Pages
Saturday, May 2, 2015
ကိုးကန့်စစ်ပွဲမှာ တရုတ်လက်ချက်ကင်းကြောင်း သူရဦးရွှေမန်း ပြောကြား
 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ photo: RFA/ Win Naung Toe
ကိုးကန့်ဒေသစစ်ပွဲတွေမှာ တရုတ်အစိုးရအနေ နဲ့ နောက်ကွက်က ပါဝင်ပတ်သက်မှု မရှိဘူး လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအချုပ်အချာ အာဏာပိုင်စိုးမှုကို အသိအမှတ်ပြုထားတဲ့ နိုင်ငံဖြစ် တာကြောင့် ကိုးကန့်စစ်ပွဲမှာ တစုံတရာ ပါဝင်ပတ်သက် မှု မရှိနိုင်ကြောင်း သူရဦးရွှေမန်းက RFA လွတ်လပ်တဲ့ အာရှအသံနဲ့ မနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ သီးသန့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ပြည်တွင်းရေးကို စွက်ဖက်တဲ့နိုင်ငံတစ်ခု မဟုတ်ပါဘူး၊ ထိုနည်းတူစွာပဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ မိမိတို့မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်မှုမရှိနိုင်ဘူးလို့ပဲ ပြောရမှာဖြစ် ပါတယ်"
တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့ အစိုးရတပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ဖွဲ့အတွင်း တရုတ်ကြေးစားစစ်သည်တွေ၊ တရုတ်စစ်သည်ဟောင်းတွေ ပါဝင်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီအားပေးဖို့ တရုတ်ဗဟိုအစိုးရမှာ မူဝါဒမရှိပေမယ့်လည်း အောက်ခြေအဆင့်မှာ ပါဝင်ပတ်သက်နေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းရေးအတွက် အချိန်ကာလတစ်ခု ပိုင်းခြားပြောဆိုဖို့ ခက်ခဲကြောင်း RFA နဲ့ တွေ့ဆုံရာမှာ လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောသွားခဲ့ပါတယ်။ ဒါ့ပြင် ဒီကနေ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ယခင်စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်ပတ်သက်မှုမရှိဘူးလို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
"ပြုပြင်ပြောင်းလဲရေးဆောင်ရွက်တဲ့နေရာမှာ တပ်မတော်အစိုးရလက်ထက်က ဦးစီးဆောင်ရွက်ခဲ့တယ် ဒါမှန်ပါတယ်၊ ဒီနေ့ အစိုးရအဖွဲ့အပေါ်ရော လွှတ်တော်အဖွဲ့အပေါ်ရော တခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးအပေါ်ရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မရှိဘူးဆိုတာကိုတော့ အားလုံးသိချင်မှ သိပါလိမ့်မယ်၊ သို့သော် သက်ဆိုင်တဲ့သူများတော့ သိပါတယ်"
ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ ယခင်စစ်အစိုးရ လက်ထက်က အစိုးရအဖွဲ့ထဲမှာ တတိယမြောက်သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် လူသိများပါတယ်။ မိမိအနေနဲ့ သမ္မတရည်မှန်းချက်ပြည့်မြောက်ခဲ့ရင် လက်ရှိယာယီရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အနာဂတ်နဲ့ ပတ်သက်လို့ တတ်သိပညာရှင်တွေ၊ ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သွားမယ် လို့လည်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပြီး၊ လာမယ့် တနင်္လာနေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Anthony Bliken နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
RFA Burmese
လက်ပံတန်းကျောင်းသားအရေး SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကိုယ်တိုင် ၀င်ရောက်စေ့စပ် ခဲ့သော်လည်း ကြားညပ်လိမ့်မည်ဟု ဦးအောင်မင်းအကြောင်းပြန်
လက်ပံတန်း၌ ထိုင်သပိတ် ဆင်နွှဲနေသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ကိစ္စနှင့် ပတ်သက်၍ အကြမ်းဖက်မခံရမီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကြားဝင် စေ့စပ် လိုကြောင်း မတ်လ ၈ ရက်က သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်၌ တွေ့ဆုံ စဉ် ပြောကြား ခဲ့သော်လည်း အားလုံး စီစဉ်ပြီးဖြစ်၍ ကြားညပ်လိမ့်မည်ဟုသာ အကြောင်းပြန်ခဲ့ကြောင်း SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧပြီလ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများ မတ်လ ၁၀ ရက်၌ အကြမ်းဖက် ဖမ်းဆီးမခံရမီ SNLD မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုယ်တိုင် မတ်လ ၈ ရက်တွင် ဦးအောင်မင်းနှင့် တွေ့ဆုံ၍ ပြောကြားခဲ့ခြင်းဖြစ်ပြီး မတ်လ ၉ ရက်တွင် ဦးအောင်မင်းဘက်က အားလုံး စီစဉ်ပြီးပြီဖြစ်၍ ကြားညပ်လိမ့်မည်ဟု အကြောင်းပြန် ခဲ့ ခြင်းဖြစ်သည်။
““၀င်မပါနဲ့လို့တော့ မပြောပါဘူး။ ကြားညပ်ကုန်လိမ့်မယ် အကုန်လုံးက အစီအစဉ်တကျ လုပ်ပြီးကုန်ပြီ။ အဲဒီ သဘောမျိုးပါပဲ။ သူတို့ဘက်က အစည်းအဝေး ဆုံးဖြတ်ပြီးပြီ။ ဘာမှလုပ်လို့ မရတော့ဘူး။ ကျွန်တော်တို့ဝင် တာ နောက်ကျတယ်။ နောက်ကျတဲ့အတွက် မအောင်မြင်ဘူးပေါ့”” ဟု တွေ့ဆုံစဉ် ပါဝင်သူ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယင်းသို့စေ့စပ်မှုနှင့် ပတ်သက်၍ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် SNLD တို့ တွေ့ဆုံ ပြောကြားစဉ် ဦးအောင်မင်းနှင့်အတူ ရှိနေသော မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““အဲဒါတော့ကျွန်တော် နားလည်တာတော့ အားလုံးပေါ့ဗျာ။ ၀န်ကြီးဦးအောင်မင်း အပါအ၀င် အားလုံးပါဝင်တဲ့သူတွေ အားလုံးကတော့ နိုင်ငံရဲ့အသွင် ကူးပြောင်းမှု ချောချောမွေ့မွေ့နဲ့ ရှေ့ကို ဆက်သွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်တာပါပဲ။ ဒီဆောင်ရွက်မှု အပေါ်မှာတော့ အားလုံးက စိတ်စေတနာ ကောင်းထားပြီးတော့ လုပ်ခဲ့တယ်လို့ပဲ ကျွန်တော့်အနေနဲ့ နားလည်တာပေါ့”” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသို့ SNLD ၏ ၀င်ရောက် စေ့စပ်ပေးမှုကို ၀န်ကြီးဦးအောင်မင်းဘက်မှ မတ်(၉)ရက်တွင် အကြောင်း ပြန် ခဲ့ပြီး နောက်တစ်နေ့ဖြစ်သည့် မတ်လ(၁၀)ရက်တွင် လက်ပံတန်းမြို့၌ သပိတ်တိုက်ပွဲ ပြုလုပ်နေ သည့် ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။
လက်ရှိတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းခဲ့ကြသော ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းမှ ဗကသ ကျောင်းသားခေါင်းဆောင် အများစုနှင့် ၀န်းရံပြည်သူများမှာ သာယာဝတီ ထောင်တွင် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသည်။
ဝိုင်းမော်   - မြန်မာသံတော်ဆင့်သတင်းဌာန
န၀တအစိုးရ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးကျော်ဘ ၏သား သေနတ်ပစ်ဖောက်မှု အမှုစစ်ဆေးနေဆဲဖြစ်
  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ် ကြီးဟောင်း ဦးကျော်ဘ ၏သားဖြစ်သူ ဦးအောင်အောင်ဦး၊ အမှတ် (၉၅၃) ဆောက်လုပ်ရေး အင်ဂျင်နီယာ(GE) တပ်ခွဲဝင်းအတွင်း သေနတ် ပစ်ဖောက်မှုနှင့် ပတ်သက်၍ စစ်ဆေးဆဲ အဆင့်သာ ရှိသေးကြောင်း ဒဂုံမြို့မ ရဲစခန်းမှ ဧပြီလ ၂၉ ရက်ညတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
န၀တအစိုးရခေတ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးကျော်ဘ၏ သားဖြစ်သူ ဦးအောင်အောင်ဦးသည် နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၃ နာရီခန့်က GE တပ်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ၀င်ရောက်လာခဲ့ပြီး ဂိတ်ဝရှိ တာဝန်ကျသူက တားဆီး စစ်ဆေးသည်ကိုလည်း လက်မခံဘဲ အတင်းဝင်ရောက်ခဲ့ကာ အိမ်ထောင်သည် လိုင်းခန်းရှေ့၌ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အချင်းများပြီး သေနတ် ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်။
““တရားရင်ဆိုင်တုန်းပဲ ရှိသေးတယ်။ အမိန့်မချရသေးဘူးတဲ့။ ကျွန်တော်ကတော့ အမှုစစ်မဟုတ်တော့ ဂဃနဏ မပြောတတ်ဘူး။ တရားရုံးကိုမေးလိုက်ပါ””ဟု ဒဂုံမြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ဖြေကြား ခဲ့သည်။
အဆိုပါအမှုကို ဒဂုံမြို့မရဲစခန်းက (ပ)၂၅၄/၁၄ ဖြင့်တပ်အတွင်းရှိ တပ်သားများနှင့် ထွေးလုံးသတ်ပုတ် ခဲ့ခြင်း ကြောင့် သေနတ် ပစ်ဖောက်မှု၊ သေကြောင်းကြံစည်မှု၊ အကျိုးဖျက်ဆီးမှု၊ ၀တ္တရား နှောင့်ယှက်မှု၊ လက်နက် ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲခံရခြင်းဖြစ်သည်။
(၂၇-၃-၂၀၁၅)နေ့တွင် နေပြည်တော်၌ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးကျော်ဘကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရ၀ပြုတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ (ပုံ)
ဝိုင်းမော် -  မြန်မာသံတော်ဆင့်သတင်းဌာန – 
မြန်မာအလုပ်သမားကို ပစ်သတ်ခဲ့သည့် ထိုင်းဆရာဝန် သားအဖ သေဒဏ်ကျ
ဓာတ်ပုံ (Kapook ၀က်ဆိုဒ်)
ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်ချဘူရီခရိုင်မှာ မြန်မာအလုပ်သမားတဦးကို သတ်ပြီး ခြံထဲမြုပ်နှံခဲ့တဲ့ ရဲဆရာဝန် သားအဖကို သေဒဏ်ချမှတ်စီရင်လိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်က  မြန်မာအလုပ်သမားတဦးကို သေနတ်နဲ့ ပစ်သတ်ပြီး  ထာ့ယန်းမြို့နယ်ရှိ နာနတ်ခြံ ထဲမှာ မြုပ်နှံခဲ့ကြောင်း လူသက်သေ ၊ ပစ္စည်းသက်သေခံတွေနဲ့ ပစ်မှုထင်ရှားတဲ့အတွက် ဘန်ကောက် ရဲဆေးရုံက ဆရာဝန်ဟောင်း ဗိုလ်မှူးကြီး ဒေါက်တာ ဆူဖတ် လောဟ၀ပ်ထနနဲ့ သား ၂ ဦးကို မေ ၁  ရက်မှာ ခရိုင်တရားရုံးက စီရင်ချက်ချခဲ့ တယ်လို့ မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တခြံတည်းနေ မြန်မာအလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ ဆရာဝန်နဲ့ သား ၂ ဦးဟာ မြန်မာ အလုပ်သမား ဦးအိန်တကိုသေနတ်နဲ့ ပစ်သတ်ပြီး သူတို့ခြံထဲမှာ မြုပ်နှံခဲ့ကြောင်း ထွက်ဆိုခဲ့ကာ တခြား ခိုင်လုံတဲ့ အထောက် အထားတွေအရ ပြစ်မှုထင်ရှားတဲ့အတွက် ပထမ တရားခံ ဒေါက်တာ ဆူဖတ် နဲ့  ဒုတိယ တရားခံ နိုင်းအစ် တို့ကို သေဒဏ်၊ တတိယ တရားခံဖြစ်တဲ့ နိုင်းအခရ ကတော့ လူငယ်ဖြစ်တဲ့အတွက် ထောင်ဒဏ် ၂၅ နှစ် နဲ့ ၃ လ ချမှတ်ခဲ့တာပါ။
ဒေါက်တာဆူဖတ်ဟာ တခြား ထိုင်းဇနီးမောင်နှံ ၂ ဦးဆီက မော်တော်ကားနဲ့ ငွေတွေလိမ်လည်ထားတဲ့ အမှုလည်းရှိခဲ့တဲ့ အတွက်  ဒီကနေ့ တရားစီရင်ခြင်း မပြုမီကတည်းက လိမ်လည်မှု၊၊ လူကုန်ကူးမှု စတာတွေနဲ့ ထောင်ဒဏ် ၈ နှစ် ၃ လ အပြစ်ပေးခံရပါတယ်။
ဒေါက်တာဆူဖတ်ကတော့ ထွက်ပြေးပုန်းရှောင်နေပြီး  ဒီကနေ့လည်း တရားရုံးတော် ရောက်လာခြင်းမရှိဘဲ ကမ္ဘောဒီးယားနိုင်ငံမှာ တိမ်းရှောင်နေတယ်လို့ဆိုတဲ့  အတွက် ဖမ်းဝရမ်းထုတ်ထားတယ်လို့  သည်နေးရှင်း သတင်းမှာရေးပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းဇနီးမောင်နှံ ၂ ဦး လအတန်ကြာ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး မိဘဆွေမျိုးတွေ က သူတို့ရဲ့ကားကို ဆရာဝန်ခြံထဲမှာ တွေ့ရှိကာ ဆရာဝန်က သတ်ဖြတ်ပြီး အလောင်းဖျောက် ထားတယ်လို့ ယူဆတဲ့အတွက် ရဲတွေက သူ့ခြံကို တူးဖော်ရာက လူရိုးခေါင်း ၂ ခုတွေ့ခဲ့ပြီး ဒီအန်အေစစ်ဆေးရာမှာ ဇနီးမောင်နှံမဟုတ်ဘဲ မြန်မာအလုပ်သမား အရိုးစုဖြစ်ကြောင်းတွေ့ရှိခဲ့တာပါ။
အရိုးစု ၂ စုံအနက် တစ်စုံက ရိုးရိုးဖျားနာပြီးမှ သေဆုံးတဲ့ အလုပ်သမားအရိုးဖြစ်ပြီး နောက်တစုံက အသတ်ခံရတာဖြစ်ကြောင်းနောက်ပိုင်းမှာ သက်သေတွေက ထွက်ဆိုခဲ့ တာဖြစ်ပါတယ်။
သေဆုံးတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ၊ အထောက်အထား မရှိတဲ့အတွက် သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မသိရဘူးလို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
 By ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိတ်အနယ်ပြိုင်မယ်လို့ သူရဦးရွှေမန်းပြောကြား
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ဟာ လွှတ်တော်မှာ မိတ်ဆွေကောင်းတွေ ဖြစ်ကြသလို လာမယ့်ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ကြမယ့် ယှဉ်ပြိုင်ဘက်တွေလည်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်သူ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
NLD ပါတီနဲ့ USDP ပါတီ ခေါင်းဆောင်နှစ်ဦးအကြား အထူးကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်၂ဝ၁၅ ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ချေ အလားအလားရှိ၊မရှိ ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားတစ်ခုအတွင်း မေးမြန်းချက်ကို သူရဦးရွှေမန်းက အခုလို ဖြေကြားသွားတာပါ။
"NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်ဟာ မိတ်ကောင်းဆွေကောင်းဖြစ်သလို တဘက်ကပြိုင်ဆိုင်မှုကောင်းကြမယ့် ပြိုင်ဆိုင်မှုကြီးကြမယ့် သူများပဲဖြစ်ကြပါတယ်၊ ရွေးကောက်ပွဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်ဖြေကြားချင်တာကတော့ နိုင်ငံအတွက် အများပြည်သူအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော မနက်ဖြန်ရော အနာဂတ်အတွက်ရော ပူးပေါင်းဆောက်ရွက်ဖို့ အသင့်ရှိပါတယ်"
အကယ်၍ ၂ဝ၁၅ ရွေးကောက်ပွဲရလာဒ်ကို စစ်တပ်ကသဘောမတူခဲ့ဘူးဆိုရင် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလို NLD ပါတီအနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလာဒ် တရားမဝင်ပျက်ပြယ်ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကြခဲ့တဲ့ အခြေအနေမျိုးတွေ အခု ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ ကြုံတွေ့ရနိုင်ချေရှိ၊ မရှိ မေးမြန်းချက်ကိုတော့ သူရဦးရွှေမန်းက လွှတ်တော်အနေနဲ့ ပြည်သူ့ဆန္ဒအတိုင်းအတည်ပြုနိုင်ဖို့ အာမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
