Pages

Saturday, January 25, 2014

အမျိုးသားရင်ကြားစေ့ရေး မထိခိုက်အောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်တဲ့ ဆွေးနွေးညှိ့နှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ ဘော်လုံးကွင်းမှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မလား အသစ်ရေးဆွဲမလား လူထုဆန္ဒခံယူပွဲမှာ ဒေသခံတွေရဲ့ မေးခွန်းတွေကို ဖြေကြားတဲ့နေရာမှာ အခုလို ထည့်သွင်း ပြောခဲ့တာပါ။

“ကျမတို့ကတော့ ပထမဦးဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေတဲ့ ဆွေးနွေးညှိနှိုင်းတဲ့ပုံစံမျိုးနဲ့ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲချင်ပါတယ်၊ ကျမတို့ရဲ့ ဒီလိုဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ မူနဲ့ လုပ်သွားတဲ့ကြိုးပမ်းမှုအနောက်မှာ ပြည်သူလူထုရဲ့ အင်အားဟာ ဒုနဲ့ဒေးနဲ့ရှိတယ်ဆိုလို့ရှိရင် ဒီခရီးဟာ အောင်မြင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီရဲ့ အကြံပြုချက်တွေဟာ ပြောင်းလဲသင့်သလောက် မပါရှိရင် တခြားနည်းလမ်းနဲ့ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နမ့်စန်၊ မိုးနဲနဲ့ လင်းခေးမြို့တွေက မိန့်ခွန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ပညာကြိုးစားသင်ကြဖို့၊ မူးယစ်ဆေးဝါး ရှောင်ကျဉ်ကြဖို့နဲ့ ကျန်းမာရေးလိုက်စားကြဖို့ကိုလည်း မှာကြားခဲ့ပါတယ်။

RFA Burmese

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်

    ဒေါ်အောင်ဆန်းစုကြည် အသေးစား ရေအားလျှပ်စစ်နှင့် တရားဥပဒေစိုးမိုးရေးကိစ္စ ဆွေးနွေးမည်



လင်းခေး၊ မဇ္ဈိမ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်
တောင်ပိုင်း လင်းခေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၂၅ ရက် ညနေတွင်
တွေ့ဆုံကာ အသေးစား ရေအားလျှပ်စစ် ကိစ္စနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စများ ဆွေးနွေးမည် ဖြစ်သည်။
   

    အခြေခံဥပဒေပြင်ရန် လင်းခေးတွင် ရာနှုန်းပြည့်နီးပါးထောက်ခံ

လင်းခေး၊ မဇ္ဈိမ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်
တောင်ပိုင်း လင်းခေးမြို့နယ်ရှိ ဘောလုံးကွင်းအတွင်း ဇန်နဝါရီလ ၂၅ရက် ညနေ ၃နာရီ ခွဲခန့်တွင် အခြေခံ
ဥပဒေဆိုင်ရာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၁ဝဝရာခိုင်နှုန်းခန့် အခြေခံဥပဒေ ပြင်ဆင်ရန်
ထောက်ခံခဲ့သည်။

ထိုဟောပွဲသို့ လင်းခေးနှင့် အနီးတစ်ဝိုက် မြို့ရွာများက ဒေသခံ ၂ဝဝဝကျော် တက်ရောက်သည်။

ဇန်နဝါရီလ ၂၅ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နမ့်ဆမ်၊ မိုးနဲနှင့် လင်းခေးမြို့နယ် သုံးခုတွင် ဟောပြော ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နမ့်ဆမ်မြို့နယ်တွင် တက်ရောက်လာသည့် ဒေသခံ ၉၅ရာခိုင်နှုန်းက ဖွဲ့စည်းပုံ

အခြေခံ ဥပဒေ ပြင်ဆင်ရန် ထောက်ခံခဲ့ပြီး မိုးနဲတွင်မူ ၉ဝရာခိုင်နှုန်းက ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လင်းခေးမြို့နယ်၌ လူထုဟောပြောပွဲအပြီးတွင် လင်းခေးမြို့ စိန်ပန်း တည်းခိုခန်း
တွင် တစ်ညအိပ်ကာ ဇန်နဝါရီလ ၂၆ရက် နံနက်တွင် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
   

    လင်းခေးတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲစပြီ

နမ့်စန်၊ မဇ္ဈိမ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်
တောင်ပိုင်း လင်းခေးမြို့နယ်ရှိ ဘောလုံးကွင်းအတွင်း ဇန်နဝါရီလ ၂၅ရက် ညနေ ၃နာရီ ခွဲခန့်တွင် အခြေခံ ဥပဒေဆိုင်ရာ လူထုဟောပြောပွဲ ကို စတင်ဟောပြောနေပြီဖြစ်သည်။

ထိုဟောပွဲသို့ လင်းခေးနှင့် အနီးတစ်ဝိုက် မြို့ရွာများက ဒေသခံ ၂ဝဝဝကျော် တက်ရောက်ခဲ့ပြီး ပရိတ်သက်များ က ဘောလုံးကွင်းအပြည့် နေရာယူထားသည်။

ဇန်နဝါရီလ ၂၅ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နမ့်ဆမ်၊ မိုးနဲနှင့် လင်းခေးမြို့နယ် သုံးခုတွင် ဟောပြော ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နမ့်ဆမ်မြို့နယ်တွင် တက်ရောက်လာသည့် ဒေသခံ ၉၅ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် ထောက်ခံခဲ့ပြီး မိုးနဲတွင်မူ ၉ဝ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လင်းခေးမြို့နယ်၌ လူထုဟောပြောပွဲအပြီးတွင် လင်းခေးတွင် တစ်ညအိပ်ကာ
ဇန်နဝါရီလ ၂၆ရက် နံနက်တွင် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
   

    မိုးနဲတွင် အခြေခံဥပဒေပြင်ရန် ၉ဝ ရာခိုင်နှုန်း ထောက်ခံခဲ့

နမ့်ဆမ်၊ မဇ္ဈိမ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ရက် နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့ ဘောလုံးကွင်းတွင် ပြုလုပ်သည့် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို ဒေသခံ ၃ဝဝဝခန့် တက်ရောက်ခဲ့ပြီး ၉ဝရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံခဲ့ကြသည်။
   

    အခြေခံဥပဒေပြင်ရန် နမ့်စန်တွင် ၉၅ရာခိုင်နှုန်း ထောက်ခံ

နမ့်ဆမ်၊ မဇ္ဈိမ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ ရက် နံနက် ၉နာရီ ခွဲခန့်တွင် နမ့်ဆမ်ဘောလုံးကွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ရာ တက်ရောက်သူ ၉၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို နမ့်ဆမ်ဒေသခံ ၄ဝဝဝ ခန့် တက်ရောက်ခဲ့သည်။
 
Written by  Mizzima News  

ဒေါ်အောင်ဆန်းစုကြည် နမ့်စန် လူထုတွေ့ ဆုံပွဲ

 
နမ့်ဆန်ကွင်းမှာ အမေအလာကို ကရင်းခုန်ရင်းကြိုဆိုနေ။ ဓါတ်ပုံ - ထင် လင်း ဦး

နမ့်စန်မြို့  ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ ပြည်သူတစ်ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ပေးရင် ပြည်သူတွေ ဘာလုပ်သင့်လဲ ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေက တကယ်ဆိုရင် လူတစ်စုလေးက ရေးထားတဲ့ ဥပဒေဖြစ်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ် လို့ ပြောပါတယ်။

ပုဒ်မ ၅၉ (စ) ကို ပြင်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အောက်မှာပဲ ရှိနေမှာလားလို့ ပြည်သူတစ်ဦးက မေးတဲ့မေခွန်း ကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူ့အုပ်ချုပ်မှုအောက်မှာမှ ခံပြီးတော့ ဒီနိုင်ငံကို အုပ်ချုပ်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဟောပြောပွဲကို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော နမ့်စန် မိုင်းရှုး ရပ်စောက် ဟိုပုံး ပင်းတယ ဆီဆိုင် ကွမ်လုံမြို့နယ်က ပြည်သူပေါင်း ၄၀၀၀ ကျော်တက်ရောက်ခဲ့ ပြီး ဆန္ဒတောင်းခံခဲ့ရာ ၉၅ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ၅ရာခိုင်နှုန်းက အသစ်ရေးဆွဲချင်တယ်လို့ ဆန္ဒကောက်ယူရရှိခဲ့ပါတယ်။

Author နန်းလွင်

Kumudra

ခင်ယုမေ (၁၉၃၇-၂၀၁၄)

 

ခင်ယုမေ (၁၉၃၇-၂၀၁၄)

၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။
၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ
အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။
၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့်
ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ
သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ
တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း
အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ
ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။

ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ
ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို
ဝါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက
ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။
စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်း
များစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။

အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက်
လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က
အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေ
တာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊
အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး
ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး
ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး
ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ
့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။

ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့
ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး
ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက်
စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက
လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း
ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်
လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁
ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ်
အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက
ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည်
ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး
။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့
အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင်
ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင်
သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ
တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့
အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည်
တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိ
ကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး
ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့
ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ်
တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို
တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက်
လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက
နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ်
ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း
တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး
ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို
့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။

ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး
ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့
တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်
တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်
တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့်
ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင်
ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။

ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့်
ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း
ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့်
တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ
လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ
ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။
လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့
စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပြီး တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပြီး ၂၄.၁.၂၀၁၄ရက်နေ့ မှာကွယ်လွန်သွားခဲ့ပြီ။FNG မှ

ရုပ်ရှင်အနုပညာရှင်မင်းသမီကြီး အကယ်ဒမီ ခင်ယုမေ ကွယ်လွန်

 
ခုခေတ်မှာ "ခင်ယုမေ" ဆိုတာကိုမသိတဲ့ အနုပညာသမားများ၊မော်ဒယ်လောကသမားများ၊လှယဉ်ကျေးမယ်များ၊ဂျာနယ်လစ်ဇင်များ၊အဆိုတော်ပေါက်စများ၊ရုပ်ရှင်မင်းသား မင်းသမီးပေါက်စများဆိုတဲ့ ချာတိတ်တွေအတွက်...။

ခင်ယုမေ ဆိုတာ ဒါဘဲ။

၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။

၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။

ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ၀ါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။ စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်ျးားစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။

အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။

ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။

ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။

ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။ လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပြီး ၂၄.၁.၂၀၁၄ရက်နေ့ မှာကမ္ဘာမြေပြင်ကနေထွက်ခွါသွားခဲ့ပြီ။ ဖက်ရှင်လောက၊အဆိုလောက၊ရုပ်ရှင်လောက၊မော်ဒယ်လောကတို့ ရဲ့ အရှင်သခင်ဘုရင်မတစ်ဦး ဆုံးရှုံးခဲ့ရပြန်ပြီ...။
သင်းနှင့်ဓာတ်ပုံ. (Htut Htut .ဒေါင်းမာန်ဟုန်)

Friday, January 24, 2014

အီဂျစ် ရဲဌာနချုပ် အပြင်ဘက် ဗုံးကွဲ၊ ၄ ဦး သေ

 
ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် မြေတွင်းကြီး ဖြစ်ကျန်ရစ်
 မဲပေးသူ ၉၈ ရာနှုန်း ထောက်ခံတယ် ဆိုတဲ့ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ နောက်ပိုင်း အီဂျစ် နိုင်ငံရေး အခြေအနေ တင်းမာနေချိန်မှာ မြို့တော် ကိုင်ရိုက ရဲဌာနချုပ် အပြင်ဘက်မှာ ကားဗုံး တလုံး ပေါက်ကွဲလို့ အနည်းဆုံး လူ ၄ ဦးသေ၊ တခြား လူ ၇၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ဂျေရုဆလမ် မြို့တော်ရဲ့ ချန်ပီယံ တွေလို့ သူတို့ဘာသာ နာမည် ခံထားတဲ့ အယ်ခိုင်ဒါ အနွယ်ဝင် Ansar Beit al-Maqdis စစ်သွေးကြွ တွေက ဒီရဲရုံးချုပ် တိုက်ခိုက်မှုကို သူတို့ လက်ချက်လို့ ဝန်ခံ ထားပါတယ်။
အရင်လ က အီဂျစ် မြောက်ပိုင်း Mansoura မြို့မှာ ဖြစ်ပွားတဲ့ လူ ၁၆ သေဆုံးတဲ့ လုံခြုံရေး ဌာန ရုံးတရုံး တိုက်ခိုက်မှု ကိုလည်း သူတို့ လက်ချက်လို့ ဒီအဖွဲ့က ကြေညာ ထားပါတယ်။

ဒါပေမဲ့ အီဂျစ် အစိုးရ ကတော့ ဒီတိုက်ခိုက်မှု ကို သူတို့ ဖြုတ်ချ ခဲ့တဲ့ သမ္မတဟောင်း မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့လက်ရာလို့ အပြစ်ဖို့ ခဲ့ပါတယ်။

မတရားသင်း ကြေညာ ခံထားရတဲ့ ယခင် အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့က ဒီစွပ်စွဲမှုကို ပြင်းပြင်းထန်ထန် ပယ်ချ ခဲ့ပြီး ရှုတ်လည်း ရှုတ်ချ ခဲ့ပါတယ်။

ညီနောင်များ အဖွဲ့ရဲ့ နိုင်ငံရေး လက်ရုံး လွတ်လပ် မျှတမှု ပါတီက မိုဟာမက် ဆူဒန်ကတော့ သူတို့ အဖွဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေမို့ စစ်အာဏာသိမ်းသူတွေက ဖြစ်ဖြစ် ဘယ်သူက ဖြစ်ဖြစ် အကြမ်းဖက်တာကို ပြစ်တင် ရှုတ်ချတယ်လို့ ပြောပါတယ်။

အစိုးရ ဘက်ကလည်း လာမယ့် စနေနေ့မှာ ကျရောက်မယ့် အရင် အာဏာရှင် သမ္မတ မူဘာရက် ကို ဖြုတ်ချခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲ တွေ အတွက် တပ်လှန့်ထားတယ်လို့ ဆိုပါတယ်။

ဒီလို လုံခြုံရေး အကောင်းဆုံး အစိုးရ ဌာနကြီးကို လာပြီး ဖောက်ခွဲရေး လုပ်ခဲ့တာက လုံခြုံရေး အခြေအနေ လျော့ရဲ နေတာကို ပြနေတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် Orla Guerin က ကိုင်ရိုကနေ ပေးပို့ ပါတယ်။

ပေါက်ကွဲမှု ပမာဏ ကြီးမားပြီး ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
BBC

