Pages

Saturday, July 25, 2015

ညှဉ်းပန်းနှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး သတင်းစာရှင်းပွဲပြုလုပ်





အိမ်အကူလုပ်ရင်း ညှဉ်ပန်းနှိပ်စက်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေးက သူတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ညုင်းပန်းနှိပ်စက်ခံရသူ မသန်းသန်းအိ ဟာ သူအလုပ်လုပ်ခဲ့တဲ့ အိမ်ပိုင်ရှင် ဒေါ်အေးအေးဝင်း(လက်ရှိထွက်ပြေးတိမ်းရှောင်နေတဲ့) မိသားစုအိမ်မှာ ၅ နှစ်ကျော် အလုပ်လုပ်ကိုင်ရင်း အခုလို ညှဉ်ပန်းနှိပ်စက်ခံရတာဖြစ်ပါတယ်။ လက်ရှိမြောက်ဒဂုံရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အိမ်ရှင်ကို အမှုဖွင့်ထားပါတယ်။
မသန်းသန်းအိ ရဲ့ မိခင်ဟာသူမီးတွင်းထဲက ဆုံးပါးသွားတာဖြစ်ပြီး ဖခင်ဖြစ်သူဟာ လက်ရှိမှာ ဘုန်းကြီးဝတ်နေပါတယ်။ ဒီအမှုတရားမျှတစွာ အရေးယူနိုင်ရေးနဲ့ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်က လက်ပါကူညီဆောင်ရွက်ပေးနေပါတယ်။
DVB

Sheffield United ဘောလုံးအသင်းနဲ့  စာချုပ်ချုပ်လိုက်တဲ့ ကရင်တိုင်းရင်းသားလေး ကလယ်ဟဲ


ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း Umpiem Mai တွင် မွေးဖွားခဲ့သူ ကရင်တိုင်းရင်းသား အသက် ၁၈ နှစ်အရွယ် ကလယ်ဟဲကို အင်္ဂလန်ဘောလုံးကလပ် ရှက်ဖီးယူနိုက်တက် (Sheffield United) က သုံးကြိမ်ခြေစမ်းကစားစေအပြီး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။ ကလယ်ဟဲနှင့် မိသားစုသည် ယခင်က သြစတြေးလျနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ရန်ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။ ဒုက္ခသည်စခန်းတွင်သာ ဘ၀ကို အဆုံးသတ်ရမည့် အခြေအနေဖြစ်သည်။

“ဘယ်မှထွက်လို့မရဘူးဗျ။ ထိုင်းနိုင်ငံထဲဝင်သွားဖို့ဆိုတာလဲ ဘယ်သူ့မှာမှ ပက်စပို့ မရှိတော့ သာမန်လူတယောက်လို သွားလာလို့မရဘူး”ဟု ကလဲဟဲက ပြောသည်။

သို့သော် ၂၀၀၆ ခု ကံကြမ္မာ အလှည့်အပြောင်းကြောင့် ကုလသမဂ္ဂ၏အစီအစဉ်တခုဖြင့် ကလယ်ဟဲတို့ မိသားစုဝင် ၆ ဦး ရှက်ဖီးသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရခဲ့သည်။

ဘာသာစကားအခက်အခဲကြောင့် ဘောလုံးအားကစားသည်သာ သူ့အတွက် ကွန်းခိုရာဖြစ်ခဲ့သည်။ ကျောင်းဘောလုံးအသင်းများနှင့် တနင်္ဂနွေ အပျော်တမ်းလိဂ်ပွဲများတွင် ၀င်ရောက်ကစားခဲ့သည်။ ထိုစဉ် သူငယ်ချင်းများက ဘောလုံးသမား Kyle Walker ကို အင်္ဂလန်လက်ရွေးစဉ်ကစားသမားဖြစ်စေခဲ့သော Football Unites Racism Divides (ဘောလုံးသည် စည်းလုံးညီညွတ်စေသည်၊ လူမျိုးရေးခွဲခြားခြင်းသည် သွေးကွဲစေသည်) ဆိုသည့်အဖွဲ့အကြောင်း ကလယ်ဟဲအား ပြောပြခဲ့သည်။ ထိုအဖွဲ့က စီစဉ်သည့်ပွဲများတွင် ၀င်ရောက်ကစားရာမှ သူ၏ခြေစွမ်းခြေစကို လူသိများလာသည်။

Walker ၏ ကြေးစားဘောလုံးသမားဘ၀ကို အစပြုခဲ့သော ရှက်ဖီးယူနိုက်တက်တွင် ခြေရည်စမ်းပွဲ ၂ ကြိမ်ကစားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဘဲ တတိယအကြိမ်တွင်မှ ကလယ်ဟဲ၏ခြေစွမ်းကို နည်းပြများက သဘောကျနှစ်သက်သွားပြီး ကလပ်အသင်းဘောလုံးကျောင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“တနေ့ ပရီးမီးယားလိဂ်မှာ ကစားချင်ပါတယ်။ လတ်တလောရည်မှန်းချက်ကတော့ မန်နေဂျာ နိုက်ဂျဲအက်ကင်နဲ့ ၂၁ နှစ်အောက်နည်းပြ ခရစ်မော်ဂန် တို့ သဘောကျဖို့နဲ့ ကျွန်တော့်ကို ယုံကြည်တဲ့ ရှက်ဖီးအသင်းကို ကျေးဇူးပြန်ဆပ်ဖို့ပါပဲ”ဟု ကလယ်ဟဲ က ပြောသည်။

“ဒါပေမဲ့ ကျွန်တော်ဟာ ရည်မှန်းချက်ကြီးတဲ့ ကစားသမားတယောက်ပါ။ တနေ့ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ မြန်မာအသင်း (သို့) ထိုင်းအသင်း ရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ ကိုယ်စားပြုကစားချင်တဲ့ဆန္ဒရှိပြီး တချိန်တည်းမှာပဲ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ကစားချင်ပါတယ်”

ကလယ်ဟဲသည် ဘောလုံးစွမ်းရည်ပြည့်ဝသော တောင်ပံကစားသမားတဦးဖြစ်ပြီး ရှက်ဖီးယူနိုက်တက် အသက် ၂၁ နှစ်အောက်အသင်းတွင် ယခုနှစ်မှစ၍ ပါဝင်ကစားမည်ဖြစ်ကြောင်း အသင်းကြီးတွင် ကစားခွင့်ရရေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရှက်ဖီးယူနိုက်တက်သည် ယမန်နှစ် လိဂ်ဖလားပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဖြစ်သည်။

“ဒီဘောလုံးကျောင်းမှာကိုပဲ တဆင့်ပြီးတဆင့် တက်သွားနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ကလယ်ဟဲက ဘာသာစကားအခက်အခဲနဲ့ ယဉ်ကျေးမှုအပြောင်းအလဲတွေကြားထဲက ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ ဒီကလပ်မှာ အခုလို ကြေးစားဘောလုံးသမားစာချုပ် ချုပ်ဖို့ ကမ်းလှမ်းခံရတာ တကယ့်ထူးခြားတဲ့ အောင်မြင်မှုတခုပါပဲ”ဟု ရှက်ဖီးဘောလုံးကျောင်း မန်နေဂျာ နစ်ကော့စ် က ပြောသည်။

ဗြိတိသျှပတ်စပို့ကိုင်ဆောင်ထားသူ ကလယ်ဟဲသည် ဆွေမျိုးသားချင်းများနှင့် ဒုက္ခသည်စခန်းမှ သူငယ်ချင်းများထံ လည်ပတ်ရန် ၂၀၁၂ က ထိုင်းနိုင်ငံသို့ တခေါက်ပြန်ခဲ့သေးသည်။ Umpiem Mai စခန်းတွင် နေထိုင်သူ ဒုက္ခသည် ၁၃၀၀၀ ခန့်ရှိသည်။ ပရီးမီးယားလိဂ်ကို ရှုးသွပ်ကြသော မိမိဇာတိမှပြည်သူများက၎င်းတို့၏ နိုင်ငံသားတဦး၊ တိုင်းရင်းသားတဦး ပရီးမီးယားလိဂ်တွင်ကစားသည်ကို မြင်တွေ့လိုကြသော မျှော်လင့်ချက်ကို ထမ်းရွက်ထားရသည်ကို ၀မ်းသာဂုဏ်ယူကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်ဟာ ကိုယ့်ကိုကိုယ်ရော၊ မိသားစု နဲ့ မိတ်ဆွေတွေကိုရော၊ မြန်မာနဲ့ထိုင်းက လူတွေအားလုံးကို ကိုယ်စားပြုနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ဟာ စံပြကောင်းတယောက်ဖြစ်ချင်ပါတယ်။ ဒုက္ခသည်စခန်းရဲ့အပြင်ဘက်မှာ ဘ၀မျှော်လင့်ချက်တွေရှိနေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်သင်္ကေတတခုလို ဖြစ်ချင်တယ်”ဟု ကလယ်ဟဲက ပြောသည်။

ရည်ညွှန်း - ဂါးဒီးယန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လိပ်ကျွန်းလူသတ်မှု ဒီအန်အေပြန်လည်စစ်ဆေးရန် တရားရုံးမှညွှန်ကြား

ဓာတ်ပုံ - မင်းဦး  
ဓာတ်ပုံ - မင်းဦး

ထိုင်းတောင်ပိုင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို ကော့ဆမွီခရိုင် တရားရုံးက  ဆက်လက်စစ်ဆေးရာမှာ တရားသူကြီးက ဒီအန်အေ (မျိုးဗီဇ)ကို ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ  တရားလိုပြသက်သေဖြစ်တဲ့  ကော့ဆမွီခရိုင် ထိုင်းရဲတပ်ဖွဲ့ မှုခင်း ဆေးသိပ္ပံဆိုင်ရာ  ရဲအရာရှိ ၂ ယောက်ကို စစ်ဆေးခဲ့ပြီး တရားသူကြီးက ဒီအန်အေပြန်စစ်ဖို့ အမိန့်ချလိုက်တာလို့ ဒီအမှုမှာ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့က ဒီအန်အေနဲ့ ပတ်သက်တဲ့ မှုခင်းဆရာဝန်တွေကို စစ်တယ်။ နောက်ပြီးတော့ ကျတော်တို့ဘက်က တောင်းဆိုထားတဲ့ ဒီအန်အေနဲ့ သက်သေအထောက်အထားတွေကို ပြန်လည် စစ်ဆေးဖို့ကိစ္စ တရားရုံးကလည်း ခွင့်ပြုမိန့်ပေးလိုက်တယ်။ ပေါက်တူးနဲ့ ပေါက်တူးရိုးက ဒီအန်အေ၊ သေသူမိန်းကလေးရဲ့ ကိုယ်ခန္ဓာပေါ်ကရတဲ့ ဒီအန်အေ ပြီးတော့ ကျနော်တို့ဘက်က  မြန်မာကလေး ၂ ယောက်ရဲ့ တံတွေးတို့ ဆီးတို့ ပြန်စစ်စေချင်တယ်။”
ပြီးခဲ့တဲ့ အပတ်က မှုခင်းရဲအရာရှိတယောက်ထွက်ဆိုချက်မှာ ဒီအန်အေစစ်ဆေးရင်းနဲ့ ကုန်သွားပြီ လို့ ပြောခဲ့ပေမယ့် မနေ့က ထွက်ဆိုတဲ့ မှုခင်းရဲကတော့ ဒီအန်အေ ရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမယ့် တချို့က သက်တမ်းကုန်ဆုံးနိုင်တယ်လို့လည်း ပြောတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ဘက်ကတော့ ထိုင်းရှေ့နေများကောင်စီနဲ့ ဆက်လက်ဆွေးနွေးတိုင်ပင်ရအုံး မယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လာမယ့်အပတ် ရုံးချိန်းကို တရားရုံးက သြဂုတ်လ ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ သတ်မှတ်ပြီး တရားလိုပြသက်သေတွေ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။
ယခုတပတ် စစ်ဆေးမှုမှာ တရားလိုပြသက်သေ မှုခင်းဆိုင်ရာရဲအရာရှိ ၂ ဦးနဲ့ အမျိုးသမီးရဲဗိုလ်မှူး ၁ ဦးမှ စီစီကင်မရာက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါ ထွက်ဆိုခဲ့ပေမယ့်   မြန်မာလူငယ် ၂ ဦး ကျူးလွန်တဲ့သက်သေအထောက်အထား ခိုင်ခိုင်လုံလုံကို မပြနိုင်သေးဘဲ ယုတ္တိမတန်ကွဲလွဲချက်တွေ တွေ့မြင်နေရတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်နှင့် စဥ့်ကူးမြို့များတွင် ရေကြီးပြီ မြေပြိုမှုများ ဖြစ်ပွား


မန္တလေးတိုင်း၊ မိုးကုတ်နဲ့စဥ့်ကူးမြို့တို့မှာ မိုးကြီးလို့ ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ပေမယ့် လူနဲ့တိရိစ္ဆာန် အသေအပျောက်တော့ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မှာ မိုးကြီးပြီး မြို့ကိုပတ်စီးနေတဲ့ ချောင်းရေတက်လာလို့မြို့ပေါ် ရေကြီးခဲ့တာလို့ မြို့ခံကိုမင်းသန့်က ပြောပါတယ်။

“ကျနော်တို့ မိုးကုတ်မြို့မှာ ချောင်းငယ်လေးတခုရှိတယ်လေ၊သူက တောင်ပေါ်ကနေ တွင်းတွေ ဘာတွေ လုပ်ရာက စီးကျလာတာဆိုတော့ အဲ့ဒီချောင်းကမြို့ကို ပတ်စီးနေတဲ့အခါကျ အခုက အဲ့ဒီ ချောင်းရေ လျှံတာပေါ့။ ညက ၂ နာရီလောက်ကထဲ ရေတက်လာပြီး ၄ နာရီလောက်မှာ ရေပြန်ကျသွားတယ်။ လမ်းတွေ ဗွက်ထပြီး ကျန်ခဲ့တာပေါ့။ အခု ကိုယ့်အိမ်ကို သန့်ရှင်ရေး လုပ်နေရတယ်။”

မြို့နဲ့အနီးတ၀ိုက်က ရွာတချို့မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မိုးကုတ်ရေကြီးမှုကြောင့် ရေးကြီး၊ ရေလျှံ၊ မြေပြိုမှုများဖြစ်လို့ အိမ်ခြေ (၂၈) လုံး ထိခိုက် ပျက်စီးခဲ့ပြီး ကိုရင်တစ်ပါးနှင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။

မန္တလးတိုင်း စဥ့်ကူးမြို့အနီးရှိ ကျေးရွာတွေမှာလည်း မနေ့ည ၁၀ နာရီခွဲလောက်ကထဲ အဆက်မပြတ်ရွာနေတဲ့မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့မြို့ခံ ကိုကျော်စွာဦးက ပြောပါတယ်။
“စဥ့်ကူးမြောက်ဖျားက တောင်ကျချောင်းလေးက ရွာထဲကို ၀င်ပြီးတော့ ရွာထဲမှာ ရေကြီးတာပေါ့။ ၂ ပေလောက်ထိ ရေတက်ခဲ့တယ်။ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ လက်ပံလှဘက်လည်း ရွာရဲ့ အရှေ့ဘက်က ချောင်းကနေ ရေ၀င်ပြီး ဈေးရေမြုပ်တာ ရွာထဲရေ၀င်တာ ရှိတယ်။ လူအသေအပျောက် ဘာညာ မရှိပါဘူး။ နွယ်ရုံကျေးရွာက စာသင်ကျောင်းတံခါးနဲ့ ၀င်းတံတိုင်းတော့ ရေတိုက်စားမျောပါပြီး ပျက်စီးသွားတယ်။”

စဥ့်ကူးမြို့အ၀င်မှာလည်း မိုးကြီးလို့ ကားလမ်းရေကျော်နေတယ်လို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီနေ့ကစပြီးး နောက် ၃ရက်အတွင်း မိုးကြီးမယ်၊ ကုန်းမြင့်ဒေသမှာ နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ် ကြုံတွေ့နိုင်တယ်။ မြစ်နားချောင်းနား နေသူတွေ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
ရွှေအောင် DVB

လီလီပန်းက က ဘာအဓိပ္ပါယ်ကို ဆောင်ကျဉ်းသလဲ



 မနေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့ဖြစ်တယ်။

ကွန်မင့်ရေးသူတွေကလည်း ကောင်းကောင်းသတိထားမိကြတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်းမှာ ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင်မက်ဒိုနာလီလီပန်းကို ဆိုလိုပါသတဲ့။ နတ်ဘုရားတွေရဲ့ဘုရင်မHeraဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာပန်းလို့လည်း သတ်မှတ်ထားတယ်။

Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါတယ်။

နောက်ပိုင်းမှာလီလီပန်းကိုအသုဘအတွက်သုံးလာကြပါတယ်။ သေဆုံးပြီးနောက်မှာ Restoration of innocence အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေလို့ ဆိုလိုတာဖြစ်ပါတယ်။

As the flowers most often associated with funerals, lilies symbolize that the soul of the departed has received restored innocence after death.