"အများပြည်သူတွေစိုးရိမ်သလို စိုးရိမ်မှုရှိတာနဲ့ပတ်သက်လို့တော့ ကျနော်အနေနဲ့ မစိုးရိမ်ပါနဲ့လို့တော့ မပြောချင်ပါဘူး ဒါပေမဲ့ ကျနော်တို့ လွှတ်တော်အနေနဲ့တော့ အခု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲရဲ့ ရလာဒ်ကို အသိအမှတ်ပြုရမယ် အတည်ပြုပေးရမယ်၊ ဒီလိုအဆိုပြုထားပါတယ်၊ ပြည်သူရဲ့ဆန္ဒကို ကျနော်တို့အလေးထားရမယ်၊ ပြည်သူရဲ့ရွေးချယ်မှုကို ကျနော်တို့ အတည်ပြုပေးရမယ်၊ ဒါမှပြည်သူ့ရဲ့လိုအပ်ချက်ကို ကျနော်တို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်၊ ဒီမိုကရေစီဆိုတဲ့စနစ်ကလည်း ပြည်သူများရဲ့ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ စနစ်ဖြစ်တယ်လို့ယူဆတယ်ဆိုရင် ဒီဟာကို ကျနော်တို့ ပြည်သူရွေးချယ်မှုကို လက်ကိုလက်ခံရမှာဖြစ်ပါတယ်"
လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကိစ္စတွေကို ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲကာလအတွင်း ပြီးပြတ်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းကိုလည်း သူရ ဦးရွှေမန်းက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"ဖွဲ့စည်ပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်းမှာ ပြီးမြောက်အောင်လုပ်မယ်ဆိုပြီး ကျနော်တို့ ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ပါတယ်၊ အခု ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပဆဲကာလဖြစ်ပါတယ်၊ ကျနော်တို့ နှစ်သစ်ကူးသင်္ကြန် ရုံးပိတ်ရက်နဲ့ဆက်စပ်ပြီးတော့ လွှတ်တော်ခဏရပ်နားထားတာပါ၊ ဒါကြောင့်လွှတ်တော် ဆက်ပြီးကျင်းပတဲ့အချိန်မှာ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆက်လက်ပြီး ကျနော်တို့ ကြိုးစားဆောင်ရွက်ပါမယ်၊ ပြီးတာနဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိစ္စများ ဖွဲ့စည်ပုံအခြေခံဥပဒေ ၄၃၆(ခ)နဲ့ ဆိုင်တဲ့ကိစ္စများကိုတော့ လွှတ်တော်အတွင်းမှာ ဆက်လက်ဆောင်ရွက်သွားပြီး တကယ်လို့များ ၄၃၆ (က) များ ပါလာလို့ရှိရင်တော့ အမျိုးသား ဆန္ဒခံပွဲဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီနဲ့ အလွန်ဆုံး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်"
၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူရဦးရွှေမန်းနဲ့ ဆွေးနွေးပြောဆိုခြင်း ခေါင်းစဉ်နဲ့ Carnegie Endowwment for International Peace အဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲ့ဒီအခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူ ပရိသက် ၁ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်နဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မစ်ခ်ျမက်ကောနယ်၊ နန်စီပလိုစီ စတဲ့ လွှတ်တော်ရေးရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ လာမယ့် တနင်္လာနေ့မှာလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Bliken နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
RFA Burmese
ပရိသတ် သောင်းချီတက်သည့် မေ၀ယ်သာနှင့် ပတ်ကွီရို ပေါင်ချိန်ပွဲ
 Mayweather Vs Pac 2Mayweather Vs Pac 4
မေ ၂ ရက်မှာ ထိုးသတ်မယ့် မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ရဲ့ ပေါင်ချိန်ပွဲကို ပရိသတ် သောင်းချီတက်ရောက်ခဲ့ပါ တယ်။
မေ ၁ ရက်က အမေရိကန် ပြည်ထောင်စု လတ်ဗီးဂတ်စ် အမ်ဂျီအမ် ဂရင်းမှာ ကျင်းပတဲ့ ဒီပွဲအတွက် ၀င်ကြေး က ဒေါ်လာ ၁၀ သတ်မှတ်ထားပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာ ၈၀၀ အထိ ဈေးပေါက်ခဲ့ပါတယ်။
လတ်မှတ်ရောင်းလို့ရတဲ့ ငွေကိုတော့ ပြန်လည် လှူဒါန်းသွားမှာ ဖြစ်သလို ဒီပေါင်ချိန်တဲ့ ပွဲမှာ ၂ နာရီကြာ ဖျော်ဖြေမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
မေ၀ယ်သာက ၀ယ်သာဝိတ်သတ်မှတ်ပေါင်ချိန်အောက် တပေါင်လျော့ပြီး ၁၄၆ ပေါင်ရှိပြီး ပတ်ကွီရိုကတော့ ၁၄၅ ပေါင်ရှိပါတယ်။
သူတို့ ၂ ဦးက ကမ္ဘာလက်ဝှေ့အဖွဲ့တွေ ဖြစ်တဲ့ ဒဗလျူဘီစီ၊ ဒဗလျူဘီအေ၊ ဒဗလျူဘီအို ၀ယ်သာဝိတ် သရဖူ အတွက် ထိုးသတ်ကျမှာ ဖြစ်ပါတယ်။
“ကျနော်ရဲ့ အရည်အသွေးကို ယုံတယ်၊ ကျနော် အောင်မြင်မှာပါ” လို့ အသက် ၃၈ နှစ် မေ၀ယ်သာက ပြောပါ တယ်။
“ပရိသတ်တွေကို ပျော်ရွှင်မှုပေးဖို့ ကျနော်မှာ တာဝန်ရှိနေပါတယ်၊ မေ၀ယ်သာ ပရိသတ်ပဲ ဖြစ်ဖြစ် ပတ်ကွီရို ပရိတ်သတ်ပဲဖြစ်ဖြစ် ပွဲကောင်းတခု ဖြစ်ဖို့ ထိုက်တန်ပါတယ်” လို့ ပတ်ကွီရိုက ပြောပါတယ်။
အရပ်အမောင်းအရ မေ၀ယ်သာက ၅ ပေ ၈ လက်မရှိသလို ပတ်ကွီရိုကတော့ ၅ ပေ ၆ လက်မရှိပေမယ့် သူထက်အရပ်မြင့်တဲ့သူတွေနဲ့ ထိုးခဲ့ဖူးတဲ့ အတွက် ကိစ္စမရှိဘူးလို့ ပတ်ကွီရိုက ပြောပါတယ်။
DVB
တောင်သမန်အင်း ရေဆိုးအင်းကြီး ဖြစ်နေပြီဟုဆို
11202690_691177144343872_290081664_o
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ငါးများအစုလိုက်အပြုံလိုက်သေ ဆုံးရတာဟာ မန္တလေးစက်မှုဇုန်က စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကြောင့်ဖြစ်တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။
တောင်သမန်ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေက စွန့်ပစ်တဲ့အမှိုက်တွေနဲ့ အနီးနား ချောင်းမြောင်းတွေကစီးဝင်တဲ့ ရေဆိုးတွေကြောင့် တောင်သမန်အင်းဟာ
 ရေဆိုးအင်းကြီးတခု ဖြစ်နေပြီလို့ သတင်းကဆိုပါတယ်။
လတ်တလော တောင်သမန်အင်းမှာ ထောင်နဲ့ချီတဲ့ငါးတွေ သေဆုံးနေပြီး ရေပေါ်ပေါ်နေကာ အနံ့ဆိုးတွေ ထွက်ပေါ်နေပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက လောလောဆယ် စက်မှုဇုန်က စက်ရုံတွေ ပိတ်ခိုင်းထားလိုက်ပြီလို့ ပြောပါတယ်။
11179866_691177204343866_624955813_o“ရေဆိုးထုတ်တဲ့စက်ရုံတွေအားလုံးကို ပိတ်ခိုင်းထားပါတယ်။ ဧပြီ၊ မေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့တွဲလုပ်နေတဲ့အပိုင်းရှိသလို မန္တလေးစည်ပင်အနေနဲ့လည်း ကုစားဖို့ လုပ်နေပါပြီ။ နောက်စည်ပင်နဲ့ကုမ္ပဏီတခုနဲ့ပူးပေါင်းပြီး ရေဆိုးသန့်စင်ပြီးထုတ်ဖို့ လုပ်ငန်းလည်း လက်မှတ်ထိုးမယ့်အဆင့်ရောက်နေပါပြီ၊ စတော့မှာပါ။”
မန္တလေးစက်မှုဇုန်က ရေဆိုးထုတ်တဲ့စက်ရုံတွေကို စစ်ဆေးအရေးယူသွားမယ်လို့လည်း သိရပါတယ်။
တောင်သမန်အင်းမှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကတကြိမ်၊၂၀၁၅ ခုနှစ် ဧပြီလထဲတကြိမ် အခုလို ငါးအုပ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ဖူးပြီး ဒီတကြိမ်ကတော့ အဆိုးဆုံးဖြစ်ပါတယ်။
မန္တလေးမြို့က စာရေးဆရာဆူးငှက်ကတော့ သုံးပန်လှ တောင်သမန်အင်းထဲ ၁၂ ရာသီ ရေရှိနေတဲ့ပြဿ      နာကြောင့် အခုလို ဖြစ်ရတာလို့ သုံးသပ်ပြောပါတယ်။
11196453_691177174343869_372318790_o“အမှန်က တောင်သမန်က မြစ်ကျိုးအင်းဗျ၊ သူက ကန်လည်း မဟုတ်ဘူး၊ ဆည်လည်း မဟုတ်ဘူး၊ မြစ်ကျိုးအင်းသဘာဝ မိုးတွင်း ၀ါဆိုဝါခေါင်ကျမှ ရေ၀င်တယ်။ ရေကျသွားရင် ရေပြန်ဆုတ်သွားတယ်။ ဒီလို ရှိလို့လည်း သုံးပန်လှ တောင်သမန်လို့ ပြောတာကိုးဗျ။ နွေကျတော့ ချောင်းလေးလောက်ပဲကျန်ပြီး ကိုင်းတွေဘာတွေ စိုက်ကြ၊ မိုးတွင်းကျတခါ ဒီနေရာက ရေပြင်ကျယ်ကြီးဖြစ်သွားပြန်တယ်၊ ဆောင်းတွင်းကျ နှင်းတွေဝေနေတဲ့အောက်က မီးခိုးတလူလူနဲ့ ယာခင်းလေးတွေနဲ့ တောင်သမန်အင်းကိုဗျ။ တနှစ်မှာ ၃-၄ လ လောက်ပဲ ရေရှိတာ အရင်က. နောက်ပိုင်းကျ ဧရာဝတီမြစ်ထဲရေကို ၁၂ လလုံးလုံး သွင်းပစ်လိုက်ကြတယ်။ သွင်းတာကလည်း ငါးလေလံကိစ္စအတွက် ကိုယ်ကျိုးစီးပွားအတွက် ၁၂ လလုံးရေသွင်းပစ်၊ ရေသေကြီးဖြစ်ပြီး အခု ပြဿ      နာတွေ ဖြစ်လာတာပါပဲ။”
11180507_691177377677182_1222238061_o
၁၂ လရာသီစလုံး အလှတမျိုးစီရှိတဲ့ တောင်သမန်အင်းကို ကုစားဖို့ ပညာရှင်တွေစုဖွဲ့ပြီး ဆွေးနွေးတိုင်ပင်ညှိနှိုင်းလုပ်ဆောင်ကြဖို့ စာရေးဆရာဆူးငှက်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။
DVB
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ ဆိုးကျိုးများထည့်တွက်ဖို့ သမ္မတဦးသိန်းစိန် ပြော
 utheinsein-305.jpg
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ သတိပေးပြော ကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြို့နယ် ခန်းမအားကစားကွင်းမှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာကို အလုပ်သမားအလုပ်အကိုင်နဲ့ လူမှု ဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။
"အလုပ်သမားများအတွက် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ပေးရာတွင် မြင့်မားစွာသတ်မှတ်ပေးပါက ကုန်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာပြီး ကုန်ဈေးနှုန်းများမြင့်မားလာနိုင်ခြင်း၊ အလုပ်သမားစရိတ် သက်သာစေရန်အတွက် အလုပ်သမားအင်အားကိုလျော့ချပြီး စက်စွမ်းအားကို ပိုမိုအသုံးပြုလာနိုင်ခြင်းကြောင့် အလုပ်လက်မဲ့များ တိုးပွားလာနိုင်ခြင်းနဲ့ နောက်ဆုံးအခြေအနေတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိတော့သဖြင့် စက်ရုံများပိတ်သိမ်းသွားသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်း စသည့်အလုပ်သမားထုအတွက် မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သကဲ့သို့ လုပ်ခလစာမြင့်မားမှုကြောင့် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုများ စီးဝင်နိုင်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်"
ဒါ့အပြင် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခသတ်မှတ်ရေးကို အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဖက် မထိခိုက်အောင် နှစ်ဖက်သဘောတူညီမှု ရရှိရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာပါရှိပါတယ်။
အစိုးရက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့နယ်ပေါင်း ၁ဝဝ ကျော်မှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခသက်မှတ်ဖို့ တစ်နေ့ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်ကုန်ကျနှုန်းဟာ ကျပ် ၃ ထောင်နှုန်း ကုန်ကျတယ်လို့ဆိုပြီး သတ်မှတ်ထားပါတယ်။
အလုပ်ရှင်တွေဖက်ကတော့ အလုပ်သမားတွေအတွက် တစ်ရက် ကျပ်တစ်ထောင့်ငါးရာလောက်သာ ပေးနိုင် မယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို မန္တလေးမြို့ စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။
RFA
ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် KUPC အစည်းအဝေး ပဲခူးမြို့၌ပြုလုပ်လျက်ရှိ
ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ပဲခူးမြို့၌ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်ထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်နေခြင်းဖြစ်ပြီး ကရင်အမျိုးသားညီလာခံကျင်းပရေးကိုသာ အဓိကထားဆွေးနွေးလျက်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောကြားသည်။
"ကရင်အမျိုးသားညီလာခံကျင်းပဖို့ ဆွေးနွေးတယ်။ ညီလာခံကြီးတော့ မဖြစ်နိုင်သေးဘူး။ အကြိုညီလာခံလောက်တော့ ဆွေးနွေးတယ်။ ကရင်အနေနဲ့လုပ်လို့ရှိရင်တော့ ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ပေါ့။ တစ်ယောက်စ၊ နှစ်ယောက်စမဟုတ်ဘဲ ပါတီဆိုရင်လည်း အားလုံးပါမယ်။ လက်နက်ကိုင်အဖွဲ့အစည်းဆိုလည်း အားလုံးပါမယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆိုလည်း နိုင်သလောက် များသလောက် ပါရင်ပါမှာပေါ့။ အဲဒီလို ကရင်အဖွဲ့အစည်းတွေအားလုံးပါတဲ့ ညီလာခံကိုပဲ တို့ကလုပ်ချင်တယ်။ အဲဒါကြောင့် တတ်နိုင်သလောက်ခေါ်မယ်။ အကြိုညီလာခံကျင်းပရေးကိစ္စက အခုအစည်းအဝေးလုပ်မယ့်အပေါ် မူတည်တယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို ကရင်တိုင်းရင်းသားများအကြား စုစည်းညီညွတ်စွာရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ကရင်လွှတ်တော် ကိုယ်စားလှယ်အချို့အပါအ၀င် ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊  ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အဖွဲ့ဝင်များတိုးလာရာ လက်ရှိအချိန်တွင် အဖွဲ့ဝင် ၅၀ ကျော်ရှိကြောင်း သိရသည်။
ကော်မတီအနေဖြင့် လူထုတွေ့ဆုံပွဲများကို ကရင်တိုင်းရင်းသားများ အများစုနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်ပြုလုပ်ခဲ့ပြီး အထက်မြန်မာပြည် ကရင်လူထုနှင့်တွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့တွင် ပြုလုပ်ထားသည်။
Eleven Media Group
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ ဆိုးကျိုးများထည့်တွက်ဖို့ သမ္မတဦးသိန်းစိန် ပြော
 utheinsein-305.jpg
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ သတိပေးပြော ကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြို့နယ် ခန်းမအားကစားကွင်းမှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာကို အလုပ်သမားအလုပ်အကိုင်နဲ့ လူမှု ဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။
