ဓာတ်ပုံ-သစ်ထူးလွင်
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ဝေးနေသေးသည် ဟု လည်း ဆို၍ မရတော့။
ထိုရွေးကောက် ပွဲသည် မြန်မာနိုင်ငံရေး အခင်း အကျင်း အပြောင်း အလဲ များနှင့်
ပရိသတ် စိတ်ဝင်တစား ရှိနေမည့် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက်
ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ
သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။
သမ္မတ တာဝန် ထမ်းဆောင်ရန်
အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ်
သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ
ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တို့၏ တရားဝင် ပြောကြားထားမှုကြောင့် လည်း လူအများ စိတ်ဝင်တစား ရှိနေသည့် အ
ကြောင်းရင်း လည်း ဖြစ်သည်။ ထို့ပြင် အသွင်ပြောင်း သံသရာထဲ တွင် တဝဲ လည်လည်
ဖြစ်နေသည့် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အလှည့်အပြောင်း တစ်ခု
အဖြစ်လည်း ပြည်သူများ ကမျှော်လင့်ထားကြမည်သာဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သမ္မတ အိပ်မက်နှင့် ညွန့်ပေါင်းအစိုးရ
ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြောက်ခံ ထားရသော ပြည်ထောင်စု
လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည် တို့သာ ၂ဝ၁၅
အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်မှ ထပ်မံဝင်ရောက် အရွေးချယ်ခံ
ရပါက သမ္မတနေရာ အတွက် ထိပ်တိုက် တွေ့ဆုံ ရမည် ဖြစ်ပြီး တစ်ဦး သာ
သမ္မတဖြစ်ခွင့် ရှိတော့မည် ဖြစ်သည်။
သမိုင်းနောက်ခံ အကြောင်းအရင်း များ
မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း
ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့်
ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာ နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး
အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။
ယခု အရေးကြီး တစ်ချက် အနေ
ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏
အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထောက်ခံမှု မရလျှင် သူရ ဦးရွှေမန်း
ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
အနေဖြင့်လည်း နိုင်ငံကို ဆက်လက် ဦးဆောင်ရန်မှာ စွန့်စား လွန်းရာ ရောက်နေ
မည် ဖြစ် သည်။
အပြန်အလှန် အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထောက်ခံမှုမရဘဲ
နိုင်ငံကို ဦးဆောင် ရန်မှာလည်း စွန့်စားမှုကြီး တစ်ရပ် ဖြစ် သည်။ လက်ရှိ
အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ
လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။
”ညွန့်ပေါင်း အစိုးရ
မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက်
ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု
ပြောကြားထားသည်။
သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့
ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့်
အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်။
ထိပ်တိုက်
ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက
ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေသော်လည်း တကယ်တမ်း မြန်မာ့နိုင်ငံရေး အပေါ်
သက်ရောက်မှု ကြီးကြီးမားမား ရှိနေသည့် အကြောက်တ ရားများဖြင့်
လွှမ်းမိုးခဲ့သော နိုင်ငံရေး အိပ်မက် တစ္ဆေ ခြောက်လှန့် ခံရမှုက လွယ်လွယ်နှင့်
