Pages

Saturday, February 28, 2015

ရုရှားအတိုက်အခံခေါင်းဆောင် ပစ်သတ်ခံရ


ဘောရစ် နမ်ဆော့ဗ်ဟာ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ခဲ့
ရုရှားအတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘောရစ် နမ်ဆော့ဗ်ဟာ မော်စကိုမြို့မှာ ပစ်သတ်ခံလိုက်ရ ပါတယ်။

ဘောရစ် နမ်ဆော့ဗ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သမ္မတ ဘောရစ်ယဲ့ဆင် လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ နမ်ဆော့ဗ်ဟာ သောကြာညနက်ပိုင်းက မော်စကိုမြို့လယ် ကရင်မလင် နန်းတော်အနီးက ဘိုရှိုင်း ကန်မင်နီ တံတားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

သူဟာ အမျိုးသမီးတစ်ဦးနဲ့ လမ်းလျောက်နေစဉ် သေနတ်သမားကနေ သူ့ရဲ့နောက်ကျောကို လေးချက် ပစ်ခဲ့တယ်လို့ မော်စကို ပြည်ထဲရေးဌာနက အတည်ပြုပြောပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

မစ္စတာ နမ်ဆော့ဗ်ဟာ သမ္မတပူတင်ရဲ့ အဓိက အတိုက်အခံတစ်ဦးဖြစ်ပြီး စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတစ်ခု လုပ်ဖို့ ၂ ရက်အလိုမှာ အခုလို ပစ်သတ်ခံရတာလည်း ဖြစ်ပါတယ်။

မစ္စတာ နမ်ဆော့ဗ်ရဲ့ ဘလော့ ပို့စ်မှာ သူနောက်ဆုံးရေးထားတဲ့အထဲမှာလည်း ရုရှားနဲ့ ယူကရိန်းနဲ့ စစ်ပွဲကို ရပ်တန့်ချင်ရင်၊ သမ္မတ ပူတင်ရဲ့ ရန်လိုမှုတွေကို အဆုံးသတ်ချင်ရင် သူနဲ့အတူ မတ်လ ၁ ရက်နေ့ ဆန္ဒပြပွဲမှာ ချီတက်ပါလို့ ရေးခဲ့ပါတယ်။

မစ္စတာ ဘောရစ် နမ်ဆော့ဗ်ဟာ ခရိုင်းမီးယားဒေသကို ရုရှားသိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်ကန့်ကွက်တဲ့ အနည်းငယ်သော ရုရှားနိုင်ငံရေးသမားတွေထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

BBC Burmese

ထားဝယ်တွင် ပုဂ္ဂလိက ကျောင်းများဖွင့်ရန် အစပျိုး

|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂၅
လာမည့် ၂၀၁၅ - ၁၆ ပညာသင်နှစ်တွင် ထားဝယ်မြို့တွင် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်တော့မည့် ဖြစ်ကြောင်း ယင်းကျောင်းဖွင့်ရန် စီစဉ်သူများထံမှ သိရသည်။
EduPark လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနေရာ၌ ပညာဥယျာဉ်ကိုယ်ပိုင်အထက်တန်းကျောင်းကို လာ
မည့်နှစ်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
ပညာရွှေပြည်ကနက်သီရိဘော်ဒါမှ လာမည့်နှစ်တွင် ကြိုတင်စမ်းသပ် ကိုယ်ပိုင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။
“လက်ရှိဘော်ဒါဆောင်လုပ်ငန်းကို လာမည့်နှစ်မှာ ပုဂ္ဂလိကကျောင်းအသွင် လည်ပတ်သွားမယ် ”ဟု ပညာရွှေပြည် ကနက်သီရိဘော်ဒါဆောင် အုပ်ချုပ်ရေးမှူး ဆရာဦးမိုးဒီက ဆိုသည်။
အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် သတ္တမတန်းမှ ဒဿမတန်းအထိ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသင်ရိုး ပြင်  တွဲဖက်သင်ရိုးများဖြစ်သော ပန်းချီ ၊ဂီတ၊ အနုပညာနှင့် ကွန်ပျူတာ၊ ဘာသာစကားစသော ဘာသာရပ်တို့ကိုပါ သင်ကြားမည်ဟု သိရသည်။
လာမည့်ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပညာဥယျာဉ်တွင် ကျောင်းသားဗဟိုပြု သင်ကြားသည့် နည်းစနစ်ကို အသုံးပြုမည်ဖြစ်ကြောင်း ယင်းကျောင်းကို ဖွင့်လှစ်သည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (DDPC )ကုမ္ပဏီမှ Executive Director ဦးအောင်ဇော်ဟိန်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် ကဇွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်
တန်းကျောင်းတို့ကို ဖွင့်လှစ်လျက်ရှိသည်။
Dawei Watch

» ကျောက်ဆည်ကျောင်းသားသပိတ် ထောက်ခံသူ အမှုစွဲဆို

 
ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဆည် မြို့ ကျောင်းသား သပိတ် ထောက်ခံ တဲ့ ဆန္ဒပြပွဲ မှာ ပါဝင် ပူးပေါင်း ခဲ့တဲ့ မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား တွေ နဲ့ ကျောက်ဆည် က ကျောင်းသူ ကျောင်းသားတချို့ ကို ကျောက်ဆည် ရဲစခန်းမှာ ခွင့်မပြု ဘဲ ဆန္ဒပြမှု အပါအဝင် ပုဒ်မတွေနဲ့ မနေ့က စွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၄ ပွင့်ဆိုင် သဘောတူညီချက် ၉ ချက် ထဲက ကျောင်းသား တွေကို ဖမ်းဆီး အရေးယူမှု မပြုရ ဆိုတဲ့ အချက်ကို ချိုးဖောက် လိုက်တယ်လို့ ကျောင်းသား တွေ ဘက်က ပြောဆို နေကြပါတယ်။

အခုလို အမှုစွဲတာနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကို အကြောင်းမကြား သေးပေမဲ့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲကြောင်း သိရတာကို မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

တရားစွဲခံရတဲ့ အထဲမှာ ကျောင်းသား လေးယောက် နဲ့ ကျောင်းသူ တယောက် ပါဝင်ပါတယ်။ ကျောင်းသားတွေ ဖက် ကတော့ အခုလို အမှုဖွင့်ခြင်းဟာ တိုက်ရိုက်စော်ကား တယ် လို့ ယူဆကြောင်း၊ ခြောက်လည်း ကြောက်မှာ မဟုတ်တဲ့ အတွက် မတ်လ ၁ ရက်နေ့မှာ ပင်မ သပိတ်စစ်ကြောင်းဟာ လက်ပံတန်း ကနေ ရန်ကုန် ကို ချီတက်မှာ မို့ ပူးပေါင်းမယ် လို့လည်း ရှင်းပြပါတယ်။

အခုလို အစိုးရ ဖက်က ကျောင်းသားတွေ ကို ဖမ်းတာ တရားစွဲတာတွေ လုပ်ရင် ပညာရေး မူကြမ်းတင်တဲ့ အပေါ်မှာ ထိခိုက်မှု ရှိနိုင်ကြောင်း၊ အစိုးရ ဖြစ်စေလိုတဲ့ သပိတ် စစ်ကြောင်း ရပ်ရေး ဟာလည်း ဥပဒေ အတည်ပြုတဲ့ အပေါ်မှာ မူတည်ကြောင်း ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။


BBC Burmese

Friday, February 27, 2015

အလုပ်သမားသပိတ် ဘာကြောင့် ရှေ့ဆက်နေရလဲ …



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အစိုးရက ပြင်းထန်သော ဖြိုခွင်းမှုများ ပြုလုပ်သော်လည်း ရွှေပြည်သာ စက်မှုဇုန် အလုပ်သမား သပိတ်စခန်း ကို ရွှေပြည်သာ စက်မှုဇုန်ရှိ E land Myanmar အထည်ချုပ် စက်ရုံအနီးတွင် ယနေ့အထိ ဖွင့်လှစ်ထားဆဲ ဖြစ် သည်။

အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အလုပ်သမားနှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနတို့၏ တစ်ဖက်သတ် ဆန်သော ထုတ်ပြန်ချက်များနှင့် ဥပဒေလွန် လုပ်ဆောင်နေပါသည် ဟုဆိုသော စွပ်စွဲ ပြောဆိုချက်များကို ကြံ့ကြံ့ခံပြီး အလုပ်သမားသပိတ် ဆက်လက် တည်ရှိနေရခြင်း အကြောင်းတရားသည် တစ်ခုတည်းပင် ဖြစ်သည်။

အလုပ်သမားများ နေ့စဉ်ရရှိသော လုပ်အားခသည် လွန်စွာမှ နည်းပါးနေခြင်း၊ ရရှိသော လုပ်အားခနှင့် မိသားစု ရပ်တည်နိုင်ရေးသည် လွန်စွာမှ အခက်အခဲ ဖြစ်စေခြင်း၊ လုံလောက်မှု မရှိခြင်း တို့ကြောင့် တောင်းဆိုခြင်း ဖြစ်ေ ကြာင်း အလုပ်သမား စုပေါင်းသပိတ် ကော်မတီ၏ ထုတ်ပြန်ချက်သည် ယင်းအကြောင်းတရား၏ အဖြေပင် ဖြစ်သည်။…

  နိုင်ငံတကာ စံနှုန်းနှင့်အညီ မြန်မာပြည်မှ လုပ်သားများ အလုပ်မလုပ်နိုင်ခြင်းကြောင့် လုပ်ခလစာ တိုးပေးခြင်း ပြုလုပ်ပေးနိုင်မှု မရှိကြောင်း Asean Standards လိုချင်ရင် Asean Standards အတိုင်း အလုပ်လုပ်နိုင် သလား။ ဒါကိုလည်း တို့စဉ်းစားရမယ်လေ။ ကိုယ်ကတော့ ၃ ပေပဲ ခုန်နိုင်ပြီး ၅ ပေခုန်နိုင်တဲ့ သူတွေရဲ့ အမှတ်ကို ဘယ်လိုလုပ် ယူလို့ရမလဲ””ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ကမ္ဘောဒီးယား နိုင်ငံတွင် လုပ်သားတစ်ဦး၏ အခြေခံလစာမှာ အမေရိကန်ဒေါ်လာ(၉၆.၁၀) မြန်မာငွေကျပ် တစ်သိန်းဝန်းကျင် ရရှိပြီး၊ လာအိုနိုင်ငံတွင် ၇၉ ဒေါ်လာ မြန်မာငွေ ၈၀၀၀၀ ကျော်၊ ဗီယက်နမ်တွင် (၁၀၀-၁၂၈)ဒေါ်လာ မြန်မာငွေ ၁၃၀၀၀၀ ၀န်းကျင် ရရှိနေချိန်တွင် မြန်မာနိုင်ငံတွင် ၄၉.၄၅ မှ ၅၉.၃၄ဒေါ်လာ မြန်မာကျပ်ငွေ ၄၀၀၀၀မှ ၅၀၀၀၀ ၀န်းကျင်သာ ရရှိကြောင်း ၂၀၁၄ နှစ်လယ်ပိုင်း က ကောက်ယူထားသည့် အချက်အလက်များကို အခြေခံပြီး ဗီယက်နမ်နိုင်ငံထုတ် ဗီယက်တိုင်းတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

  မြန်မာနိုင်ငံတွင်သာမက ကမ္ဘောဒီးယားတွင်လည်း အထည်ချုပ် လုပ်သားများအနေဖြင့် နဂိုမူရင်း လစာထက် ၂၈ ရာခိုင်နှုန်း တိုးတောင်းမှု ၂၀၁၄ နိုဝင်ဘာ လဆန်းပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီး တိုးဩမပေးပါက လုပ်သား အားလုံးနီး ပါး လုပ်ငန်းခွင်မှ ထွက်ခွာမည်ဟု ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာ တွင် ဖော်ပြထားသည်။ အခြေခံလစာကို ၁၂၈ ဒေါ်လာသို့ တိုးမြှင့်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းမှာ တရားလွန် မြင့်တက် လာသော ငွေကြေးဖောင်းပွ မှုနှင့် ကုန်ဈေးနှု န်းကြောင့် ဖြစ်ပြီး ရက်ပိုင်းအတွင်း ပြေလည်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှု န်း မြင့်တက်မှုကို အခြေခံလူတန်းစားများ ခါးစည်း ခံနေရဆဲ ဖြစ်သည်။

အနိမ့်ဆုံး နှုန်းထားနှင့် တွက်လျှင်ပင် အခြေခံ လုပ်ခလစာ တစ်ရက်လျှင် ၁၃၅၀ ဖြင့် ရပ်တည်နေသော အလုပ်သမား တစ်ဦးအနေဖြင့် နေထိုင် စရိတ်၊၊ အထွေထွေစရိတ်၊ စားသောက်စရိတ်၊ လမ်းစရိတ်၊ ဆက်သွယ်ရေး၊ သာရေး၊ နာရေးစရိတ် စုစုပေါင်း ပျမ်းမျှ ၁၃၀၀၀၀ ခန့် ကုန်ကျသည်။

အခြေခံ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်မှုများသည်၂၀၁၂ ခုနှစ်တွင် စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာအတွက် ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း သတ်မှတ် ချက် ပေါ်ပေါက်လာခြင်း မရှိသည့်အတွက် ၂၀၁၄ ခုနှစ်တွင် ဆန္ဒထုတ်ဖော်မှုများ ပြန်လည်ပေါ်ပေါက် ကြီးထွား လာခြင်း ဖြစ်သည်။

ယင်းဆန္ဒပြမှုများကို အစိုးရ ကြိုတင် ခြိမ်းခြောက်ပြီးမှ ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ထိုဖြိုခွင်းမှုတွင် ဖမ်းဆီးခံခဲ့ရသော အလုပ်သမား ခေါင်းဆောင် (၂)ဦး ကိုမျိုးမင်းမင်းနှင့် ကိုနိုင်ဌေးလွင်တို့ လွတ်မြောက်မှသာ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း သပိတ်မှောက် လုပ်သား ဦးဝင်းဇော်ဦး မှ ပြောကြားသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ ၃ ရုံ ရှေ့တွင် ယာယီတဲများထိုး၍ ညအိမ်ခြေပြုကာ ပိတ်ဆို့ ဆန္ဒပြနေသော အစုအဖွဲ့များကိုလည်း မြို့မိမြို့ဖများနှင့် ဥပဒေ စိုးမိုးရေးအဖွဲ့များက ညှိနှိုင်း ဖြန်ဖြေခဲ့ပါသည်။ ထိုသို့ ညှိနှိုင်း ဆွေးနွေးမှုများကြောင့် စက်ရုံ ၂ ခု ရှေ့မှ ယာယီတဲများနှင့် အစုအဖွဲ့ များကို ဖယ်ရှား ရှင်းလင်းနိုင် ခဲ့သော်လည်း ကျန်စက်ရုံ ၁ ရုံ ရှေ့ရှိ အစုအဖွဲ့များမှာမူ ပြင်ပမှ ဆူပူလိုသူများနှင့် ပေါင်းမိပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက် လာပါကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ ကြိုးပမ်း စွမ်းဆောင်မှုနှင့် တာဝန်ရှိ အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ရုံမှအပ ကျန်ဆန္ဒပြ စက်ရုံအားလုံး အလုပ်ရှင်၊ အလုပ်သမားများ၏ ညှိနှိုင်း ပြေလည်မှုများ ရရှိကာ အလုပ်သမားများ အနေဖြင့် လုပ်ခလစာ တိုးမြှင့်ရရှိပြီး အလုပ်ရှင်များအနေဖြင့်လည်း စက်ရုံများ ဆက်လက် လည်ပတ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ယင်းသို့ အစိုးရက ပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း စက်ရုံတစ်ရုံတည်းသာ သပိတ်မှောက် ဆန္ဒပြနေခြင်း မဟုတ်ဘဲ သပိတ်မှောက် စက်ရုံများမှ အလုပ်သမားများ ပါဝင်ကြောင်းကို သပိတ်မှောက် လုပ်သားတစ်ဦးဖြစ်သူ ဦးကျော်ရဲအောင်က ““ကျွန်တော်တို့က အဲဒီတုန်းက သပိတ်က မပေါင်းရသေးဘူး။ ကိုယ့်စက်ရုံမှာပဲ ကိုယ့်သပိတ်နေထားစဉ်မှာ ရဲတွေက စက်ရုံ(၃)ရုံစလုံးကို တစ်ပြိုင်နက် လူခွဲပြီး ၀င်စီးထားပါတယ်။ အဲဒီမှာ ကျွန်တော် တို့က ဖောက်ထွက်ပြီးတော့ စစ်ကြောင်း တစ်ကြောင်း လုပ်လိုက်တယ်။ E. Land ကို လာတာပေါ့။ စက်ရုံ အားလုံးမှာရှိတဲ့ လူအင်အားတွေ အကုန်လုံး အလုပ်သမား အင်အားတွေ အကုန်လုံးကို တစ်နေရာတည်းမှာ ပဲစုစည်း ထားလိုက်တာ””ဟု ပြောသည်။ ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၅ နာရီတွင် စက်ရုံ(၃)ရုံရှိ လုပ်သားများ အင်အားစုစည်းရာ E. Land Myanmar စက်ရုံရှေ့တွင် ဖြိုခွင်း ခံခဲ့ရကြောင်း သိရှိရသည်။ ထိုဖြိုခွင်းမှုတွင် လုပ်သားခန့်မှန်း အရေအတွက် ၃၀၀ ဖမ်းဆီးခံခဲ့ ရကြောင်း ဦးကျော်ရဲအောင်၏ ပြောကြားချက်အရ သိရသည်။ ဖမ်းဆီး ခဲ့သော လူ ၃၀၀ အနက်မှ အမျိုးသား (၈)ဦးသာ လွတ်မြောက်သေးကြောင်း ဦးဝင်းဇော်ဦးမှ ထပ်မံ ပြောကြားသည်။Land Myanmar မှ လုပ် သား ၁၂ ဦး ဒဏ်ရာရရှိနေပြီး (၃)ဦးမှာ ဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသည်။ ထိုနည်းတူပင် Costas မှ (၃)ဦး၊ Ford giory မှ (၆)ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိနေကြောင်းနှင့် သပိတ် စခန်းတွင် တခြားသော လုပ်သားများ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့သည်။