"အလုပ်သမားများအတွက် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ပေးရာတွင် မြင့်မားစွာသတ်မှတ်ပေးပါက ကုန်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာပြီး ကုန်ဈေးနှုန်းများမြင့်မားလာနိုင်ခြင်း၊ အလုပ်သမားစရိတ် သက်သာစေရန်အတွက် အလုပ်သမားအင်အားကိုလျော့ချပြီး စက်စွမ်းအားကို ပိုမိုအသုံးပြုလာနိုင်ခြင်းကြောင့် အလုပ်လက်မဲ့များ တိုးပွားလာနိုင်ခြင်းနဲ့ နောက်ဆုံးအခြေအနေတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိတော့သဖြင့် စက်ရုံများပိတ်သိမ်းသွားသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်း စသည့်အလုပ်သမားထုအတွက် မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သကဲ့သို့ လုပ်ခလစာမြင့်မားမှုကြောင့် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုများ စီးဝင်နိုင်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်"
ဒါ့အပြင် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခသတ်မှတ်ရေးကို အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဖက် မထိခိုက်အောင် နှစ်ဖက်သဘောတူညီမှု ရရှိရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာပါရှိပါတယ်။
အစိုးရက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့နယ်ပေါင်း ၁ဝဝ ကျော်မှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခသက်မှတ်ဖို့ တစ်နေ့ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်ကုန်ကျနှုန်းဟာ ကျပ် ၃ ထောင်နှုန်း ကုန်ကျတယ်လို့ဆိုပြီး သတ်မှတ်ထားပါတယ်။
အလုပ်ရှင်တွေဖက်ကတော့ အလုပ်သမားတွေအတွက် တစ်ရက် ကျပ်တစ်ထောင့်ငါးရာလောက်သာ ပေးနိုင် မယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို မန္တလေးမြို့ စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။
RFA
NCA ကိစ္စ ပန်ဆန်း တိုင်းရင်းသား ညီလာခံမှာဆွေးနွေး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင်လိုက်ပြီး၊ UWSP ဥက္ကဌ ဦးပေါက်ယူချန်းက အဖွင့်မိန့်ခွန်းပြောကြားရာမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထား ပြောဆိုခဲ့ပါတယ်။
ဒီအဖွင့်မိန့်ခွန်းမှာ စစ်ပွဲတွေ မရပ်စဲနိုင်ရင် ပြီးခဲ့တဲ့ မတ်လကုန်က လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ဟာလည်း စက္ကူပေါ်က စာသားသာဖြစ်နေကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ ဒီကနေ့စတင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို အဖွဲ့ ၁၂ ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၆၀ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ပါဝင်တဲ့ NCCT (ခေါ်) အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ညီလာခံ စတင်ပြီး UWSP ဥက္ကဌ ဦးပေါက်ယူချန်းက အဖွင့်မိန့်ခွန်းပြောကြားရာမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“အဖွင့်မိန့်ခွန်းရဲ့သဘောကတော့ ညီညွတ်ရေးအတွက်ပါပဲ။ ညီညွတ်ရေးအတွက်ရယ်၊ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ဖို့အထိ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့ဗျာ ဒါတွေ ပါပါတယ်။ လက်ရှိကတော့ ၃၁ ရက်နေ့ရထားတဲ့ မူကြမ်းမှာတော့ မြေပြင်တိုက်ပွဲတွေ မရပ်ဘူးဆိုရင်ပေါ့ဗျာ ဒီမူကြမ်းက အဓိပ္ပါယ်မရှိဘူးပေါ့။ စာရွက်ပေါ်က စာသားတွေပဲ ဖြစ်မှာပေါ့။ အဓိပ္ပါယ် ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူးပေါ့။ ဒါကြောင့် အကောင်အထည် ဖော်နိုင်တဲ့ မူကြမ်းမျိုးဖြစ်အောင် ကြိုးစားရမှာပေါ့ဗျာ။ အဲဒီလိုတော့ သူ ထောက်ပြတာရှိပါတယ်။”
ဒီမိန့်ခွန်းကို ဦးပေါက်ယူချန်းက အနည်းငယ်ဖတ်ကြားပြီး အခြားသူတဦးက အဆုံးထိ ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ UWSP က ပြည်ထောင်စု အစိုးရဆီကို တင်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဆီက စာနာမှု၊ နားလည်မှုနဲ့ ထောက်ခံမှုတွေ ရမယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်း ပြောကြားထားပါတယ်။
ညီလာခံစတင်တဲ့နေ့မှာတော့ မွန်ပြည်သစ်ပါတီ MNSP၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ MNDAA၊ ရခိုင်တပ်မတော် AA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ အဓိက တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲအပေါ်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
“ဒီနေ့ ဆွေးနွေးပွဲက agenda တွေ၊ issue တွေကို ဆွေးနွေးတဲ့အဆင့် မရောက်ဘူး။ ဒီနေ့ ဆွေးနွေးပွဲက တက်ရောက်လာတဲ့ အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေက ကိုယ့်အမြင် သဘောထားတွေကို တင်ပြတာဖြစ်တယ်။ သူ့အမြင်၊ ကိုယ့်အမြင်ပေါ့ တင်ပြကြတာတွေကို ကျနော်တို့က ၀ိုင်းနားထောင်ကြတဲ့ အဆင့်ပဲရှိတယ်။ အပြန်အလှန် မေးတာတို့ ဘာတို့ မရှိသေးဘူး။”
UWSP အဖွဲ့က ပန်ဆန်းညီလာခံကို NCCT အဖွဲ့ဝင် ၁၆ ဖွဲ့အနက်က ၉ ဖွဲ့ကိုသာ ရွေးချယ် ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး ညီလာခံမစတင်ခင်က ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဒီညီလာခံနဲ့ပတ်သက်ပြီး သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။
“အားရကျေနပ်မှုတော့ ရှိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီလိုင်ဇာမှာ ၂ ကြိမ်၊ လော်ခီးလာမှာ ၁ ကြိမ်၊ တိုင်းရင်းသားတွေ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီလာခံလုပ်ခဲ့ပြီးပြီ။ အဲဒီမှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မုန်းလားအဖွဲ့ကပေါ့ တခါမှ လာမတက်ဖူးဘူးခင်ဗျ။ ဒါကြောင့် ကျနော်တို့က ဒီတခေါက် သူတို့ကိုယ်တိုင် ဦးစီးပြီးတော့ သူတို့နယ်မြေမှာ ဖိတ်ခေါ်ပြီးတော့ ကျင်းပတဲ့အတွက် ဒါက ကျနော်တို့က ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုရမှာဖြစ်တယ်။ တိုင်းရင်းသား ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်းပေါ့၊ ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာသော်လည်းကောင်း အင်အားတွေ ပိုပြီးတော့ ရရှိတယ်ဆိုတဲ့ အမြင်မျိုးပေါ့ ဒီနေ့ ဖွင့်တဲ့ရက်မှာ ကျနော်တို့ အဲဒီလိုတော့ ခံစားမိတယ်။”
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်တဲ့ ဂျနီဗာအခြေစိုက် Centre for Humanitarian Dialogue ရဲ့ ရန်ကုန်ရုံးခွဲက အကြီးတန်း စီမံကိန်းအရာရှိ ဦးဇာကျဲလျံကတော့ ပန်ဆန်းမှာကျင်းပတဲ့ ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး မပါဝင်တာကြောင့် ထိပ်သီးဆွေးနွေးပွဲ နောက်တကြိမ်ကျင်းပဖို့ လိုအပ်နေကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မှာ မစိုးရိမ်ကြောင်း ထောက်ပြောဆိုပါတယ်။
“အဓိကကတော့ အခု ၀ ကနေ ကြီးမှူးကျင်းပနေတဲ့ ညီလာခံက NCCT က မျှော်မှန်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပါဝင်ပြီးတော့ အစိုးရဆီကနေ ရထားတဲ့ နောက်ဆုံး မူကြမ်းဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတဲ့ ထိပ်သီးညီလာခံကြီးကို သူတို့ကလုပ်တာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဖြစ်စဉ်မှာ မပါတဲ့အဖွဲ့တွေအတွက်က တော်တော်လေး misunderstanding လည်း ရှိနေတဲ့အခါကျတော့ အခု NCT ကနေ NCCT အဖွဲ့တွေမှာပါတဲ့ အဖွဲ့ရော၊ မပါတဲ့အဖွဲ့တွေပါ အားလုံး ခေါ်ထားပြီးမှ အခု သီးသန့်ထိပ်သီးညီလာခံကို ထပ်ခေါ်ပြီးမှ အချေအတင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အခု ဒီမှာဆွေးနွေးတဲ့အပိုင်းကလည်း NCCT ကနေ အခု ဦးဆောင်နေတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သွားနေတဲ့ဟာကိုလည်း ကျနော်က ထိခိုက်မယ်လို့လည်း ကျနော်က မစိုးရိမ်ဘူး။ အကြောင်းရင်းက NCCT ကနေ ကြီးမှူးကျင်းပတာ မဟုတ်ဘူး။ NCCT Agenda အတိုင်း သွားတာမဟုတ်တဲ့အခါကျတော့ ကျနော် မစိုးရိမ်ဘူး။”
ပန်ဆန်းညီလာခံကိုတော့ ဒီလ ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီညီလာခံပြီးဆုံးတဲ့နောက်မှာ NCCT က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ထပ်သီးညီလာခံ ကျင်းပမယ့်ရက်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ မတ်လကုန်က ရရှိထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးနောက်မှာတော့ အပစ်ရပ်စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်နေတဲ့ တချိန်တည်းမှာတော့ ရှမ်းပြည်နယ်အတွင်း ကိုးကန့်၊ ပလောင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
စစ်ပြေးဒုက္ခသည်များ အခက်အခဲပေါင်းစုံ ကြုံတွေ့နေ
ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တချို့ကိုတွေ့ရစဉ်။ Photo: Zaw Win ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဧပြီ လဆန်းပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် လေးရာနီးပါးလောက်ဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။
ဒုက္ခသည်တွေအတွက် ကူညီမယ့်သူ မရှိဖြစ်နေတယ်လို့ ပလက်ဝမြို့ ခူမီးလူငယ်များအသင်းက ဥက္ကဌ ဦးစတီဗင် က ပြောပါတယ်။
"အခုလောလောဆယ်ကျတော့ ကျနော်တို့ နေရာချ ထားရေးကျတော့ ကျနော်တို့ တာဝန်မယူနိုင် ဘူးဖြစ်နေတယ်ခင်ဗျ၊ မနေ့က ကျနော်တို့ ရောက် သွားတဲ့အခါတာတော့ မနက်ဖြန်အတွက် ချက်စရာဆန်ကိုမရှိတော့တဲ့ မိသားစု ၅၇ လောက် ချက်စရာဆန်မရှိတော့ဘူးခင်ဗျ၊ ကျနော်တို့ မပို့လိုက်ဘူးဆိုရင် ချက်စရာဆန်ကိုမရှိတော့တာ၊ အခုလောလောဆယ် အခြေအနေကျတော့ ဘာမှတစ်ခုမှ ထမ်းမလာနိုင်တဲ့အတွက်ကြောင့် စားစရာဆန်လုံးဝ အကုန်ဖြစ်နေတယ်၊ နောက်သူတို့ဟာအထူးသဖြင့် အမိုးအကာ ဒီ့အတွက် အရမ်းလိုအပ်နေတယ်၊ တစ်စုံတစ်ရာအဖွဲ့အစည်းကမှ မကူညီရသေးဘူး"
ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာတဝိုက်မှာ ကျေးရွာပေါင်း ၄ဝ ဝန်းကျင်ရှိပေမယ့် ပြိုင်စိုရွာက ရွာသားတွေ ထွက်ပြေးကြတာဖြစ်ပါတယ်။
RFA Burmese
သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ မျှော်မှန်း
 ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရသစ်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးချယ်မယ်ဆိုရင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့ အကြောင်း ၀ါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ပြည်ထောင်စု လွှတ်တော်နာယကလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြန်စတာနဲ့ ဆက်လက် ဆောင်ရွက်မှာဖြစ်တဲ့အကြောင်းလည်း ဒီကနေ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မူဝါဒရေးရာတွေကို လေ့လာသုတေသနပြုနေတဲ့ Carnegie Endowment for International Peace အဖွဲ့က ပူးတွဲ ကမကထလုပ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။ ဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဒီနှစ်ကုန် မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ဘယ်လောက် လွတ်လွတ်လပ်လပ် မျှမျှတတ ကျင်းပနိုင်မလဲဆိုပြီး နိုင်ငံတကာက စိတ်ဝင်စားနေတဲ့အချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို ရောက်လာတာဖြစ်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ နောင်တက်လာမယ့် အစိုးရအဖွဲ့ထဲမှာ သူ့ပါတီက ရွေးချယ်မယ်ဆိုရင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုပြီး ပြောဆိုထားတဲ့အတွက်လည်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နိုင်ဖို့အတွက် မျှော်လင့်ချက် ရှိပါသေးသလား - ဒီမေးခွန်းက ဒီကနေ့ အခမ်းအနားမှာ အားလုံး စိတ်ဝင်စားတဲ့ မေးခွန်းတခု ဖြစ်ခဲ့ပါတယ်။
“နိုင်ငံတော်သမ္မတ ရွေးချယ်မှုကို ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီက ဦးစွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အကယ်လို့ ကျနော်က ပါတီကနေပြီးတော့ အမည်စာရင်း တင်သွင်းတာကို ပြည်သူ့ကိုယ်စားများဖွဲ့စည်းထားတဲ့ လွှတ်တော်က ရွေးချယ် အတည်ပြုပေးမယ်ဆိုရင်တော့ အဆွေတော်မေးတဲ့ မေးခွန်းအတိုင်းပဲ နိုင်ငံတော်သမ္မတအတွက် မျှော်လင့်ချက် ထားရမှာပေါ့။”
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက လက်ခံပြောဆိုပါတယ်။ တချိန်တည်းမှာ လွတ်လပ်မျှတဖို့ လိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း သူက အခုလို ပြောဆိုသွားပါတယ်။
“မှန်ပါတယ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ သတ်မှတ်ထားတဲ့အချိန်ဖြစ်တဲ့ နိုဝင်ဘာလ ပထမအပတ်၊ နိုဝင်ဘာလဦးပိုင်းမှာ ကျင်းပဖို့နဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် အဓိကကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍမှာ တည်ပါတယ်။ ထိုနည်းတူစွာပဲ လက်ရှိအစိုးရ၊ လက်ရှိ လွှတ်တော်အသီးသီးနဲ့ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကလည်း ပါဝင်ပူးပေါင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အစဦးပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ကတိပေး ထုတ်ပြန်ကြေညာချက် ပြုထားပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ဖို့နဲ့ စနစ်တကျ မဲပေးနိုင်ဖို့ကိစ္စကိုလည်း ရွေးကောက်ပွဲကော်မရှင် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အသီးသီးက ရွေးကောက်ပွဲဝင်တဲ့နေရာမှာ ရွေးကောက်ပွဲဝင်တဲ့ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို နားလည်ဆောင်ရွက်ဖို့ လိုပါတယ်။ ထိုနည်းတူစွာပဲ မဲဆန္ဒပေးကြမယ့် ပြည်သူများအနေနဲ့လည်း မိမိမဲပေးရတဲ့နေရာမှာ မဲပေးနိုင်ဖို့အတွက် အခွင့်အလမ်းရရှိဖို့နဲ့ ၀င်ရောက် မဲပေးကြဖို့လည်း လိုအပ်ပါတယ်။”