မြန်မာသံရုံး ဗုံးခွဲရေးအဖွဲ့ဝင် နောက် တစ်ဦး ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့နှစ် မေလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့စီစဉ်ရာမှာ ပါဝင်ခဲ့သူ နောက်တစ်ဦးကို ကြာသပတေးနေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဆီပါရီယိုဆိုသူ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားကို ဂျကာတာ တောင်ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  စီရင်ချက်ချမှတ် လိုက်တာဖြစ်ပါတယ်။ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး ဆီပါရီယိုဟာ လေးဦးမြောက် ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်  ဆီပါရီယိုဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေကြောင့် လက်တုန့်ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုမှာ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။  သူဟာ Facebook လူမှုကွန်ရက်ကတစ်ဆင့် တခြားအစွန်းရောက်တွေနဲ့ ဆက်သွယ်ခဲ့ပြီး စစ်သွေးကြွ ဘာသာရေးခေါင်းဆောင် အဘူဘေကာ ဘာရီယာရဲ့ ဟောကြားချက်တွေကို နာယူခဲ့တယ်လို့ ဆိုပါတယ်။ အဘူဘေကာဟာ ၂၀၀၂ခုနှစ် ဘာလီ ဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်ကွန်ရက် ခေါင်းဆောင်ဖြစ်ပြီး၊ လက်ရှိမှာ အကျဉ်းကျခံနေရပါတယ်။
မြန်မာသံရုံး ဗုံးခွဲဖို့ ဦးဆောင် ကြိုးကိုင်စီစဉ်သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ်ကိုလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
အလားတူ ကြံစည်မှုမှာပါဝင်ခဲ့ကြတဲ့ ရိုဟာဒီနဲ့ အက္ကမက်တူဖစ် ဆိုသူတွေကိုလည်း ထောင်ဒဏ်ခြောက်နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
RFA

ထိုင်း ရွေးကောက်ပွဲ ရက်ရွှေ့ခွင့်ရှိတယ်လို့ တရားရုံး ဆို



 မြို့တော် ဘန်ကောက်နဲ့ အနီးဝန်းကျင်ကို အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ထိုင်း နိုင်ငံမှာ ရှေ့လ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို တရားဝင် ရွှေ့ဆိုင်း နိုင်တယ်လို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လို့ ဒါဟာ ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အကြား သဘောတူညီမှသာ ရွှေ့ဆိုင်းလို့ရမှာ ဖြစ်ပါတယ်။
ကော်မရှင်ကတော့ လက်ရှိ ထိုင်းနိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုတွေကြောင့် ရှေ့လ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်လို့ ပြောပြီး ရွေးကာက်ပွဲကို နောက်ဆုတ်ဖို့ ပြောထားပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ကတော့ စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက် လုပ်ဖို့ အလေးအနက် ပြောနေပါတယ်။

အဓိက အတိုက်အခံ ပါတီကလည်း ဒီ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး၊ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွကပါ ဒီ ရွေးကောက်ပွဲကို အနှောင့်အယှက် တွေ လုပ်မယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မစ် ယင်လတ် ရာထူးက ဆင်းပေးရေး အတွက် စည်းရုံး ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။
BBC

ဘားအံ တိုင်းရင်းသား ညီလာခံ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားမည်

 ethnic-armed-laywah-305.jpg
လာမယ့် ဖေဖော်ဝါရီလထဲမှာ ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပမယ့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေး ၀ါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံနောက်ဆုံးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံး သဘောတူတဲ့မူကြမ်းကို မနက်ဖြန်မှာ လက်မှတ်ထိုးပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။
မူကြမ်းထဲမှာ အရင်က ဖက်ဒရယ်တပ်မတော်ဆိုပြီး သုံးနှုန်းထားတာကို ပြည်ထောင်စုတပ်မတော် လို့ ပြောင်းလဲလိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးဟာ အစိုးရနဲ့ လာမယ့်ဖေဖော်ဝါရီလအတွင်း ဘားအံမြို့မှာ ဆက်လက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
RFA

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း အသစ်ဆွဲ လွှတ်တော်တင်

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အန်ဂျီအို အိုင်အန်ဂျီအိုတွေနဲ့အ ကြိမ်ကြိမ်ဆွေးနွေးပြီး အသစ် ပြန်လည်ရေးဆွဲကာ ပြည်သူ့လွှတ်တော်ကို တင်လိုက်ပါပြီ။
Parliment Jan 2013ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကော်မတီက တာဝန်ယူ တင်သွင်းလိုက်တာဖြစ်ပြီး အသစ်ရေးတင်တာပါလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။
“အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေ ၀ိုင်းဝန်းဆွေးနွေးကြပြီးတော့ နောက်ဆုံး ပြင်လိုက်တဲ့ဟာပေါ့။ မူလဟာကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုံးဟာကို အသစ်တင်သွင်းတဲ့ဟာကို စိစစ်ပြီး လွှတ်တော်ကို တင်သွင်းတာဖြစ်ပါတယ်။”
လွှတ်တော်ထဲ ဇန်န၀ါရီလ ၂၇ရက်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
၂၀၁၃ခုနှစ်အတွင်း အသင်းအဖွဲ့ဥပဒေကြမ်း လွှတ်တော်တင်ဖို့လုပ်တုန်းက ပြည်တွင်းရှိ အသင်း အဖွဲ့တွေ ရာနဲ့ချီ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
Equal Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခု လွှတ်တော်တင်တဲ့ ဥပဒေကြမ်းမှာ အသင်းအဖွဲ့တွေ လိုလားချက် တော်တော်များများ ပါတယ်လို့ ပြောပါတယ်။
“အသင်းအဖွဲ့ လိုလားသလောက် တော်တော်များများပါပါတယ်။ အထူးသဖြင့် ဥပဒေ နာမည်ကို ပြောင်းသွားတယ်။ အရင်တုန်းက အသင်းအဖွဲ့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ဒါပေမယ့် အခုက အသင်းအဖွဲ့များ မှတ်ပုံတင်ဆိုင်ရာ ဥပဒေ ဆိုပြီး ပြောင်းသွားတာ ကောင်းတယ်။ နောက်တခုက ဒီနေရာမှာ ထူးထူးခြားခြား ပြောင်းလဲချက်ကတော့ အရင်တုန်းက အသင်းအဖွဲ့မှန်သမျှက မဖြစ်မနေ မှတ်ပုံတင်ရမယ်။ တကယ်လို့ မတင်ဘူးဆိုရင် ထောင်ဒဏ်ရော ငွေဒဏ်ရော ချမှတ်နေရာကနေ အခုဆိုရင် မြို့နယ်အဆင့်ဆိုရင် တင်စရာမလိုဘူး။ နောက်တခါ ဆန္ဒရှိလို့မှ တင်ရမယ်ဆိုတဲ့ သဘောမျိုးတွေ ပါဝင်တာ အရင်ပထမဦးဆုံး မူကြမ်းထက်စာရင် တော်တော်ကြီးကို တိုးတက်လာပါတယ်ခင်ဗျ။”
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီတကြိမ်လွှတ်တော်ထဲ အပြီးသတ် အတည်ပြုဖို့ ရှိပါတယ်။

By ရွှေအောင် (DVB)

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာ စစ်တပ်အကြီးအကဲက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အကြောင်းနဲ့ ပြည်သူလူထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလမသဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သ တင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကြီးသွားရာ တစ်လျှောက် ဒေသခံများ ကြိုဆို (ဓာတ်ပုံ)



ဓါတ်ပုံ - ထင်လင်းဦး
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေညောင်တွင် ၄၀၀ခန့်ကြိုဆို

မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၄ခုနှစ်။

ရွှေညောင်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲလုပ်ရန် ရှမ်းပြည်နယ်တောင်ပိုင်းကို နမ့်စန်မြို့ကို သွားနေသော ဒေါ်အောင်ဆန်းစုကြည်ကို လမ်းတစ်လျှောက်တွင် ဒေသခံများက ကြိုဆိုလျှက်ရှိပြီး ရွှေညောာင်မြို့အရောက်တွင် ကျောင်းသားများအပါအဝင် ဒေသခံ ၄၀၀ခန့်က ကြိုဆိုနေကြသည်။

(မဇ္ဈိမသတင်းဌာန)

-------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကြီးသွားရာ တစ်လျှောက် ဒေသခံများ ကြိုဆို

မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲလုပ်ရန် ရှမ်းပြည်နယ်တောင်ပိုင်းကို နမ့်စန်မြို့ကို သွားနေသော ဒေါ်အောင်ဆန်းစုကြည်ကို လမ်းတစ်လျှောက်တွင် ဒေသခံများက ကြိုဆိုလျှက်ရှိပြီး တောင်ကြီးအဝင် ဆိုင်းဘုတ်နားအရောက်တွင် ဒေသခံ ၂၀၀ခန့်က ရှမ်းအိုးစည်ဝိုင်းဖြင့် ကြိုဆိုကြသည်။

အေးသာယာမြို့သစ် ထုံးဘိုလမ်းတစ်လျောက်တွင်လည်း ဒေသခံ ၅၀၀ခန့်က ကြိုဆိုလျှက်ရှိသည်။

ထို့အပြင် ရွှေညောင်မြို့ကို ဖြတ်စဉ်ကလည်း ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံများ ၄၀၀ခန့်က ကြိုဆိုခဲ့ကြပြီး ကားများ၊ ဆိုင်ကယ်များလည်း လမ်းတစ်လျှောက် ပြည့်နှက်လျှက်ရှိသည်။

(မဇ္ဈိမသတင်းဌာန)

-------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့မဈေးအနီး ရောက်ရှိ

တောင်ကြီး၊ မဇ္ဈိမ။ ။အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲလုပ်ရန် ရှမ်းပြည်နယ်တောင်ပိုင်းကို နမ့်စန်မြို့ကို သွားနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၄ရက် ညနေ ၅နာရီ ၄၅မိနစ်ခန့်တွင် တောင်ကြီး မြို့မဈေးအနီးသို့ ရောက်ရှိပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကြီးမြို့ခံ ထောင်နှင့်ချီသည့် လူတန်းကြီးက ကြိုဆိုလျှက်ရှိကြသည်။ တောင်ကြီးမြို့ မြင်းရုပ်အနီးအရောက်တွင် လူသုံးထောင်ခန့်က ကြိုဆိုခဲ့သည်။

(မဇ္ဈိမသတင်းဌာန)





လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို အစိုးရမှ မြေကွက်ပေး

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံးသို့ မြေကွက်များ ချထားပေးခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် တစ်ဦးက ပြောကြားရာတွင် လွှတ်တော် ကိုယ်စားလှယ်များ မြေကွက်(ပေ ၆၀ x ပေ ၈၀)တစ်ကွက်စီ၊ ကာလ ပေါက်ဈေး ၁၈ သိန်း တန်ဖိုးဖြစ်ပြီး ကေတုမတီမြို့သစ် (တောင်ငူ) ခွပ်သစ်ကုန်းတွင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များကို အစိုးရက မြေကွက်ပေးသည့် ကိစ္စနှင့် စပ်လျဉ်း၍ လက်ပံတန်းမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဒေါ်အေးအေးခိုင်(ကြံ့ခိုင်ရေးပါတီ)ကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ““ပညာရေးကောလိပ် နားမှာရတာ၊ စာရွက်ရတာ တစ်နှစ်လောက် ရှိပြီ။ ပေါက်ဈေးရလျှင် ရောင်းမည်။ ဈေးစောင့်နေတာ၊ သူများပေးတဲ့ဈေးပေါ့။ ကြားဖြတ် ရွေးကောက်ပွဲပြီးပြီးချင်း ပေးတာ။ (ပေ ၆၀ x ပေ ၈၀) လောက်တော့ ရှိမယ်။ တောင်ငူ ပညာရေးကောလိပ်ဆောက်မယ့် နေရာနားမှာ””ဟု ပြောကြားသည်။

တိုင်းအစိုးရမှ လွှတ်တော် ကိုယ်စားလှယ်များကို မြေကွက်များ ချပေး၍ တိုင်းအစိုးရအဖွဲ့၊ ၀န်ကြီး ကိုယ်ရေးအရာရှိ တစ်ဦးကလည်း ““ပဲခူးမှာတော့ မဟုတ်၊ တောင်ငူမှာပါ၊ အပြင်လူ လျှောက်လို့မရပါ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရပြီး လွှတ်တော်ကိုယ် စားလှယ်တွေ ပြန်ရောင်းကြတယ်။ သိန်း ၂၀ ၀န်းကျင်လောက်တော့ ပေါက်တယ်။ အပြင်လူ မပေးပါ။ လွှတ်တော်အမတ်တွေ ပဲရတယ်””ဟု ပြောသည်။

အချို့သော မြေနေရာများတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော် ကိုယ်စားလှယ်များအတွင်း မြေ ၅ ဧကခန့် ရကြောင်း၊ မြေလွတ်များကို ဖော်ထုတ်ပြီးမှ ပေးခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများအတွက် ထိန်းညှိပေးရန် လွှတ်တော်များ ပေါ်ပေါက်လာခြင်းကို အများသဘောကျသော်လည်း အစိုးရ သက်တမ်း ပြီးဆုံးခါနီး အချိန်အထိ လွှတ် တော်များနှင့် အစိုးရများအကြား အပြန်အလှန် အချေအတင် ထိန်းညှိရေး ကိစ္စများ ပြောဆိုခြင်း မပြုကြသည့် လွှတ်တော်များအပေါ် အများပြည်သူက အားမလိုအားမရ ဖြစ်နေကြချိန်တွင် ယခုကဲ့သို့ အစိုးရအပေါ် ပြည်သူဘက်မှ ဝေဖန်ထောက်ပြရန် တာဝန်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကို အစိုးရက မြေကွက်များ လူစေ့တက်စေ့ ချထားပေးခြင်းသည် ပြည်သူများအတွင်း သံသယဖြစ်ဖွယ်ရာ ဖြစ်လာနိုင်ကြောင်း ပဲခူး တိုင်းဒေသကြီးအတွင်း ၀ါရင့်ကြံ့ခိုင်ရေး အတွင်းရေးမှူး တာဝန်ယူခဲ့သူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

၂၀၁၂တွင် ဧရာဝတီင်္တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က တိုင်းဒေသကြီး အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူကို အရေးယူနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သို့ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သ၀ဏ်လွှာ ပေးပို့ တင်ပြခဲ့သော်လည်း သမ္မတက တိုင်းဒေသကြီး အစိုးရကို တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ရန် တုန့်ပြန်ခြင်းမရှိဘဲ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ဗဟိုအစိုးရသို့ ပြောင်းရွှေ့ခဲ့သည်။