သပိတ်ကို အကြမ်းဖက် မဖြိုခွင်းမီ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် ညှိနှိုင်းမှုများအစား တောင်းဆိုသော အလုပ် သမားများအား အပြစ်မြင်နေသော ညှိနှိုင်းရေးအဖွဲ့ တစ်ဖက်သတ်ဆန်သော စကားလုံးများနှင့် အလုပ်ရှင်၏ အရှုံးပေါ်သော ကိစ္စရပ်များကိုသာလျှင် ထပ်ဖန်တလဲလဲ ပြောဆိုနေသည့်များကိုသာလျှင် ရင်ဆိုင်ခဲ့ရသည် ဟု ဆွေးနွေးခဲ့ သူ ကိုမျိုးမင်းမင်းက အဖမ်းဆီး မခံရခင်က ပြောကြားသည်။

အလုပ်ရှင်များဘက်မှ လိုက်လျောနိုင်စွမ်း မရှိသောဝင်ငွေ၊ ထွက်ငွေမမျှတ နိုင်သော လုပ်ခပိုမိုတောင်း ဆိုမှုများ ဖြစ်ပေါ်လာပါက အလုပ်ရှင်များဘက်မှ မလိုက်လျောနိုင်သည့် အချိန်တွင် အလုပ်သမားများက မိမိလုပ်ခ ပိုမိုရရှိသော လုပ်ငန်း သို့ လွတ်လပ်စွာ ပြောင်းရွှေ့ လုပ်ကိုင်နိုင်ကြောင်း ညှိနှိုင်းမရသော လုပ်ခ တောင်းဆိုမှု များကြောင့် ဆန္ဒပြမှု ကြာမြင့်ပြီး လုပ်ငန်းရပ်စဲရပါက အလုပ်သမားများအတွက် နစ်နာကြေးပေးရန် အလုပ်ရှင် များတွင် တာဝန်မရှိဟုဆိုကာ ဥပဒေပြင်ပ ဆန္ဒဖော်ထုတ်သူများအတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်း၏ သဘောထား ထုတ်ပြန်ခဲ့သည်။

အလုပ်သမားဘက်ကလည်း စက်ရုံများသို့ တောင်းဆိုသော တောင်း ဆိုချက်များသည် နေ့စဉ်မိုးလင်းမှ မိုးချုပ် မိမိတို့ လုပ်အားခ များကို ပေးဆပ်သော်လည်း ရရှိသော ၀င်ငွေမှာ မိမိတစ်ဝမ်းတစ်ခါးကို အနိုင်နိုင် ရပ်တည် နေရခြင်းဖြစ်သည့် အတွက်ကြောင့် မိမိတို့ အလုပ်သမားများကို မှီခိုနေရသော မိသားစုအား ထောက်ပံ့နိုင်ရန် လွန်စွာမှ ခက်ခဲခြင်းကြောင့်သာ တောင်းဆိုရခြင်း ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ြ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်တွင် အထည်ချုပ် လုပ်ငန်းမှ ၁ ဒသမ ၁ ဘီလီယံ အကျိုးအမြတ် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ နိုင်ငံခြား အထည်ချုပ်လုပ်ငန်း ၁၉ ခု အပါအ၀င် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၂၀၀ ရှိပြီး လုပ်သား၂သောင်းဖြင့် ၎င်း လုပ်ငန်း များအား လည်ပတ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ သိရသည်။ အထည်ချုပ် လုပ်ငန်းတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဖောက်သည်ဖြစ်ပြီး ဈေးကွက်ဝေစု ၏ ၃၄ ရာခိုင်နှုန်းကို ရယူထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် အသင်းမှ သိရသည်။

သဇင်လှိုင်

  မြန်မာသံတော်ဆင့်သတင်းဌာန

ထားဝယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူများ နှောင့်ယှက် ခြိမ်းခြောက်ခံနေရ

ကျမတိုဘ၀များ-ရောင်းရန်မဟုတ် အစီရင်ခံစာ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်နေတဲ့ ထားဝယ်အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေကို ထားဝယ်အထူးစီးပွားရေးဇုန် ဘက်တော်သားတွေက နှောင့်ယှက်ရန်ပြုနေတယ်လို့ ထားဝယ်အမျိုးသမီး သမဂ္ဂက ပြောပါတယ်။

ထားဝယ်အမျိုး သမီးသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့လက ‘ကျမတိုဘ၀ များ-ရောင်းရန်မဟုတ်’ ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန် ခဲ့ပြီးနောက်ပိုင်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် ဒုဝန်ကြီး ဦးဘုန်းဆွေက ထားဝယ် အထူးစီးပွားရေး ဇုန် ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတခု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး တက်ကြွလှုပ်ရှား သူတွေကို ဆန့်ကျင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့ ထားဝယ်အမျိုးသမီးသမဂ္ဂ (တီဒဗလျူယူ) ရဲ့ ပြောခွင့် မယ်စုစုဆွေက ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဖော်ထုတ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း ဆန့်ကျန်သူတွေအား ဒို့ရန်သူ၊ နောက်တခုက တီဒဗလျူယူက အဖျက် သမားဆိုပြီးတော့ အဲလို ပြောတာတွေ ရှိတယ်။ အဲဒီအပြင် ကျမတို့ရဲ့ အဖွဲ့ဝင်တဦးကို  ဒီကျောက်မီးသွေးစက်ရုံ ဆိုးကျိုးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်တဲ့အတွက် နောက်ကွယ်မှာ မုဒိမ်းကျင့်ပစ်လိုက်မယ်ဆိုတဲ့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမယ့် ဒါက နောက်ကွယ်မှာ ပြောတယ်။ သူရဲ့တပည့်တယောက်က လာပြီး သတိပေးသွားတယ်။ အစ်မ သတိထားပြီးနေ၊ ညည အပြင်မထွက်နဲ့ တယောက်တည်းလည်း ဘယ်မှမသွားနဲ့၊ အစ်မကို မုဒိမ်းကျင့်ဖို့ ပြောတယ်။”

ဒါ့အပြင် ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ သကျက်တောရွာခံ အထက်တန်းကျောင်း ဆရာမကို မြို့နယ်နဲ့ တိုင်းပညာရေးမှူးတွေက ပြီးခဲ့တဲ့လအတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေးစီမံကိန်းကို မဆန့်ကျင်ဖို့၊ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ သတိပေးခဲ့တယ်လို့လည်း တီဒဗလျူယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဦးတည်ပြီး နှောင့်ယှက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တဲ့အပေါ်   ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)

ထားဝယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူများ နှောင့်ယှက် ခြိမ်းခြောက်ခံနေရ

ကျမတိုဘ၀များ-ရောင်းရန်မဟုတ် အစီရင်ခံစာ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်နေတဲ့ ထားဝယ်အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေကို ထားဝယ်အထူးစီးပွားရေးဇုန် ဘက်တော်သားတွေက နှောင့်ယှက်ရန်ပြုနေတယ်လို့ ထားဝယ်အမျိုးသမီး သမဂ္ဂက ပြောပါတယ်။

ထားဝယ်အမျိုး သမီးသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့လက ‘ကျမတိုဘ၀ များ-ရောင်းရန်မဟုတ်’ ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန် ခဲ့ပြီးနောက်ပိုင်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် ဒုဝန်ကြီး ဦးဘုန်းဆွေက ထားဝယ် အထူးစီးပွားရေး ဇုန် ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတခု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး တက်ကြွလှုပ်ရှား သူတွေကို ဆန့်ကျင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့ ထားဝယ်အမျိုးသမီးသမဂ္ဂ (တီဒဗလျူယူ) ရဲ့ ပြောခွင့် မယ်စုစုဆွေက ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဖော်ထုတ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း ဆန့်ကျန်သူတွေအား ဒို့ရန်သူ၊ နောက်တခုက တီဒဗလျူယူက အဖျက် သမားဆိုပြီးတော့ အဲလို ပြောတာတွေ ရှိတယ်။ အဲဒီအပြင် ကျမတို့ရဲ့ အဖွဲ့ဝင်တဦးကို  ဒီကျောက်မီးသွေးစက်ရုံ ဆိုးကျိုးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်တဲ့အတွက် နောက်ကွယ်မှာ မုဒိမ်းကျင့်ပစ်လိုက်မယ်ဆိုတဲ့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမယ့် ဒါက နောက်ကွယ်မှာ ပြောတယ်။ သူရဲ့တပည့်တယောက်က လာပြီး သတိပေးသွားတယ်။ အစ်မ သတိထားပြီးနေ၊ ညည အပြင်မထွက်နဲ့ တယောက်တည်းလည်း ဘယ်မှမသွားနဲ့၊ အစ်မကို မုဒိမ်းကျင့်ဖို့ ပြောတယ်။”

ဒါ့အပြင် ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ သကျက်တောရွာခံ အထက်တန်းကျောင်း ဆရာမကို မြို့နယ်နဲ့ တိုင်းပညာရေးမှူးတွေက ပြီးခဲ့တဲ့လအတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေးစီမံကိန်းကို မဆန့်ကျင်ဖို့၊ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ သတိပေးခဲ့တယ်လို့လည်း တီဒဗလျူယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဦးတည်ပြီး နှောင့်ယှက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တဲ့အပေါ်   ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)

အီရတ် ပြတိုက်က ရှေးဟောင်းရုပ်ထုကို IS ဖျက်ဆီး

 
IS အဖွဲ့ဝင်တွေက ပြတိုက်က ရှေးဟောင်းရုပ်ထုတွေကို ဖျက်ဆီးနေပုံ (Credit: Reuters)
  IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အီရတ်နိုင်ငံက ​ရှေးဟောင်း ​ရုပ်ထုနဲ့ ​အနုပညာလက်ရာတွေ ​ဖျက်ဆီးနေတဲ့ 
ဗီဒီယိုကို ​ထုတ်ဝေလိုက်ပါတယ်။

အဲဒီ ​ဗီဒီယိုမှာ ​ပြသချက်အရ ​Mosul ​မြို့က ​ပြတိုက်လို့ ​ယူဆရတဲ့နေရာက ​ရှေးဟောင်း ​ရုပ်ထုတွေကို ​ထုခွဲနေတဲ့ ​ပုံကို ​ပြသထားပါတယ်။

ပညာရှင်တွေရဲ့ ​အဆိုအရ ​အဲဒီ ​အနုပညာလက်ရာတွေဟာ ​အဖိုးမဖြတ်နိုင်တဲ့ ​လက်ရာတွေဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​အဲဒီ ​တန်ဖိုးမဖြတ်နိုင်တဲ့ ​လက်ရာတွေရဲ့ ​ကော်ပီတွေကိုသာ ​ပြသထားတာတွေရှိပြီး ​အစစ်တွေကိုတော့ ​တခြားနေရာမှာ ​ထိန်းသိမ်းထားတာမျိုး ​ရှိတယ်လို့လည်း ​ဆိုပါတယ်။

ဒီလိုဖျက်ဆီးတာဟာ ​ရိုးရာ ​ယဉ်ကျေးမှုအပေါ် ​အကြမ်းဖက်ရာ ​ရောက်တယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

ဗီဒီယိုထဲမှာ ​ပါဝင်တဲ့ ​IS ​အဖွဲ့ဝင်က ​အဲဒီရုပ်ထုတွေဟာ ​ကိုးကွယ်စရာ ​ပုဂ္ဂိုလ်တွေ ​မဟုတ်ဘူးလို့ ​ပြောထားပါတယ်။

ေ ရှေးဟောင်းအနုပညာလက်ရာတွေကို ​IS ​အဖွဲ့က ​ဖျက်ဆီးတာတွေ၊ ​တချို့ကို ​မှောင်ခို ​ဈေးကွက်ထဲ ​ရောင်းချနေတာတွေကြောင့် ​အဲဒီအပေါ်မှာလည်း ​စောင့်ကြည့်မှုတွေ ​လုပ်နေကြပါတယ်။

တချိန်တည်းမှာပဲ ​IS ​အဖွဲ့က ​တနင်္လာနေ့တုန်းကပဲ ​ခရစ်ယာန်အယောက်ပေါင်း ​၂၀၀ ​ကျော် ​ဖမ်းဆီးခဲ့တဲ့ ​ဒေသမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​နိုင်ငံတကာတပ်က ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်ခဲ့တယ်လို့ ​သိရပါတယ်။

ABC Radio Australia

နမ့်ခမ်းမြို့ဒေသခံများစုပေါင်းပြီး တရုတ်ပို့မည့် သတ္တုကျောက်တင် ကားများအား ပိတ်ပင်တားဆီး



  ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ တရုတ်နိုင်ငံ သို့ တင် ပို့မည့် သတ္တုကျောက် အပြည့်တင် ကုမ္မဏီ၏ကားတန်း ကို ဒေသခံပြည်သူ များစုပေါင်းပြီး ဝိုင်းဝန်းတားဆီးသည့်ဖြစ်ရပ်တစ်ခု ယမန် နေ့ က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သတ္တုကျောက်တင်ကားများသည် ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္မဏီမှ ကားအချို့ နှင့် ကုမ္မဏီမှ ဌားရမ်းထားသော နမ့်ခမ်းမြို့ ဒေ သခံ တစ်ချို့၏ ကားများဖြစ်ကြပြီး မြို့အနောက် တောင်ဘက်ရှိ ဟွေ့အို့ကျေးရွာ သတ္တုတူး ဖော်ရေးစခန်းမှ တူးဖော်နေသည့် သတ္တုကျောက်များ ဖြစ် ကြကြောင်း နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် ကဆိုသည်။