ရွေးကောက်ပွဲကျင်းပပြီးလို့ ရလာတဲ့ ရွေးကောက်ပွဲရလဒ်က လက်ရှိ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်က မကြိုက်နှစ်သက်တဲ့ “အဖြေ” ဖြစ်ခဲ့မယ်ဆိုရင်ကော လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။
“ပြည်သူရဲ့ဆန္ဒကို ကျနော်တို့ အလေးထားရမယ်။ ပြည်သူ့ရဲ့ရွေးချယ်မှုကို ကျနော်တို့ အတည်ပြုပေးရမယ်။ ဒါမှ ပြည်သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိကမေးခွန်းထုတ်သူတွေ သိချင်ကြတာက ဖွဲ့စည်းပုံပြင်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ရေးမှာ အဓိက အဟန့်အတား ဖြစ်နေပါတယ်။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ပြီး လွှတ်တော်စတာနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပေး ပြောဆိုပါတယ်။
“လွှတ်တော်ဆက်ပြီး ကျင်းပတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ဆက်ပြီး ကျနော်တို့ ကြိုးစားဆောင်ရွက်ပါမယ်။ ပြီးတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ (ခ) နဲ့ဆိုင်တဲ့ ကိစ္စများကတော့ လွှတ်တော်အတွင်းမှာ ဆက်လက် ဆောင်ရွက်ပြီး အကယ်လို့များ ၄၃၆ (က) များ ပါလာတယ်ဆိုရင်တော့ အမျိုးသားဆန္ဒခံယူပွဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီနဲ့ အလွန်ဆုံး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်။”
မြန်မာနိုင်ငံရဲ့အနာဂတ်မှာ လက်ရှိ အများစု အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းနိုင်မယ့် အလားအလာ ရှိပါသလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း အခမ်းအနားမှာ ရှိခဲ့ပါတယ်။
“နိုင်ငံအတွက် အများပြည်သူအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အနာဂတ်အတွက်ရော ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။”
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘေနာရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ တပတ်ကြာ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်အတွင်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာရှိတဲ့ ပါတီ ၂ ရပ်စလုံးက အထင်ကရ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။
ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
Friday, May 1, 2015
ငလျင် ဗဟိုချက်အနီး အလုံးစုံ ပျက်သုဉ်းလုနီး ဖြစ်နေ
ငလျင် ဗဟိုချက် အနီးက မြို့တွေ ရွာတွေမှာ အခြေအနေတွေ ဆိုးရွားနေ။
နီပေါ နိုင်ငံမှာ စနေနေ့က လှုပ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ရဲ့ ဗဟိုချက် အနီးက မြို့တွေ၊ ရွာတွေမှာ အလုံးစုံ ပျက်သုဉ်းလုနီးနီး အခြေအနေတွေနဲ့ ရင်ဆိုင် နေရကြောင်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။
ပြင်းအား ၇ ဒသမ ၈ ရှိခဲ့တဲ့ အဲဒီ ငလျင်ကြောင့် အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူပေါင်း ၆ ထောင့် ၂ ရာကျော် ရှိလာပြီး ၁ သောင်းနဲ့ ၄ ရာ နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ နီပေါ အစိုးရက ပြောပါတယ်။
ဒါပေမယ့် သွားလာရ ခက်ခဲတဲ့ ဒေသတွေက လူ ထောင်ပေါင်းများစွာရဲ့ ကံကြမ္မာကိုတော့ အခုချိန်အထိ မသိရသေးဘဲ စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ တစ်သောင်းကျော် အထိ ရှိလာနိုင်တယ်လို့လည်း အစိုးရက ပြောပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေက ခတ္တမန္ဒူ မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာပဲ ရှာဖွေ ကူညီရေးတွေ လုပ်ဆောင် နေနိုင်ပေမယ့် အဲဒီ အရောက်အပေါက် ခက်ခဲတဲ့ ဒေသတွေကို သွားရောက်ဖို့တော့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ မြေပြိုမှုတွေကြောင့် အခက်တွေ့ နေပါတယ်။
အဲဒီ ဒေသတွေကို အကူအညီတွေ ပေးပို့ရာမှာ အဓိက အားပြုနေရတဲ့ ရဟတ်ယာဉ်တွေလည်း မလောင်မင ဖြစ်နေပြီး၊ တရုတ်နိုင်ငံက ထပ်ပို့ပေးဖို့ မျှော်လင့်ရပေမယ့် နီပေါ အစိုးရက တခြား နိုင်ငံတွေကိုလည်း ရဟတ်ယာဉ်တွေ တောင်းခံ ထားပါတယ်။
ကုလသမဂ္ဂကတော့ လာမယ့် ၃ လ အတွက် ကူညီရေး ရန်ပုံငွေ အဖြစ် နိုင်ငံတကာကို ဒေါ်လာ ၄၁၅ သန်း တောင်းခံထားပြီး အခုချိန် အထိ ဒေါ်လာ ၅ ဒသမ ၈ သန်းသာ ရရှိသေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။
BBC Burmese
၁၆ အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် ရဲဝန်ထမ်းနှစ်ဦးအား အမှုဖွင့်ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၂၉
 ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် ဧပြီလ ၂၀ ရက်တွင် တွန်းဇံမြို့နယ် မြို့မရဲစခန်း၌ ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း တွန်းဇံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ဧပြီလ ၂၈ ရက်တွင် မြန်မာသံတော် ဆင့်သို့ အတည်ပြု ပြောကြားသည်။
အမှုဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် မ —- ကို ဧပြီလ ၁၁ ရက် ညပိုင်းတွင် တွန်းဇံမြို့မ ရဲစခန်းအတွင်း နေ ထိုင်သော အစ်မ နေမကောင်း ဖြစ်နေခြင်းကြောင့် ပြုစုပေးရန် လူလိုသည့်အတွက် ခဲအိုဖြစ်သူ တပ်ကြပ် ဇေယျာ ထက်က ပြစ်မှုကျူးလွန်သူဟု စွပ်စွဲအရေးယူ ခံထားရသူ ဒုတပ်ကြပ်ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့အား သွားရောက် ခေါ်ယူ ခိုင်းခဲ့ရာ ရဲစခန်းသို့ အပြန်လမ်းတွင် ၎င်းတို့က အဆိုပါ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့် ခဲ့သည့်အတွက် အဓမ္မပြု ကျင့်ခံရသူ၏ ဖခင်က တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်သည်။
““ဖြိုးပိုင်ကို ခေါ်ခိုင်းလိုက်တာ။ မိန်းကလေးရဲ့ အစ်မယောက်ျားက တွန်းဇံစခန်းက တပ်ကြပ် ဇေယျာထက်။ သူ့ကို ခေါ်ခိုင်းလိုက်တာ။ သူ့အစ်မ မူးလဲလို့ ခေါ်ခိုင်းလိုက်တာ။ သူကနေပြီးတော့ ၇၊ ၈ နာရီ လောက်မှာ သွားတယ်။ ရွာဘက်သွားတဲ့လမ်းမှာ သားမယား ပြုကျင့်တာ။ အခုတော့ တွန်းဇံမြို့မ ရဲစခန်းမှာ ချုပ်ထားပါတယ်။ ပြစ်ဒဏ် မချရသေးဘူး။ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်သွားမှာပါ။ အမှုကို ခရိုင်တရားရုံးကို အမြန်ဆုံး တင်ပို့နိုင်အောင် စီစဉ်နေပါရှိတယ်”” ဟု တွန်းဇံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးစစ်ဆေးခံနေရသူ ဒုတပ်ကြပ်ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့အား တွန်းဇံမြို့မ ရဲစခန်းတွင် ပနံပါတ် ၂/၂၀၁၅၊ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး အားပေးကူညီမှု ထည့်သွင်း ထားခြင်းမှာ ပြစ်မှုကျူးလွန်သူ တစ်ဦးထက်ပိုသည့် အတွက် ယင်းပုဒ်မ ထည့်သွင်းထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ငယ်ရွယ်သည့် အမျိုးသမီးငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အဓမ္မပြုကျင့်မှု ဖြစ်ပွားရခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် အဆိုပါဖြစ်ရပ်မှာ တရားဥပဒေ စိုးမိုးမှုမရှိခြင်းကို ပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း ““ဥပဒေမှာ တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်တွေက ဒီလိုအပြစ်ကို ကျူးလွန်တယ်ဆိုတော့ အဲဒီ ကောင်မလေးက သူတို့ကို ယုံကြည်ပြီး လိုက်သွားတာလေ။ ဒါမျိုးကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန် အရေးယူဖို့ ၀ိုင်းဝန်းလုပ် ရမယ်”” ဟု ချင်းအမျိုး သား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆော့ခ်က ဝေဖန် ပြောကြားသည်။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ရခိုင်တပ်နှင့် ဆက်နွယ်ကြောင်း သံသယရှိသူများကို စစ်ဆေးရာတွင် ဒဏ်ရာရသူများရှိ
သံသယရှိသူများကို စစ်ကြောရေးစခန်းတွင် မျက်နှာကို အ၀တ်ဖြင့်စည်း၍ လက်ကို မီးရှို့စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။ (ဓာတ်ပုံ - ဇော်ဝင်း)
(ကျောက်တော်၊ ဧပြီ ၃၀)
ကျောက်တော်မြို့နယ်အတွင်း မြန်မာအစိုးရတပ်မတော် က ၄င်းတို့နှင့် ထိတွေ့မှုများ ရှိခဲ့သည် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်ကြောင်း သံသယရှိသည့် အရပ်သားများ ဖမ်းဆီးစစ်ဆေးစဉ် အချို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ လင်းစင် ရွာသစ်မှ အရပ်သားများကို မြန်မာအစိုးရ တပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုမှာ အဖမ်းခံထားရဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသို့ သွားရောက်စုံစမ်းခဲ့သည့် ရခိုင်အမျိုးသမီး ကွန်ရက် (ကျောက်တော်) ဥက္ကဋ္ဌ ဒေါ်လှမေ ကပြောသည်။
“ကျွန်မတို့ကို သူတို့ရဲ့ သား၊ မယားတွေက လူနာမည် စာရင်းနဲ့တကွ တိုင်ကြားလာလို့ သိရတာပါ။ အရပ်သား ၇၀လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပေမယ့် အတိအကျတော့ မသိရဘူး။ ဒါပေမယ့် လင်းစင်ရွာသစ်ကတော့ ၁၈ယောက် အဖမ်းခံနေရတုန်းပဲဆိုတာ နာမည်စာရင်းနဲ့ တကွသိခဲ့ရတယ်။ အဲ့ဒီအထဲက ၅ယောက်က ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရထားတယ်လို့ သိရတယ်” ဟု ဒေါ်လှမေ ကပြောသည်။
ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များကို ယင်းဒေသအနီးရှိ တောတောင်များအတွင်း ဖမ်းဆီးရမိမှုများ ရှိခဲ့ပြီး၊ ၄င်းတို့နှင့်အတူ လက်နက်၊ အသုံးအဆောင် နှင့် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်မှုများ ရှိခဲ့သည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်ကြောင်း သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် အရပ်သားများကို စစ်ဆေးစဉ် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ ကျောက်တော်ဒေသအတွင်းရှိ မြန်မာအစိုးရ တပ်မတော် တာဝန်ရှိသူများထံမှ အတည်ပြုချက် မရရှိသေးပါ။
တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးရမိသော ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များကို စစ်ဆေးချက်အရ သိရှိရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သူ ၆၃ ဦး ကို ဖမ်းဆီးပေးရန် တပ်မတော်က စာရင်းပေးပို့ထားသော်လည်း လက်ရှိအချိန်အထိ တစ်ဦးမျှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူကြီး ဘိုဘိုဦး ကပြောသည်။
အပြစ်မဲ့ပြည်သူများကို သံသယနှင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိမ်သောက ရောက်နေကြောင်း သိရှိနေရသည့်အတွက် ဒေသအာဏာပိုင်များ အနေဖြင့် အပြစ်မဲ့ ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်း ရခိုင်အမျိုးသားပါတီ က ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ခိုင်ဖြိုး RakhineNewsAgency‬
ပခုက္ကူတွင် ရွာနှစ်ရွာ ခိုက်ရန်ဖြစ်ပွား
ဓာတ်ပုံ - ပခုက္ကူ ဂျာနယ်လစ်ဖေ့စ်ဘွတ်ခ်
ပခုက္ကူမြို့နယ်မှာ အရှေ့ချောက်ကန်ရွာနဲ့ အနောက်ချောက်ကန် ရွာနှစ်ရွာ ခိုက်ရန်ဖြစ်ကြတဲ့အတွက် ရဲအင်အား ၇၀ လောက်နဲ့ လုံခြုံရေးပေးနေရပါတယ်။
ဧပြီ ၃၀ ရက်နေ့ ညနေမှာ ဖြစ်ခဲ့ပြီး ရွာပတ်ဝန်းကျင်မှာလည်း မီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။
‘‘မီးသတ်ကား သုံးစီးသွားတာတွေ့တယ်။ ရဲကားတွေလည်း စောစောကပဲ သွားတာတွေ့တယ်” လို့ အဲဒီရွာသွားတဲ့ လမ်းအနားမှာ ရောက်နေတဲ့ ကိုဉာဏ်ရည်ဖြိုးက ဧပြီ ၃၀ ရက်နေ့ ညနေ ၇ နာရီအချိန်က ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၂၈ ရက်က ရွာဘုန်းကြီးပျံပွဲမှာ ရွာသား အချင်းချင်းဖြစ်ခဲ့တဲ့ရန်ပွဲက စဖြစ်တာလို့ ပခုက္ကူမြို့မ ရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
“ရိုက်ခံရတဲ့ ရွာဘက်က လာတိုင်လို့ အမှုဖွင့်ထားပြီးပါပြီ။ တရားခံက တယောက်ပဲ သိရပြီး အဲဒီတယောက်က တိမ်းရှောင်နေတယ်။ ခုတော့ ကျနော်တို့ စခန်းနဲ့ ခရိုင်က ရဲအင်အား ၇၀ လောက်နဲ့ ရွာနှစ်ရွာကြားမှာ လုံခြုံရေးပေးနေပါတယ်” လို့ ဒုရဲအုပ်ဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ရိုက်ခဲ့တဲ့ ရွာသားကို အပ်ဖို့ နှစ်ဖက်ရွာလူကြီးတွေ ညှိနှိုင်းခဲ့ကြပေမယ့် အခြေအနေ တင်းမာခဲ့တာကြောင့် နယ်ထိန်းရဲတပ်ဖွဲ့က သွားရောက်ခဲ့ကြတာလို့ ဆိုပါတယ်။
ရွာပတ်ဝန်းကျင်မှာ မီးလောင်တာကတော့ ရှို့မီးလည်းဖြစ်နိုင်ပေမယ့် အတိအကျတော့ မသိရသေးဘူးလို့လည်း ဒုရဲအုပ်ဌေးဝင်းက ပြောပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၁၁ နာရီ ပခုက္ကူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုချိန်ထိ လုံခြုံရေး ယူထားရဆဲဖြစ်ပြီး နှစ်ဘက်ရွာသားတွေ ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။
 By ပိုင်စိုး (ဒီဗွီဘီ)
နီပေါမှာ အီးယူ နိုင်ငံသား တစ်ထောင် ပျောက်ဆုံးနေ
နီပေါမှာ သေဆုံးသူ တစ်သောင်း ကျော်သွား နိုင်တယ်လို့ ခန့်မှန်းထား။ 
နီပေါ နိုင်ငံမှာ ပြင်းအားကြီး ငလျင် လှုပ်ခတ်ခဲ့ပြီး တစ်ပတ် နီးပါး ကြာလာ ချိန်မှာ အီးယူ နိုင်ငံသား ၁ ထောင် ပျောက်ဆုံးနေပြီး သူတို့ကို ရှာဖွေ ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။