ဤသို့ဖြင့် ၁၉၈၈ နောက်ပိုင်း တပ်မတော် အစိုးရမှသည် အရပ်သား အစိုးရသစ် ပြောင်းလဲခဲ့ချိန်၌ တပ်မတော်အငြိမ်းစား အစိုးရအကြီးအကဲများ အချင်းချင်း အပြန်အလှန် ဖေးမလျက် ပြည်သူလူထုများ အပေါ်တွင်မူ ဥပဒေပုဒ်မကြီးများဖြင့် တပ်၍ ဆက်ဆံအုပ်ချုပ် နေကြခြင်းမျိုး ရှိနေသရွေ့ မြန်မာနိုင်ငံ၏ ပြည်သူများအတွက် ရင်လေးဖွယ်ရာ ဖြစ်ကြောင်း၊ အစိုးရနှင့် ၀န်ထမ်းများသည် ပြည်သူ့ကျွန်အဖြစ် မခံယူဘဲ ပြည်သူများကို ထိန်းကျောင်းပဲ့ပြင်ရမည့် သူများအဖြစ် ခံယူနေခြင်းမှာ လွန်စွာ မှားယွင်းပြီး ယခင်အစိုးရခေတ်မှ ယနေ့တိုင် ဖိနှိပ်ခံခဲ့ကြရသော ပြည်သူများ၏ ဘ၀ကို နားလည် စာနာသင့်ကြပြီ ဖြစ်ကြောင်း ၂၀၁၀တွင် အငြိမ်းစားယူခဲ့သည့် တပ်မတော် အကြီးအကဲ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဗဟိုအစိုးရ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အကြီးအကဲများနှင့် ဥက္ကဋ္ဌများ အားလုံးနီးပါးသည် ယခင် စစ်အစိုးရ လက်ထက်၌ လုပ်ဖော်ကိုင်ဖက် တပ်မတော် အရာရှိကြီး အငြိမ်းစားများ ဖြစ်ကြပြီး တစ်ဦးစနှစ်ဦးစသာ အရပ်သား ပြည်ခိုင်ဖြိုး အတွင်းရေးမှူး အချို့ဖြစ်ကြသည်။

Myanmartandawsint Newspaper


ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် တပ်ပိုင်ကွင်း ရှမ်းပြည်နယ်အစိုးရ ခွင့်မပေး


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ပြည်သူနဲ့ တွေ့ဆုံပွဲ လုပ်မယ်လို့ တင်ပြတဲ့ အဝေရာကွင်းဟာ တပ်မတော်ပိုင်မြေနေရာဖြစ်တာကြောင့် ခွင့်မပြုပါဘူးလို့ ရှမ်းပြည်နယ်အစိုးရက အကြောင်းပြန်ကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဌထံ ရှမ်းပြည်နယ်အစိုးရကိုယ်စား နယ်စပ်ရေးနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ဇန်န၀ါရီ ၂၃ ရက်နေ့က အကြောင်းပြန်ကြား လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တာဝန်ခံကို ဆက်သွယ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ဟဲဟိုးမြို့ ခရီးစဉ်အတွင်းမို့ ခေါ်လို့ မရသေးပါဘူး။

ဒီအကြောင်းပြန်ကြားချက်နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်) က ဒီလုပ်ရပ်ဟာ ဒီမိုကရေစီခေါင်းဆောင်ရဲ့ ခရီးစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်တာ၊ အများပြည်သူပိုင် အဝေရာမီးပုံးပျံကွင်းကို စစ်တပ်ပိုင်အဖြစ် သတ်မှတ်တာဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်) တာဝန်ခံ ကိုနေမျိုးက ခုလို ပြောပါတယ်။

“အခုက ဒီနေ့ နမ့်စန်ကို တန်းသွားမှာပေါ့ဗျာ။ ဇန်န၀ါရီ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ တောင်ကြီး အဝေရာကွင်းမှာ လူထုဟောပြောပွဲလုပ်ဖို့ စီစဉ်ထားပြီးမှ မနေ့ည ၁၀ နာရီမှာ ဒီအဝေရာကွင်းဟာ စစ်တပ်ပိုင် ကွင်းဖြစ်လို့ ခွင့်ပြုချက်မရဘူး။ တိုက်ပွဲက ရှည်ကြာအုံးမယ်။ ဘာလို့လည်းဆိုတော့ ဒီကွင်းက စစ်တပ်ပိုင်ကွင်းဆိုရင် ဆက်လက် တိုက်သွားမှာပဲ။”

ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေနည်းလမ်း။ ပြည်သူလူထု အင်အားပြတဲ့ နည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဒီအဝေရာကွင်းဟာ အများပြည်သူပိုင်တဲ့ကွင်းဖြစ်ပြီး အရင်တုန်းက သစ်တောမြေလို့ သိရကြောင်းနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်လာမှ စစ်တပ်ပိုင်အဖြစ် အသိပေးတာဟာ တောင်ကြီးသူ၊ တောင်ကြီးသားတွေ အပါအ၀င် ရှမ်းလူထုကို အနိုင်ကျင့် စော်ကားတာလည်းဖြစ်တယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေပိုင်းမှာ နေပြည်တော်ကနေ လေယာဉ်နဲ့ ဟဲဟိုး လေဆိပ်ကို ရောက်ရှိပါတယ်။ သူကို ဒေသခံတိုင်းရင်းသားပေါင်းစုံ အင်အား နှစ်ထောင်ကျော်က အတီးအမှုတ်တွေနဲ့ ကြိုဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟဲဟိုးကနေ မော်တော်ယာဉ်နဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ရွှေညောင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်မြို့တွေကို ဖြတ်ပြီး နမ့်စန်မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ မိုးနည်း၊ လင်းခေးနဲ့ တောင်ကြီးမြို့တွေမှာ ဟောပြောဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အကြီးအကဲတွေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။

ကနဦးပိုင်းတုန်းက နမ့်စန် တပ်ပိုင်လေဆိပ်မှာ စင်းလုံးငှားလေယာဉ်ကို ခဏ ဆင်းသက်ခွင့်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အထိ ခွင့်တောင်းမေတ္တာရပ်ခံပေမယ့် မရတာကြောင့် ဟဲဟိုးလေဆိပ်မှာ ဆင်းပြီး ခရီးဆက်နေတာဖြစ်ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ

 
နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး

Myanmartandawsint Newspaper

ဧရာဝတီ လယ်သမား ၄၀၀ ကျော် တရားစွဲခံထားရ


ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် လယ်မြေအမှုတွေနဲ့ တရားစွဲ ခံနေရပြီး မော်လမြိုင်ကျွန်း မြို့နယ်မှာ အများဆုံး ဖြစ်ပွားနေတယ်လို့ တောင်သူလယ်သမားများနဲ့ မြေယာ လုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက ပြောပါတယ်။

လယ်ယာမြေမှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃ လလောက် အတွင်း အခုလို လယ်သမားတွေ ရာနဲ့ချီ အမှုရင်ဆိုင်နေကြရတာဖြစ်ပြီး တရားစွဲခံရပုံကို သူပြောပြတာက “လယ်သမားတွေက ငွေကြေးမတက်နိုင်တဲ့အခါကြတော့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေ ယူရတယ်။ အဲဒီ ငွေကြေး အပေးအယူ ကိစ္စတွေ ရှိတယ်။ လယ်ယာမြေ မှတ်ပုံတင်ခါနီးကြတော့ လုပ်ငန်းရှင်တွေကနေပြီး မြေစာရင်းတွေနဲ့ ပေါင်းတယ်၊ နောက် တရားရုံးတွေနဲ့ ပေါင်းတယ်။ ဒီဟာက အမှန်တကယ်ကတော့ ငွေကြေးအပေးအယူနဲ့ ပတ်သက်လို့ရှိရင် တရားမလမ်းကြောင်းနဲ့ ငွေရလိုမှုနဲ့သာလျှင် အမှုတရားစွဲပြီး တောင်းသင့် တယ်။ ဒါပေမယ့် တော်တော်များများဖြစ်နေတာ အဲလိုမဟုတ်ဘူး။ အသားလေး ငွေကို ထိုးပေးလိုက်ပြီးတော့ အဲဒီမှာ စပါးဈေးတို့ တင်းတိုးတို့ အဲဒီလို ပြန်ပြီး မဆပ်နိုင်တဲ့ ပုံစံမျိုးတွေ လုပ်တယ်။ နောက်တချို့ဆိုရင် လက်မှတ်ကို စာရွက်ဗြောင်မှာ ထိုးခိုင်းတယ်။ လယ်သမားတွေက အလုပ်ချိန်ကြလာပြီဆိုရင် သူရဲ့ ယုံကြည်မှုအရ ထိုးပေးလိုက်တာပဲ။ ပြီးတော့ စာရွက်ဗြောင်မှာ ရေးချင်ရာရေးလိုက်တာပဲ။ ရေးချင်တာရေးပြီး အာဏာပိုင်နဲ့ ပေါင်းပြီး အခုလို လယ်ယာမြေတွေ မှတ်ပုံတင်ရမယ့်အချိန်မှာ သူကဘာလုပ်လဲဆိုတော့ ဥပမာ ဦး ၅၀ ကို သူကိုင်ထားပြီး ၂ ယောက် ၃ ယောက်လောက်ကို တရားရုံးနဲ့ပေါင်း ငွေပေးပြီးတော့ တရားစွဲပြီး အတင်း ထောင်ချလိုက်တယ်။ အဲဒီလို ချရင်းနဲ့ လယ်သမားကို ကြောက်အောင် လုပ်လိုက်ပြီး နောက်လူတွေဆီက လယ်တွေ သိမ်းလိုက်တယ်။ အဓိကဖြစ်တဲ့ ပြဿနာက အဲဒါပဲ။” တောင်သူလယ်သမားများနဲ့ မြေယာလုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

နောက်တမျိုးက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ သတင်းကြားပြီး လယ်မြေ ပြန်မရသေးတော့ အဲ့ဒီ လယ်တွေမှာ ၀င်ရောက်ထွန်ယက်စိုက်ပျိုးလို့ တရားစွဲခံကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲ ခံနေရတာဖြစ်ပြီး လယ်သမား ၇၀ လောက်လည်း ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

လယ်သမားတွေ တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားကွန်ရက် တာဝန်ခံ တွေနဲ့ တိုင်းအစိုးရ တာဝန်ရှိသူတွေ ၃ ကြိမ်ထက်မနဲ တွေ့ဆုံဆွေးနွေးကြပြီး ဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်သေးပါဘူး။

ဇန်န၀ါရီ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ လယ်သမားတွေကို ကုမ္ပဏီတွေက တရားစွဲနေတဲ့ ကိစ္စ၊ လယ်မြေအမှုတွေ တရားရုံးမှာ ကြန့်ကြာနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေးခွန်း မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးမြင့်အောင် လာရောက်ဖြေကြားသွားပုံနဲ့ လယ်မြေ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးအောင်သိန်းလင်း က “ပုဒ်မ ၄၂၇ ကတော့ တရားရုံးကို တိုက်ရိုက်လျှောက်ရတယ်။ ပုဒ်မ ၄၄၇ က ရဲအရေးပိုင်တဲ့အမှု လို့ပြောတယ်။ နောက်တခုကတော့ ပုဒ်မတွေကို အလွယ်တကူ လုပ်နေတယ်၊ နောက်တခုက တရားရုံးတွေက ပုဒ်မ ၂ နဲ့ ပတ်သက်ပြီး အတည်ပြုတဲ့အခါမှာ တအားကြာတယ်။ ဒါတွေကို စိစစ်ပေးဖို့ ပြောတယ်။ သူတို့ ဘာမှ ပြောမသွားဘူး။ အောက်ခြေမှာ ကြာသင့်ကြာထိုက်တာထက် ပိုကြာနေတဲ့ ကိစ္စတွေကို လေ့လာပြီးတော့မှ အထောက်အထားအချက်အလက်နဲ့ ပြန်တင်ရမှာ ပေါ့ဗျာ။ ကျနော်တို့က လာပြီးတိုင်ကြတာကို ကြားနေတာကိုး။ သေသေချာချာ အောက်ခြေ စုံစမ်းပြီးတော့မှ တရားလွှတ်တော်ချုပ်ကို တင်မယ်လို့ စဉ်းစားထားပါတယ်”လို့ ပြောပါတယ်။

လယ်မြေတွေ အသိမ်းခံရတဲ့အပြင် တရားစွဲဆို ထောင်ချခံနေရတဲ့ လယ်သမားတွေအရေး အတွက် တောင်သူလယ်သမားကွန်ရက်တွေ စုပေါင်းပြီး အဖြစ်များတဲ့ မော်လမြိုင်ကျွန်းမှာ စခန်းချ ဖြေရှင်း လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

Tuesday, January 21, 2014

လူ့ဘောင်သစ်ပါတီရဲ့ အနာဂတ်

၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အုံကြွမှု အရေးအခင်းကြီးအပြီး ဒုတိယအကြီးဆုံး လူငယ်ထုဦးဆောင်ပါတီကြီးတရပ်အဖြစ် ထင်ရှားခဲ့တဲ့ DPNS လို့ခေါ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပရောက် တောခိုပါတီအဖြစ်ကနေ အခုလက်ရှိမှာ ပြည်တွင်း တရားဝင်ပါတီတခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် မှတ်ပုံတင်ခွင့် တောင်းခံထားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပါတီရဲ့ ပြန်လည်ထူထောင်ရေးကာလ ဦးဆောင်မှုအပိုင်းမှာ ကွဲလွဲမှုသတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်မိုးဇော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မိုးဇော်။         ။ ကျနော်တို့ နောက်ဆုံးအဆင့်ကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပြန်လည် တည်ထောင်ခွင့်ပေါ့ ပြန်ပြီး လျှောက်တဲ့အဆင့်ပေါ့ကော်မရှင်မှာ။ အဲ့ဒါကို ကျနော်တို့ အရင်လ ၁၇ ၇က်နေ့က ကော်မရှင်မှာ ပြန်လည် တည်ထောင်ခွင့် လျှောက်ခဲ့ပါတယ်။ အဲ့လို လျှောက်နိုင်ဖို့ကို ကျနော်တို့ ၁ နှစ်လောက်ပေါ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စပြီး ကြိုးစားရတာပေါ့နော်။ နောက်ဆုံးတော့ ကျနော်တို့ ပါတီကို ပြန်ပြီးတော့ တည်ထောင်ခွင့် လျှောက်တဲ့အဆင့်ကို ရောက်ပါပြီ။

ဦးသန်းလွင်ထွန်း။               ။ လူ့ဘောင်သစ်ပါတီကို ပြန်လည် တည်ထောင်ခွင့်လို့ ဆိုတဲ့နေရာမှာ လူ့ဘောင်သစ်ပါတီရဲ့ သမိုင်းကြောင်းအနေနဲ့ပေါ့ အဲ့ဒါက ပြီးခဲ့တဲ့ စစ်အစိုးရကာလတုန်းက မတရားအသင်း ကြေညာခံထားရပြီးတော့ ပါတီဝင် အများစုကလည်း ဒီဘက် နယ်စပ်ဒေသကို ရောက်ရှိပြီးတော့ ပြည်ပရောက် အဖွဲ့အစည်းအနေနဲ့ ရပ်တည်နေခဲ့တာပါ။ အဲ့ဒီတော့ သဘောက ပြည်တွင်းမှာ ကျန်နေတဲ့လူတွေနဲ့ အခုလို ပြည်ပကို ထွက်သွားပြီးတော့ ပြည်ပရောက် အဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်ခဲ့တဲ့ ခေါင်းဆောင်တွေကျတော့ ဘယ်လို သဘောတူညီမှုတွေ ရယူပြီးတော့ ပြန်လည် ထူထောင်ဖို့ ကြိုးစားနေတာလဲခင်ဗျ။