ကု စားနိုင် မည်လော။ ပဒေသရာဇ် အငွေ့အသက် ကလည်း မပျောက်သေး။ စစ်အေးခေတ်
လွန်သွား သော်လည်း ကွန်မြူနစ် အမူအကျင့် အားကောင်းနေဆဲ၊ အာဏာရှင် စနစ်ဆီ
မှလည်း အာဏာရှင် စိတ်ဓာတ် များကို သာ အမွေ ရထားကြရာ အပြန်အလှန်
ဖယ်ထုတ်ခြင်း အပြုအမူများကို အဆုံး သတ်မှသာ တစ်ခေတ် တစ်ခါက အာရှတွင် ရှိ
ခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ပြန်လည်ရနိုင်မည် ဖြစ်သည်။
အကျိုး
စီးပွားချင်း ထိပ်တိုက် တွေ့ ဆုံသည့် အခါ နိုင်ငံရေး အခင်းအကျင်း
များကလည်း အတက်အကျ ဖြစ်တတ် သည်က အိမ်နီးချင်းနိုင်ငံ ၏ မပြီးဆုံး သေးသည့်
ဆန္ဒပြပွဲ များက မီးမောင်း ထိုးပြနေသည်။ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ
နောက်ဆုံးတွင် အာဏာ နိုင်ငံရေးက အစဉ်အမှောင် တိုက်သွင်းခဲ့ သည်။ လူဟူသည်
အမှား မကင်းသည့် သဘော ဖြစ်သော်လည်း အစဉ် ဖြစ်နေ ပါက မြန်မာနိုင်ငံ သားများ
ညံ့ရာကျ မည်ဖြစ်သလို နိုင်ငံရေး တွင်လည်း အမြဲ မှားနေသည်က မဖြစ်သင့်။
ကန့်လန့်ကာမည်သူ ဖွင့်မည်နည်း
လက်ရှိ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ်
ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ
ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက
တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။
၂ဝ၁၂ ကြားဖြတ်
ရွေးကောက်ပွဲ၏ ရလဒ်ကို ပြန်ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က
ပြည်သူများ ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး တိုင်းရင်း သား
ဒေသများတွင် တိုင်းရင်း သားပါတီ များကသာ လွှမ်းမိုးနိုင်သည် ကိုတွေ့ရမည်
ဖြစ်သည်။ ဤနေရာတွင် သမ္မတ ဖြစ်ရန် အတွက် လွှတ်တော်ထဲ၌ တိုင်းရင်းသား တို့၏
ထောက်ခံမှုကို အပြည့်အဝ ရရှိရန် လိုအပ်သည် မှာလည်း သမ္မတ ရွေးချယ်ရေး မဲ
အရေအတွက် ၂ဝဝ က အရေးပါသည့် အရေ အတွက် ဖြစ်နေသည်။ တိုင်းရင်း သား နိုင်ငံရေး
ခေါင်းဆောင် များ အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း မည်သူကမျှ ဖွင့်ဟ
ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသား များ၏ ထောက်ခံမှု မှာ မူမြန်မာ့
နိုင် ငံရေး အခင်းအကျင်း၏ နောက် ထပ် ဖွင့်လှစ် ရမည့် တံခါး တစ်ချပ် ဖြစ်
နေသည်က သေချာပါသည်။
ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် အသွင်ဆောင်သော
အမျိုးသား လွှတ်တော်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို အချိုးညီစွာ
ကိုယ်စားပြုပြီး တူညီသော ကိုယ်စားလှယ် များ အရေအတွက် ကိုစေလွှတ်
ရခြင်းဖြစ်သည်။ ဤနိုင်ငံရေး အခင်းအကျင်းသည် တိုင်းရင်းသားများ ၏
ထောက်ခံမှုမှာ လွန်စွာ အရေး ပါကြောင်း တွေ့မြင် ရမည်ဖြစ် သည်။ အခင်းအကျင်း
အရ လွှတ်တော် တွင် ရှိနေသော တိုင်းရင်းသား ကိုယ်စားလှယ် အများစု က
အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာ အခက်အခဲ များကို လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
ထံမှ တစ်ဆင့် ဖြေရှင်းဆောင်ရွက်နေရသည်။
လက်နက်ပုန်းများကလည်း မနေ
ထိုသို့သော
အခြေအနေ များထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲ၌ နေရာမရသော
နိုင်ငံရေး အစု အဖွဲ့များ၏ လှုပ်ရှားမှု မှာလည်း မြန်မာ နိုင်ငံရေး
ရင့်ကျက်မှု ကို စိန်ခေါ်နိုင် သည့်အင်အားစု အဖြစ် တပ်ပေါင်းစုအ သွင်လည်း
မြင်တွေ့လာနိုင်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့
ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့တွင် နေရာမရသော
သူများ အနေဖြင့် မိမိတို့၏ နိုင်ငံရေး သိက္ခာပြန်ရရန် အ တွက် ၂ဝ၁၅ မတိုင်မီ