သတ္တုကျောက်တင်ကားတွေကို ဒေသခံ အယောက် ၃၀၀ ခန့် ကဝါးလုံးတွေ နဲ့တား လမ်းပိတ် ကြရာ ညနေ ၃: ၃၀နာရီမှ ညနေ ၅:ဝဝ နာရီ ဝန်းကျင် ခန့်အထိ ဖြစ်ကြောင်း နမ့်ခမ်းမြို့ SNDP ကျားဖြူ ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး မှာ ဒေ သခံတွေနဲ့ သတ္တုတူးဖော်ရေးတာဝန်ရှိသူတွေ နဲ့ ပြေပြေလည် လည်ဖြစ်ေ အာင် တွေ့ဆုံ ဖြေရှင်းပေးခဲ့ တယ်။ ငွေကမ္ဘာကျော် ကုမ္မဏီတာဝန်ခံ (ဗိုလ်ကြီးဟောင်း) ဦးအောင်ဝင်းကို ဒေသခံ ပြည် သူလူထုနဲ့ မညှိနှိုင်း မတိုင်ပင်ပဲနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း မလုပ်ပါနဲ့လို့လည်း ပြော လိုက် တယ်။ နောက်ပြီး ကျနော်တို့ ဒီ မြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ငွေကမ္ဘာေ ကျာ် ကုမ္မဏီ ရဲ့ သတ္တုတူးဖော်မှုကြောင့် လယ်သမားတွေ အားထားရတဲ့ နမ့်ဆီးရီးချောင်း ပျက်စီးသွား တဲ့အပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးဖို့ လည်း ပြောသွားတယ်။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

အဆိုပါ သတ္တုတင်ဖို့ကားများ ဟွေ့အို့ဘက်သို့တက်သွားကြောင်း ၂၅ ရက်နေ့ကတည်းက သျှမ်းနိုင်ငံရေးပါတီ ၂ ခုမှ တာဝန်ရှိသူများနှင့် လယ် သမားခေါင်းဆောင်များစုပေါင်းပြီး အုပ်ချုပ်ရေးရုံးသို့ သွားရောက် ပြောဆို သတင်းပေးပို့ခဲ့သည်။ မြို့ခံချင်း ထိပ်တိုက်တွေ့စရာမလိုအောင်၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာအောင်သတ္တုတင်ပို့မှုအား တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၎င်းနှင့်ပတ်သက်၍ အဆိုပါ သတ္တုတင်ယာဉ်တန်းအား တားဆီး၍ မရခဲ့ကြောင်း မြို့နယ်ရဲမှူးကြီးကဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုလည်း စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ အဲ့ကျောက်တင်ကားကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့ က ကောင်းခါး KDA ပြည်သူ့ စစ်တပ်ဖွဲ့ တွေဖြစ်နေလို့တဲ့ မြို့နယ်ရဲမှူးကြီး က အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့ ကို ဖုန်းဆက်တယ်။ ဟွေ့အို့ ကနေ သတ္တုသယ်ေ ဆာင်ပြီးအပြန် ကောင်းကတ်ကျေးရွာမှာ တား သေးတယ် တားလို့မရဘူးတဲ့။”

လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန် က “ အရင်ကတည်းက ပန်ခါးရွာမှာ သတ္တုထုတ်လုပ်မှု ကြောင့် နမ့်ဆီးရီးချောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးနေတာကိုတောင် ပြန်လည်မပြုပြင်ပေးသေးဘဲနဲ့ အခု နေပြည်ေ တာ် အစိုးရဆီက ပါမစ်တောင်းပြီး ဟွေ့အို့ ရွာမှာ ထပ်တူးမယ်ဆိုတော့ ဒါ မဖြစ်သင့်တဲ့ကိစ္စ ပဲ” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငွေကမ္ဘာကျော်သတ္တုတူးဖော်ရေးကုမ္ပဏီမှ သတ္တုတူးဖော် သယ်ဆောင်ခွင့်ပါမစ် ရရှိထားသည့်ကိစ္စကိုလည်း သျှမ်းပြည် သတ္တုတွင်းဝန်ကြီး(SNDP ကျားဖြူပါတီ ဥက္ကဌကြီး) ဦးစိုင်းအိုက်ပေါင်းမှ မသိရှိရဟုလည်း ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ငွေကမ္ဘာကျော်၊ စိန်ပဒေသာ၊ မြန်မာ့မြှားဦး၊ GSM နှင့် တရုတ်နိုင်ငံသား များက ရှယ်ရာအများစု ထည့်ဝင်ထားသော အခြားသော သတ္တုတူးဖော်ရေးကုမ္ပဏီများရှိပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ

အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး


မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာ ပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှု ဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ကိုအောင်နေမျိုးကို ဖေဖော်ဝါရီ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ မုံရွာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးနေမျိုးက ပြောပါတယ်။

“လာဆွဲတုန်းကတော့ မူးယစ်မှုလို့ ပြောတယ်ဗျ။ တကယ်တမ်း အခု ကျနော်တို့ မိသားစုနဲ့ လိုက်တဲ့အခါကျတော့ မူးယစ်မှု မဟုတ်တော့ဘူး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ တပ်ထားတယ်ပြောတယ်ဗျ။”

ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ အွန်လိုင်းပေါ်တက်လာတဲ့ အမှုဖွင့်တိုင်ကြားစာမှာတော့ ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေဟာ ဖေဖော်ဝါရီ ၀၁း၀၀ ချိန်ကနေ ၀၂း၄၅ ချိန်ထိ Aung Nay Myo facebook စာမျက်နှာမှာ စီစဉ်သူ ဦးသိန်းစိန်၊ ၀တ္ထုသန်းရွှေ၊ ဇာတ်ညွှန်းကြိုင်ကြိုင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀’ လို့ ဖော်ပြထားပါတယ်။

ဒီလို ရေးသားဖော်ပြထားတာဟာ အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီလုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က လူ့အခွင့်အရေးရှေနေ့ ဦးရောဘတ်စန်းအောင်ကတော့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က)(င) တို့နဲ့ အမှုဖွင့်တာ ပြင်းထန်လွန်းတယ်၊ စွပ်စွဲခံရသူ လွတ်လမ်း မရှိဘူးလို့ သုံးသပ်ပြောကြားပါတယ်။

“ဖြေရှင်းရတဲ့လူအတွက် မသက်သာဘူး၊ ဒီဥစ္စာက နိုင်ငံရေးပုဒ်မ၊ အီလက်ထရောနစ်ဥပဒေနဲ့ဆိုရင်တော့ ဖြေရှင်းရတဲ့နေရာမှာ အခက်အခဲ မရှိနိုင်ဘူး။ နောက်ပြီး ၅ လောကမှာတော့ ဒါကို ဒိုင်စားပုဒ်မလို့ခေါ်တယ်။ ဒိုင်စားပုဒ်မဆိုတာ တရာစွဲတဲ့သူဘက်ကပဲ အမြဲ အသားစီးရပြီး အနိုင်ရတယ်။ ကျပြီဆိုရင်တော့ အနည်းဆုံး ၇ နှစ်ပဲ။”

ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကစပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ တပ်မတော်ဘက်က ထောက်ခံသူတွေနဲ့ ကန့်ကွက်ရေးသားနေသူတွေ အပြန်အလှန် တင်ဆက်နေကြတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်သူတယောက်ကို အစိုးရက အခုလို ဖမ်းဆီး အမှုဖွင့်လိုက်တာဟာ ပထမဆုံးဖြစ်ပြီး လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ခဲ့တာတော့ ဖြစ်ပွားခဲ့ဖူးပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)

ကျန်းမာရေးကိုအထောက်အကူပြု ပေးမယ့် Microsoft Band

သူထွင် ငါထွင်နဲ့ ကျန်းမာရေး အထောက်အကုပြု လက်ပတ် (Health Band) တွေ
ထွက်ပေါ်လာပါတယ် နည်းပညာ Company ကြီးတွေကထုတ်လုပ်သလို
Company သေးလေးတွေကလည်း အရည် အသွေးကောင်းမွန်တဲ့
ကျန်းမာရေးအထောက်အကူပြု လက်ပတ်တွေကို ထုတ်လုပ်နေကြပါတယ်
ထို အထဲကမှ နည်းပညာဘိုးအေကြီး Microsoft ဟာလည်းအဆိုပါဈေးကွက်ထဲကို ခြေဆန့်ခဲ့ပါပြီ
Microsoft Band ရဲ့ အားသာချက်ဟာWindow Smart Phone တွေမှာသာမကiOS , Android တွေကိုပါ အထောက် အပံ့ပေးသွားမှာပါအဆိုပါ Microsoft band ကို Microsoft Health , Map My Fitness App တို့နဲ့ တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပြီး အဆိုပါ App ကို PlayStor မှာ Download ရယူနိုင်မှာပါ
အဆိုပါ App အနေနဲ့ Microsoft Band အကူအညီကိုယူကာ နှလုံးခုန်နှုန်း နဲ့ ကျန်းမာရေး အချက်အလက်များကိုမိမိရဲ့ ဆရာဝန်ဆီအလိုအလျောက် ပေးပို့နိုင်ဦးမှာဖြစ်ပါတယ်
ထူးခြားချက်တွေကတော့
  1. စက်ဘီးစီးနေစဉ်မှာ နှလုံးခုန်နှုန်း နဲ့ တည်နေရာကိုတိုင်းတာနိုင်မှာဖြစ်ပြီး Calorie လောင်ကျွမ်းမှုကိုလည်းတိုင်းတာဖော်ပြနိုင်မှာပါ
  2. Email နဲ့ အခြားသော Text များဝင်ရောက်လာရင် သတိပေးပြီး စာတွေကိုလည်း ဖတ်ပြနိုင်ပါသေးတယ်
  3. မိမိတနေ့တာသွားလာလှုပ်ရှားမှုတွေကို Map My fitness မှာ သိမ်းဆည်းဖော်ပြနိုင်ပါတယ်
  4. Microsoft ရဲ့ Health Vault Acc ကို အသုံးပြုကာ မိမိနှလုံးခုန်နှုန်းတွေကို သိမ်းဆည်းထားနိုင်ပါတယ်
ကဲ Microsoft ဆိုရင်းနှီးပြီးသားဖြစ်ပြီး နည်းပညာပိုင်းရော ပစ္စည်းပိုင်းမှာပါစိတ်ချရတယ်ဆိုတာ
ပြောဖို့တောင်လိုမယ် မထင်ပါဘူး စောင့်ကြည့်ကြစို့ဗျာ
Refer – Microsoft
Aung Khaing (MMAS)
http://www.myanmarmobileapp.com/

Thursday, February 26, 2015

Googleရဲ့ gmail ကို မြန်မာဘာသာနဲ့ လုပ်ပေးပြီ

 
Google ​ကုမ္ပဏီက ​gmail ​ကို ​မြန်မာဘာသာနဲ့ ​အသုံးပြုနိုင်ပြီလို့ ​ကြေညာလိုက်ပြီး ​ဒါဟာ ​google ​ရဲ့ ​၇၄ ​ခုမြောက် ​ဘာသာစကား ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​gmail ​အကောင့်နာမည်တွေကို ​အင်္ဂလိပ်ဘာသာနဲ့သာ ​အသုံးပြုရသလို ​goggle ​နဲ့ ​မြန်မာဘာသာကို ​အင်္ဂလိပ်ဘာသာပြန်လို့ ​မရခဲ့ပါဘူး။

အခုအခါမှာတော့ ​မြန်မာဘာသာနဲ့ ​အလွယ်တကူ ​အီးမေးလ်အကောင့်တွေ ​ဖွင့်နိုင်သလို၊ ​မြန်မာဘာသာကိုလည်း ​အင်္ဂလိပ်လို ​ပြန်နိုင်ပြီ ​ဖြစ်ပါတယ်။

အဲဒီ ​ဝန်ဆောင်မှုကို ​ဒီကနေ့ ​စမ်းသပ်ကြည့်ရာမှာတော့ ​ဘာသာပြန်တာက ​မှန်ကန်မှု ​မရှိလှတာကို ​တွေ့ခဲ့ရပါတယ်။

တခါတရံမှာတော့ ​ဆိုလိုရင်းကို ​ပြောပြနိုင်လောက်တဲ့အထိ ​ဘာသာ ​ပြန်နိုင်တာကို ​တွေ့ခဲ့ရပါတယ်။

Google ​ကတော့ ​ဘာသာပြန်တဲ့အခါမှာ ​အမှန်ကန်ဆုံးဖြစ်အောင် ​ပြည်တွင်း၊ ​ပြည်ပက ​မြန်မာစကားပြောသူတွေနဲ့ ​လုပ်ဆောင်ထားတယ်လို့ ​ဆိုပါတယ်။

လူဦးရေ ​၅၃ ​သန်းရှိတဲ့ ​မြန်မာနိုင်ငံမှာ ​၂၀၁၁ ​ခုနှစ်တုန်းက ​လူဦးရေ ​တစ်ရာခိုင်နှုန်း ​ဒါမှမဟုတ် ​အယောက်ပေါင်း ​ငါးသိန်း ​လောက်ကသာ ​အင်တာနက်ကို ​အသုံးပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာ ​အင်တာနက် ​အသုံးပြုသူတွေ ​၂.၆ ​သန်းရှိလာပြီး ​လက်ကိုင်ဖုန်းကနေတဆင့် ​အသုံးပြုတာတွေ ​များလာတယ်လို့လည်း ​ဆိုပါတယ်။

အင်တာနက် ​အသုံးပြုသူ ​တဖြေးဖြေး ​များလာတဲ့ ​မြန်မာတွေအတွက် ​အထောက်အကူတွေ ​ဖြစ်အောင် ​အခုလို ​လုပ်ဆောင်တာလို့ ​Google ​ကုမ္ပဏီက ​ပြောပါတယ်။

၂၀၁၃ ​ခုနှစ် ​ဧပြီလတုန်းကစပြီးတော့လည်း ​မြန်မာ ​ဘာသာနဲ့ ​Google ​search ​မှာ ​မြန်မာလို ​ရှာဖွေမှု ​လုပ်လို့ ​ရခဲ့ပါတယ်။

ABC Radio Australia

ပဲရစ်စ် မြို့ပေါ် drone ပျံသန်းခဲ့လို့ သတင်းထောက် ၃ ဦး ဖမ်းခံရ


ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့ပေါ်ကို ​မောင်းသူမဲ့ ​drone ​လေယာဉ်ပျံ ​ငယ်လေးတွေ ​စေလွတ်မှုနဲ့ ​ပတ်သက်ပြီး ​သတင်းသမား ​၃ ​ယောက် ​ဖမ်းဆီးခံနေရပါတယ်။

အဲဒီ ​သတင်းသမားတွေဟာ ​Al ​Jazeera ​သတင်းသမားတွေ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

တစ်ယောက်ကတော့ ​drone ​ကို ​ထိန်းချုပ်မှုနဲ့ ​ဖမ်းဆီးခံရပြီး ​ဒုတိယတစ်ယောက်ကတော့ ​ဗီဒီယို ​ရိုက်ကူးမှုနဲ့ ​နောက်တစ်ယောက်ကတော့ ​စောင့်ကြည့်မှု ​လုပ်ခဲ့တဲ့အတွက် ​ဖမ်းဆီးခံရတာပါ။

ပဲရစ်စ် ​မြို့ပေါ်မှာ ​လွန်ခဲ့တဲ့ ​ရက်တွေအတွင်း ​drone ​တွေကို ​တွေ့နေရပြီး ​တချို့ ​drone ​တွေက ​နျူကလီးယား ​စွမ်းအင်စက်ရုံ၊ ​အမေရိကန် ​သံရုံးနဲ့ ​Eiffel ​တာဝါမျှော်စင်လို ​အထင်ကရ ​နေရာတွေအပေါ် ​ပျံသန်းတဲ့အတွက် ​ပြင်သစ် ​အစိုးရက ​စုံစမ်းနေတာ ​ဖြစ်ပါတယ်။

ပဲရစ်စ်မြို့မှာ ​drone ​တွေကို ​ပျံသန်းခွင့် ​မပေးထားသလို ​အခုလို ​အကြမ်းဖက်မှု ​အန္တရာယ် ​စိုးရိမ်ရတဲ့ ​အချိန်မှာ ​drone ​တွေကို ​တွေ့ရှိတာကြောင့် ​အထူး ​စိုးရိမ်နေကြတာ ​ဖြစ်ပါတယ်။

