲ့တယ်။ အခုလည်း ထပ်ပြီး ကန့်ကွက်တယ်။ အမျိုးဘာသာ၊ သာသနာကို ထိခိုက်စေတဲ့ ပြည်ပအဖွဲ့အစည်း တွေကိုပဲ ကန့်ကွက်သွားမှာ မဟုတ်ဘူး။ ပြည်တွင်းကနေ ထောက်ပံမှုတွေ လုပ်နေတဲ့ တခြားအဖွဲ့အစည်း တွေကို သံဃာထုကနေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်သွားမယ်'' ဟု ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ ဦးဝိဇယက မိန့်ကြားသည်။

အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အား ဆန့်ကျင် ဆန္ဒပြမှုကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင်လည်း နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ကျင်းပခဲ့သည်ဟု သိရသည်။

''OIC မြန်မာနိုင်ငံ လာရောက်တာကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရုံးဖွင့်ခွင့် တောင်းထားတာ ရှိတယ်။ မြန်မာနိုင်ငံတွင်း ဘယ်နေရာမှာမှ ရုံးခန်းမဖွင့် စေချင်ဘူး'' ဟု အဆိုပါပွဲကို ဦးဆောင်ခဲ့သူ ဦးဇေယျာက ပြောကြားသည်။

ကလေးမြို့တွင် ပြုလုပ်ခဲ့သည့် OIC ဆန့်ကျင် ဆန္ဒပြပွဲကို ရဟန်းရှင်လူ ၄၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။
Eleven Media Group

ကယ်ဆယ်ရေး နှောင့်နှေးမှု ဖိလစ်ပိုင်အစိုးရ တုန့်ပြန်

 ဖိလစ်ပိုင်နိုင်ငံ Tacloban မြို့ က မုန်တိုင်းဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)။
 ဖိလစ်ပိုင်နိုင်ငံ Tacloban မြို့ က မုန်တိုင်းဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)။
ဗွီအိုအေ (မြန်မာပိုင်း)
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း ဟိုင်ရန် တိုက်ခတ်ခဲ့ပြီး ၁ ပတ်ကျော် ကြာလာခဲ့ချိန် နိုင်ငံအလယ်ပိုင်းမှာ အပျက်အစီး အညစ်အကြေး အပိုင်းအစတွေ ကျန်ရစ်နေဆဲဖြစ်ပြီး လူတွေအများအပြား အကူအညီတွေ မရကြသေးသလို၊ တချို့လူတွေဆိုရင် အုန်းရေကိုသောက်ပြီး အသက်ဆက်နေကြရတယ်လို့ ကျန်းမာရေးအရာရှိတဦးက ပြောပါတယ်။ လူတွေသေကြေခဲ့ရတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့တာ တပတ်ကျော်လာခဲ့ပြီဖြစ်ပေမဲ့ လူ အတော်များများဟာ အကူအညီ အနည်းငယ်ပဲ ရတာ၊ ဒါမှမဟုတ် လုံးဝ မရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းသင့်သူတွေကို အကူအညီတွေ ဖြန့်ဝေပေးနေတဲ့အကြောင်း ခုခံ ပြောဆိုနေပါတယ်။ ခုလို အခြေအနေမျိုးမှာ အလျင်အမြန်ဆောင်ရွက် နိုင်ဖို့ဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Mar Roxas က ပြောပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန် ခံလိုက်ရတဲ့ Tacloban မှာ သောကြာနေ့က ပြည်ထဲရေးဝန်ကြီးက ပြောခဲ့တာမှာ ချက်ချင်း ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ ကြီးမားလွန်းပြီး လူတိုင်းဆီကို အကူအညီ ရောက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ တရားဝင် အရေအတွက်ဟာ အခုဆိုရင် သုံးထောင် ခြောက်ရာ နှစ်ဆယ့် တစ်ယောက် ရှိသွားပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အကြီးအကဲ Eduardo del Rosario က သတင်းထောက်တွေကို ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ရေတပ်ကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတွေကို ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန် USS George Washington လေယာဉ်တင် စစ်သင်္ဘောကြီးနဲ့အတူ ထောက်ပို့ရေယာဉ် ၇ စင်း ဟာ ရေနဲ့ အရေးပေါ် အကူအညီတွေကို Tacloban မြို့ကို စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။ 
VOA

အွန်လိုင်း အဆိုဝါသနာရှင် မေမြတ်မွန်(ရုပ်-သံ)

အွန်လိုင်းမှာ ၀ါသနာ အရ သီချင်းဗီဒီယိုတွေဆက်တိုက်တင်ပြီး လူပြောများနေတဲ့ မေမြတ်မွန် ရဲ့ ဗီဒီယို တစ်ပုဒ်ပါ


Post by Myanmar Models.
Myanmar Models

မြန်မာပြည်သင့်မြတ်ရေး ဆွေးနွေး အဖြေရှာဖို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း


Photo: မြန်မာပြည်သင့်မြတ်ရေး ဆွေးနွေး အဖြေရှာဖို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့နဲ့ တွေ့ဆုံစဉ်။ ( သတင်းဓာတ်ပုံ Credit-ဦးညိုအုန်းမြင့် Peace CenterFB)

အောင်ရဲ မောင်မောင် / VOA-15.11.2013

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားသူတွေကြား ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံ မှာ ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair ကပြောလိုက်ပါတယ်။
"အစွန်းရောက်ဝါဒကို တန်ပြန်ခြင်းနှင့် ဘာသာပေါင်းစုံ နားလည်မှု မြှင့်တင်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ဟောပြောရာမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူပြီးတော့ ဖြေရှင်းတဲ့ နေရာမှာ စိတ်ရှည်ရှည် သီးခံသွားကြဖို့ လိုတယ်လို့လည်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ က တိုက်တွန်းလိုက်ပါတယ်။

မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ ယုံကြည်မှုတွေ ရှိနေတဲ့လူတွေ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်သွားခဲ့တဲ့ မြောက်အိုင်ယာလန်ကိစ္စမှာ နမူနာ ယူလို့ရတဲ့အကြောင်း ၀န်ကြီးချုပ် တာဝန်ယူတဲ့  ၁၉၉၇ ကာလတွေမှာ မြောက်အိုင်ယာလန်မှာ ငြိမ်းချမ်းမှု ရလိမ့်မယ်လို့ တစ်ဦးတစ်ယောက်ကမှ ယုံကြည်မှု မရှိခဲ့တဲ့အကြောင်း၊ တစ်ပြည်ထောင်စနစ် သွားချင်တဲ့ သူရယ်၊ သမ္မတ နိုင်ငံတည်ထောင်ချင်တဲ့သူတွေရယ်နဲ့ သူတို့တွေဟာ အဆောက်အဦး တစ်ခုထဲ မှာ အခန်းတစ်ခန်းထဲမှာတောင် အတူတူ ထိုင်လို့မရကြတဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့လည်း တာဝန်က မထွက်ခွာခင် ၂ လ အလိုမှာ အံ့သြစရာကောင်းလောက်အောင် မယုံကြည်နိုင်စရာ တွေ့လိုက်ရတာကတော့ အဲဒီ အုပ်စု ၂ စု ရဲ့ ခေါင်းဆောင်တွေက အခန်းတစ်ခန်းထဲမှာ အတူတူ ထိုင် သွားနိုင်တာကို တွေ့ရတယ်။ ဒါကြောင့်လည်း မတူညီတဲ့ ဘာသာ ယာဉ်ကျေးမှုတွေ အယူဝါဒ ပြဿနာတွေ ဖြစ်နေတာ မြန်မာနိုင်ငံတစ်ခုထဲမှာ မဟုတ်ပဲ နေရာတိုင်းမှာ ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း က ပြောဆိုသွားတာ ဖြစ်ပါတယ်။

အစွန်းရောက်ဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေထပ် မဖြစ်အောင်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစကားဝိုင်းတွေ များများလုပ်ပါ လို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

"အစွန်းရောက်သူတွေ ဟာ ဘာသာတိုင်းမှာ ရှိပါတယ်။ ဗုဓ္ဒဘာသာမှာ ရှိသလို ခရှစ်ရှန်မှာ၊ ဟိန္နူဘာသာမှာ၊ မွတ်စလင်ဘာသာတွေမှာလည်း ရှိတဲ့အကြောင်း ဒါပေမဲ့ ကျနော် တို့ အနေနဲ့ မတူညီ တဲ့ ဘာသာဝင်တွေ အတွက် ဘာသာပေါင်းစုံ ချစ်ကြည်မှု ဆိုင်ရာ စကားဝိုင်းတွေ ဖန်တီးပြီး ပေါင်းကူးပေးနိုင်ဖို့ လိုတဲ့အကြောင်း ဒါမှသာ မတူတဲ့ ဘာသာတွေ ထဲက တန်ဖိုးတွေ၊ ပေါင်းကူးမှုတွေ၊ အယူအဆတွေကို သေချာ ကွဲကွဲပြားပြားနားလည် သဘော ပေါက်လာနိုင်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကပြောဆိုသွားခဲ့ပါတယ်။

၂၁ ရာစုမှာ မတူညီတဲ့ ယဉ်ကျေးမှု မတူညီတဲ့ အယူဝါဒတွေ အကြား ဘယ်လို ငြိမ်းချမ်းစွာနေထိုင်ကြမလဲ ဆိုတာက အရေးပါဆုံးသော ကိစ္စတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

၂၁ ရာစု မှာ အဓိကအကြီးမားဆုံး စိန်ခေါ်မှုကတော့ မတူတဲ့ ဘာသာဝင်တွေ အကြား အတူတူ ဘယ်လိုယှဉ်တွဲနေထိုင်နိုင်ကြမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီကိစ္စတွေဟာ ပါလက်စတိုင်းမှာလို  အရှေ့အလယ်ပိုင်းဒေသတွေမှာလည်း ရှိသလို ဗြိတိန်မှာလည်း ရှိနေတယ်ဆိုတာ သူ့အတွေ့အကြုံတွေ အရပြောနိုင်ပါတယ်။ လန်ဒန်လို မြို့ကြီးတွေ မှာလည်း မတူညီ တဲ့ ယဉ်ကျေးမှု နဲ့ ယုံကြည်မှု တွေရှိနေတယ်ဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။

မစ္စတာ တိုနီဘလဲဟာ သူရဲ့ ဟောပြောပွဲ အတွင်းမှာ သူကြုံတွေခဲ့ရတဲ့ မြောက်အိုင်ယာလန် ဖြစ်စဉ် နဲ့ ပါလက်စတိုင်း က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ သင်ခန်းစာ ယူနိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ တိုနီသလဲ တင်ပြသွားတဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ ငြိမ်းချမ်းရေး နာမှုနာ ပုံစံ၊ လူမျိုးရေး အသွင်ဆောင် အကြမ်းဖက်မှုတွေထဲက ကောင်းတဲ့ သင်ခန်းစာတွေကို ယူ ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာအကြီးတန်း အကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင် က ဗွီအိုအေ ကိုပြောပါတယ်။