အဲဒီ အီးယူ နိုင်ငံသား တစ်ထောင်ထဲက အများစုဟာ ဧဝရက် တောင်နဲ့ လန်တန် တောင်တန်း ဒေသ တဝိုက်မှာ ခရီးထွက်နေ ခဲ့ကြတယ်လို့ ယူဆရကြောင်း အီးယူ အရာရှိ တစ်ယောက်က ပြောပါတယ်။
အများစုကိုတော့ အသက်ရှင် နေလိမ့်မယ်လို့ ယူဆရပြီး ငလျင်ဒဏ်ကြောင့် အဆက်အသွယ် ပြတ်တောက် နေတာလို့ မျှော်လင့်ရပါတယ်။
ငလျင်ဒဏ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ရဟတ်ယာဉ်တွေ ပေးပို့ကြဖို့ နီပေါ အစိုးရက အကူအညီ တောင်းခံ ထားပါတယ်။
သွားလာရ ခက်တဲ့ ဒေသတွေက ထောင်နဲ့ချီတဲ့ လူတွေရဲ့ ကံကြမ္မာကို မသိရသေးတဲ့အတွက် သေဆုံးသူ အရေအတွက် တစ်သောင်း အထိ ရှိလာနိုင်တယ်လို့ နီပေါ အစိုးရက ပြောထားပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေက ခတ္တမန္ဒူ မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာပဲ ရှာဖွေ ကူညီရေးတွေ လုပ်ဆောင် နေနိုင်ပေမယ့် အဲဒီ အရောက်အပေါက် ခက်ခဲတဲ့ ဒေသတွေကို သွားရောက်ဖို့တော့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ မြေပြိုမှုတွေကြောင့် အခက်တွေ့ နေပါတယ်။
ကုလသမဂ္ဂကတော့ လာမယ့် ၃ လ အတွက် ကူညီရေး ရန်ပုံငွေ အဖြစ် နိုင်ငံတကာကို ဒေါ်လာ ၄၁၅ သန်း တောင်းခံထားပြီး အခုချိန် အထိ ဒေါ်လာ ၅ ဒသမ ၈ သန်းသာ ရရှိသေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။
BBC Burmese
မြန်မာ သင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန်ဖမ်းဆီး
ဓာတ်ပုံ - marinetraffic.com
အီရန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒိန်းမတ် စင်းလုံးငှား ကုန်တင်သင်္ဘောမှာ လိုက်ပါလာတဲ့ သင်္ဘောသားတွေထဲမှာ  မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။
ဒိန်းမတ် သင်္ဘောကုမ္ပဏီအုပ်စု  A.P. Moeller-Maersk  က ငှားရမ်းပြေးဆွဲနေတဲ့    Maersk Tigris  ကုန်တင်သင်္ဘောကို  အီရန်အစိုးရအစောင့်တပ်ဖွဲ့က ဧပြီ ၂၈ ရက်နေ့က ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့အကြား ဟော်မုဇ်ရေလက်ကြားမှာ  ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
သင်္ဘောပေါ်မှာ မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး လိုက်ပါလာတယ်လို့   အီရန်အစိုးရ ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။ သင်္ဘောပေါ်မှာ  မြန်မာသင်္ဘောသားအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒိန်းမတ်အခြေစိုက် အီရန်သံရုံးကတော့ သံတမန်တွေအနေနဲ့ လိုအပ်လို့ တောင်းခံလာ မယ်ဆိုရင် သင်္ဘောသားတွေဆီသွားတွေ့ခွင့်ရတယ်လို့  ပြောပါတယ်။
ဓာတ်ပုံ - marinetraffic.com
ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုပြဿ    နာဖြစ်ပြီး  နောက်ကွယ်မှာ  နိုင်ငံရေးနဲ့ လုံခြုံရေး ရည်ရွယ်ချက်တွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ လည်း သံရုံး ကြေညာချက်မှာ ပြောပါတယ်။
သင်္ဘောကို  ထိန်းသိမ်းထားရတဲ့အကြောင်းရင်းဟာ ၂၀၀၅ ဇန်န၀ါရီက အီရန်ကုမ္ပဏီတခုက ယူအေအီးနိုင်ငံ ဒူဘိုင်းကိုပို့မယ့် ကွန်တိန်နာ ကုန်သေတ္တာ ၁၀ လုံး ဆုံးရှုံးခဲ့ရမှုနဲ့ ဆက်စပ်နေတယ်လို့ အီရန် ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း လျော်ကြေးပေးရမယ်လို့ အီရန် တရားရုံးက အမိန့်ချထားတယ်လို့လည်း ဆိုပါတယ်။
သင်္ဘောကုမ္ပဏီဘက်ကတော့ ကုန်သေတ္တာတွေကို လက်ခံယူမယ့်သူ ဘယ်သူမှ မရှိခဲ့ကြောင်းနဲ့ ယူအေအီးနိုင်ငံရဲ့ ဥပဒေအရ ရက် ၉၀ ကြာတဲ့အထိ ပစ္စည်းလာယူသူမရှိရင် အာဏာပိုင်တွေက  ရှင်းထုတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။
Maersk သင်္ဘောလိုင်းကုမ္ပဏီကတော့ ဖမ်းထားတဲ့သင်္ဘောနဲ့ သင်္ဘောသားတွေကို လွှတ်ပေးဖို့ အီရန်အစိုးရကို တောင်းဆိုထားပြီး ဒီသင်္ဘောဟာ ငှားရမ်းထားတာဖြစ်ပြီး   Maersk လိုင်းပိုင် သင်္ဘော မဟုတ်သလို သင်္ဘောသားတွေဟာလည်း Maersk သင်္ဘော လိုင်းက မဟုတ်ဘူးလို့ ပြောပါတယ်။
အီရန်အစိုးရကတော့ သင်္ဘောကုမ္ပဏီက ပေးစရာရှိတာတွေ ရှင်းပြီးသွားရင် သင်္ဘောကို ပြန်လွှတ်ပေးမှာဖြစ်ပြီး ခရီးလမ်းဆုံးကို ဆက်လက်ထွက်ခွာခွင့်ပေးမယ်လို့ ပြောပါတယ်။
ကိုးကား ။ အေအက်ဖ်ပီ
 By ဒီဗွီဘီ
ထိုင်းတောင်ပိုင်းတွင် လူသေအလောင်းများ အစုလိုက်မြှုပ်ထားမှု တွေ့ရှိ
ဓာတ်ပုံ - အေအက်ဖ်ပီ
ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းဝင်လာသူတွေလို့ ယူဆရသူတွေရဲ့ အလောင်း ၃၀ လောက် မြှုပ်ထားရာ နေရာတခုကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှာဖွေတွေ့ရှိတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ သည်နေရှင်း သတင်းစာတွေမှာ ဖော်ပြပါတယ်။
ထိုင်းနဲ့ မလေးရှား နယ်စပ်အနီး  ဆောင်ခလာခရိုင် ဆဒါအိုမြို့နယ်ထဲက  လူကုန်ကူး သမားတွေ ဖြတ်သန်းသွားလာ စခန်းချတဲ့ လမ်းကြောင်းပေါ်က တောတွင်း စခန်းနေရာမှာ အလောင်းတွေ  တွေ့တာလို့ ဆိုပါတယ်။
စွန့်ပစ်ထားတဲ့ တောင်ပေါ်တောတွင်းစခန်းနေရာတခုအနီး မြှုပ်ထားတဲ့ လူသေအလောင်း ၃၀ ကျော် မေလ ၁ ရက်နေ့က ရှာတွေ့တာဖြစ်ပြီး နောက်ထပ် အလောင်း ၂၀ လောက် ရှာတွေ့နိုင်သေးတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်သားတဦးကလည်း အလောင်းတွေမြှုပ်ထားတဲ့နေရာ ၃၂ ခုရှိပြီး လက်ရှိ အလောင်း ၄ လောင်းကို တူးဖော်ယူပြီး ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကို ပို့ထားတယ်လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေဖြစ်နို င်တယ်လို့  သံသယရှိပြီး သူတို့ဟာ  မလေးရှားကို ခိုးဝင်ဖို့ လူကုန်ကူးသူတွေကို ငွေပေးဖို့ စောင့်နေစဉ် အစာရေစာပြတ်တာ ဒါမှမဟုတ် ရောဂါကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့  ဘန်ကောက်ပို့စ်သတင်းမှာရေးပါတယ်။
အလောင်းတချို့က မြေမြုပ်သင်္ဂြိုဟ်ထားပြီး တချို့ကိုတော့ အ၀တ်တွေစောင်တွေနဲ့ အုပ်ထားတယ်လို့  ဆောင်ခလာ ရဲအရာရှိက အေပီသတင်းဌာနကို ပြောတယ်လို့ လည်း ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
DVB
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဖြစ်ရေး ထောက်ခံကြရန် UWSA ပန်ကြား
အိမ်ရှင်UWSA ရဲ့ စစ်သေနာပတိချုပ် ဦးပေါက်ယိုချမ်းက  ဒီထိပ်သီးအစည်းအဝေးဟာ လက်ရှိပြည်တွင်းရေးငြိမ်းချမ်းရေးကို မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ လို့ အဖွင့်အမှာစကားမှာ ပြောပါတယ်။
တနိုင်ငံလုံးငြိမ်းချမ်းရေးကိစ္စပြသနာတွေကို ညှိနှိုင်းဆွေးနွေးပြီး အမြင်သဘောထားတခု ရယူဖို့နဲ့ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့နဲ့ နောက်ဆုံးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးစာချုပ်တခု ရေးထိုးနိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရကိုယ်စားလှယ်တွေနဲ့ အန်စီစီတီအကြား ရရှိအကောင်အထည်ဖော်ကြတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ထိုး၊ ဒီနောက်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လှမ်းဖို့ သဘောတူထားကြပါတယ်။
မတ်လကုန်ပိုင်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) Singal Text နဲ့ပတ်သက်လို့ သူက  “တနိုင်ငံလုံးစစ်ရပ်စဲရေးအကောင်အထည်ဖော်ရာမှာ များပြားလှတဲ့ မသေချာ မရေရာမှုတွေနဲ့ တိုက်ပွဲတွေရှိနေဆဲဖြစ်ပြီး စစ်ပွဲမရပ်စဲနိုင်သမျှကာလပတ်လုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ စက္ကူပေါ်က စာသားတွေသာဖြစ်တယ်” လို့   ပြောဆိုပါတယ်။
  မြန်မာပြည်မှာ ခေတ်အဆက်ဆက် အစိုးရတွေဟာ လူနည်းစုတိုင်းသားတွေရဲ့ သိက္ခာနဲ့ ဂုဏ်သရေကို အလေးထားခြင်းမရှိ၊ နိုင်ငံတော်တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုမရှိခဲ့ဘဲ ကာလရှည်ကြာစွာ နှိမ်နင်းခြင်း ခွဲခြားဆက်ဆံခြင်းရှိနေတယ်လို့ သူက ပြစ်တင်ဝေဖန်ပါတယ်။
UWSA က ပြည်ထောင်စုအစိုးရထံ တင်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့်သတ်မှတ်ပေးဖို့ကိစ္စကို   ထောက်ခံပေးကြဖို့လည်း ဦးပေါက်ယူချမ်းက တောင်းဆိုပြောကြားပါတယ်။
ဦးပေါက်ယူချမ်းဟာ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီအတွင်းရေးမှူးချုပ်။ ၀ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ၀ပြည်နယ်ပြည်သူ့အစိုးရဥက္ကဌ ဖြစ်ပါတယ်။
ဝဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်ခဲ့ ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အပိုဒ် ၅၆ (စ) မှာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး ‘၀’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခုနဲ့ ပြည်ထောင်စုနယ်မြေများနဲ့ ပိုင်းခြားသတ်မှတ်ထားပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် နေပြည်တော်ကို သတ်မှတ်ထားပါတယ်။
ဧရိယာ စတုရန်းကီလိုမီတာ တစ်သောင်းခုနှစ်ထောင်ခန့်ရှိတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ခြင်း ရှည်လျားစွာထိတွေ့ထိနေပြီး လူဦးရေ  ခြောက်သိန်းခန့် နေထိုင်သလို  အင်အားသုံးသောင်းခန့်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိပါတယ်။   တရုတ်ဘာသာ စကားကို ရုံးသုံးသာသာစကားဖြစ်သလို တရုတ်ငွေကြေးကိုသုံးစွဲနေပါတယ်။
ဒီမနက် အစည်းအဝေးကို ရောက်နေတဲ့ သတင်းထောက်တဦးက  အဖွင့်အမှာအစကားအပြီးမှာ ဆွေးနွေးပွဲကို စတင်ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့က စတင်ဆွေးနွေးတယ်လို့ ရှင်းပြပါတယ်။
“ထူးခြားချက်ကတော့ မနက်က ဦးပေါက် (ဦးပေါက်ယူချမ်း) က စကားပြောတယ် အဖွင့်ပေါ့။  ပုံမှန်ပါပဲ။ သူတို့ နှုတ်ဆက်တယ်။ ဒီကနေ့ အဖွဲ့ ၆ ဖွဲ့က ဆွေးနွေးကြတယ်” လို့ ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIA/KIO)၊  KNU ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(PSLF)၊ ရခိုင်တပ်မတော်(AA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ NDAA မိုင်းလား တပ်ဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ(NMSP)၊  ၀တပ်ဖွဲ့(UWSA)၊  PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊  ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)တို့ တက်ရောက်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်။ လက်ရှိနိုင်ငံရေးအခြေ အနေ။  တိုက်ပွဲပြင်းထန်တဲ့ ကိုးကန့်ဒေသအပါအ၀င်  တိုက်ပွဲအခြေအ နေတွေအပြင် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြဖွယ်ရှိပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို  မေ ၆ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာ တရက်တာ ရပ်နားမယ်လို့ သိရပါတယ်။
 By အေးနိုင် (ဒီဗွီဘီ)
မြန်မာ့တပ်မတော်လေက (KNU) နယ်မြေအတွင်းဗုံးကြဲ
ပုံစာ - ပဒိုစောသောသီဘွဲ ---- တွဲဘက်အတွင်းရေးမှူး (၁) ကရင်အမျိုးသားစည်းအရုံး (KNU) မေ - ၁ - ၂၀၁၅
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာအနီးရှိ ယော်လို တွင် မြန်မာ့တပ်မတော်လေက ဗုံးကြဲချမှုနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) က ကန့်ကွက်ပြောဆိုလိုက်သည်။
အဆိုပါ ဗုံးကြဲချမှုကို ယနေ့နှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၇ ရက်နေ့ထိ ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိထားသည်ဟု (KNU) တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကပြောသည်။
၎င်းက လက်ရှိနိုင်ငံရေး အခင်းအကျင်း အနေအထားများအရ ဗုံးကြဲချမှုများသည့် မလုပ်သင့်မဖြစ်သည့်သည့် အနေအထားများ ဖြစ်သည်ဟုလည်း ပဒိုစောသောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။
ြ မြန်မာစစ်တပ်ဘက်ကမူ အဆိုပါ ဗုံးကြဲချမှုသည် တပ်မတော်လေမှ စစ်ရေးလေ့ကျင့်မှုသာ ဖြစ်သည်ဟု ဒေသခံရွာသားများကို ပြောဆိုသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်သည် တောင်ငူခရိုင်အတွင်း တည်ရှိသည်။
သတင်းနှင့်ရိုက်ကူး - ကရင်အမျိုးသား(မီဒီယာ)
နီပေါမြေငလျင်ဘေးကို ပါကစ္စတန်မှ လှူ ဒါန်းမှုထဲမှာ အမဲသားမဆလာဟင်းထုပ်တွေ ပါဝင်နေ
ဧပြီလ ၂၅ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် ကြုံတွေ့နေရတဲ့ နီပေါနိုင်ငံဟာ ပါကစ္စတန်မှ ကူညီပေးတဲ့ ပစ္စည်းတွေထဲက အမဲသားမဆလာ ဟင်းထုပ်တွေတွေ့ ရှိရတဲ့အတွက် မနှစ်မြို့ဖွယ်ရာ အဖြစ်အပျက်နဲ့  ထပ်မံကြုံတွေ့နေရပါတယ်။
ဟိန္ဒူဘာသာကိုးကွယ်သူတွေဟာ နွားသတ္တ၀ါကို အလေးအမြတ်ထားကြပြီး တိရိစ္ဆာန်သတ်ဖြတ်ခြင်းကိုလဲ တားမြစ်ထားပါတယ်။
အိန္ဒိယလူမျိုး ဒေါက်တာ ကန်မန်ဒူရဲ့ အဆိုအရ အမဲသားမဆလာအသားထုပ်တွေဟာ ပါကစ္စတန်နိုင်ငံက ကူညီထောက်ပံ့လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။ အားလုံးပေါင်း ၃၄ ယောက်ပါဝင်တဲ့  ဆရာဝန်တွေအဖွဲ့ဟာ နီပေါငလျင်ဒုက္ခသည်တွေကို ကူညီဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့ဟာ လေယာဉ်ကွင်းမှာ ပါကစ္စတန်က ရောက်ရှိလာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သွားရောက်ယူတဲ့အခါ အသင့်စားသုံးနိုင်တဲ့  အစားအသောက်အထုပ်တွေဟာ အမဲသားမဆလာအထုပ်တွေကို တွေ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယဆရာဝန်တွေဟာ ဟိုတယ်ကပေးတဲ့ အစားအသောက်တွေကို စားသောက်ပြီး ပါကစ္စတန်ကပေးပို့လာတဲ့ ပစ္စည်းတွေကို စားသောက်ခြင်း မရှိခဲ့ပါဘူး။
