Pages

Saturday, February 8, 2014

သစ်မှောင်ခိုသမားလေးဦးက သစ်တောဝန်ထမ်းသုံးဦးကို ရိုက်နှက်ပြီး တဲနှင့်ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီး


တိုက်ကြီး၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ပိုင် ပဲခူးရိုးမ အနောက်ခြမ်းအတွင်း တိုင်းသစ်တောဦးစီးဌာန၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရေးစခန်းအမှတ် (၄) တွင် သစ်မှောင်ခိုသမားများဟု ယူဆရသူ လေးဦးက ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဝန်ထမ်းလေးဦးကို ဝါးတုတ်များဖြင့် ရိုက်နှက်ပြီး ယာယီတဲများ၊ ဆိုင်ကယ်များနှင့် ဖုန်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဥက္ကံမြို့သစ်တော တာဝန်ခံ တောအုပ်ကြီး ဦးမျိုးလွင်က ပြောကြားသည်။

ဝါးဖြူမြောင်စခန်းတွင် သစ်တောတာဝန် ထမ်းဆောင်နေသော သစ်တော နေ့စားဝန်ထမ်း ဦးကျော်ဝင်းနိုင် အိပ်ပျော်နေစဉ် ဝါးတုတ်များဖြင့် ဝိုင်းရိုက်ကြရာ ထွက်ပြေးခဲ့ရကြောင်း၊ ၎င်း၏ ကျပ်ငါးသိန်းတန် လောဂျားအမျိုးအစား ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဝါးဖြူမြောင်စခန်းနှင့် နှစ်မိုင်ခန့်ဝေးသော ကျောက်ကုတင် ယာယီစခန်းရှိ ဥက္ကံ သစ်တောကြိုးဝိုင်း အမှတ် (၄၁) တာဝန်ခံ တောအုပ် ဦးမျိုးမြင့်စိုးနှင့် သစ်တောနေ့စား ကိုမျိုးသောင်း တို့ကိုလည်း ဝါးတုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်သွားပြီး စခန်းရှိ ကျပ်နှစ်သိန်းတန် ဆိုင်ကယ်နှင့် ဖုန်းနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သစ်တောဝန်ထမ်း သုံးဦးကို တိုက်ခိုက်ပြီး မီးရှို့ကြသူများမှာ ဖလုံးဘူတာနေ ကိုဇော်မင်း၊ ဥတိုကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အဆိုပါလေးဦးက သစ်လုံးများ တင်ဆောင်လာစဉ် သစ်ကားတစ်စီးလျှင် ဆက်ကြေးအဖြစ် ကျပ်လေးသောင်းမှ ငွေ လေးသောင်းခွဲ ပေးဆောင်ရမည် ဆိုသောကြောင့် ခိုက်ရန်ဒေါသ ဖြစ်သည်ဟု ကြားသိရကြောင်း ဝါးခုတ်ရန် တက်လာသည့် ဒေသခံ လှည်းသမားများက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် သစ်တောနေ့စား ဦးကျော်ဝင်းနိုင်မှာ ဦးခေါင်းညိုရောင်အန်း ပေါက်ပြဲဒဏ်ရာ၊ နယ်မြေခံတောအုပ် ဦးမျိုးမြင့်စိုးမှာ ဝဲမျက်လုံး ဖူးရောင်နှင့် ခါးအတွင်းဒဏ်ရာနှင့် သစ်တောနေ့စား ဦးမျိုးသောင်း ဝဲမျက်လုံးဖူးရောင်၊ နားထင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥက္ကံ ရဲစခန်း (ပ)၂၅/၂၀၁၄၊ ပြစ်မူဆိုင်ရာဥပဒေ ပုဒ်မ ၃၃၂/၄၃၆ ဖြင့် အမူဖွင့်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ဖလုံးဘူတာနေ ကိုဇော်မင်း၊ ဥတိုကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေနှင့် အမည်မသိ ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ရှာဖွေစုံစမ်းလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

တိုယိုတာ ဟိုင်းလပ်စ်တွေ ရန်ကုန်အမြန်ယာဉ်ဘဝက ဇာတ်သိမ်းတော့မယ်

တချိန်က ရန်ကုန်အမြန်ယာဉ်လို့ နာမည်ကြီးခဲ့တဲ့ မြို့တွင်းပြေးဆွဲတဲ့ ခရီးသည်တင် လိုင်းကားတွေထဲက တိုးယိုတာ ဟိုင်း လပ်စ် ပစ်ကပ်ကား ( Toyota Hilux pick-up truck) တွေကို အခု ဖေဖော်ဝါရီလ လယ် က စပြီး ပြေးဆွဲခွင့် မပေး တော့ပါဘူး။ 




 ရန်ကုန်က ဟိုင်းလပ်စ် ခရီးသည်တင် လိုင်းကား၊ ဓာတ်ပုံ-ဧရာဝတီ

အခုဆို ရန်ကုန်လမ်းတွေပေါ်က ခရီးသည်တင် တိုယိုတာ ဟိုင်းလပ်စ် လိုင်းကားတွေအစား ဝန်ဆောင်မှု ပိုကောင်းတဲ့ မီနီ ဘတ်စ်ကားတွေ ကို အစားထိုးမှာဖြစ်ပြီး ယာဉ်တိုက်မှု လျော့ကျရေး ရည်ရွယ်ပြီး အခုလို လုပ်တာဖြစ်တယ်လို့ ရန်ကုန်က မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းကော်မတီရဲ့ ပြောဆိုချက်ကို ကိုး ကားပြီး တရုတ် နိုင်ငံရဲ့ ဆင်ဝှာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ရန်ကုန်တိုင်း ၃၃ မြို့နယ်မှာ အခုလို တိုယိုတာ ဟိုင်းလပ်စ် ခရီးသည်တင်လိုင်းကားတွေအစား မီနီဘတ်စ်
တွေ နဲ့ ဒီလ ကုန်ပိုင်းမှာ အစားထိုးမှာဖြစ်တယ်လို့ မထသက ဆိုထားပါတယ်။ 


မထသ ဥက္ကဋ္ဌ ဦးလှအောင်က ပြောတာကတော့ ဟိုင်းလပ်စ်ကားတွေက တကယ်တော့ ကုန်ပစ္စည်း သယ် ယူ ပို့ဆောင်နိုင်ဖို့ အတွက် အဓိက ထုတ်လုပ်ထားတဲ့ ကားမျိုးဖြစ်တယ်လို့ Myanma Freedom Daily ကို ပြောထားတယ်လို့ အဲဒီသတင်း မှာ ဖော်ပြပါတယ်။ 

ဟုတ်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ ဟိုင်းလပ်စ်ကားတွေကို ခရီးသည်တင်လိုင်းကားတွေအဖြစ် ပြေးဆွဲနေခဲ့
တာကြာပါပြီ။ ဒီကားတွေကို ရန်ကုန် အမြန်ယာဉ်လို့ လည်း ကင်ပွန်းတပ်ကြပြီး မကြာခဏ ယာဉ်တိုက်မှု 
တွေဖြစ်လို့ လူသေဆုံးမှုတွေလည်း ရှိခဲ့ကြတာပါ။ 

ဒါပေမယ့် အမြန်လိုတဲ့ ခရီးသည်တွေအနေနဲ့ ဒီ အမြန်ယာဉ်မှ မစီးရင်လည်း အခြား ရွေးချယ်စရာက သိပ် မရှိလှပါဘူး။ ဒါကြောင့်ပဲ ရန်ကုန်အမြန်ယာဉ်တွေကို ဘုရား တ ပြီး စီးနေကြတာပါ။ ဒီအကြောင်း ဧရာဝတီ က ရန်ကုန်အမြန်ယာဉ်ဆိုတဲ့ ပို့စ်တခုမှာလည်း ဖော်ပြထားပါတယ်။ 

အခု ရန်ကုန်မှာ ခရီးသည်တင် လိုင်းပြေးဆွဲနေတဲ့ တိုယိုတာ ဟိုင်းလပ်စ် ကား အစီးရေ ၈၀၄ စီး ရှိတယ်လို့ သူက ပြော ထားပါတယ်။ 

ဒါကြောင့် ရန်ကုန်မြို့ လမ်းတွေပေါ်မှာ မကြာခင်မှာပဲ ခရီးသည်တင် တိုယိုတာဟိုင်းလပ်စ်တွေအစား မီနီဘတ်စ်ကားတွေကို မြင်ရတော့မှာပါ။ ဒါဆိုရင်တော့ ရန်ကုန်အမြန်ယာဉ်ဆိုတာ မီနီဘတ်စ်ကားတွေ နဲ့ နေရာယူသွားဖို့ ရှိပါတော့တယ်။ 

အိမ့်သံစဉ် ~ဧရာဝတီBlog

» သမီးကလေးကျေးရွာကို သွားရောက်သတင်းယူသည့် သတင်းထောက်များ တားဆီးခံရ

 
ရန်ကုန်၊
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာကို သွားရောက်သတင်းယူသည့် သတင်းသမားများကို လှည်းကူး-ပဲခူးလမ်းဆုံအနီးရှိ ရ.က.သ၂ တပ်၏ လုံခြုံရေးယူထားသော စစ်သားများက တားဆီးပြီး သတင်းသမားများတွင် ပါလာသည့် ကင်မရာများကို လုကာ ဓာတ်ပုံများ ဖျက်ပစ်ခဲ့သည်ဟု သမီးကလေးကျေးရွာကို သွားရောက် သတင်းယူသည့် ဓာတ်ပုံသတင်းထောက် ကိုအောင်မြင်ရဲဇော်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကားတွေက နောက်မှာ လူကလည်းများတယ်ဗျာ။ ကင်မရာတွေလည်းပါတော့ တားတယ်။ အဲဒါနဲ့ ဘယ်သွားမလဲ မေးတော့ ကျွန်တော်တို့က ဒုက္ခသည်တွေနေတဲ့ ဘုန်းကြီးကျောင်းကို သွားမလို့လို့ ပြောတယ်။ အဲဒီ့လမ်းက ခါတိုင်းသာမာန် သွားလို့ရတယ်ဗျာ။ အဲဒါနဲ့ ဘယ်သူတားတာလဲမေးတော့ မင်းတို့ကို ဘယ်သူတားလဲ ပြောရမှာလား။ မင်းတို့က ဘာကောင်မို့လို့လဲနဲ့မေးတယ်။ အဲချိန်မှာ အထဲက ကင်မရာသမားတွေက ဓာတ်ပုံလှမ်းရိုက်ကြတယ်။ လှမ်းရိုက်တော့ လက်ထဲက ကင်မရာတွေကို လုပြီး ကတ်တွေဘာတွေဖျက်တယ်။ ပုံတွေဖျက်တယ်"ဟု သူက ရှင်းပြသည်။

ထိုအပြင် ရ.က.သ ၂ တပ်က လုံခြုံရေးတပ်က သတင်းသမားများ စီးနင်းလိုက်ပါလာသည့် ကားများကို စစ်တပ်တွင်းသို့ မောင်းရန် ပြောသဖြင့် ကားပေါ်တွင် ပါလာသော ဆရာဝန်များက ကြားဝင်ဖြေရှင်းသဖြင့် ဆက်လက် ရန်ရှာခြင်း မပြုလုပ်တော့သော်လည်း ကားများကို သမီးကလေးရွာသို့ သွားရောက်ခွင့်မပြုဘဲ လှည့်ပြန်ခဲ့ရသည်ဟု ပြောသည်။
လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးရွာကို စစ်တပ်က ဘိုဒူဇာများ ထိုးကာ ရွာဖျက်ခံရသဖြင့် ကျေးရွာအနီး ကြီးလေးကြီးလမ်း မိုင်တိုင် အမှတ် ၃၀/၂ရှိ အောင်သိဒ္ဓိကျောင်းတိုက်တွင် ယာယီဒုက္ခသည်စခန်း ဖွင့်ထားသည်ကို သတင်းသွားရောက်ယူရန်နှင့် ဒုက္ခသည်များကို ဆေးဝါးများပေးရန် ဆရာဝန်အချို့နှင့် သတင်းသမားများက သွားရောက်ခြင်းကို ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု တားဆီးခံခဲ့ရသည့် သတင်းထောက်များက ပြောသည်။

ထိုသို့ အခက်အခဲများကြောင့် ရန်ကုန်တိုင်းသတင်းစာ၏ သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့သော်လည်း သတင်းထောက်များ အမှန်တကယ် ဟုတ်မဟုတ် မယုံကြည်သဖြင့် မကူညီနိုင်ကြောင်းသာ ပြောခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ကို စစ်တပ်က ရန်ရှာခံရတော့ ကျွန်တော်တို့က နယ်လုံဝန်ကြီးဆီ ဖုန်းဆက်ပြီး အကူအညီ လှမ်းတောင်းတာ။ အဲဒါ နယ်လုံဝန်ကြီးက သူ့ဆီကို မီဒီယာကနေ လှမ်းဆက်တယ်ဆိုတာကို အတည်မပြုနိုင်ဘူးပေါ့ဗျာ။ လမ်းဘေးက လူတစ်ယောက်ကလည်း သူ့ဆီကို ဆက်လို့ရတယ်ပေါ့ဗျာ။ အဲလိုပြောတာဗျ"ဟု နာမည်ကြီး နေ့စဉ်သတင်းစာ တစ်စောင်၏ ဓာတ်ပုံသတင်းထောက်က မဇ္ဈိမကိုပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ အတည်ပြုရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဝင်တင်းကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

သတင်းယူရန် သွားရောက်သည့်အထဲတွင် Sky Net၊ MNTV၊ 7 Day၊ Eleven Media Group၊ စံတော်ချိန်၊ ရန်ကုန်တိုင်း၊ သမဂ္ဂ၊ မြန်မာပို့စ်အပါအဝင် မီဒီယာ ၁၀ခုကျော် ပါဝင်ပြီး ရှေ့ဆုံးကသွားပြီး လူအနည်းငယ်သာ ပါသည့် Eleven Media Group ၏ ကားတစ်စီးသာ ဒုက္ခသည်များရှိရာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ရသည်။

သိင်္ဂီထွန်း (မဇ္ဈိမ)Mizzima - News in Burmese

ပျောက်ဆုံးနေသော ဗုဒ္ဓဓာတ်တော်ကြုပ် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ပြန်လည်တွေ့ရှိ

 
၂၀၁၃ ခုနှစ်အတွင်း ခိုးယူခံခဲ့ရသော ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်များ သီတင်းသုံးရာ ရွှေကြုပ်တော်ကို ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ရှာ ဖွေတွေ့ရှိပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၇ ရက်တွင်ပြောကြားသည်။

ဖနောင်ပင်မြို့တော် မြို့ပြင်ကီလိုမီတာ ၄၀ ခန့်အကွာတွင် တည်ထားသော တောင်ပေါ်စေတီ တစ်ဆူ၌ သီတင်းသုံးသည့် အဆိုပါ ဗုဒ္ဓဓာတ်တော်ကြုပ် သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းတွင် ပျောက်ဆုံး ခဲ့ရသည်။

ခိုးယူခံခဲ့ရသည့် ဗုဒ္ဓဓာတ်တော်ကြုပ်ကို ကမ္ဘောဒီးယားတောင်ပိုင်း တာကီအိုပြည်နယ်ရှိ နေအိမ်တစ်အိမ်၌ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အိမ်ရှင်အမျိုးသား တစ်ဦးအား ဓာတ်တော်ကြုပ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ကမ္ဘောဒီးယား အမျိုးသား ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်တစ်ရပ်ဖြစ်သည့် ဗုဒ္ဓဓာတ်တော် ကြုပ်အခိုးခံရမှုကြောင့် ကမ္ဘောဒီးယား တစ်နိုင်ငံလုံး မကျေမနပ် ဖြစ်ခဲ့ကြပြီး ဓာတ်တော် ကြုပ် ပြန်လည်ရရှိရေး အတွက် အာဏာပိုင်များအား ဖိအားပေး တောင်းဆို ခဲ့ကြသည်။

အဆိုပါ ဓာတ်တော်ကြုပ်အတွင်း နတ်ရွာစံ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာနု လက်ထက် ၁၉၅၇ ခုနှစ်တွင် ဗုဒ္ဓဘုရားရှင်ဖွားတော်မူ သည့်နှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံက ကမ္ဘောဒီးယားအစိုးရထံပေးအပ်ခဲ့သည့် ဗုဒ္ဓဓာတ်တော်များ စံပယ် သီတင်းသုံးကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