ဦးအောင်မိုးဇော်။         ။ ကျနော်တို့ ဗမာပြည်ကို စပြီး ပြန်လာခွင့်ရတဲ့ အခြေအနေပေါ့နော် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နေပြီးတော့ အခုအချိန်ထိပေါ့နော် ပြည်တွင်းမှာရှိတဲ့ စုစည်းရေးကော်မတီ၊ ပြည်တွင်းမှာရှိတဲ့ နောက် ပါတီဝင်ဟောင်းတွေ၊ နောက် ပြည်တွင်းမှာရှိတဲ့ အနယ်နယ် အရပ်ရပ်က လူ့ဘောင်သစ်ကိုယ်စားလှယ်တွေပေါ့နော် လူ့ဘောင်သစ်ရဲဘော်ဟောင်းတွေလည်း ကျနော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက် ပြလုပ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျနော်တို့ စုံညီအစည်းအဝေးတခု လုပ်ပါတယ်။ အဲ့ဒီ စုံညီအစည်းအဝေးကနေပြီးတော့ ကျနော်တို့ နယ်စပ်ဒေသမှာရှိတဲ့ ရဲဘော်တွေအပါအ၀င် အားလုံးသော ကိုယ်စားလှယ် ၂၅ ဦးကို ရွေးချယ်ပေးပါတယ်။ ရွေးချယ်ပေးတယ် ဆိုတာထက်ပေါ့ဗျာ ကိုယ့်ကိုယ်ကို အဆိုပြုပြီးတော့သော်လည်းကောင်း သို့မဟုတ်လို့ရှိရင် ခုနလိုပေါ့ တစ်ယောက်ကို ကျနော်တို့ အဆိုပြုပေးတော့သော်လည်းကောင်းပေါ့နော် ဒီမှာ ပါတီ ပြန်လည်ထူထောင်လိုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပါတီရဲဘော်ဟောင်းတွေကို ကျနော်တို့ စုစည်းပါတယ်။ အဲဒီမှာ ကျနော်တို့ အားလုံးပေါင်း ၂၅ ဦး ရပါတယ်။ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ စုစည်းရေးကော်မတီနဲ့ နောက်တခုက နယ်စပ်ဒေသက ကိုယ်စားလှယ်တွေနဲ့ပေါ့နော်။ ပြီးတော့ ဒီ ကျနော်တို့ အောက်တိုဘာ ၅ ရက်၊ ၆ ရက်နေ့မှာ ဆက်ပြီးတော့ ဆွေးနွေးပွဲလုပ်ပါတယ်။ ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ အားလုံးပေါင်း ၂၇ ဦး ဖြစ်သွားပါတယ်။ အဲ့ဒီ ၂၇ ဦး ကျနော်တို့ ပြန်လည်ပြီးတော့ မှတ်ပုံတင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ပေမဲ့လို့ နောက်ဆုံး မှတ်ပုံတင်ဖို့ကိစ္စကို ကျနော်တို့ ဒီဇင်ဘာ ၇ ရက် ၈ ရက်မှာ ဆွေးနွေးပွဲခေါ်တယ်။ ဆွေးနွေးပွဲခေါ်တဲ့ အချိန်မှာတော့ ၂၇ ဦးထဲကနေပြီးတော့ ၄ ဦးက သီးခြားအစည်းအဝေးလုပ်ပြီးတော့ ဘယ်လိုခေါ်မလဲ ကျနော်တို့နဲ့ မပါတော့ဘူးဆိုတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ အဲ့ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ အဲ့ဒီဆွေးနွေးပွဲကတော့ ဒီမှတ်ပုံတင်တဲ့ကိစ္စကိုတော့ ဆက်လက်ပြီးတော့ ကြိုးစားမယ်ဆိုပြီးတော့ ဆက်ကြိုးစားရင်းနဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြန်လည်မှတ်ပုံတင်တဲ့ကိစ္စကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။               ။ အဲတော့ ဒီနယ်စပ်ကနေ ဒါမှမဟုတ် ပြည်ပကနေ ပြန်လာခဲ့တဲ့သူတွေအကြောင်းကို ပြောရမယ်ဆိုရင် ဒီလူတွေရဲ့ နိုင်ငံသားအဖြစ် တည်ရှိမှုအခြေအနေကရော ဘယ်လိုရှိသလဲခင်ဗျ။ ဒါက နှစ်ကလည်း တော်တော်ကြာခဲ့ပြီဆိုတော့ တချို့ဆိုလို့ရှိရင်လည်း နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့သူတွေများ ရှိနေမလား။ အဲ့ဒါအပြင်ကို ကျနော်တို့ ဒီဘက်မှာ နောက်ပိုင်းကြားရတဲ့ ကိစ္စတွေအရဆိုရင် ဒီ လူ့ဘောင်သစ်ပါတီ ပြန်လည်ထူထောင်ရေး ကိစ္စမှာတောင်မှပဲ ပြန်လည်ထူထောင်ဖို့ ကြိုးစားတဲ့သူတွေကြားထဲမှာ အဖွဲ့ ၃ ဖွဲ့ ကွဲနေတယ်ဆိုတဲ့ အနေအထားမျိုးလေးတွေ ကြားရတယ်လေ။ အဲ့ဒါလေးတွေကိုပါ တဆက်တည်း ရှင်းပြပါလား။

ဦးအောင်မိုးဇော်။         ။ ကျနော်တို့ ဒီနယ်စပ်ကနေပြီးတော့မှ ပါတီထူထောင်ခွင့် ပြန်လျှောက်တဲ့အထဲမှာပါတဲ့ ကိုယ်စားလှယ်က ၇ ဦးပဲ ရှိပါတယ်။ အဲ့ဒီ ၇ ဦးစလုံးက နိုင်ငံသားပြန်ပြီးတော့ ဖြစ်သွားပါပြီ။ နဂိုကတည်းကလည်း နိုင်ငံသားတွေဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနဲ့ ဆွေးနွေးတဲ့ Process ထဲမှာ ကိုယ်တိုင်က ကျနော်တို့ရဲ့ နိုင်ငံသားဖြစ်မှုတွေကို ပြန်လည် ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူညီမှု၊ ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိတခု ရပါတယ်။ အဲ့ဒီအခြေခံနဲ့ ကျနော်တို့ ဆောင်ရွက်တဲ့အခါကျတော့ အထူးသဖြင့် မှတ်ပုံတင်မရှိတဲ့သူတွေ အကုန်လုံးကို မှတ်ပုံတင်တွေ ပြန်လုပ်ပေးတဲ့ Process ပေါ့ အဲ့ဒါက ၃၊ ၄ လလောက် စောင့်လိုက်ရတယ်။ အခုလက်ရှိ ကျနော်တို့ အပြင်က ပြန်ရောက်လာတဲ့ ရဲဘော်တွေ အကုန်လုံးကတော့ အားလုံး နိုင်ငံသား ဖြစ်သွားပြီဖြစ်ပါတယ်။

နောက် ဒုတိယတချက် မေးတဲ့မေးခွန်းပေါ့နော် ကျနော်တို့ ၃ ဖွဲ့ ရှိသွားပြီဆိုတဲ့ကိစ္စပေါ့နော် အထူးသဖြင့်တော့ ၃ ဖွဲ့လို့ ပြောဖို့ ခက်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အထူးသဖြင့် ခုန ကျနော် တင်ပြခဲ့တဲ့ အားလုံးပေါင်း စက်တင်ဘာ ၁၅ ရက်နေ့နဲ့ အောက်တိုဘာ ၅ ရက် ၆ ရက်နေ့မှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်စားလှယ်အားလုံး ၂၇ ဦးနဲ့ မှတ်ပုံတင်ဖို့ကိစ္စကို သဘောတူခဲ့ပါတယ်။ အဲ့ဒီ သဘောတူခဲ့တဲ့အထဲမှာ အခု ၃ ဖွဲ့လို့ ပြောနေတဲ့ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ဆီက လူ ၄ ဦးပေါ့နော် အဲ့ဒီထဲကနေပြီးတော့ ၄ ဦး နှုတ်ထွက်သွားပြီးတော့ သီးခြား အစုအဖွဲ့တခု လုပ်ပြီးတော့ ဒီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၃ ဖွဲ့ ဖြစ်သွားပြီလို့ ကျယ်ကျယ်ပြန့်ပြန့် ဒီ ဆိုရှယ် မီဒီယာတွေမှာ၊ နောက် ရဲဘော်တွေကြားမှာ ပြောဆိုနေတာတွေ ရှိပါတယ်။ အခြေခံအားဖြင့်တော့ ကျနော်တို့ အနေနဲ့တော့ အဲ့ဒီလို ၃ ဖွဲ့လို့ မမြင်ပါဘူး။ ကိုဇေယျနဲ့တော့ ကျနော်တို့ အခုချိန်အထိ ဆက်ဆံရေး မပျက်ပါဘူး။ အခုအချိန်ထိ ဆက်လက်ပြီးတော့ ညှိနှိုင်းနေတုန်းပဲ ဖြစ်ပါတယ်။ ကာလတခုမှာ ကိုဇေယျတို့နဲ့ ပြန်ပြီးတော့ စုစည်းနိုင်ဖို့ကိစ္စကိုလည်း ကျနော်တို့ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပါနေတဲ့ကိစ္စတွေကတော့ ကျနော့်အထင်ကတော့ ဟုတ်တယ်လို့ ကျနော်ကတော့ မမြင်ပါဘူး။

ဦးသန်းလွင်ထွန်း။               ။ အဲ့တော့ သဘောကတော့ လူ့ဘောင်သစ်ပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီတခုတည်းအနေနဲ့ပဲ တင်ဖြစ်မယ်။ ဒါဆိုလို့ရှိရင် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ဖို့အနေအထားကရော ဘယ်လိုရှိလဲ။ အဲ့ဒါဆိုလို့ရှိရင် ပြည်သူကြားမှာ ရပ်တည်မယ့် ပါတီရဲ့ ရပ်တည်မှု လိုင်းက ဘယ်လိုရှိမလဲဆိုတာ နည်းနည်းလေး ရှင်းပြပေးပါလား။

ဦးအောင်မိုးဇော်။         ။ လောလောဆယ်ဆယ် အနေအထားကတော့ တရားဝင် မှတ်ပုံတင်တဲ့အဆင့်ကို မရောက်သေးဘူး။ ကျနော်တို့ မှတ်ပုံတင်က ဘယ်တော့ ဘယ်အတိုင်းအတာမှာ မှတ်ပုံတင်ခွင့်ရမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ နောက်ပြီးတော့ ဒီ တနှစ်ကျော်ကျော်အတွင်းမှာ ကျနော်တို့ပါတီကို ဘယ်လောက်အထိ တည်ဆောက်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ သို့သော်လည်း နိုင်ငံရေးပါတီတခု ဖြစ်လာတဲ့အခါကျတော့ အနိမ့်ဆုံးအဆင့် မ၀င်မနေရဆိုတဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ ဆိုတော့ အနိမ့်ဆုံးအဆင့်ကိစ္စကို ကျနော်တို့ ၀င်ကို ၀င်ရမယ့်အခြေအနေ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါက တချက်ပါ။ အကယ်၍ ၀င်ခဲ့သည်ရှိလို့ရှိရင်လည်းပဲ အခုလောလောဆယ်ပေါ့နော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နောက် အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပေါ်ထွန်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီကိစ္စတွေကို ကျနော်တို့ ဦးတည်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တပိုင်းကလည်းပဲ ကနေ့ တိုင်းပြည်ထဲမှာဖြစ်ပျက်နေတဲ့ အထူးသဖြင့်ပေါ့ဗျာ တတိုင်းပြည်လုံးအနှံ့ ဖြစ်ပျက်နေတဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့ ရပ်တန့်ဖို့ကိစ္စတွေ အထူးသဖြင့်တော့ လယ်ယာမြေနဲ့ ပတ်သက်လို့ လယ်သမားတွေ ပြန်လည် ရရှိရေးနဲ့ ပတ်သက်လို့က ကျနော်တို့ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။ ဦးစားပေး တောင်းဆိုရမယ့်ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။

နောက် ဒုတိယတခုအနေနဲ့က ကျနော်တို့ ဒီ အလုပ်သမားတွေပေါ့ အနိမ့်ဆုံးအဆင့် လုပ်ငန်းခွင် သာယာရေး၊ အနိမ့်ဆုံးလခ သတ်မှတ်နိုင်ရေး၊ သူတို့ရဲ့ လူမှုဖူလုံရေးကိစ္စ ဒါတွေကလည်း ကျနော်တို့ ဦးစားပေး တောင်းဆိုရမယ့်ကိစ္စတွေ၊ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စတွေထဲမှာ ပါတယ်လို့ မြင်ပါတယ်။ နောက်တခုက အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ Reform တွေ၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်းပဲ ကျနော်တို့ ပါတီအနေနဲ့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေမှာ စုပေါင်းပြီးတော့ ပြုပြင်ရေးကိစ္စတွေမှာ ပါဝင်တဲ့ကိစ္စတွေမှာ ကျနော်တို့ ဆောင်ရွက်ရလိမ့်မယ်လို့ အခြေခံအားဖြင့် ကျနော်တို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။               ။ အဲတော့ ဒီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေကိုပဲ ပြောကြမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲဟာ တကယ်တမ်းကျလို့ရှိရင်တော့ အခု လောလောဆယ် လူထုအပေါ် ချဉ်းကပ်မှုနဲ့ နိုင်ငံတကာအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလာတဲ့ အာဏာရ လက်ရှိပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ လက်ရှိ အတိုက်အခံ သဘောမျိုး လူထုရဲ့ပါတီသဘောမျိုးရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြားမှာ အကြိတ်အနယ် ပြိုင်ကြရမယ့် အနေအထားလို့ မြင်ကြတာတွေလည်း ရှိပါတယ်။ ဒီမိုကရေစီဆိုတာကတော့ ပါတီနှစ်ခုတည်းကြားထဲကကိစ္စ မဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့လည်း တခြား တိုင်းရင်းသားပါတီတွေအကြား  ရှိနေတဲ့အကြား ဒါ့အပြင်ကို အခု လောလောဆယ် တချိန်တုန်းက ဒုတိယအကြီးဆုံး ပါတီအဖြစ်တောင် ရပ်တည်နိုင်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီကပါ ထပ်ပြီးတော့ ၀င်လာမယ်ဆိုရင် အတိုက်အခံတွေကြားထဲမှာ မဲကွဲသွားနိုင်တဲ့အနေအထားမျိုး ဖြစ်မလာနိုင်ဘူးလား။ အဲ့ဒီအပေါ်ကိုရော ဘယ်လို ရှုမြင်ပါသလဲ။