"ကျနော်တို့ရဲ့ ကိုယ်ပိုင် Model တွေကို ချဖို့၊ ကိုယ်ပိုင် Opprove တွေကို ချဖို့အတွက် နည်းလမ်းကောင်းတွေ၊ အကြံညဏ်ကောင်းတွေ ရတယ်လို့ပဲ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲဟာ သူ့ရဲ တိုနီဘလဲ ဖောင်ဒေးရှင်း အစီအစဉ်အရ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာကို မေးမြန်းကြည့်တဲ့အခါမှာလည်း ဒီနှစ်ထဲမှာ ၀န်ကြီးဦးအောင်မင်းက အိုင်ယာလန် နိုင်ငံနဲ့အင်္ဂလန်နိုင်ငံတွေ ကို သွားရောက်ခဲ့စဉ်က သူ့ကို မြန်မာပြည်လာရောက်ဖို့ ဖိတ်ကြားချက်အရ လာရောက်တာဖြစ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလိုငြိမ်းချမ်းရေး နဲ့ လူမျိုးရေး ဘာသာရေး နဲ့ ပတ်သက်ပြီး သူကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ဟောပြောပေးတာ ဖြစ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး
စင်တာက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ကပြောဆိုခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့နဲ့ တွေ့ဆုံစဉ်။ ( သတင်းဓာတ်ပုံ Credit-ဦးညိုအုန်းမြင့် Peace CenterFB)

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားသူတွေကြား ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံ မှာ ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair ကပြောလိုက်ပါတယ်။
"အစွန်းရောက်ဝါဒကို တန်ပြန်ခြင်းနှင့် ဘာသာပေါင်းစုံ နားလည်မှု မြှင့်တင်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ဟောပြောရာမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူပြီးတော့ ဖြေရှင်းတဲ့ နေရာမှာ စိတ်ရှည်ရှည် သီးခံသွားကြဖို့ လိုတယ်လို့လည်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ က တိုက်တွန်းလိုက်ပါတယ်။

မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ ယုံကြည်မှုတွေ ရှိနေတဲ့လူတွေ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်သွားခဲ့တဲ့ မြောက်အိုင်ယာလန်ကိစ္စမှာ နမူနာ ယူလို့ရတဲ့အကြောင်း ၀န်ကြီးချုပ် တာဝန်ယူတဲ့ ၁၉၉၇ ကာလတွေမှာ မြောက်အိုင်ယာလန်မှာ ငြိမ်းချမ်းမှု ရလိမ့်မယ်လို့ တစ်ဦးတစ်ယောက်ကမှ ယုံကြည်မှု မရှိခဲ့တဲ့အကြောင်း၊ တစ်ပြည်ထောင်စနစ် သွားချင်တဲ့ သူရယ်၊ သမ္မတ နိုင်ငံတည်ထောင်ချင်တဲ့သူတွေရယ်နဲ့ သူတို့တွေဟာ အဆောက်အဦး တစ်ခုထဲ မှာ အခန်းတစ်ခန်းထဲမှာတောင် အတူတူ ထိုင်လို့မရကြတဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့လည်း တာဝန်က မထွက်ခွာခင် ၂ လ အလိုမှာ အံ့သြစရာကောင်းလောက်အောင် မယုံကြည်နိုင်စရာ တွေ့လိုက်ရတာကတော့ အဲဒီ အုပ်စု ၂ စု ရဲ့ ခေါင်းဆောင်တွေက အခန်းတစ်ခန်းထဲမှာ အတူတူ ထိုင် သွားနိုင်တာကို တွေ့ရတယ်။ ဒါကြောင့်လည်း မတူညီတဲ့ ဘာသာ ယာဉ်ကျေးမှုတွေ အယူဝါဒ ပြဿနာတွေ ဖြစ်နေတာ မြန်မာနိုင်ငံတစ်ခုထဲမှာ မဟုတ်ပဲ နေရာတိုင်းမှာ ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း က ပြောဆိုသွားတာ ဖြစ်ပါတယ်။

အစွန်းရောက်ဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေထပ် မဖြစ်အောင်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစကားဝိုင်းတွေ များများလုပ်ပါ လို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

"အစွန်းရောက်သူတွေ ဟာ ဘာသာတိုင်းမှာ ရှိပါတယ်။ ဗုဓ္ဒဘာသာမှာ ရှိသလို ခရှစ်ရှန်မှာ၊ ဟိန္နူဘာသာမှာ၊ မွတ်စလင်ဘာသာတွေမှာလည်း ရှိတဲ့အကြောင်း ဒါပေမဲ့ ကျနော် တို့ အနေနဲ့ မတူညီ တဲ့ ဘာသာဝင်တွေ အတွက် ဘာသာပေါင်းစုံ ချစ်ကြည်မှု ဆိုင်ရာ စကားဝိုင်းတွေ ဖန်တီးပြီး ပေါင်းကူးပေးနိုင်ဖို့ လိုတဲ့အကြောင်း ဒါမှသာ မတူတဲ့ ဘာသာတွေ ထဲက တန်ဖိုးတွေ၊ ပေါင်းကူးမှုတွေ၊ အယူအဆတွေကို သေချာ ကွဲကွဲပြားပြားနားလည် သဘော ပေါက်လာနိုင်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကပြောဆိုသွားခဲ့ပါတယ်။

၂၁ ရာစုမှာ မတူညီတဲ့ ယဉ်ကျေးမှု မတူညီတဲ့ အယူဝါဒတွေ အကြား ဘယ်လို ငြိမ်းချမ်းစွာနေထိုင်ကြမလဲ ဆိုတာက အရေးပါဆုံးသော ကိစ္စတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

၂၁ ရာစု မှာ အဓိကအကြီးမားဆုံး စိန်ခေါ်မှုကတော့ မတူတဲ့ ဘာသာဝင်တွေ အကြား အတူတူ ဘယ်လိုယှဉ်တွဲနေထိုင်နိုင်ကြမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီကိစ္စတွေဟာ ပါလက်စတိုင်းမှာလို အရှေ့အလယ်ပိုင်းဒေသတွေမှာလည်း ရှိသလို ဗြိတိန်မှာလည်း ရှိနေတယ်ဆိုတာ သူ့အတွေ့အကြုံတွေ အရပြောနိုင်ပါတယ်။ လန်ဒန်လို မြို့ကြီးတွေ မှာလည်း မတူညီ တဲ့ ယဉ်ကျေးမှု နဲ့ ယုံကြည်မှု တွေရှိနေတယ်ဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။

မစ္စတာ တိုနီဘလဲဟာ သူရဲ့ ဟောပြောပွဲ အတွင်းမှာ သူကြုံတွေခဲ့ရတဲ့ မြောက်အိုင်ယာလန် ဖြစ်စဉ် နဲ့ ပါလက်စတိုင်း က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ သင်ခန်းစာ ယူနိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ တိုနီသလဲ တင်ပြသွားတဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ ငြိမ်းချမ်းရေး နာမှုနာ ပုံစံ၊ လူမျိုးရေး အသွင်ဆောင် အကြမ်းဖက်မှုတွေထဲက ကောင်းတဲ့ သင်ခန်းစာတွေကို ယူ ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာအကြီးတန်း အကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင် က ဗွီအိုအေ ကိုပြောပါတယ်။

"ကျနော်တို့ရဲ့ ကိုယ်ပိုင် Model တွေကို ချဖို့၊ ကိုယ်ပိုင် Opprove တွေကို ချဖို့အတွက် နည်းလမ်းကောင်းတွေ၊ အကြံညဏ်ကောင်းတွေ ရတယ်လို့ပဲ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲဟာ သူ့ရဲ တိုနီဘလဲ ဖောင်ဒေးရှင်း အစီအစဉ်အရ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာကို မေးမြန်းကြည့်တဲ့အခါမှာလည်း ဒီနှစ်ထဲမှာ ၀န်ကြီးဦးအောင်မင်းက အိုင်ယာလန် နိုင်ငံနဲ့အင်္ဂလန်နိုင်ငံတွေ ကို သွားရောက်ခဲ့စဉ်က သူ့ကို မြန်မာပြည်လာရောက်ဖို့ ဖိတ်ကြားချက်အရ လာရောက်တာဖြစ်ပြီးတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလိုငြိမ်းချမ်းရေး နဲ့ လူမျိုးရေး ဘာသာရေး နဲ့ ပတ်သက်ပြီး သူကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ဟောပြောပေးတာ ဖြစ်တယ်လို့လည်း မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး
စင်တာက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ကပြောဆိုခဲ့ပါတယ်။

အောင်ရဲ မောင်မောင် / VOA-15.11.2013

ပဲခူးတွင်OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်

 
ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်၊ ၀င်္ဂဘာလမ်းရှိ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တဥက္ကံသလင်္ကာရ ဦးဆောင်၍ ပဲခူးမြို့ရှိ အောင်ဇေယျကျောင်း၊သာ
သနာ မဏ္ဍိုင်ပါဌိတက္ကသိုလ် ကျောင်းတိုက်၊ သီတဂူကျောင်းတိုက်၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်တို့မှသံဃာတော်များနှင့်မြို့နေပြည်သူများ စုစုပေါင်းအင်အား (၈၀၀)ခန့်သည်(၁၅.၁၁.၂၀၁၃)နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် OIC အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် ခဲ့ပါသည်။

အဆိုပါ ဆန္ဒပြ သူများသည် ချမ်းမြေ့ဇေယျာကျောင်းတိုက်မှ ပဲခူးပင်စည်ဈေးအထိ ရန်ကုန်-မန္တလေး မင်းလမ်းအတိုင်း ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ စီတန်းလှည့်လည်ပြီး OICအဖွဲ့မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ကန့်ကွက်ကြောင်း၊ OICအလိုမရှိ၊ ခိုးဝင်ဘဂါင်္လီများ အစ္စလာမ်မစ်နိုင်ငံများမှ အမြန်ဆုံးခေါ်ယူပါဟု ကြွေးကြော်သံများနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲမှာ ညနေ(၃း၀၀)အချိန်ခန့်တွင် ပြီးဆုံးသွားပြီး သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့အသီးသီး ပြန်လည်ထွက်ခွာသွား ပါသည်။

ကိုသန့် ဇင်
by Thit Htoo lwin

လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ ရက်ညက ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား


နိုဝင်ဘာ ၁၄ ရက်ညနေ ၃ နာရီက မိုးကြိုးပြင်ရွာတောင်ထိပ်ရှိ ရဲကင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်


နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့သော
ရဲတပ်ဖွဲ့ဝင်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်
Friday, 15 November 2013 05:50
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ရက် ညပိုင်းက ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်သဖြင့် ရွာသားခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကာ ဒေသခံများ၏ ပြန်လည်တုံ့ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးလည်း ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးကြိုပြင်တောင် ရွာထိပ်မှ သံဆူးကြိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ စခန်းချထားသည့် နေရာမှရွာထဲသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''စုစုပေါင်း ၂၇ ချက်လောက် ရှိမယ်ထင်တယ်။ ရွာအစပ်က အိမ်တစ်အိမ်မှာ ၀ါးလုံးတားပြီး တောင်းဆိုနေကြတဲ့ လူခုနစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက မိုးကြိုးပြင်တောင်ရွာ အုပ်စုအောက်က ကန်လေးကုန်းရွာက စိုးပြည့်အောင်ရယ် မိုးကြိုးပြင်ရွာက မအေးဆန်း၊ ကိုဘိုနီ၊ ကိုထွန်းအေး၊ ကိုဖိုးဆီ၊ ကိုသက်မောင်နဲ့ ဦးမှိုင်းတို့ပါ'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာသို့ ရဲကား ၁၇ စီး၊ လုံထိန်းအင်အား ၄၀၀ ၀န်းကျင် ခန့် လာရောက်ခဲ့ကြောင်း သိရသည်။ '' ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်'' ဟု မိုးကြိုးပြင်တောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်...