သောက်သုံးရေ အလုံအလောက် မရရှိသော မြို့နယ်များသို့ ရေဂါလန် ၄၅ သန်းဖြန့်ဝေမည်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ငမိုးရိပ် ရေပေးစီမံကိန်း အမှတ် (၂) ဆောက်လုပ်မှုသည် ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် ဧပြီလဆန်းမှစတင်ကာ သောက်သုံးရေ ဂါလန် ၄၅ သန်းကို ရန်ကုန်မြို့အတွင်းရှိ သောက်သုံးရေ အလုံအလောက် မရရှိသော မြို့နယ်များသို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဧပြီမှ ရေစဖြန့်မှာ ဆိုပေမယ့် အခုကတည်း စမ်းသပ်မောင်းနှင် ဖြန့်ဝေနေပါတယ်။ ပင်မရေပို့လိုင်းနဲ့ ဆက်ရမယ့် ပိုက်အခွဲတွေ ဆက်တာက မတ်လကုန်လောက်မှ ပြီးမှာဆိုတော့ အပြည့်အဝကို ဧပြီမှာပဲ ဖြန့်နိုင်မှာပါ” ဟု ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် ပင်မရေပို့ပိုက်နှင့် ဆက်သွယ်ပြီးသော နေရာ များသို့ သောက်သုံးရေ ဂါလန် ၃၃ သန်းကို စမ်းသပ်ဖြန့်ဝေလျက်ရှိပြီး ရေဂါလန် ၄၅ သန်း အပြည့်အဝ ဖြန့်ဝေနိုင်မည့် ဧပြီလတွင် ၂၄ နာရီပတ်လုံး ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ငမိုးရိပ် ရေပေးစီမံကိန်း အမှတ် (၂) ပြီးစီးပါက ရေဂါလန် ၄၅ သန်းကို သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်များသို့ သောက်သုံးရေ ထပ်တိုးဖြန့်ဝေပေးမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
“အခုနောက်ပိုင်း ရေမပြတ်တာ ကြာပြီ၊ အချိန်တိုင်းလာနေတာ ထပ်တိုးပေးတာထက် ရေမပြတ်တော့ဘူး ဆိုတာကို ပိုလိုချင်ပါတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်မြတ်ဂေါင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန် (အမှတ်-၁) နှင့် ကော်မတီပိုင် အ၀ီစိတွင်းများမှ သောက်သုံးရေ များကို နေ့စဉ် ရေဂါလန်သန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ငမိုးရိပ် ရေပေးဝေ ရေးစီမံကိန်း (အမှတ်-၂) မှ ရေဖြန့်ဝေပါက တစ်နေ့လျှင် သောက်သုံးရေ ဂါလန်ပေါင်း ၂၀၅ သန်း ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

The Voice Weekly

» မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကမ္ဘာ့ဘဏ် ကန်ဒေါ်လာ ၃၁ သန်းခွဲချေးမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု နိမ့်ကျသော နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) က အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်း ထုတ်ချေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု အမှုဆောင် ဒါရိုက်တာအဖွဲ့က သတင်းထုတ်ပြန်သည်။

ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဈေးကွက်တစ်ခု ပေါ်ပေါက်ရန် လိုအပ်သည့် မူဝါဒများနှင့် စည်းကမ်း စည်းမျဉ်းများ ရေးဆွဲနိုင်ရေးအတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ လူတန်းစားများ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်မည့် အရေးကြီးသည့် စီမံကိန်း တစ်ခုဖြစ်ပြီး ယင်းကဏ္ဍတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဝန်ဆောင်မှု အားနည်းခြင်းစသည့် အခက်အခဲများ ရှိနေကာ အဆိုပါ အခက်အခဲများကို အခြေခံ လူတန်းစားများနှင့် ဝေးလံခေါင်ဖျားသည့် ဒေသ များရှိ ပြည်သူများက ပိုမိုခံစားနေရကြောင်း ကမ္ဘာ့ဘဏ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau ကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ချေးငွေများ ထုတ်ချေးသည်မှာ ကောင်းမွန်သော်လည်း အစိုးရအနေနှင့် ယင်းချေးငွေများကို အသုံးပြု၍ အကောင်အထည် ဖော်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များ ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်မ် မြန်မာနိုင်ငံကို လာရောက်စဉ် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ပံ့ပိုးအသုံးပြုမည် ဖြစ်ကြောင်း ပြောကြားထားသည်။

The Voice Weekly

» ပြစ်မူကျူးလွန်သော်လည်း ဥပဒေကြောင်းအရ အရေးမယူ

 
ဖမ်းဆီးမိသူ ဘင်္ဂလီ (၈) ဦး။
 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်ပြင်ရွာတွင် ရွာသားများအား တိုက်ခိုက်ရန် ဓါး၊ မျှား၊ စူးများဖြင့် ၀င်ရောက်လာသော ဘင်္ဂလီလူမျိုး ရှစ်ဦးအား ရွာသားများက ဖမ်းဆီးပြီး သက်ဆိုင်ရာသို့ လွှဲအပ်သော်လည်း တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်း မရှိဘဲ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

၂၀၁၄ ခု၊‌ဖေ‌ဖော်‌၀ါရီလ (၃) ရက်‌နေ့က  ‌ပေါက်‌‌တောမြို့နယ်‌၊ အ‌နောက်‌ရဲ ဘင်္ဂလီ ဒုက္ခသည်​စခန်းမှ ဘင်္ဂလီ (၂) ဦးသည် ‌ပေါက်‌‌တောမြို့နယ်‌၊‌ကျောက်‌ပြင်‌‌ကျေးရွာ‌နေ ဦးသိန်း‌စော‌မောင်‌(ရခိုင်‌)နှင့်‌ ဦး‌မောင်‌ဖြူ(ရခိုင်‌)တို့၏  ဥယာဉ်ခင်းထဲမှ သရက်‌ပင်‌၊ မညှင်းပင်‌များအား လာ‌ရောက်‌ခုတ်‌လှဲကြသည်‌ဟု ဆိုသည်။

ယခင်ကလည်း ကျောက်ပြင်ရွာသားများပိုင် ဥယျာဉ်ခြံထဲမှ သစ်ပင်ကြီးမြောက်များစွာကို အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ ဒုက္ခသည်များက လာရောက်ခုတ်လှဲပစ်ခဲ့ကြသဖြင့် ဆုံးရှုံးနစ်နာမူများစွာ ရှိခဲ့ကြရသည်ဟု ဆိုသည်။

သို့အတွက် ဖမ်းဆီးရမိသူ ဘင်္ဂလီ (၂) ဦးအား နောက်ထပ် ယခုကဲ့သို့ မပြုလုပ်ရန် ဆိုဆုံးမပြီး ပြန်လည် လွှတ်ပေးလိုက်သည်ဟု ရွာသားက ပြောသည်။

ယင်းနောက်ပိုင်း ဖေ‌ဖော်‌၀ါရီ (၄) ရက်‌တွင် နောက်ထပ် တစ်ကြိမ် အ‌နောက်‌ရဲ ဒုက္ခသည် စခန်းမှ ဘင်္ဂလီ (၂၀)ခန့်‌သည် ဓါး၊ မျှား၊ ဂျင်ဂလိ လက်‌နက်‌များဖြင့်‌ ကျောက်‌ပြင်‌‌ကျေးရွာသို့ ထပ်‌မံကျူး‌ကျော်‌ ၀င်ရောက် လာသဖြင့်  ကျောက်‌ပြင်‌ရွာသားများ ၀ိုင်းဝန်းဖမ်းဆီးရာ သူတို့အထဲမှ ၈ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

သူတို့အား ဖမ်းဆီး ထိန်းသိမ်းထားစဉ် နောက်ထပ် ဘင်္ဂလီ ဒုက္ခသည် (၁၀၀)ခန့်‌ ‌မှ ကျောက်ပြင်ရွာ တောင်‌‌ပေါ်သို့ ရောက်လာပြီး ယင်းနေရာမှ ရွာသားများအား ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ရာ  ‌ကျောက်‌ပြင်‌ရွာမှ ရွာသားများမှ ‌ပေါက်‌‌တောမြို့နယ်‌ရဲစခန်းသို့ အကြောင်းကြား ဆက်‌သွယ်‌ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်း အနောက်ရဲရွာတွင် တပ်စွဲထားသောစစ်တပ်မှ လိုက်လာကြောင်း၊ ပေါက်တောရဲစခန်းမှလည်း ဖမ်းဆီးထားသူများအား လွဲပြောင်းရယူရန် လိုက်ပါလာကြောင်း၊ ပေါက်တောရဲမှ မရောက်မီ ရခိုင် ပြည်နယ် အစိုးမှ သူတို့ ဖမ်းဆီးခြင်း မပြုလုပ်ဘဲ ပြန်လည် လွှတ်ပေးရန် ညွှန်ကြားလာကြောင်း၊ သို့အတွက် သူတို့အား ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိဘဲ ပြန်လည် လွှတ်ပေးလိုက်ရကြောင်း သူက ပြောသည်။

ယခုကဲ့သို့ ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်းမရှိဘဲ သူတို့အား ပြည်နယ် အစိုးရ၏ ညွှန်ကြားချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ရကြောင်းကို ပေါက်တောရဲစခန်းမှ အရာရှိ တစ်ဦးကလည်း အတည်ပြု ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ် ကျောက်ပြင်ရွာသို့ ရောက်ရှိနေသူ ပြားသူကြွယ်ကျေးရွာမှ ဦးစိန်‌‌ကျော်‌‌အေးမှလည်း ပြစ်မူ ကျူးလွန်သူများ ဖြစ်ပါလျှက် ရဲက ဥပဒေကြောင်းရ အရေးမယူနိုင်ဘဲ ပြန်လည် လွှတ်ပေးလိုက်သည့် အပေါ် သူ့အနေဖြင့် နားမလည်အောင် ဖြစ်ရသည်ဟုဆိုသည်။

ဒေသခံများ အဆိုရ ဖမ်းဆီးခံရသူ ဘင်္ဂလီ ၈ ဦးကို အနောက်ရဲရွာတွင် တပ်စွဲထားသော စစ်တပ်မှ မာလာတောင် စခန်းသို့ ခေါ်ယူသွားပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

ယခုကဲ့သို့ အပြစ်ရှိပါလျှက် အရေးယူခြင်း တစ်စုံတစ်ရာ မရှိဘဲ ပြန်လွှတ်ပေးလိုက်၍ နောက်ထပ်လည်း ရာဇ၀တ်မူများ ကျူးလွန်လာနိုင်သဖြင့် ရွာသားများက အထူး စိုးရိမ်နေကြသည်ဟု ဆိုသည်။

ကျေးရွာသား တစ်ဦးကလည်း ယခုလုပ်ရပ်ကို ကြည့်ပြီး သူ့အနေဖြင့် ရခိုင်ပြည်နယ်၏ ဥပဒေ အထက်တွင် ဘင်္ဂလီများ ရှိနေပြီ ဖြစ်သည်ဟု သူထင်မြင်ကြောင်း ဝေဖန် ပြောကြားသည်။


(နိရဉ္စရာ- ၈ ဖေဖေါ်ဝါရီလ ၂၀၁၄)

ဆိုချီအိုလံပစ် ခမ်းနားစွာ ဖွင့်လှစ်

 
ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ၂ဝ၁၄ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ပင်လယ်နက် ကမ်းခြေက ဆိုချီ ကမ်းခြေ မြို့ မှာ ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ် ပေးလိုက်ပါပြီ။

အိုလံပစ် မီးရှူးတိုင် ကို ရုရှက အိုလံပစ် ရွှေ ၃ ဆုရှင် ရေခဲပြင် ဟော်ကီ ဂိုးသမား ဗလာဒစ် လက်ဗ တရက် တိတ်ခ က ထွန်းညှိ ပေးခဲ့ပါတယ်။

ဒီပွဲတော် ဖွင့်ပွဲအခမ်းအနား ကတော့ မြင်ရသူတွေ သြချ ငေးမော ရမယ့် ရောင်စဉ်ဖြာ ပုံရိပ်တွေ အများကြီးနဲ့ပါ။

ရုရှ ရဲ့ အိပ်မက်လို့ အမည်ပေးထား တဲ့ ရှရှ ရဲ့ သမိုင်း၊ ယဉ်ကျေးမှု နဲ့ ကမ္ဘာကို သူတို့ ဘယ်လို ပေးဆပ်ခဲ့သလဲ ဆိုတာ ကို ဖစ်ရှ် အားကစား ရုံကြီးထဲက ပရိသတ် လေးသောင်း ရှေ့ မှာ ပုံရိပ်ဖော် တင်ဆက် သွားပုံက ကြည့်ရသူ တို့ ဘဝင်ခွေ့ စရာပါ။

လုံခြုံရေး တပ်ဖွဲ့ အများ အပြား ချထားရလို့ သုံးရတဲ့ စရိတ် တွေ အပါအဝင် ဒေါ်လာ သန်း ငါးထောင် လောက် ကုန်ကျတဲ့ ဒီပွဲ က ခမ်းနားမှုတွေ နဲ့ ပြည့်စုံခဲ့ ပေမယ့် အိုလံပစ် အထိမ်းအမှတ် ကွင်း ၅ ကွင်း ကို သရုပ်ဖော် ရာမှာတော့ တကွင်း က မီးမလင်း ခဲ့ပါဘူး။

ဆိုချီ အိုလံပစ် ဖွင့်ပွဲ ကို ကြည့်ရင် နိုင်ငံရေး ကိုလည်း တွေ့ရမှာပါ ။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း တို့ တရုတ် သမ္မတ ရှီကျင်ပင်းတို့ တွေ့ရပေမယ့် ဒီဖွင့်ပွဲကို လာမတက်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ထဲ အမေရိကန် သမ္မတ အိုဘားမား လည်း ပါပါတယ်။

ရုရှရဲ့ Gay ဆန့်ကျင်ရေး ပေါ်လစီ မကြိုက်လို့ လာမတက်တာလို့ ဆိုကြပါတယ်။

နဂိုက သိပ်အားမကောင်းတဲ့ ရုရှ အမေရိကန် ဆက်ဆံရေးကို အခုကိစ္စ ကလည်း သက်ရောက်မှု ရှိမှာ ပါ။

ဆိုချီ အားကစား ပွဲတော်မှာ ၈၇ နိုင်ငံ က အားကစား သမား ၃,ဝဝဝ လောက် ပွဲတော်ရက် ၁၆ ရက်မှာ အားကစား အမျိုးပေါင်း ၉၈ မျိုး ကို အကြိတ်အနယ် ယှဉ်ပြိုင် ကြမှာပါ။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှု နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မည်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သေနတ်ပစ်ခတ် လုပ်ကြံခဲ့သူများကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖော်ထုတ်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို မလေးရှား ရဲတပ်ဖွဲ့က တောင်းဆိုလျှင် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံရောက် ရခိုင်လူထုနှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ အဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့လယ်ရှိ Low Yat ပလာဇာတွင် ညနေစာစားပြီး အပြန်တွင် လုပ်ကြံခံရခြင်း ဖြစ်ကြောင်း၊ ၎င်းးတို့ စီးလာသည့် မော်တော်ယာဉ်နှင့် ဘေးချင်းယှဉ်၍ လိုက်လာသည့် ဆိုင်ကယ်ပေါ်မှ သေနတ်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသည်။

အဆိုပါ လုပ်ကြံမှုသည် စနစ်တကျ စီစဉ်ထားသည့် လုပ်ကြံမှုဖြစ်ပြီး ဒေါက်တာ အေးမောင်ကို အဓိက ပစ်မှတ်ထားသည်ဟု ယူဆရကြောင်း၊ အဆိုပါ သေနတ်သမား စီးလာသည့် ဆိုင်ကယ်သည် ဒေါက်တာအေးမောင် ထိုင်နေသည့် မော်တော်ယာဉ် နောက်ခန်းနေရာကို ချိန်၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(RNDP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှမြင့်က ပြောကြားသည်။

“မှန်ကိုပဲ ပစ်တာ။ ဒါပေမဲ့ ကျည်ဆန်က မှန်ဘောင် အောက်နားကို ထိတယ်။ ကျည်ဆန် ဖောက်ထွက်ခဲ့ရင် ဒေါက်တာအေးမောင် ဦးခေါင်းပိုင်းကို ထိမယ်။ မှန်ကို ထိခဲ့ရင် ကားထဲက တစ်ယောက်ယောက်တော့ ထိမယ်” ဟု ၎င်းကဆိုသည်။

ဆိုင်ကယ်ပေါ်တွင် လူနှစ်ဦး စီးလာခြင်းဖြစ်ရာ ဆိုင်ကယ်၏ နောက်တွင် လိုက်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဆိုင်ကယ် ဦးထုတ်ဆောင်ထားကြကာ ဗမာစကား ပြောဆိုကြကြောင်း၊ ဒေါက်တာ အေးမောင်တို့ စီးလာသည့် မော်တော်ယာဉ်ကို သေနတ်သုံးချက် ပစ်ခတ်လုပ်ကြံခဲ့ပြီး နောက်ဆုံး ပစ်ခတ်ခဲ့သည့် (၉ မမ) အမျိုးအစား ကျည်ဆန်ကို ကားနောက်ခန်း ဂေါက်အိတ်ထဲတွင် တွေ့ရှိကြောင်း ကာယကံရှင်များထံမှ သိရှိရသည်။