ဦးအောင်မိုးဇော်။         ။ မဟုတ်ဘူးခင်ဗျ။ အခြေခံအားဖြင့် သာမန်နိုင်ငံရေး အခြေအနေအောက်မှာဆိုလို့ရှိရင် ခုန ဦးသန်းလွင်ထွန်း ပြောတဲ့ကိစ္စက အတော် သတိထားစရာ ကောင်းတဲ့ကိစ္စပါ။ သို့သော်လည်းပဲ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ သာမန် နိုင်ငံရေးအခြေအနေပေါ့၊ ဒီမိုကရေစီ နိုင်ငံရေးအခြေအနေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတာထက် ကျနော်တို့ တိုင်းပြည်ကို စစ်စစ်မှန်မှန် ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းပေါ်ကို တွန်းပို့ရမယ့် ရွေးကောက်ပွဲတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေအောက်မှာဆိုရင် ကျနော်တို့ပါတီအနေနဲ့ မြင်တာကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ အင်နဲ့အားနဲ့ အနိုင်ရရှိဖို့ကိစ္စက ကျနော်တို့အားလုံးရဲ့ တာဝန်လို့ ကျနော်တို့ ယူဆတယ်။ ကနေ့ အနေအထားမှာဆိုရင် ကျိန်းသေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်အားအရရော အကြီးဆုံးအနေအထားဖြစ်တယ်။ ဒီမိုကရေစီရေး အတိုက်အခံလို့ ပြောမယ်ဆိုရင်လည်း သူ့ကို ပြောလို့ရတဲ့ အနေအထားမှာရှိတယ်။ ဒါက တချက်ပေါ့။

ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာလည်းပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စစ်စစ်မှန်မှန် လိုလားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ရှိနိုင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲ မဖြစ်ခင်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဦးဆောင်ပြီးတော့ပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခုန ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခြားနိုင်ငံရေးပါတီတွေရဲ့ မဟာမိတ်ဖွဲ့မှုကို ကျနော်တို့ လိုလားပါတယ်။ အဲ့ဒီလို ပုံစံနဲ့သာ ရွေးကောက်ပွဲကို ဖြတ်မယ်ဆိုလို့ရှိရင် ကျနော်ထင်ပါတယ် ဒီ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက အပြတ်အသတ် အနိုင်ရရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်ပေါ်လာနိုင်သလို၊ တဘက်က မဲကွဲနိုင်တဲ့ အခြေအနေတွေကိုလည်းပဲ ဟန့်တားနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။               ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် အခု နောက်ထပ် မေးစရာတခုကတော့ တချိန်က ဒီ ညီနောင်တွေဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်နဲ့ ပွင့်လင်းအဖွဲ့အစည်းတွေအပေါ်ကိုရော လူ့ဘောင်သစ်ပါတီအနေနဲ့ ဘယ်လို သဘောထားမလဲ။

ဦးအောင်မိုးဇော်။         ။ လက်ရှိအနေအထားမှာ ကျနော်တို့ အခြေအနေက မှတ်ပုံမတင်ရသေးတဲ့အခါကျတော့ Informal အခြေအနေအောက်မှာပဲ ရှိသေးတယ်။ အဲတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ငန်းတွေကို ကျနော်တို့ပါတီအနေနဲ့ စိတ်ဝင်စားတယ်။ ခုနပြောတဲ့ အလုပ်သမား လယ်သမားကိစ္စတွေပဲဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေပဲဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စတွေပဲဖြစ်ဖြစ် လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ လက်တွဲပြီးတော့ ကျနော်တို့ လွှတ်တော်ပြင်ပ နိုင်ငံရေး အလုပ်တွေကို လုပ်ချင်တယ်။ အဲဒီအတွက်လည်းပဲ ကျနော်တို့ ၈ လေးလုံး ခေါင်းဆောင်တွေ၊ ၈ လေးလုံး ပွင့်လင်းအဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မနေ့တနေ့ကမှ ကျနော်တို့ ကျင်းပသွားတဲ့ ၈ လေးလုံး ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံး စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ တက်တက်ကြွကြွ ပါခဲ့တယ်။ နောက် အဲ့ဒီ စုပေါင်းလုပ်မယ့် လှုပ်ရှားမှုတွေမှာလည်းပဲ ကျနော်တို့ တက်တက်ကြွကြွ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း။               ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ၁၉၈၈၊ ၈၉ တုန်းကလို ဒုတိယအကြီးဆုံး ပါတီအနေအထားမျိုးအထိ ပြန်ရောက်လာနိုင်မယ့် အနေအထား မြင်သလားခင်ဗျ။

ဦးအောင်မိုးဇော်။         ။ ကျနော်တို့ ရည်မှန်းချက်တော့ရှိတယ်။ အဲ့ဒီလို ရည်မှန်းချက်မျိုးကို ရောက်ဖို့ဆိုရင် ကာလအချို့ကို ဖြတ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၈၈၊ ၈၉ အခြေအနေတုန်းက ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ အခြေအနေရှိတယ်။ ပါတီကို ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ နောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အဲ့ဒီကာလက လှုပ်ရှားမှုက နိုင်ငံရေးပါတီဆိုတာထက် ကျနော့်အမြင်ကတော့ လူငယ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတခု ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ပါတီဟာ အင်အားကြီးထွားခဲ့တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ကနေ့ ကာလမှာတော့ ကျနော်တို့က နိုင်ငံရေးပါတီတခုအနေနဲ့ Professional နိုင်ငံရေးပါတီတခုအနေနဲ့ ဖြတ်သန်းရမယ့် အခြေအနေဖြစ်နေတယ်။ အဲ့ဒီလိုဆိုတဲ့အခါကျတော့ ကျနော်တို့မှာ အကန့်အသတ်တွေ၊ စိန်ခေါ်မှုတွေ အများကြီး တွေ့ရလိမ့်မယ်။ အနိမ့်ဆုံးဆင့် ဘဏ္ဍာရေးကအစပေါ့ဗျာ။ တွေ့ရမယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ဆိုရင်တော့ အချိန်ယူရလိမ့်မယ်။ ကျနော်တို့ မတရား ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း။               ။ ပြည်တွင်းတရားဝင်ပါတီအဖြစ် ပြန်လည် ထူထောင်ဖို့ မှတ်ပုံတင်ခွင့် တောင်းခံထားတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

အခုလို ဦးအောင်မိုးဇော်တို့ လူ့ဘောင်သစ်ပါတီ ပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ထားတာကို ပါတီဥက္ကဌဟောင်း ဦးမိုးသီးဇွန်နဲ့အဖွဲ့၊ ဦးဇေယျာအဖွဲ့တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာရေးပြီးတော့ ကန့်ကွက်ထားပါတယ်။
ဦးသန်းလွင်ထွန်း(VOA)

အခြေခံကဏ္ဍတွင် ကျောင်းချိန်အတွင်း တိုင်းရင်းသားဘာသာစကားများ တစ်ပြေးညီသင်ကြားနိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်မည်

 
အခြေခံပညာကဏ္ဍ၌ ကျောင်းချိန်အတွင်း တိုင်းရင်းသား ဘာသာစကားများအား အခြေခံပညာကျောင်းများတွင် ပေါင်းစပ်သင်ကြားနိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးကွန်ရက်အဖွဲ့မှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံရှိ အစိုးရစာသင်ကျောင်းများတွင် မြန်မာစာနှင့် တိုင်းရင်းသား မိခင်ဘာသာစကားများ ညှိနှိုင်းပေါင်းစပ် သင်ကြားနိုင်ရေး၊ တိုင်းရင်းသား ဘာသာစကားအတွက် သင်ကြားရေးမူဝါဒ ရေးဆွဲခြင်း၊ သင်ကြားရေး နည်းစနစ်များ၊ တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုနိုင်ရေး၊ အဆင့်မြှင့်တင်နိုင်ရေး တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်။

တိုင်းရင်းသားဘာသာစကားများ သင်ကြားရန်နှင့် စီမံချက်အသေးစိတ်ရေးဆွဲနိုင်ရန် တိုင်းရင်းသားကိုယ်စားလှယ်နှင့် ဘာသာစကား ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် တိုင်းရင်းသား ဘာသာစကားများအား  ထည့်သွင်းသင်ကြားနိုင်ရေး ရေးဆွဲထားသော်လည်း တိုင်းရင်းသားဘာသာစကားအား အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး တိကျသေချာသည့် မူဝါဒများအား ချမှတ်ထားခြင်းမရှိသေးပေ။

"တိုင်းရင်းသား မိခင်ဘာသာစကားတွေကို ကျောင်းချိန်အတွင်း အခြေခံပညာကျောင်းတွေမှာ ညှိနှိုင်းပေါင်းစပ်သင်နိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ဘာသာစကား ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခြေခံပညာကျောင်းတိုင်းမှာ တစ်ပြေးညီ သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က ပြောပြခဲ့သည်။

ယင်းတိုင်းရင်းသား ဘာသာစကား ပေါင်းစပ်သင်ကြားနိုင်ရေး ကရင်၊ မွန်၊ ကယား၊ ချင်း၊ ရှမ်း၊ နာဂ၊ ၀လူမျိုး အစရှိသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စကော့တလန်နိုင်ငံ၊ အီတလီနိုင်ငံနှင့် UNECSO မှ နိုင်ငံခြားသားပညာရှင်များက ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် "Seminar on Promoting Mother Tongue Based Multilingual Education" ဖြင့် ရန်ကုန်မျက်မမြင်ကျောင်း၊ ခ၀ဲခြံ၊ ဗဟိုလမ်း၊ မရမ်းကုန်းမြို့နယ်တွင် နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရအဖွဲ့ရုံး၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း အကောင်အထည်ဖော် တာဝန်ယူဆောင်ရွက်နေသည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်ကာ ရေးဆွဲနေသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် တိုင်းရင်းသား ဘာသာစကားများအား  ထည့်သွင်းသင်ကြားနိုင်ရေး ရေးဆွဲထားသော်လည်း တိုင်းရင်းသားဘာသာစကားအား အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး တိကျသေချာသည့် မူဝါဒများအား ချမှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစကားများအား ကျောင်းချိန်ပြင်ပအတွင်း သင်ကြားပေးခဲ့ကြောင်း သိရသည်။

    Local

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား

 
ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်းအမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။ 

အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်းအမြစ်ကို အင်ထုပြီးရောင်းနေတာတွေရှိတယ်လို့ အသည်းအထူးကု ပါမောက္ခဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါတယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊  ရာနဲ့ချီပြီးပုံတယ်၊  ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊  အသည်းတွေကလည်း အကြီးကြီးတွေ၊  ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊  အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ"
လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။
အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။
အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။
သင်္ဃန်းကျွန်းမှာလည်းရှိ၊  ရွာသာကြီးဘက်မှာလည်း ရှိတယ် ဆိုပဲ။
ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊  လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲမဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေကြားထဲနေတဲ့ကြွက်များပါပဲ။
သူတို့ရဲ့အသည်းအမြစ်၊  အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊  ဥပဒေ ချိုးဖောက်ခြင်းပါ။
မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သောကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။

ကဲ... သတင်းသမားအပေါင်းတို့၊  အထူးသဖြင့် လေးထောင့်ကန်များအနီး နေထိုင်ကြကုန်သော သတင်းထောက်အပေါင်း၊  CJ အပေါင်းတို့...
ရန်ကုန်မြို့စားသုံးသူများအရေးအတွက် စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့တာဝန်ဟာ သင်တို့၏ပုခုံးထက်သို့ ကျရောက်နေပြီဖြစ်ပါကြောင်း။

ဧရာဝတီ

မြန်မာ နိုင်ငံထဲ ဝင်ချင်တဲ့ အကြမ်းဖက် သမားတွေ ဖမ်းမိ


ဘင်္ဂလာဒေ့ရှ်မှာ ဖမ်းမိတဲ့ ပါကစ္စတန် တာလီဘန်နဲ့ ဆက်စပ် သူများ( ဓါတ်ပုံ-Bangla News 24 )
မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ နယ်စပ် တက်ကနက် မြို့ကနေ တဆင့် မြန်မာ နိုင်ငံကို ဝင်ရောက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့နဲ့ ဆက်စပ်သူ ၃ ယောက်ကို ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ ဒက္ကာ မြို့တော်မှာ ဖမ်းဆီး မိခဲ့ပါတယ်။

သတင်း အရ တနဂင်္နွေ နေ့က ဖမ်းမိသူတွေဟာ အသက် ၂၀ ကျော် အရွယ် နှစ်ယောက်နဲ့ အသက် ၅၀ ကျော် တစ်ယောက် တို့ ဖြစ်ကြပြီး သူတို့ ကိုယ်တိုင်က ပါကစ္စတန်မှာ အခြေစိုက်တဲ့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အဖွဲ့ TTP နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတာ ဝန်ခံခဲ့တယ်လို့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံက ရဲ အရာရှိကြီး တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။

သူတို့ အားလုံးဟာ ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်ကြပြီး နှစ်ယောက်က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်မှာ မွေးဖွားပြီးနောက် ပါကစ္စတန်မှာ အခြေချ ခဲ့ကြသူတွေ လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ထဲမှာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတဲ့ အတွက် အကူအညီ ပေးဖို့ သွားလိုတဲ့ ဆန္ဒရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ နဲ့ အတူ ဖမ်းဆီးမိတဲ့ လက်ပ်တော့ ကွန်ပြူတာ ထဲမှာ လက်လုပ်ဗုံး လုပ်နိုင်တဲ့ နည်း ပညာတွေနဲ့ ဖောက်ခွဲရေး နည်းပညာတွေ ပါတဲ့ အချက်အလက်တွေ တွေ့ရပြီး ဗုံးလုပ်နည်း သင်တန်းတွေ တက်ထား ကြတယ်လို့ သူတို့ ကိုယ်တိုင် ဝန်ခံကြကြောင်း စောစောက ဘင်္ဂ္လားဒေ့ရှ် ရဲ အရာရှိကြီးက ပြောပါတယ်။

အခု ဖမ်းမိသူတွေနဲ့ အတူ ပါကစ္စတန်ကနေ တခြား ဘယ်သူတွေ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံထဲ ဝင်လာခဲ့သေး သလဲ ဆိုတာနဲ့ သူတို့မှာ တခြား ဘာ အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရအောင် ဘင်္ဂ္လားဒေ့ရှ် ရဲက ဆက်လက် စစ်ဆေးနေတယ်လို့ လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 

Monday, January 20, 2014

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့် ကား ပဲခူးမြို့ နယ်မှာ ယာဉ်တိုက်မှုဖြစ် တဦးသေဆုံး

 
ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။ 

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်လည်း ဒဏ်ရာများ ရခဲပါသည်း။

ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။

ကိုသန့် စင်

By Thit Htoo Lwin

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် မိန့် ခွန်း အပြည့်အစုံ (အသံဖိုင်)

  ဒေါ်အောင်ဆန်းစုကြည် ဖားအံမြို့တွင် ပြောကြားသော မိန့်ခွန်း (၁၈၊၁၊၁၄)


Sunday, January 19, 2014

ဘင်္ဂလားဒေ့ရှ်မှ ပလက်ဝသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင်များ အရေးပေါ် အကူအညီလိုအပ်