လှုပ်ရှားကြ ရမည်ဖြစ်ပြီး အများစုမှာ နိုင်ငံရေး ပါးနပ်သော တက်ကြွ လှုပ်ရှား
သူများ ဖြစ်သည်။
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် အဆိုပါ
စိန်ခေါ်မှု များကို ဆက်လက် ရင်ဆိုင်ရန် ၂ဝ၁၅ ခုနှစ်တွင် သမ္မတ အဖြစ် ဆက်လက်
အရွေးချယ်ခံ မည် ဆိုပါက လက်ရှိ ရရှိထားသော နိုင်ငံရေး ဂုဏ်သိက္ခာ အတွက်
အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီတွင်း ညီညွတ်ရေး ကိုလည်း ထိခိုက်မည် ဖြစ်သည်။ ဖြစ်ပေါ်နေဆဲ
နိုင်ငံရေး အပြောင်းအလဲကို တာထွက်ကောင်းနိုင် ရန် အခြေခံကောင်း
များကိုပြင်ဆင်ပေး ရင်း သမ္မတ ဦးသိန်းစိန် က အနိုင်နှင့် ပိုင်း
သည်ကသာသမိုင်းတွင် ဂုဏ်သတင်းမွှေး ပျံ့နေမည်ဖြစ်သည်ဟု အချို့ကဆိုသည်။
မြန်မာနိုင်ငံရေး
နာတာရှည်ရော ဂါသည် ဆေးမြီးတိုဖြင့် ကုသရန် မဖြစ်နိုင်။ လက်ရှိ
မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက် နေသော နိုင်ငံတကာ အကူအညီ များမှာ
မြန်မာ့နိုင် ငံရေး အပြောင်းအလဲကို တစ် စိတ်တစ်ဒေသ အဖြစ် အသိအမှတ်ပြု
ဆုပေးဒဏ်ပေး စနစ်သာ ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ
လက်ရှိအစိုးရ အပြောင်းအလဲ များတွင် မျှော်မှန်းထားသလောက် ဝင်ရောက် မလာသည်
ကလည်း ၂ဝ၁၅ ခုနှစ် နိုင်ငံရေး ကိုသာ စောင့် ကြည့်နေ ကြခြင်းဖြစ်ပြီး
ဟန်ဆောင် ပြောင်းလဲသည် ဆိုပါက လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အဖြေ
ပေါ်မည်သာ ဖြစ်သည်။
ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ဖြစ်သည့် ဥရောပနှင့်
အမေရိကဈေးကွက်က လက်ခံသည့် အစိုးရ တစ်ရပ်ဖြစ်မှသာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု များက ဝင်လာနိုင် မည်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို
အားဖြည့် ပေးမည့် လောင်စာ ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြော နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်မီ ကြီး လေးကြီး တွေ့ဆုံမှ သာ နိုင်ငံ ရေး အဖြေတစ်ခု ရမည် ဖြစ်သည်။
၂ဝ၁၅
ခုနှစ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဖြေလျှော့မှု အပေါ် မျှော်လင့်ချက်
များကို ကိုင်တွယ်ရန်မှာ လွှတ်တော်တွင် အမတ် အများဆုံး အနိုင်ရသည့် ပါတီ
တစ်ရပ် တည်းကတော့ အထိအခိုက် နည်းနည်းဖြင့် ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သည်
ကို သင်ခန်းစာ ယူဖွယ် အတိတ် ဖြစ်ရပ် များက ရှိနေသည်။
အပြန်အလှန် သွေးတိုးစမ်းမှုနှင့် ဆက်ခံရဦးမည့် အမွေများ
ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ သမ္မတ ဖြစ်ရန် အတွက် အပြန်အလှန်
လေးစားမှု ရှိကြောင်းကို နေပြည်တော် တွင် သတင်းထောက် များနှင့် တွေ့ဆုံခဲ့
သည့်ဖြစ်ရပ် က ပြသနေသည်။
”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား
မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ်အောင် ကန့်သတ် ထားတဲ့
အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားခဲ့ပြီး
သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား
မျှတအောင်ဆောင် ရွက်ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင်
ပြောကြားခဲ့သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အရပ်သား အစိုးရ
တစ်ရပ် အဖြစ် အသွင် ကူးပြောင်းနိုင်သော် လည်း ယခု ဖွဲ့စည်းပုံဖြင့်
ရှေ့ဆက်၍ မရ။
ပြင်ဆင်ရမည် ဆိုသည် ကလည်း အာဏာရ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့