မုရွာဆေးရုံတွင် လာရောက်ကုသသော ရဲတပ်ဖွဲ့ဝင်များမှာ ဒုရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ်ဝေလင်း၊ ဒုတပ်ကြပ်ဂျိုးဆက်၊ ဒုတပ်ကြပ်ထွန်းလှိုင်ဦး၊ ဒုတပ်ကြပ်ကျော်မင်းဦး၊ တပ်သားညီမျိုးထွန်း၊ တပ်သားကျော်ဇာနည်၊ တပ်သားကြံအောင်၊ တပ်သားစောမောင်နိုင် တို့ဖြစ်ပြီး စိုးရိမ်ရသော ဒဏ်ရာမရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းကို ည ၁၁ နာရီဝန်းကျင်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

''ဒဏ်ရာရတဲ့ ရဲကိုးဦး မုံရွာဆေးရုံကို ည ၁၀ နာရီကျော်လောက်က ရောက်လာပါတယ်။ တစ်ယောက်ကိုတော့ အတွင်းလူနာအဖြစ် ထားရတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်က ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှာ ဖြစ်သွားတဲ့အတွက် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်တော့်အနေနဲ့ ဖြစ်စဉ်အသေးစိတ် ကိုတော့ မသိရပါဘူး'' ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက နိုဝင်ဘာ ၁၅ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းမဘေး မိုးကြိုးပြင်တောင် ရွာထိပ်တွင် လုံခြုံရေးအ ဖွဲ့အစည်းများမှ သံစူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုး ကိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ မှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ လမ်းပိတ်ဆို့ ထားခြင်းနှင့် ပတ်သက်ပြီး အခြေအတင် စကားများခဲ့ရာ လုံခြုံရေးအင်အား များစွာဖြင့် တားဆီးပိတ်ပင် ခဲ့ကြောင်း၊ ယာခင်းပိုင်ရှင် စာရင်းပေးရန်နှင့် ထိုသူများသာ ယာခင်းထဲသို့ ၀င်ခွင့်ပြုမည် ဆိုသောကြောင့် ဒေသခံများမှ လက်မခံဘဲ အတားအဆီးများအား ဖယ်ရှားပေးရန် ဆက်လက်တောင်းဆို ခဲ့ကြသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ကျော်က အဆိုပါပဋိပက္ခ ဖြစ်ပွားရာ မိုးကြိုးပြင်တောင်ရွာထိပ်သို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး လာရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ ဖြေရှင်းပေးသော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။ ဒေသခံများမှ ရွာထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ ၀င်များအား ဖယ်ရှားရှင်းလင်းပေးရန်၊ နိုဝင်ဘာ ၁၂ ရက်က မိုးကြိုးပြင်တောင်ရွာမှ ဦးသန်းမြင့်အား ဖမ်းဆီးထားမှုကို ပြန်လွှတ်ပေးရန် စသည့်အချက်များကို ဖြေရှင်းပေးရေး ၀န်ကြီးထံ တောင်းဆိုခဲ့ကြသည်။

ထိုကဲ့သို့ နယ်စပ်ရေးရာ ၀န်ကြီးနှင့် ဒေသခံများ အပြန်အလှန် ပြောဆိုမှုမှာ မွန်းလွဲပိုင်းအချိန်ထိ ကြာမြင့်ခဲ့ပြီး ဒေသခံများ၏ တောင်းဆိုမှုများအား မည်သို့မျှ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကြိုးပြင်တောင်ရွာထိပ်မှ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း၊ ဒေသခံများမှာ အဆိုပါနေရာတွင် ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး၏ MOI Webportal Myanmar Facebook တွင် လုံခြုံရေးရဲကင်းအား ရွာသား ၈၀ ခန့်က လာရောက်ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်ပစ်ပေါက် ခဲ့ကြသဖြင့် အကြမ်းဖက်မှု ထပ်မံမဖြစ်ပွား စေရေးအတွက် ရဲစခန်းမှ အသံမြည်ဗျောက်အိုးများ ဖောက်၍ ကာကွယ်ပစ်ခတ် ခဲ့ကြောင်း၊ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ကြသဖြင့် ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့် ခုနစ်ဦး ပေါင်းကိုးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်း လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
Sa Maung (Facebook)

OIC ရုံးမစိုက်ရေးအတွက် လူအင်အား ၁၀၀၀နီးပါး ဆန္ဒထုတ်ဖော်



ရန်ကုန်၊ နိုဝင်ဘာ ၁၅။

ရှရီရာဥပဒေ(အစ္စလာမ်မစ်ဥပဒေ)ကို တပြေးညီ လိုက်နာသည့် ကမ္ဘာ့နိုင်ငံ ၅၇နိုင်ငံဖြင့် ဖွဲ့စည်းထား
သော အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကို မြန်မာနိုင်ငံတွင် လာရောက်ရုံးအခြေ မစိုက်နိုင်ရေးအတွက် နိုဝင်ဘာလ ၁၅ရက်နေ့က ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေဘုရားရှေ့သို့ လူအင်အား ၁၀၀၀ နီးပါးခန့်ဖြင့် ယနေ့ နေ့လယ် ၂နာရီအချိန်ခန့်က ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

OIC ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ရဟန်းသံဃာ ၂၅၀ကျော်နှင့် လူထုအင်အား ၅၀၀ကျော်ခန့်တို့က ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ် ပြီး၊ လက်ရှိတွင် OIC အဖွဲ့ဝင် ၇ဦးသည်ရခိုင်ပြည်နယ်သို့ရောက်ရှိနေကာ ရုံးခွဲဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကမိန့်ကြားသည်။

“သူတို့နိုင်ငံဥပဒေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေက နိုင်ငံသားတွေကို ကာကွယ် ပေးနိုင်မှုမှာ အားနည်းနေတယ်။ ကျွန်တော်တို့နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံ အဖြစ် ကြွေးကြော်နိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှ သာ ဖြစ်နိုင်မယ်”ဟုအမျိုးသားဘာသာသာ သနာစောင့်ရှောက်ရေး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ရှေ့နေဦးအေးပိုင်ကပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်၍ ပြည်တွင်းရေးကို OIC နိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခြင်း ရုံးစိုက်ရန် ကြိုးစားခြင်း များကို မြန်မာပြည်သူများက လုံးဝလက်မခံကြောင်း၊OIC နိုင်ငံများမှ လက်ခံကျင့်သုံးနေသော ရှရီရာဥပဒေ (အစ္စလာမ်မစ် ဥပဒေ) ကို မြန်မာနိုင်ငံတွင် သွတ်သွင်းကျင့်သုံး ရန်ကြိုးပမ်းမည့်အရေးကို လုံးဝလက်မခံကြောင်း၊ အစ္စလာမ်ဘာသာဝင်များအကျိုးကိုအကြောင်းပြပြီး မြန်မာ နိုင်ငံအတွင်း အထူးသဖြင့် ရခိုင်ဒေသတွင် OIC အခြေစိုက်၍ နယ်မြေသိမ်းယူမည့်အခြေအနေမျိုးကို မြန်မာပြည်သူများမှ လုံးဝလက် မခံသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ပြန့်ပွားရေးနှင့် လူဦးရေပြန့် ပွားရေးဆောင်ရွက်မည့်အခြေအနေများကို မြန်မာပြည် သူများက လုံးဝလက်မခံကြောင်းနှင့် နိုင်ငံတော် သမ္မတမှာ မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် ခွင့်မပြုဟူသော ကြေညာချက်ကို မြန်မာ ပြည်သူများက ထောက်ခံကြောင်း တို့ကို ထုတ်ပြန်ခဲ့ကြသည်။
OIC နိုင်ငံများဝင်ရောက်စွက်ဖက်မှုကို လုံးဝလက်မခံရန် နိုင်ငံတော်အစိုးရအား တောင်းဆိုခြင်း၊ မြန်မာ တိုင်းရင်းသား ရခိုင်ဒေသတွင် ရခိုင် တိုင်းရင်းသားများ စိုးရိမ်ကြောင့်ကျစွာ နေထိုင်နေရမှုကို ရနိုင်သည့်နည်းလမ်းဖြင့် လုံခြုံရေး အပြည့် အ၀ ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အ တွက် ဘာသာပြန့်ပွားရေး လူဦးရေတိုးပွားရေးကို အစီအစဉ်ချ၍ အဓမ္မဆောင်ရွက်
နေမှုကို ဥပဒေ နှင့်အညီ ကာကွယ်ပေးရန်၊ နိုင်ငံအတွင်းသို့ ဥပဒေမဲ့ခိုးဝင်လာသူများကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် အညီတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးအရေးယူခြင်း မူရင်းနိုင်ငံသို့ပြန်ပို့ခြင်းများကို စီမံချက်ဖြင့် ဆောင်ရွက်ပေးရန်နှင့် ဥပဒေမဲ့ခိုးဝင်လာသည့် အစ္စလာမ် ဘာသာဝင်များကို ပြန်ခေါ်သွားရန် OIC အား တောင်းဆိုခြင်းဟူ၍ တောင်းဆိုချက် ၅ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၆ရက်၊ နံနက် ၇နာရီ မိနစ် ၃၀အချိန်မှ နေ့လယ် ၁၁နာရီအချိန်ထိ မင်္ဂလာဒုံလေဆိပ်တွင်ဆက်လက် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး၊ ပြည်တွင်း၌ OIC ရုံးမစိုက်ရေးနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၁၅ရက်နေ့က တစ်နိုင်ငံလုံးနီးပါး ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

ရေးသားသူ-သက်သက်မိုးသူ၊ ကြည်ပြာ
တည်းဖြတ်-အိမွန်ကျော်

People power

ဘို​က​လေး​တွင် ​လယ်​သ​မား​အ​ချို့ ​နေ​ထိုင်​ရေး​အ​ခက်​တွေ့

 
ဧ​ရာဝ​တီ​တိုင်း ​ဘို​က​လေး​မြို့​နယ်​အ​တွင်း ​ကျေး​ရွာ​တ​ခု​က ​လယ်​သ​မား​တွေ​ဟာ ​သူ​တို့​ခို​လှုံ​ရာ ​စား​ကျက်​မြေ​ပေါ်​မှာ​ဆက်​လက်​နေ​ထိုင် ​စိုက်​ပျိုး​ခွ​င့်​ရ​ရေး​အ​တွက် ​မြို့​နယ်​အာ​ဏာ​ပိုင်​ထံ ​အ​ကူ​ညီ​တောင်း​ခံ​ခဲ့​ကြ​ပါ​တယ်။