 
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြမ်းဖက် ခံရမှုများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ အရေးပေါ် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ လူမှုအဖွဲ့အစည်း (ယာယီ) အဖွဲ့ဝင် ဦးလှမောင်သိန်းက ပြောကြားသည်။

အဆိုပါ ရခိုင် မျိုးနွယ်စုဝင်များသည် ပလက်ဝမြို့သို့ ဒီဇင်ဘာလကုန်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်ပြီး ၎င်းတို့ကို ဝိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် နေရာချထားပေးကြောင်း၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို အလှူငွေများ ကောက်ခံကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းကဆိုသည်။
“သူတို့ကို ကျွေးမွေးဖို့အတွက်ကို တစ်ရက်ဆန်တစ်အိတ်နဲ့ ကျပ်လေးသောင်းကနေ ငါးသောင်းအထိ ကုန်တယ်။ ဆက်ကျွေးဖို့ အခက်အခဲ ဖြစ်နေတယ်” ဟု ဦးလှမောင်သိန်းက ပြောဆိုသည်။

အဆိုပါ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးကို ရခိုင်ပြည်နယ်သို့ လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြထားကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာဒေါ့ခရိုင် တင်းဆိတ်မြို့နယ်ရှိ ကျေးရွာများတွင် တောင်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင် စားသောက်နေသူများ ဖြစ်၍ ၎င်းတို့၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေများ သိမ်းပိုက်ခံရ၍ ယင်းသို့ ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ဦးလှမောင်သိန်းက ဆိုသည်။

အကြမ်းဖက် ခံရမှုများကြောင့် ၂၀၁၂ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စုဝင်များ မြန်မာနိုင်ငံသို့ ထွက်ပြေးလာကြပြီး ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ခိုလှုံသူဦးရေ ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် ပြီးဆုံး


ဘားအံ၊ မဇ္ဈိမ။ ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ္ပလီရွာတွင် ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀နာရီမှ ၁၂နာရီလောက်အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲ လုပ်ခဲ့ကြောင်း ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

ကပ္ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ဖူးပြီး ဗိုလ်ချုပ်သွားရောက်ခဲ့စဉ်က ရှိခဲ့တဲ့ ကရင်ခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူ အသက် ၉၄နှစ် အရွယ်ရှိ ဒေါ်နော်ဒါးနဲ့တွေ့ဆုံကာ စကားပြောခဲ့သည်။

ထို့သို့ တွေ့ဆုံအပြီးတွင် ဘားအံမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ဇွဲကပင်ဟိုတယ်၌ နေ့လည်စာစားကာ နေ့လည် ၂နာရီတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

Mizzima - News in Burmese

ပြည်သူတွေကိုတောင်းပန်ရမယ် (၂)


ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးများ တန်ခိုးထွားစဉ်က နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး၊  နှိပ်စက်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သဘာပတိဖြစ်တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်နှင်းနှင်းမွှေးတို့နဲ့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးတို့ကဆွေးနွေးထားပါတယ်။ 

ကျော်စွာမိုး ။  ။   ၁၉၈၈ ခုနှစ် စစ်တပ်က  အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊  နိုင်ငံရေးသမားတွေ၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကို ဘယ်လိုမျိုး အဲဒီအချိန်တုန်းက
နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ကနေပြီးတော့ ဘယ်လိုဖမ်းဆီးခဲ့သလဲ၊
နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ကို ကျနော်တို့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်ဖိတ်ကြားထားတဲ့  ဧည့်သည်တွေကတော့ ၁၉၈၈ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း
NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တဦးဖြစ် တဲ့ ဆရာကြီးဦးဝင်းတင် သူကလည်းပဲ စာနယ်ဇင်းလောကမှာပဲ တောက်လျှောက်ရေးသားခဲ့တဲ့ သတင်းထောက်၊
သတင်းစာဆရာတဦးလို့လည်းပြောလို့ရပါ တယ်။ နောက်တဦး ကျနော်တို့ ဖိတ်ကြားထားတာကတော့ ထောင်ထဲမှာနှစ်ကြိမ် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို
ခံရပြီးတော့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မနှင်းနှင်းမွှေးတို့က ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာကျော်စွာမိုးဖြစ်ပါတယ်။

မနှင်းနှင်းမွှေးထောင်ထဲမှာ နှစ်ခါဖြတ်သန်းခဲ့ရတော့ အင်းစိန်ထောင်ရယ်၊ နောက်ဘယ်ထောင်မှာနေခဲ့ရသလဲ။

ဒေါ်နှင်းနှင်းမွှေး ။    ။  ကျမတို့က ၉ဝ စက်တင် ဘာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာဆိုတော့ ကျမတို့ အမျိုး သမီး ၅ယောက်ပါတယ်။
 အမျိုးသားအဆောင်ဘက်ကတော့ ရာနဲ့ချီပြီးပါတယ်။  ကျမတို့ကို ရိုက်ပြီးတော့ ပထမတခါ သာယာဝတီအကျဉ်းထောင်ကို ပို့တယ်ပေါ့၊
 အဲဒီ အင်းစိန်ထောင်ကနေပြီးတော့ သာယာဝတီထောင်ကို သွားရာလမ်းတလျှောက်မှာ ရိုက်တယ်ပေါ့နော်။
တနေ့ကုန်လည်း  မစားရ မသောက်ရဘဲနဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံရတယ်ပေါ့။
နောက်တခေါက်ကတော့ ၁၉၉၇ထောင်ကျတဲ့အခါမှာ အင်းစိန်ထောင်မှာ နေရတာပေါ့၊
 ပထမထောင်ကျပြီး နောက်တခေါက်ထောင် ကျတဲ့အချိန်မှာပေါ့နော်။ ထောင်က အခြေအနေဆိုးတာကိုတွေ့ရတယ်။
ကျမတို့ထောင်ကျတဲ့ အခါမှာ အမိန့် မကျမခြင်းပေါ့ ဘယ်သူနဲ့မှ မတွေ့ရဘူး၊  အခန်းနားနီးတွေနဲ့လည်း စကားမပြောရဘူး၊  ဝန်ထမ်းတွေနဲ့လည်း စကားမပြောရဘူး၊
ကိုယ်လိုအပ်တာကိုတော့ပြောပေါ့၊  ဒါပေမယ့် သူတို့ဘက်က ဘာမှဖြည့်ဆည်းပေးတာ မရှိဘူး။
ကျမတို့ ပုံစံခွက်နဲ့ ထမင်းဟင်းကျွေးတာကလွဲပြီးတော့ ကျန်တာကို မရဘူးပေါ့၊ ထောင်ဝင်စာလည်းပို့လို့မရဘူး၊
ဘေးအခန်းတွေနဲ့လည်း စကားပြောခွင့်မရဘူး၊  လမ်းလျှောက်ထွက်လို့လည်း မရဘူး၊ ရေချိုးတဲ့အချိန်မှာလည်း ကမန်းကတန်းချိုးရတာပေါ့၊
ကျမဆို အဝတ်တထည် ကိုယ်တခုနဲ့ ပါသွားတာဆိုတော့ အမျိုးသမီးတွေကြုံ ရတဲ့ ဒုက္ခကို တော်တော် ဆိုးဆိုးဝါးဝါး ခံရတာပေါ့နော်။
အဲဒီအချိန်မှာထောင်ထဲမှာ ကွပ်ပျစ်တို့ဘာတို့လည်း မပေးတဲ့အခါကျတော့ သမံတလင်းပေါ်မှာပဲ ဖျာကြမ်းနဲ့ အင်မတန်အေးတဲ့ဆောင်းတွင်းကို ဖြတ် သန်းရတာပေါ့၊  ဇန်နဝါရီလဆိုတော့။

ကျော်စွာမိုး။     ။ ထောင်ချလိုက် ပြီ  ဆိုပေမယ့်လည်း ထောက်လှမ်းရေးရဲ့  လက်အောက်က မလွတ်ဘူးလို့ပြောကြတယ်၊
နိုင်ငံရေးအကျဉ်းသားတွေ အပြင်ထွက်ပြီးတော့ဆေးကုဖို့  လိုအပ်လာမယ်၊  ကျန်းမာရေး အခြေအနေအရဆေးကုဖို့ လိုအပ်လာမယ်ဆိုရင် ထောက်လှမ်းရေးက ဘယ်လိုမျိုးတာဝန်ယူသလဲ၊
သူတို့ လက်မှတ်ရေး ထိုးပေးရတယ်လို့ကြားတယ်၊  အဲဒါကျတော့ ဘာတွေများ သိမလဲ။

ဒေါ်နှင်းနှင်းမွှေး ။     ။  ကျမကိုယ်တိုင်က အပြင်ကို ထွက်ပြီးတော့ဆေးကုရလောက်တော့ အခြေအနေမျိုးတော့ မရှိခဲ့ဘူးပေါ့လေ၊
မရှိခဲ့ဘူး ဆိုတာက ကျမကတော်ရုံတန်ရုံကိစ္စဆိုရင် ကျမမှာ ရှိတဲ့ဆေးဝါးနဲ့ပဲဖြေရှင်းတာမျိုးပေါ့၊
ဘာဖြစ်လို့လဲ ဆိုရင်ဆေးမှူးတခါခေါ်လို့ရှိရင် အရမ်းကြာတာ၊  အဆင့်ဆင့်တင်ရတယ်၊  ဆရာဝန်ကုသဖို့ လိုလို့ရှိရင်လည်း အဲဒီဆရာဝန်ကို အဆင့်ဆင့်တင်ရတယ်၊
 အရမ်းကြာတဲ့အခါကျတော့ ကျမတို့ ဒီမှာသေစရာ ရှိရင်သေလောက်ပြီဆိုတော့ ကျမတို့ဆေးဝါးတွေ အဆင်သင့်ဆောင်ထားကြတာမျိုးရှိတယ်၊
အဲဒါ ဆိုရင်ထောင်ကဝန်ထမ်းတွေကိုပြောပြီး ယူပြီးသောက်တာမျိုးပေါ့၊ 
တကယ်တမ်းအပြင်ကိုထွက်ပြီးဆေးကုရတဲ့အခါကျတော့ ကျမတို့နဲ့ အတူတူနေခဲ့ရတဲ့  အမျိုးသမီးတွေမှာဆိုရင် အခက်အခဲတွေဖြစ်ရတယ်၊
အဲဒီလိုပဲထောက်လှမ်းရေးတွေ ခွင့်မပြုလို့ထောင်ထဲမှာ ဆုံးသွားတဲ့လူတွေဆိုရင် အများကြီး ကြုံရတယ်ပေါ့လေ၊
  ဥပမာ ဦးတင်မောင်ဝင်းတို့လို လူမျိုး၊  ဦးစိုးဝင်းတို့လိုလူမျိုး သာမန်ဝမ်းကိုက်ရောဂါ ဆိုတာ အပြင်မှာ အလွယ်တကူပျောက်နိုင်တဲ့ရောဂါ မျိုးလေ၊
သွေးတိုးရောဂါနဲ့ ဆုံးပါးသွားတဲ့ ဦးညိုဝင်း လိုလူမျိုး၊   အဲဒီလိုမျိုး ဆုံးပါးသွားတာထောင်ထဲမှာ အများကြီးပဲလေ၊  လက်ရှိကျမတို့ စာရင်းအတိအကျ ဆိုရင် ၁ဝဝကျော်။
  ရာကျော်ဂဏန်းရှိတယ်ဆိုတာက ဒီထက်ပိုပြီးကောက်ရင်လည်း ဒီထက်ပိုပြီးရှိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားတဲ့လူတွေလည်း အများကြီးပဲရှိတယ်၊
 မန္တလေးက ဦးမောင်လေးတို့ လူမျိုးဆိုရင် စစ်ကြောရေးစခန်းမှာပဲ လုံးဝမဖြေနိုင်ဘူး မင်းတို့မေးချင်ရာမေး ငါကတော့ မဖြေနိုင်ဘူး၊  ငါရဲ့ ကိုယ်ရေးအကျဉ်းမေးရင်ဖြေမယ်၊  ကျန်တဲ့လူရဲ့အကြောင်းဆိုရင် မဖြေနိုင်ဘူး ဆိုလို့ ရိုက်ပြီး သတ်လိုက်တာပဲလေ။  အဲဒီလို မျိုးတွေ အများကြီးကြုံရတယ်လေ၊
အဲဒီလိုမျိုး စာရင်း မရှိ အင်းမရှိဘဲသေဆုံးသွားတဲ့ ရဲဘော်တွေလည်း အများကြီးရှိသေးတာပဲ။

ကျော်စွာမိုး ။     ။  အဘကိုယ်တိုင်ကရော ကြုံ ရလား၊  အဘကိုယ်တိုင်ထောင်ထဲမှာနေပြီးတော့ ဗိုက်ခွဲတာတွေပေါ့၊