အဲဒီ ​သတင်းသမားတွေဟာ ​အသက် ​၃၄၊ ​၅၂ ​နဲ့ ​၆၈ ​နှစ် ​ရှိတယ်လို့သာ ​သိရပြီး ​ဘာနိုင်ငံသားတွေ ​ဖြစ်ကြသလဲ ​ဆိုတာကို ​မပြောပြသလို ​အဲဒီ ​သတင်းသမားတွေရဲ့ ​နာမည်ကိုလည်း ​ဖော်ပြခြင်း ​မရှိသေးပါဘူး။

ABC Radio Australia

အိုဘားမားသည် ISIS နှင့် ဟားမတ်စ် “လူ” ဖြစ်ကြောင်း နာမည်ကျော် အီဂျစ်အဆိုတော်က စွပ်စွဲ


နာမည်ကျော် အီဂျစ်အဆိုတော် ရှာဘန်အက်ဘ်ဒယ်ရာဟင်မ်က ၎င်း၏ တေးသီချင်းအသစ်တပုဒ်တွင် အမေရိကန် သမ္မတအိုဘားမားက အိုင်စစ်အကြမ်းဖက်အဖွဲ့နှင့် ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ ဟားမက်စ်တို့ကို ပံ့ပိုးပေးနေကြောင်း သီကုံးစွပ်စွဲလိုက်သည်။ အာရဘီဘာသာဖြင့် သီဆိုသည့် အဆိုပါတေးသီချင်းတွင် ရာဟင်မ်က အိုဘားမားသည် ဆွန်နီ အကြမ်းဖက်အဖွဲ့များဖြစ်သော ဟားမတ်စ် နှင့် အိုင်စစ်အဖွဲ့တို့၏ “လူ” ဖြစ်သည်ဟု ပြတ်ပြတ်သားသား စွပ်စွဲထားသည်။

“အိုဘားမားရေ ခင်ဗျားဆီက ကျုပ်တို့ ဘာမှမလိုချင်ဘူး။ အခု ခင်ဗျားဟာ အိုင်စစ်နဲ့ ဟားမတ်စ်လူဆိုတာ အီဂျစ်ပြည်သူတွေ အားလုံးသိသွားပြီ။ ခင်ဗျား ကိုင်ရိုမှာပြောသွားတဲ့ “ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ”ကို ကျုပ်တို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားဟာ လှည့်စားနေတယ်ဆိုတာ ကျုပ်တို့သိသွားပြီ။ အမှန် တကယ်တော့ ခင်ဗျားဟာ ကျုပ်တို့ကို သွေးခွဲချင်နေတာပဲ၊ ခင်ဗျားရဲ့လှည့်ကွက်တွေ ပေါ်သွားပြီ၊ ခင်ဗျားရဲ့အဟာမိတ် တူရကီနဲ့ ကာတာ တို့ဆီသွားလိုက်ပါ။ ဆော်ဒီ၊ ကူဝိတ်နဲ့ ယူအေအီးကို ဘုရားသခင်ကောင်းချီး ပေးပါစေ၊ သူတို့ဟာ အခက်အခဲကြုံချိန်မှာ အီဂျစ်ဘက်က ရပ်တည်ပေးခဲ့တယ်” ဟု သီကုံးထားသည်။

မကြာမီက လစ်ဗျားနိုင်ငံတွင် အီဂျစ်လူမျိုး ကော့ပ်တစ်ခရစ်ယာန် ၂၁ ဦးကို အိုင်စစ်အဖွဲ့က ခေါင်းဖြတ်ကွပ်မျက်လိုက်ပြီးနောက်ပိုင်း အီဂျစ်က လက်တုံ့ပြန်သည့်အနေနှင့် ဗုံးကြဲတိုက်ခိုက်သည်ကို အိုဘား မားအစိုးရ က ဝေဖန်ခဲ့သည်။ အီဂျစ်ပြည်သူများက မွတ်စလင်ညီနောင်ခေါင်းဆောင် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ဖြုတ်ချခဲ့သည့် ၂၀၁၃ ဇူလိုင်လနောက်ပိုင်းမှစ၍ အိုဘားမားအစိုးရနှင့် အီဂျစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာနေသည်။

အိုင်စစ်ချေမှုန်းရေးနှင့် အရှေ့ အလယ်ပိုင်းအရေးကိစ္စများ ဖြေရှင်းရေးအတွက် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်း ရေး အီဂျစ်၊ ဆော်ဒီနှင့် ယူအေအီးနိုင်ငံများအကြား ၂၀၁၄ နိုဝင်ဘာလအတွင်း က ဆွေးနွေးခဲ့ကြကြောင်း အေပီက သတင်းဖော်ပြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အိုင်စစ်ကဲ့သို့သော အကြမ်း ဖက်အဖွဲ့တို့၏အန္တရာယ်နှင့် ရင်ဆိုင်နေရရာ အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းက လက်ရှိ အီဂျစ်သမ်္မတ အယ်လ်စီစီ က ပြောသည်။

အဆိုတော်ရာဟင်မ်သည် “အစ္စရေး ကိုမုန်းတယ်”သီချင်းကြောင့် အစ္စရေးနိုင်ငံနှင့် ဂျူး လူမျိုးမုန်းတီးရေးလှုံ့ဆော်သူအဖြစ် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

Ref ;Breitbert
စောင့်ကြည့်သတင်း

ပညာရေးဥပဒေ ကြားနား ပွဲ ပြန်ညှိနှိုင်းဖို့ ကျောင်းသားနဲ့ NNER မေတ္တာရပ်

NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင် ကို တွေ့ရစဉ်။ Photo: Aung Ko Ko/RFA
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း လွှတ်တော်မှာ ကြားနာပွဲပြုလုပ်မယ့်အစီအစဉ်ကို အမျိုးသားလွှတ်တော် ဥက္ကဌအနေနဲ့ လေးပွင့်ဆိုင် ကိုယ်စားလှယ်တွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်က မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံ လိုက်ပါတယ်။

ကြားနာပွဲရက်ကာလ ကြာမြင့်နေမယ်ဆိုရင် လွှတ်တော်ကြောင့် ပြဿနာတွေ ပိုမိုကြီးထွားလာတယ်လို့ အပြစ်တင်ဖွယ်ဖြစ်လာနိုင်တဲ့အတွက် အခုလို မေတ္တာ ရပ်ခံတာဖြစ်ကြောင်း NNER ပညာရေး ကွန်ရက် ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ပြောပါ တယ်။

"၄၂ မျက်နှာရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ သုံးသပ် ချက်ဆိုပြီးတော့ ထုတ်တဲ့စာက အတော်လေးဆိုး တယ်ဗျာ၊ လေးပွင့်ဆိုင်သဘောတူလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကြမ်းကို ပေးသယောင်လုပ်ထား တယ် ၊ ကျောင်းတွေကိစ္စမှာလည်း ဆရာတော်တွေကို နားလည်မှုလွဲအောင်လုပ်ပြီးတော့ တိုက်ခိုက် တာတွေရှိလာတယ်လေ၊ ဆိုတော့ အဲ့အချိန်မှာ လွှတ်တော်ဘက်ကနေ အရင်တုန်းက လုပ်လေ့ လုပ်ထမရှိတဲ့နည်းတွေနဲ့ ရက်ကိုကြာအောင်လုပ်လာတော့ ဒါဟာတကယ့်ကို သွေးရိုးသားရိုးကော ဟုတ်ရဲ့လားလို့ သံသယဖြစ်လာတာပေါ့ဗျာ၊ အဲ့ဒီသံသယကိုဖြေရှင်းဖို့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ လေးပွင့်ဆိုင်တွေ့ပြီးတော့ ပြန်လည်ညှိနှိုင်းကြဖို့ဆိုပြီးတော့ ကျနော်တို့ မနေ့ကပဲတိုင်ပင် ပြီးတော့ အဲ့ဒီစာလေးကို ထုတ်ပြန်လိုက်တာပါ"

သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်ဝင်လာရင် အရေးယူမယ်လို့ အစိုးရက ကြေညာထားချိန်မှာ၊ ကျောင်း သားတွေကလည်း တောင်းဆိုချက်မရမချင်း သပိတ်လှန်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ တပြိုင်တည်းမှာပဲ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းတွေကလည်း တန်ပြန်သပိတ်လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့အတွက် အကြပ် အတည်းကာလတစ်ခုအတွင်း ကျရောက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို လိုက်လျောမယ်လို့ အစိုးရဘက်က ကတိပြုထားတဲ့အတိုင်း ၊ပြီးတော့ အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နဲ့ NNER ပညာရေးကွန်ရက်ဆိုတဲ့ လေးပွင့်ဆိုင်ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲရလာဒ်ကို ဆုံးခန်းတိုင်တဲ့အထိ ပူးပေါင်း အကောင်အထည်ဖော်မယ်လို့ သဘောတူထားတဲ့ အတိုင်း၊ ပညာရေး ဥပဒေပြင်ဆင်ရေးအဆင့်တိုင်းမှာ လေးပွင့် ဆိုင် ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့လည်း မေတ္တာရပ်ခံချက်မှာဖော်ပြထားပါတယ်။

RFA Burmese

တရုတ်သံရုံး ဆန္ဒပြသူတွေ ထပ်မံထောင်ချခံရ

တရုတ်သံရုံးရှေ့ဆန္ဒပြခဲ့သူ ၅ ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့ က ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win,Aung Ko Ko/ RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင် သူ ဒေါ်ခင်ဝင်း အသတ်ခံရတဲ့ဖြစ်ရပ်အတွက် တရုတ် သံရုံးရှေ့ချီတက်ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း ဦးဘမြင့်နဲ့ ဒေါ်စမ်းစမ်းဝင်း (ခေါ်) ဒေါ်လေးလေး တို့ကို ခွင့်ပြုချက်မဲ့ စီတန်းလှည့် လည်မှု ပုဒ်မ (၁၈) နဲ့ မနေ့က ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ပါတယ်။

ဦးဘမြင့်ဟာ ဇန်နဝါရီလ ၁ ရက်နေ့က ဆူးလေဘုရား ကနေ တရုတ်သံရုံးထိ ချီတက်တဲ့အခါ၊ ဖြတ်သန်းရာ လမ်းတစ်လျောက်၊ မြို့နယ် ၆ ခု ရဲ့ ရဲတပ်ဖွဲ့တွေက တရားစွဲပြီး၊ ဒီနေ့မှာ လသာမြို့နယ်က ထောင်ဒဏ်ချမှတ် လိုက်တာလို့ သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုဌေးအောင်က RFA ကို ပြောပါတယ်။

"နှစ်ယောက်ခင်ဗျ၊ ဦးဘမြင့်က လက်ပံတောင်းဒေသမှာ ဒေါ်ခင်ဝင်းကို လုံထိန်းတွေက ပစ်သတ်ခဲ့တဲ့ကိစ္စကို မကျေနပ်တဲ့အတွက် တရုတ်သံရုံး အရှေ့ကိုသွားပြီး ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ကျနော်တို့မကျေနပ်ဘူး၊ ဝမ်ပေါင်ကုမ္ပဏီ ဒီကထွက်သွားပါ၊ အဲ့ဒါကို သွားပြောတာပေါ့နော်၊ မြို့နယ် ၆ မြို့နယ်က ဦးဘမြင့်ကို ပုဒ်မ ၁၈ နဲ့  တရားစွဲထားတယ်၊ ဒီနေ့ လသာမြို့နယ်က ပထမဆုံးအမိန့်ချတာပေါ့နော်၊ ဒီနေ့ချက်ချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်တယ်ခင်ဗျ၊ မလေးလေးက တရုတ်သံရုံးမှာ ၂၉ ရက်နေ့က ကျနော်တို့၊ နော်အုန်းလှတို့၊ ကိုနော်မျိုးဇင် တို့နဲ့အတူပေါ့နော် ဆန္ဒပြတယ်၊ လသာမြို့နယ်ကိုဖြတ်လာလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ တစ်လအချခံရတယ်၊ တစ်ခုထူးခြားမှုရှိတာက ပုဒ်မ ၁၈ ရဲ့ သဘောသဘာဝက ပြဌာန်းဥပဒေမှာ ငွေဒဏ်ကိုသော်၎င်း၊ ထောင် ဒဏ်ကိုသော်၎င်းပါတယ်၊ ဒီတရားရုံးကအမိန့်ချတဲ့အခါမှာ ထူးခြားမှုတစ်ခုက အဲဒီ့ငွေဒဏ်အကြောင်း မပါလာဘူးဗျ၊ ယနေ့တရားစီရင်ရေးမဏ္ဍိုင်ကြီးက ယိမ်းယိုင်နေတယ်၊ ဦးဘမြင့်တို့ ဒေါ်လေးလေးတို့ကို အပြစ်ရှိပါတယ်ဆိုပြီး အမိန့်ချလိုက်တာကလည်း တစ်ဖက်သတ်အဖွဲ့အစည်းတစ်ခုရဲ့ ဖိအားကြောင့်လို့ ကျနော်တို့မြင်ပါတယ်"

ဒါ့အပြင် ဦးဘမြင့်ဟာ ထိုင်းနိုင်ငံ ကော့တောင်းကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားတဲ့ မြန်မာ လူငယ်နှစ်ယောက်ကိစ္စကို တရားသဖြင့်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကိုဆန္ဒပြခဲ့လို့ တရားစွဲခံထားရတဲ့အမှုအတွက် ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးကို  ထွက်လာရမယ်လို့သိရပါတယ်။

ဦးဘမြင့်ဟာ ၁၉၉၀ လွန်နှစ်တွေက အလုံမြို့နယ် NLD ဥက္ကဌအနေနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရသလို၊ ၂၀၀၀ ပြည့်လွန်ကာလတွေမှာလဲ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရဖူးပါတယ်။  ပြန်လွတ်လာပြီးနောက်ပိုင်းမှာလဲ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်တို့နဲ့အတူ မိချောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်အပါအဝင် အလုပ်သမား၊ လယ်သမားအရေးတွေကို ဒီမိုကရေစီအင်အားစုဆိုတဲ့အမည်နဲ့ တောက်လျှောက်ဆောင်ရွက်နေသူဖြစ်ပါတယ်။

အခုချိန်မှာ ဦးဘမြင့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၁၈ မှုလောက်ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese

ကိုးကန့်ခေါင်းဆောင် ဦးပယ်စောက်ချိန်နေအိမ်ဝင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်ရဲ့ နေအိမ်ဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကိုးကန့်လုံခြုံရေးအဖွဲ့ဝင် ၁ ဦး သေဆုံးကာ  ၄ ဦး ဒဏ်ရာရ သွားတယ်လို့  အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက် ၆ နာရီခွဲလောက်က ကိုးကန့်တိမ်းရှောင်တပ်တွေက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာဘက်ကနေ  လောက်ကိုင်မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ မှာ ဦးပယ်စောင်ချိန် နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်တိမ်းရှောင်အဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းကတော့ အစိုးရတပ်ဟာ တိမ်းရှောင်နေတဲ့ရွာသားတွေကို နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ လောက်ကိုင်မြို့ပေါ်  အတင်းအကျပ်ရွှေ့ပြောင်းနေထိုင်စေတာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ရတာလို့ပြောပါတယ်။