“ဆိုင်ကယ် မောင်းတဲ့သူက ဆံပင် ရှည်တယ်။ မုတ်ဆိတ်မွေးနဲ့ ဗမာစကားပြောတယ်။ ဗမာစကားလည်း မပီဘူး။ ဒုတိယအကြိမ် ပစ်တဲ့အခါ ‘ပစ်ပစ်၊ ထပ်ပစ်’ ဆိုပြီး အော်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပါတီ ခေါင်းဆောင်များအဖွဲ့ မလေးရှားနိုင်ငံသို့ မသွားရောက်မီကပင် အီးမေးလ်၊ တယ်လီဖုန်းတို့မှ သတိပေး ခြိမ်းခြောက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အဆိုပါအဖွဲ့ မလေးရှားနိုင်ငံ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံက ဘာသာခြား အဖွဲ့အစည်းလေးခုက မလေးရှားတွင် အစည်းအဝေးများ ပြုလုပ်ခဲ့သည့် သတင်းရရှိထားကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါ လုပ်ကြံမှုကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ကာလဖြစ်သဖြင့် သေနတ်ပစ်ခတ် လုပ်ကြံခဲ့သူများ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပါတီ ခေါင်းဆောင်အဖွဲ့ စီးလာသည့် ယာဉ်ကို ပလာဇာနှင့် ၁၅ မိနစ်ခန့် မောင်းနှင်ရသည့် အကွာအဝေးရှိ အဓိက လမ်းမကြီး တစ်ခုအနီး လမ်းအကွေ့တွင် သေနတ်သမားက မှောင်ရိပ် ခိုကာ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ဘယ်နေရာမှာ ဘယ်သူစီးတယ် ဆိုတာကို အတိအကျ သိထားပုံရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ရခိုင်ပါတီ ခေါင်းဆောင်များကို မလေးရှားနိုင်ငံ ခရီးစဉ်တွင် မလေးရှား အစိုးရက လုံခြုံရေး အပြည့်အဝ ပေးခဲ့ပြီး ရခိုင်လူငယ်များကလည်း လုံခြုံရေး ပေးခဲ့ကြောင်း၊ လုပ်ကြံမှု ဖြစ်ပွားသည့်နေ့တွင် လုံခြုံရေး ခေါ်ယူခဲ့ခြင်း မရှိသည့်အပြင် ဒေါက်တာအေးမောင်တို့နှင့် ပုံမှန် လိုက်နေကျ ဖြစ်သည့် လန်ခရူဆာ မော်တော်ယာဉ်မှာလည်း လုပ်ကြံမှု ဖြစ်ပွားစဉ် အရှေ့သို့ ရောက်နေခဲ့ကြောင်း အဆိုပါ ခေါင်းဆောင်များက ပြောဆိုကြသည်။
“အကြမ်းဖက်ပြီး ပြဿနာတွေ ဖြေရှင်းရင် မပြေလည်နိုင်ဘူး။ လုံခြုံရေးအတွက် ပြောရခက်ပါတယ်။ ကိုယ်တိုင် လုံခြုံရေးကိုတောင် မပြောတတ်တော့ သူများတွေကို ဘယ်လို ပြောရမှန်းတောင် မသိဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လုပ်ကြံခံမှု ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီး မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့စခန်းတွင်လည်း အမှုဖွင့်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ရခိုင် လူမှုအဖွဲ့အစည်း၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံရောက် ရခိုင်လူထုကို လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊ ရခိုင်ပြည်နယ် အခြေအနေများကို ရှင်းပြရန် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် ယင်းခရီးစဉ်တွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ကွန်ရက်မှ စုစုပေါင်း ခြောက်ဦး သွားရောက်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Friday, February 7, 2014

ထိုင်းရှိ မြန်မာဒုက္ခသည်များ နိုင်ငံတကာတွင် ခိုလှုံခွင့်ရရန် ဆက်လက်ကြိုးပမ်းမည်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်အချို့ကိုတွေ့ရစဉ် DENNIS M. SABANGAN/EPA

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ တစ်ဦးချင်းအခြေခံလိုအပ်ချက်ပေါ် မူတည်၍ ဒုက္ခသည်အဖြစ် နိုင်ငံအသီးသီးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူက ပြောသည်။

အမေရိကန်နိုင်ငံက မြန်မာဒုက္ခသည်များကို ခိုလှုံခွင့်ပေးသော ကိုးနှစ်အစီအစဉ်မှာ သက်တမ်းပြည့်သွားပြီဖြစ်၍ ရပ်ဆိုင်းလိုက်ခြင်းမှာ ပြည်လည်နေရာချထားခြင်း အပြည့်အ၀ရပ်ဆိုင်းလိုက်ခြင်းကို မဆိုလိုဘဲ ဒုက္ခသည်များ၏ တစ်ဦးချင်းအခြေခံ အထူးကာကွယ်မှုလိုအပ်ချက်အရ နိုင်ငံအသီးသီးသို့ ဆက်လက်တင်ပြသွားမည်ဟု UNHCR ၏ ထိုင်းနိုင်ငံ ဌာနေကိုယ်စားလှယ် မီရီရာလီရီရော့က ပြောသည်။

““နိုင်ငံအသီးသီးဆီကို တစ်ဦးချင်းအခြေခံတဲ့ အထူးကာကွယ်မှုလိုအပ်ချက်အရ ဒုက္ခသည်ခိုလှုံခွင့်ကို  UNHCR အနေနဲ့ ဆက်လက်တင်ပြဆောင်ရွက်သွားပါ့မယ်။ ထိုင်းအစိုးရနဲ့ ပြန်လည်နေရာချထားပေးတဲ့နိုင်ငံတွေ ပူးပေါင်းပြီးတော့ မိသားစုတွေ ပြန်လည်ပေါင်းဆုံနိုင်ဖို့နဲ့ အတူတကွပြန်လည်အခြေချနိုင်ဖို့ ဆောင်ရွက်နေပါတယ်””ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ကိုးခုတွင် မြန်မာဒုက္ခသည်အရေအတွက်မှာ စာရင်းမသွင်းရသေးသူ လေးသောင်းကျော်အပါအ၀င် တစ်သိန်းနှစ်သောင်းခန့်ရှိနေကြောင်း ထိုင်းအာဏာပိုင်များက ခန့်မှန်းထားသည်။လွန်ခဲ့သည့် ကိုးနှစ်တာကာလက ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် တစ်သောင်းကိုးထောင်ခန့်မှာ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နှင့် ဖင်လန်နိုင်ငံတို့တွင် ခိုလှုံခွင့်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံက ရှစ်သောင်းကျော် လက်ခံကာ အများဆုံးခိုလှုံခွင့်ပေးခဲ့သည်။

ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအနေဖြင့် အခြားနိုင်ငံများသို့ ခိုလှုံခွင့်တောင်းခံရခြင်း၏ အဓိကအချက်မှာ ကလေးငယ်များ၏ ပညာရေးအနာဂတ်ကြောင့်ဖြစ်သော်လည်း ၎င်းတို့၏ တိုင်းရင်းသားယဉ်ကျေးမှုအစဉ်အလာများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း မြန်မာဒုက္ခသည်များက ဆိုသည်။

စံချိန်တင်ကြာမြင့်နေသော ပြည်တွင်းစစ်အခြေအနေကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် ထိုင်းနယ်စပ်ရှိ ဒုက္ခစခန်းများသို့ ရောက်ရှိနေပြီး ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကြောင့် နေရပ်ပြန်နိုင်ရန် မျှော်လင့်နိုင်ဖွယ်ရှိနေသည်။

Author:  နေလင်းထွန်း
7day Daily

အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ


စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ပဲခူးက အာဏာပိုင်တွေ သမီးကလေးကျေးရွာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး ရွာသားတွေက စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတွေရှိလို့ နေခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာပါ။
ပဲခူးအာဏာပိုင်တွေက ကျောင်းသားတွေရဲ ပညာရေးကို ရှေးရှုပြီး အချိန် ၁ လလောက် နေခွင့်ပြုလိုက်တာလို့ သမီးကလေးကျေးရွားသား ဦးဝင်းစိုးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်က အာဏာရှင်တွေ လာတယ်။ အခုအချိန်အထိ ရဲတပ်ဖွဲ့က မပြန်သေးဘူး။ ကျနော်တို့နဲ့ စကားပြောနေကြတယ်။ ကျနော်တို့ကို သူတို့က ကျောင်းသားတွေ စာမေးပွဲကို ရှေးရှုပြီးတော့ ၁ လလောက် အချိန်ပေးတယ်။ ၃ လပိုင်းအကျော်အထိ ကျနော်တို့ကို စောင့်ပေးတယ်။ ၃ လပိုင်းကျော်တာနဲ့ ကျနော်တို့ကို ဒီနေရာမှာ မနေဖို့ ပြောသွားတယ်။ သမီးလေး ရွာက ကျောင်းသားဦးရေ ၈၀ ကျော်လောက် ရှိတယ်။”

ပဲခူးတိုင်း အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ အိမ်ခြေဖျက်ခံရလို့ ဒုက္ခရောက်နေတဲ့ မိသား ၂၀၀ ကျော်၊ လူဦးရေး ၅၀၀ နီးပါးရောက်လာပြီး ခိုလှုံနေတာ ဖြစ်ပါတယ်။

လူလူချင်း စာနာတဲ့စိတ်နဲ့ အခုလို ခိုလှုံခွင့်ပေးထားတာလို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို အခုလို မိန့်ကြားခဲ့ပါတယ်။

“သူတို့က အထက်က ညွှန်ကြားချက်အတိုင်း လက်ခံလို့ မရတဲ့အကြောင်း ဆရာတော့်အနေနဲ့ သူတို့ကို မေတ္တာရပ်ခံပေးပါတဲ့။ အုပ်ချုပ်ရေးမှူးက စာပို့တယ်။ သူတို့ကလည်း အေးအေးဆေးဆေး လာကြည့်ရင်းနဲ့ ပြောတာပါ။ ဒကာကြီးလို့၊ ဦးဇင်းတို့က ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကူညီရမှာပဲလို့၊ အဲဒီတော့ ဒကာကြီးတို့ တာဝန်ရှိလို့ အရေးယူမယ်ဆိုရင် တာဝန်အတိုင်း ဆက်လုပ်ပါလို့ ဦးဇင်းက ဒီလူတွေကို ဒီမှာ မနေနဲ့လို့ ဦးဇင်းမပြောနိုင်ဘူး။ ဒကာကြီးတို့လည်း လုပ်စရာရှိတာဆက်လုပ်ပါ။ ဦးဇင်းလည်း ဦးဇင်းလုပ်စရာရှိတာ ဆက်လုပ်ပါမယ်လို့ ပြောလိုက်တယ်။”

သမီးကလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုရေးအကူအညီတွေ ပေးနေတဲ့ ဦးမှတ်ကြီးက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ သမီးကလေးကျေးရွာဒုက္ခသည်တွေ နေရေးနဲ့ စားရေး အခက်တွေ့နေတယ်လို့ ပြောပါတယ်။

“အဲဒီမှာ သူတို့ ရွက်ဖျင်တဲလေးတွေ ထိုးထားတယ်။ အပေါ်မိုးပဲရှိတယ်။ ဘာအကာမှ မရှိဘူး။ သူတို့ တန်းလျားပုံစံမျိုး နေနေတယ်။ ပိုဆိုးတာက ကျနော်တို့ ၀င်သွားပြီးတော့ ရဲကားတွေ ရောက်လာပြီး သူတို့ကို ဖမ်းမယ်ဆီးမယ် ခြောက်နေတော့ ကြောက်နေကြတာ။”

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေး ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By မျိုးဇော်လင်း (ဒီဗွီဘီ)

မန္တလေးတွင် ညသန်းခေါင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်

အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားလေ့ရှိသော မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်က ဆိုင်ကယ်လေးစီးနှင့် လူရှစ်ဦးက ဆိုင်ကယ် စီးနင်းလာသည့် လူနှစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းရိုက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသူ စိန်လုံ တောင်တန်းကုမ္ပဏီ ကားမောင်းနှင်သူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယင်းနေ့ ည ၁၂ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၈ လမ်းအနီးတွင် အဆိုပါ လူတစ်စုသည် ဆိုင်ကယ်များ ပိတ်ရပ်ကာ စကားမပြောဘဲ ရိုက်နှက် ထိုးကြိတ်ကြပြီး အိတ်ထဲတွင် ပါသော ကုမ္ပဏီငွေ တစ်သိန်းကျပ်နှင့် ကိုယ်ပိုင်ငွေ တစ်သိန်းကျပ်ခန့်ကို လုယူသွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကျွန်တော်တို့လည်း သူတို့တွေကို မသိဘူး၊ ဘာရန်ငြိုးမှလည်း မရှိဘူး။ ကျွန်တော်တို့ နှစ်ယောက် ရုံးကနေပြန်ပြီး အောင်ပင်လယ်က အစ်ကို့အိမ် ခဏဝင်ပြီး ည ၁၂ နာရီ ဝန်းကျင်လောက်မှာ ပြန်ကြတာ။ ၅၈ လမ်းလောက်မှာမှ ကျွန်တော်တို့ ဆိုင်ကယ်ကို နောက်ကနေ သူတို့အဖွဲ့က ဆိုင်ကယ်နဲ့ ဝင်တိုက်မယ် လုပ်လို့၊ လမ်းဘေး ကပ်ပေးလိုက်တယ်။ ပြီးတော့ သူတို့တွေက အရှေ့ကနေ လမ်းပိတ်ရပ်ကြတော့ ကျွန်တော်တို့ ဆိုင်ကယ်လည်း ရပ်ပေးလိုက်ရော သူတို့တွေက ဘာမှမပြောဘဲ ကျွန်တော်တို့ နှစ်ယောက်ကို ဝင်ရိုက်တယ်။ ပြီးတော့ပါတဲ့ ပိုက်ဆံတွေကိုလည်း လုယူ သွားကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရိုက်နှက် လုယက် ခံရမှုကြောင့် ဦးအောင်ဆန်းဝင်းသည် မျက်ခုံး ပေါက်ပြဲ၊ မျက်လုံး ရောင်ရမ်းခြင်းများ ဖြစ်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း အတူပါလာသူမှာလည်း မျက်နှာ ဖူးရောင် ဒဏ်ရာရခဲ့ကြောင်း စိန်လုံတောင်တန်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ဖြစ်ဖြစ်ချင်း ညမှာပဲ အောင်ပင်လယ် ရဲစခန်းကို အကြောင်းကြားထားတယ်။ ဖြစ်စဉ်ကို တင်ပြထားပါတယ်။ အမှုတော့ မဖွင့်ထားပါဘူး” ဟု အဆိုပါ ရိုက်နှက် လုယက် ခံခဲ့ရသူ တစ်ဦးဖြစ်သူ ဦးသက်နိုင်ဝင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စခန်းထံသို့ လာရောက် အကြောင်း ကြားထားပြီး အမှုမဖွင့်ထားသော်လည်း စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြည်ကြီးတံခွန်မြို့နယ် အောင်ပင်လယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

နမ့်ဆန် မြို့နယ် ဒေသခံ ၆၀ ကျော် နမ္မတူသို့ တိမ်းရှောင်


သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း နေထိုင်သည့် ဒေသခံ ကျေးလက် အမျိုး သမီး၊ ကလေး နှင့် သက်ကြီးပိုင်းများ နေရပ်မှ နမ္မတူ မြို့နယ် ဘုရားကျောင်းသို့ တိမ်း ရှောင် ခိုလှုံ လာကြသည်ဟု မန်စံ ဒေသခံများက ပြောသည်။



နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု ပန်တောင်း(အထက်) ရွာလီဆူးနှင့်ပလောင် ဒေ သခံ ၆၀ ကျော်  အခွန်အခအမျိုးမျိုးပေးဆောင်ရခြင်း၊  ခြိမ်း​ခြောက်ခံရခြင်း၊  တပ်သား သစ် အဖြစ် အဓမ္မစုဆောင်းခံရခြင်းတို့ကြောင့် ဂျန္နဝါရီ ၃၁ နေ့မှစ၍ နမ္မတူမြို့ မန်စံ ကျေးရွာအုပ်စုမန်စံနှစ်ခြင်းဘုရားကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြ သည်ဟုဆိုသည်။


အထက်ပန်တောင်း ရွာသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်ဟု ဆိုသော်လည်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စုနှင့်  ၅ မိုင်ခန့်သာဝေးသည်ဟု ဆိုပါ သည်။

အဆိုပါ ရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများထံမှ ပိုက်ဆံကောက်ပေးနေခြင်းဖြစ် ကြောင်း၊  ကောက်ခံမှုများ မပေးပါက သတ်ပစ်မည် ဟုခြိမ်းခြောက်သောကြောင့် မန်စံဘက်သို့ ညတွင်း ချင်း ထွက်ပြေး ကြရ ကြောင်း ဒုက္ခသည် ဒေါ်အားလောင်း ပြောသည်။


မန်စံနှစ်ခြင်းဘုရားကျောင်း၌  ခိုလှုံနေသည့် သားသည်မိခင် ဒုက္ခသည် နန်းဆူးက - “ကျမတို့ဆီမှာလေ ဘာကြေးလဲတော့မသိဘူး၊ ရွာသူကြီးဆီကို တနှစ်အတွက် ပိုက်ဆံ ၇ သိန်းထည့်ပေးရတယ်၊ လစဉ်ကြေးလဲ ထောင်ဂဏန်းရှိသေးတယ်။ ဒါ့အပြင်ရွာမှာ အလှည့်ကျကင်းစောင့်ပေးရတယ်။ လက်ထပ်ပွဲလုပ်တော့မယ်ဆိုရင်လဲ သတို့သားကို ၅ သောင်း သတို့သမီးကို ၅ သောင်းလာကောက်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။