ဦးဝင်းတင်။     ။  ကျနော်အဲဒီဟာနဲ့ပတ်သက် ပြီးတော့ တဆိတ်လောက်တော့ ပြောပါရစေ။  ခုန မနှင်းနှင်းမွှေးပြောတဲ့ထဲမှာပါလို့ ဖျာနဲ့အိပ်ရတယ်ဆိုလို့။
ကျနော်တို့ဟာ စစ်ကျောရေးထဲမှာပို့တာ ဇန်နဝါရီဆောင်းတွင်းကြီး၊ ဆောင်းတွင်းဆိုတော့ ဗမာပြည်မှာလည်း ချမ်းတာပဲ၊  အဲဒီအချိန်မှာ သူတို့ကဖျာကို မပေးတော့ဘူးဗျ၊
ဖျာကိုသိမ်းယူသွားတယ်၊  တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုသက်ခိုင်က သူ့ကိုယ်သူ အကြောကို ဓားနဲ့ လှီးတယ်၊  ကိုသက်ခိုင်ဓားနဲ့လှီးတယ်ဆိုရော သတင်းက ဘယ်လိုလဲဆိုတော့
 ဓားနဲ့လုပ်တယ်ဆိုရင် သူတို့တွေကို ဆူမှာစိုးလို့ သူတို့ဘယ်လိုလုပ်လဲဆိုတော့ ဝါးနှီးကြောကနေ ဖြတ်တယ်လို့ပြောတယ်၊
 သူတို့က အဲဒါကိုအကြောင်းပြုပြီးတော့  နှီးဖျာတွေ အကုန်လုံး သိမ်းသွားရော၊  ကျနော်တို့ ဖျာမရှိဘဲနဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်၊  သမံတလင်းပေါ်မှာနေရတယ်၊  ဒါကတခု၊
ဆေးရုံတွေ ဘာတွေပို့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောစရာတွေရှိတယ် ဗိုလ်ခင်ညွန့်ကိုယ်တိုင်ကအစ အထက်အမိန့်ပေးတယ်၊
အထက်အမိန့်ပေးတယ်ဆိုပြီး သူတို့တောင်း ပန်ရမယ့်ထဲမှာ ဒါတွေပါတယ်၊  အထက်အမိန့်ပေးတယ် ဆိုပြီးတော့ သူတို့ကိုယ်တိုင်က ဆိုပါတော့ဗျာ။
 ကျနော်အူခွဲရတယ်ဆိုပါတော့ နှလုံးရောဂါနဲ့ဆေးရုံပို့ရတာရှိတယ်၊  ဆီးကျိတ်ရောဂါနဲ့ဆေးရုံ ပို့ရတာရှိတယ်၊
အဲဒီပို့မယ့်နေရာတွေမှာ မပို့တဲ့ ရက်တွေအများကြီးရှိတယ်။ ကျနော် အူကျလို့ ခွဲမယ့်နေရာမှာ ၁၉၉ဝ ဇန်နဝါရီလမှာ သိသိတာတာ ကြီးကို အူမှာ အဖုပေါက်လာတယ်၊
နောက်ပိုင်းမှာ ကျနော် အိပ်ရာထဲမှာ လဲကျနေတယ်၊  မထနိုင်ဘူး၊  အဲဒါမျိုးဆိုရင် သူက လာစစ်၊  တံခါးဖွင့်ပြီးတော့ လှဲနေတာကိုဆေးထိုးပေးပြီး အဲဒီလိုနဲ့  ၅ နှစ်တိတိ ကြာတဲ့အခါကျမှာ ၁၉၉၅ မှ ကျနော်ကိုထောင်ပို့တယ်၊
၅ နှစ်ဝေဒနာခံစားရတယ်၊  အဲဒါက အကုန်လုံးက ဦးသန်းရွှေတယောက်တည်းပဲ အမိန့်ချတာ မဟုတ်ဘူး၊
သူတို့သူတို့အောက်ခြေကလူတွေ ဗိုလ်ခင်ညွန့်အပါအဝင်အောက်ခြေက လူတွေက သူ့ဟာသူ ဆုံးဖြတ်ပြီးတော့ ဒီလူတော့သေပါစေ၊  ဒီလူတော့ ဘာဖြစ်စေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့ ကျနော်တော့ပြောချင်တယ်။
အဲဒါတွေဟာ ဗိုလ်ခင်ညွန့်ကစပြီးတော့ အကုန်လုံး တာဝန်ရှိတယ်၊   အဲဒီ ဦးသန်းရွှေပေါ်ချည်းပဲ တာဝန်လွှဲလို့မရဘူး။

ကျော်စွာမိုး။     ။  နိုင်ငံရေးလှုပ်ရှားသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ထောက်လှမ်းရေးက အဓိကပဲ မဟုတ်လား။

ဦးဝင်းတင်။     ။ သူတို့တွေအကုန်လုံး တာဝန် ရှိတယ်။

ဒေါ်နှင်းနှင်းမွှေး ။  ။  သူတို့က၊  သူ့အထင်တိုင်း လုပ်နိုင်တယ်ဆိုတာက ဘာပဲပြောပြော သူ့ကို လုပ် ပိုင်ခွင့်ပေးခဲ့တဲ့ခေတ်နဲ့စနစ်နဲ့ အာဏာရဲ့
အကြောင်းရင်းခံကြောင့် ဖြစ်လာတာပေါ့နော်၊  နို့မို့ဆိုလို့ရှိရင် သူက ဒီလူကို ထင်တိုင်းဖမ်းတယ်၊  ထင်တိုင်း သတ်တယ်၊
ထင်တိုင်းထောင်ချတယ်ဆိုတာက သူ့တကိုယ် တည်းအနေနဲ့ လုပ်လို့မရဘူး၊  သူ့ကိုနောက်ကွယ်ကနေ  Force Authorities  ထက်ပိုတဲ့
Over Authorities ပေးထားတဲ့ စစ်အာဏာရှင်စနစ်နဲ့  အဲဒီခေတ် အဲဒီကာလက သူပြောတဲ့အထဲမှာပါတဲ့ အဲဒီခေတ်ရဲ့ ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့်ပေါ့နော်၊
ကျမတို့က ဘာမှန်းမသိဘဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ဆိုတဲ့ စစ်အုပ်ချုပ်မှုအောက်မှာ ဖြတ်သန်းခဲ့ရတယ်၊
အဲဒီအောက်မှာထောက်လှမ်းရေးဆိုလို့ရှိရင် သာမန်ပြည်သူတွေအနေနဲ့ အသံ ကြားရုံနဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတယ်၊
 နိုင်ငံရေးသမားတွေဆိုလို့ရှိရင် စိုးရွံ့နေရတယ်၊  ကျမတို့ ဆိုလို့ရှိရင် အိမ်ရှေ့မှာ စစ်ကားရပ်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို  ည သန်ခေါင်ကျော် ၁၂ နာရီ  ၁ ချက် အဲဒီအခါကျမှ  အသံချဲ့စက်တွေဖွင့်ပြီးတော့ သူတို့ရဲ့ကြော်ငြာချက်တွေကို အိမ်ထဲကို လှည့်ပြီးအော်တယ်၊
အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားရင် ငါ့ကို လာဖမ်းတာလားဆိုပြီးတော့ဖြစ်ရတယ်၊
ဒီ ရပ်ကွက်ထဲ လမ်းထဲတွေ၊  လက်ဖက်ရည်ဆိုင်တွေမှာ ဆိုလို့ရှိရင်  သတင်းပေး ဆိုတဲ့ဟာတွေ မမြင်ချင်မှ အဆုံး၊
ဒီအတွက် နိုင်ငံတော်က ကုန်ကျခဲ့တဲ့စရိတ်တွေ။

ကျော်စွာမိုး။     ။ နောက်တခုက အဘလည်း ပြောသွားတယ်၊  မနှင်းနှင်းမွှေးလည်းပြောခဲ့သလိုပေါ့  ကျနော် သိလောက်ဆိုရင် ၁၆၂ယောက်ရှိတယ်၊
 ၁၉၈၈နောက်ပိုင်းပေါ့၊ ထောင်ထဲမှာနဲ့ ထောက်လှမ်းရေးစခန်းမှာ သေဆုံးသွားတဲ့သူတွေပေါ့၊  ခုနလိုမျိုးဝေဒနာတွေခံစားပြီးတော့၊  ပြီးတော့ ထောင်ကျတဲ့ လူပေါင်းဆိုရင်လည်း
ကျနော်ထင်တယ် ၁၉၈၈၊  ၈၉၊  ၉ဝ တို့ဆိုရင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ၃ဝဝဝ၊  ၄ဝဝဝလောက်ရှိတယ်လို့ပြောကြတယ်၊  အမြဲတမ်းပေါ့လေ၊
 တလျှောက်လုံးကို တွက်ကြည့် မယ်ဆိုရင် မနှင်းနှင်းမွှေး ဘယ်လောက်လောက် ရှိ မယ်လို့ ထင်လဲ၊  တချို့က ကျတယ်၊  ပြန်လွတ်သွားတယ်၊  အဘကျတော့
တလျှောက်လုံးရှိတယ်လေ၊   သုံးနှစ်နေပြီး ပြန်လွတ်သွားနောက်တခါ အစ်မက ပြန်ဝင်လာတယ်၊  လူသစ်တွေနဲ့ ကျတာရှိတယ်၊
ကျနော်ထင်တယ် ဒီတလျှောက်လုံးမှာ ထောက်လှမ်းရေးကနေ ချခဲ့တဲ့ ဒီနှစ်၂ဝ အတွင်းမှာ ၂ဝဝ၄ပေါ့ သောင်းနဲ့ ချီမလား။

မနှင်းနှင်းမွှေး ။        ။  ဖြစ်နိုင်လောက်ပါတယ်၊  ဘာဖြစ်လို့လဲဆိုတော့ ကျမအတွေ့အကြုံအရဆိုရင် ဒီ ဘိုကလေး အရေးအခင်းဆိုရင် ကရင်တွေကို ဘာမှမသိတဲ့
ကရင်ဟောင်းတွေကို ဖမ်းပြီးတော့ထောင်ထဲမှာ အစာရေစာပြတ်လပ်ပြီး သေအောင် လုပ်ခဲ့တာပဲလေ။  အဲဒီလိုမျိုးဆိုရင် ဒါဟာ ရာနဲ့ချီနေ တာပဲလေ။
နောက်တောင်ငူမှာဆိုလို့ရှိရင် ကျမ အမျိုးသားကတောင်ငူထောင်က ထွက်လာတာကို
သူတို့တောင်ငူထောင်မှာဆိုလို့ရှိရင် KNU နဲ့ပတ် သက်လို့ ဆက်နွှယ်လို့ဆိုပြီး တောင်ပေါ်ဒေသတွေ က ဒီလိုပဲ ကိုယ့်အမျိုးသားတွေကို ဆက်နွယ်ပတ်သက်မှုတော့ ရှိကြတာပေါ့၊  သူတို့ကိုယ်သူတို့ နိုင်ငံရေး ပတ်သက်ပြီးတော့ထောင်ကျတာလို့ ၁၇ (၁) နဲ့ ကျမှန်းမသိ၊  ၁၇ (၂) နဲ့ကျမှန်းမသိ
အဲဒီလောက် ရိုးသားတဲ့ ကရင်တွေထောင်ထဲမှာ ရာနဲ့ချီပြီးရှိတယ်၊   ပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းကောက်တဲ့ အချိန်မှာလည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးအကျဉ်း သားမှန်း  မသိတဲ့သူတွေ  အများကြီးပဲ။  ဒီတော့သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။

ဦးဝင်းတင် ။     ။  ကျနော်ကတော့ ဒီလိုပြော ချင်ပါတယ်။  စာရင်းအင်းတွေတော့ ဒီလောက်မသိဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အကျဉ်းသား အဖွဲ့အစည်းတွေကို
ကိုင်တာ မဟုတ်လို့၊  လက်သုံး စကားကတော့ မီဒီယာတွေမှာပြောတဲ့စကားကတော့ ၁၉၈၈နောက်ပိုင်းမှာထောင်ကျတဲ့သူတွေ ပြန်ဝင် တာတို့ ထွက်တာတို့ပေါ့။
သောင်းဂဏန်းနဲ့ချီပြီးရှိတယ်၊  အဲဒီသောင်းဂဏန်းနဲ့ချီပြီးရှိတဲ့သူတွေကနေ သူတို့ရဲ့ သားသမီးတွေ မိသားစုနဲ့ဆိုရင် သိန်းဂဏန်းနဲ့ချီပြီးတော့ရှိတယ်၊
အဲဒီလူတွေအားလုံးအတွက်ကို တာဝန် ယူရမယ်၊ တောင်းပန်ရမယ်၊  ခင်ဗျားတို့ရဲ့အကျင့်ဆိုးတွေကိုလည်း ပြင်ရမယ်၊
 အဲ့ဒီလူတွေဘဝ ပြန်လည် ရပ်တည်ဖို့အတွက် လုပ်ပေးရမယ်၊  ကျနော် ကိုးကားတဲ့ ကိန်းကဏန်းကတော့သောင်းဂဏန်းလောက်ပဲ၊
ကျနော့်ဂဏန်းကတော့ သူတို့လို အဖွဲ့အစည်းကိုင် တဲ့ စုဆောင်းတဲ့သူတွေနဲ့ ညီသွားတဲ့အခါကျတော့ ကျနော်လည်း ဝမ်းသာပါတယ်၊
ဘာလို့လဲဆိုတော့ မှန်တဲ့နီးပါး ဖြစ်သွားလို့ပေါ့။

ကျော်စွာမိုး ။     ။  ဒီနေရာမှာနောက်တခုက မနှင်းနှင်းမွှေး ထောင်ထဲကို နိုင်ငံရေး လုပ်တဲ့သူတွေထောင်ထဲထည့်လိုက်တာ မဟုတ်ဘဲနဲ့ထောင်ရွှေ့လိုက်တဲ့ ပုံစံမျိုးပေါ့၊
အဲဒါဟာလည်း တနည်းအားနှင့် နှိပ်စက် မှုတမျိုးပေါ့၊  ဘယ်လိုနှိပ်စက်မှုလည်းဆိုတော့ အကျဉ်းသားကိုသာမကဘဲ အပြင်ကလိုက်ပြီးတော့ အကျဉ်းသားကိုထောင်ဝင်စာတွေ့တဲ့
မိသားစုကိုပါ စီးပွားရေး ချွတ်ခြုံကျအောင်၊  အချိန်ကုန်အောင်၊  ပိုက်ဆံကုန်အောင် အဲဒီလိုမျိုး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊
အစ်မကိုယ်တိုင်ကလည်းထောင်ပြောင်းခံခဲ့ရတာဆိုတော့။

မနှင်းနှင်းမွှေး။     ။  ကျမတို့ အကျဉ်းချပြီးသွားလို့ရှိရင်၊  အမိန့်ချပြီးသွားလို့ရှိရင် နှစ်ပတ်တခါတွေ့ ခွင့်ရတယ်လေ၊  အဲဒီလိုတွေ့ခွင့်ရတဲ့အခါကျတော့ ကျမတို့အိမ်က
ပုံမှန်လာတွေ့တယ်ပေါ့နော်။  ဒါတောင်မှ သာယာဝတီထောင်ဆိုတာ ရန်ကုန်နဲ့အနီးဆုံးထောင်ပေါ့လေ၊  အဲဒီထောင်ကိုရောက်သွားတဲ့ အခါကျတော့ အလွန်ဆုံး တလကို တခါပဲလာတွေ့နိုင်တယ်၊
နောက်ပိုင်း ဒီထက်ဒီထက်ဝေးတဲ့ထောင်ကို သွားလို့ရှိရင် တချို့လူတွေဆိုရင်ထောင်ကသာလွတ် လာတာ တခါမှ ထောင်ဝင်စာ လာတွေ့နိုင်တဲ့သူ မရှိဘူးလေ၊
  ကိုကျော်စွာမိုးတို့လည်း ဒါကိုကြုံဖူးတဲ့အခါ ကျတော့ထောင်ထဲမှာထောင်ဝင်စာတွေ့တယ် ဆိုတာ ပစ္စည်းပစ္စယတခုတည်းအတွက် မဟုတ်ဘူး၊
 ကိုယ့်မိသားစုနဲ့တွေ့တဲ့အခါမှာ ခံစားလိုက်ရတဲ့ စိတ်ခံစားမှုမျိုးပေါ့၊  အဲဒါကိုမြင်ရတဲ့အခါမှာ လူတွေက အကျဉ်းထောင်ထဲမှာ အကျဉ်းခံရတာထက် ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပိုခံစားရအောင် လုပ်တယ်လို့ ကျမကတော့ ယူဆတယ်။