ကိုယ်တိုင် လွှတ်တော်တွင် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။ မည်သည် အတိုင်း အတာအထိ
ပြင်ဆင်မည် ဆို သည်ကမူ ပြည်သူများ ၏ ဆန္ဒ အပေါ် မူတည်၍ လာမည့် ၂ဝ၁၄ နှစ်သစ်
တွင် သိမြင်ရမည် ဖြစ်သည်။
တာဝန်ယူ တာဝန် ခံရသော အစိုးရ မည်သည်
ယခင်အစိုးရ၏ ဆိုးမွေကောင်း မွေကို ငြင်းဆန်၍ မရနိုင်။ မြစ်ဆုံ စီမံကိန်း
ပြဿနာက ၂ဝ၁၅ ခုနှစ် အတွင်း သမ္မတ ဖြစ်မည့် သူများကို စောင့်ဆိုင်း နေသည်။
လယ်ယာမြေ အသိမ်းခံထား ရသည့် လက်ပံတောင်းတောင်က ပြည်သူတွေ၏ ဒဏ်ရာက အကင်းမသေ
ဖြစ်နေဆဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် သိမ်းပိုက် ထားသော လယ်ယာမြေ
ကိစ္စကလည်း အဖြေမပေါ်သေး။ ဘာသာရေး လူမျိုးရေး ပဋိပက္ခ အသွင်ပေါ် စေရန်
ချိန်ကိုက်ဗုံး များကလည်း ဖောက် ခွဲနေဆဲ၊ နိုင်ငံရေး ပြောင်းလဲလာသည့် နှင့်
ဖွံ့ဖြိုးမှု အတွက် ပေးဆပ်ရမည့် အရင်း အနှီး၊ စားပွဲ ဝိုင်းပေါ် တက်လာသော်
လည်း အချိန် မရွေး ဖြစ် ပွားနေသည့် ပြည်တွင်းစစ်၊ အာဏာရှင် ဆန်ဆန်
ဟောဟောဒိုင်းဒိုင်း လုပ်ဆောင်နေ သည့် အစိုးရ ယန္တရား၊ နိုင်ငံရေးပြောင်း
လဲသလောက် လိုက်ပါ မပြောင်းနိုင်သော ဆင်းရဲ မွဲတေမှုက ချိန်ကိုက်ဗုံးများပင်
ဖြစ်ပြီး၊ …
ရခိုင်ပဋိပက္ခကလည်း နိုင်ငံရေး အပြောင်းအလဲတွင် ထပ်မံပေါ်ပေါက်လာ နိုင်သည့်စိတ်မချရသေးသည့်ဖွဲမီး ဖြစ်နေ ပါသေးသည်။
လက်ရှိ
ကမ္ဘာ့နိုင်ငံ များ တွေ့ကြုံ နေသလို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်သည့်
နိုင်ငံများ အပြန်အလှန် လွှမ်းမိုးမှုကို လွန်ဆန်ရန် မှာလည်း လက်တွေ့တွင် တ
ကယ်တော့ လွယ်ကူသည် တော့ မဟုတ်ပေ။ အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ဒေသတွင်း
နိုင်ငံများ၏ တောင် တရုတ် ပင်လယ် အရေး အားပြိုင်မှု၊ အမေရိကန်နိုင်ငံ ၏
အာရှပေါ်လစီ တို့ ကို ရင်ဆိုင်ရမည့် အာဆီယံ ဥက္ကဋ္ဌ တာ ဝန်ထမ်းဆောင်မည့်
နိုင်ငံ အတွက်က တော့ နိုင်ငံတကာ လေးစားသည့် အစိုး ရ တစ်ရပ် ဖြစ်မှသာ
ဒေသတွင်း စိန်ခေါ် မှု ကိုင်တွယ်နိုင်မည်ဖြစ်သည်။
အခြေအနေ အရပ်ရပ် ၏
စိန်ခေါ် မှုများကို ရင်ဆိုင် ဖြေရှင်းရန်မှာ ညွန့် ပေါင်း အစိုးရ
တစ်ရပ်ဖြစ်မှသာ မလို လားအပ်သော နိုင်ငံရေး အကျပ်အတည်း ကိုရှောင်
လွှဲနိုင်တော့ မည်လား။
ယခု ကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ
သမ္မတ အမည်စာရင်းကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် ၂ နေရာ
ရွေးချယ်ရ မည်ဖြစ်သော် လည်း ယနေ့ အထိ သမ္မတ ဖြစ်လိုကြောင်း တရားဝင် နုတ်ဟ
ဖွင့်ဆို ကြေညာထား သူမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သာ ရှိနေ သေးသည်။
နောက်ထပ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် လက်ရှိ အာဏာရ ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တို့သည်လည်း သူရဦးရွှေ မန်းနှင့်
ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိသည်က
ထိပ်တိုက် တွေ့ဆုံရန် ဆန္ဒ မရှိဆိုသည့် သဘောဖြစ်နေ မည်လော။ အခြားနိုင်ငံရေး
ပါတီ များတွင် သမ္မတ နေရာ အတွက် အသံမထွက်သေးသည် မှာ မေးစရာ
ပုစ္ဆာတစ်ခုဖြစ်နေပြီလော။
အထူးသဖြင့် အမျိုးသား လွှတ် တော်တွင်
ရွေးကောက်ခံ ရသည့် သမ္မတ နေရာ အတွက် တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ
ထဲတွင် သမ္မတ ဖြစ် ချင်ကြောင်း မည်သူ ကမျှ ထုတ်ဖော်ပြောဆိုမှု
မရှိသေးခြင်းသည်ပင် ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ
တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။
စိုင်းနောင်
(လွှတ်တော်သတင်းထောက်တစ်ဦးအမြင်)
Popular Myanmar News Journal