ဧ​ ရာဝ​တီ​တိုင်း ​ဘို​က​လေး​မြို့​အ​ပိုင် ​မြင်း​က​ကုန်း​ကျေး​ရွာ​အုပ်​စု​ကွင်း​ကြီး ​ကျေး​ရွာ ​ကျွဲ​စား​ကျက်​မြေ​မှာ ​လုပ်​ကိုင်​စား​သောက်​တဲ့ ​ဆင်း​ရဲ​သား​လယ်​သ​မား​တွေ​ဟာ ​သူ​တို့​ကို ၀င်​ရောက်​မ​စိုက်​ပျိုး​၊ ​မ​နေ​ထိုင်​ဖို့ ​မောင်း​ထုတ်​ခံ​ရ​တဲ့ ​ကိ​စ္စ​ကို ​ဖြေ​ရှင်း​ပေး​ဖို့ ​ဘို​က​လေး​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး​ထံ ​တင်​ပြ​ကြ​ပါ​တယ်။

 ကျွဲ​စား​ကျက်​မြေ ​ဧ​က ၁၀၀ ​လောက်​ကို ​အ​ရင်​အ​စိုး​ရ​လက်​ထက်​က ​သိမ်း​ဆည်း​ခဲ့​ပြီး ​စား​ကျက်​မြေ​အ​ဖြစ် ​ပြန်​လည်​ချ​ပေး​ရာ​မှာ ​ဆင်း​ရဲ​သား​လယ်​သ​မား​တွေ​က ​တ​ယောက်​ကို ၁ ​ဧ​က၊ ၂ ​ဧ​က ၀င်​ရောက်​လုပ်​ကိုင်​စား​သောက်​နေ​တာ​ဖြစ်​ပြီး ​လူ​ပု​ဂ္ဂိုလ်​တ​ဦး​က ​ဆက်​မ​လုပ်​တော့​ဖို့ ​တုတ်၊ ​ဓား​တွေ​နဲ့ ​အုပ်​စု​ဖွဲ့​ခြိမ်း​ခြောက်​တယ်​လို့ ​ဆို​ပါ​တယ်။

ဒီ​စား​ကျက်​ မြေ​ဟာ ​သူ​တို့​ပိုင် ​မြေ​မ​ဟုတ်​ပေ​မ​ယ့် ​ဒီ​မြေ​ပေါ်​မှာ ​တဲ​အိမ်​ငယ်​တွေ ​ထိုး​ပြီး ​နေ​ထိုင်​အ​သက်​မွေး​နေ​ကြ​ကြောင်း​နဲ့ ​ဆက်​လက်​နေ​ထိုင်​ခွင့်​ရ​ရေး​အ​တွက် ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​ထံ ​တင်​ပြ​ကြ​တာ​လို့ ​ဆို​ပါ​တယ်။

ခြိမ်း​ခြောက်​မောင်း​ထုတ်​ခံ​ရ​ တဲ့ ​လယ်​သူ​မ​တ​ဦး​က “​ကျွဲ​စား​ကျက်​ရဲ့ ​မြေ​ကို ​သူ​တို့​မြေ​ပါ​ဆို​ပြီး ​ဓား​ကြိမ်း​ကြိမ်း​တာ​ပါ” ​လို့ ​ပြော​ပါ​တယ်။

 တိုင်​တန်း​ရာ​မှာ​ပါ​တဲ့ ​ဦး​လှဝင်း​က ​ဒီ​စား​ကျက်​မြေ​ဟာ ​အ​ရင်​ကာ​လ​တုန်း​က ​လယ်​သ​မား​တွေ ​လုပ်​ကိုင်​စား​သောက်​နေ​တဲ့ ​မြေ​ဖြစ်​ပြီး ​အ​ရင်​အ​စိုး​ရ​လက်​ထက်​မှာ ​အ​ထွေ​ထွေ​အုပ်​ချုပ်​ရေး​ပိုင်း​က ​ဧ​က ၁၀၀ ​ကို ​ရ​ယူ​ပြီး​လုပ်​နေ​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

ဒါ​ပေ​မ​ယ့် ​လက်​ရှိ​အ​စိုး​ရ​သစ် ​လက်​ထက်​မှာ ​ဒီ​မြေ​ဧ​က​တွေ​ကို ​ထွေ​အုပ်​လက်​အောက်​က ​လွတ်​မြောက်​တဲ့​အ​တွက် ​စား​ကျက်​မြေ​မှာ ၀င်​လုပ်​ကြ​တာ​လို့ ​ဆို​ပါ​တယ်။

မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​ကို ​ဒီ​က​နေ့ ​တိုင်​တန်း​တဲ့​အ​ခါ ​အ​ဆင်​မ​ပြေ​ဘူး​လို့ ​လယ်​သ​မား ​ဦး​လှဝင်း​က ​ရှင်း​ပြ​ပါ​တယ်။

“ ​အုပ်​ချုပ်​ရေး​မှူး​ကို ​တင်​ပြ​တဲ့​အ​ချိန်​မှာ ​ဒီ​ဟာ​က ​စား​ကျက်​မြေ​ဖြစ်​တဲ့​အ​တွက် ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​နဲ့ ​ပြန်​ညှိ​ပါ​တဲ့​။ ​ကျ​နော်​တို့​က ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​ပြန်​ညှိ​ပြန်​တော့​လည်း ​သူ​တို့​က ​မြို့​နယ်​က ​လုပ်​မ​ပေး​လို့​ရှိ​ရင် ​ဘာ​တ​ခု​မှ ​သူ​က ​လုပ်​ပေး​လို့ ​မ​ရ​ဘူး​တဲ့​ဆို​ပြီး​တော့ ​မြို့​လွှဲ​လိုက်၊ ​တော​လွှဲ​လိုက်​နဲ့​ပဲ ​ကျ​နော်​တို့​က ​နေ​ရ​ပါ​တယ်။”

တိုင်​တန်း​ရာ​မှာ ​ပါဝင်​တဲ့ ​ဦး​အုန်း​ကျော်​က ​ဒီ​စား​ကျက်​မြေ​မှာ ​နေ​ထိုင်​ရ​တာ​ဟာ ​တ​ခြား​မှာ ​နေ​စ​ရာ​မ​ရှိ​လို့ ​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

“၁၉၉၃ ​ခု​နှစ်​က ​ကျ​နော်​ဆို​ရင် ​စ​ပါး​တာဝန်​မ​ကျေ​မှု ​ဖြစ်​ခဲ့​လို့ ​ဘို​က​လေး​မြို့​နယ်​မှာ ​ထောင်​ကျ​ခဲ့​ပါ​တယ်။ ​မြင်း​က​ကုန်း ​ရဲ​စ​ခန်း​အ​ပိုင်​က​နေ​ပြီး ​ဘို​က​လေး​မြို့​နယ်​တ​ရား​သူ​ကြီး ​ဦး​ထွန်း​ဖြူ​က​နေ ​အ​မိန့်​ချ​မှတ်​ခဲ့​လို့ ​ထောင်​ဒဏ် ၁ ​နှစ် ​ကျ​ခံ​စေ​ခဲ့​ပါ​တယ်။ ​ကျ​နော်​တို့ ​မိ​သား​စု​တွေ​က ​ဆင်း​ရဲ​ဒု​က္ခ ​နွမ်း​ပါး​တဲ့​အ​တွက် ​နေ​ရာ​စာ​မ​ရှိ​လို့ ​စား​ကျက်​မြေ​ထဲ​မှာ ၀င်​ရောက် ​ခို​လှုံ​နေ​ပါ​တယ်။”

ဒီ​ကိ​စ္စ​ကို ​ရဲ​စ​ခန်း​ကို ​တိုင်​ကြား​တုန်း​က​လည်း ​ရဲ​အ​ရေး​ပိုင်​တဲ့ ​ကိ​စ္စ​မ​ဟုတ်​တဲ့​အ​တွက် ​အ​မှု​လက်​မ​ခံ​သ​လို ​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှူး​က ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​ကို ​ညွှန်း​ဆို​ခဲ့​ပါ​တယ်။

ဒါ​ ကြော​င့် ​သူ​တို့​ရဲ့ ​နေ​ထိုင်​စား​သောက်​ရေး​အ​တွက် ​ဘယ်​သူ​ထံ​ကို ​တိုင်​တန်း​ရ​မှန်း ​မ​သိ​တော့​ဘူး​လို့ ​ပြော​ဆို​ကြ​ပါ​တယ်။

by ဒီဗွီဘီ

မန္တလေး ဘုန်းကြီးကျောင်းဝင်းများ အတွင်း စီးပွားရေးလုပ်ငန်း တစ်ရာကျော် ရှိဟုဆို

 
မန္တလေး၊ နိုဝင်ဘာ ၁၄

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ဘုန်းကြီးကျောင်းဝင်း များအတွင်း ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းများကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းခန့်က စာရင်း ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း တစ်ရာကျော် ရှိကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမှာ သင့်လျော်မှု မရှိခြင်းနှင့် လုပ်ကိုင်သည့် လုပ်ငန်းများကို လိုင်စင် ချထားပေးခြင်း မရှိသည့်အပြင် အရေးယူ၍ မရသောကြောင့် ထိန်းသိမ်းပေးရန် သံဃနာယက အဖွဲ့သို့လည်း စာပို့ အကြောင်းကြားမည် ဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်း စာရင်းများကို စစ်ဆေး ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း ၁၀၇ ခုရှိ ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“စာရင်းလုပ်ပြီးတော့ ဒီအပတ်ထဲပဲ မြို့တော်ဝန်ဆီ တင်ပြထားပြီးပါပြီ။ ဘယ်လို ညွှန်ကြားမလဲတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် စီးပွားရေး လုပ်ငန်းနဲ့ သာသနာ့ နယ်မြေနဲ့က ဘယ်လိုမှ အပ်စပ်မှု မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းဝင်းများတွင် လုပ်ကိုင်သည့် လုပ်ငန်းများမှာ ပုလင်းခွံ၊ သံတိုသံစ ရောင်းဝယ်ရေး၊ ကားဝပ်ရှော့ စသည့် လုပ်ငန်းများ ဖြစ်ပြီး အများစုမှာ ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ငန်းများ ဖြစ်ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ကိုယ့်ရပ်ကွက်နဲ့ ကိုယ်၊ ကိုယ့်ဘုန်းကြီးနဲ့ ကိုယ် ဆိုတော့ ဘုန်းဘုန်းကို ခွင့်တောင်းပြီး လုပ်ကြတာပါပဲ။ စည်ပင်က စာရင်းတွေ ကောက်နေတယ်။ သံဃနာယကက တစ်ဆင့် ဖယ်ခိုင်းမယ် ဆိုတာတော့ မသိပါဘူး” ဟု အောင်မြေသာစံ မြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ကိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