ကျော်စွာမိုး ။     ။    ပြီးခဲ့တဲ့ကာလ တလျှောက်လုံး  ငြိမ်းချမ်းစွာ  ဆန္ဒပြတာ ၁၄၊  ၁၅ နှစ်တွေလည်း ပါ တယ်၊  ပညာတတ် ဆရာဝန်တွေလည်းပါတယ်၊  ရှေ့နေတွေလည်းပါတယ်၊  အင်ဂျင်နီယာတွေလည်း ပါတယ်။
ထောင်ကျတဲ့အထဲမှာပေါ့၊  အဘတို့လို ပါတီခေါင်းဆောင်တွေ ၊  စာနယ်ဇင်းတွေလည်း ပါတယ်ပေါ့လေ။
ဒါဆို တချို့ကပြောကြတယ် လူသားဆန့်ကျင်ရေးပြစ်မှုပေါ့။  အဲဒါနဲ့ဆိုရင် ဘယ်လောက်အထိ ကိုက်ညီမှုရှိလဲ။

ဦးဝင်းတင် ။     ။  ကျနော်ပြောမယ်ဗျ၊  ဒီလို ၂ဝဝ၉  မှာ ဒီကိစ္စတွေ ထွက်လာတာပေါ့ဗျာ၊  အမေရိကားမှာလည်း ထွက်လာတယ်၊  လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ပြောတယ်၊
 ကုလသမဂ္ဂ မှာလည်း ဒီကိစ္စတွေတင်တယ်၊  တင်တဲ့အခါကျတော့ ကျနော်တို့ ဒီလူတွေကို ပြည်သူတရပ်အနေနဲ့တရားစွဲ ရမယ်ပြောတယ်၊
ကျနော်လည်း အများကြီးပြောခဲ့တယ်။  ဒီလူတွေဟာ လူသားဆန့် ကျင်ရေး ပြစ်မှုတွေကို ကျူးလွန်တဲ့သူတွေ ဒီလူတွေကို တရား စွဲရမယ်၊  ဘယ်လိုလူတွေလဲ ဆိုတော့
ဗိုလ်ချုပ်ခင်ညွန့်တို့၊  ဦးသန်းရွှေတို့ ကုန်ကုန်ပြောရရင် ဦးသိန်းစိန်လည်းပါတယ်၊  ဦးသိန်းစိန်လည်း လူသားဆန့်ကျင်ရေးအဖွဲ့ထဲမှာပါတယ်၊

ကျော်စွာမိုး။     ။  ဒါပေမယ့် သူ့အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကို လွှတ်ပေးတယ်လေ။

ဦးဝင်းတင်။     ။  ဒါတပိုင်းပေါ့လေ၊   အဲဒါကလည်း အာပတ်ဆိုတာ ဖြေချင်တိုင်းဖြေလို့ရတာ မဟုတ်ဘူး၊  အာပတ်သင့်တဲ့ ဘယ်လောက်ကြီးတဲ့ အာပတ်ကို
ကျူးလွန်ပြီးတော့ လွတ်သလဲ ဆိုတာလည်း အဲဒါတော့မရဘူးပေါ့၊  ဒါကတော့ မဆိုင်ဘူး ထင်တယ်၊  ဒီလူတွေဟာ အကုန်လုံးပေါ့။
 ၂ဝဝ၉ မှာ ဒီဟာလုပ်တဲ့အခါကျတော့ အမေရိကားမှာလည်းတော်တော်လုပ်ကြတယ်၊  အမေရိကားက ကိုအောင်ဒင်တို့ဆိုရင်တော်တော်လေး ဒီကိစ္စကို အာရုံစိုက်ကြတယ်၊
သူတို့လည်းလိုက်ကြည့်တယ်၊  အမေရိကန် ပါတယ်ပေါ့ဗျာ၊ တော်တော်လေး နိုင်ငံ ၁၃ နိုင်ငံလောက် ပါလာတယ်။
စစ်တပ်ကလည်း ဒါကိုသိတဲ့ အခါကျတော့ ဦးသန်းရွှေတို့ဘာတို့ အကုန်လုံး ကိုပြောင်းလိုက်ပြီးတော့ ဒီပုံစံတွေ မရတော့ဘူး၊
 ကမ္ဘာ ကနေ သူတို့ကို လည်ပင်းညှစ်တော့မယ်ဆိုပြီးတော့ ပြောင်းလိုက်ပြီးတော့ ပြောင်းတဲ့အပေါ်မှာ မူတည် ပြီးတော့ သူတို့ပြောင်းရကျိုးလည်း နပ်ပါတယ်၊
သူတို့လည်း အခုတော့ နည်းနည်းလွတ်သလိုဖြစ်သွားတာပေါ့၊  ဒါပေမယ့် ကျနော့်သဘောကတော့ ဒီ လူသား ဆန့်ကျင်နေတဲ့ ပြစ်မှုတွေဟာ ဒီနေ့အထိရှိနေတုန်းပဲ။
ဒီလူတွေဟာ တာဝန်ရှိတုန်းပဲ၊  ဒီလူတွေဟာ လူသားဆန့်ကျင်မှု ရာဇဝတ်မှုကိုကျူးလွန်တဲ့ လူတွေ ဆိုတာကို သမိုင်းမှာ မှတ်တမ်းဝင်နေတယ်။  သမိုင်း ဆိုကတော့ သူက တရားသူကြီးမဟုတ်တဲ့အတွက် အပြစ်တော့ မပေးနိုင်ဘူးပေါ့၊  သမိုင်းကတော့ မှတ် တမ်းမှာ ဘယ်တော့မှမမေ့ဘူး၊   အဲတော့ သမိုင်းမှတ် တမ်းထဲမှာ ဒီလူတွေဟာအလွန်ကိုဆိုးရွားတဲ့သူတွေ၊  လူသား ဆန့်ကျင်မှု ရာဇဝတ်မှုတွေကို ဆန့်ကျင်တဲ့ သူတွေ အနေနဲ့တော့ မှတ်တမ်းတင် ရှိနေတယ်လို့  ကျနော်ကတော့ အဲလိုမျိုးပြောချင်ပါတယ်။

ကျော်စွာမိုး။     ။  အဘဦးဝင်းတင်၊  မနှင်းနှင်းမွှေး၊  အခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
အခုကျနော် တို့ဆွေးနွေးပွဲကနေပြီးတော့ကောက်ချက်ချကြည့် မယ်ဆိုရင်တော့ ၁၉၈၈နောက်ပိုင်းမှာ နိုင်ငံရေး သမားတွေ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ပြီးတော့ နှစ်ရှည်လများစွာ ထောင်ချ အကျဉ်းချခဲ့တာကတော့ အဓိကအားဖြင့်  စစ်ထောက်လှမ်းရေးအဖွဲ့လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ။
ဒါပေမယ့် အခုအချိန်ထိ ဘယ်သူ့မှ တာဝန်ရှိသလဲ ဆိုတာကတော့ တိတိကျကျ အမှန်တရားဖော်ထုတ် နိုင်တဲ့အခြေအနေကို ကျနော်တို့မတွေ့ရသေးပါဘူး၊ 
ဘယ်အချိန်မှာလည်း ဒါကိုဖော်ထုတ်နိုင်မလဲဆိုတာကို လက်ရှိနိုင်ငံရေးအခြေအနေအရ ကျနော်တို့မှာ တိတိကျကျပြောနိုင်တဲ့အခြေအနေ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊  အားလုံးပဲကျေးဇူးတင်ပါတယ်။ 

ဧရာဝတီhttp://blog.irrawaddy.org

အစိုးရအရာရှိ လေးဆယ်ကျော်အား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းပို့ချ



မြန်မာနိုင်ငံရှိ အကြီးတန်းအရာရှိကြီး ၄၄ ဦးအား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအပါအ၀င် အခြားသော ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူနိုင်ငံရှိ လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း (LKYS) က လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနှင့် စီမံခန့်ခွဲမှုအရည်အချင်း၊ ခေါင်းဆောင်နိုင်မှု အရည်အသွေးအပါအ၀င် အခြားသော နယ်ပယ်ကဏ္ဍအသီးသီးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အဓိက သင်ကြားပေးနေခြင်းဖြစ်ကြောင်း GE ဖောင်ဒေးရှင်း၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။သင်တန်းတွင် မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံမှ အကြီးတန်းအရာရှိကြီးများ တက်ရောက်ခဲ့ပြီး သမ္မတရုံး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စည်ပင်ဌာနတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

GE ဖောင်ဒေးရှင်းက  ဦးဆောင်ကာ အဆိုပါ အကြီးတန်း စီမံခန့်ခွဲမှုသင်တန်းကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အစိုးရအရာရှိကြီးများအနေဖြင့် မြန်မာနိုင်ငံ  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အဓိကရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း GE ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို   နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဇန်န၀ါရီ ၁၃ ရက်မှ စတင်ကာ ပို့ ချခဲ့ပြီး ဇန်န၀ါရီ ၁၇ ရက်ထိ ငါးရက်ဆက်တိုက် သင်ကြားခဲ့သည်။

လီကွမ်ယုပြည်သူ့ရေးရာကျောင်း၌ အုပ်ချုပ်မှုနှင့်  အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆောင်ရွက်သော ပါမောက္ခနှစ်ဦး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် မူဝါဒပြောင်းလဲရေးကို လေ့လာဆန်းစစ်ခြင်း နှင့် အကဲဖြတ်စစ်ဆေးမှု အထူးပြုသော ပါမောက္ခတစ်ဦးနှင့် အာဆီယံလေ့လာမှုစင်တာမှ ဦးဆောင်သုတေသီတစ်ဦးတို့ ပါဝင်သင်ကြားခြင်းဖြစ်သည်။

အာဆီယံနှင့် တောင်အာရှနိုင်ငံတို့မှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို အတုယူကာ အဆိုပါသင်တန်းသားများအား အာဆီယံမူဝါဒခေါင်းဆောင်မှုဖိုရမ် (APLF) မှ ချမှတ်ထားသော အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော် သင်ကြားပေးနေကြောင်း သိရသည်။

Author: ဇွဲမာန်
7day Daily

ကလေးစစ်သား စုဆောင်းသည့် တပ်မတော်အရာရှိနှင့် စစ်သည် နှစ်ရာကျော် အရေးယူ

 
အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ကိုးနှစ်တာကာလအတွင်း စစ်သည်အဖြစ် စုဆောင်းခဲ့သည့် တပ်မတော်အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးတို့ကို တပ်မတော်စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ ကြောင်း တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

ဇန်န၀ါရီ ၁၈ ရက်တွင် တပ်မတော် စစ်ကြောရေးဌာနချုပ် (အုတ်ကျင်း)၌ ကျင်းပသည့် ငါးကြိမ်မြောက်ပြုလုပ်သော အရွယ်မရောက်သေးသူကလေးစစ်သားများ မိဘများထံအပ်နှံရေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များကို မမှန်ကန်သောနည်းလမ်းဖြင့် စုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သည်တစ်ဦးချင်းစီ၏ ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျ ခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းတို့ဖြင့် အရေးယူခဲ့သည်ဟု သတင်းရရှိသည်။

အရေးယူခံထားရသည့် အရာရှိနှင့် စစ်သည်များအနက် အရေအတွက်မည်မျှ မည်သည့်ပုံစံ ဖြင့်အရေးယူခဲ့သည်ကို တပ်မတော်က သတင်းထုတ်ပြန်ခြင်းမရှိပေ။ ကလေးစစ်သား စုဆောင်းခြင်းမရှိစေရန်နှင့် ရှိနေပြီးသား ကလေးစစ်သည်များ နုတ်ထွက်ပေးခြင်းသဘောတူညီချက်စာချုပ်ကို ကုလသမဂ္ဂနှင့် မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးမှုမရှိမီကတည်းက တပ်မတော်အတွင်း ၀င်ရောက်လာသော ကလေးငယ်များကို ၂၀၀၄ ခုနှစ်မှစတင်ပြီးစိစစ်ကာ နုတ်ထွက်ခွင့်ပေးခဲ့ကြောင်း တွဲဖက်စစ်ရေးချုပ်ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

၂၀၀၄ ခုနှစ်မှ သဘောတူညီချက်စာချုပ်မချုပ်ဆိုမီ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်အထိ ကလေးသူငယ်များကို စစ်သည်အဖြစ်စုဆောင်းခဲ့သော အရာရှိ ၃၁ ဦး၊ စစ်သည် ၁၉၅ ဦး အရေးယူခဲ့သည်။  သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ အရာရှိကိုးဦး၊ စစ်သည် ၃၄ ဦး အရေးယူခဲ့သည်။ ကိုးနှစ်တာကာလအတွင်း ၂၀၀၄-၁၃ အထိ ကလေးစစ်သည် ၈၀၅ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သည်။ တပ်မတော်သို့ တာဝန်ထမ်းဆောင်စဉ်က အသက်မပြည့်မီသော်လည်း နုတ်ထွက်မည့်အချိန်တွင် အသက် (၂၀)ကျော် (၂၇) နှစ်အတွင်းရှိနေသည်ကို တွေ့ရှိရသည်။ အသက်သတ်မှတ်ချက်ကျော်လွန်သော စစ်သည်အချို့က တပ်မတော်အတွင်း တာဝန်ထမ်းလိုသော်လည်း စိစစ်တွေ့ရှိမှုများအရ နုတ်ထွက်ရကြောင်း အခမ်းအနားသို့ တက်ရောက်လာသော မိဘများကပြောသည်။

အချို့စစ်သည်များမှာ တပ်မတော်မှအမှန်တကယ် နုတ်ထွက်လိုသည့် ဆန္ဒရှိသည်ကို တွေ့ရှိရပြီး တပ်မတော်မှအသက်မပြည့်မီ စစ်သားအဖြစ် တာဝန်ထမ်းဆောင်သောသူများတွင် မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်သူများနှင့် တပ်မှပေါ်တာဆွဲခံရသူများလည်း ပါဝင်သည်။ ““ကျွန်မသားလေးက ပုဂံကနေ ရန်ကုန်ကို တက်သွားတုန်းက လမ်းမှာဆွဲခံရတာပါ။ သူဆွဲခံရတုန်းက အသက် (၁၇) နှစ်ပဲရှိ သေးတယ်။ သူနဲ့အဆက်သွယ်ရတော့ သူကသင်တန်းပြီးနေတာ တစ်နှစ်လောက်ရှိပြီ။

ပြန်လာထုတ်လို့ရတယ်ဆိုလို့ ကျွန်မတို့ကဆက်သွယ်ပြီး ပြန်လာထုတ်တာပါ”” ဟု ပခုက္ကူမြို့မှ အသက် (၅၀) အရွယ် မိခင်တစ်ဦးက ပြောကြားသည်။ တပ်မတော်မှနုတ်ထွက်ပြီးသော ကလေးသူငယ်များသည် အသက်ပြည့်၍ မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်လိုသော်လည်း တပ်စည်းမျဉ်းစည်းကမ်းများအရ တပ်မတော်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုပေးခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အစိုးရကတပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးစစ်သားများ လုံးဝမကျန်ရှိစေရေးစီမံချက်ကို ၁၈ လအတွင်း အပြီးသတ်အကောင်အထည်ဖော်ရန် ကုလသမဂ္ဂနှင့် သဘောတူညီစာချုပ်ချုပ်ဆိုထားသည်။

Author: အိဖြုမွန်၊ ခန့်ထက်

7day Daily