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

NLD ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစု ကြည် ပြောကြား


 ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန်ဘုရားဓမ္မာရုံမှာ ဇူလိုင်လ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလူထုဟောပြောပွဲကို ဟောပြောနေစဉ် Photo: Kyaw Zaw Win/ RFA
 တတ်သိပညာရှင်တွေ တော်တဲ့ပုဂ္ဂိုလ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၀င်ရောက်ယှဉ်ပြိုင် ဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံအကျိုးအတွက် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့ တိလောကမာရဇိန် ဘုရားဓမ္မာရုံမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလူထုဟောပြော ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီပြင်ပက လူပုဂ္ဂိုလ်တွေအပေါ် ဝေဖန်မှုတွေ ရှိလာတဲ့အတွက် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ တကယ်တော်တဲ့ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်များ ကျမတို့ဖိတ်ခေါ်တယ်၊ တချို့ကနည်းနည်း မကျေနပ်ချင်ဘူး၊ ဒီပုဂ္ဂိုလ်တွေက အစတုန်းက အဖွဲ့ချုပ်ဝင်တွေလည်း မဟုတ်ဘူး၊ အခုမှဝင်လာပြီးတော့ သူတို့ကို ကိုယ်စားလှယ်နေရာပေးမှာလား ဆိုပြီးမေးတဲ့ သူတွေရှိတယ်၊ ဟုတ်တယ် ကျမတို့ပေးရမယ်၊ မိမိတို့ရဲ့ကျွမ်းကျင်မှုအရ၊ မိမိတို့ရဲ့ပညာ အရ နိုင်ငံကိုအကျိုးပြုတယ်၊ နောက်ပြီးတော့ ဒီမိုကရေစီကို ထိပါးအောင် မလုပ်ခဲ့ဘူးဆိုရင် ကျမတို့ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံအတွက်သုံးရမှာဘဲ"

NLD ပါတီသာ အားလုံးအနိုင်ရခဲ့ရင် ၁၉၉၀ ရွေးကောက်ပွဲအပြီးလိုမျိုး တပ်မတော်က အာဏာသိမ်းလိမ့်မယ်လို့ ပြောနေ ကြတာဟာ စစ်တပ်၊ ပြည်သူနဲ့ ဒီမိုကရေ စီစနစ်ကို စော်ကား လိုက်တာဖြစ် ကြောင်း ပြောပါတယ်။ ဒါ့အပြင် NLD ဟာ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထားပြီး အဲဒီလို ကြိုးပမ်းဖို့အတွက် ပြည် သူတွေကလည်း ပါဝင်ကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိတာကြောင့် လူတစ်ဦးမှာ ဆန္ဒမဲတစ်ခုသာရှိတဲ့ အတွက် မဲတစ်ပြားကို အဆုံးရှုံးမခံကြဖို့နဲ့ လှို့ဝှက်မဲစနစ်ဖြစ်တာကြောင့် ကိုယ့်ကြိုက်နှစ်သက်သူကို မဲပေးဖို့ မကြောက် ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံ ၂၀၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မော်ကျွန်းမြို့နယ်ကိုသွားရောက်ပြီး လူထုဟောပြောပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မည့်နယ်မြေ ထုတ်ဖော်ကြေညာ


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးဇာတိဖြစ်တဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်က ရွေးကောက်ပွဲဝင်မယ်လို့ သူ့အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
မိမိ၏ မွေးရပ်ဇာတိဖြစ်တဲ့ ဖြူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြည်သူကို အသိပေးပါကြောင်း ရေးသားဖော်ပြထားတာပါ။
ပါတီဥက္ကဋ္ဌက သူပါဝင်ယှဉ်ပြိုင်မယ့် မြို့နယ်ကို အခုလို ထုတ်ဖော်ကြေညာလိုက်ပေမယ့် ပါတီထိပ်တန်းခေါင်းဆောင်တွေ ၀င်ပြိုင်မယ့် နယ်မြေတွေကို တရားဝင် ကြေညာခြင်းတော့ မရှိသေးပါဘူး။
စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူတွေအပါအ၀င် လူ ၁၄၀ လောက် ကြံ့ခိုင်ရေးပါတီက ၀င်ရောက်အရွေးခံဖို့ စာရင်းပေးထားပြီး ဒီထဲ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ပါဝင်တယ်လို့ ငြိမ်းချမ်းရေးစင်တာတာဝန်ရှိသူတဦးက ပြောပါတယ်။
တခါ အစိုးရအဖွဲ့ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ ကယားပြည်နယ်၊ မြို့နယ် ၂ခုက ၀င်ရွေးဖို့ရှိတာကို ကြံ့ခိုင်ရေးပါတီက ပယ်ချထားပြီး ဒီကိစ္စ နောက်ဆက်တွဲအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးကို ပါတီက ထုတ်ပယ်လိုက်ပါတယ်။
အာဏာရ ကြံ့ခိုင်ရေးပါတီက လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးအတော်များများဟာ ဇာတိမြို့နယ်တွေကနေ ၀င်ရောက်အရွေးခံဖို့ ပြင်ဆင်ထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ပါတီဥက္ကဋ္ဌဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းကပဲ စီစဉ်လုပ်ဆောင်ဖို့ ရှိပါတယ်။
ဦးရွှေမန်း ၀င်ရောက်အရွေးခံမယ့် မြို့နယ်မှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်ဒီ ကိုယ်စားလှယ် ၀င်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်နိုင်ငံရေးအသိုင်းအ၀န်းက ခန့်မှန်းပြော ဆိုနေကြပါတယ်။

DVB

Friday, July 24, 2015

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် အများဆုံး လူကုန်ကူးခံရ


ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့အတွက် မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံရနေရတယ်လို့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသစ်ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်ပတ်လည် အစီရင်ခံစာမှာ လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဓမ္မထိမ်းမြားဖို့အတွက်ဖြစ်ပြီး လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို ဦးတည်ခဲ့တာလို့ဆိုပါတယ်။
ဒီအထဲမှာ အဓမ္မခိုင်းစေမှုနဲ့ ပြည့်တန်ဆာပြုမှုက ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “ဒီနှစ် မေလလောက်အထိ လူကုန်ကူးမှု ၆၀ လောက်ဖြစ်ခဲ့တယ်၊ ဒီမှာလည်း အရင်နှစ်တွေကလိုပဲ တရုတ်နိုင်ငံကို ဦးတည်ပြီး ဖြစ်တဲ့အမှုက ပိုများတယ်၊ နောက်ပြီးတော့ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့အတွက် လူကုန်ကူးတဲ့ ဖြစ်စဉ်က ပိုများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဧရာဝတီတိုင်းက ဖြစ်ပြီး အမျိုးသမီး ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မှာ အမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်ပွားခဲ့ပြီး တရားခံတွေကတော့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင်တော့ လူကုန်ကူးခံရတာရော ဖမ်းဆီးရတာပါ ပိုလာပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “အဓိက စားဝတ်နေရေး မပြေလည်မှုပေါ့။ မိဘ၊ သားသမီးကို ချမ်းချမ်းသာသာ ထားချင်တယ်။ ပြည်တွင်းမှာ အလုပ်လုပ်ပြီး လူလတ်တန်းစား ဘ၀ကိုတောင် မပိုင်ဆိုင်တဲ့အခါမှာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့အခါ အကာအကွယ်က အားနည်းသွားပြီ။ တရားမ၀င်သွားကြတဲ့ သူတွေအတွက် လူကုန်ကူးခံရဖို့ အလားအလာ အများကြီးရှိတာပေါ့” လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ လူကုန်ကူးမှု ၁၂၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၃၆၇ ဦးနဲ့ လူကုန်ကူးခံရသူ ၃၀၉ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း  ကြည့်မြင်တိုင် သီတာရပ်ကွက်နေ အမျိုးသမီးတဦးက အသက် ၂၀ အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသား တဦးထံ ကျပ်ငွေ သိန်း ၃၀ နဲ့ ဇနီးမယားအဖြစ် ရောင်းချမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်းသတင်းစာတွေမှာ ရေးသားထားပါတယ်။
DVB

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် အများဆုံး လူကုန်ကူးခံရ


ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့အတွက် မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံရနေရတယ်လို့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသစ်ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်ပတ်လည် အစီရင်ခံစာမှာ လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဓမ္မထိမ်းမြားဖို့အတွက်ဖြစ်ပြီး လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို ဦးတည်ခဲ့တာလို့ဆိုပါတယ်။
ဒီအထဲမှာ အဓမ္မခိုင်းစေမှုနဲ့ ပြည့်တန်ဆာပြုမှုက ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “ဒီနှစ် မေလလောက်အထိ လူကုန်ကူးမှု ၆၀ လောက်ဖြစ်ခဲ့တယ်၊ ဒီမှာလည်း အရင်နှစ်တွေကလိုပဲ တရုတ်နိုင်ငံကို ဦးတည်ပြီး ဖြစ်တဲ့အမှုက ပိုများတယ်၊ နောက်ပြီးတော့ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့အတွက် လူကုန်ကူးတဲ့ ဖြစ်စဉ်က ပိုများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဧရာဝတီတိုင်းက ဖြစ်ပြီး အမျိုးသမီး ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မှာ အမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်ပွားခဲ့ပြီး တရားခံတွေကတော့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင်တော့ လူကုန်ကူးခံရတာရော ဖမ်းဆီးရတာပါ ပိုလာပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “အဓိက စားဝတ်နေရေး မပြေလည်မှုပေါ့။ မိဘ၊ သားသမီးကို ချမ်းချမ်းသာသာ ထားချင်တယ်။ ပြည်တွင်းမှာ အလုပ်လုပ်ပြီး လူလတ်တန်းစား ဘ၀ကိုတောင် မပိုင်ဆိုင်တဲ့အခါမှာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့အခါ အကာအကွယ်က အားနည်းသွားပြီ။ တရားမ၀င်သွားကြတဲ့ သူတွေအတွက် လူကုန်ကူးခံရဖို့ အလားအလာ အများကြီးရှိတာပေါ့” လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ လူကုန်ကူးမှု ၁၂၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၃၆၇ ဦးနဲ့ လူကုန်ကူးခံရသူ ၃၀၉ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း  ကြည့်မြင်တိုင် သီတာရပ်ကွက်နေ အမျိုးသမီးတဦးက အသက် ၂၀ အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသား တဦးထံ ကျပ်ငွေ သိန်း ၃၀ နဲ့ ဇနီးမယားအဖြစ် ရောင်းချမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်းသတင်းစာတွေမှာ ရေးသားထားပါတယ်။
DVB

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် အများဆုံး လူကုန်ကူးခံရ


ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့အတွက် မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံရနေရတယ်လို့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသစ်ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်ပတ်လည် အစီရင်ခံစာမှာ လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဓမ္မထိမ်းမြားဖို့အတွက်ဖြစ်ပြီး လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို ဦးတည်ခဲ့တာလို့ဆိုပါတယ်။
ဒီအထဲမှာ အဓမ္မခိုင်းစေမှုနဲ့ ပြည့်တန်ဆာပြုမှုက ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “ဒီနှစ် မေလလောက်အထိ လူကုန်ကူးမှု ၆၀ လောက်ဖြစ်ခဲ့တယ်၊ ဒီမှာလည်း အရင်နှစ်တွေကလိုပဲ တရုတ်နိုင်ငံကို ဦးတည်ပြီး ဖြစ်တဲ့အမှုက ပိုများတယ်၊ နောက်ပြီးတော့ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့အတွက် လူကုန်ကူးတဲ့ ဖြစ်စဉ်က ပိုများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဧရာဝတီတိုင်းက ဖြစ်ပြီး အမျိုးသမီး ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မှာ အမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်ပွားခဲ့ပြီး တရားခံတွေကတော့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင်တော့ လူကုန်ကူးခံရတာရော ဖမ်းဆီးရတာပါ ပိုလာပါတယ်။
ဒုတိယရဲမှူးကြီး သက်နောင်က “အဓိက စားဝတ်နေရေး မပြေလည်မှုပေါ့။ မိဘ၊ သားသမီးကို ချမ်းချမ်းသာသာ ထားချင်တယ်။ ပြည်တွင်းမှာ အလုပ်လုပ်ပြီး လူလတ်တန်းစား ဘ၀ကိုတောင် မပိုင်ဆိုင်တဲ့အခါမှာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့အခါ အကာအကွယ်က အားနည်းသွားပြီ။ တရားမ၀င်သွားကြတဲ့ သူတွေအတွက် လူကုန်ကူးခံရဖို့ အလားအလာ အများကြီးရှိတာပေါ့” လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ လူကုန်ကူးမှု ၁၂၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၃၆၇ ဦးနဲ့ လူကုန်ကူးခံရသူ ၃၀၉ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း  ကြည့်မြင်တိုင် သီတာရပ်ကွက်နေ အမျိုးသမီးတဦးက အသက် ၂၀ အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသား တဦးထံ ကျပ်ငွေ သိန်း ၃၀ နဲ့ ဇနီးမယားအဖြစ် ရောင်းချမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်းသတင်းစာတွေမှာ ရေးသားထားပါတယ်။
DVB