ဒေးလီသတင်းဌာနမှ သွားရောက်ဓါတ်ပုံရိုက်ကူးခဲ့ရာ အမဲသားမဆလာထုပ်တွေကို ပါကစ္စတန်မှ နောင်ရှရီယာခန့်က ထုတ်လုပ်ပြီး ရောင်းရန်မဟုတ်ကြောင်း ပါဝင်တဲ့ စာတွေကို တွေ့ရှိခဲ့ပါတယ်။ နီပေါထိပ်တန်းအရာရှိတွေရဲ့ အဆိုအရ အခုကိစ္စကို ၀န်ကြီးအား အသိ ပေးထားပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကို သံတမန်နည်းအရ ဆက်သွယ်ဖြေရှင်းမယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုကိစ္စကို သူလုံးဝမသိကြောင်းနဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံခဲ့ခြင်းမဟုတ်ပါဘူးလို့ ဆိုပါတယ်။
ယခုထောက်ပံ့ကူညီတာကို သဘာဝဘေးအန္တရာယ်များ ကူညီစောင့်ရှောက်ရေး အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဟိန္ဒူဘာသာကိုးကွယ်ယုံကြည်မှုအရ အမဲသားစားသုံးခြင်းဟာ ဘာသာရေး ပြစ်မှုဖြစ်ပါတယ်။ ဟိန္ဒူဘာသာကို အဓိကထား ကိုးကွယ်တဲ့ နီပေါနိုင်ငံမှာ နွားသတ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး ပြစ်မှုကျုးလွန်သူကို သေဒဏ်နဲ့အတူ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ သိမ်းယူနိုင်တဲ့ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဧရာဝတီ blog
အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု တရုတ်ဝေဖန်
ဂျင်ဂ် ရန်ရှန်
အမေရိကန် ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကောင်းတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလို့ တရုတ်အစိုးရက ဝေဖန်လိုက်ပါတယ်။
ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ ဂျင်ဂ် ရန်ရှန်(Geng Yansheng) က “တချို့နိုင်ငံတွေဟာ စစ်ရေးမဟာမိတ်တွေ ဖွဲ့တယ်။ ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို လုပ်နေတယ်။ ဒါဟာ ဒေသတွင်းမှာ တင်းမာမှုတွေဖြစ်အောင် ဖန်တီးနေတာပဲ။ ဒါဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ လမ်းကြောင်းကို ပျက်ပြားစေပါတယ်။ စစ်ရေး မဟာမိတ်ဖွဲ့ပြီး အင်အားပြနေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကောင်းသောလုပ်ရပ်မဟုတ်ဘူး” လို့ ပြောပါတယ်။
၁၀ ရက်ကြာတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် မီဒီယာတွေမှာ ဖော်ပြချက်အရ ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၁၁၀၀၀ ကျော်၊ သြစတြေးလျ စစ်သား ၆၁ ယောက်ပါဝင်ပြီး ၁၅ နှစ်တာ ကာလအတွင်း အင်အားအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်ဘက်ကတော့ စစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းနဲ့ကုန်းကြောင်း စစ်ဆင်ရေး တွေမှာ အမေရိကန်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
DVB
ကမ္ဘာ့အလုပ်သမားနေ့တွင် လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀  လောက်က  ရန်ကုန်မြို့ ဗဟန်းမြိုနယ်  ဗိုလ်စိန်မှန်ကွင်းမှာစုရုံးပြီး အနိမ့်ဆုံးလုပ်ခ တနေ့ ကျပ် ၅၀၀၀ ကျော်ထိ တိုးမြှင့်ရရှိရေး အပါအ၀င် အလုပ်သမားရပိုင်ခွင့်တွေ တောင်းဆိုဆန္ဒပြကြပါတယ်။
ဒီကနေ့မနက်ဆန္ဒပြပွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သားတဦးဖြစ်သူ  ဂဲလန့်အိုးရှင်း စက်ရုံ အလုပ်သမား ဒေါ်လှလှက “ အဓိက  အနိမ့်ဆုံးလုပ်ခ  ကျပ် ၅၆၀၀ ရရှိရေး အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဇမ်းဆီးခံအလုပ်သမားများ လွှတ်ပေးရေး၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ တောင်သူလယ်သမားများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကျောင်းသားသပိတ်ထောက်ခံရေးနဲ့  ဖမ်ဆီးခံကျောင်းသားတွေလွှတ်ပေးရေး စတဲ့ အချက် ၁၁ ချက် တောင်းဆိုတယ်။ ”လို့ပြောပါတယ်။
မူလက အလုပ်သား ၁ ထောင်လောက် ဆန္ဒပြခွင့်ရဖို့ မရမ်းကုန်း၊ လှိုင်နဲ့ ကမာရွတ်မြို့နယ် ၃ မြို့နယ်မှာ လျောက်ထားခဲ့တာဖြစ်ပြီး ရဲစခန်းက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြခွင့် ချပေးခဲ့တာပါ။
ဆန္ဒပြသမားတွေဟာ ဗိုလ်စိန်မှန်ကွင်းကနေ တာမွေဟစ်တိုင် အထိ လမ်းလျောက် ဆန္ဒပြကြတာဖြစ်ပြီး ဟောပြောခွင့်တော့ အာဏာပိုင်တွေက ပေးမထားဘူးလို့ ဆန္ဒပြ အလုပ်သမားတွေကပြောပါတယ်။
အလားတူ  လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းမှာ လည်း အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့အစီအစဉ်နဲ့  ကျင်းပရာမှာ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းတက်ရောက်ပြီး သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာ ဦးသူရိန်အောင်ကတော့ အခုနှစ်မေဒေးနေ့မှာ  အလုပ်သမား အခွင့်အရေးအတွက် အလုပ်သမားတွေကိုယ်တိုင် တက်တက်ကြွကြွပိုပြီးတောင်းဆိုလာတာတွေ့ရတယ်လို့ ပြောပါတယ်။
‘အစိုးရ အပြောင်းအလဲဖြစ်ပြီးတဲ့ နောက်ပိုင်း မေဒေးနေ့လုပ်ခဲ့ကြတာဒီနှစ်နဲ့ဆို ၄ နှစ်ရှိပြီ စစ်အစိုးရနောက်ပိုင်း ၄ နှစ်မြောက်မှာ လုပ်တဲ့ဟာ ပိုထူးခြားတယ်၊ အခုက နေရာအနှံ့မှာ အလုပ်သမားတွေ ကိုယ်တိုင်လုပ်လာကြတာတွေ့ရတယ်။ ဒီနှစ်မှာတောင်းဆိုမှုတွေက ပိုပြီးတော့ ယေဘုယျ မကျတော့ပဲ အသေးစိတ်လာကြတယ်။  အလုပ်သမားတွေကိုယ်တိုင် အရည်အသွေးတွေ တိုးတက်လာကြပြီးတော့ တောင်းဆိုလာကြတဲ့ အကြောင်းအရာတွေဟာ အသေးစိတ်လာကြတယ်”လို့ ပြောပါတယ်။
အလားတူ မန္တလေးမြို့ မှာလည်း အလုပ်သမားသမဂ္ဂတွေက ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြီး မြန်မာပြည်က အလုပ်သမားတွေ   အခွင့်အရေးတွေ အပြည့် အ၀ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။
DVB
လန်ဒန်ဆရာတော်၏ ပုဒ်မ ၂၉၅ (က) အမှုနှင့် ပတ်သက်၍ ပြင်ဆင်မှုတင်သွင်းရာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပလပ်
နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ပြင်ဆင်ချက်ကြားနာအပြီး ပြန်ကြွလာသည့် ဆရာတော်များအား တွေ့ရစဉ်
လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော်ငါးပါးအား တိုင်းသာသနာရေးမှူးက စွဲဆိုထားသည့် အမှုနှစ်ခုအနက် ပုဒ်မ ၂၉၅ (က) အား ချေဖျက်ပေးရန်အတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဧပြီ ၂၉ ရက်က ပြင်ဆင်မှု တင်သွင်းခဲ့ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာခဲ့ပြီး ဧပြီ ၃၀ ရက်က ပလပ်ခဲ့ကြောင်း သိရသည်။
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) အား ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ငြင်းဆိုခဲ့ပြီး နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း ယခုကဲသို့ ထပ်မံပလပ်ခဲ့ခြင်းဖြစ်သည်။
လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော်ငါးပါးနှင့် တရားလွှတ်တော် ရှေ့နေများမှာ ဧပြီ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ယခုကဲ့သို့ ပလပ်ခဲ့ကြောင်း ရှေ့နေများထံက သိရသည်။
“ကျွန်တော်တို့ တရားလွှတ်တော်ရှေ့နေတွေ အကုန်လုံး ပြောကြပါတယ်။ ဒီအမှုမှာ တရားလိုကနေ အထက်ကအမိန့်အရ စွဲတယ်လို့ ပြောပါတယ်။ အထက်က ပုဂ္ဂိုလ်ကို စစ်တဲ့အချိန်မှာ အထက်က ဘာအမိန့်မှ မပေးဘူးလို့ ပြောတယ်။ အဲဒီမှာ စွပ်စွဲထားတာတွေက ဘာမှမဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ စွပ်စွဲတယ်။ ပုဒ်မ ၂၉၅ (က) နဲ့ စွပ်စွဲချက်တွေက ၀ိရောဓိဖြစ်နေတယ်။ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ဒါကြောင့် ချေဖျက်ပေးပါလို့ ပြောတယ်။ ချက်ချင်း ပယ်တယ်လို့ အမိန့်ချမှတ်လိုက်တယ်။ တစ်ဖက်က အဓိပတိပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ပီနန်ဆရာတော်ကြီးရဲ့ မျက်နှာကို မထောက်ဘူး” ဟု တရားလွှတ်တော်ရှေ့ ဦးသန်းထွန်းအောင်က ပြောကြားသည်။
လန်ဒန်ဆရာတော်မှ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ၊ တိုင်းသံဃနာယကဥက္ကဋ္ဌ အပါအ၀င် သံဃာအပါး ၂၀ အား မတရားတားဆီး ကန့်ကွက်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု စသည့် ပုဒ်မနှစ်ခုဖြင့် တရားပြန်စွဲမှုကို မြို့နယ်လေးမြို့နယ်မှ တရားသူကြီးများက ပြန်လည်ပယ်ချခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်းများအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ သာသနာရေးဦးစီးဌာနတို့ထံမှ နစ်နာကြေးအဖြစ် ဒေါ်လာငါးသန်း တောင်းဆိုထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ဦးစိန်မော်က ဆရာတော်ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရသီရိနှင့် ဦးနန္ဒိယတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် တရားစွဲဆိုထားသော အမှုဖြစ်ကြောင်း သိရသည်။
အမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ မဟာသန္တိသုခ ကျောင်းတော်ကြီးအား ဆောက်လုပ်သီတင်းသုံးနေထိုင် ပိုင်ဆိုင်ခဲ့သော ပီနန်ဆရာတော်ကြီးကို မဟာသံဃနာယကအဖွဲ့မှ မဟာသန္တိသုခကျောင်းကြီးမှ ဖယ်ရှားပေးရန် ညွှန်ကြားခဲ့သော်လည်း ပီနန်ဆရာတော်ကြီးက ဖယ်ရှားပေးခြင်းမပြုဘဲ ကျောင်းတော်ကြီးတွင် ရှိနေသော မဟာသံဃနာယကအဖွဲ့က စေလွှတ်ထားသော သံဃာတော်များနှင့် ဂေါပကအဖွဲ့ကို နှင်ထုတ်ခဲ့ပြီး ကျောင်းပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်ပွားမှု စတင်ပေါ်ပေါက်ခဲ့ကြောင်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု
 လျှောက်လဲချက်အရ သိရသည်။
Writer:
နေရိုင်း၊ ဇေယျာထွန်းEleven Media Group
၂၀၁၅ ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများသည် ရောက်ရှိနေသည့် ဒေသတွင် မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ရှိကြောင်း အထောက်အထားပြရန် ဧည့်စာရင်းတိုင် နေထိုင်ရန် လိုအပ်
ရွှေ့ပြောင်းနေထိုင်သူများသည် ရွေးကောက်ပွဲကျင်းပသည့်ရက်၌ မိမိရောက်ရှိနေသည့် ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ပြည့်ရန် ဧည့်စာရင်းတိုင်ကာ နေရာအတည်တကျ အခြေချနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ခန့်မှန်းကြေညာထားချက်အရ မေ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ရက်ပေါင်း ၁၈၄ ရက်ရှိသဖြင့် အိမ်ထောင်စုစာရင်း တစ်နည်းအားဖြင့် မဲစာရင်း အမည်ပေါက်ရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ အနည်းဆုံးရက်ပေါင်း ၁၈၀ ရောက်ရှိနေထိုင်သူများသည် မိမိအမြဲတမ်းနေရပ်သို့ မဲသွားမပေးလိုဘဲ ရောက်ရှိဒေသတွင် မဲပေးခွင့်ရရေး လျှောက်ထားရန်အတွက် အနည်းဆုံးရက်ပေါင်း ၁၈၀ နေထိုင်ထားကြောင်းကို အထောက်အထားပြနိုင်ရန် ဧည့်စာရင်း တိုင်ကြားထားရန် လိုအပ်မည် ဖြစ်သည်။
“ရောက်နေတဲ့နေရာမှာ ဧည့်စာရင်းတိုင်ထားဖို့ လိုပါမယ်။ အဲဒီကျမှ ရပ်ကွက်အုပ်ချုပ်ရေးရုံးက နေထိုင်ကြောင်း မှန်ကန်ကြောင်းကို ပေးမှာပေါ့။ ဧည့်စာရင်း မတိုင်ထားရင်တော့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ပြီးရင် သူတင်တဲ့အချိန်မှာ သူ့ရဲ့အလုပ်ရှင်ရယ် နောက်တစ်ခါ ရပ်/ကျေးထောက်ကူပြု အဖွဲ့နဲ့ တူတယ်။ အဲဒီလို အဖွဲ့တစ်ဖွဲ့ထောက်ခံမှ ကျွန်တော်တို့က မဲစာရင်းမှာ ထည့်မှာ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။
ဥပမာအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်တစ်ခုတွင် အိမ်ထောင်စုစာရင်း အမည်ပေါက်ဖြင့် နေထိုင်သူသည် ကချင်ပြည်နယ် မြို့နယ်တစ်ခုတွင် အလုပ်ကိစ္စဖြစ်စေ၊ အခြားကိစ္စတစ်ခုခုဖြင့်ဖြစ်စေ ရက်ရှည်သွားရောက်နေထိုင်ပြီး အဆိုပါ ကချင်ပြည်နယ်၌သာ မဲပေးလိုပါက ရက်ပေါင်း ၁၈၀ အခြေချ နေထိုင်ထားကြောင်း အထောက်အထား ပြသနိုင်ရန် လိုအပ်မည်ဖြစ်ပြီး အထောက်အထား မပြသနိုင်ပါက မိမိမူရင်းဒေသသို့ သွားရောက်မဲပေးရမည်ဖြစ်ကာ ထိုသို့သွားရောက်ခြင်း မပြုနိုင်ပါက မိမိ၏မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်သည်။
ထို့အတူ မိမိမူရင်းဒေသတွင်ဖြစ်စေ၊ ရောက်ရှိဒေသတွင်ဖြစ်စေ မဲပေးရန်အတွက် အဓိကကျသည့် မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ရေးမှာ အရေးကြီးသဖြင့် လက်ရှိတွင် မိမိ၏ အိမ်ထောင်စုစာရင်း အမည်ပေါက်ထားသည့် မြို့နယ်တွင် အခြေခံမဲစာရင်း ကြေညာပါက မဖြစ်မနေ သွားရောက်ကြည့်ရှုပြီး မိမိအမည်စာရင်းပါခြင်း၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေခြင်း စသည်တို့ကို တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်တောင်းဆိုမှုများ ဦးစွာလုပ်ဆောင်ထားရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင် ပြဋ္ဌာန်းချက်အရ ရက်ပေါင်း ၁၈၀ မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများသည် ရောက်ရှိဒေသတွင် မဲပေးလိုပါက ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ်သမား ဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက်ကို လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကို လည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး” ၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကို ထည့်သွင်းပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။  
Writer:
ကျော်ဇင်ဝင်းEleven Media Group
IS ကို တိုက်တဲ့ Kurd တပ်ဖွဲ့  အကူအညီ ပိုပေးဖို့  ကန်စဉ်းစား
 ကာ့လူမျိုးစုများ။
 ကာ့လူမျိုးများ
အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်နေတဲ့ ဆူနီးတပ်ဖွဲ့တွေနဲ့ ကဒ်လူမျိုးစု Peshmerga တိုက်ခိုက်ရေးသမားတွေကို တိုက်ရိုက် အကူအညီပေးနိုင်ငံမယ့် ဥပဒေ ပြုနိုင်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်တွေက စဉ်းစားနေပါတယ်။
ဒီအဆိုပြုချက်အရ IS အဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ အီရတ် တပ်ဖွဲ့ဝင်ကို သင်တန်းပို့ချပေးရေးနဲ့ လက်နက် တပ်ဆင်ရေးအတွက် အကူအညီပေးဖို့ ယာထားတဲ့ ဒေါ်လာ ၇၁၅ သန်းထဲက ၁၇၉ သန်းနဲ့ညီမျှတဲ့ ၂၅% ကို အဲဒီ အဖွဲ့ ၂ ဖွဲ့စလုံးက ခွဲဝေ လက်ခံ ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အီရတ်လူမျိုး ဆူနီး မူဆလင်ဘာသာဝင်တွေနဲ့ ကဒ်လူမျိုးတွေနဲ့ ပိုမို လက်တွဲဆောင်ရွက်ရေးနဲ့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အီရတ်အစိုးရအပေါ် အကူအညီပေးရေး သဘောတူညီချက်မှာ ပါဝင်တဲ့ အချက်တွေကို ပြည့်မှီအောင် အီရတ်အစိုးရဖက်က မစွမ်းဆောင်နိုင်ရင် စုစုပေါင်း ထောက်ပံ့ငွေထဲက ကျန်နေတဲ့ ဒေါ်လာ ၅၃၆ သန်းနဲ့ ညီမျှတဲ့ ၆၀% ရရှိဖို့အတွက်လည်း သူတို့အနေနဲ့လျှောက်ထားခွင့် ရှိမှာ ဖြစ်ပါတယ်။
အခု အဆိုပြုထားတဲ့ မူကြမ်းဟာ အမေရိကန်အစိုးရရဲ့ ပေါ်လစီကို ထင်ဟပ်စေမယ့် အစီအစဉ် မဟုတ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Marie Harf က ကြာသပတေးနေ့မှာ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ပေါ်လစီအရ လက်နက် ထောက်ပံ့ပေးမယ့် အစီအစဉ် အားလုံးဟာ အီရတ်အစိုးရကတဆင့် သွားရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
ဗဟိုအစိုးရကတဆင့် ချဉ်းကပ်ပြီး ဆောင်ရွက်တဲ့ လုပ်ရပ်ဟာ ညီညွတ်ပြီး၊ အများစုကို ကိုယ်စားပြုနိုင်တဲ့ ဒီမိုကရက်တစ် အီရတ်နိုင်ငံ တည်ထောင်ရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ Marie Harf က ပြောပါတယ်။
VOA
ပန်ဆန်း ထိပ်သီးဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များရောက်ရှိ
 uwsawa
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့် ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့သို့ သကိုင်ရာအဖွဲ့ အစည်း ကိုယ်စားပြုခေါင်းဆောင်တွေ ရောက်ရှိလာကြပြီဖြစ်ပါတယ်။
ဒီနေ့ကစပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၀ပြည်သွေး စည်းညီညွတ်ရေး အဖွဲ့ချုပ်အပါ အ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေးအခြေအနေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာဖြစ်ပါတယ်။
မူလက ဆွေးနွေးရက်ကို ၃ ရက်သာ သတ်မှတ်ထားရာက ၆ ရက်ထိ တိုးမြှင့်ဆွေးနွေးဖို့ ပြောင်းလဲလိုက်ကြောင်း ကြားသိရပါတယ်။
ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကတော့   ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (RCSS/SSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIA/KIO)၊  KNU ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(PSLF)၊ ရခိုင်တပ်မတော်(AA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ NDAA မိုင်းလား တပ်ဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ(NMSP)၊  ၀တပ်ဖွဲ့(UWSA)၊  PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊  ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)တို့ ပါဝင်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ဖို့ ပန်ဆန်းကို ရောက်ရှိနေတဲ့  တအာန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က  “လုံခြုံရေးတွေလည်း ကောင်းကောင်းမွန်မွန်ချထားတာ တွေ့ရပါတယ်။ အိမ်ရှင် ယူဒဗလျူအက်စ်အေ အဖွဲ့ အပါအ၀င်  ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့လုံး ရောက်ကုန်ပြီလို့ ပြောတယ်ခင်ဗျ။  မကြာခင်မှာ ဖွင့်ပွဲတွေ ကြိုဆိုပွဲတွေ လုပ်ဖို့ပြင်ဆင်နေကြတယ်။”
သူတို့အဖွဲ့က  ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုပ်ကြာ  နဲ့  ပြန်ကြားရေးတာဝန်ခံရော သူပါ ကိုယ်စားလှယ် ၃ ဦး တက်ရောက်ပြီး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ဘယ်လိုယူကြမလဲ။ တိုက်ပွဲတွေ ဖြစ်နေ တဲ့အတွက် တိုင်းရင်းသားတွေ ဘယ်လိုရပ်တည်မလဲ ဆိုတာတွေ မေးမြန်းဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း သူက ဆက်ပြောပါတယ်။
ပန်ဆန်းဆွေးနွေးပွဲဟာ ကေအိုင်အိုဌာနချုပ် လောခီးလာတိုင်းရင်းသားညီလာခံနဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ လောခီးလာ တိုင်းရင်းသားညီလာခံတို့နဲ့မတူညီဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအ ပေါ်ပေါ်လာတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ပန်ခမ်းမှာ ကျင်းပတာဖြစ်ပါတယ်။
တပ်မတော်ဘက် ဖိတ်ကြားခြင်းမပြုဖို့ အကြောင်းကြားထားတဲ့ ကိုးကန့်တပ်၊ တအောင်း ပလောင်တပ်နဲ့ ရခိုင်တပ်ဖွဲ့တွေကိုပါ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ဖိတ်ကြားခဲ့သလို အဆိုပါအဖွဲ့တွေကလည်း တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) က သူအပါအ၀င် ကိုယ်စားလှယ် ၃ ဦးတက်ရောက်တယ်လို့  ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ အဖွဲ့က ဦးစီးချုပ် ဦးဖုန်ကြားရှင်၊ ဒုဦးစီးချုပ် ရန်ဝင်ကျူတ် နဲ့ ကျနော်အပါအ၀င် ၃ ဦးလာပါတယ်။ ဆွေးနွေးပွဲပြင်ဆင်မှု အထူးတလည်မရှိပါဘူး။ ဒေသတွင်း အခြေအနေတွေ တင်ပြမယ်။ ကျနော်တို့ ညီအစ်ကို အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့အပေါ် မူတည်ပြီးမှ ဆွေးနွေး သွားပါ့မယ်။”
ဆွေးနွေးပွဲကနေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။
မွန်ပြည်သစ်ပါတီက ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ အပါအ၀င် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် ( တောင်ပိုင်း) အဖွဲ့က လည်း ဗိုလ်မှူးချုပ် စိုင်းယီ၊ ဗိုလ်မှူးကြီး ကွဏ်းစင့်၊ ဗိုလ်မှူး အောင်မြနဲ့ ပြန်ကြားရေးအဖွဲ့ဝင် ၄ ဦး တို့ကို စေလွှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲတို့ တက်ရောက်မှာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့က ဥက္ကဋ္ဌ ဦးဇောင်းဟရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊  ကချင်လွတ်လပ်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်တို့ က ဦးဆောင်တက်ရောက်ကြမှာဖြစ်ပါတယ်။
အခုထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ အနက် ၉ ဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) မှာပါဝင်ကြပြီး ၃ ဖွဲ့ကတော့ ပါဝင်ခြင်းမရှိပါဘူး။
အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးထဲမှာ အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်ပြီး သုံးသောင်း ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းပြောဆိုကြသလို ပြည်နယ်အဆင့်ပေးဖို့ တောင်းဆိုထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲကို မကထပြု ကျင်းပဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့ကနေ  ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အကြံပြုချက်နဲ့ ကျင်းပတာလို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကနေ  တနိုင်ငံလုံးအပစ်ခတ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပေါ်ပေါက်ရေး တွန်းအားတစ်ရပ် ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ လစဉ် မိန့်ခွန်းမှာ  ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေး သဘော တူညီချက်ကို ရရှိထားပြီလို့ ထည့်သွင်းပြောကြားခဲ့သလို တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) အဆင့်ကို အချောသတ်သဘောတူညီချက်ရခဲ့ကြပါတယ်။ ဒီဖြစ်ထွန်းမှုပေါ် ဖက်ဒရယ်ပြည်ထောင်စုထူ ထောင်ရေး အတွက် နှစ်ကာလရှည်ကြာလက်နက်စွဲကိုင်တော်လှန်ကြတဲ့အ အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲပြီးတဲ့အခါ အန်စီစီတီအဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီလာခံတရပ်ကိုလည်း မေလအတွင်း ကျင်းပသွားဖွယ်ရှိပါတယ်။
ပန်ဆန်းညီလာခံကို တက်ရောက်သတင်းယူဖို့ သတင်းမီဒီယာဌာနပေါင်း ၃၇ ဖွဲ့က ကြိုတင် အကြောင်းကြားခဲ့ပေမယ့်လည်း လက်ခံနေရာချထားရေး အခက်အခဲကြောင့် ပြည်တွင်း မီဒီယာ ၈ ခုကိုသာ ခွင့်ပြုနိုင်တယ်လို့  ဦးအောင်မြင့်က ပြောပါတယ်။
အဲဒီ ၈ ခုထဲမှာ ရန်ကုန်အခြေစိုက် ဆင်ဟွာတရုတ်သတင်းဌာန၊ ဆဲဗဲန်းဒေး၊ အလဲဗင်း၊ ဧရာဝတီ၊ ပြည်ထောင်စုနေ့စဉ် စတဲ့ သတင်းဌာနတွေပါရှိပါတယ်။
DVB
ထိုင်း ကော့တောင် လူသတ်မှု DNA ပြန်စစ်မည်
လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး။
 လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး။
ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား (၂) ဦး အသတ်ခံရမှုနဲ့ ပါတ်သက်လို့ တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား (၂) ဦးရဲ့ DNA (ဒီအန်အေ)ကို ပြန်လည်စစ်ဆေးခွင့်ပြုမယ်လို့ ကော့စမွေ တရားရုံးကနေ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီအမှုသွားအမှုလာရဲ့ အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။
လိပ်ကျွန်းလို့ ခေါ်တဲ့ ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံ သား (၂) ဦးနဲ့ ပါတ်သက်လို့ စွပ်စွဲခံ ထားရသူ မြန်မာနိုင်ငံသား(၂) ဦးကို ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးနေရာကနေ ဧပြီ (၃၀) ရက်နေ့မှာတော့ပြန်လည် ရုံးထုတ် စစ်ဆေးခဲ့တာပါ။ စွပ်စွဲခံထားရတဲ့ သူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေတွေ တောင်းဆိုထားတဲ့ အချက်တွေထဲက တရားခံ(၂) ဦးကို ဒီအန်အေ ပြန်လည် စစ်ဆေးခွင့်ပြုကြောင်း တရားရုံးကနေ ပြန်လည် ဆုံးဖြတ်ချက် ချခဲ့တယ်လို့ မြန်မာ သံရုံးက ဦးဆောင်ဖွဲ့စည်းပေးထားတဲ့ အထူးစုံးစမ်းရေးကော်မီတီ က တာဝန်ရှိသူ ဦးကျော်သောင်းက ဆိုပါတယ်။
"ဒီအန်အေ စစ်ဆေးထားရာကနေပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ စစ်ဆေးခွင့်ပြုပါ လို့ လျှောက်ထားတာကို ညနေပိုင်းမှာ သီးခြား လွတ်လွတ်လပ်လပ် ဒီအန်အေ စစ်ဆေးမှုကို ပြန်ပြီးတော့ မင်းတို့ လေ့လာဖော်ထုတ်နိုင်တယ်ဆိုပြီးတော့ တရားရုံးက ဒီနေ့ဆုံးဖြတ်ချက်ချ တယ်ပေါ့လေ"
လိပ်ကျွန်းအမူဖြစ်ပွားပြီးစဉ်တုန်းကတော့ ရဲတွေဘက်က စွပ်စွဲချက်တွေထဲ မှာ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ မြန်မာနိုင်ငံသား ၂ဦးရဲ့  DNA မျိုးရိုးဗီဇတွေနဲ့ တူတာတွေကိုတွေ့ရှိရတယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမူမရှိဘူးဆိုပြီး တရားခံတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေသူတွေက မေးခွန်းထုတ်ခဲ့တဲ့အကြောင်းကိုလည်း ဦးကျော်သောင်းကဆက်ပြောပြပါတယ်။
"အဲ့ဒီ သူတို့ စွပ်စွဲထားသည့် ဒီအန်အေသည် နံပါတ် တစ် ဘယ်တုန်းက ဘယ်အချိန်က ယူထားတဲ့ ဒီအန်အေလဲ။ ဘယ်သူ့ဆီက ယူထားတဲ့ ဒီအန်အေလဲ။ ဘယ်နည်းနဲ့ ယူထားတဲ့ ဒီအန်အေလဲ။ အဲဒီ ဒီအန်အေ ယူထားတာ ကျွမ်းကျင်သူက ဘယ်သူပါလဲ။ သိမ်းဆည်းထားသူက ဘယ်သူ သိမ်းဆည်းထားတာလဲ။ သူတို့ဆီက ဒီအန်အေ ယူပါတယ်လို့ မှတ်တမ်းမှတ်ရာ က ဘယ်သူယူသလဲ ဆိုတဲ့ အင်္ဂါရပ် သုံးခု လိုတာကိုး။ ရဲကနေပြီးတော့ ယူရုံနဲ့ မရဘူး။ နံပါတ်တစ် ကျွမ်းကျင်တဲ့လူ လိုတယ်။ အဲဒီ ဒီအန်အေ ကို မှတ်တမ်းတင်ဖို့ အဖွဲ့တဖွဲ့လိုတယ်။
နံပါတ်သုံး အဲဒီ ဒီအန်အေ ကို တကယ့်ကို ကျွမ်းကျင်တဲ့ အဖွဲ့အစည်း တခုက သိမ်းထားဖို့ လိုသေးတယ်။ ကျနော်တို့က ဒီ ကျနော်တို့ဖက်က ဖြစ်နိုင်ဖို့ ဖြစ်နိုင်ချေ မရှိဘူးဆိုတာတွေကို တင်ပြထားတယ်။ အဲဒါကို ကျနော်တို့ ထပ်ပြီးတော့မှ စောက ကျနော်ပြောသလို အသေးစိတ် ကျနော်တို့ ဟိုဒီ ပြောတဲ့ ဒီအန်အေဟာ ဘယ်လောက် မှန်ကန်မှု ရှိသလဲ ဘယ်လောက် စိတ်ချရမှုရှိသလဲ ဆိုတဲ့ ပုံစံမျိုးကို ထပ်ပြီးတော့မှ ထပ်ပြီး သရုပ်သကန်ခွဲကြရဦးမှာပေါ့"
လိပ်ကျွန်းအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားခံတွေအဖြစ် စွပ်စွဲခံရမှုတွေကို ထိုင်းရှေ့နေတွေနဲ့ ပူးပေါင်းပြီး တရားရုံးမှာ ခုခံချေပမှုတွေ ဆက်လုပ်ဖို့အတွက်က ရေရှည်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်လို့ လည်းပြောပါတယ်။
အစပိုင်းမှာ မြန်မာသံရုံးဖက်ကနေ ဖိဖိစီးစီးဆောင်ရွက်ပေးတာတွေ ရှိခဲ့ပေမယ့် လိုက်ပါဆောင်ရွက်တဲ့အခါမှာ ကုန်ကျတဲ့ ငွေကြေးအခက်အခဲတွေ တရားခံဘက်ကနေ လိုက်ပါသက်သေထွက်ပေးမဲ့ သက်သေတွေ နဲ့ပတ်သက်လို့ ဆောင်ရွက်မှုတွေဟာ နောက်ပိုင်းမှာ အားနည်းမူတွေ ရှိလာတယ်လို့ ဦးကျော်သောင်းကဆက်ပြောပြပါတယ်။
ဒီအတွက်အခုဆိုရင် သတ်မှတ်ရက်ထက်စောပြီး တရားရုံးထုတ်စစ်ဆေးတာတွေ လုပ်လာတဲ့အခါမှာ သူတို့ဘက်က ပြင်ဆင်မှုတွေ သိပ်မလုပ်နိုင်တဲ့အတွက် တရားခံတွေ လွတ်မြောက်ရေးဆောင်ရွက်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့်လည်း ဆက်ပြောပြပါတယ်။
လိပ်ကျွန်းလူသတ်မူဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား လူငယ် (၂) ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု မုဒိမ်းမှု တရားမ၀င် ၀င်ရောက်မှုစတဲ့ အမှု (၇) မှုနဲ့ စွပ်စွဲထားပေမယ့် မြန်မာလူငယ်(၂) ဦးကတော့ စစ်ဆေးမေးမြန်းစဉ်အတွင်း နှိပ်စက်မှု ညှင်းပန်းမှုတွေကြောင့် ၀န်ခံခဲ့ရကြောင်း သူတို့ဟာလူသတ်မှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