ဘုရားကျောင်းသို့ရောက်ရှိနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ အသင်းတော်မှ ဆရာမ ဂျဲနီက - “မိသားစု ၁၇ ခု၊ တမိသားစု ၅ ဦးလောက်ရှိတယ်။ ဒုက္ခသည်တွေကို မန်စံ ဒေသခံတွေ က တတ် နိုင်တဲ့ဆန်ဆီ ဆား  အကူအညီလာပေးကြတယ်။  လာကူတဲ့ တခြား အသင်း အဖွဲ့တွေလည်းရှိတယ်။ မိတ်ဆွေမြန်မာ၊  အီးပီစီ တို့ပေါ့ ။ အခုအားလုံးပေါင်း ဆန်အိပ် ၂၀ လောက် တော့ရထားပြီ။ နေထိုင်ဖို့က အခက်အခဲဖြစ်နေတယ် အမိုးအကာမလုံ လောက် သေးဘူး”  

“ကျမအနေနဲ့တော့ ဆုတောင်းပေးပါတယ်။ လူလူချင်း နှိပ်စက်ခြင်း အမြန်ချုပ်ငြိမ်း ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်သွားနိုင်ဖို့ပေါ့” - ဟု   ပြောသည်။

မြန်မာအစိုးရအနေဖြင့် လာမည့်မတ်ခ်ျလအတွင်း တတိုင်းပြည်လုံးအပစ်ရပ်နိုင်ဖို့ ပြင်ဆင်နေ၏။ သို့သော် တိုင်းရင်းသားဒေသမှ တပ်အင်အားရုပ်သိမ်းခြင်းမရှိ၊  တိုင်း ရင်း သားလက်နက်ကိုင်တပ်ဖွဲ့ များကလည်း အင်အားအပြိုင်ဖြည့်ကာ မြန်မာ စစ်တပ် နှင့် ထိပ်တိုက်ရင်ဆိုင်မှု မကြာခဏဖြစ်ပွားသည့် အနေထားကြောင့် ရွာသားများ စစ် ဘေး စစ်ဒဏ်ခံနေရခြင်းဖြစ်သည်ဟု နမ္မတူရပ်မိရပ်ဖ လုံးစိုင်းမောက်က သုံးသပ် ပါသည်။
သျှမ်းသံတော်ဆင့်

မြန်မာနဲ့ ကုန်သွယ်မှု ကန် တိုးမြှင့်မည်

မြန်မာပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေများ
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးမှာ ၀င်ဆန့်လာဖို့နဲ့ အမေရိကန် ပြည်ထောင်စု နဲ့ ကုန်သွယ်ရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ရေတို၊ ရေရှည် ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်မှာ ဖြစ်တဲ့ အကြောင်း အမေရိကန် ပို့ကုန်၊ သွင်းကုန်ဘဏ် EXIM ဘဏ်က ကြေညာ လိုက်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံကို ကုန်တင်ပို့မှုတွေ အားကောင်းလာစေဖို့၊ အမေရိကန်မှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး အကူအညီပေးမှာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့ ကြေညာချက်က ဖော်ပြထားတာပါ။

အခုဆိုရင်တော့ EXIM ဘဏ် အနေနဲ့ မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ အနေနဲ့ ယုံကြည်စိတ်ချရ တယ်ဆိုရင် ငွေထုတ်ချေး သွားမှာ ဖြစ်သလို၊ အစိုးရတွေ အနေနဲ့ ငွေကြေးလွှဲပြောင်းရာမှာ ၆ လကနေ ၁၂ လအထိ ရေတို အာမခံပေးမှာလည်း ဖြစ်ပါတယ်။
အမေရိကန် လုပ်ငန်းတွေအနေနဲ့ လူသုံးကုန်တွေ၊ စိုက်ပျိုးရေးနဲ့ သတ္ထုတွင်း တူးဖော်ရေး ကဏ္ဍအတွက် ပစ္စည်းကရိယာတွေ တင်ပို့နိုင်မယ့် အလားအလာတွေ ရှိနေတဲ့အကြောင်းလည်း ပြောပါတယ်။ မကြာသေးခင် နှစ်တွေ အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း အမေရိကန်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာခဲ့တာ ဖြစ်ပေမဲ့ ကုန်သွယ်မှုတွေမှာတော့ အားနည်းနေဆဲပါ။

ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်ထဲမှာ ဆိုရင်လည်း အမေရိကန်က တင်ပို့တဲ့ ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၁၄၅ သန်းသာ ရှိခဲ့သလို၊ မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့မှုဟာ ဆိုရင်လည်း ဒေါ်လာသန်း ၃၀ သာ ရှိခဲ့ပါတယ်။
 ဗွီအိုအေ (မြန်မာဌာန)

အင်တာနက်လိုင်းဆွဲအားကို 200% ထိမြှင့်တင်ပေးနိုင်တဲ့ - Internet Cyclone 2.19 + Full Cracked

  http://www.melidownload.com/img/software/internet-cyclone.jpg

ခေါင်းစဉ်လေးနဲ့တင်ဘဲ အတော်လေးကို လန်းနေပြီဗျာ။ ပထမတစ်ကြိမ်တင်ပေးတုန်းကလည်း လူကြိုက် အတော်လေးများပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့ ထပ်တင်ပေးလိုက်တာပါ အင်တာနက် လိုင်းဆွဲအားကို 200%  လောက်ကို Speed Up လုပ်ပေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Window XP , Vista , Window 7 , 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ အသုံးပြုပုံ ကလည်းလွယ်ပါတယ်။ မိမိအသုံးပြု နေ တဲ့ Type ကိုရွေးခြယ်ပေးပြီး Optimize ကို နှိပ်လိုက်ပါ။ ပြီး ရင် Restart ချပြီး ပြန်တက်လာတာနဲ့ အင်တာနက် လိုင်းဆွဲအားပိုမြန်လာမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရရခြင်းစမ်းသပ်ပြီးအသုံးပြုနေတုန်းပါဘဲ။ အမြဲတမ်း အသုံးပြုနိုင်အောင် Keygen ကိုပါထည့်ပေးလိုက်ပါ တယ်ဗျာ။ အသေးစိတ် ကိုတော့ အောက်မှာ မူရင်းအတိုင်း ဘဲလေ့လာနိုင်ပါတယ်ဗျာ။


http://www.mediaket.net/images/stories/internet_cyclone.jpg 
Internet Cyclone is a very useful and complex connection optimization utility that comes with many features. It is compatible with all modems and high-speed LAN, ISDN, CABLE, DSL, T1 or other connections. 
Internet Cyclone is a powerful, easy-to-use, Internet Optimizer designed to automatically optimize your Windows settings which will boost your Internet connection up to 200%.
Using this application, you can improve your browsing and downloading speed and enhance the online gaming experience.

Features:
* Internet Cyclone optimizes your Windows settings automatically or you can customize them.
* You can speed internet connection without changing your Hardware.
* Works with All Browsers.
* It is compatible with all Dial-Up modems and high speed LAN, CABLE, DSL, DSL (PPPoE), T1 or other connections.
* Internet Cyclone will speed up web surfing, online gaming, e-mailing, chat and video conference and it will even speed up downloads.

What's New in This Release:
* Fixed some minor bugs
* Improved acceleration settings

Homepage: www.jordysoft.com

How to install:
1. Run the setup, install the program
2. Enjoy full version!

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Download
Google Drive | Zippyshare | Sharebeast | Filecloud

Password = www.nyinaymin.org
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို 
http://www.nyinaymin.org မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်}


ညီနေမင်း (နည်းပညာ)   မှကူးယူဖော်ပြပေးပါသည်။

တပ်သိမ်းမြေတချို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ပေး

 
စစ်တပ်ကသိမ်းယူထားတဲ့ မြေတွေကို ဒုတိယအကြိမ် စိစစ် စွန့်လွှတ်ပြီးဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ အခုလို ပြန်လည် စိစစ် စွန့်လွှတ်ပေးတဲ့ ပမာဏဟာ အင်မတန် နည်းနေသေးတယ်လို့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ရှု့မြင်မှုတွေ ရှိနေသလို၊ လယ်သမားအရေးလုပ်ရှားသူ အချို့ကတော့ အခုလို စစ်တပ်က မြေတွေ စွန့်လွှတ်ပေးတာကို ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

ပြည်နယ်နဲ့ တိုင်း ၁၄ ခု အပါအဝင် နေပြည်တော် ကောင်စီနယ်မြေထဲမှာ စစ်တပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေထဲကနေ အခု ဒုတိယအကြိမ် ထပ်မံ စိစစ်ပြီး စွန့်လွှတ်ပေးမှုအပြီးမှာတော့ လယ်ယာမြေ ဧက  ၁ သိန်းခွဲကျော်ကို စွန့်လွတ်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ အခုလို စစ်တပ်က မြေတွေကို ပြန်ပြီး စွန့်လွှတ်ပေမဲ့ ပြည်ထောင်စု လွတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြချက် ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရဲ့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို စဖြေပါတယ်။

" ကျနော်တို့ ကော်မရှင်က တင်ပြထားတဲ့ စာတွေက တိုင်စာတွေက အများကြီးပဲ ကျနော်တို့ တပ်မတော်ကို တင်ပြထားတာ။ ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်ပြိးတော့ စွန့်လွှတ်တယ် ဆိုတာက ကျနော်ထင်ပါတယ်။ ကျနော်တို့ တင်ပြထားတာထက် ဆယ်ရာခိုင်နှုန်းတောင် ပိုမှာမဟုတ်ဘူး။ အဲ့လိုမျိုးဆိုတော့ အမျာကြီး စိစစ်ပြီးတော့ စွန့်လွှတ်ပေးသင့်တာလို့ ထင်ပါတယ်။ "

မေး ။ ။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က တင်ပြထားတဲ့ အထဲမှာ ဘယ်လို လယ်မြေတွေ ပါလဲ၊ ဘာတွေ ပြန်ပေးဖို့ရော လိုသေးလဲခင်ဗျ ။ ပြီးတော့
ကော်မရှင်ကရော ပြန်ပေးဖို့ အကြံပြုတဲ့ ထဲမှာ ပြန်မပေးနိုင်ရင် ဘာလုပ်ပါ ဆိုပြီး အကြံပြုတာရော ရှိပါလားခင်ဗျ။

"လယ်ယာမြေကော်မရှင်ကလည်း ကျနော်တို့ အဲ့တာတွေကို တင်ပြထား ပါတယ်။ ဒါပေမဲ့ ဒီနေ့တပ်မတော်က စွန့်လွှတ်တဲ့နေရာက တော်တော်ကို နည်းသေးတယ်။ ပြီးတော့လျော်ကြေးပေးရမယ့် ဥစ္စာတွေ စီမံကိန်း ဆိုပြီးတော့သိမ်းထားတဲ့မြေ နောက်ပြီးတော့ တပ်ပြေးကွင်းတို့၊ လေ့ကျင့်ရေးကွင်း ဆိုပြီး သိမ်းထားတဲ့မြေတွေ၊ တပ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တပ်တည်ဆောက်ရေးခြံဝင်း တင်မကဘူး။ အနီးနားကပါ သိမ်းထားတဲ့ မြေတွေ ဒါတွေ အကုန်လုံး ပြန်ပေးရမှာ။ ဒါတွေကိုပြန်မပေးနိုင်ဘူးဆိုရင် ထိုက်တန်တဲ့ လျော်ကြေးပေးရမှာ။ အဲ့တာကို ကျနော်တို့ ကော်မရှင်က အဲ့လိုပဲ သုံးသပ်တင်ပြထားပါတယ်။"

မေး။ ။ တပ်မတော်က မြေတွေ စွန့်လွှတ်တဲ့ နေရာမှာ ဘယ်လိုပုံစံတွေနဲ့ ဦးစားပေး စွန့်လွှတ်သင့်တယ်လို့ ဦးဖေသန်းမြင်လဲခင်ဗျ။

"ပထမအဆင့်က တပ်နဲ့ဘာမှမဆိုင်ဘဲ သူတို့ စီးပွားရေးလုပ်ပြီးတော့ သီးစားချ ထားတာတို့၊ ကံထရိုက်ပေးထားတာတို့ အဲ့လိုမြေမျိုးပေါ့ အဲ့တာကို ပထမဆုံး စွန့်လွှတ်ပါ။ ဒုတိယတဆင့်က တပ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ရော စီမံကိန်းဆိုတဲ့ မြေတွေနဲ့ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ မစွန့်လွှတ်နိုင်ဘူးဆိုရင် ထိုက်တန်တဲ့ လျော်ကြေးကို ပေးဖို့၊ အဲ့တာမျိုးတော့ ကျနော်တို့က သဘောထားရှိပါတယ်။"

အရင်စစ်အစိုးရ လက်ထက်က တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က ပြန်ပေး ဖို့ ပြောဆိုပြီးဖြစ်တာကြောင့် သက်ဆိုင်ရာ နယ်မြေက တိုင်းမှူး၊ တပ်မမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာမနေဘဲ အမြန်ဆုံး သက်ဆိုင်သူတွေ လက်ထဲ ပြန်ရောက်အောင် လုပ်ဆောင်ပေးဖို့လိုတယ်လို့ လယ်သမား အရေးဆောင်ရွက်သူ တစ်ဦးလည်း ဖြစ်၊ NLD ပါတီရဲ့ ဇဗ္မူသီရီ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

" တကယ်တမ်းဆိုရင် ဒီတိုင်းမှူး၊ တပ်မမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာမနေဘဲနဲ့ ဒီဟာတွေ အားလုံးကို ပြန်ပြီးတော့ အမြန်ဆုံး စွန့်လွှတ်ပေးဖို့ လိုအပ်တယ်။ ဒါပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒီအမိန့်ကို ထုတ်ထားပေမဲ့ အားလုံးက သူတို့ စွန့်လွှတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အစိတ်အပိုင်းတွေ ကတော့ ပြည်သူ လူထု လက်ထဲ မရောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ သိသလောက် တပ်မမှူး၊ တိုင်းမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာနေသေးတယ် လို့ ကြားသိရတယ်။"

စစ်တပ်က မြေတွေကို ပြန်လည် စွန့်ခွာပေးတဲ့အတွက် အဲဒီမြေတွေဟာ မူလမြေပိုင်ရှင်တွေ လက်ထဲကို အမြန်ဆုံး ပြန်ရောက်ဖို့လိုပြီးတော့ အခုလို သိမ်းဆည်းခံမြေတွေကို ပြန်လည် စွန့်လွှတ်ပေးတဲ့ အတွက် ကြိုဆိုတယ်လို့လည်း လယ်သမားအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးဝင်းချိုကပြောပါတယ်။

" အဲ့တော့ တပ်မတော်က အခုပြန်ပေးတဲ့ဟာတွေက သူတို့ တကယ်ကို စီမံကိန်း မလုပ်ဖြစ်သေးတဲ့ဟာကို သူတို့ဘာသာ သူတို့ စိစစ်တွေ့ရှိရလို့ တပ်မတော် အပေါ်မှာ အမြင်မှားမှာစိုးလို့ ပြန်ပေးတဲ့ အနေအထားပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က အဲ့တာကို ကြိုဆိုပါတယ်။"

ပြည်ထောင်စုလွှတ်တော်ရဲ့ သတ္တမအကြိမ် အစည်းအဝေးမှာတုန်းက တင်ပြခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု တွေကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁ နဲ့ အပိုင်း ၃ ပါ အကြောင်းတွေကြောင့် တပ်မတော်နဲ့ သက်ဆိုင်တဲ့ အမှု ၃၆၅ မှုမှာ ၃၅၇ မှုကိုဖြေရှင်းပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပြီး စစ်တပ်ရဲ့ လယ်ယာမြေတွေ ပြန်လည် စိစစ်စွန့်လွှတ်ခဲ့တဲ့ ပထမအကြိမ်ကတော့ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြစ်ပါတယ်။

အောင်ရဲ မောင်မောင် (VOA)

Mr. University ပြိုင်ပွဲဝင်တစ်ဦး ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား အင်းစိန်ရဲစခန်းမှ CID သို့ လွှဲပြောင်း

(ဓာတ်ပုံ – ကောင်းမြတ်ဟိန်း facebook မှ)
Mr. University ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား စစ်ဆေးရန် အင်းစိန်ရဲစခန်းမှ CID သို့ ဖေဖော်ဝါရီ ၃ ရက်တွင် လွှဲပြောင်းခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ကိုအောင်ကိုကိုက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။

Mr. University ပြိုင်ပွဲဝင် ကျောင်းသား ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းမှာ  နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေစဉ် ပြိုင်ပွဲကျင်းပရန် သုံးရက်အလို ဇန်န၀ါရီ ၂၁ ရက် ည ၁၂ နာရီခန့်က စခန်းသွင်းလေ့ကျင့်သည့် အင်းစိန်မြို့နယ်ရှိ City Hall Resort  ဟိုတယ်ရှိ အနက် ၁၀ ပေခန့် ရေကူးကန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