တူရကီ နိုင်ငံ တိုက်လေယာဉ်များမှ ဆီးရီးယား နယ်နိမိတ် အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်



    အန်ကာရာ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    တူရကီ နိုင်ငံမှ F-16 တိုက်လေယာဉ် ၃ စင်းသည် ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းတွင် တူရကီ နိုင်ငံ အရှေ့တောင်ဘက်ရှိ  Diyarbakır စစ်ဘက် လေတပ်စခန်းမှ စတင် ထွက်ခွာခဲ့ပြီး တူရကီ နိုင်ငံ နယ်နိမိတ် နှင့် နီးကပ်သည့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက် ခဲ့သည်။

တိုက်လေယာဉ် များသည် သက်မှတ် ထားသည့် IS တပ်ဖွဲ့ ပစ်မှတ် နေရာ ၃ နေရာကို တိုက်ခိုက် နိုင်ခဲ့ပြီး အချိန် ၅ မိနစ်ကြာ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် Diyarbakır စစ်ဘက် လေတပ်စခန်းသို့ ပြန်လာခဲ့ကြောင်း တူရကီ ရုပ်သံ ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

သတင်း ထုတ်ပြန်ချက်တွင် ယခု ပြုလုပ်သည့် စစ်ဆင်ရေးသည် တူရကီ ဝန်ကြီးချုပ် Ahmet Davutoğlu မှ အန်ကာရာ မြို့တွင် ဇူလိုင်လ ၂၃ ရက် ညက အရေးပေါ် အစည်းအဝေး ပြုလုပ် ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြောင်း ပါဝင်သည်။

ယခုလ ၂၀ ရက်နေ့တွင် တူရကီ နိုင်ငံနှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ရှိ Şanlıurfa မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တူရကီ ရဲဌာနမှ ဗုံးခွဲ တိုက်ခိုက်သူ သည် တူရကီ နိုင်ငံမှ အသက် ၂၀ ရှိ လူငယ် တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံသို့ ဝင်ရောက်၍ IS တပ်ဖွဲ့နှင့် ပူးပေါင်း ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ မီဒီယာများ၏ သတင်း ဖော်ပြချက်များအရ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား IS တပ်ဖွဲ့များကို တိုက်ခိုက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း Adana မြို့ ရှိ လေတပ် စခန်းအား အသုံးပြုရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

တူရကီ နိုင်ငံ တိုက်လေယာဉ်များမှ ဆီးရီးယား နယ်နိမိတ် အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်



    အန်ကာရာ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    တူရကီ နိုင်ငံမှ F-16 တိုက်လေယာဉ် ၃ စင်းသည် ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းတွင် တူရကီ နိုင်ငံ အရှေ့တောင်ဘက်ရှိ  Diyarbakır စစ်ဘက် လေတပ်စခန်းမှ စတင် ထွက်ခွာခဲ့ပြီး တူရကီ နိုင်ငံ နယ်နိမိတ် နှင့် နီးကပ်သည့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက် ခဲ့သည်။

တိုက်လေယာဉ် များသည် သက်မှတ် ထားသည့် IS တပ်ဖွဲ့ ပစ်မှတ် နေရာ ၃ နေရာကို တိုက်ခိုက် နိုင်ခဲ့ပြီး အချိန် ၅ မိနစ်ကြာ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် Diyarbakır စစ်ဘက် လေတပ်စခန်းသို့ ပြန်လာခဲ့ကြောင်း တူရကီ ရုပ်သံ ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

သတင်း ထုတ်ပြန်ချက်တွင် ယခု ပြုလုပ်သည့် စစ်ဆင်ရေးသည် တူရကီ ဝန်ကြီးချုပ် Ahmet Davutoğlu မှ အန်ကာရာ မြို့တွင် ဇူလိုင်လ ၂၃ ရက် ညက အရေးပေါ် အစည်းအဝေး ပြုလုပ် ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြောင်း ပါဝင်သည်။

ယခုလ ၂၀ ရက်နေ့တွင် တူရကီ နိုင်ငံနှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ရှိ Şanlıurfa မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တူရကီ ရဲဌာနမှ ဗုံးခွဲ တိုက်ခိုက်သူ သည် တူရကီ နိုင်ငံမှ အသက် ၂၀ ရှိ လူငယ် တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံသို့ ဝင်ရောက်၍ IS တပ်ဖွဲ့နှင့် ပူးပေါင်း ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ မီဒီယာများ၏ သတင်း ဖော်ပြချက်များအရ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား IS တပ်ဖွဲ့များကို တိုက်ခိုက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း Adana မြို့ ရှိ လေတပ် စခန်းအား အသုံးပြုရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

တူရကီ နိုင်ငံ တိုက်လေယာဉ်များမှ ဆီးရီးယား နယ်နိမိတ် အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်



    အန်ကာရာ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    တူရကီ နိုင်ငံမှ F-16 တိုက်လေယာဉ် ၃ စင်းသည် ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းတွင် တူရကီ နိုင်ငံ အရှေ့တောင်ဘက်ရှိ  Diyarbakır စစ်ဘက် လေတပ်စခန်းမှ စတင် ထွက်ခွာခဲ့ပြီး တူရကီ နိုင်ငံ နယ်နိမိတ် နှင့် နီးကပ်သည့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက် ခဲ့သည်။

တိုက်လေယာဉ် များသည် သက်မှတ် ထားသည့် IS တပ်ဖွဲ့ ပစ်မှတ် နေရာ ၃ နေရာကို တိုက်ခိုက် နိုင်ခဲ့ပြီး အချိန် ၅ မိနစ်ကြာ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် Diyarbakır စစ်ဘက် လေတပ်စခန်းသို့ ပြန်လာခဲ့ကြောင်း တူရကီ ရုပ်သံ ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

သတင်း ထုတ်ပြန်ချက်တွင် ယခု ပြုလုပ်သည့် စစ်ဆင်ရေးသည် တူရကီ ဝန်ကြီးချုပ် Ahmet Davutoğlu မှ အန်ကာရာ မြို့တွင် ဇူလိုင်လ ၂၃ ရက် ညက အရေးပေါ် အစည်းအဝေး ပြုလုပ် ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြောင်း ပါဝင်သည်။

ယခုလ ၂၀ ရက်နေ့တွင် တူရကီ နိုင်ငံနှင့် ဆီးရီးယား နိုင်ငံ နယ်စပ်ရှိ Şanlıurfa မြို့တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တူရကီ ရဲဌာနမှ ဗုံးခွဲ တိုက်ခိုက်သူ သည် တူရကီ နိုင်ငံမှ အသက် ၂၀ ရှိ လူငယ် တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံသို့ ဝင်ရောက်၍ IS တပ်ဖွဲ့နှင့် ပူးပေါင်း ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ မီဒီယာများ၏ သတင်း ဖော်ပြချက်များအရ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား IS တပ်ဖွဲ့များကို တိုက်ခိုက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း Adana မြို့ ရှိ လေတပ် စခန်းအား အသုံးပြုရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

အမျိုးသားပညာရေး ဥပဒေ ကို ပြောင်းလဲ ပေးရန် တောင်းဆို ဆန္ဒပြ သော မဖြိုးဖြိုး အောင် ၏ မိဘ နှစ်ဦး ထောင်ဝင်စာ အပြန် ကား တိုက်မှု့ဖြစ်ပွား



 သုံးဆယ် ၊ ဇူလိုင် ၂၄

 အမျိုးသားပညာရေး ဥပဒေ ကို ပြုပြင်ပေးရန်တေင်းဆို တောင်ဆို ဆန္ဒပြသော မဖြိုးဖြိုးအောင် ၏ မိဘ နှစ်ဦး ဖြစ်သော ဒေါက်တာ ဦးနေဝင်း ဒေါ်ခင်သန္တာ တို့ သည် ၂၃ ၇ ၂၀၁၅ ရက်နေ့ သာယာဝတီ တရားရုံးတွင် ဆေးလိပ်နှင့်ကွမ်းယာ တင်သွင်း မှု တရားရင်ဆိုင်နေရသော ကျောင်းသားနှင့် ဝိုင်းရြံ့ပည်သူ ရုံး ထုတ်ရက် တွင် လာရောက် အားပေးကူညီပြီး မဖြိုးဖြိုးအောင်အား ညနေပိုင်းတွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပါတယ် ။

ထို့နောက် သာယာဝတီမှ ရန်ကုန်သို့ ညနေ ၄း၃၀ အချိန်တွင် သာယာဝတီမှ စတင်ထွက်လာ ညအချိန် ၇း၀၀ ကျော်အချိန့် တွင် ထောက်ကြန့် မြို့ တွင် စီးနှင်း လိုက်ပါလာသော Express. မော်တော်ယာဉ်နှင့် တစ်ဖတ် မှ မောင်းနှင်း လာမော်တော် ငယ်ဦခေါင်းပိုင်းနှင့်တိုက်မိသဖြင့် လမ်းဘေးရှိ ကျွန်းပင်း များတိုက်မိ သဖြင့် မိခင်ဖြစ်သူ ဒေါ်ခင်သန္တာ မှာ ရှေ့ခုံရင်ဘတ် နှင့် တိုက်မိပြီး ကားထိုင်ခုံအောက်သို့ပြုတ်ကျ သွားခဲ့ပြီး နံရိုး အောင့် ဝေဒနာခံစားနေရပြီး ဖခင်ဖြစ်သူ ဒေါက်တာ ဦးနေဝင်း မှာ ထိခိုက်ဒဏ်ရာ မရရှိကြောင်း ယာဉ်နောက်လိုက်မှာ ခြေထောက် ကျိုးသွားတယ်ဟု ဒေါ်ခင်သန္တာ မှ ပြောဆိုခဲ့ပါတယ်။

အောင်အောင်သုံး
The Street View

ဖာပွန်အခြေစိုက် BGF က ဒေသခံများအပေါ် အတင်းအကြပ် စေခိုင်းမှုများရှိနေ



 ဇူလိုင်၂၄ ရက်၊၂၀၁၅ခုနှစ်။ ကေအိုင်စီ

 ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) နယ် မြေနှင့် ဆက်စပ် နေသည့် ထီးဘောခီးကျေးရွာ၌ စခန်းချ တပ်ထိုင်နေသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF )တပ်ရင်း (၁၀၁၄)က တပ်စခန်းအနီးရှိ ဒေသခံရွာသားများအပေါ် အတင်း အကြပ် ခိုင်းစေမှုများရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ကေအိုင်စီသို့ ပြောသည်။

“ မဲပရီးကျေးရွာအုပ်စုမှာရှိတဲ့ ထီးဘောကော့ကျေးရွာ၊ မဲပရီးဖိုးခီးရွာနဲ့ မဲပရီးကျေးရွာတွေက ရွာသား တွေကို တရွာတစ်ယောက်နှုန်း BGFတပ်ရင်း(၁၀၁၄)မှာ လာနေခိုင်းတယ်။ သူတို့ ဆီ လာမနေပေးရင် တဦး ငါးထောင်ကျပ်၊ တရွာဆို ငါးသောင်းကျပ်ပေးရမယ်လို့ ပြောတယ်။ ဆက်သားပုံစံ နေရပြီး ခိုင်းတာ လုပ်ရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ဇူလိုင် ၂၃ ရက်နေ့ တွင်ပြောသည်။

အဆိုပါ အတင်းအကြပ်ခေါ်ခိုင်းခြင်းမျိုးကို ယခုနှစ် ဧပြီလမှ စတင်ကာ လက်ရှိအချိန်ထိပြုလုပ်နေ ဆဲဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၁၆နှင့် ၁၈ရက်နေ့တွင် မဲပရီးကျေးရွာအုပ်စု ထီးထော့ခီးကျေးရွှာမှ စောရွှေမောင်၊ စောမောင်ဝင်း၊ စောဖားတကီ၊ စောဖါးခေနို့ လေးဦးတို့ တစ်ဦးလျှင် ၃ ရက်စီ သွားရောက် နေပေးခဲ့ရသေးသည်။

ထို့ကဲ့သို့ လာရောက်နေပေးသူများကို BGFမှ လိုအပ်သလို စေခိုင်းသော်လည်း လုပ်အားခ တစ်စုံ တစ်ရာ ရရှိ ခြင်းမရှိခဲ့သလို လက်ရှိ တောင်ယာစိုက်ပျိုးချိန်ရောက်ရှိလာသည့်အတွက် ဒေသခံများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ BGFအမှတ်(၁)တပ်နယ်မှူး ဗိုလ်မှူးစိုးနိုင်က “ ဒီလိုကိစ္စမျိုးကို ကျနော် တို့ညွန်ကြားတာမျိုးမရှိပါဘူး။ ခုနက အဲ့ဒီရှေ့တန်းကိုဖုန်းဆက်မေးတော့ တပ်ရင်း(၁၀၁၄)က တပ်စုမှူးဗိုလ်ဖားဒါးကပြောတယ် အထက်အမိန့်မရဘဲနဲ့တော့ အဲ့ဒီလိုမျိုးတွေခေါ်ထားတာ၊ ခေါ်ခိုင်းတာမျိုးကို မလုပ်ပါဘူးလို့တော့ပြောတယ် ” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အပြင် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောဝေလေးက “ အရင် တုန်းက ဆိုရင် တပ်ရင်း (၁၀၁၃) နဲ့ (၁၀၁၄) နှစ်ရင်းလုံးကနေပြီး အနည်းဆုံး ၁၅ရွာ လောက်ကို လုပ်ခိုင်းတယ်။ ဆက်သား အနေနဲ့ခေါ်ခိုင်းတာမျိုး၊ ပေါ်တာဆွဲတာမျိုး နောက်ပြီး တံတားတွေ ပြင်တာ တို့ဆိုရင်ခေါ်ခိုင်းတယ်။ ပိုက်ဆံတောင်းတာမျိုးတို့တော့ မကြားမိသေးဘူး ” ဟု ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၁၃) နှင့်(၁၀၁၄)တို့ အနေဖြင့် ဒေသခံများအပေါ် အတင်းအကြပ် စေခိုင်းမှုများ ၂၀၁၂ ခုနှစ်မှ စတင်ကာ ယနေ့ ထိလုပ်ဆောင်နေကြောင်း KHRG မှ ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

ကေအိုင်စီ - KIC
http://kicnews.org

Air Bagan လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွား



 ယနေ့ ညနေ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် Air Bagan လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားမှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်တွင်လိုက်ပါလာသူတစ်ဦးက မန္တလေးအလင်းသို့အတည်ပြုပြောကြားသည်။