“အဲဒီအိမ်ထဲမှာ ပယ်စောက်ချိန်လည်း မရှိဘူး။  သူ့သားလည်း မရှိဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အစိုးရတပ်ဖွဲ့ဝင်နဲ့ ပယ်စောက်ချိန်သားက နေလို့ရပြီ ဆိုပြီး ဒုက္ခသည်တွေကို မြို့ထဲအတင်းပြန်ခေါ်လာတယ်။ မြို့ထဲရောက်တော့ သူတို့ဘက် ပါခိုင်းတယ် ၊ မပါဘူးဆိုရင် ပစ်သတ်တယ်။  ၂ ယောက်အသတ်ခံရတယ် ၊ လူရော ကားရော ဖမ်းသွားတာလည်းရှိတယ်။ ၂ ယောက်  ၃ ယောက် ရှိတယ်။ အဲဒါ သတိပေးတဲ့အနေနဲ့ သွားပစ်တာ။ ပယ်စောက်ချိန် အဖွဲ့ကို အဲဒီအိမ် နောက်မှာရှိတဲ့ အစိုးရတပ်ကလည်း ကူပြီးပစ်ပေးတယ်။ ၂ ဖက်ပစ်ကြတာ မိနစ် ၄၀ လောက် ကြာပါတယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ ကျည်ဆံတွေဟာ  ပယ်စောက်ချိန် နေအိမ်ကို အနည်းအကျဉ်းထိမှန်ခဲ့တဲ့ အကြောင်းနဲ့   အမ်အန်ဒီအေအေ အဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅  ရက်မှာပဲ လောက်ကိုင် အရှေ့ဘက် တာရွှေထန်ဒေသဘက်မှာလည်း အစိုးရတပ်ဘက်က သူတို့ကို လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး ကြည်းတပ်နဲ့ ထိုးစစ်ဆင်လာတဲ့ အတွက် သူတို့အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်သြဂုတ်လမှာ  ကိုးကန့်ခေါင်းဆောင်ဟောင်း  ဦးဖုန်ကြားရှင် ထွက်ပြေး တိမ်းရှောင်သွားပြီးနောက်  အထူးဒေသ (၁)နယ်မြေကို ဦးစီးဆောင်ရွက်ဖို့ ကိုးကန့်ဒေသ ယာယီ ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးပယ်စောက်ချိန်ကို အစိုးရက  ခန့်အပ်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါ တယ်။
By နန်းမြနဒီ (ဒီဗွီဘီ)

မိကျောင်းကန်သပိတ် ဖြိုခွဲခံရ

မိကျောင်းကန်သပိတ်စခန်းဆန္ဒပြသူတွေကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: Nay Myo Htun/RFA
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက်က နေအိမ်မြေနေရာတွေ ကိုပြန်ပေးဖို့ မြို့တော်ခန်းမအနီးမှာ တောင်းဆိုနေတဲ့ သပိတ်စခန်းကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်မှာ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖျက်သိမ်းပြီး၊ သပိတ်စခန်းမှာရှိတဲ့ လူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မျက်မြင်ကိုယ်တွေ့တစ်ဦးဖြစ်တဲ့ လယ်သမားရေးဆောင်ရွက်သူ ကိုကြည်လွင်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ၄ နာရီခွဲ အဲဒီ့ကိုရောက် လည်းရောက်ရော အဲဒီ့မှာ ရဲနဲ့ တပ်အင်အားပေါင်း ၂ဝဝ လောက်ရှိတယ်၊ ဝိုင်းပြီးတော့ လက်နက် ကိုယ်စီနဲ့ အတင်းဖြိုလိုက်တာ၊ အဲ့ဒါပဲတွေ့လိုက်ရတယ်ခင်ဗျ"

မိကျောင်းကန်ရပ်ကွက်အပိုင်း ၁-၂-၃ ကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်မှာ စစ်တပ်ကသိမ်းလိုက်တဲ့အတွက် မူလဒေသခံတွေဟာ ရန်ကုန်ရဲ့ မြို့စွန်ဘက်တွေကို ရောက်သွားရပါတယ်။ အဲဒီ့အိမ်ယာမြေတွေပြန်ပေးဖို့ သပိတ်စခန်းဖွင့်တောင်းဆိုနေတာ အခုဆိုရင် ၁၁ လရှိပြီဖြစ်ပါတယ်။

ဒီကိစ္စအတွက် ခေါင်းဆောင်ဦးစိန်သန်းနဲ့ မြို့တော်ခန်းမရှေ့ဆန္ဒပြသူ ၁၄ ဦးကိုလည်း ထောင်ချထားပါတယ်။

RFA Burmese

မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသမီး ၀တ်ဆင်လာသော လက်ဝတ် လက်စားများမှာ စိန်အစစ်များဖြစ်နေ

နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ မကွေး (ကံပြား) လမ်းမဘေး၌ မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသမီး အလောင်းတွင် ၀တ်ဆင်လာသော ဖန်စီ ပစ္စည်းဟု ယူဆထားသည့် ပစ္စည်းများမှာ စိန်အစစ်များဟု စစ်ဆေး တွေ့ရှိရကြောင်း နေပြည်တော် တပ်ရှိန်း နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင့်လွင်က The Messenger Media သို့ပြောသည်။

“လက်ဝတ် လက်စားတွေက မီးရှို့ထားတဲ့ လူအဆီနဲ့ မည်းပြီး လုံးနေတော့ ချက်ချင်း မသိရဘူး။ ငရဲမီးနဲ့ နှစ်ခါ စစ်ဆေးကြည့်တော့မှ ဖန်စီ လက်ဝတ် လက်စားတွေ မဟုတ်ဘဲ စိန်အစစ်တွေ ဖြစ်နေတာ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စိန်လက်ဝတ် လက်စားများမှာ စိန်လက်ပတ် ဟန်းချိန်းနှင့် စိန်ဆွဲသီးများဖြစ်ပြီး ကာလတန်ဖိုး အနေဖြင့် ဆယ်သိန်းခန့် ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းအပေါ် မူတည်၍ သေဆုံးသူ မည်သူ ဖြစ်ကြောင်းကို အသေးစိတ် စုံစမ်းနေကြောင်း တပ်ရှိန်း နယ်မြေ ရဲစခန်းထံမှ သိရသည်။

သေဆုံးသူ အမျိုးသမီး ၀တ်ဆင်ထားသည့် စိန်လက်ပတ် ဟန်းချိန်း၏ အလယ်တွင် စိန်ဖြူသန့် စိန်ကိုးပွင့်နှင့် ကျောက်ပါ ရွှေအလေးချိန်မှာ ခြောက်ပဲခန့်ရှိပြီး အလျား (၆ ဒသမ ၃) လက်မရှိကြောင်းနှင့် စိန်ဆွဲသီးတွင် စိန်အသေး (၅၉) ပွင့်ပါရှိကာ အလျား (၁ ဒသမ ၅)လက်မ အနံ (၁) လက်မရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“မှုခင်း ဆရာဝန်ရဲ့ ဆေးစစ်ချက်က မရသေးဘူး။ သေဆုံးသူရဲ့ ပိုင်ရှင် ပေါ်လာနိုးနဲ့ အခုချိန်ထိ မသင်္ဂြိုဟ် ရသေးဘူး။ သေဆုံးသူဟာ ဒီနားတစ်ဝိုက်က မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူပျောက်တိုင်ကြားခြင်း မရှိသေးလို့ပဲ” ဟု နေပြည်တော် တပ်ရှိန်း နယ်မြေ  ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင့်လွင်က ပြောသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ နံနက် (၈) နာရီ မိနစ် (၄၀) အချိန်ခန့်က နေပြည်တော် ဥတ္တရ သီရိမြို့နယ် မကွေး(ကံပြား) ကားလမ်း မိုင်တိုင် အမှတ် ( ၄/၅) အနီး နေသူ ကိုဇေယျာဦး (၃၅) နှစ်ထံ တဲနီးချင်း နေထိုင်သူ ဦးဆန်းဋ္ဌေး ရောက်လာပြီး မကွေးဘက်မှ နေပြည်တော်ဘက် မောင်းနှင်သွားသော မော်တော်ယာဉ် တစ်စီးမှ မိုင်တိုင် (၃/၃-၄) အကြား ကားလမ်း အရှေ့ဘက်တွင် လူသေအလောင်း တစ်လောင်းအား ခွေးများ ဆွဲနေကြောင်း ပြောကြား သွားသဖြင့် သေချာစေရန် သွားရောက်ကြည့်ရှုရန် ပြောသဖြင့် တဲနီးချင်းများနှင့် အတူ သွားကြည့်ရာ အဆိုပါ နေရာ ကားလမ်း အရှေ့ဘက်ကိုင်း တောစပ် အနီးတွင် မီးလောင် ကျွမ်းထားသော အမျိုးသမီး ရုပ်အလောင်းအား ပက်လက် အနေအထားဖြင့် ဦးခေါင်းထိပ်တွင် ပေါက်ပြဲ ဒဏ်ရာဝဲ၊ ယာပေါင် နှစ်ဖက်စလုံးတွင် အသားစများအား ခွေးဆွဲထားသည့် ဒဏ်ရာများ၊ ယာဘက် လက်ကောက်ဝတ်တွင် ခွေးများ ကိုက်ဖြတ် ဆွဲထားသော ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ကြရသည်ဟု ပြည်ထဲရေးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

မီးလောင်ပြီး သေဆုံးနေသည့် အမျိုးသမီး သေဆုံးရခြင်းနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်ပါရန် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ခဲ့ပြီး အမှုအား တက်ရှိန်း နယ်မြေ ရဲစခန်း (ပ) ၄/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၀၂ / ၂၀၁ ဖြင့်ရေးဖွင့်ပြီး စခန်းမှူးရဲအုပ် တင့်လွင်မှ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

MDN
The Messenger Media

ISIS လက်မရွံ့လူသတ်သမား ဂျီဟတ်ဒီဂျွန် ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပြီ


ဂျီဟတ်ဒီဂျွန်ဟု လူသိများနေသော အစ္စလာမ်စတိတ် IS စစ်သွေးကြွအဖွဲ့ လက်မရွံ့ လူသတ်သမားဖြစ်သူမှာ လန်ဒန်မြို့မှဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ အဆိုပါ ဂျီဟတ်ဒီဂျွန်သည် အသက် (၂၇) နှစ်ရှိ “မိုဟာမက် အမ်ဝါဇီ” ဆိုသူ ဖြစ်သည်။ ၀က်စ်မင်စတာ တက္ကသိုလ်မှ ကွန်ပျူတာ ပရိုဂရမ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဆီးရီး ယားသို့ ခရီးထွက်ခဲ့ပြီးနောက် အိုင်အက်စ် စစ်သွေးကြွအဖွဲ့သို့ ၀င်ရောက်ခဲ့သည်ဟု ယုံကြည်ရသည်။

လူသတ်သမား ဂျီဟတ်ဒီဂျွန်၏ ရုပ်ပုံများကို အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖော်လေးနှင့် စတီဗင်ဆော့လော့ဖ်။ အကူအညီပေး စေတနာဝန်ထမ်း- ဒေးဗစ်ဟိန်းစ်၊ ဆီးရီးယားစစ်သည် ၂၂ ယောက် နှင့် ဂျပန်သတင်းထောက် ကင်ဂျီဂိုတိုတို့ကို ရက်စက်စွာ သတ်ဖြတ်သည့် ဗီဒီယိုများတွင် တွေ့ခဲ့ကြရသည်။

ဂျီဟတ်ဒီဂျွန်သည် အမ်ဝါဇီဖြစ်ကြောင်း ဖော်ထုတ်ပေးခဲ့သူမှာ ကူးဝိတ်နိုင်ငံတွင် မွေးဖွားသည့် လူတယောက်ဖြစ်ပြီး အမ်ဝါဇီနှင့် ရင်းနှီးသောမိတ်ဆွေတဦးဖြစ်သည်ဟု ဆိုသည်။ “ဂျီဟတ်ဒီဂျွန်ဆိုတာ မိုဟာ မက်ပဲ၊ သံသယဖြစ်စရာမလိုဘူး။ သူဟာ ကျွန်တော်နဲ့ ညီအစ်ကိုလိုပဲ။ သူမှသူဆိုတာ သေချာပါတယ်”ဟု အဆိုပါ ကူးဝိတ် နိုင်ငံသားက ၀ါရှင်တန်ပို့စ် သို့ ပြောကြားခဲ့သည်။

ဝါရှင်တန်ပို့စ်သတင်းစာကို မစ္စတာ ကူအာချီပြောကြားရာ၌ “သူနဲ့အရမ်းကို တူပါတယ်။ ကျွန်တော့်အနေနဲ့ သူနဲ့တူတူပဲဆိုတာ သေချာပါတယ်”ဟု ဆိုခဲ့သည်။ ဗြိတိန်နိုင်ငံ လူ့အခွင့်အရေးအုပ်စုဖြစ်သည့် Cage အဖွဲ့မှ သုတေသနညွှန်ကြားရေးမှူး အာဆင်ကူအာချီကလည်း အဆိုပါ ဂျီဟတ်ဒီဂျုန်းသည် ဆီးရီးယားမသွားမီ ကတည်းက သိကျွမ်းခဲ့ကြောင်း၊ အဆိုပါ ဗီဒီယိုဖိုင်ထဲမှ လူသတ်သမားမှာ ဂျီဟတ်ဒီဂျွန်ပင် ဖြစ်ကြောင်း ပြောသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလက စပြီး အမေရိကန် FBI အဖွဲ့က ဂျီဟတ်ဒီဂျွန် ဆိုသူကို အသံဖိုင်များ၊ အင်တာဗျူးများကို နည်းလမ်းပေါင်းစုံဖြင့် စုံစမ်းစစ်ဆေး၍ ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့သည်။ စကော့တလန်ယာဒ်အဖွဲ့ကမူ ၎င်းအမည်ကို အတည်ပြုလိမ့်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်တွေ့စစ်ဆေးပြုလုပ်ရာတွင် အသက်အန္တရာယ်များ၍ ဖြစ်ကြောင်း ပြောသည်။ ဗြိတိန်ဝန် ကြီးချုပ်ဒေးဗစ်ကင်မရွန်းကမူ ဂျီဟတ်ဒီဂျွန်၏ ရက်စက်ကြမ်းကြုတ်သော ဗီဒီယို ဖိုင်များကို ကြည့်ရှုပြီးနောက် ၎င်း၏ ရာဇ၀တ်မှုများအတွက် အပြစ်ပေးရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မှ အမျိုးသားပညာ ရေးဥပဒေ သပိတ်ကျောင်းသားများအတွက် ငွေကျပ်သိန်း၃၀နှင့် ဆရာတော်ရေးသားသောစာအုပ်များလှူဒါန်း

 
၅.၂.၁၅ရက်တွင်ဆရာတော်ရှင်ဆန္ဒာဓိကအားရန်ကုန်ပြန်ရောက်စဉ်ကျောင်းသားများမှ သွားရောက်တွေ့ဆုံဖူးမျှော်ခဲ့ပြီး ဆရာတော်မှ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု
ဦးဆောင်ကော်မတီ သို့ ငွေကျပ်သိန်း(၃၀) နှင့်ဆရာတော်ရေးသားသည့်စာအုပ်များလှူဒါန်းခဲ့ပါတယ်။

ဆရာတော်ရဲ့ ဓမ္မလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်မှုကို
ကြည်ညိုသဒ္ဓါပွား ဦးခိုက်မိပါတယ်ဘုရား။

သတင်းဓါတ်ပုံ-Soe Htun.
ဒေါင်းမာန်ဟုန်

လေးပွင့်ဆိုင် သဘောတူညီချက် လက်မခံဖို့ ပညာရေးဝန်ကြီးဌာန သဘောထား လျှို့ဝှက်ဖြန့်ဝေ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုထိပါးပြီး ပညာရေး ဌာနမှာ ကွန်မြူနစ်ဝါဒ အခြေပြုခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားကို တက္ကသိုလ် အသီးသီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခ ချုပ်တွေထံကို လွန်ခဲ့တဲ့တစ်ပတ်ကျော်က လျှို့ဝှက်ဖြန့် ခဲ့တယ်လို့ တက္ကသိုလ်ဆရာ ဆရာမများအဖွဲ့ချုပ် က ပြောဆိုပါတယ်။

စာမျက်နှာ ၄၂ မျက်နှာပါ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီး ဌာနရဲ့ သဘောထားဆိုတဲ့စာအုပ်ကို ဖြန့်ဝေပြီးနောက် ဥပဒေကြမ်းအပေါ် ကန့်ကွက်မှုတွေပေါ်ပေါက် လာအောင်ဆောင်ရွက်ဖို့ ညွန်ကြားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှုး ဒေါက်တာ အာကာမိုးသူ က ပြောပါတယ်။