မအေးအေးမာVOA
စက်ဘီးပြိုင်ပွဲ တိုက်ခိုက်မယ့် အစွန်းရောက် ဂျာမနီ ဖမ်းဆီး
ဂျာမနီ လုံခြုံရေးတင်းကျပ် ။ (ဧပြီ ၃၀၊ ၂၀၁၅)
 ဂျာမနီ လုံခြုံရေးတင်းကျပ် ။ (ဧပြီ ၃၀၊ ၂၀၁၅)
ဂျာမနီနိုင်ငံမှာ မေဒေးနေ့ ဒီကနေ့မှာကျင်းပမယ့် ထင်ရှားတဲ့ စက်ဘီးစီးပြိုင်ပွဲတခုကို တိုက်ခိုက်မယ့် အစ္စလာမ် အစွန်းရောက်ဝါဒီ တွေရဲ့အကြံအစည်ဆိုတာကို ဟန့်တား လိုက်နိုင်တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာပြောပါတယ်။
တူရကီနွယ်ဖွား ဂျာမန်နိုင်ငံသားနဲ့ သူ့ရဲ့ဇနီးဖြစ်သူ တူရကီနိုင်ငံသူတို့ကို ဖရန့်ဖွတ်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ လုပ်လို့ရတဲ့ ဓာတုပစ္စည်း အများအပြားကို အမျိုးသား တဦးက ထူးထူးခြားခြား လာဝယ်သွားတဲ့ အကြောင်း ကုန်မာဆိုင်တခုရဲ့ အလုပ်သမားက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ အဲဒီဇနီးမောင်နှံရဲ့ အိမ်ကို ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ပြီး ရှာဖွေတာမှာ လက်နက်တွေနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပါတယ်။
လူထောင်ပေါင်းများစွာလာမယ့် ဖရန့်ဖွတ်မြို့က နှစ်ပတ်လည် စက်ဘီးစီးပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ဖို့ အဲဒီ ဇနီးမောင်နှံက ကြံစည်ခဲ့ပုံ ရတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ပါတယ်။ ဒီလိုဖမ်းဆီးလိုက်ပေမဲ့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့ စက်ဘီးစီးပြိုင်ပွဲကို တာဝန်ရှိသူတွေက ပယ်ဖျက်လိုက်ပါတယ်။
VOA
ပြင်ဦးလွင် လမ်းပိုင်းတွင် အသတ်ခံရသူ များကို မန္တလေးတွင် ရင်ခွဲ စစ်ဆေး
 ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံနယ်မြေ၊ ပဇီ ကျေးရွာနှင့် ရှစ်မိုင်အကွာ မိုးကုတ်-ပြင်ဦးလွင် ကားလမ်း မိုင်တိုင် (၄၃/၄၄) ကြား တောထဲ တွင် သေဆုံး လျက်တွေ့ရသော ဘုန်းကြီး အလောင်း အပါအ၀င် အလောင်း လေးလောင်းအား ဧပြီလ (၂၉)ရက်နေ့ တွင် မန္တလေးဆေးရုံ ၌ ရင်ခွဲ၍ စတင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
 ယင်းရုပ်အလောင်း များအား ဧပြီလ (၂၈)ရက် မနက် (၄)နာရီ (၄၅)မိနစ်တွင် မြတ်စေတနာ နာရေး ကူညီမှု ယာဉ်ဖြင့် မိုးကုတ်မြို့မှ သယ်ဆောင် ခဲ့ပြီး (၁၁) နာရီ (၄၅) မိနစ်တွင် မန္တလေး ဆေးရုံကြီးသို့ ရောက်ရှိ ခ၍ မန္တလေး ပြည်သူ့ ဆေးရုံကြီး မှုခင်း ဆရာဝန်က ဧပြီလ (၂၉)ရက်တွင် စတင်စစ် ဆေးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းရဲတပ် ဖွဲ့မှူးရုံး ထံမှ သိရသည်။  အလောင်းများ၏ သေဆုံးရသည့် အကြောင်းအရင်း၊ ဆေးစစ်ချက်များ နှင့် ပတ်သက်၍ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ မှုခင်း ဆရာဝန်ကြီးအား စုံစမ်းမေးမြန်းခဲ့ သော်လည်း လက်ရှိ အချိန်တွင် မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
 မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၏ မှတ်တမ်းများအရ မတ်လ(၂၄)ရက် နံနက် ပိုင်းတွင် မိုးကုတ်မြို့ မင်းတံတားရပ်ရှိ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး ဦးသာဂရသည် ဆရာ တော် ဓာတ်ပုံတစ်ပုံ၊ အသက် (၅၀) အရွယ် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် အသက် (၃၀) အရွယ် အမျိုးသမီးတို့ ဓာတ်ပုံ များကို ပြသ၍ စုံစမ်းပေးရန် အကြောင်းကြား သဖြင့် မိုးကုတ်မြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးခဲ့သည်။
 ယင်းစုံစမ်း စစ်ဆေးချက်များ အရ ဓာတ်ပုံပါ ဆရာတော်သည် မိုးကုတ်မြို့၊ ရှောလီဝိုင်း ကျေးရွာအုပ်စု၊ အောင်သာယာရပ်မှ အရှင်စရဏ လင်္ကာရ (၃၂)နှစ် (၁၃)၀ါဖြစ်ပြီး မတ်လ (၁၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံ တောင်နီကယ်ကျောင်းမှ စစ်ကိုင်း သီတဂူ ဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် မတ်လ(၁၄)ရက်တွင် တောင်ဥက္ကလာမြို့နယ်၊ သံသုမာလမ်း၊ အမှတ် (၅၆၅)နေ ဦးအောင်ကြည်၊ ဇနီးဒေါ်စန်းစန်း အေး၊ သမီး မဇာဇာ(ခ) မဇာဇာအောင်တို့ နှင့်အတူ စစ်ကိုင်းသီတဂူကျောင်းမှ အဖြူ ရောင်မော်တော်ယာဉ် (စိစစ်ဆဲ)ဖြင့် မိုးကုတ် မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း၊ မိုးကုတ် မြို့သို့ ရောက်ရှိစဉ် ကျပ်ပြင်ရှိ ဒေါ်နန်းကြည်တောင်၊ ကျောက်ပြာသာဒ်နှင့် ပင့်ကူတောင် ဘုရားများသို့ ဒါယကာများနှင့် အတူ ဘုရားဖူး ခဲ့ပြီး မတ်လ (၁၆)ရက် (၇း၃၀)တွင် မိုးကုတ် မြို့မှ ပြင်ဦးလွင်သွား ကားလမ်းအတိုင်း ပြန်ခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း မူခင်း မှတ်တမ်းများ အရ သိရသည်။ အခင်းဖြစ်ပွားရာ နေရာကို စတင်တွေ့ ရှိခဲ့သူမှာ တံမြက်စည်းရိုး ခုတ်သူ အမည်မသိ ပလောင် လူမျိုးတစ်ဦး ဖြစ်ပြီး ဧပြီလ (၂၃) ရက် ည (၁၀)နာရီခန့်တွင် စတင်တွေ့ရှိခဲ့ သည်။ ယင်းအမှုနဲ့ ပတ်သက်၍ မိုင်းလုံ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် ထားသည်။
A.M.S.Z
The Messenger Media
Thursday, April 30, 2015
ဥပဒေနှင့် မညီညွတ်သော ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်များ စိုက်ထူနေကြောင်း ရခိုင်အမတ် ပြော
 ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဥပဒေနှင့် မညီညွတ်သော ဆိုင်းဘုတ် များကို ရခိုင်ပြည်နယ်တွင် လိုက်လံ စိုက်ထူ ထားခြင်း မျိုး ရှိနေကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က The Messenger Media သို့ ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ် အတွင်းတွင် ရခိုင် တိုင်းရင်းသားများ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဟု ရေးသား ထားသော ဆိုင်းဘုတ်များကို လိုက်လံ စိုက်ထူနေခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလို့ တင်ထားတာ။ ခုဟာက တမျိုးကြီး ရေးပြီး ဆိုင်းဘုတ်တွေ တင်နေတာ ဥပဒေနဲ့ မညီဘူး။ လုပ်ချင်သလို လုပ်နေတယ် ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
                ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ် ဧရိယာ အတွင်းရှိ မြို့နယ် ကျေးရွာ များတွင် ရခိုင် အမျိုးသားများ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဟူသည့် ဆိုင်းဘုတ်များကို စိုက်ထူ ထားခြင်းမျိုး ပြုလုပ်နေကြောင်း ရခိုင် အမျိုးသား ပါတီမှ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင် ကလည်း The Messenger Media သို့ ပြောသည်။ ဒါတွေက မလုပ်သင့်ဘူး။ ကျွန်တော် တို့ ဓာတ်ပုံတွေရိုက်ပြီးတော့ ကော်မရှင်ရယ်၊ ပြည်ခိုင်ဖြိုး ဌာနချုပ်ရယ်ကို လိပ်မူပြီးတော့ တိုင်မယ် ဟု ၎င်းက ဆက်ပြောသည်။
                ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်နေ့ က ကျင်းပခဲ့သည့် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ ကြံ့ခိုင်ရေးပါတီမှ မြို့ ရွာနှင့် ကျေးရွာများ၏ အမည်များကို ယှဉ်တွဲ၍ ပါတီအမည်ဖြင့် တွဲကာ ဆိုင်းဘုတ်များ ထောင်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် တည်ဆဲ ဥပဒေ အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည် ဖြေကြား ခဲ့သည်။
The Messenger Media
သပိတ်မှောက် ကျောင်းသားအချို့ အာမခံရ
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၈၀ ကျော်တို့ရဲ့ အမှုကတော့ နောက်ထပ် လနဲ့ချီ ကြာမြင့်ဦးမယ် လို့ ရှေ့နေတွေ က ပြောပါတယ်။ ဒီကနေ့မှာတော့ ဖမ်းဆီးခံကျောင်းသားတွေကို သာယာဝတီ တရားရုံးမှာ ရုံးထုတ်ခဲ့တာမှာတော့ အဖမ်းမခံဘဲ ထွက်ပြေးနေတဲ့ ကျောင်းသား ၃ ဦးကို အမှုက ပိတ်သိမ်းလိုက်သလို တချို့ကိုတော့ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြကျောင်းသားတွေ ရဲ့ ထောင်တွင်း အခြေအနေနဲ့ အမှုသွားအမှုလာ အခြေအနေ အရပ်ရပ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး တောင်းဆိုဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရပြီး သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၈၁ ဦး တို့ကို ဒီကနေ့မှာ သာယာဝတီ တရားရုံးကို ရုံးပြောင်းပြီး ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ၀ရမ်းပြေး ကျောင်းသား ၃ ဦးတို့ကို အမှုပိတ်သိမ်းတာ အပါအဝင် ရှေ့နေ ပါဝါ ပြန်တင်တာတွေ လုပ်ခဲ့တယ်လို့ ကျောင်းသားတွေ အတွက် ရှေ့နေရှေ့ရပ် ဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။
"ဒီမှာ တရားခံ အပြေးပေါ့။ တရားခံပြေးအဖြစ် သတ်မှတ်ထားတာက ကိုကျော်ကိုကို၊ ကိုမြတ်သူရယ် ကိုလင်းထက်နိုင်၊ အဲ့ဒီ့သုံးယောက်နဲ့ပတ်သက်ပြီးတော့ ရှာဖွေလို့ မတွေ့ရှိနိုင်တော့ဘူး။ မှင်နီသက်သေခေါ်တာပေါ့။ တရားရုံးထုံးစံအရ အဲ့ဒီ့သက်သေတွေ ကို စစ်ဆေးပြီးတော့ သူတို့ကို အပြေး နဲ့ အမှုပိတ်လိုက်တာပေါ့။ ပိတ်ပြီးမှ လာမယ့် မေလ (၁၂)ရက်နေ့မှာ တရားမကြီး ပြစ်မှုကြီးကို စတင် စစ်ဆေးမှာ။ တရားလိုစစ်မှာဖြစ်ပါတယ်။ ရဲမှူးကိုစစ်ပါမယ်။
သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးပြန်ထုတ်ပါတယ်။ ထုတ်တဲ့အခါ အမှုသစ်ဖြစ် သွားတဲ့ အတွက် ရှေ့နေပါဝါ ပြန်တင်ရပါတယ်။ ကိုအောင်ဆန်းမှိုင်းပါ ၇၀က တသုတ်၊ ကိုဇော်ကြီးပါ  ၈၁ယောက်က။ ၈၁ယောက်မှာ အားလုံး (၇၁)ယောက် အတွက် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ မိတ်ဆွေ ရှေ့နေတွေ ပူးပေါင်း  ပါဝါ တင်ကြပါတယ်။ လက်ပံတန်းမြို့နယ် တရားရုံးက (၁၁)ယောက် အာမခံပေး ထားပါတယ်။ ဝန်းရံပြည်သူတွေနဲ့ ကျောင်းသားနှစ်ယောက်လောက် ပါပါတယ်။ အဲ့တာတွေက ရုံးပြောင်းသွားပြီးတော့ ဒီသာယာဝတီကို ရောက်လာတဲ့အတွက် အာမခံအသစ်ပြန်လျှောက်ပြီးတော့ အာမခံလျှောက်လွှာ ပြန်လုပ်ရပါတယ်။ အာမခံက တခါတည်းပေးထားတယ်။ ကျနော်တို့ နောက်ထပ် အဝေးသင်ကျောင်းသား (၁၃)ယောက်နဲ့ အသက် မပြည့်သေးတဲ့ ကလေး (၃)ယောက်အတွက် အာမခံလျှောက်ထားစာ တင်ပါတယ်။ အဲတ့ာကတော့ (၁၂)ရက်နေ့မှာ အထောက်အထား အပြည့်အစုံနဲ့ ပြန်တင်ရပါမယ်။ "
ဝရမ်းပြေး ကျောင်းသား ၃ ဦးတို့ကို အမှုက ပိတ်သိမ်းလိုက်ပေမယ့် သူတို့ကို ပြန်ပြီး ဖမ်းမိတဲ့အချိန်မှာ ပြန်ပြီး အမှုတင်မယ့် အခြေအနေကလည်း ရှိနေသေး တာ ဖြစ်ပါတယ်။
"အမှုကတော့ သက်သေက (၄၃)ယောက်ရှိတယ်။ သက်သေ(၄၃)ယောက် ရှိတဲ့အခါ ကျတော့ တချိန်း တပတ်ကို တချိန် စစ်မှာပေါ့။ အင်္ဂါနေ့တိုင်း စစ်မှာဖြစ်တဲ့ အတွက် လွယ်လွယ် နဲ့တော့ ပြီးသွားမယ်လို့ ကျနော်တို့ ယူဆလို့မရပါဘူး။ မှန်ပါတယ်။ တရားလိုနဲ့ တရားလိုပြ သက်သေများကို စစ်ဆေးပြီးတဲ့နောက်မှာ ကျနော်တို့ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက် လျောက်လဲချက် ပေးရပါမယ်။ အဲ့ဒီ့အပေါ်မှာ တရားရုံးက အမိန့်ချပါမယ်။ စွဲချက်မတင်နိုင်တဲ့သူတွေကို တရားရှင်လွှတ်ပြီးတော့ ထုခြေတင်သင့် သို့မဟုတ် တာဝန်ရှိသူတွေကို စွဲချက်တင်မှာဖြစ်ပါတယ်။   "
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ရုံးထုတ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားလိုဘက်က တင်ထားတဲ့ သက်သေ ၄၃ ဦးတို့ကို စစ်ဆေးပြီးမှ စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ဒီတရားလိုဘက်က တင်ထားတဲ့ သက်သေ ၄၃ ဦးတို့ကိုတော့ ဖမ်းဆီးခံ ကျောင်းသားတွေ ရဲ့ ရှေ့နေ ၇ ဦးတို့က စစ်ဆေးကြမှာ ဖြစ်ပါတယ်။ အမှုကိုလည်း သာယာဝတီ တရားရုံးမှာ တပတ်တခါ ကြားနာမှာ ဖြစ်တယ် လို့လည်း ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။
လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေ ကိုတော့ ထောင်တွင်းမှာ ရုပ်မြင်သံကြားကြည့်ရှုခွင့်နဲ့ သတင်းစာ ဂျာနယ် ဖတ်ရှုခွင့်၊ ရေလောင်းအိမ်သာ သုံးစွဲခွင့်တွေ ပေးထားတယ် လို့လည်း ရှေ့နေကြီးက ပြောပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးခံ ကျောင်းသားတွေ ရဲ့ မိသားစုဝင်တွေကတော့ ထောင်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲလို့ ပြောဆိုကြပါတယ်။
ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသီဟ၀င်းတင်ရဲ့ မိခင်ကတော့ အခုလို ပြောပါတယ်။
" ထောင်အာဏာပိုင်တွေက ကွမ်းတွေ၊ ဆေးလိပ်တွေ စစ်တယ်ပေါ့။ စစ်တာကို ရိုးရိုးတန်းတန်း မစစ်ပဲနဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးတော့ Underwear တွေ ကလေးတွေရဲ့ အတွင်းခံတွေကိုပါ ဟိုနှိုက် ဒီနှိုက် အဲ့လိုစစ်တယ်ပေါ့။ အဲ့တာမျိုး မဖြစ်သင့်ဘူးလေနော်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။"
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေ ကို မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ အာဏာပိုင်တို့က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးပြီး ထိန်းသိမ်းထားတာဟာလည်း ဒီကနေ့ဆိုရင် ရက်ပေါင်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက်တွေ ကိုတော့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် တို့က အသီးသီး အတည်ပြုထားပေမယ့် လွှတ်တော် နှစ်ရပ်ကြား ကွာခြားချက်တွေ ကလည်း ရှိနေသေးတာမို့ လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ ပြန်လည် ညှိနှိုင်းကြဖို့လည်း ရှိနေပါတယ်။
DVB