ဓာတ်ပုံ- ကိုထက်နိုင်လင်း (FB)

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ

KNU အပါအဝင် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် စောဆန်းအောင်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွား



 ဇူလိုင် ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။

 ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ တောင်အုပ်ထရွာ နှင့် ကော့ဆိုင်ရွာကြားရှိ ထီးဖိုးဝါးကလု နေရာတွင် ဇူလိုင် ၂၃ ရက်၊ နံနက် ၇ နာရီခွဲခန့် တွင် နယ် မြေခံ KNU/KNLA တပ်ဖွဲ့အပါအဝင် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် စောဆန်းအောင်တပ်ဖွဲ့တို့  ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဟု ဒီကေဘီအေ ဖက်က ကေအိုင်စီသို့  ပြောသည်။

“ ကော့ကရိတ်မြို့နယ်ကောအူထရွာနဲ့ ကော့ဆိုင်ရွာအကြား ထီးဖိုးဝါးကလုနေရာမှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဗိုလ်မှူးကြီးစောဆန်းအောင်အဖွဲ့က နယ်မြေကျော်ပြီး ၀င်ရောက်လာလို့  အချင်း ချင်း နားလည်မှုလွဲကာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်” ဟု အမည်မဖော်လိုသည့် ဒီကေဘီအေ အရာရှိ တစ်ဦးက ဇူလိုင် ၂၄ ရက်နေ့ တွင် အတည်ပြု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် နယ်မြေအခြေစိုက် လှုပ်ရှားနေသည့် KNU တပ်မဟာ (၆)လက်အောက်ခံ KNLA အထူးစစ်ကြောင်းမှ တပ်ဖွဲ့ဝင် အချို့အပါအ၀င် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ကလိုထူးဘောလက်အောက်ခံ တပ်ရင်း (၉၀၈)၊ (၉၀၉)မှ တပ်ဖွဲ့ ၀င်အချို့ နှင့် မကြာ သေးခင် ရက်ပိုင်းအတွင်းက ဒီကေဘီအေမှ ထုတ်ပယ်လိုက်သည့် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် အင်အား ၅၀ ကျော်တို့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ထို့ အပြင် ဇူလိုင် ၂၃ ရက်နေ့နံနက် ၇ နာရီ ၄၀ အချိန်မှစတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် KNLA
အထူးစစ်ကြောင်းမှတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားသော်လည်း နံနက် ၁၁ နာရီအထိ အထက်ပါ ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် စောဆန်းအောင်တို့ အဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူများက ဆိုသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဗိုလ်မှူးကြီးစောဆန်းအောင်အဖွဲ့မှ တစ်ဦးသေ ၊ နှစ်ဦး ဒဏ်ရာရရှိသလို ဒီကေဘီအေ (၉၀၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေဖက်က ပြောဆိုသည်။

ကလိုထူးဘော စစ်ဋ္ဌာနချုပ် ဒီကေဘီအေ လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှ စစ်ကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့အား အဖွဲ့ဝင်အဖြစ်မှ အပြီး အပိုင် ထုတ်ပယ်လိုက်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော လားပွယ်၏ ကိုယ်စား ထိုးထားသည့် လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို အချင်းချင်း မှားယွင်း ပစ်ခတ်မှု ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC

Thursday, July 23, 2015

လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဥပဒေကြမ်း အတည်ပြုရေး ဆိုင်းငံ့

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်မယ့်ကိစ္စတွေကို ရှောင်ကြဉ်ဖို့လိုအပ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြုရေးကို ပြည်ထောင်စု လွှတ်တော်က ရွှေ့ဆိုင်းထားလိုက်ပါတယ်။
တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပြီးနောက်မှာ ဆက်လက်ဆောင် ရွက်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။
"ယခုလို၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ အဆင်ပြေစွာကျင်းပနိုင်ရေးကို အဓိက ထား ဦးတည်ဆောင်ရွက်ကြရမယ့် အချိန်ကာလမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမယ့် ကိစ္စရပ်များကို အတက်နိုင်ဆုံး ရှောင်ကြဉ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ သုံးသပ်ကြပါတယ်၊ ဒါကြောင့် ဆောင် ရွက်ဆဲ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ဆွေးနွေးမှုအရ ထွက်ပေါ်လာတဲ့အစီရင်ခံစာကို လွှတ်တော်သို့ထပ်မံတင်ပြ ကာ အဲ့ဒီအစီရင်ခံစာအပေါ် လွတ်တော်ရဲ့ဆုံးဖြတ်ချက်ရယူပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပါတယ်"
အဲ့ဒီဥပဒေကြမ်းပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခြင်းနဲ့ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲနေတာဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံသားတစ်ဦးက တိုင်ကြားရင်စစ်ဆေးပေးဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက သဘောထားပေးထားကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ မဲဆန္ဒရှင် ၁ဝ ဦးရဲ့ လက်မှတ်နဲ့ တိုင်တန်းရမယ်လို့ မှတ်ချက်ပေးထားကြပါတယ်။
ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ မဲဆန္ဒရှင် ၁ဝဝ ခိုင်နှုန်းက တာဝန်ကနေ ရုပ်သိမ်းပေးဖို့ တိုင်ကြားရင် စစ်ဆေးပေးရမှာဖြစ်ကြောင်း ပါရှိပါတယ်။
DVB

တရုတ်သစ်ခိုးထုတ်သမားတွေကို အမြန်ဆုံးပြန်ပို့ပေးဖို့ တရုတ် အစိုးရတောင်းဆို


မြစ်ကြီးနားခရိုင်တရားရုံးမှာ ဇူလိုင် ၂၂ ရက်နေ့က တစ်သက်တစ်ကျွန်းအပြစ်ဒါဏ်ချမှတ်လိုက်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကျော် ကို မြစ်ကြီးနား အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဒီနေ့ ရေးသားဖော်ပြကြပါတယ်။

အခုလိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တာဟာ ပြင်းထန်လွန်းပြီး၊ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက် မှုကြောင့် ဒီပြစ်ဒဏ်ချမှတ်ခံရမှုကို ပြောင်းပြန်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်အစိုးရပိုင် Glogal Times သတင်းစာကလည်း ရေးသားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရ ကျိုးကြောင်းဆင်ခြင်စွာနဲ့ မျှမျှတတ ဆောင်ရွက်ပြီးနောက် အဲ့ဒီတရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံကို အမြန်ဆုံးပြန်ပို့ပေးဖို့ တောင်းဆိုကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ လူကန်းက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းးမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးက မနေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း စီ ပြစ်ဒဏ်ချလိုက်တာပါ။

အဲ့ဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁ဝ နှစ် စီချမှတ်သလို အမျိုးသမီးတစ်ဦး ကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ ၁၉ (က)နဲ့ ထောင်ဒဏ် ၁၅ နှစ် ထပ်ဆောင်းကျခံဖို့ အမိန့်ချမှတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာရဲ့ ထောင်တစ်သက် ပြစ်ဒဏ်တွေကို တရုတ် ကန့်ကွက်



 မြန်မာနိုင်ငံ မြောက်ပိုင်းမှာ သစ်ခိုးထုတ်မှုနဲ့ တရုတ် နိုင်ငံသား ၁၅၀ ကျော်ကို ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကို တရုတ်ဘက်က ကန့်ကွက်လိုက်ပါတယ်။

တရုတ် အစိုးရပိုင် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဒီ ပြစ်ဒဏ်ဟာ ပြင်းထန် လွန်းတယ်လို့ ရေးသားကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာနကလည်း သူတို့ရဲ့ စိုးရိမ်ချက်ကို အလေးအနက် စဉ်းစားဖို့ မြန်မာဘက်ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။

တရုတ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ ဒီအဖြစ်ဟာ တရုတ် မြန်မာ ဆက်ဆံရေးမှာ နောက်ထပ် ဆုတ်ယုတ်မှု လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တရုတ် ကုမ္ပဏီတွေက လာရောက် ထုတ်ယူ အသုံးချနေတာကို မြန်မာ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေ ရှိနေတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။

BBC Burmese

မစုစုနွေးကို ဖမ်းဆီးပြီး ပဲခူး အကျဉ်းထောင်မှာ ထိန်းသိမ်း



 လယ်သမားအရေးကိစ္စတွေကို လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဒီနေ့ညနေပိုင်းမှာ ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ပဲခူးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

အင်းတကော်ရဲစခန်းကနေ အင်းတကော်မြို့နယ်တရားရုံးကို ချက်ချင်းပို့ဆောင်ခဲ့ပြီး တရားသူကြီးက အာမခံယူမလားလို့မေးမြန်းရာ မစုစုနွေးက အာမခံမယူတဲ့အတွက် ထောင်ထဲကို ပို့လိုက်တာဖြစ်တယ်လို့ မစုစုနွေးအဖမ်းခံရာမှာ အတူရှိနေခဲ့တဲ့ မခင်မို့မို့သိမ့်က ပြောပါတယ်။

"ညောလေးပင်မြို့နယ်ကနေပြီးတော့ အပြန်လမ်းမှာပေါ့နော် အင်းတကော်ရဲစခန်းရှေ့မှာ ရဲအင်အား ၃ဝ လောက်နဲ့ လိုင်းကားကို သူတို့ကတားတယ်၊ တားပြီးတော့ စခန်းထဲကိုတခါတည်းတိုးဝင်ပြီးတော့ အစ်မကို ဆင်းခိုင်းတယ်ပေါ့၊ အစ်မကို ဗိုလ်ကြီး ဟိန်းဇော် ကနေပြီးတော့ ၄၄၇ နဲ့ တရားစွဲဆိုထားတဲ့ကိစ္စကို သူတို့ကပြောတယ်၊ ပြီးတော့ သမီးတို့ကို တရားရုံးထဲကိုခေါ်သွားတယ်၊ တရားရုံးပေါ်ကို တင်တယ်ပေါ့နော်၊ တရားသူကြီးကနေပြီးတော့ သူ့ကိုအာမခံယူမလားလို့မေးတယ်၊ အစ်မက အာမခံမယူဘူးပေါ့နော် အဲ့လိုမျိုးပြန်ဖြေတယ်၊ နောက် အစ်မကို နောက်တစ်ချက်က ရုံးချိန်းအတွက်ကို မစုစုနွေးအနေနဲ့ ဘယ်နေ့ကိုယူချင်လဲလို့ မေးတဲ့အခါကျတော့ အစ်မက ကျမအနေနဲ့ရုံးချိန်းကို ယူစရာမလိုဘူးပေါ့နော် တရားသူကြီးကနေပြီးတော့ ၂၉ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်၊ အစ်မနေပြီးတော့ ရုံးချိန်ကိုလည်း သူထွက်မှာမဟုတ်ဘူးလို့ ပြောထားခဲ့တယ်"

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တာဝန်ခံ မစုစုနွေးနဲ့ အင်းတကော်မြို့နယ်က လယ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် စစ်တပ်က အုတ်တံတိုင်းမခတ်ရသေးတဲ့ နေရာတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မစုစုနွေးက စစ်တပ်က အုတ်တံတိုင်း ခတ်ထားတဲ့အပေါ်ကိုတက်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ခဲ့တာကြောင့် ခဲယမ်းမီးကျောက်တပ်က ဗိုလ်ကြီး ဟိန်းဇော်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲထားတာကြောင့် ဖမ်းဆီးစစ်ဆေး ရတာဖြစ်တယ်လို့ ဒီနေ့ မြို့နယ်တရားရုံးမှာ တရားသူကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုအတွင်းက အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကျွဲဒညင်းကုန်းနဲ့ မြေနီကုန်းစတဲ့ ကျေးရွာ ၈ ရွာက လယ်ယာမြေဧက ခြောက်ထောင်နီးပါးကို အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က ၁၉၉၆ ခုနှစ်အတွင်း သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

RFA Burmese

နိုင်းမြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မှု လူ ၁၀ ဦးကျော် သေဆုံး



 အီဂျစ်နိုင်ငံ နိုင်းမြစ်အတွင်းမှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ ခရီးသည်တင် သင်္ဘောတစ်စီးတို့ တိုက်မိပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပါတယ်။

လူငယ်စုံတွဲ တစ်တွဲရဲ့ စေ့စပ်ပွဲ ပါတီအတွက် သူတို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေက သင်္ဘောကို ငှားရမ်းခဲ့တာဖြစ်ပြီး ကိုင်ရိုမြို့ မြောက်ဘက်နားမှာ ကုန်တင်သင်္ဘောနဲ့ တိုက်မိတာလို့ မျက်မြင်တွေက ပြောပါတယ်။

ကလေးငယ် ၄ ဦးရဲ့ အလောင်းကို ဆယ်ယူရရှိခဲ့ပြီး ခရီးသည်အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ရေယာဉ်နှစ်စီး တိုက်မိရာနေရာကနေ လူ ၅ ဦးကို ကယ်ဆယ်ရရှိပြီး ကုန်တင်သင်္ဘောရဲ့ ရေယာဉ်မှူးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စေ့စပ်ပွဲ အခမ်းအနားလုပ်သူ စုံတွဲကတော့ သေဆုံးသူတွေထဲမှာ ပါဝင်ခြင်း ရှိမရှိ မသိရသေးပါဘူး။

အီဂျစ်နိုင်ငံမှာ ရာမာဒင် အစ္စလမ်ဥပုသ်လ အပြီးအခမ်းအနားတွေ ကျင်းပကြတာကြောင့် နိုင်းမြစ်တွင်းတလျှောက် ခရီး သွားလာသူတွေ ထူထပ်များပြားနေတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အမျိုးသားဒီမိုကရေစီ ပါတီသစ် ကိုကိုးကျွန်းအပါအ၀င် ရန်ကုန် ၃၄ နေရာတွင် ယှဉ်ပြိုင်မည်


သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုကိုးကျွန်းအပါအ၀င် ရန်ကုန်တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ယှဉ်သွားဖို့ရှိနေပါတယ်။
ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊   ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ နေရာ ၂၀ လောက်မှန်းထားပြီး လှိုင်သာယာ၊ မင်္ဂလာဒုံ၊  ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒဂုံမြို့သစ်မြို့ယ်ေတွေမှာ  အဓိက၀င် ပြိုင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးကျော်က ပြောပါတယ်။
ပါတီခေါင်းဆောင် ဥက္ကဋ္ဌ ဦးသိန်းညွန့်က သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်၊  အတွင်းရေးမှူး ဦးကျော်ကတော့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း၊တောင်ဥက္ကလာပ၊ ရန်ကင်း မြို့နယ်တွေပါတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ ၀င်ပြိုင်မှာပါ။
အဆိုတော် ရသကတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ (ဒဂုံမြို့သစ်ဆိပ်ကမ်းနဲ့ ဒဂုံမြိ့သစ်တောင်ပိုင်းမြို့နယ်) က ၀င်ပြိုင်ဖို့ စဉ်းစားထားပြီး  အတည်မဖြစ်သေးတဲ့အကြောင်းနဲ့ ဦးနေ၀င်းသန်းကတော့ ကိုကိုးကျွန်းမြို့နယ်က  ၀င်ပြိုင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးကျော်က ဒီဗွီဘီကိုပြောပါတယ်။
“အကြမ်းဖျင်းကတော့ ခုလောလောဆယ် ၃၄ နေရာ လျာထားပါတယ်။ တိုးချင်လည်း တိုးသွားမယ်၊ လျော့ရင်လည်းလျော့သွားမယ်။ ကျနော်တို့ပါတီက အခုရွေးကောက်ပွဲဝင်တာ လူထုအကျိုးပြု လုပ်ငန်းကို စရွေးချယ်ခံရကတည်းကတောက်လျောက်လုပ်လာတဲ့ အတွက်ကြောင့် လူထုကလည်း ကျနော်တို့အပေါ် ယုံကြည်တယ်ဆိုရင်တော့ ပြီးခဲ့တဲ့သက်တမ်း ကာလမှာ ကျနော်တို့ ဘယ်လောက်လုပ်ပေးခဲ့တယ်ဆိုတာကို သူတို့မျက်မြင် ကိုယ်တွေ့တွေ့ထားတဲ့အခါကျတော့ လာမယ့်ရွေးကောက်ပွဲမှာလည်း ကျနော်တို့ကို အင်တိုက်အားတိုက် ထောက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၅ အလွန် ကျနော်တို့ မျှော်မှန်း ထားတာကတော့ ၅၀ ရာခိုင်နှုန်းလောက်ရရင် ကျေနပ်ပါတယ်။ ရရင် ပါတီကို တိုးချဲ့သွားမယ်။ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆက်တိုက် နဂိုရည်မှန်းထားတဲ့အတိုင်း အကောင် အထည်ဖော်သွားမယ်။”
အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ပါတီဝင်တွေဟာ မူလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို အန်အယ်လ်ဒီပါတီ သပိတ်မှောက်ချိန်မှာ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ စသူတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ကို ထူထောင်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကနေ နုတ်ထွက်ကာ  အမျိုးသားဒီမိုကရေစီပါတီသစ်ကို ၂၀၁၁ မှာ အောက်တိုဘာမှာထူထောင်ခဲ့ပြီး လက်ရှိ ပါတီဝင် အင်အား ၃၀၀၀ ကျော်လောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဆိုတော်ရသ အပါအ၀င် ပါတီကိုယ်စား လှယ်လောင်းတချို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။
ပါတီခေါင်းဆောင်  ဦးသိန်းညွန့်ကတော့  ၁၉၉၀ ရွေးကောက်ပွဲတုန်းက  သင်္ကန်းကျွန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီကနေ ရွေးကောက်ခံရသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။
DVB

ချင်းမိုင် တွင် မြန်မာကောင်စစ်ဝန်ရုံး ဇူလိုင် ၂၉ ရက် ဖွင့်လှစ်မည်


ထိုင်းနိုင်ငံမြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေပါ မြန်မာသံရုံး ဆိုင်ရာကိစ္စတွေ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံး  ရှေ့လာမယ့်သီတင်းပတ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့မှာ ကျင်းပသွားဖို့ရှိပြီး ဘန်ကောက်အခြေစိုက် မြန်မာသံရုံးအတိုင်း အစစအရာရာ ၀န်ဆောင်မှုပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီရုံးက သံရုံးတရုံးလိုပါပဲ။ သူရဲ့ ဆောင်ရွက်ချက်တွေက သံရုံးတရုံးလိုပဲ သူလုပ်ဆောင်နိုင်တာပေါ့နော်။ ထိုင်းနိုင်ငံ နခွမ်စ၀မ်ခရိုင်ကနေစပြီး မြောက်ပိုင်းတခုလုံးက ပတ်စပို့၊ ဗီဇာစတဲ့ သံရုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လာပြီး ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ပါ။  အလုပ်သမားတွေလည်း နိုင်ငံသားစိစစ်ရေးကိစ္စတွေ ဆက်သွယ်လို့ ရတယ်။ အလုပ်သမားသံအ ရာရှိတွေ၊ စစ်သံမှူးတွေတော့ မလွှဲသေးဘူး။ လောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ၀န်ထမ်းက တွဲကိုင်ပါလိမ့်မယ်။ ၀န်ထမ်း ၅ ဦး အရင်ဆုံး ရုံးထိုင်ပါမယ်။”
ချင်းမိုင်ကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့တွင်း ဆီဖုမ်းရပ်ကွက်ရှိ မနီးနုတ်ဖလပ်လမ်းသွယ် ၃၊ အိမ်အမှတ် ၉/၄ မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။
ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကလည်း ဖွင့်လှစ်ခဲ့ဖူးပြီး လုံခြုံရေးကြောင့် ပိတ်ထားခဲ့ရာက အခုမှ ပြန်ဖွင့်တာပါ။
မြန်မာသံရုံးတာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံး လာရောက်ဖွင့်လှစ်ရင်း ချင်းမိုင်မှာရှိတဲ့ ၀ပ်ဆိုင်းမွန် မြန်မာကျောင်းတိုက်က  ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညကို နိုင်ငံတော် အစိုးရက ချီးမြှင့်တဲ့ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ အခမ်းအနားကိုလည်း ကျင်းပဖို့ ရှိပါတယ်။
DVB

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးများ၍ ရေကြီးသည့်အတွက် သေဆုံးသူ ၆ ဦး ရှိ


စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးများ၍ ရေကြီးရေလျှံသည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- MOI)
    ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

    စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာ ခရိုင်တို့တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ စ၍ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သေဆုံးသူ ဦးရေ ၆ ဦးရှိပြီ ဖြစ်ပြီး၊ ကသာခရိုင်တွင် မျောပါ ပျက်စီးအိမ် ၁၁ လုံးရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး) ဒုဦးစီးမှူး ဦးဇော်နိုင်ထွေးက ယနေ့ ဆင်ဟွာကို ပြောသည်။

ဦးဇော်နိုင်ထွေးက “ကန့်ဘလူခရိုင်မှာ ၁ ယောက် သေဆုံးမှု ရှိတယ်။ ရွှေဘို ခရိုင်ဖြစ်တဲ့ ကျွန်းလှမှာ ၁ ယောက် သေဆုံးမှု ရှိတယ်။ မုံရွာခရိုင် ကနီမှာ သေဆုံးမှု ၁ ယောက်နဲ့ ကသာ ခရိုင် ကောလင်းမှာ သေဆုံးမှု ၄ ယောက် ရှိတယ်။ ကောလင်းမှာ ရဲတစ်ယောက် သေဆုံးခဲ့ပါတယ် ” ဟုပြောသည်။

မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ရေကြီးကာ နေအိမ်များ ပျက်စီး၍ လူသေဆုံးခဲ့ခြင်း ဖြစ်ပြီး၊ ကောလင်း ဒေသကတော့ ရေကြီးမှု အဆိုးဆုံး ဖြစ်ကြောင်း ဆိုသည်။ကောလင်းမြို့နယ်တွင် အိမ်ခြေ ၃၀,၇၄၀ ရှိပြီး၊ ရေဝင်အိမ်ခြေ ၁,၇၈၂ အိမ်၊ ရေဝင်အိမ်ထောင်စု ၁,၈၁၂ စု၊ ပြောင်းရွှေ့ရသည့် လူဦးရေတွင် လူကြီး ၆,၆၅၃ ဦး၊ ကလေး ၁,၄၂၈ ဦး၊ စုစုပေါင်း ၈,၀၇၁ ဦး ရှိကြောင်း၊ အဆိုပါ ရေဘေးကြောင့် ပြောင်းရွှေ့ရသူများကို ကယ်ဆယ်ရေး စခန်း ၈ခု ပေး၍ ကူညီမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဦးဇော်နိုင်ထွေးက “ တချို့သေဆုံးသူ စာရင်းတွေက မနေ့က ထပ်ပြီး ရတာတွေရှိတယ်။ ရေဘေး ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့လယ်ယာမြေတွေပါ ဆုံးရှုံး ခဲ့ရတယ်။ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးကိုတော့ အခု လောလောဆယ်မှာ တွက်ချက်ဆဲပဲ ရှိပါသေးတယ်’’ ဟုပြောသည်။

ကသာဘက်က လမ်းပြန်ဖွင့်သော်လည်း ကောလင်းဘက်တွင် တံတားကျိုးမှုများ ရှိသည့် အတွက် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တခြားလမ်းမှ ပတ်သွားရတာရှိကြောင်း၊ လက်ရှိတွင်လည်း ကူညီ ကယ်ဆယ်မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ပြီး ဆက်တိုက် မိုး အကြီးအကျယ် ရွာသွန်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com

မစုစုနွေးကို ပဲခူးရဲစခန်းက ဖမ်းဆီး စစ်ဆေးနေ



ဇူလိုင် ၂၃

 မနေ့က ညောင်လေးပင်မြို့ကို တောင်သူလယ်သမားကိစ္စနဲ့ သွားရောက်ခဲ့တဲ့ မစုစုနွေးနဲ့အဖွဲ့ဟာ၊ ဒီကနေ့မနက် ပြန်အလာမှာ ပဲခူးရဲစခန်းကနေ ခရီးသည်တင်ကားကို ရဲစခန်းထဲ မောင်းခိုင်းပြီး ဖမ်းဆီး စစ်ဆေး နေပါတယ်။
တရားရုံးတင်မယ်ဆိုပြီး ခေါ်တာကို မစုစုနွေးက မသွားပဲ ပဲခူးရဲစခန်းက မိုးရေထဲမှာ မတ်တပ်ရပ်ပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ် .... ။

 """၂၀၁၅ ရွှေးကောက်ပွဲအတွက် လက်ရှိအစိုးရနဲ့ စစ်တပ်က ကြောက်လို့ ဖမ်းတာပါ မိတ်ဆွေအားလုံး မစိုးရိမ်ပါနဲ့ ။ ကျမတော့ အမှားမလုပ်တဲ့အတွက် အာမခံမလုပ်ဘူး။ """ လို့ လည်း မစုစုနွေး က သူမရဲ facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ Kyaw Kyaw Htwe (FB)
BY THIT HTOO LWIN

စစ်တွေမြို့တွင်တက္ကသိုလ်ကျောင်းသားများ စုပေါင်း ဆန္ဒဖော်ထုတ်



 စစ်တွေ၊ ဇူလိုင် (၂၃)

 ရခိုင်ပြည်၊ စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများ တက္ကသိုလ်ကြိုပို့ကားခ ၃၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသဖြင့် ညှိနှိုင်းပေးရန် ယနေ့ ၂၃.၇.၂၀၁၅ ရက်နေ့နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့သို့ လာရောက်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ၏ တောင်းဆိုမှုကြောင့် ကျောင်းသား ခေါင်းဆောင်များအား အစိုးရအဖွဲ့မှ ချက်ချင်းခေါ်ယူဆွေးနွေးမှု ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မိုး (မြောက်ဦး)
The Street View
https://www.facebook.com/pages/The-Street-View

ဦးအောင်သောင်းကွယ်လွန်ခြင်း ၀မ်းနည်းကြောင်းအဆို လွှတ်တော်တွင် တင်သွင်းအတည်ပြု၊ ၂ မိနစ်ငြိမ်သက် မေတ္တာပို့



 ယနေ့ ဇူလိုင် ၂၃ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၈၀ ရက်မြောက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ
ဦးအောင်သောင်း ကွယ်လွန်ခြင်း ၀မ်းနည်းကြောင်း အဆိုကို အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်သွင်းခဲ့သည်။

ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၉း၄၅ နာရီအချိန်၌ ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း ဖြစ်သည်။

“ ‘မန္တလေးတိုင်းဒေသကြီးတောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ဘဏ် များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ သီရိပျံချီဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူရင်း ၂၃-၇-၂၀၁၅ ရက်နေ့ စင်ကာပူစံတော်ချိန် နံနက် ၉း၄၅ နာရီ၊ မြန်မာစံတော်ချိန် နံနက် ၈း၁၅ နာရီအချိန်တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားပါသဖြင့် အထူးဝမ်းနည်းကြောင်းကို ဤလွှတ်တော်က မှတ်တမ်းတင်ပေးရန် အဆိုတင်သွင်းမှာဖြစ်ပါကြောင်း`ပြောကြားပြီး ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့သည်။

`အဘဦးအောင်သောင်းဟာ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ ကျောက္ကာရွာဒေသ ဇာတိဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါကြောင်း၊ အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၄ ခုနှစ် မှော်ဘီဗိုလ်သင်တန်း အမှတ်စဉ် (၃၁)သို့ တက်ရောက်ခဲ့ပြီး တပ်မတော်တွင် စတင်တာဝန်ထမ်း ဆောင်ခဲ့ပါကြောင်း၊ ခ.လ.ရ (၉၅)၊ ခ.လ.ရ (၆၇)၊ တ.မ.ခ (၆၆)၊ ခ.မ.ရ (၁၀၉)၊ ကစတ (၁)၊ ခ.လ.ရ (၇)၊ ရ.ပ.က၊ လ.ပ.ကတပ်များတွင် တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မကွေးတိုင်း တ.၀.တ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။`

‘၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၀ ပြည့်နှစ်အချိန်ထိ စက်မှု (၁)၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရင်း ပြည်ခိုင်ဖြိုးအသင်းမှာ ဗဟိုအတွင်းရေးမှူးတာဝန်နှင့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးကွယ်လွန်ချိန်အထိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။’

‘၂၀၁၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် မဲဆန္ဒရှင်ပြည်သူတို့၏ တခဲနက်ထောက်ခံမှုဖြင့် လွှတ်တော်တွင် ရောက်ရှိလာပြီး ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်နှင့် လွှတ်တော်က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ကျန်းမာရေးအရ ဆေးရုံသို့မရောက်ခင်အချိန်ထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။’

‘သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ သီရိပျံချီ အဘဦးအောင် သောင်းသည် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်း ဤပြည်ထောင်စုလွှတ် တော်ကြီးက မှတ်တမ်းတင်ပေးပါရန်’
”ဟု ဦးသိန်းထွန်းဦး က အဆိုကို ဖတ်ကြားခဲ့သည်။

ထို့နောက် မြင်းခြံမဲဆန္ဒနယ်အမတ် ဦးဝင်မြင့်က “အဘဦးအောင်သောင်း ဘ၀တပါးသို့ ယနေ့နံနက်မှာ ပြောင်းရွှေ့ကွယ်လွန်သွားတဲ့အတွက် ဤလွှတ်တော်မှဝမ်းနည်းကြောင်း မှတ်တမ်းတင်ပေးပါရန်အဆိုကို ထောက်ခံတင်ပြအပ်ပါတယ်”ဟု ထောက်ခံဆွေးနွေးခဲ့သည်။