ဖြန့်ဝေတဲ့စာအုပ်မှာ လေးပွင့်ဆိုင်သဘောတူညီချက်ဟာ ကျောင်းသားတွေက အကြပ်ကိုင်တောင်းဆိုတဲ့အတွက် လိုက်လျောလိုက်ရတယ်လို့ ရေးသားထားသလို ထုတ်ပြန်ထားတဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းပေါ် သုံးသပ်ချက်အနှစ်ချုပ် ၁၀ ချက်ကို ဖေါ်ပြထားပါတယ်။

အနှစ်ချုပ် ၁၀ ချက်မှာ ဥပဒေကြမ်းဟာ မူလပညာရေးဥပဒေရဲ့ အနှစ်သာရကို ဖျက်စီးလိုက်တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဥပဒေကို အခြေပြုပြီး အစိုးရရဲ့အုပ်ချုပ်ရေးယန္တယားကို ဖျက်စီးကြောင်း၊ ကွန်မြူနစ်ဝါဒကို ကျောင်းသားသမဂ္ဂများကတဆင့် တရားဝင်ရပ်တည်နိုင်အောင် ကြိုးပမ်းတာဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံဖြိုးတိုးတက်မူကို ထိခိုက်နိုင်တယ် စသဖြင့် ဖေါ်ပြထားတယ်လို့ဆိုပါတယ်။

RFA

၂၀၁၄ လူ့အခွင့်အရေး ကပ်ဆိုက်တဲ့နှစ် AI အဖွဲ့ထောက်ပြ

amnesty

၂၀၁၄ ခုနှစ်ဟာ ကမ္ဘာတလွှား ကြီးမားတဲ့ ပျက်ဆီးယိုယွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဆီးရီးယား၊ ယူကရိန်း၊ ဂါဇာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက ပြည်သူတွေ အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို နေရပ်ရွှေ့ပြောင်းခံရသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၅၀ ကျော်သွားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတလွားက အစိုးရတွေ အနေနဲ့ အရပ်သားတွေအပေါ် အစိုးရတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အကာကွယ် ပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အစီရင်ခံစာထဲမှာ စွပ်စွဲ ပြောဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၅ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မတရားမှုတွေ ပြုကျင့်ခဲ့ပြီး IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ အင်အားကောင်းလာတာဟာ အထူးစိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
IS အဖွဲ့အနေနဲ့ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ လူနည်းစုနဲ့ မတူကွဲပြားတဲ့ ဘာသာတရား ကိုးကွယ်သူတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲတာ၊ ရာနဲ့ချီတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ စတဲ့ ကြီးမားတဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တရုတ်အကူ မယူကြောင်း ကိုးကန့်ငြင်းဆို

ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်တွေကြား တရုတ်၊ မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး နှစ်နိုင်ငံကြားမှာလည်း တင်းမာမှုတွေ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်ကျားရှင် က သူ့အဖွဲ့ကို တရုတ်နိုင်ငံသားတွေ ဒါမှမဟုတ် တရုတ်ကြေးစား စစ်သားတွေက ကူညီတိုက်ခိုက်ပေးခဲ့တယ်ဆိုတာ မဟုတ်မှန်ပါဘူး ဆိုပြီးတော့ ငြင်းဆိုလိုက်ပါတယ်။ ဘေဂျင်းမြို့ကနေ ဗွီအိုအေသတင်းထောက် Bill Ide ပေးပို့ထားတဲ့ သတင်းလွှာကို အခြေခံပြီးတော့ ဦးစံမိုးဝေ က တင်ပြပေးပါမယ်။
တရုတ်မျိုးနွယ်စုဝင် ဖုန်ကျားရှင် ခေါင်းဆောင်တဲ့ လက်နက်ကိုင် အဖွဲ့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မှာရှိတဲ့ ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာသေးခင်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူပေါင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးပြီး တရုတ်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။
ဖုန်ကျားရှင်ရဲ့ လက်နက်ကိုင် အဖွဲ့ကို တရုတ်နိုင်ငံက ကြေးစား စစ်သားတွေက ကူညီတိုက်ခိုက် ပေးခဲ့တယ်လို့ မြန်မာအစိုးရဘက်က စွပ်စွဲခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကပြောတဲ့အတိုင်း ပြောရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ နယ်နမိတ်ကနေ အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်စေရအောင် ဟန့်တားဖို့ ပူးပေါင်းဆောင်ရွက်ပါလို့ တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ The People Daily ကနေ ထုတ်ဝေတဲ့ The Global Times စာစောင်က မေးမြန်းရာမှာ ဖုန်ကျားရှင်က တရုတ်နိုင်ငံရဲ့ကြေးစားကို ငှားသုံးတယ်ဆိုရင် သူ့အတွက် အထောက်အပံ့ မဖြစ်စေရုံသာမက အကျိုးတောင် ယုတ်စေနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေက သူ့အဖွဲ့အပေါ် ကူညီတိုက်ခိုက် ပေးနေပါတယ်ဆိုတာ တရုတ်အာဏာပိုင်တွေ တွေ့သွားပြီဆိုတာနဲ့ သူ့အဖွဲ့အပေါ်မှာ အလွန်ကြီးမားတဲ့ ဖိအားပေးမှု ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၀၉ ခုနှစ် ကတည်းစလို့ တရုတ်နိုင်ငံသားတွေ ကိုးကန့်ဒေသတွင်းကို ၀င်ရောက်ပြီး ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ ပူးပေါင်းတာမျိုး မဖြစ်ရအောင် တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့လည်း The Global Times ကိုပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောဆိုခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ကို တရုတ်ကြေးစားတပ်တွေ ကူညီထောက်ပံ့ ပေးနေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ဗွီအိုအေကို အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
“ကျနော်အတိအကျ ပြောချင်တာကတော့ ကျနော့်တပ်ထဲမှာ တရုတ်နိုင်ငံသားကို မရှိတာ။ ကြေးစားဆိုတာ ကျနော်တို့ ဘယ်သွား ရှာရမလဲတောင် မသိဘူး။ အဲလောက်လည်း ကျနော်တို့ ငွေရေးကြေးရေး မတတ်နိုင်ပါဘူးခင်ဗျ။ တရုတ်ပြည်က - ကျနော်အတတ် ပြောလို့ရပါတယ်ခင်ဗျ။ တရုတ်ပြည်ကနေ ပြီးတော့မှ ကျနော်တို့ကို ထောက်ပံ့တာတို့၊ ကျနော်တို့ကို ကူညီတာတို့ လုံးဝမရှိပါဘူး။”
MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့ဟာ တရုတ်နိုင်ငံက ထောက်ခံမှု ပေးထားခဲ့ပြီး ၁၉၈၉ ခုနှစ်က ပြိုကွဲသွားခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အကြွင်းအကျန် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ဖုန်ကျားရှင် ထိန်းချုပ်တဲ့ ကိုးကန့်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့တာပါ။
အဲဒီအချိန် ကတည်းက ဖုန်ကျားရှင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး၊ မကြာခင်ကမှာ အခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ပြုလုပ်မယ်လို့ ပြောဆိုလာချိန်မှာ ဖုန်ကျားရှင် ပြန်ဝင်လာဖို့ ကြိုးစားခဲ့တာပါ။
ထွက်ပြေးတမ်းရှောင်နေစဉ်ကာလမှာ သူဟာတခါတရံ တရုတ်နိုင်ငံမှာ နေထိုင်တာမျိုး ရှိသလို တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း သွားရောက် နေထိုင်ခဲ့တယ်လို့ ဖုန်ကျားရှင်က တရုတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဖုန်ကျားရှင် ဘယ်နေရာမှာ ရောက်နေသလဲ ဆိုတာကို သိရှိသလား၊ သူ့ကို နိုင်ငံကနေ ထွက်သွားဖို့ ပြောဆိုခဲ့ဘူးသလားလို့ ဗုဒ္ဓဟူးနေ့ ဘေဂျင်းမှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Hong Lei ကိုမေးတဲ့အခါမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
ဒါပေမဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အပေါ် တရုတ်နိုင်ငံက ထောက်ခံမှု ပေးတယ်ဆိုတာဟာ မဟုတ်မှန်ပါဘူးလို့ ပြောပါတယ်။
“တရုတ်နိုင်ငံ အနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက် မစွက်ဖက်ရေး ဆိုတဲ့မူကို အမြဲကိုင်စွဲထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမြဲ လေးစား လိုက်နာကာ  တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ နယ်စပ်တလျှောက် တည်ငြိမ်ရေးကို ထိခိုက် ပျက်စီးစေမယ့် လုပ်ရပ်မျိုးကိုလုပ်ဖို့ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်ကိုမှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်ပါဘူး”- လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က တရုတ်ဘာသာနဲ့ ပြောသွားတာပါ။
နယ်စပ်ကို ပိတ်ပစ်ဖို့ အစီအစဉ် မရှိကြောင်း၊ နယ်စပ်လုံခြုံရေးကိုတော့ တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိကြောင်း၊ တရုတ်နိုင်ငံထဲ ၀င်ရောက် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တရုတ်ဘက်က ဆက်ကူညီသွားမယ်လို့ Hong Lei က ပြောပါတယ်။
နှစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ကို ဒီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်အထိ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ နီးပါး ပြန်လည် ရောက်ရှိနေပြီလို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။
ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို မနေ့က ကိုးကန့်အဖွဲ့က လက်နက်ကြီးနဲ့ အဝေးကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လောက်ကိုင်မြို့က တပ်ရင်းဌာနချုပ်ကိုလည်း ကိုးကန့်အဖွဲ့က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး၊ အထိအခိုက်တော့ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စံမိုဝေVOA

အမျိုးသမီးပွဲတော် ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပမည်



မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် အမျိုးသမီးပွဲတော်ကို ရန်ကုန်မှာ မတ် ၂ ရက်မှ ၈ ရက် အထိ သီတင်းတပတ်ကြာကျင်းပဖို့ရှိနေပါတယ်။

ရန်ကုန်မြို့နေရာအနှံ့ကျင်းပမယ့် ဒီပွဲတော်မှာ အနုပညာပြပွဲတွေ၊ ဂီတပွဲတော်တွေ၊  ရုပ်ရှင်ပွဲတော်တွေနဲ့   အလုပ်ရုံဆွေးနွေးပွဲတွေ ပါဝင်မှာ ဖြစ်တယ်လို့ ရန်ကုန်အမျိုးသမီးပွဲတော် ကျင်းပရေးအဖွဲ့က ဒေါ်ယမင်းအေးက ဒီဗွီဘီကိုပြောပါတယ်။

ဒီပွဲကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးဒေါ်ယမင်းအေးက  “မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင် ချင်တာပါတယ်။ ပြီးတော့ဒီနေ့ လူနေမှုဘ၀ပေါ်မှာရှိတဲ့ အမျိုးသမီးအနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ခံစားချက်အမြင်တွေ မျှဝေပေးဖို့  ရည်ရွယ်ချက်လေးနဲ့လုပ်တာ။”လို့ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာနေရာစုံမှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အချက်ကို ပြသချင်တာဖြစ်တဲ့ အကြောင်းနဲ့   ဒီပွဲတော်မှာ  အမျိုးသမီး အားလုံးပါဝင် စေချင်တယ်လို့ လည်း ပြောပါတယ်။

ဒီပွဲကိုမြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပတာ ဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ မှာတော့ ပြည်လမ်းက French Institute မှာ  ပိတ်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)

အင်ဒိုနီးရှားလုပ်သား ပြည်ပလုပ်ကိုင်ခွင့် ၂၀၁၇ ရပ်ဆိုင်းမည်


 ပြည်ပရောက် အင်ဒိုနီးရှား အလုပ်သမားတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတို့ လျော့နည်းစေဖို့ အားထုတ်မှုတရပ်အနေနဲ့ ၂၀၁၇ ကစပြီး အိမ်ဖော်တွေ၊ အလုပ်သမားတွေ ပြည်ပစေလွှတ်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပါတယ်။
ရေတိုအနေနဲ့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေ ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ဆောင်မှုတွေ ဖြေရှင်းရမယ့် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး၊ ဒုတိယတဆင့်မှာတော့ သူတို့သွားရောက်မယ့် နိုင်ငံတွေကို စိစစ်မယ်ဆိုပြီး တရားမ၀င် သွားရောက်လုပ်ကိုင်သူ ပပျောက်ရေး လုပ်ငန်းအဆင့်ဆင့်ကို အလုပ်သမားဝန်ကြီးက ဂျကာတာမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အလုပ်သမားအရေး လှုပ်ရှားသူတဦးကတော့ ဒီစီမံကိန်းဟာ ပြဿနာရဲ့အဖြေ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
VOA

IS ဖမ်းထားတဲ့ Assyrian ခရစ်ယာန်တွေ ပြန်လွှတ်ဖို့ ကန်တောင်းဆို



ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားတဲ့ Assyrian ခရစ်ယာန် ဘာသာဝင် ၉၀ ကျော်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Jen Psaki က တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး စစ်သွေးကြွတွေအနေနဲ့ သူတို့ဖမ်းထားတဲ့ အရပ်သားတွေအားလုံးကို လွှတ်ပေးရမယ်လို့ တောင်းဆိုတာပါ။ ဒါ့အပြင် ဆီးရီးယားအစိုးရတပ်က အကြမ်းဖက်တိုက်ခိုက် တာတွေ ဆက်လုပ်နေတာကိုလည်း ပြောခွင့်ရ Jen Psaki က အလေးထားပြောသွားပါတယ်။

သုံးနှစ်နီးပါးကြာနေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွက် နိုင်ငံရေးအရ အဖြေတခုရှာဖို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာဆက်ရှိဆဲပဲလို့ သူက ပြောပါတယ်။ ဒီပြည်တွင်းစစ်ကြောင့် လူ နှစ်သိန်းကျော် သေဆုံးရပြီးပါပြီ။

Hassakeh အရပ်က Khabur ဒေသမှာ တနင်္လာနေ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ဒေသခံအများအပြားကို IS စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

YPG လို့သိကြတဲ့ ကားဒစ်ရှ် လူထုကာကွယ်ရေးတပ်ဖွဲ့နဲ့ Assyrian တွေ ပူးတွဲပြီး IS စစ်သွေးကြွတွေရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင် အများအပြား သေဆုံးသွားတယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Syriac စစ်ကောင်စီက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မိကျောင်းကန်သပိတ်စခန်း မရုတ်သိမ်းဘူးလို့ ဆန္ဒပြ သူတွေ ပြောကြား


ရန်ကုန်မြို့ မြို့တော်ခန်းမအနီး မိချောင်းကန်သပိတ်စခန်းမှ ဆန္ဒပြနေသူတချို့ကိုတွေ့ရစဉ်။ Photo: San Maw Aung/ RFA
ရန်ကုန်မြို့ မြို့တော်ခန်းမအနီးက မိကျောင်းကန်သပိတ် စခန်းကိုဖယ်ရှားပေးဖို့ ကျောက်တံတား မြို့နယ်အုပ် ချုပ်ရေးအဖွဲ့က သတိပေးထားပေမဲ့ သပိတ်စခန်းကို ရုတ်သိမ်းမှာမဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ဒီနေ့မနက်မှာလာပြီး သတိပေးသွားတာဖြစ်တယ်လို့ မိကျောင်းကန်သပိတ် စခန်းမှာ ဆန္ဒပြနေသူ ဒေါ်ချိုက ပြောပါတယ်။