“အစ်ကို့ညီလေးက ရေကူးတတ်တယ်။ ရေကူးကန်ထဲမှာ ရေနစ်ပြီးသေဆုံးတာ ပုံမှန်လို့ မယူဆဘူး။ ပြီးတော့ ည ၁၂ နာရီ ဖြစ်နေတယ်။ ပြီးတော့ သူက အရက်သေစာလည်း မသောက်စားတတ်ဘူး။ ဒါကြောင့် သွေးရိုးသားရိုး မဟုတ်ဘူးလို့ ယူဆတဲ့အတွက် CID ကပါ ရင်ခွဲကတည်းက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နေပြည်တော်ကနေ ရဲစခန်းကနေတစ်ဆင့် CID ကို လွှဲခိုင်းလိုက်တယ်လို့ ပြောတယ်”ဟု ကိုအောင်ကိုကိုက ပြောကြားသည်။

ထို့ပြင် ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း၏ အသားစများ၊ ရင်တွင်းကလီစာများကိုပါ ဓာတ်ခွဲခန်းပို့ စစ်ဆေးထားပြီး တရားဝင်စစ်ဆေးချက် အဖြေမသိရသေးဘဲ CID ကလည်း ဆက်လက်စစ်ဆေးနေကြောင်း၊ မိသားစုအနေဖြင့်လည်း အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရန် ဆန္ဒရှိကြောင်း ကိုအောင်ကိုကိုက ဆက်လက်ပြောကြားသည်။

အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကမူ “ဒီအမှုကို CID ကို လွှဲပေးလိုက်ပါပြီ”ဟု ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။

ယင်းသို့  Mr. University ပြိုင်ပွဲဝင် ကျောင်းသား သေဆုံးသွားခဲ့ခြင်းကြောင့် Mr & Miss University နောက်ဆုံးအဆင့် ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။   
ကျော်ထင်(Eleven Media Group)

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ


 မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စီးနင်းခဲ့သည့်ကားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး မှန်ကွဲခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

“မနေ့က မလေးရှားစံတော်ချိန် ၁၁ နာရီ ၂ဝမှာ ဖြစ်တယ်။ သူတို့က ညစာစားပြီးတော့ ကုန်တိုက်က ဈေးဝယ်ပြီး ကားနဲ့ အထွက်မှာ နောက်ကလိုက်ပြီးတော့ ရှေ့က ကားတစ်စီးက ပိတ်တယ်။ နောက်က ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ပစ်တယ်။ ကံကောင်းချင်တော့ ကားက BMW သံထူတော့၊ အထဲကို မပေါက်ဘဲနဲ့ ကားဘော်ဒီပဲ ငါးချက် ပေါက်သွားတယ်။ရှေ့ကားက ဒေါက်တာအေးမောင်ကို ထပ်ပစ်တာ။ မှန်ကွဲတယ်။ ၉ မမ ကျည်ဆံ ငါးတောင့်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။

ပစ်ခတ်ခဲ့သူများသည် ဗမာစကားပြောတတ်သူများဖြစ်ကြပြီး ပစ်ခတ်သူများက'ပစ် ပစ်' ၊ 'ပြေး ပြေး' ဟု အော်ဟစ်ကြောင်း ဦးဇော်အေးမောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောစကားကို အခြေခံပြီးဆိုသည်။
မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့  ဖော်ထုတ်နေတယ် . . .
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သံရုံးသို့ လာရောက်သတင်းပေးပို့ချက်အရ ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သိရှိရကြောင်း ပြောကြားသည်။

“ဒီနေ့ကွာလာလမ်ပူမှာ မလေးရှားစံတော်ချိန် မွန်းတည့် ၁ နာရီခွဲမှာ ဒေါက်တာအေးမောင်တို့၊ ဦးအေးသာအောင်တို့အဖွဲ့က သံရုံးကိုဆက်သွယ်ပြီးတော့မှ သတင်းပို့ပါတယ်။ သူတို့ရဲ့သတင်းပို့ချက်အရ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှား စံတော်ချိန် ည ၁၂ နာရီလောက်မှာ သူတို့ မြို့ထဲကနေပြီးတော့ ဟိုတယ်ကို ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီး လိုက်လာပြီးတော့မှ သေနတ်နဲ့ပစ်ခတ်တယ်လို့ သတင်းပို့ပါတယ်။ သူတို့ သတင်းပို့ချက်အရတော့ ပစ်ခတ်မှုကြောင့် ကားကိုပဲ မှန်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒီတော့ မွန်းတည့် ၁ နာရီခွဲမှာ ကျွန်တော်တို့ အဲဒီသတင်းပေးချက်ကို ရရချင်းပဲ မလေးရှားနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပါတယ်။ ဆက်သွယ်ပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်”ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့်လည်း  သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

“မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့ ဖော်ထုတ်နေတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဖဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်၊  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ တို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ရခိုင်လူမှုရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (RSSR) ၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ ရက်က စတင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း  “မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ရခိုင်ပြည်နယ်နိုင်ငံရေး”ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူများအား The Daily Eleven က သီးခြားဆက်သွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း ဦးဇော်အေးမောင်ကမူ ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆိုပါသည်။

“ဒေါက်တာအေးမောင်ကတော့ ကံကောင်းလို့ဆိုပြီး ပြောတယ်။ သူ့ကိုပစ်မှတ်ထားပြီး ပစ်တာပေါ့။ သူ့ဘက်က ထားပြီးတော့ ပစ်တာ”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဝန်းကျင်၌ ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်များကိုလည်း မလေးရှားရဲက ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

“သူတို့ရဲ့ ရဲတပ်ဖွဲ့လုပ်ငန်းဆိုတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်ဘူးပေါ့။ သေချာတာတစ်ခုကတော့ သူတို့ အလေးထားပြီး ကိုင်တွယ်တယ်လို့တော့ ကျွန်တော်တို့ နားလည်ထားတယ်။ အရင်နှစ်တွေကအမှုတွေ ဖြစ်တဲ့နေရာကလည်း နဂိုက ရာဇ၀တ်ဂိုဏ်းတွေ ပေါများတဲ့နေရာမှာဖြစ်တော့ ဖော်ထုတ်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာလုပ်ငန်းရှင်တစ်ဦး ယာဉ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။
နေထွန်းနိုင်(Eleven Media Group)

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ


 မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စီးနင်းခဲ့သည့်ကားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး မှန်ကွဲခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

“မနေ့က မလေးရှားစံတော်ချိန် ၁၁ နာရီ ၂ဝမှာ ဖြစ်တယ်။ သူတို့က ညစာစားပြီးတော့ ကုန်တိုက်က ဈေးဝယ်ပြီး ကားနဲ့ အထွက်မှာ နောက်ကလိုက်ပြီးတော့ ရှေ့က ကားတစ်စီးက ပိတ်တယ်။ နောက်က ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ပစ်တယ်။ ကံကောင်းချင်တော့ ကားက BMW သံထူတော့၊ အထဲကို မပေါက်ဘဲနဲ့ ကားဘော်ဒီပဲ ငါးချက် ပေါက်သွားတယ်။ရှေ့ကားက ဒေါက်တာအေးမောင်ကို ထပ်ပစ်တာ။ မှန်ကွဲတယ်။ ၉ မမ ကျည်ဆံ ငါးတောင့်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။

ပစ်ခတ်ခဲ့သူများသည် ဗမာစကားပြောတတ်သူများဖြစ်ကြပြီး ပစ်ခတ်သူများက'ပစ် ပစ်' ၊ 'ပြေး ပြေး' ဟု အော်ဟစ်ကြောင်း ဦးဇော်အေးမောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောစကားကို အခြေခံပြီးဆိုသည်။
မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့  ဖော်ထုတ်နေတယ် . . .
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သံရုံးသို့ လာရောက်သတင်းပေးပို့ချက်အရ ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သိရှိရကြောင်း ပြောကြားသည်။

“ဒီနေ့ကွာလာလမ်ပူမှာ မလေးရှားစံတော်ချိန် မွန်းတည့် ၁ နာရီခွဲမှာ ဒေါက်တာအေးမောင်တို့၊ ဦးအေးသာအောင်တို့အဖွဲ့က သံရုံးကိုဆက်သွယ်ပြီးတော့မှ သတင်းပို့ပါတယ်။ သူတို့ရဲ့သတင်းပို့ချက်အရ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှား စံတော်ချိန် ည ၁၂ နာရီလောက်မှာ သူတို့ မြို့ထဲကနေပြီးတော့ ဟိုတယ်ကို ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီး လိုက်လာပြီးတော့မှ သေနတ်နဲ့ပစ်ခတ်တယ်လို့ သတင်းပို့ပါတယ်။ သူတို့ သတင်းပို့ချက်အရတော့ ပစ်ခတ်မှုကြောင့် ကားကိုပဲ မှန်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒီတော့ မွန်းတည့် ၁ နာရီခွဲမှာ ကျွန်တော်တို့ အဲဒီသတင်းပေးချက်ကို ရရချင်းပဲ မလေးရှားနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပါတယ်။ ဆက်သွယ်ပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်”ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့်လည်း  သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

“မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့ ဖော်ထုတ်နေတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဖဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်၊  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ တို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ရခိုင်လူမှုရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (RSSR) ၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ ရက်က စတင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း  “မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ရခိုင်ပြည်နယ်နိုင်ငံရေး”ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူများအား The Daily Eleven က သီးခြားဆက်သွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း ဦးဇော်အေးမောင်ကမူ ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆိုပါသည်။

“ဒေါက်တာအေးမောင်ကတော့ ကံကောင်းလို့ဆိုပြီး ပြောတယ်။ သူ့ကိုပစ်မှတ်ထားပြီး ပစ်တာပေါ့။ သူ့ဘက်က ထားပြီးတော့ ပစ်တာ”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဝန်းကျင်၌ ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်များကိုလည်း မလေးရှားရဲက ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

“သူတို့ရဲ့ ရဲတပ်ဖွဲ့လုပ်ငန်းဆိုတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်ဘူးပေါ့။ သေချာတာတစ်ခုကတော့ သူတို့ အလေးထားပြီး ကိုင်တွယ်တယ်လို့တော့ ကျွန်တော်တို့ နားလည်ထားတယ်။ အရင်နှစ်တွေကအမှုတွေ ဖြစ်တဲ့နေရာကလည်း နဂိုက ရာဇ၀တ်ဂိုဏ်းတွေ ပေါများတဲ့နေရာမှာဖြစ်တော့ ဖော်ထုတ်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာလုပ်ငန်းရှင်တစ်ဦး ယာဉ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။
နေထွန်းနိုင်(Eleven Media Group)

Thursday, February 6, 2014

အဗရာ မိုဗစ်ကို မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ခန့်အပ်

မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးအတွက် ဆာဘီးယား လူမျိုး နည်းပြ အဗရာ မိုဗစ် ( ရက်ဒီ) ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ တရားဝင် ခန့်အပ်ပွဲ ကျင်းပခဲ့ပါတယ်။ 


 MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဗရာ မိုဗစ်ကို အကျီ လွှဲပြောင်းပေးနေစဉ်၊ ဓာတ်ပုံ- MFF ဝက်ဆိုက်

မြန်မာ့လက်ရွေးစင် အသင်း အတွက် နည်းပြချုပ်အဖြစ် အဗရာ မိုဗစ် နဲ့ လက်ထောက် နည်းပြ ၂ ဦးတို့ကို ၁ နှစ်ခွဲ သက်တမ်း စာချုပ်ချုပ်ဆိုပြီး အခုလို တရားဝင် ခန့်အပ်လိုက်တာဖြစ်တယ်လို့ MFF ဝက်ဆိုက် က 
ဖော်ပြပါတယ်။ 



အဲဒီလို ခန့်အပ်တဲ့ အခမ်းအနားမှာ မြန်မာ့ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ့ ဘောလုံး အဆင့်မြင့်တိုးတက်စေရေးအတွက် အားလုံးနဲ့ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

" မြန်မာနိုင်ငံသား တွေဟာ ဘောလုံးကို အရမ်းချစ်ကြတဲ့ သူတွေဆိုတာ ကျွန်တော် အစကတည်းက သိပြီး သားပါ။ ဒီလို နိုင်ငံမှာ နည်းပြ တာဝန် ထမ်းဆောင်ရတဲ့ အတွက် ကျွန်တော် ၀မ်းသာမိသလို အားလုံးကို လည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဘောလုံးပွဲ တစ်ပွဲနိုင်ဖို့ လွယ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံ 
ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အပါအ၀င် ဘောလုံး လောက သားတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပြအဖွဲ့အနေနဲ့ အကောင်း ဆုံး ကြိုးစားသွားမှာပါ။ မြန်မာ့ ဘောလုံးလောက တိုးတက်ရေးအတွက် ဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျွန်တော် လည်း ကဏ္ဍတစ်ခုကနေ ပါဝင်ပတ်သတ်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်" လို့ အဗရာ မိုဗစ်က သတင်းထောက်တွေရဲ့ အမေးကို ဖြေသွားခဲ့ပါတယ်။ 

အဗရာ မိုဗစ်ဟာ အရှေ့တောင် ဘောလုံးလောကမှာ နာမည်ကြီးတဲ့ နည်းပြတဦးလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာတော့ တောင်ကိုရီးယားနိုင်ငံက ပတ်ဆောင်ဟွာရဲ့ အသင်းစီမံမှု ညံ့ဖျင်းမှုတွေနဲ့ အားကစားသမားတွေရဲ့ အချိတ်အဆက်မမိခဲ့မှုတွေကြောင့် မြန်မာဘောလုံးအသင်း ဟာ မျှော်လင့် ထား သလို အောင်မြင်မှု မရခဲ့ပါဘူး။ 

နည်းပြချုပ် ပတ်ဆောင်ဟွာကိုလည်း စာချုပ်သက်တမ်းပြည့်တာနဲ့အညီ ဆက်လက်ငှားရမ်းတာ မလုပ်တော့ပဲ ဘောလုံးအဖွဲ့ချုပ်က တာဝန်က ရပ်နားခဲ့ပါတယ်။ 



အိမ့်သံစဉ် ~

ခြံစည်းရိုးကာတာကို တားမြစ်လို့ ဖမ်းခံလိုက်ရတဲ့ ရွာသားများ ပြန်လွှတ်

 
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနားက ဝက်မှေးရွာအနောက်ဘက်ရှိ အစိုးရထံက မြေ ယာလျော်ကြေး လက်ခံမထားတဲ့ လယ်တွေကို ဗုဒ္ဓဟူးနေ့ မနေ့ က မနက် ၅ နာရီလောက်မှာ သက်ဆိုင်ရာက ရဲတပ်ဖွဲ့အင်အားသုံးပြီး ခြံစည်းရိုး ကာရံခဲ့ပါတယ်။

အဲဒီလိုကာရံတာကို သွားရောက်တားမြစ် လို့ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံရွာသား ၈ ယောက်ကို အာဏာပိုင်တွေက ညပိုင်းမှာ ပြန်လွှတ်ပေးလိုက် ပြီ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဝက်မှေးရွာသူ မသွဲ့ သွဲ့ ဝင်းက RFA ကို အခုလိုပြောပါတယ်။

“ဘာကြောင့် ပြန်လွှတ်ပေးလိုက်တာလဲဆိုတော့ ကျမတို့က ကိုယ့်မြေယာကိုယ် ကာကွယ်ရင်းရဲ့ တရားဥပဒေမဲ့ အဖမ်းခံခဲ့ရတဲ့အတွက်၊ ကျမတို့က ဥပဒေကို ဘာတစ်ခုမှ ချိုးဖောက်ခဲ့တာ မရှိတဲ့အတွက် သူတို့ဥပဒေနဲ့ မညီတဲ့အတွက် ကျမတို့ကို ပြန်လွှတ်ပေးတာ”

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာတဲ့အထဲမှာ ဝက်မှေးရွာသားတွေရဲ့ လယ်မြေဧက ထက်ဝက်နီးပါး ပါဝင်နေလို့ တားမြစ်တဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မမိစိန် ၊ မရီချို ၊ မဆယ်တင်နဲ့ ကိုမြင့်နိုင်ဝင်း အပါအဝင် ၈ ဦးကို ရဲတပ်ဖွဲ့ က တစ်ရက်တာ ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီး၊ ခြံစည်းရိုးကို ဆက်ကာခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

ကိုလိုနီလောင်းရိပ်မိနေတဲ့ မြန်မာ့ဥပဒေများ

Unity ဂျာနယ် မျက်နှာဖုံးပုံ။ Source: Journal's Website
မကွေးတိုင်းက ‘လျှို့ဝှက်ဓာတုလက်နက်စက်ရုံ’ ဆိုတဲ့ သတင်းဆောင်းပါးကို ဓာတ်ပုံနဲ့အတူ ဖော်ပြတဲ့ Unity အပတ်စဉ်ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကြာ မီက ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (Burma Official Secrets Act) ဟာ ကိုလိုနီ ခေတ် ၁၉၂၃ မှာ ပြဌာန်းတဲ့ဥပဒေဖြစ်ပါတယ်။ တားမြစ်ထားတဲ့ နေရာအနီးကိုချဉ်းကပ်မယ်၊ စူးစမ်းမယ်၊ ပုံဆွဲမယ်၊ အမှတ်အသားလုပ်မယ်၊ မှတ်စုရေးမယ်ဆိုရင် ဘယ်သူမဆို အရေးယူခံရ မယ်လို့ အက်ဥပဒေ ပုဒ်မ (၃) ကဆိုပါတယ်။