လွှတ်တော်နာယကကြီး သူရဦးရွှေမန်းက လွှတ်တော်သဘောထား ၃ ကြိမ်မေးမြန်းပြီး ကန့်ကွက်သူမရှိသဖြင့် အတည်ပြုပေးခဲ့သည်။

ထို့နောက် ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်များအာလုံး ၂ မိနစ်ကြာ မတ်တပ်ရပ်၍ ငြိမ်သက်မေတ္တာပို့ခဲ့ကြကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအတိုင်ပင်ခံ တစ်ဦးဖြစ်သည့် ဦးအောင်သောင်း ကွယ်လွန်

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင်၂၃ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဇူလိုင်လ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စင်ကာပူနိုင်ငံ၌ ကွယ်လွန်ခဲ့၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဝမ်းနည်းကြောင်း အဆိုတင်သွင်း ခဲ့သည်။

၎င်းဝမ်းနည်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ခံခဲ့ပြီး၊ ပြည်ထောင်စု လွှတ်တော်က ဝမ်းနည်းကြောင်း အဆိုအား အတည်ပြုခဲ့သည်။ဦးအောင်သောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ၂ မိနစ် ငြိမ်သက်ကာ မေတ္တာပို့ ဆုတောင်းခြင်း ပြုလုပ်ခဲ့ ကြသည်။

ဦးအောင်သောင်းသည် ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်သည်။

တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းသည် ဇူလိုင်လ ၈ ရက်နေ့ ည ၁၁း၃၀ နာရီတွင် ဦးနှောက် သွေးကြော ပေါက်သဖြင့် နေပြည်တော် ခုတင် တစ်ထောင် ဆေးရုံသို့ တင်ပို့ ခဲ့ရပြီး အခြေအနေ စိုးရိမ်ရသဖြင့် စင်ကာပူ နိုင်ငံတွင် ဆေးကုသရန် ဇူလိုင်လ  ၉ ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူ နိုင်ငံသို့ ပို့ဆောင် ကုသမှု ခံယူခဲ့ပြီး ၁၅ ရက်အကြာ မောင့် အယ်လီဇဘတ် ဆေးရုံတွင် ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၆၄ ခုနှစ်၌ မှော်ဘီ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) သို့ တက်ရောက်ခဲ့ပြီး တပ်မတော်၌ စတင်တာ ဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မကွေးတိုင်း တဝတ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါသည်။

၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေး ဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ထို့နောက် ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး တာဝန်များ ရယူခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ပြောင်းလဲ ပြီးချိန်တွင် ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာခဲ့ပြီး အဆိုပါတာဝန်ကို ၂၀၁၀  အထိ တာဝန်ယူ ခဲ့သည်။

ဦးအောင်သောင်းတွင် သားသမီး လေးဦးရှိပြီး ဗိုလ်မှူးချုပ်မိုးအောင်၊ ဦးနေအောင်၊ ဦး ပြည်အောင် (ဒုတိယဗိုလ်မှူးကြီးငြိမ်း) နှင့် ဒေါ်ခင်ငုရည်ဖြိုးတို့ ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/739-2015-07-23-09-15-24

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-unသည် လေယာဉ်မယ်များအား ပိုတိုပိုကျပ်သော စကပ်ဝတ်ဆင်ရန် အမိန့်ထုတ်



ဗြိတိန်နိုင်ငံ The Mirror Newspaper သတင်းအရ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-unသည် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air Koryo ရှိ လေယာဉ်မယ်ဝန်ထမ်းများအားပိုတို၍ ပိုကျပ်သောစကပ်ကို ဝတ်ဆင်ရန် မကြာခင်ရက်ပိုင်းက အမိန့်ချမှတ်လိုက်သည်။

သတင်းသမားတစ်ဦး၏ အဆိုအရ Kim Jong-un ကိုယ်တိုင် လေယာဉ်မယ်များ၏ ဝတ်စုံဒီဇိုင်းကို ကြီးကြပ်ကွပ်ကဲပြီး နောက်ဆုံးတွင် မြောက်ကိုရီးယား လေယာဉ်မယ်များအား အပြာရောင်ဝတ်စုံနှင့်စကပ်တိုကိုဒေါက်မြင့်ဖိနပ်ဖြင့် တွဲ၍ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှာကမ္ဘာပေါ်တွင် ခေတ်အနောက်ကျဆုံး နိုင်ငံ တစ်နိုင်ငံတွင် ပါဝင်သော်လည်း Kim Jong-un အနေဖြင့် လေယာဉ်မယ် များမှာ ခေတ်နှင့်အညီ ဖက်ရှင်ကျသင့်သည်ဟု လက်ခံထားသည်။

သတင်းများအရ ဒါဟာ Kim Jong-un အနေဖြင့် ပထမဆုံးအကြိမ် လေယာဉ်မယ်များ၏ဝတ်စုံ အပေါ်မှတ်ချက်ပြုခြင်းမဟုတ်ပါ။ Air Koryo အနေဖြင့် သူ့၏ စိတ်တိုင်းကျဖြစ်စေရန်အတွက် ဝတ်စုံကိုအနီရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲပေးခဲ့သည်အပြင် ကော်လံကိုလည်း အောက်သို့နှိမ့်ပေးထားသည်။ ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတောအတွင်း လေယာဉ်ကွင်းရှိ စက်ပိုင်းဆိုင်ရာနှင့် ဆော့ဖ်ဝဲဆိုင်ရာအပြင်အဆင်အားလုံးကိုလည်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်လျက်ရှိသည်။ လေယာဉ်ကွင်း Terminalအသစ် တစ်ခုကိုတည်ဆောက်သည့်အပြင် လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း နှစ်ဘာသာဖြင့် အဆင့်မြှင့်တင်ခဲ့သည်။ ဒါတင်မကအကြီးစားDuty free ကုန်ပစ္စည်းဆိုင်များကိုလည်း ဆောက်လုပ်ပေးပြီး မြောက်ကိုရီးယားနိုင်ငံ အားကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်စရာနေရာအဖြစ် နိုင်ငံတကာဈေးကွက်ထိုးဖောက်ဖို့ ရည်ရွယ်ပုံရသည် ဟုသိရှိရသည်။

china.com Myanmar

တနင်္သာရီမြို့နယ် ရေဖြူအကျဉ်းစခန်းမှ အကျဉ်းသားများ ထွက်ပြေး

တနင်္သာရီမြို့နယ်နှင့် မောတော် နယ်စပ်အကြားတစ်နေရာတွင် အကျဉ်းသားများ
လယ်ယာလုပ်ငန်း လုပ်ကိုင်နေပုံ
ဓာတ်ပုံ - Dawei Watch

|Dawei Watch| မြိတ်၊ ဇူလိုင် ၂၂
တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ အကျဉ်းစခန်းမှ အကျဉ်သား ၁၄ ဦး ဇူလိုင်လ
၂၀ ရက်နေ့က ထွက်ပြေးခဲ့ပြီး ၁၁ ဦး လွတ်မြောက်နေကြောင်း တနင်္သာရီမြို့နယ်
ရဲစခန်းမှ သိရသည်။
ယင်းကျေးရွာ ရေဖြူဧည့်ရိပ်သာအနီးရှိ စိုက်ခင်းနှင့် လယ်ယာမြေများ
ပြုပြင်နေစဉ် အကျဉ်းသား ၄၀ ဦးအနက် အကျဉ်းသား ၁၄ ဦး
ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ တာဝန်ကျ
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထွက်ပြေးသွားသည့် အကျဉ်းသားများအနက် ၃ ဦးကို ရေဖြူ ဧည့်ရိပ်သာ အနီးတွင်
ချက်ခြင်း ဖမ်းမိသော်လည်း အကျဉ်းသား ၁၁ ဦး လွတ်မြောက်ဆဲဖြစ်သည်ဟု အထက်ပါ
ရဲစခန်းမှ သိရသည်။
လက်ရှိတွင် ထွက်ပြေးနေသော အကျဉ်းသား ၁၁ ဦးကို ဖမ်းဆီးရမိရန်  သက်ဆိုင်ရာ
တာဝန်ရှိသူများက အရန်မီးသတ်ဖွဲ့ဝင်များ နှင့်  ပူးပေါင်း၍
တနင်္သာရီမြို့နယ်၊ ရေဆိပ်/ ကားဂိတ်၊ တနင်္သာရီတံတားတို့တွင်
ပိတ်ဆို့ရှာဖွေစစ်နေပြီး မောတောင် နယ်စပ်တွင်လည်း ရှာဖွေစစ်ဆေးသွားမည်ဟု
အထက်ပါ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ရှင်းပြသည်။
Dawei Watch

Wednesday, July 22, 2015

အယ်လ်ဇိုင်းမားကို တားနိုင်မယ့် စမ်းသပ်ဆေး ထွက်ပေါ်


အယ်လ်ဇိုင်းမား ရောဂါကို ကမ္ဘာအနှံ့ လူ သန်းနဲ့ချီ ခံစားနေရ။ 
 ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာ ခံစားနေရတဲ့ အယ်လ်ဇိုင်းမား ခေါ် မှတ်ဉာဏ် ချို့ယွင်းတဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကို နှေးကွေး စေနိုင်တဲ့ စမ်းသပ် ဆေးဝါး တစ်မျိုး ပထမဆုံး ပေါ်ထွက်လာခဲ့ပါတယ်။

Solanezumab လို့ ခေါ်တဲ့ အဲဒီ စမ်းသပ် ဆေးဝါးကို အစောပိုင်း အဆင့်မှာ လူနာတွေကို ပေးခဲ့မယ် ဆိုရင် စိတ်ကစဥ့်ကလျား ဖြစ်မှုနှုန်းကို သုံးပုံ တစ်ပုံ လျှော့ချနိုင်မယ်လို့ Eli Lilly ဆေးဝါး ကုမ္ပဏီက ပြောပါတယ်။

ဒီဆေးဝါးကို အရင်ကလည်း စမ်းသပ်ခဲ့ဖူးပြီး၊ အဲဒီအချိန်က အယ်လ်ဇိုင်းမား ရောဂါ အစပျိုး အဆင့်ရှိတဲ့ လူနာတွေနဲ့ အလယ်အလတ် အဆင့်ရှိတဲ့ လူနာတွေကို စမ်းသပ် ကုသခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်း ခဲ့ရပါတယ်။
အခု ထုတ်ပြန်ချက်ကတော့ အယ်လ်ဇိုင်းမား ရောဂါ အစပျိုးခါစ လူနာတွေကို ကုသတဲ့ စမ်းသပ်ချက် တွေကိုသာ စိစစ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ် ကုသမှု အသစ်အတွက် ရလဒ်တွေကို လာမယ့်နှစ်မှာ ထုတ်ပြန်ဖို့ ရှိပြီး တိကျတဲ့ အထောက်အထားတွေ ဖော်ပြနိုင်ဖို့ မျှော်လင့်ရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို လောလောဆယ်မှာ တားဆီးနိုင်တဲ့ ဆေးဝါး မရှိသေးဘဲ၊ အဲဒီ Solanezumab ဆေးကတော့ တားနိုင်မယ့် အလားအလာ ရှိနေပါတယ်။

BBC Burmese

တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို တစ်သက်တစ် ကျွန်းပြစ်ဒဏ်တွေ ချမှတ်



 မြစ်ကြီးနားခရိုင်တရားရုံးမှာ ဇူလိုင် ၂၂ ရက်နေ့က တစ်သက်တစ်ကျွန်း အပြစ်ဒါဏ်ချမှတ်လိုက်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကျော် ကို မြစ်ကြီးနား အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်စဉ် Photo: Kyaw Myo Min/ RFA  ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

အဲဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁၀ နှစ် စီချမှတ် လိုက်တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ဒုတိယတရားသူကြီး ဦးမြင့်ဆွေ က ပြောပါတယ်။

"၁၅၃ ယောက်က တစ်သက်တစ်ကျွန်းပါ၊ ဟိုနှစ်ယောက်က လူငယ်ဖြစ်နေတဲ့အတွက် သူတို့ကိုတော့ ထောင်ဒဏ် ၁၀ နှစ်စီ၊ ကျနော်တို့ကတော့ မျှတတဲ့အမြင်နဲ့ ဆုံးဖြတ် တာပါ၊ သူတို့မှာတွေ့တဲ့ ယာဉ်တွေ၊ ယန္တရားတွေ၊ လူအင်အားတွေကြည့်ရင် ဒါနိုင်ငံ ပိုင်သစ်တောတွေ ပြုန်းတီးတယ်၊ သယံဇာတတွေ ထိခိုက်တယ်"

ဒါ့အပြင် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉ (က) နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံ ဖို့ ထပ်မံ အမိန့်ချလိုက်ပါတယ်။
 ပြစ်ဒဏ် တစ်သက်တစ်ကျွန်းဟာ ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၅ ယောက်ဟာ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရပြီး သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုန်းခရိုင်ထဲက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော် မြို့နယ် ဆဒုံး၊ ဝါးရှောင်၊ မန်ဝိန်း စတဲ့ ကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေစဉ် ၈၅ ယောက်တစ်ဖွဲ့နဲ့ ၇၀ တစ်ဖွဲ့ စုစုပေါင်း ၁၅၅ ယောက် ကို အစိုးရတပ်မတော်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။

RFA Burmese

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ခေတ္တ ဆိုင်းငံထားရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်


 ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)     ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ပူးတွဲ ကျင်းပရန်မှာ ယခုကာလအတွင်း ကျင်းပခြင်း မပြုပဲ ခေတ္တ ဆိုင်းငံ့ ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြုချက်အပေါ် ယနေ့ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်၏ သဘောဆန္ဒရယူပြီး ခေတ္တ ဆိုင်းငံ့ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပူးတွဲကျင်းပရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသားပေးပို့ ခဲ့ခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ရှင်းလင်း အကြံပြုချက်အား လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၇ ဦးက ဝင်ရောက် ဆွေးနွေးပြီး လွှတ်တော်၏ သဘောဆန္ဒ ရယူခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းနဲ့ တိုင်းပြည် ပြောင်းလဲမှု မဖြစ်နိုင်တဲ့ အတွက် နောက်အစိုးရ လက်ထက် လွှတ်တော်မှာ ထပ်ပြီး ပြင်ဆင်မှုတွေနဲ့ အတူ ပေါင်းပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မဲ့ အနေအထား ရှိပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆင်ဟွာသို့ ပြောသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ဖြစ်သည့် နိုင်ငံတော် သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(ဃ) တွင် မူလ ပြဌာန်းချက် ဖြစ်သော စစ်ရေးအမြင်နေရာတွင် ကာကွယ်ရေးအမြင် ဟု အစားထိုး ပြင်ဆင်ရန် အတည်ပြု နိုင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် အတူ ပူးတွဲ ကျင်းပခြင်းဖြင့် အချိန် ၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှု ရှိစေနိုင်သော်လည်း သီးခြား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြု ပစ္စည်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၄,၇၂၉,၀၄၃ သန်း အနည်းဆုံး ကျခံ သုံးစွဲရမည် ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ ထားသည့် စာတွင် ဖော်ပြထားသည်။