" လူကြီးတွေ ၁၀ ယောက်ကျော်လောက် လာခေါ်တယ်၊ အရှေ့ကိုခဏလောက်ထွက်ခဲ့ပါတဲ့၊ သူတို့က ဒီမှာလမ်းဖောက်နေပြီ တဲ့၊ မြောင်းဖောက်နေပြီ၊ ဖယ်ပေးရတော့မယ်တဲ့၊ သူတို့လဲဆက်ဖောက်မယ်ပေါ့နော်၊ ခင်ဗျားတို့လဲ ဒီမှာနေနေတာရက်အတော်ကြာနေပြီပေါ့၊ ပြီးတော့လဲထောင်ကျတဲ့သူကကျနေပြီပေါ့၊ အဖမ်းအဆီးတွေလဲ ခံနေရတယ်ပေါ့၊ ကိုယ့်အိမ်ကိုပြန်ပြီးတော့၊ နေပြီးတော့တောင်းဆိုကြပါတဲ့၊ အဲ့လိုပြောတယ်၊ မိချောင်း ကန်မြေနေရာသော်လည်းကောင်း၊ မိချောင်းကန်မြေနဲ့တန်တဲ့ငွေသော်လည်းကောင်း၊ အချက် ၄ ချက်တောင်းဆိုထားပါတယ်၊ ဒါပေမဲ့သူတို့ရဲ့အဖြေအတိအကျ မသိရသေးခြင်းတော့ ရွှေ့ပြောင်းပေးလို့ မရသေးဘူးပေါ့ "

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က သိမ်းဆည်းခံရတဲ့ မြေနေရာ တွေပြန်လည်ရရှိဖို့အတွက် မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာ အခုဆိုရင် ၁၁ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

မိကျောင်းကန်သပိတ်စခန်းက ဦးဆောင်သူ ဦးစိန်သန်းဟာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပြီး မြို့တော် ခန်းမကို ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦး လည်း ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

RFA Burmese

ပညာရေးဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်း လွှတ်တော် ကြားနာမည်



အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပါဝင်တဲ့သူတွေ အားလုံးနဲ့ ကြားနာပွဲ ကျင်းပဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက မနေ့တုန်းက ဖိတ်ခေါ်ခဲ့တဲ့ဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေက တညီတညွတ်ထဲ ပြောဆိုကြပါတယ်။

တချိန်ထဲမှာပဲ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ယက် NNER ကလည်း ဒီအစည်းအဝေးကို တက်ရောက်မယ်လို့ အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကြားနားဖို့ မတ်လ ၅ ရက်နေ့က ၁၅ ရက်နေ့ထိ ၁၀ ရက်ကြာ အမျိုးသားလွှတ်တော်မှာ ကျင်းပမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌက မနေ့တုန်းက ကြေညာခဲ့တာပါ။ ဒီကြားနာပွဲမှာ ပါဝင်သင့်တဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေ တော်တော်များများကို ဖိတ်ခေါ်ထားတာ ဖြစ်တဲ့အတွက် ကျယ်ပြန့်မှုရှိပြီးတော့ အပြုသဘောဆောင်တဲ့ အနေအထားကို ရှေ့ရှုနိုင်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ပါတယ်။

ရခိုင်အမျိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ကတော့ အားလုံး ပါဝင်ဆွေးနွေးခွင့် ရတဲ့အတွက် ရလဒ်ကောင်းတွေ မျှော်လင့်နိုင်တဲ့အကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုက ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အဖြေတခု ရဖို့အတွက် အများကိုယ်စားပြုပြီးတော့ ၀ိုင်းဝန်းပြီးတော့ ဆွေးနွေးတော့ကာ နဂိုရှိနေတာထက် ပိုပြီးတော့ကောင်းတဲ့ အလားအလာ ရှိနိုင်ပါတယ်။”

  ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးလှဆွေက ၁၀ ရက် ကျင်းပမယ့် ကြားနာပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ဖွင့်ဟပါတယ်။

“ပညာရေးဥပဒေဆိုတာ အရေးကြီးတဲ့ ဥပဒေတခုဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူတို့လိုချင်တာကို ဘာလဲဆိုတာကို အရင် ကျနော်တို့က analyze လုပ်ရမယ်။ သူတို့လိုချင်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဆိုရင် ကျနော်တို့က ခွင့်ပြုပေးဖို့လို့ ညှိနှိုင်းထားပြီးသား ဖြစ်ပါတယ်။ တချက်ခြင်းကို ကျနော်တို့က ပြန်သုံးသပ်ပြီးတော့ အကုန်လုံး ခွင့်ပြုသင့်တယ် ဆိုရင်လည်း ကျနော်တို့က အကုန်လုံး ခွင့်ပြုပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါလေးကို နည်းနည်းလေး လိုတိုပိုလျှော့လေး လုပ်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလေး ငါးဖယ်တိုးလေး တိုးပြီးတော့ လုပ်လို့ရမယ် ဆိုရင်လည်း အဲဒီလိုလေး ငါးဖယ်တိုးလေး တိုးလို့ရမလားလို့ သူတို့ကိုမေးပြီး လုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ဗူးဆိုဖရုံမသီးဘူးဆိုတဲ့ပုံစံ လုပ်မယ်ဆိုရင်တော့ နည်းနည်းတော့ ခက်လိမ့်မယ်။”

တချိန်ထဲမှာ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်ဖို့ လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ယက် NNER ကလည်း ဒီကြားနာပွဲကို တက်ရောက်ဖို့ ရှိတဲ့အကြောင်း NNER ရဲ့ ခေါင်းဆောင်းပိုင်းမှာ ပါဝင်တဲ့ ဒေါ်သူသူမာက ပြောပါတယ်။

“ဒီမတ်လ ၅ ရက်ကနေပြီး ၁၀ ရက်နေ့အထိ ကြားနာစစ်ဆေးတဲ့ အစီအစဉ်ကို တွေ့တာပေါ့နော်။ တွေ့တဲ့အခါကျတော့ ဟိုပေါ့ ကျမတို့လွှတ်တော်သမိုင်းမှာတော့ ဒါ ပထမဦးဆုံးပဲလေ။ public hearing လုပ်တဲ့ အစီအစဉ်ကို တွေ့လိုက်ရတာပေါ့နော်။ အံ့လည်းအံ့သြတယ်။ ဒါ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ ကျမတို့ တွေးစရာတော့ ဖြစ်တာပေါ့။ အဲ့ဒီအတွက် ကျမတို့ NNER နဲ့ ကျောင်းသားတွေ ဘယ်လိုပဲဖြစ်ဖြစ် ဒီလွှတ်တော်မှာ လေးပွင့်ဆိုင်ကနေ သဘောတူလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်တဲ့ မူကြမ်းကိုပေါ့နော် ဆွေးနွေးဖို့တော့ ကျမတို့ ဆွေးနွေးပွဲကို သွားပါမယ်ဆိုတဲ့ သဘောတူညီချက်ရှိတဲ့အတွက် ကျမတို့ သွားပါမယ်။ သွားတဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ပြီးတော့ ကျမတို့သွားပါမယ်။ လောလောဆယ်တော့ NNER အနေနဲ့ ကျမတို့ လက်ခံပါတယ်။”

  မေး။             ။ ကျောင်းသားတွေဘက်က ၂၈ ရက်နေ့မှာ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်တဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်ဘက်က အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။ အခုဆို ကြားနာပွဲက ၁၅ ရက်နေ့မှ ပြီးမှာဆိုတော့ ကျောင်းသားတွေ သပိတ်စစ်ကြောင်းတွေရဲ့ အခြေအနေ ဘယ်လိုရှိလာနိုင်သလဲခင်ဗျ။

  ဖြေ။              ။ “ကျမတို့လည်း အဲ့ဒီအပေါ်မှာ စိုးရိမ်ပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေက ဒီ ၂၈ ဆိုတော့ အားလုံးကလည်း ဒီမေးခွန်းအပေါ်မှာပဲ စိုးရိမ်မကင်းဖြစ်ပြီး မေးလာတာကိုတော့ တွေ့တာပေါ့နော်။ ကျမတို့ကလည်း စိုးရိမ်တယ်။ ဒါကြောင့် ကျမတို့ မှန်းဆထားတဲ့ရက်ထက်တော့ ဒီလွှတ်တော်ကြားနာတဲ့ အစီအစဉ်က နောက်ကျနေတာကို တွေ့ရတယ်ပေါ့နော်။”

၎ ပွင့်ဆိုင်ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ ပညာရေးဥပဒေကြမ်း အသစ်ကို ပြည်ထောင်စုလွှတ်တော်ရုံးက အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးဖို့အတွက် ဒီလ ၂၀ ရက်နေ့တုန်းက ပေးပို့လာတဲ့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌက ဒီဥပဒေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် ကြားနာပွဲ ကျင်းပဖို့ စီစဉ်တာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်းတွေကို ကူညီတဲ့ပြည်သူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက် NNER၊ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက လူတွေအနေနဲ့ ကြားနာပွဲတက်ဖို့ အမျိုးသားလွှတ်တော်ကို ဆက်သွယ်ဖို့ ကြေညာထားတာလည်း ဖြစ်ပါတယ်။

  အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)

တိုင်းရင်းသားအခွင့် အရေး ဥပဒေ ထုတ်ပြန်

 
သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်တဲ့ တိုင်းရင်းသား အခွင့် အရေး ဥပဒေမှာ အားနည်းချက်တွေ ရှိနေ

တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပါတယ်။

  ပြည်ထောင်စု အစိုးရအဖွဲ့မှာ တိုင်းရင်းသား ဝန်ကြီးဌာန ဖွဲ့စည်းဖို့ ပါဝင်ပြီး တိုင်းရင်းသားတွေ အားလုံး တန်းတူ ညီမျှရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ၊ ဘာသာ စကားနဲ့ ရိုးရာ ဓလေ့ ထိန်းသိမ်းခွင့် တွေကိုလည်း ပေးထားပါတယ်။

ဒါ့အပြင် အကြောင်း မခိုင်လုံဘဲ တိုင်းရင်းသား အခွင့်အရေးကို တားမြစ် ပိတ်ပင်ရင် ထောင်ဒဏ်တစ်နှစ် အထိ ချနိုင်တယ်ဆိုတဲ့ ပြစ်ဒဏ်တွေလည်း ဖေါ်ပြထား ပါတယ်။

အဲဒီ ဥပဒေမှာ တိုင်းရင်းသားတွေ အဓိက တောင်းဆိုနေကြတဲ့ ဖယ်ဒရယ် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ အချက် ကိုတော့ မတွေ့ရပါဘူး။

အခုထွက်လာတဲ့ ဥပဒေက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မူတည်ရေးဆွဲထားတာ ဖြစ်လို့ တိုင်းရင်းသားတွေ အတွက် လိုအပ်ချက်တွေ ပြည့်စုံ လုံလောက်မှု မရှိ သေးဘူးလို့ ကချင်တိုင်းရင်းသူ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

ေ  လောလောဆယ် ဥပဒေသာ ထွက်ရှိသေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ နည်းဥပဒေတွေ ထွက်လာရင်တော့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးကို ထိခိုက်နိုင်တာတွေ ရှိရင် လွှတ်တော်က တဆင့် ထောက်ပြမယ်လို့လည်း သူက ပြောပါတယ်။

  နောက်ပိုင်းမှာလည်း တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် အပါအဝင် တိုင်းရင်းသား အခွင့်အရေး တွေကို ဆက်လက် ပြုပြင်သွားရမယ်လို့ ဒေါ်ဒွဲဘူက ပြော ပါတယ်။

BBC Burmese

အစိုးရ​စစ်​တပ် စွပ်စွဲ​မှု​ဟာ ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး ထိခိုက်​စေ​တယ်​လို့ ဝ​တပ်ဖွဲ့ပြော

အစိုးရစစ်တပ် စွပ်စွဲချက်ကို တုန့်ပြန်ဖို့ UWSA ဗဟို ကော်မတီ အစည်းအဝေး ကျင်းပ နေ။
ကိုးကန့် ဒေသ စစ်ပွဲတွေ မှာ ကိုးကန့်တပ် တွေ နဲ့ အတူ ပူး ပေါင်း တိုက်နေ တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေ အဖြစ် မြန်မာ စစ်တပ် က စွပ်စွဲ ခဲ့တဲ့ အထဲ ပါဝင်ခဲ့ တဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က အစိုးရ ရဲ့ အဲဒီ့လို စွပ်စွဲမှု ဟာ ပြည်တွင်း ငြိမ်းချမ်း ရေး နဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေ တခုလုံး ကို အပြင်းအထန် ထိခိုက်စေ တယ် လို့ တုန့်ပြန် ပြောကြား လိုက်ပါတယ်။

သောင်းကျန်းသူ အဖွဲ့ တွေ ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကို မြန်မာ စစ်တပ် က ခေါ်ဝေါ် သုံးစွဲ ခဲ့တဲ့ အတွက် တနိုင်ငံလုံး အပစ်ရပ် ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဘယ်လို ဆက်သွား ကြမလဲ ဆိုတာ မေးခွန်းထုတ် စရာ ဖြစ်လာတယ် လို့ UWSA ရဲ့ ပြောခွင့်ရ ဗဟို ကော်မတီဝင် ဦးအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး အစိုးရ နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ လုပ်ဆောင် နေကြ တာ ဟာ နဂို လမ်းကြောင်း ပေါ်မှာ ပဲ ရှိနေ သေးလား ဆိုတာ ပြောလို့ မရသေး ကြောင်း နဲ့ အစိုးရ သဘောထား ပေါ်မှာ အများကြီး မူတည် ကြောင်း လည်း ဦးအောင်မြင့် က ဆို ပါတယ်။

အစိုးရ စစ်တပ် ရဲ့ စွပ်စွဲ ချက်ကို တုန့်ပြန် ဖို့ UWSA နဲ့ မိုင်းလားအဖွဲ့ တို့ အရေးပေါ် ဗဟို ကော်မီတီ အစည်းဝေး ကျင်းပ နေပါတယ်။

BBC Burmese

မြန်မာအလုပ်သမား လစာက ကမ္ဘာ့အနိမ့်ဆုံးဖြစ်နေ

လုပ်ခလစာ နည်းပါးတာတွေက ဆန္ဒပြမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ်လို့ဆို (Credit: ABC) 
မြန်မာ ​နိုင်ငံက ​အလုပ်သမားတွေရဲ့ ​လုပ်အားခလစာဟာ ​ကမ္ဘာ့အနှိမ့်ဆုံး ​ဖြစ်တယ်လို့ ​သိရပါတယ်။

Verisk ​Maplecroft’s ​Labour ​Costs ​Index ​လို့ခေါ်တဲ့ ​အလုပ်သမားခ ​ညွန်းတမ်းမှာ ​ဖော်ပြထားတာပါ။

အဲဒီ ​ကုမ္ပဏီက ​နိုင်ငံပေါင်း ​၁၇၁ ​နိုင်ငံရဲ့ ​အလုပ်သမားလစာတွေ၊ ​အလုပ်သမား ​ဥပဒေတွေ၊ ​လူမှုအထောက်အပံ့တွေကို ​ကြည့်ပြီး ​အဆင့် ​သတ်မှတ်ပေးတာ ​ဖြစ်ပါတယ်။

အဲဒီမှာ ​မြန်မာ ​အလုပ်သမားတွေဟာ ​ကမ္ဘာ့ဈေးအပေါဆုံး ​အလုပ်သမားတွေဖြစ်တယ်လို့ ​ဖော်ပြထားပြီး ​အောက်ဆုံးက ​အဆင့် ​၁၇၁ ​မှာ ​ရှိနေပါတယ်။

မြန်မာ ​အလုပ်သမားတွေ ​နီးပါးလောက် ​လုပ်အားခ ​ဈေးပေါတဲ့ ​နိုင်ငံတွေကတော့ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​ကမ္ဘောဒီးယားတို့ဖြစ်ပါတယ်။

လုပ်အားခ ​လစာနည်းတယ်ဆိုတဲ့ ​တရုတ်နိုင်ငံကတောင် ​အဆင့် ​၆၄ ​မှာ ​ရှိပါတယ်။

တရုတ်နိုင်ငံက ​အလုပ်သမားတွေရဲ့ ​ပျမ်းမျှ ​လစာက ​တစ်လကို ​အမေရိကန် ​ဒေါ်လာ ​၄၅၀ ​ရှိပေမယ့် ​မြန်မာနိုင်ငံမှာတော့ ​အမေရိကန် ​ဒေါ်လာ ​၁၀၀ ​တောင် ​မပြည့်ဘူးလို့ ​ဆိုပါတယ်။ ​သြစတြေးလျနိုင်ငံက ​ပျမ်းမျှ ​လစာကတော့ ​ဒေါ်လာ ​သုံးထောင်ကျော်ရှိပါတယ်။