တိုင်းသူပြည်သားရဲ့ အခြေခံအခွင့်အရေးကို ကန့်သတ်ချုပ်ခြယ်တဲ့ အာဏာရှင်စရိုက်ကို ရောင်ပြန်ဟပ်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ဥပဒေအများစုဟာ အာဏာရှင်ကိုလိုနီအစိုးရနဲ့ အာဏာရှင်စစ်အစိုးရ ပြဌာန်းတဲ့ဥပဒေတွေဖြစ်လို့ နိုင်ငံသား အခွင့် အရေးကို အဓိကမထားဘဲ ငြိမ်ဝပ်ပိပြားရေးနဲ့ အာဏာစက်ခိုင်မာရေးကို ဦးစားပေးကြပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားရဲ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အာမခံပြီး အစိုးရလုပ်ပိုင်ခွင့်ကို ကန့်သတ်ပါတယ်။ ကန့်ကွက်ဆန္ဒပြခွင့်၊ စုဝေးခွင့်နဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တန်ဖိုး ထားတဲ့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။

လူ့ဆက်ဆံရေးကို ဥပဒေက စည်းကမ်းဘောင် သတ်မှတ်ပေးတာကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးလောကကို ပုံဖော်နိုင်စွမ်းရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးဟာ စီးပွားရေး အကျိုး အမြတ်ကိုသာ ရည်ရွယ်တာမို့ မြန်မာတပြည်လုံး ငြိမ်ဝပ်ပိပြားနေအောင် ဥပဒေတွေ ပြဌာန်းပါ တယ်။ လွတ်လပ်ရေးရပြီးဖွဲ့စည်းတဲ့ အရပ်သားအစိုးရကလည်း သက်တမ်း ၁၄ နှစ်မှာ ကိုလိုနီ ခေတ်ဥပဒေတွေကို ဆက်လက်ကျင့်သုံးပါတယ်။ စစ်အာဏာရှင် အနှစ် ၅၀ ကြီးစိုးတဲ့အခါမှာ ကိုလိုနီခေတ်ဥပဒေတွေကို ဆက်လက်ကျင့်သုံးတဲ့အပြင် အမိန့်ဥပဒေအမျိုးမျိုးကိုလည်း ပြဌာန်း ပါတယ်။ အနှစ်သာရကိုကြည့်ရင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးနဲ့ မြန်မာအစိုးရအုပ်ချုပ်ရေးဟာ အသွင်တူကြပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို ဖိနှိပ်ရေးယန္တရားအဖြစ် အသုံးပြုပြီး တိုင်းသူပြည် သားကို ဖိနှိပ်ချုပ်ခြယ်တဲ့စနစ်ဖြစ်ပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရ ၁၉ ရာစုနှစ်ကပြဌာန်းခဲ့တဲ့ ရာဇသတ်ကြီးနဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေဟာ မြန်မာအစိုးရအဆက်ဆက်ရဲ့ လက်သုံးတော်ဥပဒေတွေဖြစ်ပါတယ်။ ဥပဒေပါ အသုံးအနှုန်း အချို့ကို ၂၀၁၂ မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားပေမယ့် ရာဇသတ်ကြီးဟာ အစွမ်း ထက်နေတုန်းပါပဲ။ ရာဇသတ်ကြီး အခန်း ၈ မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုပျက်စေတဲ့ ပြစ်မှု တွေကို ဖော်ပြပါတယ်။ အများပြည်သူအကျိုးကို ပျက်စီးစေတယ်လို့ အာဏာပိုင်ကယူဆရင် အရေးယူနိုင်တဲ့ဥပဒေပါပဲ။ နိုင်ငံတော်အစိုးရကိုဆန့်ကျင်တဲ့ ပြစ်မှုတွေကို အခန်း (၆) မှာ ဖော်ပြ ပါတယ်။ အစိုးရဆန့်ကျင်သူကို လက်ခံရင်၊ အားပေးရင်၊ ထိမ်ချန်ရင်လည်း အရေးယူနိုင်ပါ တယ်။ အစိုးရကို အကြည်ညိုပျက်အောင် ပြောဆိုရေးသားရင်၊ အမှတ်အသားပြရင်လည်း အရေးယူနိုင်တာမို့ ဒီပုဒ်မတွေကို ဖျက်သိမ်းသင့်တယ်လို့ ယူဆကြပါတယ်။

ငြိမ်ဝပ်ပိပြားရေး ပျက်ပြားအောင်လုပ်တယ်လို့ အာဏာပိုင်ကယူဆရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်နိုင်အောင် သီးသန့်ပြဌာန်းထားတဲ့ ဥပဒေတွေလည်းရှိပါတယ်။ ၁၉၅၀ ပြည့်နှစ် ‘အရေးပေါ်စီမံမှု အက်ဥပဒေ’ နဲ့ ၁၉၇၅ မဆလခေတ်မှာပြဌာန်းတဲ့ ‘နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ’ ဟာ အလွန်ကျယ် ပြန့်တာကြောင့် နိုင်ငံသားကို အလွယ်တကူ ဖမ်းဆီးနိုင်ပါတယ်။ ဥပမာ နိုင်ငံတော် ငြိမ်ဝပ်ပိပြား ရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရတပ်နဲ့ ရဲတပ်ဖွဲ့ကိုနှောင့်ယှက်ရင် သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တသက်တကျွန်းအထိ ကျနိုင်တယ်လို့ ၁၉၅၀ အရေးပေါ်စီမံမှုဥပဒေက ဆိုပါတယ်။ ၁၉၀၈ မတရားအသင်းဥပဒေနဲ့ ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဟာ မရှိသင့်တော့ တဲ့ ပြဌာန်းချက်တွေဖြစ်တယ်လို့ နိုင်ငံခြားပညာရှင်တွေက ယူဆပါတယ်။

ဥပဒေဟာ ပြဌာန်းထားတဲ့အဆင့်မှာသာရှိရင် အကျိုးသက်ရောက်မှု မရှိပါဘူး။ လက်တွေ့ ကျင့်သုံးတဲ့အခါကျမှ သက်ဝင်လှုပ်ရှားလာတာဖြစ်ပါတယ်။ ကိုလိုနီခေတ်က လွတ်လပ်ရေး ခေတ် ၁၉၅၅ အထိ ဥပဒေပေါင်း ၇၀၀ နီးပါးရှိခဲ့ပြီး ၄၀၀ နီးပါးကို ပြင်ဆင်ကြောင်းသိရပါတယ်။ ဒီဥပဒေတွေကို Burma Code ခေါ် မြန်မာနိုင်ငံဥပဒေ ၁၃ တွဲမှာ တွေ့နိုင်ပါတယ်။ ၁၉၀၈ ခုနှစ် က ပြဌာန်းတဲ့ The Unlawful Associations Act အရ မတရားအသင်းအဖြစ် ကြေညာခံရတဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်သူကို ဗမာအစိုးရ အရေးယူလေ့ရှိပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း KIA ကချင်လွတ်လပ်ရေးတပ်နဲ့ ပတ်သက်တယ်လို့ ယူဆသူတွေကို အရေးယူအပြစ်ပေးတဲ့ နေရာမှာ ‘မတရားအသင်းဥပဒေ’ ကို သုံးနေပါတယ်။

အစိုးရလုပ်သမျှကို ပြည်သူပြည်သား သိပိုင်ခွင့်ရှိတဲ့ခေတ်မှာ ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်က ပြဌာန်းတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ၊ Burma Official Secrets Act ကို ကျင့်သုံး တာဟာ အလွန်သရုပ်ပျက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကိုလိုနီအာဏာရှင်ခေတ်က ဥပဒေတွေကို အများဆုံးကျင့်သုံးသူဟာ ဦးသိန်းစိန်အစိုးရရဲ့ပြုပြင်ရေး လက်လှမ်းမမီတဲ့ စစ်တပ် လက်အောက်ခံ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဌာနတွေဖြစ်ပါတယ်။ ကိုလိုနီအာဏာရှင်ခေတ်က ဥပဒေတွေကို ကျင့်သုံးလေလေ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးကို အယုံအကြည်နည်းလေလေ ဖြစ်လာဖို့သာ အလားအလာရှိနေပါတယ်။ 
ဦးအောင်ခင်၊, ကျော်ကျော်သိန်း(VOA)

Tuesday, February 4, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အစီရင်ခံစာပါလူတစ်သိန်းကျော်ကမပြင်ဆင်ရေးလက်မှတ်ထိုးထားတာနှင့် ပတ်သက်၍ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားမေးမြန်း -



အဲ့တာက ဘာမှအားပြိုင်မှု မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါလူတိုင်းသိတာဘဲဟာ အန်တီ့လူတွေက ဆန္ဒထုတ်ဖေါ်ပြောတယ်ဆိုတာ လူမြင်ကွင်းမှာ ရှင်းရှင်းလင်းလင်း လုပ်တာ ဘယ်သူမှ ဘာမှ မေးစရာမလိုဘူး ဟို တစ်သိန်းကျော်ကလည်း အန်တီတို့လည်း ဒီလက်မှတ်တွေမသိသေးဘုး အန်တီနားလည်သလောက်ကတော့ တစ်ယောက်ချင်း အသေးစိတ်ဘာမှလည်း မပါဘူးပေါ့နော်...
ဘယ်သူဘယ်သူဆိုတာ လက်မှတ်တွေဘဲဆိုတော့ ဒါ အန်တီအနေနဲ့ သိပ်ပြီးတော့ အလေးထားစရာ မဟုတ်ဘူးလို့ထင်တယ် ဒါအန်တီ့ရဲ့အမြင်ပေါ့ ၊ လက်ရှိဇယား မှာကြည့်လို့ရှိရင်လည်း ပြင်တဲ့ဘက်ကများတယ်နော် အဖွဲ့အစည်းတွေ အဖွဲ့အစည်းဘာတွေက ဒီတစ်သိန်းကထားလိုက် ရေရေရာရာမဟုတ်တဲ့ဟာ မဟုတ်ဘူး ပြင်ချင်တဲ့ဘက်များတယ်တိုတာ သိပ်ရှင်းတာဘဲ အဲ့တော့ပြည်သူလူထုရဲ့ဆန္ဒအတိုင်းလုပ်မှာလား၊ လွှတ်တော်က မလုပ်ဘူးလားဆိုတာ ကို ကြည့်ရမှာပေါ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ကိုမဲပေးခဲ့တဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ လုပ်သလား မလုပ်သလားဆိုတာ တစ်ယောက်ခြင်း သတ္တိရှိရှိ ရင်ဆိုင်ပြီးတော့ဖေါ်ထုတ်ရဲရမယ်။
အဲ့တာသားတို့မီဒီယာတွေရဲ့တာဝန်ဘဲ ဘာဖြစ်လို့မပြောနိုင်ရမှာလည်း ဒါဘာမှ ဖုန်းစရာ ဖိစရာ မဟုတ်ဘူး အန်တီတို့ အဖွဲ့ဝင်တွေ အားလုံးပြောရဲတယ်။

ဘယ်ဘက်ရပ်တည်လည်းဆိုတာ အားလုံးလည်းထုတ်ပြန်ပြီးပြီ လွှတ်တော်ထဲမှာ ပြင်ဖို့တစ်ခုထဲ အားလို့ရပါ့မလားမေးမြန်းရာ

အန်တီကတော့လွှတ်တော်ထဲမှာ ပြင်တာကိုကြိုက်တယ် လွှတ်တော်ထဲမှာပြင်တဲ့နည်းတစ်ခုထဲ ရှိတယ် လို့တော့ မပြောလိုဘူး သို့သော်ညားလည်း အေးအေးဆေးဆေးနဲ့ ပြည်သူလူထု ဘာမှ ရုန်းယင်းဆန်ခတ်မအဖြစ်ရအောင် တရားဥပဒေစိုးမိုးရေးဘက်ကလည်းရှင်သန်အောင် နောက်ပြီးတော့ အစကထဲက ဒီမိုကရေစီလမ်းလျေက်တယ်ဆိုထဲက မှန်ကန်တဲ့လမ်းကိုလျေက်နိုင်အောင်လို့ လွှတ်တော်တွင်းကလည်းပြင်မယ် လွှတ်တော်တွင်းကပြင်လို့ ရအောင်လို့လည်းကြိုးစားမှာဘဲ အန်တီ သမ္မတဖြစ်လာရင် တိုင်းတပါးသားတွေလွမ်းမိုးလာမယ်ဆိုပြီးတော့ ၅၉/စ လိုကိုမပြင်တာလို့ပြောတဲ့အပေါ်မှာ အန်တီရဲ့ ဖြေကြားချက်က အဲ့တာကတော့ NLD နိုင်မှာကြောက်လို့ပြောတာလို့ဘဲထင်တယ် အဲ့လိုထင်တာဘဲလေ ဒါအန်တီ အမြင်ပြောတာ

ဦးရွှေမန်းမှ အန်တီ သမ္မတဖြစ်ရင် ကြိုဆိုပါတယ်လို့ပြောတာနဲ့ပတ်သက်ပြိး အမေကတော့ ကြိုဆိုပါတယ် ပြုပြင်ပြောင်းလဲရေးဘက်နေ ပြောတာနောက်ပြီးတော့ ပါတီအချင်းချင်းပေါ့နော် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အန်တီတို့ အစထဲက ဒီဟာပြောပြီးသားပါ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ ဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်နိုင်ရမယ် ပြိုင်ဘက်မိုလို့ ရန်မဖြစ်ရဘူးဆိုတာအစထဲက အန်တီပြောနေတာပါ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး မပြင်ချင်ဘူးဆိုတဲ့လူတွေ သတ္တိရှိရှိပြောပါ ဘာဖြစ်လို့မပြင်ခြင်တာလည်း ဘယ်ဟာတွေကို မပြင်ခြင်တာလည်း အဲ့တာက ကာယကံရှင်တွေက ပြောရမှာ မီဒီယာမှာလည်းတာဝန်ရှိတယ် မပြောဘူးဆိုရင် မပြောရဲပါဘူးဆိုနာကိုထုတ်ဖေါ်လိုက် ဒီလူတွေဒီလူတွေကတော့ ပြောတာကိုမဖြေပါဘူးဆိုတာကိုထုတ်ဖေါ်လိုက် ဘာလို့မဖြေနိုင်ရမှာလည်း ကိုယ့်ယုံကြည်ချက်အရ ကိုယ်မှန်တယ်ထင်ရင် တိုင်းပြည်အတွက်
မှန်တယ်ထင်လို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောရဲရမယ် စသည်ဖြင့်ဖြေကြားခဲ့သည်။ -
ဒေါင်းမာန်ဟုန်

Unityဂျာနယ် အရေးယူခံရမှု ပြည်တွင်း မီဒီယာအဖွဲ့တွေ စိုးရိမ်

Unity Journal from their website
Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက် လေးဦးကို အာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးနေတာနဲ့ပတ်သက်လို့ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းတွေက စိုးရိမ်ပူပင်နေကြသလို ဒီဖြစ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဝေဖန်နေကြပါတယ်။ မြန်မာတာဝန်ရှိသူတွေ ဘက်ကတော့ သူတို့ကို ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

Unity သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် လေးဦးကို စနေနေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ဦးတင့်ဆန်းနဲ့ သတင်းထောက်သုံးဦးကိုတော့ ရန်ကုန်မှာရှိတဲ့ ဂျာနယ်တိုက်မှာပဲ ဖမ်းဆီးသွားတာဖြစ်ပြီး နယ်သတင်းထောက်ကိုတော့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ တရားရုံး စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်မှာ အဖမ်းခံထားရတဲ့ အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် သုံးဦးကိုတော့ ဘယ်မှာထားတယ်ဆိုတာ မိသားစုကိုယ်တိုင် မသိရသလို သူတို့ကို ဘယ်လို အကြောင်းပြချက်၊ စွဲချက်နဲ့ဖမ်းတယ်ဆိုတာလည်း မသိရပါဘူး။

ပခုက္ကူမှာ ဖမ်းခံထားရတဲ့နယ်သတင်းထောက်ကတော့ UNITY ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မကွေးတိုင်း၊ ပေါက်မြို့က စစ်လက်နက်စက်ရုံကို ဓာတုလက်နက်စက်ရုံဆိုပြီး ရေးသားဖော်ပြတာနဲ့ဆက်နွယ်ပြီး အရေးယူဖမ်းဆီးထားတာပါ။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့တော့ မြန်မာဂျာနယ်လစ်ကွန်ယက်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊
 မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂနဲ့ Pen Myanmar တို့ လေးဖွဲ့ ဆွေးနွေးပြီး မြန်မာစာနယ်ဇင်းကောင်စီကို ဒီဖြစ်ရပ်အပေါ် တုံ့ပြန်ဖို့ တောင်းဆိုထားကြပါတယ်။ မြန်မာစာနယ်ဇင်းကောင်စီကလည်း ဒါကို မနက်ဖြန်မှာ အရေးပေါ်အစည်အးဝေးခေါ်ယူထားတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က ဦးမြင့်ကျော်က ပြောပါတယ်။

“လုပ်ထုံးလုပ်နည်းက ဒါ အရင်ခေတ်က လုပ်ထုံးလုပ်နည်းပေါ့နော်။ ဖမ်းပုံဖမ်းနည်း၊ အရေးယူပုံ အရေးယူနည်း၊ အဲဒါက အဓိကကျပါတယ်။ အားလုံး အဲဒီအချက်ကို သဘောတူကြတာပေါ့နော်။”