The Voice Weekly

နေ​ပြည်​တော် ​ဆ​န္ဒ​ခံ​ယူ​ပွဲ ​အာ​ဏာ​ပိုင်​များ ​ခွင့်​မ​ပြု

 
ပါ​တီ​ခေါင်း​ဆောင်​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက်​မိန့်​ခွန်း​ပြော​မယ့် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော် ​နယ်​မြေ​ရဲ​စ​ခန်း​က ​ခွင့်​မ​ပြု​ပေ​မယ့် ​အန်​အယ်လ်​ဒီ ​အ​နေ​နဲ့​တော့ ​စီ​စ​ဉ်​ထား​တဲ့​အ​တိုင်း ​ဆက်​လုပ်​သွား​မယ်​လို့ ​သိ​ရ​ပါ​တယ်။

nld cover​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က  ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ခွင့်​ပြု​ချက်​တောင်း​ခံ​ရာ​မှာ ​အ​ချက်​အ​လက်​မ​စုံ​ဘူး​၊ ​လုပ်​မယ့်​နေ​ရာ​ဟာ ​ရုံး​ဌာ​န​တွေ​နဲ့​နီး​ပြီး ​ရုံး​သွား​ကျောင်​သွား​ချိန်​ဖြစ်​နေ​တာ​ကြောင့် ​ခွင့်​မ​ပြု​နိုင်​ဘူး​လို့ ​သက်​ဆိုင်​ရာ​နယ်​မြေ​စ​ခန်း​မှူး​က ​နိုဝင်​ဘာ ၁၄ ​ရက်​မှာ ​အ​ကြောင်း​ပြန်​ခဲ့​ပါ​တယ်။

နေ​ပြည်​တော်၊ ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဦး​မင်း​သူ​က​တော့​   ​ဥ​ပ​ဒေ​နဲ့​အ​ညီ ​ကျင်း​ပ​ဖို့ ​စီ​စ​ဉ်​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​အ​ခု​လို ​ပြော​ပါ​တယ်။

“​အ​ချက်​အ​လက် ​မ​ပြည့်​စုံ​ဘူး​ဆို​တာ​ဟာ ​အဲ​ဒီ​နေ့​မှာ ​ဟော​ပြော​မယ့်​သူ​ရဲ့ ​အ​မည်​တို့​၊ ​သက်​ဆိုင်​ရာ​လို​အပ်​တဲ့ ​ကိုယ်​ရေး​မှတ်​တမ်း​အ​ကျ​ဉ်း​တွေ​နဲ့ ​ပြည့်​စုံ​စွာ ​ဖော်​ပြ​နိုင်​တဲ့​အ​ပြင် ​အဲ​ဒီ ​လက်​မှတ်​ထိုး​တဲ့​နေ​ရာ​မှာ ​ဦး​ဆောင်​သူ ​မျ​ဉ်း​စောင်း​၊ ​လျှောက်​ထား​သူ ​မျ​ဉ်း​စောင်း​၊ ​ဟော​ပြော​သူ ​ဆို​တဲ့​နေ​ရာ​အ​တွက်​ကို ​ကျ​နော်​တို့​ရဲ့ ​လက်​မှတ်​ရေး​ထိုး ​တောင်း​ဆို​ခွင့်​တောင်း​မယ့် ​နေ​ပြည်​တော် ​ခ​ရိုင် ​ဒု​တိ​ယ ​ဥ​က္က​ဋ္ဌ ​ဦး​ဇာ​နည်​လင်း​က ​တောင်း​ဆို​ခွင့် ​လက်​မှတ်​ထိုး​တဲ့​နေ​ရာ​မှာ ​စော​စော​က ​ဦး​ဇာ​နည်​လင်း ​လက်​မှတ်​မ​ဟုတ်​ဘဲ​နဲ့ ​ဟော​ပြော​သူ​ရဲ့ ​လက်​မှတ်​လို​တယ်​ဆို​တဲ့​ဟာ​ကို ​အ​ကြောင်း​ပြ​တယ်​ပေါ့​။ ​သို့​သော် ​ကျ​နော်​တို့​က ​မျ​ဉ်း​စောင်း​တွေ ​ခံ​တဲ့​အ​တွက် ​သ​ဘော​အား​ဖြင့် ​ဦး​ဆောင်​သူ၊ ​ဟော​ပြော​သူ၊ ​လျှောက်​ထား​သူ ​တ​ယောက်​ယောက်​က ​ထိုး​တယ်​ဆို​ရင် ​အ​ချက်​အ​လက်​က ​အ​ချက် ၁ ​ပါ ​ပြည့်​စုံ​တယ်​လို့ ​ကျ​နော်​တို့​က ​သတ်​မှတ်​တယ်။
“​နောက် ​အ​ချက် ၂ ​ပါ ​အ​ကြောင်း​အ​ရာ​တွေ​ဟာ ​မ​ကြာ​ခင်​ရက်​ပိုင်း​က ​ပယ်​ဖျက်​ထား​တဲ့ ​ပြည်​ထောင်​စုေ​ရွး​ကောက်​ပွဲ​ကော်​မ​ရှင် ​ကြေ​ညာ​ချက် ၂/၂၀၁၀ ​မှာ​ပါ​တဲ့ ​အ​စိုး​ရ​ရုံး​ဌာ​န​တွေ​နဲ့ ​နီး​တာ​တွေ၊ ​အ​များ​သူ​ငါ ​စာ​သင်​ကျောင်း​တွေ​နဲ့ ​နီး​တာ​တွေ၊ ​သာ​သ​နိ​က ​အ​ဆောက်​အ​အုံ​နဲ့ ​နီး​တာ​တွေ ​ပယ်​ဖျက်​ပြီး​သား ​ဖြစ်​တဲ့​အ​တွက် ​ဒီ​အ​ချက်​နဲ့ ​ပတ်​သက်​ပြီး ​ငြင်း​ပယ်​တာ​ဟာ ​အ​ကြောင်း​အ​ချက် ​မ​ခိုင်​လုံ​တဲ့​အ​ပြင် ​ဒီ​နေ​ရာ​ဟာ ​ခြောက်​လမ်း​သွား ​လမ်း​မ​မှာ​ဖြစ်​တဲ့​အ​တွက် ​နောက် ​ကား​ရပ်​ရန် ​ပါ​ကင်​တွေ​လည်း ​အ​ဆင်​သင့်​ရှိ​နေ​တဲ့​အ​တွက် ​ယာ​ဉ်​ကြော​ပိတ်​ဆို့​မှု​တွေ ​ရုံး​သွား ​ရုံး​ပြန်​တွေ ​အ​တွက်​ကို ​အ​နှောင့်​အ​ယှက်​ဖြစ်​စ​ရာ ​အ​ကြောင်း​မ​ရှိ​ဘူး​။”

အ​ချက်​အ​လက် ​ပြည့်​စုံ​ပြီး ​ဥ​ပ​ဒေ​နဲ့​ညီ​ညွတ်​တဲ့​အ​ကြောင်း ​ဆိုင်​ရာ​ဌာ​န​တွေ​ထံ ​သွား​ရောက်​ရှင်း​လင်း ​တင်​ပြ​ခဲ့​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

အ ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​နေ​ပြည်​တော် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​ကို ​လာ​မယ့်​နိုဝင်​ဘာ ၁၈ ​ရက်၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​မှာ​ဖြစ်​ပြီး ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တက်​ရောက်​မိန့်​ခွန်း​ပြော​ကြား​မှာ ​ဖြစ်​ပါ​တယ်။

ပါ​တီ​က ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​တွေ​ဖြစ်​တဲ့ ​ဦး​၀င်း​မြင့်​နဲ့ ​ဦး​အောင်​ကြည်​ညွန့်​တို့​က ​ဖွဲ့​စည်း​ပုံ​နဲ့​ပတ်​သက်​ပြီး ​ရှင်း​လင်း​တင်​ပြ​ကြ​မယ်၊ ​ပြီး​ရင် ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ကြ​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​တ​န​င်္ဂ​နွေ​နေ့​က​လည်း ​အန်​အယ်​ဒီ​ပါ​တီ​ရဲ့ ​ရန်​ကုန်​တိုင်း​လုံး​ကျွတ်​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​ပြု​လုပ်​ခဲ့​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ပါ​တယ်။

by ဒီဗွီဘီ

မ​တ​ရား​သင်း​ဆက်​သွယ်​မှု​ဖြင့် ​ဒု​က္ခ​သည် ၄ ​ဦး​ကို ​ထောင်​ဒဏ်​ချ​မှတ်

 
နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​တွေ​ကို ​ပြန်​လွှတ်​ပေး​နေ​စ​ဉ်​မှာ​ပဲ ​က​ချင်​ပြည်​နယ်​မှာ  ​မ​တ​ရား ​အ​သင်း​နဲ့ ​ဆက်​သွယ်​မှု​နဲ့ ​စစ်ေ​ရှာင်​ဒု​က္ခ​သည် ၄ ​ဦး​ကို  ​ထောင်​ဒဏ်​တွေ ​အ​သီး​သီး​ချ​မှတ်​လိုက်​ပါ​တယ်။

နိုဝင်​ဘာ ၁၅ ​ရက်​နေ့​မှာ ​မြစ်​ကြီး​နား​မြို့​နယ် ​တ​ရား​ရုံး​တွေ​မှာ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​စွဲ​ဆို​ခံ​ထား​ရ​သူ ၆ ​ဦး​အ​နက် ၄ ​ဦး​ကို ​ထောင်​ဒဏ် ၂ ​နှစ်​စီ ​ချ​မှတ်​လိုက်​တယ်​လို့ေ​ရှ့​နေ ​ဦး​မား​ခါး​က ​ပြော​ပါ​တယ်။

၂၀၁၂ ​ခု​နှစ် ​ဇွန်​လ​မှာ ​စ​တင်​ပြီး​တော့ ​မြစ်​ကြီး​နား​ခ​ရိုင်​နဲ့ ​မြို့​နယ်​ရုံး​တွေ​က ​ပေါက်​ကွဲ​မှု၊ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​တွေ​နဲ့ ​တ​ရား​စွဲ​ဆို​ထား​တာ ​ဖြစ်​ပြီး ​အ​ခု​ချ​မှတ်​လိုက်​တဲ့ ​ထောင်​ဒဏ်​တွေ​က​တော့ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​မြို့​နယ် ​တ​ရား​ရုံး​က ​ချ​မှတ်​လိုက်​တာ ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

ထောင်​ဒဏ် ၂ ​နှစ် ​ချ​မှတ်​ခံ​ရ​တဲ့​သူ​တွေ​က​တော့ ​ဦး​လ​ဖိုင်​ဂမ်၊ ​ဦး​ဘ​ရန်​ရုန်း​၊ ​ဦး​ဇော်​ဘောက်၊ ​ဦး​လ​ရိန်​တို့ ​ဖြစ်​ပြီး ​က​ချင်​စစ်ေ​ရှာင် ​ဒု​က္ခ​သည်​တွေ​ဖြစ်​ပါ​တယ်။

သူ​တို့​နဲ့​အ​မှု​တွဲ​ဖြစ်​တဲ့​  ​တာ​လော​ကြီး​ကျေး​ရွာ​က ​ဦး​လ​မာ​အောင်​နဲ့ ​ဦး​ခ​ယာ​န​န္ဒ​တို့ ​က​တော့ ​ထောင်​ဒဏ်​က​နေ ​ကင်း​လွတ်​ခဲ့​ပါ​တယ်။