ဒါ့အပြင် ​မြန်မာအလုပ်ရှင်တွေက ​အလုပ်သမားတွေရဲ့ ​လူမှုအထောက်အပံ့တွေ ​ပေးစရာ ​မလိုဘူးလို့လည်း ​ဆိုပါတယ်။ ​လုပ်အားခ ​အရနည်းတာတွေနဲ့ ​လူမှုထောက်ပံ့ကြေးမရခြင်းရဲ့ ​ဆိုးကျိုးကတော့ ​အလုပ်သမားတွေနဲ့ ​သူတို့ ​မိသားစုအတွက် ​ကျန်းမာရေးနဲ့ ​လူမှု ​ဖူလုံမှု ​နည်းပါးတာတွေ၊ ​လုပ်ကိုင်ရတဲ့ ​အခြေအနေ ​ဆိုးတာတွေ ​ပါဝင်ပါတယ်။

ဒါ့အပြင် ​ဆန္ဒပြမှုတွေ၊ ​မတည်ငြိမ်မှုတွေ ​ဖြစ်စေနိုင်တယ်လို့ ​ပြောပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ​ကောင်းကျိုးတွေကတော့ ​လုပ်အားခ ​လစာနည်းတဲ့အတွက် ​ပြည်ပက ​ကုမ္ပဏီတွေ ​ရင်းနှီးမြုပ်နှံလို့ ​အလုပ်အကိုင် ​များပြားလာနိုင်တယ်လို့ ​ပြောပါတယ်။ ​အနောက်ဥရောပ ​နိုင်ငံတွေရဲ့ ​လုပ်အားခက ​ဈေးများပြီး ​အီတလီနဲ့ ​ပြင်သစ်နိုင်ငံကတော့ ​အလုပ်သမားခ ​ဈေးအများဆုံး ​ဖြစ်ကြောင်း ​ဖော်ပြထားပါတယ်။

ABC Radio Australia

မြန်မာလမ်းမှန်ပေါ် အမြန်ပြန်ရောက်ရေး ကုလတိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ဗုဒ္ဓဟူးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။ အခုနှစ်ဟာ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တံ့မယ့် အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေအတွက် အရေးပါတဲ့နှစ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်လာတာ၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာ၊ တရုတ်-မြန်မာ နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာတွေ စတဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်ဟာ လမ်းလွဲတဲ့ဘက်ကို ဦးတည်နေကြောင်း OHCHR - ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အဲဒီ ကြေငြာချက်ပါ အကြောင်းအရာတွေကိုတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ လမ်းလွဲတဲ့ဘက်ကို ဦးတည်သွားနေတဲ့အတွက် လမ်းမှန်ပေါ်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက သတိပေး ပြောကြားလိုက်ပါတယ်။”
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း အကောင်အထည်ဖော်လာတဲ့ ဘက်စုံ ပြုပြင် ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အစဉ်တစိုက် ချီးကျူး ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တခြားနိုင်ငံတွေအတွက် နမူနာ ယူသင့်တယ်ဆိုပြီး တင်စား ပြောဆိုခဲ့ကြတာပါ။
ဒါပေမဲ့ မကြာခင်က တိုင်းပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးပြောတာကို Stéphane Dujarric က သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်တွေဟာ အာမခံချက်ရှိပြီး မျှော်လင့်ချက် အပြည့်ပါရှိတဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် နိုင်ငံတကာက ရှုမြင်သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လွတ်လပ်စွာ ပြောဆိုမှုတွေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေး ဘယ်ကို ဦးတည်သွားနေသလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပြီး နောက်ကြောင်း ပြန်လှည့်မလားဆိုတဲ့ ခြိမ်းချောက်မှုမျိုးပါ တွေ့နေရပါတယ်။”
အဲဒီလို အလားတူ အဖြစ်အပျက်တွေ များစွာ ဖြစ်ခဲ့တဲ့အထဲက မိကျောင်းကန်အရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာ၊ တားမြစ်နယ်မြေထဲ ကျူးကျော် ၀င်ရောက်မှု၊ နိုင်ငံတော်လျှို့ဝှက်မှု ပေါက်ကြားအောင် လုပ်ဆောင်မှု စတဲ့ စွဲချက်တွေနဲ့ သတင်းထောက် ၁၀ ဦးကို မနှစ်က ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးလိုက်တာတွေလည်း ပါဝင်တယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးဖြစ်သူ ဦးထင်လင်းဦးဟာလည်း ဗုဒ္ဓဘာသာ အစွန်းရောက်တွေအကြောင်း ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေအရ ထုတ်ပြန်ထားပြီး တိုင်းရင်းသား လူနည်းစုတွေ အများစု ကိုင်ဆောင်ထားတဲ့ White Card တွေအားလုံး မတ်လကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ခဲ့တဲ့ ကိစ္စဟာ မြန်မာနိုင်ငံအတွင်းက လူနည်းစုတစုဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်တွေအနေနဲ့ လူထုဆန္ဒခံယူပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရအောင် ရည်ရွယ် လုပ်ဆောင်သလို ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
မကြာခင် ပြုလုပ်ဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲမှာ အဲဒီ White Card ကိုင်ဆောင်ထားသူတွေ မဲပေးတာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း ဖွဲ့စည်းပုံခုံရုံးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတချို့က အဲဒီလို ဘာသာရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်နိုင်ကြောင်း၊ ကမ္ဘာတလွှား ဘာသာရေး အစွန်းရောက်တွေက အကြမ်းဖက် ဆူပူမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ ဘာသာရေးနဲ့ ငြိစွန်းစေမယ့် ပြောဆို လုပ်ဆောင်မှုတွေကို သတိထား ရှောင်ရှားသင့်ကြောင်း၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံသစ်ကို မတူကွဲပြားမှုတွေရဲ့ အင်အားတွေ စုစည်းပြီး တည်ဆောက်သင့်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီ ဒေသမှာ စစ်အုပ်ချုပ်ရေး အရေးပေါ် အခြေအနေ ရက် ၉၀ သတ်မှတ်လိုက်တာနဲ့ သီတင်းပတ် တစ်ပတ်အတွင်းမှာတင် ကြက်ခြေနီအလံတင်ထားတဲ့ ယာဉ်တန်း ၂ ကြိမ် တိုက်ခိုက်ခံလိုက်ရတာတွေဟာ စိုးရိမ်စရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေ တဖြည်းဖြည်း ကြီးထွားပျံ့နှံ့လာရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတွက် ၀မ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်တာကြောင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာကွယ် ပေးနိုင်အောင် သက်ဆိုင်သူ အားလုံးက ဆွေးနွေးပွဲမှာ ညှိနှိုင်း အဖြေရှာကြဖို့ သူ့အနေနဲ့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဇော်ဝင်းလှိုင်

Wednesday, February 25, 2015

ကျဆုံး အစိုးရစစ်သည်များ၏ မိသားစုအတွက် သီတဂူဆရာတော် ကျပ်သိန်းသုံးရာ လှူဒါန်း


ကျဆုံးသွားသော အစိုးရစစ်သည်များ၏ မိသားစုများအတွက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ က အလှူငွေ ကျပ်သိန်း ၃၀၀ ကို ဖေဖော်ဝါရီ ၂၂ ရက် နေ့လည်ပိုင်းတွင် လှူဒါန်းခဲ့သည်ဟု သီတဂူ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့၏ ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီအစဉ် မတ် ၅ ရက်မှစ၍ ရှစ်ရက်ကြာ ပြုလုပ်မည်ဟုဆို၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လေးပွင့်ဆိုင် သဘောတူထားသော ဥပဒေအတည်ပြုရေးမှာ အချိန်ကြာမြင့်၍ ခက်ခဲဖွယ်ရှိနေ



အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား NNER ၊ ကျောင်းသားကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပါဝင်သည့် ကြားနာမည့် အစီအစဉ် အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ သတင်းထုတ်ပြန်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လေးပွင့်ဆိုင် သဘောတူထားသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား  ဥပဒေအဖြစ် အတည်ပြုရေးမှာ အချိန်ကြာမြင့်၍ ခက်ခဲဖွယ်ရှိနေကြောင်း ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဆိုပါဥပဒေကြမ်းအပေါ် ကြားနာခြင်း အစီအစဉ်ကို မတ် ၅ ရက်မှ မတ် ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းရက် အပိုင်းအခြားတွင် ကြားနာမှုပြုလုပ်မည့် ရက်မှာ စုစုပေါင်း ရှစ်ရက်အထိ ရှိသည်။

ကြားနာခြင်းကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြုလုပ်မည့်ရက်၏ နံနက် ၁ဝ နာရီတိုင်းတွင် ကြားနာမှုအစီစဉ် စတင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် NNER နှင့် ကျောင်းသားကိုယ်စားလှယ်များမှ လွဲ၍ ကျန်ပါတီနှင့် ပုဂ္ဂိုလ်များသည် အရေအတွက်များနိုင်သည့်အတွက် တက်ရောက်ရမည့်နေ့အား သုံးရက်ကြိုတင် အကြောင်းကြားသွားမည်ဖြစ်ပြီး လိုအပ်ပါက ဆက်လက်ကြားနာမည့် အစီအစဉ်နှင့် အချိန်ဇယားကို ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အရ မတ် ၅ ရက်တွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂ဝ ကိုလည်းကောင်း၊ မတ် ၆ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်မည့် ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၇ ရက်တွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) မှ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် မတ် ၈ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီ ၂ဝ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်မည့် ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၁ ရက်တွင် ဒီမိုကရေစီပညာရေးစစ်ကြောင်းများကို အားပေးထောက်ခံ ကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၃ ရက်တွင် တက်ရောက်ဆွေးနွေးလိုသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်များကို လည်းကောင်း၊ မတ် ၁၄ ရက် တွင် မှတ်ပုံတင်ထားသော အရပ်ဘက်အဖွဲ့အစည်းများက အကြံပြုဆွေးနွေးလိုသူ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း၊ မတ် ၁၅ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုစာ ပေးပို့လာသူများအနက်မှ ကိုယ်စားလှယ် ၂ဝ ကို လည်းကောင်း ဆက်လက်ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူလအမျိုးသားပညာရေးဥပဒေကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၄၁) ဖြင့် ပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေအား ပြင်ဆင်ရန်အတွက် ကျောင်းသားများမှ  ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အစိုးရနှင့် ညှိနှိုင်းမှုပြုလုပ်ရန် ရက်ပေါင်း ၆ဝ အချိန်ပေးခဲ့သော်လည်း ညှိနှိုင်းမှု တစ်စုံတစ်ရာ မရှိခဲ့သဖြင့် ကျောင်းသားများက ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဖွဲ့စည်းကာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အချက် ၁၁ ချက်ကို တောင်းဆို၍ နိုင်ငံအနှံ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းများဖြင့် ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

ယင်းနောက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီတို့ လေးပွင့်ဆိုင်ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ကျောင်းသားများဘက်မှ တောင်းဆိုထားသည့် အချက် ၁၁ ချက်အပေါ် အခြေခံ၍ ရေးဆွဲထားသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ ဆုံးဖြတ်ခဲ့သည်။

ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် အချိန်ကာလအားဖြင့် နှစ်လကျော်သာ ကြာမြင့်ခဲ့ရာ ယခုဖြစ်စဉ်နှင့် နှိုင်းယှဉ်ဝေဖန်မှုများ ရှိနေသည်။

အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်ရန်အတွက် ကျောင်းသားများသည် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေ စတင်အတည်ပြု ပြီးသည့်ကာလမှ ယနေ့အချိန်ထိ ငါးလတာမျှ ကြိုးစားခဲ့သော်လည်း ပြင်ဆင်ရန် အချိန်ဆွဲနေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

“အခု ထုတ်ပြန်ထားတဲ့ ပြင်ဆင်ရေးဥပဒေမူကြမ်းက တခြားရိုးရိုး မူကြမ်းတွေလို မဟုတ်ဘူး။ အများသဘောတူ လက်ခံထားတဲ့ မူကြမ်းဖြစ်နေတယ်။ အခြေခံကျောရိုးက တစ်နိုင်ငံလုံးမှာ အစည်းအဝေးလိုက်လုပ်ပြီး ချမှတ်ထားတဲ့ NNER  ရဲ့ ပညာရေးဆိုင်ရာမူကို ယူပြီးတော့ ကျောင်းသားတွေလိုလားတဲ့အချက်တွေ ထပ်ဖြည့်ပြီးတော့ ရေးဆွဲထားတာပါ။ ရေးဆွဲတဲ့အခါမှာလည်း အစိုးရ၊ NNER နဲ့ ကျောင်းသားတွေ သုံးပွင့်ဆိုင် သဘောတူထားပြီး ဖြစ်တယ်။ ကျောင်းသားတွေရဲ့ဆန္ဒကို နဂိုကတည်းက ဆွေးနွေးအဖြေရှာထားပြီး ဖြစ်တဲ့အတွက် ပြည်သူကလည်း  ဒါကိုလက်ခံတယ်။ ဒါကြောင့် အများလက်ခံတဲ့ ဥပဒေကို Yes or No ဆုံးဖြတ်ရုံပါပဲ။ အဆင်ပြေနေတဲ့ ဥပဒေကို ဒီလောက်ကြာဖို့ အကြောင်းမရှိဘူး။ တခြားဥပဒေတွေအနေနဲ့ သူတို့ Procedure  အတိုင်း သွားမယ်ဆိုရင် ကြာမယ်ဆိုတာ ကျွန်တော်တို့လက်ခံပါတယ်” ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ် က ဆိုသည်။

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) အနေဖြင့် အဆိုပါ ဥပဒေကြမ်းအား ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်မပြုပေးပါက မတ် ၁ ရက်တွင် လက်ရှိ သပိတ်စခန်းဖွင့် စောင့်ကြည့်နေသည့် လက်ပံတန်းမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  
Eleven Media Group

တရုတ်နဲ့မပတ်သက်ကြောင်း ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ငြင်းဆို

koekant-305.jpg
ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။

ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသားတွေပါဝင် တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ခေါင်းဆောင် ဦးဖုန်ကြား ရှင်က ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ တခြားကြေးစားတပ်သားတွေ ပါဝင်တိုက်ခိုက်နေတာ ရှိမရှိ တရုတ်အစိုးရပိုင် အင်္ဂလိပ်သတင်းစာဖြစ်တဲ့ Global Times သတင်းစာက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ရာမှာ ဦးဖုန်ကြားရှင်က အခုလို ပြောကြားလိုက်တာပါ။
၂ဝဝ၉ ခုနှစ်က အဖြစ်အပျက်အပြီး ကိုးကန့်တပ်တွေမှာ တရုတ်နိုင်ငံသား ဝင်ရောက် စစ်မှုထမ်းတာ တွေကို တားမြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားတွေ ကိုးကန့်ဘက် က ပါဝင်တာမျိုးဟာ ကောင်းကျိုးထက် မိမိတို့အတွက် အန္တရာယ်သာဖြစ်စေနိုင်တာ ကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သားတွေပါလာရင် တရုတ်အစိုးရက သိပြီး ဖိအားပေးတာများလာနိုင်တဲ့အတွက် တရုတ်နိုင်ငံသားတွေပါတာကို တားမြစ်ထားတာဖြစ်တယ် လို့ ဦးဖုန်ကြားရှင်က ပြောပါတယ်။
မြန်မာအစိုးရကတော့ တရုတ်နိုင်ငံသားတွေ ကိုးကန့်တိုက်ပွဲမှာပါဝင်နေသလို တရုတ် နိုင်ငံပိုက်နက်ကို အသုံးပြု ပြီး မြန်မာဘက်ကို အကြမ်းဖက် တိုက်ခိုက်နေတာတွေကိုတားမြစ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA ၀ိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသာလှရွှေကိုလည်း RFA ၀ိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။


RFA