မေး။     ။ ဟုတ်ကဲ့၊ အခုဟာက ဘာကြောင့် ဖမ်းလဲဆိုတာကိုရော သိကြပြီလား။

ဖြေ။     ။ လျှို့ဝှက်ချက် ပေါက်ကြားမှုလို့ သူတို့ကတော့ စွပ်စွဲထားတာပေါ့နော်။ ပခုက္ကူကတစ်ယောက်ကိုတော့ အဲဒီ ပုဒ်မ တပ်ထားတယ်။

မေး။     ။ ကျန်တဲ့သုံးယောက်ကိုတော့ ဘာအကြောင်းကြောင့် ဖမ်းလဲဆိုတာ သိရပြီလားခင်ဗျ။ ကိုတင့်ဆန်းအပါအဝင်ပေါ့။

ဖြေ။     ။ အဲဒီဟာလည်း ယူဆရတာကတော့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မနဲ့ ဖမ်းတယ်လို့တော့ ယူဆတယ်။ ဒါပေမယ့် သူတို့ကတော့ တရားဝင် မပြောသေးဘူး။

မေး။     ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူတို့ကလည်း ဓာတုလက်နက်စက်ရုံကိစ္စ ပြောသလိုပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိစ္စလည်း ပြောထားတဲ့ အခါကျတော့ ဘယ်ကိစ္စကြောင့်လို့ ယူဆရမလဲ။

ဖြေ။     ။ ကျနော်တို့ထင်တာတော့ ဟိုဘက်ရဲ့ ပယောဂလည်း ပါတယ်လို့ ထင်ပါတယ်။ ဦးအုန်းမြင့် အကြောင်းပြတဲ့ ပယောဂလည်း ပါတယ်လို့ ထင်ပါတယ်။ ပထမဟာကို တပတ် ဖော်ပြပြီးပြီပေါ့နော်။ ဒုတိယတပတ်မှာ သူတို့ဘက်က တုံ့ပြန်ချက်ကို ပြန်ပြီးတော့ အင်တာဗျူးလုပ်ပြီးတော့ ဖော်ပြတယ်။ ပြီးတော့မှ ဒုတိယတပတ်ထွက်တဲ့ဟာမှာ ဦးအုန်းမြင့်ဟာ ပါလာတယ်။ အဲလိုပါလာပြီးနောက်မှာ ရုတ်တရက်ကြီး အဲလို ဖမ်းတယ်၊ ဆီးတယ်ဖြစ်လာတယ်ဆိုတော့ အဲဒီ ပယောဂလည်း ပါမယ်လို့ ထင်ပါတယ်။

မေး။     ။ ဦးမြင့်ကျော်တို့က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကို တင်ပြမယ့်အထဲမှာ လုပ်ထုံးလုပ်နည်း ပုံမှန်မဟုတ်ဘူးဆိုတာက ဘယ်လို လုပ်ထုံးလုပ်နည်းကို ပြောတာလဲခင်ဗျ။

ဖြေ။     ။ စာနယ်ဇင်းကောင်စီကို အရင်ပြောသင့်တာ ဖြစ်တယ်။ စာနယ်ဇင်းကောင်စီက သတင်းသမား အားလုံးနဲ့ဆိုင်တယ်ပေါ့ဗျာ။ နိုင်ငံတော်က ဖွဲ့ထားတဲ့တရားဝင် အဖွဲ့အစည်း၊ အဲလိုပြောပြီးမှ နောက် သတင်းစာစောင်ရဲ့ တာဝန်ခံအယ်ဒီတာလို တာဝန်ခံ အယ်ဒီတာချုပ်လိုမျိုးကို ဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းကြားတာတို့၊ ခေါ်တာတို့ လုပ်သင့်တယ်။ အခုဟာကတော့ တန်းပြီးတော့ နယ်သတင်းထောက်ကို စပြီး ဖမ်းတယ်ဆိုတာ- ဒါက အရင်ခေတ်က အာဏာရှင်ခေတ်ကလိုပဲပေါ့ဗျာ။

ပခုက္ကူမှာဖမ်းဆီးခံရတဲ့ နယ်သတင်းထောက်အိမ်ကိုတော့ ဒီကနေ့မှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက ၀င်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကတော့ သူတို့အားလုံး ဥပဒေအတိုင်း စီမံဆောင်ရွက်နေတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ရေးသားဖော်ပြချက်နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းထားပါတယ်။

“သူတို့ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့အတူ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ တိုင်ချက်ဖွင့်ထားတယ်။ အဲလိုတိုင်ချက် ဖွင့်ထားပြီး ရဲက သူတို့ရဲ့ ရဲ လုပ်ထုံး လုပ်နည်းအရ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးတော့မှ တရားရုံးက ယမန်နဲ့ပေါ့နော်- ယမန်ကြီးယူပြီးတော့မှ ခေါ်ယူစစ်ဆေး မေးမြန်းနေတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အမေရိကားတို့ ဘာတို့မှာလည်းပဲ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေကို ဓာတ်ပုံရိုက်တာတို့၊ အထဲကို အယောင်ဆောင်ပြီးဝင်တာတို့ ဒါမျိုးက လုပ်ခွင့်မရှိဘူးလေ၊ ဒီသဘောပါပဲ။ နောက်ပြီးတော့ သူတို့ပြောတဲ့ ဓာတုဗေဒလက်နက်စက်ရုံဆိုတာလည်း မဟုတ်ပါဘူး။ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေထုတ်တဲ့ စက်ရုံပေါ့ဗျာ။ ဒါပေမယ့် ဒါက သူတို့အနေနဲ့ ဒီဟာမျိုးလုပ်ခြင်းက ဥပဒေကို ချိုးဖောက်ရာရောက်တာပေါ့။”

Unity ဂျာနယ်ဟာ ပေါက်မြို့က စစ်လက်နက်ပစ္စည်းစက်ရုံကို ဓာတုလက်နက် စက်ရုံဆိုပြီး နှစ်ပတ် ဆက်တိုက် ရေးသားခဲ့တာပါ။ ဒါပေမယ့် ဒုတိယပတ် ရေးသားစဉ်မှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က အညာရွာတခုမှာ ကျေးရွာသားတွေကိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတဲ့စကားလုံးတွေကြောင့် Unity ဂျာနယ် အတော်လေး စိတ်ဝင်စားမှုရခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဖမ်းဆီးမှုတွေ ဖြစ်လာတာကြောင့် ၀န်ကြီးဦးအုန်းမြင့်ကိစ္စ ရေးသားမှုနဲ့ပါ ဆက်နွယ်လေမလား ဆိုပြီး အများက စိတ်ဝင်စားကြတာပါ။ 
ကိုသားညွန့်ဦး(VOA)

ဖွဲ့စည်းပုံပြင် ကော်မတီ လွှတ်တော်ဖွဲ့ပေး


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင် အထည်ဖော်မှု ကော်မတီကို လွှတ်တော် အမတ် ၃၁ ဦး နဲ့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း လိုက်ပြီ ဖြစ်ပါ တယ်။

ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးနန္ဒ ကျော်စွာ ဥက္ကဋ္ဌ မူတဲ့ ဒီကော်မတီ က ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ထွက်ရှိလာဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစာ ကို လေ့လာ ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ဆိုင်ရာ အခန်း ၁၂ နဲ့ တခြား အရေးကြီးတဲ့ အခန်း တွေကို ဒီကော်မတီ က အလေးထား သုံးသပ် သွားရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မှု ကော်မတီမှာ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က ၂၁ ယောက် ပါဝင်ပြီး NLD ၂ ယောက် နဲ့ ကျန်ပါတီ တချို့က တယောက်စီ သာ ပါဝင်ခွင့် ရ ပါတယ်။ တချို့ ပါတီတွေ တယောက်မှ ပါဝင်ခွင့် မရကြပါဘူး။

ပြင်သင့်၊ ထားသင့် တဲ့ ပုဒ်မတွေကို ဒီကော်မတီက အဆိုပြုမှာ ဖြစ်ပြီး အဲဒီအဆိုပေါ်မှာ လွှတ်တော်က ဆွေးနွေးမှာ ဖြစ်တဲ့ အတွက် ဒီကော်မတီက အရေးကြီးတယ် လို့လည်း ယူဆကြပါတယ်။

ဒါ့ကြောင့် ဒီနေ့ လွှတ်တော်မှာ ဆွေးနွေး ကြရာမှာ အားလုံး ပါဝင်ရေးကို ချင်းတိုးတက်ရေး ပါတီက ဦးပေါ်လျံလွင်က တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဆို ရှုံးနိမ့်ခဲ့ပါတယ်။
BBC

ဧရာဝတီတိုင်းမှာ လယ်သမား ၂၆၅ ဦးကို ထောင်ထဲထည့်

ထွန်တုံးတိုက်ပွဲပြုလုပ်လို့ ဧရာဝတီတိုင်းအတွင်း ထိန်းသိမ်းထားသူ ၃ဝဝ နီးပါးကို   ပြန်လွှတ်ပေးပြီး အမှုပိတ်ပေးဖို့  လယ်သမားတွေ၊ လယ်သမားအရေး လှုပ်ရှားသူတွေက တနင်္ဂနွေ မနက်ပိုင်းက လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်
 
ဒါဟာ လယ်သမားအရေးနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း တပတ်အတွင်း နှစ်ကြိမ်မြောက်  ပြုလုပ်တဲ့ လယ်သမားဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က    ဆန္ဒပြခဲ့ကြတာကတော့  တိုင်းအစိုးရရုံးစိုက်ရာ ပုသိမ်မြို့မှာပါ။

တောင်းဆိုချက်တွေ မရမခြင်း တခြားမြို့နယ်တွေမှာ ဆန္ဒပြသွားမယ် လို့ လယ်သမား အရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက ဧရာဝတီကိုပြောပါတယ်။

“လယ်ယာမြေ မတရားသိမ်းဆည်းခံခဲ့ရတာကို  အုပ်ချုပ်ရေးအဆင့်ဆင့်ကို တိုင်ကြားခဲ့တယ်။
 အဲဒါကို နိုင်ငံတော်အစိုးရ အဖွဲ့အစည်း အသီးသီးက ဖြေရှင်းဆောင်ရွက်မှု အားနည်းတဲ့အခါမှာ ထွန်တုံးတိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။
အခုအခါမှာ လယ်သမားတွေကို ပုဒ်မတွေ အသီးသီးတပ်ပြီးတော့ ထောင်တွေချတယ်။ တရားတွေစွဲတယ်”
 


  • လတ်တလော ထောင်ကျလယ်သမားစာရင်း
မော်လမြိုင်ကျွန်း မြို့နယ် -  ၂၂၉ ဦး၊
 ကျောင်းကုန်းမြို့နယ် -  ၂၆  

ငပုတောမြို့နယ် -  ၄ ဦး
လပွတ္တာမြို့နယ် -  ၆

 စုစုပေါင်း ၂၆၅ ဦး

  • အချက်အလက် -  လယ်သမားအရေးလှုပ်ရှားတဲ့ လူမှုကွန်ရက်အဖွဲ့များ

 ၂၀၁၃ ခုနှစ် မေလက စတင်ပြီး ဧရာဝတီတိုင်းထဲက ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနဲ့ ရေကြည်မြို့နယ်တွေမှာ ထွန်တုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ထွန်တုံးတိုက်ပွဲဖြစ်ပွားတဲ့ လယ်မြေအများစုကတော့  တာဝန်ကျေစပါး မသွင်းနိုင်လို့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သိမ်းဆည်းခဲ့တဲ့မြေများနဲ့ ငွေရှင်တွေက အကြွေးနဲ့ သိမ်းယူခဲ့တဲ့ လယ်မြေတွေပါ။

လယ်ယာမြေ လက်ရှိလုပ်ကိုင်ခွင့်ရသူတွေက ထွန်တုံးတိုက်ပွဲပြုလုပ်သူတွေကို  ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တွေနဲ့ တရားစွဲဆိုခဲ့တာပါ။

 လယ်သမား ၅၀၀ ကျော် တရားစွဲခံခဲ့ရပါတယ်။
အဲဒီထဲက ၂၆၅ ဦးဟာ အလုပ်နဲ့ထောင်ဒဏ် ၂ လမှ ၆ လအထိ   ချမှတ်ခံခဲ့ရပါတယ်။

မော်လမြိုင်ကျွန်းနဲ့ လပွတ္တာမြို့နယ်က ထောင်ကျလယ်သမားတွေဟာ မြောင်းမြအကျဉ်းထောင် ရောက်နေပြီး ကျောင်းကုန်းနဲ့ ငပုတောမြို့နယ်က လယ်သမားတွေဟာ ပုသိမ် အကျဉ်းထောင် ရောက်ရကြောင်း သိရပါတယ်။

ဒါ့အပြင် လယ်သမား ၂၀၀ ကျော်ဟာလည်း သက်ဆိုင်ရာမြို့နယ်တရားရုံးတွေမှာ
၎င်းတို့ကို စွဲဆိုထားတဲ့အမှုတွေကို ဆက်လက်ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။


ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်များ

  • ထောင်ဒဏ်ချမှတ်ထားတဲ့ လယ်သမားတွေကို ပြန်လွှတ်ပေး၊
  • ပုဒ်မ ၄၄၇၊ ၄၂၇ တွေနဲ့ လယ်သမားတွေအပေါ် တရားစွဲထားတဲ့အမှုတွေ ပိတ်သိမ်းပေး၊
  • မတရားသိမ်းဆည်း ခံထားရတဲ့လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် အစိုးရက တာဝန်ယူဖြေရှင်းပေး၊
  • မြေသိမ်းထားသူတွေကို ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပယ်ပေး၊
  • အရင်းရှင်များဘက်မှ တဖတ်သတ် ဘက်လိုက်ဆောင်ရွက်ပေးနေသော အုပ်ချုပ်ရေးမှူးများကို အရေးယူပေး၊

လပွတ္တာဆန္ဒပြပွဲကို ဒေသခံ လယ်သမား ၅၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး ဒေသခံ လယ်သမားသမဂ္ဂအပါအ၀င် မြို့ခံ လူမှုကွန်ရက် အဖွဲ့အစည်းတွေကလည်း လိုအပ်တာတွေ ပူးပေါင်းပါဝင် ကူညီခဲ့ကြပါတယ်။

“ကျနော်တို့ လပွတ္တာမြို့နယ်က လူမှုအဖွဲ့အစည်းတွေဟာ လယ်သမားဒုက္ခကို ကျနော်တို့ဒုက္ခလို သဘောထားပါတယ်။ ဒါကြောင့် လယ်သမားဆန္ဒပြပွဲကို ကျနော်တို့တွေ လိုအပ်တာတွေ ပါဝင် ကူညီပေးဖြစ်တာပါ”လို့ လပွတ္တာမြို့နယ် လယ်သမားသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုတင်ထွန်းက ပြောပါတယ်။

ဆလိုင်းသန့်စင်  (ဧရာဝတီ Blog) 

Monday, February 3, 2014

ယူကရိန်း အတိုက်အခံတွေ အစိုးရနဲ့ ညှိဖို့ ရုရှား ဆို


ကိယက်ဗ်မြို့လယ်က အကာအကွယ်တွေ ဝတ်ထားတဲ့ အတိုက်အခံတစ်ဦး။
 ယူကရိန်း အတိုက်အခံတွေ အနေနဲ့ အခု တောင်းဆိုနေတဲ့ ရာဇသံတွေ၊ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ပြီး အစိုးရနဲ့ စေ့စပ် ညှိနှိုင်း အဖြေရှာရေး လမ်းကို ပြန်ရွေးဖို့ ရုရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်း အတိုက် အခံတွေရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ရဲ့ ပဋိပက္ခကို မီးထိုးပေးသလို ဖြစ်နေပြီး မော်စကို အနေနဲ့
စိတ်ရှုပ်ထွေး ရကြောင်း ရုရှား နိုင်ငံကြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကရိန်း မြို့တော် ကိယက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကတော့ သမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျ ရာထူးက ဆင်းပေးရေးကို ဆက်လက် တောင်းဆိုနေကြပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် အနောက်နိုင်ငံတွေက အရာရှိတွေ ကြားဝင် ညှိနှိုင်းပေးဖိုကိုလည်း အတိုက်အခံတွေက တောင်းဆိုလိုက်ပါတယ်။

သမ္မတ ယန်နူကိုဗစ်ခ်ျကတော့ နေထိုင်မကောင်းတဲ့အတွက် ၄ ရက်ကြာ ခွင့်ယူခဲ့အပြီး အခုတော့ ရုံးပြန်တက်နေပြီ ဖြစ်ပါတယ်။
BBC

“ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၏ ပါးရိုက်ခံချင်သူများ” ဆိုသည့် ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒပြ




“ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပါးရိုက်ခံချင် သူများ”ဆိုသည့်ပိုစတာ များကိုင်ဆောင်ထားသည့် ဒီမိုကရေစီနှင့် လူအခွင့် အရေး တက်ကြလှုပ်ရှားသူ ၁၅ဦးခန့်က ဦးဆောင်ကာ ယနေ့ ညနေ၃နာရီ တွင် ရန်ကုန် မြို့ တော်ခမ်းမရှေ့ရှိ မဟာဗန္ဓု လ ပန်းခြံထောင့် တွင်ဆန္ဒဖော် ထုတ် ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက် ကျေး ရွာတွင် ဒေသခံများနှင့် တွေ့ဆုံစဉ် မွေးမြူရေး၊ရေလုပ် ငန်းနှင့်ကျေးလတ်ဒေသဖွံ့ဖြိုး ၀န်ကြီးဌာန၊ပြည်ထောင်စု ၀န် ကြီး ဦးအုန်းမြင့် က မည်သည့် နိုင်ငံရေးသမားကိုမှဂရုစိုက် မည်မဟုတ်ဘဲ ဗိုလ်ချုပ်အုန်း မြင့်နာမည်ဖြင့် နယ်တကာ လှည်ပါးရိုက်နေသည်ဆိုသော အသုံးအနှုန်းများကို သုံးနှုန်း ပြောကြားထားမှုများကို မကျေ နပ်သည့်အတွက် ယခုကဲ့ သို့ ဆန္ဒဖော်ထုတ် ရှုံချခြင်းဖြစ် ကြောင်းသိရသည်။

““ဒီမိုကရေစီစနစ်နှင့် ဆန့် ကျင်ပြီးပြည်သူတွေ အပေါ် မှာ စော် ကား မှုပြုလုပ်တဲ့ဒီလိုဝန် ကြီးရဲ့ပြောဆိုမှုတွေ ကို ကန့် ကွက်ရှုံ့ချတဲ့ အနေနဲ့ ပြည်သူ တွေ ကိုယ်စားဆန္ဒဖော် ထုတ် တာပါ””ဟု ယင်းဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားသူ ဦးဘမြင့်က ပြော သည်။

ယင်းကဲ့သို့ဆန္ဒဖော် ထုတ်သူများက ပြည်ထောင်စု ၀န်ကြီး ၏ ပြောကြားမှုများ သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၂၉၄)(၅၀၉)နှင့် ၃၅၄တို့နှင့် အကြုံးဝင်နေသည့် အတွက် အရေးယူမှုပြုလုပ်ရန်အတွက် တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း တွေ့ရသည်။

ယင်းဆန္ဒဖော်ထုတ် ပွဲကို တရားဝင်ခွင့်ပြုမိန့်ရယူပြီးပြု လုပ်ရန်ကျောက်တံတားမြို့ နယ်ရဲ့တပ်ဖွဲ့ဝင်များက လာ ရောက်ပြောကြားတားမြစ်သော် လည်း ဆန္ဒဖော်ထုတ် သူများက ဆက်လက်ဆန္ဒဖော်ထုတ် ခဲ့ကြသည်။ နိုင်ငံတော် သမ္မတပြော ရေးဆိုခွင့်ရှိသူပြန်ကြား ရေးဝန်ကြီးဌာန၊ဒုဝန်ကြီးဦး ရဲထွဋ်က အဆိုပါပြည်ထောင်စု ၀န်ကြီး၏ပြောကြားချက် များ သည် အစိုးရအဖွဲ့ကိုကိုယ် စား ပြုပြောဆိုခြင်း မဟုတ်ကြောင်း ယင်း ၏ ကိုယ်ပိုင်ဖေ့ဘုတ် စာ မျက်နှာမှတဆင့်ရှင်းလင်းပြော ကြား ထားကြောင်း တွေ့ ရသည်။
ဒေါင်းမာန်ဟုန်
ရုပ်သံကိုဤနေရာတွင်ကြည့်ပါ=>>http://www.lwintmgmg.com/2014/02/blog-post_2500.html

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား



ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာဟာ နိုင်ငံအတွက်အရေးကြီးလို့ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ်နဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်တို့က NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောလိုက်တာပါ။

“ကျမတို့ရဲ့မူအရပေါ့နော် တခြားပါတီတွေကို တိုက်ခိုက်တာတို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာကို ဘယ်တော့မှမလုပ်ဘူး၊ နိုင်ငံရေးအလုပ်လုပ်တယ်ဆိုတာ မူအရလုပ်ရတာ ပုဂ္ဂိုလ်ရေးတွေ၊ ပါတီစွဲတွေ အဲဒါမျိုးတွေ ဆွဲထည့်လို့ရှိရင် အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်သွားမယ်၊ အဲဒါမျိုးကိုတော့ မလုပ်ကြဖို့၊ ကိုယ့်အချင်းချင်းကတော့ ညီညီညွှတ်ညွှတ်ဖြစ်ရမယ်၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ ကျမတို့ပါတီအတွက် မဟုတ်ဘူး၊ နိုင်ငံအတွက် အရေးကြီးလို့ ဒါပြုပြင်ပြောင်းလဲတာ”

လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ အရေးကြီးတဲ့ပုဒ်မတွေ မပြင်ဖို့ လူပေါင်း တစ်သိန်း ခြောက်ထောင်ကျော်က လက်မှတ်ရေးထိုး တင်ပြထားကြောင်း ပါရှိပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ သဘောထားအတိုင်း ရပ်တည်ပြဖို့ လိုအပ်ကြောင်းကိုလည်း သတင်းထောက်တွေက ဒီနေ့ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဘဲ ဒီအတိုင်းပဲ ဆက်လက်ထားရှိဖို့ မနေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မြန်မာ့အမျိုးသားရေးကွန်ရက်က ဦးဆောင်ပြီး ဟောပြောခဲ့ကြပါတယ်။ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ချိုရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်း တင်ပြထားပါတယ်။

RFA Burmese

လေကြောင်းခရီးသွားများ ကန်ဒေါ်လာ ၅၀၀ တန်ဖိုးထိ ကုန်ပစ္စည်းများ ဒဏ်ကြေးမပေးဘဲ သယ်ဆောင်နိုင်

 
 အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၀င်ရောက်လာသော ခရီးသည်များသည် အမေရိကန်ဒေါ်လာ ၅၀၀ တန်ဖိုးရှိ ၀န်စည်ပစ္စည်းများကို ဒဏ်ကြေးပေးဆောင်ရန်မလိုဘဲ တရားဝင်အခွန်ဆောင်ကာ တင်သွင်းခွင့်ပြုရန် ဇန်န၀ါရီ ၃၁ ရက်မှစ၍  တိုးမြှင့်သတ်မှတ်လိုက်ကြောင်း  အကောက်ခွန်ဦးစီးဌာနမှ   အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ထိုကုန်ပစ္စည်းများတွင် နိုင်ငံတော်မှ တင်သွင်းခွင့်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကိုမူ သယ်ယူခွင့်မရပေ။ တစ်ကိုယ်ရေသုံးအတွက် လေဆိပ်များမှ သတ်မှတ်ထားသောစာရင်းထက် ပိုလာသော ပစ္စည်းများကို ထိုစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်သည်။

တင်သွင်းခွင့်ပိတ်ပင်ထားသော ပစ္စည်းများတွင် နိုင်ငံတော်ကန့်သတ်ပစ္စည်းများအပါအ၀င် ဆက်သွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ပါဝင်မည်ဖြစ်သည်။ ယခင်က လေဆိပ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ဒေါ်လာ ၅၀ အောက် ကုန်ပစ္စည်းများကိုသာ အခွန်ဆောင်၍ တင်သွင်းခွင့်ပေးပြီး   ကျန်ပစ္စည်းများကို သယ်ဆောင်လာပါက စည်းကြပ်တန်ဖိုး၏ တစ်ဆ ဒဏ်ကြေးပေးဆောင်ရသည့်အပြင် ကျသင့်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကိုပါ ပေးဆောင်ပြီးမှ တင်သွင်းခွင့်ပြုကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

““အရင်က ဒေါ်လာ ၅၀ အောက်ပဲ အခွန်ဆောင်သွင်းလို့ရတာ။ ပိုရင် ဒဏ်ကြေးပါ ထပ်ဆောင်ရတယ်။ အခုပြောင်းလိုက်တာက တင်သွင်းတဲ့ပုံစံ ပြောင်းလိုက်တာကြောင့် အကောက်ခွန်ကလည်း လိုက်ပြောင်းလိုက်တာ””ဟု ၎င်းကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်လာ ၅၀၀ အောက် တန်ဖိုးရှိ ပစ္စည်းများ INVOICE/Voucher တင်ပြနိုင်ပါက အဆိုပါဈေးနှုန်းများအတိုင်း အခွန်စည်းကြပ် ကောက်ခံသွားမည်ဖြစ်သော်လည်း ဈေးနှုန်းလိမ်လည်လာသည်ဟု သံသယရှိ၍ စည်းကြပ်ရန်မသင့်လျှင်လည်းကောင်း၊ INVOICE/Voucher မပါခဲ့သော်လည်းကောင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ စည်းကြပ်တန်ဖိုးသတ်မှတ်၍ ကျသင့်ခွန် ကောက်ခံမည်ဖြစ်သည်။

၎င်းအခွန်ကောက်ခံသည့်ပုံစံ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့် ဒေါ်လာ ၅၀၀ ထက် ပိုသော ပစ္စည်းများသည် အကောက်ခွန် လုပ်ထုံးလုပ်နည်းအတိုင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author:  သိမ့်သိမ့်စိုး
7day Daily

ဆီးရီးယား ပဋိပက္ခတွင် သေဆုံးသူ တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ မြင့်တက်


ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၂

ပြီးခဲ့သည့် ဇန်နဝါရီလသည် ဆီးရီးယား အကျပ်အတည်း ကာလအတွင်း လူအသေအပျောက် အများဆုံး ကာလအဖြစ် မှတ်တမ်းဝင်ခဲ့ရာ ယခုဆိုလျှင် သေဆုံးသူ စုစုပေါင်း တစ်သိန်း သုံးသောင်းခြောက်ထောင် အထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခုကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်မှာ ဇန်နဝါရီလ အဆုံးပိုင်းတွင် သေဆုံးသူ ဦးရေသည် ၁၃၆,၂၂၇ ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

သေဆုံးသူများထဲတွင် ၄၇,၉၉၈ဦးမှာ လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများ ဖြစ်ကြပြီး ကလေးသူငယ် ၇၃၀၀ ဦးလည်း ပါဝင်သည်ဟု သိရသည်။

အမှန်တကယ် သေဆုံးသည့် အရေအတွက်သည် ယခုထုတ်ပြန်သည်ထက် ပိုများနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူပုန်များ၊ ဂျီဟတ်များနှင့် အစိုးရတပ်များသည် အမှန်တကယ် သေဆုံးသည့် အရေအတွက်ကို အတတ်နိုင်ဆုံး ဖုံးဖိကြသောကြောင့် ဖြစ်သည်ဟု ယင်းအဖွဲ့အစည်းက ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဖြင့် အာဆတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆီးရီးယား အာဏာပိုင်က ပြင်းထန်စွာ ဖြိုခွင်းခဲ့ရာမှ လက်နက်စွဲကိုင်သော လမ်းစဉ်ကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ပွဲများကြောင့် သေဆုံးသူ အရေအတွက် တစ်သိန်း သုံးသောင်းကျော် သွားသကဲ့သို့ နေရပ်များကို စွန့်ခွာတိမ်း ရှောင်ရသည့် ဒုက္ခသည်များလည်း အလွန် များပြားနေလျက်ရှိသည်။

သဘောထား အလယ်အလတ်ရှိသည့် သူပုန်များ၊ အစ္စလာမ္မစ် အစွန်းရောက် သူပုန်များက အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး အရပ်သားများအပေါ် အနိုင်ကျင့်မှုများလည်း ရှိသည်။

ရုရှားနှင့် အမေရိကန်တို့က ပူးတွဲ အကုန်အကျခံကာ စီစဉ်ပေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရှိပြီး ကုလသမဂ္ဂနှင့် အာရပ် အဖွဲ့ချုပ်တို့၏ သံတမန် လက်ခ်ဒါ ဘရာဟီမီကလည်း နှစ်ဖက် အင်အားစုကို တွန်းအားများ ပေးနေခဲ့သည်။

သို့သော် ယင်းဆွေးနွေးပွဲများသည် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားခဲ့ရသည်။

အာဆတ်အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်သူ လက်နက်ကိုင်များကို အစိုးရက အကြမ်းဖက်သမားများဟု ဆက်လက် ပြောဆိုနေခြင်းကို အတိုက်အခံ လက်နက်ကိုင် အင်အားစုများက လက်မခံနိုင်ကြခြင်း ဖြစ်သည်။

The Voice Weekly

ဖွဲ့စည်းပုံပြင်ရေး သတ္တိရှိကြဖို့ လွှတ်တော်အမတ်များကို ဒေါ်စုတိုက်တွန်း (ရုပ်/သံ)


ဖွဲ.စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ ပြည်သူအများစုက လိုလားနေတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လွှတ်တော် ကိုယ်စားလှယ် တယောက်ချင်း သတ္တိရှိရှိ လုပ်ရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို.ထားပါတယ်။
 DVB TV News


နိုင်ငံသားဖြစ်ခွင့် ဥပဒေကို အကောင်အထည်ဖော်ပေးရန် စစ်တွေတွင် ဆန္ဒထုတ်ဖော်

 
 Photo Caption>>>>>>>> စစ်တွေမြို့တွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေ အကောင်အထည်ဖော် စိစစ်ရန် ဇန်နဝါရီလ ၃ရက်က ဆန္ဒထုတ်ဖော်သူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တွေလူမှုကွန်ရက်)

ရန်ကုန်၊ မဇ္ဈိမ။ ။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံသားပြဿနာများကြောင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို အကောင်အထည်ဖော် စိစစ်ပေးရန်အပါအ၀င် တောင်းဆိုချက် ၆ ချက်ကို စစ်တွေ ဒေသခံ ၃၀၀၀ ကျော်က ဖေဖော်ဝါရီ ၃ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုလိုက်သည်။

ဒေသခံ ၃၀၀၀ ကျော်က ၁၉၈၂ နိုင်ငံသား ဥပဒေ ချက်ချင်းအကောင်အထည် ဖော်ပေးရေး၊ White Card ကိုင်ဆောင်သူများ မဲပေးခွင့်မပြုရေး၊ ဒေသခံပြည်သူများ လုံခြုံရေးဆောင်ရွက်ပေးရန်၊ လူမျိုးစု နှစ်ခုကို ခွဲခြားဆက်ဆံသော NGO နိုင်ငံများနှင့် အဖွဲ့အစည်းများ အလိုမရှိ အပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီလက်နက်များ အစာထိုးတပ်ဆင်ပေးရန်တို့ကို တောင်းဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည် ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ စစ်တွေလူမှုကွန်ရက်က ဦးထွန်းလှိုင်က မဇ္ဈိမကို ပြောသည်။

"၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တိတိကျကျ အကောင်အထည် မဖော်သ၍ ဒီပြဿနာတွေ ဖြစ်နေမှာပဲ။ ဒီကြားထဲ သတင်းမှားတွေ ဖြန့်ဝေတဲ့သူတွေကြောင့် ပိုဆိုးနေတဲ့အတွက် သူတို့ကိုလည်းဆန္ဒထုတ်ဖော်တာပါ” ဟု ဦးထွန်းလှိုင်ကပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းရှိ ဦးဥတ္တမ ပန်းခြံတွင် နေ့လည် တစ်နာရီက လူစုဝေးခဲ့ပြီး မြို့မလမ်းမှ ကမ်းနားလမ်း သင်္ဘောဆိပ်ကို စီတန်းလှည့်လည်ကာ ဝင်္ကပါကွင်းတွင် လူထုဟောပြောမှုများပြုလုပ်ခဲ့သည်။

"လုံခြုံရေး တာဝန်ယူတွေလည်း သူတို့လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်၊ ဒါကြောင့် ခေတ်မှီလက်နက်တွေ တပ်ဆင်ပေးဖို့ တောင်းဆိုတာပါ”ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ရခိုင်အမျိုးသမီးကွန်ရက်က ဒေါ်ညိုအေးကပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော ရဲတပ်ကြီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများကြားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုချရားတန်းကျေးရွာတွင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့နောက် မောင်တောဒေသ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အစိုးရက ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့က သွားရောက်လေ့လာက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံရုံးများသို့ ဇန်နဝါရီ ၂၈က သတင်းထုတ် ပြန်ခဲ့ရှင်းလင်းခဲ့သည်။

မောင်တော ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗြိတိန်သံရုံးက "ဗြိတိန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်တကြီးရှိနေပြီး မြန်မာအစိုးရအနေဖြင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများ ချက်ခြင်းပြုလုပ်ပါရန် ဆက်လက်တိုက်တွန်းအပ်ပါသည်" ဟု ထုတ်ပြန်ထားသည်။

အမေရိကန်သံရုံးအနေဖြင့် အစိုးရ၏ ရှင်းလင်းချက်အပေါ် အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိသေးဟု ပြောကြားထားသည်။ EU နှင့် နိုင်ငံတစ်ကာ လူ့အခွင့်ရေးကော်မရှင်တို့ အနေဖြင့် မောင်တောဒေသသို့ သွားရောက် လေ့လာခဲ့သေးသည်။

ကေဇူး
Mizzima - News in Burmese