ဒီ​က​နေ့ ​စီ​ရင်​ချက် ​ချ​မှတ်​ခံ​ထား​ရ​သူ​တွေ​ဟာ ​မြစ်​ကြီး​နား​ခ​ရိုင် ​တ​ရား​ရုံး​က ​စွဲ​ဆို​ထား​တဲ့ ​ပေါက်​ကွဲ​မှု ​စွဲ​ဆို​ချက်​တွေ​နဲ့ ​ဆက်​လက် ​ရင်​ဆိုင်​ရ​မယ်​လို့ ​ဦး​မာ​ခါး​က ​ပြော​ပါ​တယ်။

ဦး​မာ​ခါး​က “​တ​ရား​စွဲ​ဆို​တာ ​လုံး​၀ ​မှန်​ကန်​မှု​မ​ရှိ​ပါ​ဘူ။ ​သူ​တို့​ကို ​လမ်း​မှာ​တွေ့​ပြီး ​ဖမ်း​ဆီး​ပြီး ​လူ​မ​ဆန်​စွာ ​နှိပ်​စက်​ညှ​ဉ်း​ပန်း​ပြီး​မှ ​သူ​တို့​ကို ​စစ်​ကြော​ခဲ့​တယ်။ ​ဆိုး​၀ါး​တဲ့ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​ပေါ့​။ ​ဘယ်​နေ့​ဘယ်​ရက်​မှာ ​ကေ​အိုင်​အေ​အ​ဖြစ် ​ဆောင်​ရွက်​တယ်။ ​ဘယ်​နေ့​ဘယ်​ရက် ​မြို့​ပေါ်​မှာ ​ဗုံး​ဖောက်​ခွဲ​တယ်၊ ​အဲ​လို ​မ​တ​ရား ​ရေး​သား​ပြီး​မှ ​တ​ရား​ရုံး​မှာ ​တ​ရား​စွဲ​တာ။ ​အ​ခု​က ၁၇/၁ ​နဲ့ ​အ​ရင်​အ​မိန့်​ချ​တယ်။ ​ဖောက်​ခွဲ​မှု​တွေ​က​တော့ ​ခ​ရိုင်​မှာ ​အ​မှု​စွဲ​ထား​တော့ ​တ​ပတ်​ကို ​သုံး​ကြိမ်​လောက် ​ရုံး​ချိန်း​သွား​နေ​ရ​ပြီး ​ငွေ​ရေး​ကြေး​ရေး​က​လည်း ​အ​များ​ကြီး ​ကုန်​ကျ​တယ်။”

ယ​ခင်​က​လည်း ​က​ချင်​ပြည်​နယ်​မှာ ​ဒု​က္ခ​သည်​စ​ခန်း​မှာ​နေ​ထိုင်​ခဲ့​တဲ့ ​လ​ထော်​ဘ​ရန်ေ​ရှာင်​ကို ​က​ချင်​လွတ်​လပ်​ရေး ​တပ်​မ​တော်​က ​အ​ရာ​ရှိ ​အ​ဖြစ်​စွပ်​စွဲ​ပြီး ​မ​တ​ရား ​အ​သင်း​နဲ့ ​ဆက်​သွယ်​မှု​နဲ့ ​ထောင်​ဒဏ် ​ချ​မှတ်​ခဲ့​တဲ့ ​ဖြစ်​ရပ်​တွေ ​ရှိ​ခဲ့​သ​လို ​ဖမ်း​ဆီး​ထား​စ​ဉ်​မှာ​လည်း ​နှိပ်​စက်​ညှ​ဉ်း​ပန်း​မှု​တွေ ​ရှိ​ခဲ့​တယ်​လို့ ​လ​ထော်​ဘ​ရန်ေ​ရှာင်​က ​ပြော​ဆို​ခဲ့​ပါ​တယ်။

by ဒီဗွီဘီ

နိုင်ငံရေးအကျဉ်းသား ၆၉ ယောက် ပြန်လည်လွတ်မြောက်

မြန်မာနိုင်ငံ အကျဉ်းထောင် ၁၈ခုကနေ နိုင်ငံရေးအကျဉ်းသား ၇၀လောက် ကို နိုင်ငံတော်သမ္မတရဲ့  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပြီး စာရင်းအရ ကျန်ရှိနေသူ ၆၀ကျော်လောက်ရှိနေသေးတယ်လို့ လက်ကျန်နိုင်ငံရေးသမားစိစစ်ရေးကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒီကနေ့ လွတ်မြောက်သူတွေထဲမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် လူသိများတဲ့ ဒေါ်နော်အုံးလှ ပါဝင်သလို အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေလည်း ပါဝင်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ရဲ့ အင်တာနက် စာမျက်နှာမှာ နိုင်ငံတော်သမ္မတက   နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ထောက်ခံ တင်ပြထားတဲ့ အကျဉ်းသား ၆၉ဦးကို လွှတ်ပေးခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီစာရင်းဟာ နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက  ဒီလ ၉ရက်နေ့က သမ္မတထံမှာ တင်ပြခဲ့တဲ့ စာရင်းဖြစ်ပြီး လောလောဆည်ပြုစုထားတဲ့ စာရင်းအရဆိုရင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ကျန်ရှိနေသေးတယ်လို့ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှာက နိုင်ငံရေးအကျဉ်းသားစာရင်းရယ်လို့ သီးခြားမရှိပါဘူး။ မရှိတဲ့အခါမှာ အဖွဲ့အစည်း အသီးသီး ကော်မတီဝင်တွေကပဲဖြစ်ဖြစ်၊ ပြင်ပတစ်ဦးတယောက်ကပဲဖြစ်ဖြစ် တင်ပြလာတဲ့ စာရင်းတွေကို စိစစ်ပြီးတော့ တင်ပြတဲ့သဘောမျိုးပါ။ အခု ပထမဆုံးအနေနဲ့ ကျနော်တို့ ဒီ၉ရက်နေ့ အစည်းအဝေးမှာ ဒီ ၆၉ဦးကို ကော်မတီက စိစစ်တင်ပြလိုက်တဲ့သဘောပါ။ အဖွဲ့ငါးဖွဲ့ဖွဲ့ ထားတာရှိပါတယ်။ ကော်မတီထဲမှာလည်းပါပါတယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့ AAPP ပါပါတယ်။ ၈၈၊ SNLD နောက် နိုင်ငံရေး အကျဉ်းသားများအဖွဲ့ချုပ် အဲ့ဒီ့အဖွဲ့တွေ ပြုစုထားတဲ့ စာရင်းအရ အယောက် ၆၀ရှိပါသေးတယ်ခင်ဗျ။"

ဒါအပြင် လက်ရှိ နိုင်ငံရေးဆိုင်ရာ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၈နဲ့ ပုဒ်မ ၅၀၅ (ခ)  စွဲဆိုခံထားရပြီး စီရင်ချက်မချရသေးတဲ့အမှုပေါင်း ၂၀၀ကျော်ရှိနေသေးတယ်။  ဒါကြောင့် နောက်နှစ်အထိ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်ရှိနေနိုင်ကြောင်း ဦးရဲအောင်က ဆက်ပြောပါတယ်။

" သမ္မတပြောထားတာက ဒီဇင်ဘာမှာ အကုန်လွှတ်မယ်ပြောထားတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ပြောချင်တဲ့သဘောကတော့ တကယ်လို့ ဒီပုဒ်မ ၁၈တွေ၊ ၅၀၅ (ခ) တွေ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတာတွေရှိတယ်ပေါ့ဗျာ။ ဒါတွေကို အမြန်ဆုံး တရားစီရင်မှုလုပ်ပြီးတော့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်၊ အဲ့လိုမဟုတ်ဘူးဆိုရင်လည်း တခြားနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ကျနော်တို့ကတော့ ပြောထားပါတယ်။ တကယ်လို့ အဲ့တာတွေ မဖြေရှင်းဘူးဆိုလို့ရှိရင်တော့ ဒီဇင်ဘာလကုန်မှာ သမ္မတပြောတဲ့ အတိုင်း ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုရင်
တော့ ထောင်ကျလတ္တံ့ နိုင်ငံရေးအကျဉ်းသားကတော့ ကျန်နေဦးမှာပဲ။ အဲ့ကျရင်တော့ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသား ကုန်ပြီလို့မပြောနိုင်ပါဘူး။ ရှိနေသေးတယ်လို့ ပြောဦးမှာပါပဲ မြန်မာပြည်မှာ။"

ဦးရဲအောင်ပြောတဲ့ ပုဒ်မ၁၈က  ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) ကတော့ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်စေအောင် လှုံ့ဆော်မှုဆိုတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ တို့ ဖြစ်ပါတယ်။ လောလောဆယ် လွတ်မြောက်လာသူ ၆၉ယောက်မှာ ဒီပုဒ်မတွေနဲ့ လွတ်လာသူက ၃၀ကျော်ဖြစ်ပါတယ်။ ကျန် သူတွေကတော့ ဖောက်ခွဲမှုနဲ့ ၁၇(၁)ခေါ် တရားမ၀င် အသင်းနဲ့ ဆက်သွယ်မှု ဆိုင်ရာပုဒ်မနဲ့ ပြစ်ဒဏ်စီရင်ခံရသူတွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။

ဦးနေဝင်းမြေးများ ပြန်လွတ်မြောက်လာစဉ်။ဦးနေဝင်းမြေးများ ပြန်လွတ်မြောက်လာစဉ်။
ဒီကနေ့ လွတ်မြောက်လာတဲ့အထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေ ဦးအေးနေ၀င်းနဲ့ ဦကျော်နေ၀င်းတို့လည်းပါဝင်ခဲ့ပါတယ်။ သူတို့တွေကိုတော့ နိုင်ငံတော်  ပုန်ကန်မှုနဲ့ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ နဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ယုံကြည်ချက်ကြောင့် အဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေဆဲဖြစ်ကြောင်း Amnesty International ရဲ့ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး က ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။ 
ကိုမိုးဇော် (VOA)

ကန့်ကွက်မှုတွေကြားက OIC ရဲ့ ရခိုင်ပြည် ခရီးစဉ်

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ် တစိတ်တပိုင်းဖြစ်တဲ့  ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိတဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်လေ့လာခဲ့ကြပါ တယ်။ ဒီခရီးစဉ်အတွင်း - OIC အဖွဲ့ဟာ ထောင်နဲ့ချီတဲ့ ရခိုင်ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရသလို၊ ရန်ကုန်မှာလည်း လူပေါင်းရာနဲ့ချီပြီး OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိသွားခဲ့တာပါ။ 
၁ ရက်ကြာခရီးစဉ်အတွင်း စစ်တွေမြို့နဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့ပြီး - အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနက ၀န်ကြီး ၃ ဦး အပါအ၀င် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ပြီးတော့ ရခိုင် နဲ့ မူဆလင် နှစ်ဘက်စလုံးက ရပ်မိရပ်ဖ ခေါင်းဆောင်တွေနဲ့ လက်ရှိ ရခိုင်ပြည်နယ် အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ OIC အဖွဲ့ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်၊ အခုခရီးစဉ်မှာ အတူလိုက်ပါလာသူလည်းဖြစ်တဲ့ မစ္စတာ အူဖူ ဂေါ့စန် (Ufuk Gokcen) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ်က အခြေအနေတွေကို ဆန်းစစ်ဖို့ လာရောက်ခဲ့တဲ့ OIC အဖွဲ့ရဲ့ ရခိုင်ခရီးစဉ်အစမှာတင် ထောင်နဲ့ချီ တဲ့ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဓိကကတော့ - OIC အဖွဲ့ ရုံးခွဲဖွင့်လှစ်မှာနဲ့ လူမျိုး-ဘာသာ မခွဲခြားဘဲ တန်းတူ အကူအညီတွေပေးအပ်ဖို့ အတွက်ကို တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ စစ်တွေ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လေဆိပ်သွားတဲ့အခါ OIC အဖွဲ့ ဒီမှာ လာပြီးတော့ ရုံးစိုက်ဖို့ရော၊ ဒီမှာ OIC အဖွဲ့လာပြီးတော့ လှုပ်ရှားမှာပေါ့လေ။ အလိုမရှိဘူးပေါ့ အဲ့လို အလိုမရှိဘူးလို့ ဆန္ဒပြတာ တွေ့ရတယ်။ လေယာဉ်ကွင်းထဲမှာတော့ လုံခြုံရေးက အထပ်ထပ်ချထားပါတယ်။ အဲ့ဒီ့အရှေ့ကိုတော့ ဆန္ဒပြတဲ့သူတွေက ဝင်လို့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြကြပါ ဆိုတာကို လော်စပီကာနဲ့အော်တယ်။ လူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတာလည်း တွေ့တယ်။"

အလားတူ OIC အဖွဲ့ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရုံးခွဲတခု ဖွင့်လှစ်လိုတဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့ ကြွေးကြော်သံတွေ OIC ကို အလိုမရှိဘူး ဆိုတဲ့ နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။

အခုလို ဆန္ဒပြမှုတွေအပေါ် OIC အနေနဲ့ကတော့ - ဒါဟာ ဒီမိုကရေစီ အခွင့်အရေးတရပ်အဖြစ် ရှုမြင်တဲ့အကြောင်း မစ္စတာ အူဖူ ဂေါ့စန် (Ufuk Gokcen) က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် OIC အဖွဲ့ဟာ စစ်တွေက မူဆလင်ဒုက္ခသည် အများစုရှိရာ ဘောဒူပဒုက္ခသည်စခန်းနဲ့ မောင်တောက ဒုက္ခသည်စခန်းတွေကိုလည်း ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ကြပါ တယ်။

မစ္စတာ အူဖူ ဂေါ့စန် (Ufuk Gokcen) ကတော့ - မနှစ် စက်တင်ဘာ သူ ဒုက္ခသည်စခန်းတွေဆီ လာရောက်ခဲ့စဉ်တုန်းက အခြေအနေနဲ့ အခုအခြေအနေတွေဟာ သိပ်ကွာခြားမှုမရှိဘဲ အခြေအနေတွေ ဆိုးရွားနေတုန်းပဲ လို့လည်း ဗွီအိုအေကို ပြောပြပါတယ်။

“အများစုက မူဆလင် အသိုင်းအ၀ိုင်းက ဖြစ်ပါတယ်။ ဒီလူတွေ အတွက် ပြန်လည်နေရာချထားရေး၊ ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေမှာ ပြဿနာတွေ ရှိနေဆဲပါ။ ဒါတွေကို ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အကူအညီတွေနဲ့ အစိုးရက ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အစိုးရကိုရော ရခိုင်ပြည်နယ်က တာဝန်ရှိသူတွေကိုပါ  ကျနော် ပြောခဲ့တာက - သူ့တို့ဘက်က လိုလားတယ်ဆိုရင် ကျနော်တို့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံ အနေနဲ့ အကူအညီပေးဖို့ အသင့်ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကူညီတဲ့နေရာမှာလည်း - OIC အဖွဲ့ဝင် တိုင်းပြည်တွေအနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ရာမှာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးဆိုတာကို စိတ်ချထားဖို့ မနေ့တုန်းက နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့တုန်းကရော ဒီကနေ့ ရခိုင်ပြည်နယ်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာရော ကျနော်တို့ အသေအချာ ပြောပြ ထားပါတယ်။”

OIC အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်၊ အခုခရီးစဉ်မှာ အတူလိုက်ပါလာသူလည်းဖြစ်တဲ့ မစ္စတာ အူဖူ ဂေါ့စန် (Ufuk Gokcen) က - ဒီညနေ စစ်တွေလေဆိပ်ကနေ ပြန်လည်ထွက်ခွာခါနီး ဗွီအိုအေကို ပြောဆိုခဲ့တာဖြစ်ပါ တယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ဦး ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဗုဒ္ဒဟူးနေ့က ရောက်ရှိခဲ့တာဖြစ်ပါ တယ်။

မနေ့ ကြာသပတေးနေ့ ကတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေအပြင် လွှတ်တော်အမတ်တွေနဲ့လည်း  တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေအတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကြာသပတေးနေ့ကပဲ ထုတ်ပြန်ခဲ့တဲ့ OIC အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ - အခုခရီးစဉ်အတွင်း အပြန်အလှန် နားလည်မှု ရရှိပြီး အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ခရီးစဉ်အပေါ် အထင်အမြင် လွဲမှားနေတာတွေ ကိုလည်း ရှင်းလင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုထားသလို၊ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့အတူ OIC က ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး ဆုံးဖြတ်ချက် မူကြမ်း တရပ် ရေးဆွဲနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ကျရင်တော့ OIC အဖွဲ့ဟာ သူတို့ရဲ့ ၅ ရက်ကြာ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
VOA

ပစ်ခတ်မှုအပြီး လက်ပံတောင်းမှာ ဒေသခံအများအပြား ဆန္ဒပြ

 
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မိုးကြိုးပြင်(တောင်)ရွာမှာ မနေ့ညက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာတော့ မိုးကြိုးပြင်(တောင်) ရွာ၊ မိုးကြိုးပြင်(မြောက်)ရွာ၊ မိုးကြိုးပြင် (အလယ်)ရွာနဲ့ ဆည်တဲရွာက ရာနဲ့ချီတဲ့ ရွာသားတွေက ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မိုးကြိုးပြင်(တောင်)ရွာက ကိုဝင်းကျော်က ဆန္ဒပြပွဲမှာတောင်းဆိုခဲ့တဲ့ အချက် ၅ ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့အဓိက တောင်းဆိုချက်တွေကတော့ ရဲကင်းတဲများ ဖယ်ရှားပေးရေး၊ မတရားဖမ်းဆီးခံရသူများ ချက်ခြင်းလွှတ်၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ချက်ခြင်းရပ်၊ ပြည်သူ့ရဲတွေ ပြည်သူ့ဘက်ကရပ်တည်ပေး၊ ရဲနဲ့ပြည်သူ ရန်တိုက်ပေးတဲ့ ဦးပိုင်ဝမ်ပေါင် အလိုမရှိ အဲဒီအချက် ၅ ချက်နဲ့ တောင်းဆိုပါတယ်”

မနေ့ညက ပစ်ခတ်မှုတွေကြောင့် ရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကတော့ ဘယ်ဘက်ရင်အုံကို သေနတ်ထိမှန်ခဲ့တာကြောင့် အခြေအနေစိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိခဲ့ပေမဲ့ ဆေးရုံကိုသွားရောက်ပြီး ဆေးကုသမှုခံယူရင် ဖမ်းဆီးအရေးယူမှာစိုးရိမ်လို့ တိုင်းရင်းဆေးဆရာနဲ့ပဲ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီိနေ့ဆန္ဒပြတောင်းဆိုပွဲကို အာဏာပိုင်တွေဖက်က တစ်စုံတစ်ရာ လာရောက်တားမြစ်တာတွေမရှိဘူးလို့ သိရပါတယ်။

RFA Burmese

ကိုထင်ကျော်ကို နောက်ထပ် ထောင် ၆ လ ချမှတ်

 
အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုထင်ကျော်ကို တရားမဝင်စီတန်းလှည့်လည်ခြင်း
ပုဒ်မ - ၁၈ နဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။

ကိုထင်ကျော်ဟာ လက်ပံတောင်းတောင်အရေးမှာ ပါဝင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ် ၅မြို့နယ်က တရားစွဲထားပြီး အခုလို မြို့နယ်တစ်ခုချင်းစီက အမိန့်ချမှတ်နေတာဖြစ်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က ကိုသိန်းအောင်မြင့်က ပြောပါတယ်။

"မနှစ်ကပေါ့ လက်ပံတောင်းအရေး သံဃာတော်တွေလှုပ်ရှားမှုမှာ ကျနော်အပါအဝင် မန္တလေးဗကသ ၃ ဦး ပါဝင်ကူညီတဲ့အပေါ်မှာ ဖမ်းခဲ့တာ ပြန်လွှတ်ပေးဖို့ရယ်၊ လက်ပံတောင်းတောင်အရေးမှာ အာဏာပိုင်အဖွဲ့က လက်နက်နဲ့ဖြိုခွင်းခဲ့တဲ့အပေါ်မှာ အမိန့်ပေးတဲ့သူကို အရေးယူပေးဖို့နဲ့ လက်နက်ထုတ်ပေးသူ အရေးယူပေးဖို့ဆိုပြီးတော့ မနှစ်က ၅ မြို့နယ်မှာ ဆန္ဒပြခဲ့တယ်ပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ အရေးယူပြီးတော့ ဒီနေ့ထောင် ၆ လ ချလိုက်တာပဲ"

ကိုထင်ကျော်ကို ပြီးခဲ့တဲ့အောက်တိုဘာလက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လအမိန့်ချပြီး ဒီနေ့ တာမွေမြို့နယ်က အမိန့်ချလိုက်တာပါ။

သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ ကျောက်တံတားစတဲ့ မြို့နယ်တွေကတော့ ကိုထင်ကျော်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရတဲ့ မျိုးဆက်သစ်လူငယ်များ (Generation Youth) အဖွဲ့က ကိုကျော်သူကိုလည်း ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် တစ်သောင်းပေးဆောင်ဖို့ အမိန့်ချတဲ့အတွက် ကိုကျော်သူက ဒဏ်ငွေ ၁ သောင်း ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

ပြန်လွတ်လာသူတွေထဲ ဦးနေဝင်းမြေး နှစ်ယောက် ပါဝင်

 
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီက တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၉ ယောက်ကို မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သောကြာနေ့က ပြန်လွတ် လာကြသူတွေ ထဲမှာ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်းရဲ့ မြေး နှစ်ယောက် ဖြစ်တဲ့ ကိုအေးနေဝင်းနဲ့ ကိုကျော်နေဝင်းတို့ လည်း ပါဝင်ပါတယ်။

ဦးနေဝင်းရဲ့ သားမက်နဲ့ မြေးသုံးယောက်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးပမ်းတယ် ဆိုပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်က သေဒဏ်ချမှတ် ခံခဲ့ကြရ ပါတယ်။

သားမက် ဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ မြေးတစ်ယောက် ဖြစ်တဲ့ ကိုဇွဲနေဝင်းကတော့ ၂၁၀၂ ခုနှစ် နှစ်ဆန်း ပိုင်းက ပြန်လွတ် လာခဲ့ပြီး ဖြစ်ပါတယ်။

ထောင်ထဲက သီးသန့်ဆောင်မှာ ထောင်ကျနေတဲ့ ကာလ တစ်လျှောက်လုံး မိသားစုနဲ့ တွေ့ခွင့် မရဘဲ နှစ်ပတ် တစ်ခါ ထောင်ဝင်စာ ပေးပို့ခွင့်သာ ရခဲ့ကြတယ်လို့ ကိုအေးနေဝင်းက ဘီဘီစီကို ပြောပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကို တစ်ခုမှ မကျူးလွန်ခဲ့တဲ့ အတွက် လိပ်ပြာ သန့်နေလို့ ထောင်ထဲကို ရောက်သွားချိန်ကစပြီး ပြန်လွတ်လာချိန် အထိ ၁၁ နှစ်ကျော် ကာလမှာ သူ့ကိုယ်သူ ဖမ်းဆီး ချုပ်နှောင် ခံထားရသူ အဖြစ် မခံစားရဘူးလို့လည်း ကိုအေးနေဝင်းက ပြောပါတယ်။

သူတို့ရဲ့ ညီဖြစ်သူ ကိုဇွဲနေဝင်းက အစ်ကို နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ကို လာရောက် တင်ပြတဲ့ အတွက် အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ တင်ပြပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ဝင် ကိုရဲအောင်က ပြောပါတယ်။
ပြန်လွှတ်ပေးရမယ့် အကျဉ်းသားတွေလည်း ကျန်နေသေး

ပြန်လွှတ်ပေးဖို့ တင်ပြထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ လောက် ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ကျန်နေသေးတဲ့ အထဲမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ၊ အရင် အစိုးရခေတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ထိပ်တန်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ နိုဝင်ဘာလ ၂၀၀၈ ခုနှစ်ကမြောက်ကိုရီးယား နိုင်ငံ လှိျု့ဝှက် ခရီးစဉ် အကြောင်း သတင်း ပေါက်ကြားစေခဲ့သူ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ RCSS ရှမ်းပြည် တပ်မတော် တောင်ပိုင်း အမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ABSDF ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ကိုသံချောင်း ခေါ်ကိုမြင့်စိုး တို့လည်း ကျန်သေးတယ်လို့ ကိုရဲအောင်က ပြောပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပြင် နိုင်ငံရေး ပုဒ်မတွေ အမျိုးမျိုးနဲ့ ထောင်ကျ နေသူတွေ လည်း ပြန်လည် လွတ်မြောက် လာကြပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ပြောထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Friday, November 15, 2013

လက်ပန်တောင်းတောင်မှာ ပစ်ပြီ။

 Photo: လက်ပန်တောင်းတောင်ဒေသမိုးကြိုးပြင်ကျေးရွာသားများစိုက်ပျိုးလုပ်ကိုင်စားသောက်
နေသည့်ယာမြေများဧက(၁၂၀၀)ကျော်ကိုသွားလာခွင့်(၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍
ကြေးနီစီမံကိန်းအတွက်လုံထိန်းရဲများမှကန့်သတ်လိုက်သည့်အတွက်ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်၊၊(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်လယ်သမားများအား
ပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်ဘာမှမပြောပဲထားခဲ့ကြောင်းဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ(၁၄-၁၁-၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်သူပုန်ရွာလိုသတ်မှတ်၍ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများ
ပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာဆည်တည်း၊ဝက်မှေး၊
ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီးယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊

၁၄-၁၁-၂၀၁၃
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်စိုးပြည့်အောင်
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်စိုးပြည့်အောင်
၁၄ - ၁၁- ၂၀၁၃

လက်ပန်တောင်း လယ်သမားတွေကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်ပြီး ၊
စုစုပေါင်း(၅)ယောက်ခန့် ထိမှန်ထားပြီး စာရင်းအတိအကျ ကောက်ယူ နေဆဲ ဖြစ်သည် ၊၊
လက်ပန်းတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှ လယ်သမား(၇)ယောက် သေနတ်ထိမှန်၊ပစ်ခတ်မှု(၂၇)ကြိမ်ပစ်၊

ယနေ့ ညနေတွင် လက်ပန်တောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာ၌ လူထုအစည်း
အဝေးကျင်းပရန် ပြုလုပ်နေစဉ် ၊

တခြားရွာမှ လယ်သမားများ မလာရောက် နိုင်စေရန်
ပုသိမ် မုံရွာလမ်းပိုင်း မိုးကြိုးပြင်ရွာ ရှေ့တွင်(၁၂-၁၁-၂၀၁၃)ရက်နေ့ ကတဲက တပ်စွဲထား
သော လုံထိန်းရဲများမှ စတင် တားမြစ်ရာမှ စ၍ရွာသားများနှင့် ပဋိပက္ခ ဖြစ်ကြပြီး၊ည(၈)နာ
ရီတွင် လုံထိန်းရဲများမှ စတင်၍ သေနတ်များကို မိုးပေါ်ထောင် ပစ်ခဲ့ကြသည် ။

ကျေးရွာလူထုမှ လူစု မကွဲပဲ ပိုမိုအားကောင်း လာသည့်အခါ လူအုပ်ထဲသို့ စတင် ပစ်ခတ်ခဲ့သည် ။
အလင်းရောင် လုံးဝမရှိပဲ မှောင်နေ၍ ထိခိုက်မှု ရှိ မရှိ မသိရသေးပါ ။

လုံထိန်းရဲများ အနေဖြင့် အင်အား(၂၀၀)ကျော်ခန့်ဖြင့် ရွာအတွင်းသို့ စီးနင် ဝင်ရောက်နိုင်ရန် ကြိုးစားနေပြီး ၊ကျေးရွာ လူထုမှ လဲရွာလုံခြုံရေးအတွက် ခုခံနေကြသည် ၊၊
သေနတ်ဖြင့် ပစ်ခတ်မှုမှာ အချက်(၂၀)ကျော်ခန့် ပစ်ခတ်ပြီးပြီ ၊၊

Photo: လက်ပန်တောင်းတောင်ဒေသမိုးကြိုးပြင်ကျေးရွာသားများစိုက်ပျိုးလုပ်ကိုင်စားသောက်
နေသည့်ယာမြေများဧက(၁၂၀၀)ကျော်ကိုသွားလာခွင့်(၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍
ကြေးနီစီမံကိန်းအတွက်လုံထိန်းရဲများမှကန့်သတ်လိုက်သည့်အတွက်ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်၊၊(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်လယ်သမားများအား
ပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်ဘာမှမပြောပဲထားခဲ့ကြောင်းဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ(၁၄-၁၁-၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်သူပုန်ရွာလိုသတ်မှတ်၍ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများ
ပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာဆည်တည်း၊ဝက်မှေး၊
ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီးယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊

၁၄-၁၁-၂၀၁၃
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်မအေးစန်း 
 သေနတ်ကျည်ဆံထိမှန်ခဲ့သည့်မအေးစန်း
 လက်ပန်တောင်း တောင်လယ်သမားများကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်လို့ မအေးစန်း လက်မောင်း ကျည်ထိ၊ကိုမောင်စန်း ရင်ဘတ်ထိ မှန်သွားသည်၊

Photo: လက်ပန်တောင်းတောင်ဒေသမိုးကြိုးပြင်ကျေးရွာသားများစိုက်ပျိုးလုပ်ကိုင်စားသောက်
နေသည့်ယာမြေများဧက(၁၂၀၀)ကျော်ကိုသွားလာခွင့်(၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍
ကြေးနီစီမံကိန်းအတွက်လုံထိန်းရဲများမှကန့်သတ်လိုက်သည့်အတွက်ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်၊၊(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်လယ်သမားများအား
ပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်ဘာမှမပြောပဲထားခဲ့ကြောင်းဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ(၁၄-၁၁-၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်သူပုန်ရွာလိုသတ်မှတ်၍ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများ
ပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာဆည်တည်း၊ဝက်မှေး၊
ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီးယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊

၁၄-၁၁-၂၀၁၃
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်မအေးစန်း 
 မအေးစန်း
 Photo: လက်ပန်တောင်းတောင်ဒေသမိုးကြိုးပြင်ကျေးရွာသားများစိုက်ပျိုးလုပ်ကိုင်စားသောက်
နေသည့်ယာမြေများဧက(၁၂၀၀)ကျော်ကိုသွားလာခွင့်(၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍
ကြေးနီစီမံကိန်းအတွက်လုံထိန်းရဲများမှကန့်သတ်လိုက်သည့်အတွက်ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်၊၊(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်လယ်သမားများအား
ပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်ဘာမှမပြောပဲထားခဲ့ကြောင်းဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ(၁၄-၁၁-၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်သူပုန်ရွာလိုသတ်မှတ်၍ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများ
ပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာဆည်တည်း၊ဝက်မှေး၊
ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီးယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊

၁၄-၁၁-၂၀၁၃
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်သူများ

မီဒီယာသမားများ ဖမ်းဆီးပြီး မေးမြန်း စစ်ဆေးကာ တချို့ ပြန်လည် လွတ်ပေး
ယခုအချိန်ထိ ပစ်ခတ်နေပြီး လူထုမှ လဲကျေးရွာ လုံခြုံရေးအတွက် ကာကွယ်နေကြသည်၊၊

စုစုပေါင်း(၅)ယောက်ခန့် ထိမှန်ထားပြီး စာရင်းအတိအကျ ကောက်ယူ နေဆဲဖြစ်သည်၊၊
၁၁ - ၁၄ - ၂၀၁၃

ည(၉း၅)မိနစ်

လက်ပန်းတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှ လယ်သမား(၇)ယောက် သေနတ်ထိမှန်၊ပစ်ခတ်မှု(၂၇)ကြိမ်ပစ်၊
မအေးသန်း၊ကိုဖိုးစီ၊ကိုသက်မောင်၊ကိုဘိုနီ၊ကိုစိုးပြည့်အောင်၊ကိုထွန်းအေး၊ကိုအုန်းမှိုင်းတို့

 သေနတ်ထိမှန်ပြီး မနောရှိတွင် လုံထိန်းရဲများ၏ လေးကွ ထိမှန် ၊၊ ရဲအင်အား(၄၀၀)နီးပါး(ခန့်မှန်း)
ရဲကား(၁၇)စီး၊ ဝမ်ဘောင် ကားအဖြုတစီးတို့ ပါဝင်ပြီး ပစ်ခတ်၊ယခုအချိန်တွင် ကိုစိုးပြည့်အောင်မှာသတိလစ်နေသည်ကုသမှုလုံးဝမခံရယူရသေးပါ၊၊

၁၁ - ၁၄ - ၂၀၁၃
ည(၉း၂၅)မိနစ်
သေချာအောင် ထပ်မံ စုံစမ်း နေပါသည် ။  

(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်လယ်သမားများအား
ပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်ဘာမှမပြောပဲထားခဲ့ကြောင်း

ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ
(၁၄-၁၁၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်သူပုန်ရွာလိုသတ်မှတ်၍
ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာဆည်တည်း၊ဝက်မှေး၊
ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီးယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊

ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊ 

ကိုဟန်ဝင်းအောင်