 (Xinhua)
http://www.xinhuamyanmar.com

ဦးအောင်သောင်း စင်ကာပူက ပြန်လာမည်


 ပြည်သူ့ လွှတ် တော် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသူ စက်မှု ၀န်ကြီးဟောင်း တောင်သာ မြို့နယ် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှာ စင်ကာပူတွင် ကုသမှု ခံယူနေသော်လည်း တိုးတက်ကောင်းမွန်လာမှု မရှိခြင်း၊ မတုံပြန်ခြင်း၊ သတိမလည်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ရန် ၄င်း၏ ဆရာဝန်များက ခွင့်ပြု လိုက်ကြောင်း နီးစပ်သူများက ပြောကြားသည်။

ဦးအောင်သောင်းမှာ ဇူလိုင်လ ၈ ရက်နေ့ မနက်က နေပြည်တော်နေအိမ်တွင် အိပ်နေစဉ် ဦးနှောက်သွေးကြောပေါက်ကာ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။

The Ladies News Journal

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးဆန်းအောင်တို့ကို ဒီကေဘီအေ အဖွဲ့မှ ထုတ်ပယ်


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ ၂ ဦးကို ဒီကေဘီအေ တပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲနဲ့ ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် လက်မှတ်ရေးထိုးပြီး ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
သူတို့ဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကို မလိုက်နာလို့ ထုတ်ပယ်တာလို့ သိရကြောင်း ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။
“ကျနော်တို့ဆီမှာက တပ်စည်းကမ်းပိုင်းဆိုင်ရာရှိတယ်။ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ အရာရှိ၊ ခေါင်းဆောင် လူကြီးတွေလည်း သူတို့ရဲ့ စည်းကမ်းကို ချိုးဖောက်လို့ ထုတ်ပယ်ရခြင်းဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ကျန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သူတို့ ဖြေရှင်းပေါ့။ ကျနော်တို့ကတော့ ဌာနချုပ်ရဲ့ သဘောထား မှတ်ချက်ကိုပဲ ယူပြီးတော့ ဆက်လက်ဆောင်ရွက်တာပဲ ရှိပါတယ်။”
ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ဟာ ဇူလိုင် ၂ ရက်နေ့ကစလို့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ပေါ်မှာ အစိုးရတပ်နဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အာရှလမ်းမကို အစိုးရတပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားတ၀ိုက်မှာ ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ထုတ်ပယ်ခံရသူ ၂ ဦးဟာ ဒီကေဘီအေတပ်ဖွဲ့မှာ လူသိများတဲ့ စစ်ခေါင်းဆောင်နှစ်ဦး ဖြစ်ကြပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဗိုလ်မှူးဆန်းအောင်ဟာ ၂၀၁၄  စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရောမြို့နယ်အတွင်း အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ ဌာနချုပ်က ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် တကြိမ် ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။
နောက်ပိုင်း သူ့ကို တာဝန်ပြန်ပေးခဲ့ရာက နောက်ထပ်တကြိမ် အခုလို ထုပ်ပယ်ခံရတာ ဖြစ်ပါတယ်။
DVB

ကိုးတောင်ဘို့ နဲ့ ကောလင်းကြား တကယ်ဒုက္ခရောက်နေကြတယ် – ကိုမျိုးကြီး


စစ်ကိုင်းတိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့က ပန်းပျိုးသူများ ပရဟိတ စာသင်ဝိုင်းအဖွဲ့က ကိုမျိုးကြီးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုမျိုးကြီးတို့ အတွေ့အကြုံတွေ မေးချင်လို့ ဘယ်ဘက်တွေသွားပြီး ကူညီခဲ့တာလဲဗျ။
“မန္တလေးကနေ ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ကန့်ဘလူထိ ကားနဲ့ သွားတယ်၊ ကန့်ဘလူမှာ တညအိပ်ပြီး မီးရထားမှာ တွဲတောင်းတော့ ၂ တွဲရတယ်။ ရထားက သစ်တင်တဲ့တွဲပေါ့၊ ပက်လက်တွဲပေါ့။ အဲ့ဒီ ပက်လက်တွဲနဲ့ ချပ်သင်းကို ရောက်တယ်။ ချပ်သင်းမှာ စာရင်းကြည့်ပြီးတော့ ပစ္စည်း တ၀က် ချထားပေးခဲ့တယ်၊ ချထားပေးပြီးတော့ ကံကြီးနဲ့ ပေါက်စိန်ကုန်းကို ဆက်သွားတယ်။ လောလောဆယ်တော့ ရွာတွေ အတော်များများ ရေကျသွားပြီ။ အဓိကက အစားအသောက် ပေးတာပေါ့။ အခု သူတို့ တကယ်လိုအပ်တာက ပြန်လည်ထူထောင်ရေးအတွက် မျိုးစပါးတို့၊ ဘာတို့ လိုအပ်နေတာ။ စားဖို့သောက်ဖို့က အခု တော်တော်ပြည့်စုံသွားပြီ။”
ကျနော်တို့ အစက ကြားတာက ကန့်ဘလူနဲ့ ချပ်သင်းကြား ရထား သွားလို့မရဘူး ကြားထားတယ်။ အခု သွားလို့ ရနေပြီလား။
“ကျနော်တို့ သွားခဲ့တဲ့ ၂ ရက်။ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်တို့မှာ သွားလို့ ရနေပြီဗျ။ ကန့်ဘလူ-ချပ်သင်း အခုနောက်ဆုံး ပေါက်စိန်ကုန်းထိ သွားလို့ ရနေပြီ။ ပေါက်စိန်ကုန်း ဟိုဘက်တော့ သွားလို့ မရတော့ဘူး။ အဲ့ဒီဘက်မှာ အကူအညီတွေ အများကြီး လိုတယ်။ ပေါက်စိန်ကုန်း ဟိုဘက် ကိုးတောင်ဘို့၊ ကိုးတောင်ဘို့နဲ့ ကောလင်းကြားထဲမှာ အဲ့ဒီကြားထဲ တကယ် ဒုက္ခရာက်တယ်။ သွားလို့လဲ မရဘူး၊ ဘာလို့ သွားမရလဲဆိုတော့ ရထားလမ်းရဲ့ အောက်ခြေ မြေသားတွေ အကုန်ပါသွားတာ။ ရထားလမ်းက ပတ္တလားလို ဖြစ်နေတာ။ အပေါ်မှာ ၀ဲနေတာ၊ အောက်မှာ မြေသား မရှိတော့ဘူး။ ရထားသွားလို့ မရသလို ကားလည်း သွားလို့ မရဘူး။ လှေလည်း သွားလို့ မရဘူး၊ ရေမရှိဘူး၊ ဗွက်တွေက နင်းလိုက်ရင် ခြေထောက် ဒူးခေါင်းလောက်ထိ မြုပ်နေတော့ သွားလို့ မရဘူး။ အဲ့ဒီနေရာကလူတွေ တကယ်ဒုက္ခရာက်တယ်။ ကိုးတောင်ဘို့နဲ့ ကောလင်းကြား တကယ်ဒုက္ခရောက်နေကြတယ်။ ကျနော်တို့လည်း မသွားနိုင်ခဲ့ဘူး၊ ဘယ်သူမှလည်း မသွားနိုင်သေးဘူး။”
တွေ့မြင်ခဲ့ရသလောက် ဘယ်သူတွေ ကူညီပေးနေလဲ၊ စစ်တပ်ကလည်း ကူညီပေးနေတယ် ကြားတယ်။
“သွားတယ်၊ သွားတယ်ဗျ။ သူတို့ ဘယ်လို ကူညီပေးလဲတော့ မသိဘူး။ ကျနော်တို့ သွားတဲ့ အချိန်မှာ ရဟတ်ယာဉ် ၂-၃ စီး တွေ့တယ်ဗျ။ ကျနော်တို့ ရောက်တဲ့အချိန် သမ္မတလည်း ကန့်ဘလူ ရောက်နေတယ်ဗျ။”
ကိုမျိုးကြီး ပြောပုံဆို ပြန်လည်ထူထောင်ရေးအတွက်ပဲ လိုအပ်တယ်ပေါ့ အကူအညီက။
“ကိုးတောင်ဘို့အထိ အစားအသောက် မခက်တော့ဘူး။ ကိုးတောင်ဘို့နားက ဇော်ချောင်းတံတားက ကျနော်ပြောသလို ပျက်သွားတာ၊ မြစ်ကြီးနားက လာတဲ့ ရထားက ကိုးတောင်ဘို့အထိ ရောက်တယ်။ အဲ့ဒီမှာ ရထားစီး ခရီးသည်တွေ ပိတ်မိနေတယ်။ ၂၀၀-၃၀၀ လောက် ရှိတယ် ပိတ်မိနေကြတာ။ ဒါပေမယ့် သူတို့အားလုံးကို ကိုးတောင်ဘို့ဆရာတော်က ကျွေးထားတယ်။ ကျနော်တို့ ရထားနဲ့ ပြန်တော့ ခရီးသည် ၄၀၀ လောက် ရထားနဲ့ ပြန်ပါလာကြတယ်။ ခရီးသည်တွေ ပြောစကားအရ သူတို့ ဟိုဘက်မှာ တော်တော်ဒုကရောက်တာ သိရတယ်။ သူတို့ ဒုက္ခရာက်နေတုန်း ကိုးတောင်ဘို့ဆရာတော်နဲ့ ရွာက သူတို့အကုန်လုံးကို ထမင်း အလကား ကျွေးထားတယ်တဲ့။”
အခု မြင်တွေ့ခဲ့ရသလောက်ပေါ့၊ ရေဘေးဒဏ်ခံခဲ့ရတဲ့ ရွာသားတွေ နောက်ဆက်တွဲ ဘယ်လို ဒဏ်တွေ ခံစားရနိုင်လဲ။
“ရေကျသွားပြီးတော့ လူတွေကတော့ ပြဿ  နာ မရှိတော့ဘူး။ အခု လောလောဆယ် ၀မ်းရောဂါအန္တရာယ် ရှိကြတယ်။ ရေမသန့်ဘူးလေ၊ သောက်ရေလည်း မရှိကြတော့ဘူး၊ ရေသန့်တွေ ၀ိုင်းလှူကြပါတယ်။ အလှူရှင် ကျနော်တို့လို အဖွဲ့တွေ ရောက်သွားတဲ့နေရာတွေက မလိုတော့ဘူး။ ကောလင်းဘက် လိုနေသေးတယ်၊ တချို့တွေ ကောလင်းဘက်က ပတ်သွားနေတယ်ပြောတယ်။ သူတို့ ရောက် မရောက်တော့ မသိသေးဘူး။”
ကိုမျိုးကြီးတို့ ကူညီတော့ ဘယ်လို အနေအထားမျိုးနဲ့ ကူညီခဲ့ရလဲ။
“ကန့်ဘလူ-ချပ်သင်း ဘက်ကတော့ ရေမရှိတော့ဘူး။ ကံကြီး အရှေ့ရွာဘက်ကျတော့ ရေက ကျနော်တို့ ရင်ခေါင်းလောက်ထိ ရှိတယ်။ ရေစီးလည်း သန်တယ်၊ ကြိုးနဲ့ ဟိုဘက်ဒီဘက် လှမ်းဆွဲပြီး တအိမ်တက်ဆင်း ပစ္စည်းတွေ လိုက်ပေးတာ။”
လူအသေအပျောက်ရှိတယ်လို့ရော ကြားခဲ့သေးလား။
“ကျနော်တို့ သွားခဲ့တဲ့ နေရာတွေတော့ အသေအပျောက် မရှိဘူး/ ကျနော်မေးကြည့်တော့လည်း မသေဘူးတဲ့။ ကျနော်သွားခဲ့တဲ့ နေရာတွေက ရေရုတ်တရက်ကြီး လွှမ်းသွားပြီးတော့ မြန်မြန်ပြန်ကျသွားတာဗျ။ အရေးကြီးတာက ရထားလမ်း ပေါက်သွားရင် ဘာမှ မလိုဘူး။ ရထားလမ်းကို ရေရှိနေတုန်းကို နေ့ရောညပါ လုပ်နေကြတာ တွေ့ရတယ်။ ရထားလမ်းဝန်ထမ်း ၆၀ နဲ့ လုပ်အားပေး ၁၀၀ ကျော်ကို  အစားအသောက်နဲ့ ရေသန့်တွေ ကျနော်တို့ ဝေခဲ့တယ်။ မန္တလေးတို့၊ မုံရွာတို့က ရထားဝန်ထမ်းတွေ တောက်လျှောက်ပြင်နေကြတယ်။”
တခြား လှူတဲ့အဖွဲ့တွေ တွေ့ခဲ့သေးလား။
“ကျနော်တို့ သွားတဲ့အချိန်မှာ ရှေ့မှာ မန္တလေးက တဖွဲ့ရှိတယ်။ သူတို့ဆီမှာ ထူးတာက လူမှုအဖွဲ့အစည်းတွေထက် ဘုန်းကြီးတွေက ဦးစီးပြီးတော့ ဝေငှ လှူဒါန်းတာဗျ။ ကိုးတောင်ဘို့ ဘုန်းကြီးလိုပေါ့နော်၊ ဒေသခံဘုန်းကြီးတွေက ကိုယ့်ရွာသားတွေကို ကြည့်နေတာဗျ။ ကျနော်တို့အဖွဲ့ကတော့ ဆန်၊ ဆီ၊ ရေသန့်နဲ့ အကုန်လှူခဲ့တာဗျ။ သိန်း ၁၇၀ ကျော်ဖိုး လှူခဲ့ပါတယ်။”
DVB

မှော်ပညာ လေ့ကျင်သည်ဟု စွပ်စွဲ၍ အိန္ဒိယအမျိုးသမီးကို ခေါင်းဖြတ်သူ ၁၆ ဦးကို ဖမ်းဆီး


အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ မှော်ပညာ လေ့ကျင်တယ်လို့ စွပ်စွဲပြီး အိန္ဒိယ အမျိုးသမီးကို ခေါင်းဖြတ်သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး ဇူလိုင် ၂၂ ရက်နေ့အထိ ဖမ်းဆီးထားသူ  ၁၆ ဦး ရှိပြီ ဖြစ်ပါတယ်။
အာသံပြည်နယ် ဆန်နီပေါခရိုင်မှာ လူတွေ မကျန်းမာဖြစ်တာဟာ အသက် ၆၃ နှစ် ပူနီအော်ရန်ကြောင့်လို့ ရွာသားတွေက စွပ်စွဲပြီး ဇူလိုင် ၂၀ ရက်နေ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ ၉ ဦးက အမျိုးသမီးတွေ ဖြစ်သလို လူ ၉၀ နီးပါးက  အသက်ရှင်လျက် မီးရှို့ ခေါင်းဖြတ်သတ်လိုက်တာလို့ အာသံက ရဲတပ်ဖွဲ့က ပြောပါတယ်။
ရွာသားတချို့က ဖမ်းဆီးထားတဲ့ လူတွေ လွှတ်ပေးဖို့ ဒေသခံ ရဲတပ်ဖွဲ့ကို ဆန္ဒပြခဲ့ကြပါတယ်။
လက်ဖက်ခင်းမှာ လုပ်နေတဲ့ အလုပ်သမားနဲ့ ဒေသခံ မျိုးနွယ်စုတွေကြားထဲမှာ အမျိုးသမီးတွေကို စုန်းလို့ စွပ်စွဲတာဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်။
အိန္ဒိယ ပြေးခုန်ပစ် ကစားသမား ဒက်ဂျန်နီဘိုရာကလည်း အာသံမှာ စုန်းလို့ စွပ်စွဲ ရိုက်နှက်ခံခဲ့ရပါတယ်။
အရင် ၇ နှစ်အတွင်း စုန်းလို့ စွပ်စွဲပြီး ရွာသားတွေက သတ်ဖြတ်ခဲ့တာ လူ ၉၀ နီးပါးရှိပြီး အမျိုးသမီးအများစုဖြစ်တယ်လို့ အာသံရဲတပ်ဖွဲ့က ပြောပါတယ်။
ကျွမ်းကျင်သူတွေကတော့ တိုက်ခိုက်မှုနောက်ကွယ်မှု အယူသီးမှု ရှိနေပေမယ့် အထူးသဖြင့် မုဆိုးမတွေကို မြေယာနဲ့ ပိုင်ဆိုင်မှုတွေကြောင့် ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောပါတယ်။
DVB

လတ်တလော ကာလ နိုင်ငံခြားငွေ မြင့်တက်မှုနှင့် ဈေးကစားမှု အခြေအနေများကို ဝိုင်းဝန်း အဖြေရှာသင့် ကြောင်းဆို


ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    ဒေါ်လာဈေး ဆက်တိုက် မြင့်တက်မှု နှင့် ပတ်သက်၍ ကုန်သွယ်မှု လိုငွေပြနေမှု ၊ ဘတ်ဂျက် အသုံးစားရိတ်နှင့် စီမံကိန်းများ အတွက် အသုံးပြုခဲ့သည့် ငွေကြေးများ စီးပွားရေး ဈေးကွက်အတွင်း သို့ ပြန်လည်ဝင်ရောက်မှု ၊ လတ်တလော ကာလ နိုင်ငံခြားငွေ မြင့်တက်မှုနှင့် ဈေးကစားမှု အခြေအနေများကို ဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်သင့်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ဗဟိုဘဏ် ဖွင့်ဈေး နေ့စဉ် အနည်းငယ် မြင့်တက်ပြီး ဈေးဖွင့် လာခဲ့ရာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ဈေးဖွင့်ခဲ့သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က “ငွေလဲနှုန်း မတည်ငြိမ်မှုမှာ အဓိကအချက်က ဈေးကစားတဲ့ အချက် ဖြစ်တယ်။ သွင်းကုန် လုပ်ငန်းရှင်တွေကို ဘဏ်တွေမှ တဆင့် ဗဟိုဘဏ်က ရောင်းချပေး နေသလို ၊ နေ့စဉ် လေလံဈေးကလည်း ရောင်းချ ပေးနေတယ်။ ဈေးကစားမှုတွေနဲ့ ပတ်သက်ပြီး လိုအပ်သည့် ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်’’ ဟု ပြောသည်။

ဘဏ္ဍာရေး မူဝါဒအား ဘက်ညီသည့် ဘတ်ဂျက်ဖြစ်ရန်၊ အသုံးစားရိတ်လျှော့ချရန်နှင့် ကုန်သွယ်မှု လိုငွေ ပြနေခြင်း ကို ဖြေရှင်းရန်အတွက် ပို့ကုန် တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်မှ ရငွေများကို နိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ရန် နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်မှု ရှိရန်အတွက် ကာလတို၊ ကာလရှည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ဇူလိုင်လ ၂၂ ရက် နေ့လည်တွင် ပြင်ပ၌ တစ်ဒေါ်လာကို ၁,၂၆၃ ကျပ်ရှိပြီး၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ၁,၂၄၀ ကျပ်ရှိသည်။

 (Xinhua)
http://www.xinhuamyanmar.com

ထိုင်း-မြန်မာနှစ်နိုင်ငံ ဗီဇာ မလိုဘဲ ၁၄ ရက် သွားလာခွင့် အတည်ပြု


ထိုင်း-မြန်မာ ၂ နိုင်ငံကြား  ၁၄ ရက်စာ ဗီဇာမလိုဘဲ သွားလာခွင့်ပြုရေးကိစ္စကို  ဇူလိုင်လ ၂၁ ရက်နေ့  ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးက အတည်ပြုပေးလိုက်ပါတယ် ။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အဆိုပြုထားခဲ့တဲ့ အဲဒီအချက်ကို ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဦးဆောင်တဲ့ ကက်ဘိနက်ကနေ အတည်ပြု လိုက်ကြောင်း ထိုင်းအစိုးရ၀က်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ထိုင်းမှ မြန်မာ၊ မြန်မာမှ ထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သွားလာသူတွေအနေနဲ့ ၁၄ ရက်စာ ဗီဇာမလို၊ အကြောင်းပြချက် တစုံတရာပြစရာမလိုဘဲ နေထိုင်သွားလာခွင့်ပြုကြောင်း အတည်ပြုလိုက်ပြီး  ဒုဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ပါတယ်။
ဒီကိစ္စ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက်  ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ လာမယ့် အပတ်ကျရင် ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ကက်ဘိနက်က ဒီအချက်တွေ ဆွေးနွေးဖို့ သဘောတူပြီး ချထားတယ်။ ကျနော်တို့ဘက်ကလည်း အဲဒါတွေဆွေးနွေးဖို့ ချပေးထားတာရှိတယ်။ ဒါကြောင့် လာမယ့် ၂၈ ရက်နဲ့ ၂၉ ရက်နေ့ကျရင် ချင်းမိုင်မှာ ဂျေအေစီ ပူးတွဲကော်မတီအစည်း အဝေးရှိတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် စာချုပ်တွေအရင်လုပ်မယ်။ ပြီးတော့ အဆင့်တွေ အများကြီး ကျန်သေးတယ်လေ ဥပဒေကြောင်းအရာတို့၊ သူတို့ဘက်ကလည်း ကျနော်တို့နဲ့ ဆွေးနွေးပြီးတဲ့အခါမှာ လွှတ်တော်တို့ ဘာတို့ တင်ရဦးမှာပေါ့။ ကျနော်တို့ဘက်ကလည်း  တင်ရဦးမှာလေ။ သိပ်တော့မကြာပါဘူး၊ အလွန်ဆုံး ၂ လ ၃ လပေါ့။ ဖြစ်မှာကတော့ ၉၀ ရာခိုင်နှုန်း သေချာပါတယ်။”
ဗီဇာမလိုဘဲ ၁၄ ရက် ၀င်ထွက်သွားလာခွင့်ဟာ ထိုင်းနိုင်ငံ လေဆိပ်ပေါင်း ၂၂ ခုလုံးမှာ အကျုံးဝင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် သက်တမ်းတွေ တိုးပေးဖို့လည်း အစီအစဉ်ရှိကြောင်း၊  မူလ ၁၄ ရက် ခွင့်ပြုရာက ၁ လအထိ တိုးမြင့်ပေးဖို့၊ နယ်စပ်ကနေ အလုပ်လာလုပ်သူတွေအတွက် ၁ လနေထိုင်ခွင့်ပြုရေး ကိစ္စတွေကိုလည်း ခုလာမယ့် ပူးတွဲကော်မတီအစည်းအဝေးမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။
ထိုင်း-မြန်မာ ၂ နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၄ ရက် နေထိုင်သွားလာခွင့်ကိစ္စကို   လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်လက်ထက်မှာ သဘောတူထားတာရှိပေမယ့်  ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခုမှ ပြန်ပြီး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
DVB

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် ဆွေးနွေးပွဲ၌ အပြီးသတ် လက်မှတ်ထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိ


(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် ညှိနှိုင်း အစည်းအဝေး ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး၌ အပြီးသတ် ဆွေးနွေး လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိကြောင်း ယနေ့ ဆွေးနွေးပွဲ ပထမနေ့ နှစ်ဖက် ခေါင်းဆောင်များ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။

“ ဒီအစည်းအဝေးက နေပြီး နှစ်ဖက်စလုံးက ညှိနှိုင်းပြီး NCA ကို နောက်ဆုံးအနေနဲ့ အပြီးသတ်နိုင်ရန် မျှော်လင့်ထားပါတယ်”နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ယနေ့ ဆွေးနွေးပွဲ မိန့်ခွန်းတွင် ပြောကြားသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် ညှိနှိုင်း အစည်းအဝေး ပထမနေ့ မိန့်ခွန်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ၏ ခေါင်းဆောင် ပဒို နော်စီ ဖိုးရာစိန်၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်သော ဒေါက်တာ လဂျာ နှင့် ပူးဇင်ကျုံးတို့က ပြောကြားခဲ့ပြီး နှစ်ဖက် ခေါင်းဆောင်များမှ NCA ကို ယခု ဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးနိုင်ရန် ဆန္ဒရှိကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးနေစဉ်အတွင်း ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် များတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကို စိုးရိမ် ပူပန်နေလျှက်ရှိပြီး  တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန် အလေးအနက်ထား တိုက်တွန်း လိုကြောင်း၊ NCA လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်ရန် အရေးကြီးကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ၏ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်က ပြောကြားသည်။

“ဒီကာလ အတွင်းမှာ ခိုင်ခိုင်မာမာ သဘောတူညီချက် မရခဲ့ရင် နောင်အစိုးရပေါ် မူတည်ပြီး ငြိမ်းချမ်းရေး  ဖြစ်စဉ်တွေ အသစ်ဖြစ် သွားနိုင်ပါတယ်၊ ဒီဆွေးနွေးပွဲကနေပြီး NCA လက်မှတ် ရေးထိုးနိုင်တဲ့အထိ ဆွေးနွေး သဘောတူညီမှု ရရှိရန် မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD) တို့သည် ယနေ့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်း အစည်းအဝေးကို စတင် ဆွေးနွေးခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို အပြီးသတ်ရန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရာတွင် အစိုးရနှင့် တိုင်းရင်းသားများဘက်မှ မည်သူများ ပါဝင် လက်မှတ်ရေးထိုး မည်ကို ဆွေးနွေးရန်နှင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား များဘက်မှ အားလုံးပါဝင် နိုင်ရေးများကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်စာချုပ် (NCA) မူကြမ်းပါ အချက်အလက် အချို့ကို ပြင်ဆင် ဖြည့်စွက်ရန်အတွက် တိုင်းရင်းသားများဘက်မှ အဖွဲ့ဝင် ၁၅ ဦးပါ တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့( SD) ဇွန်လ ၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

 (Xinhua)
http://www.xinhuamyanmar.com

မြန်မာ FBR အီရတ်က IS ကို တိုက်ခိုက်


Free Burma Rangers အဖွဲ့ဝင်တွေက Kurdish တပ်တွေနဲ့ ပူးပေါင်းပြီး IS ကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ (Credit: Reuters)
Free ​Burma ​Rangers ​(FBR) ​လို့ခေါ်တဲ့ ​အဖွဲ့ဟာ ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကို ​တိုက်ခိုက်ဖို့ ​အီရတ်နိုင်ငံကို ​သွားရောက်ခဲ့ကြပါတယ်။

Mosul ​မြို့အနီးတဝိုက်က ​IS ​ကို ​တိုက်ခိုက်နေတဲ့ ​Kurdish ​အဖွဲ့နဲ့ ​ပူးပေါင်းပြီး ​IS ​ကို ​တိုက်ခိုက်ခဲ့တာ ​ဖြစ်ပါတယ်။

FBR ​အဖွဲ့ထဲမှာ ​ကရင်လူမျိုး ​နှစ်ဦးနဲ့ ​ကရင်နီ ​ပြည်သားတစ်ဦးတို့ ​လိုက်ပါခဲ့ပါတယ်။

ကရင်နှစ်ဦးက ​Kurdish ​တွေကို ​ဆေးကုသပေးတဲ့ ​ကျန်းမာရေး ​ဝန်ထမ်းဖြစ်ပြီး ​ကရင်နီတစ်ဦးကတော့ ​ဒီခရီးစဉ်မှာ ​ဗီဒီယို ​ရိုက်ကူးခဲ့သူ ​ဖြစ်ပါတယ်။

အီရတ်နိုင်ငံ ​အရှေ့မြောက်ပိုင်း ​Sinjar ​ဒေသမှာ ​ရိုက်ကူးခဲ့တာဖြစ်ပြီး ​အဲဒီအထဲမှာ ​တိုက်ပွဲဖြစ်နေတဲ့ ​အသံတွေ၊ ​ပုံတွေကို ​တွေ့ခဲ့ရပါတယ်။

IS ​တွေရဲ့ ​လက်ချက်ကြောင့် ​ထွက်ပြေးရတဲ့ ​Kurdish ​တွေရဲ့ ​ဘဝ ​တစိတ်တပိုင်းကိုပါ ​မြင်ခဲ့ရပါတယ်။

Kurdish ​လူမျိုး ​ကလေးငယ်တွေနဲ့ ​ကရင် ​ဓမ္မတေးသီချင်းတွေကိုလည်း ​သီဆိုပြီး ​ဆော့ကစားခဲ့ကြတာကိုလည်း ​တွေ့ခဲ့ရပါတယ်။ ​အဲဒီ ​ဗီဒီယိုကို ​Free ​Burma ​Rangers ​အဖွဲ့က ​Evil ​at ​Our ​Doorstep ​တံခါးပေါက်ဝနားက ​နတ်ဆိုး ​လို့ ​နာမည်ပေးထားပါတယ်။

FBR ​အဖွဲ့ကို ​ခရစ်ယာန်အဖွဲ့တချို့က ​ထောက်ပံ့နေတာ ​ဖြစ်ပါတယ်။

  မြန်မာနိုင်ငံမှာ ​ဖိနှိပ်မှုတွေနဲ့ ​နေထိုင်ရတဲ့ ​ဘဝမှာ ​ဘယ်လို ​ရုန်းကန်အသက်ရှင်နိုင်သလဲ ​ဆိုတဲ့ ​ဘဝအတွေ့အကြုံတွေကို ​Sinjar ​ဒေသက ​Kurdish ​တွေကို ​ဝေငှတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

FBR ​အဖွဲ့ဟာ ​၁၉၉၇ ​ခုနှစ်ကတည်းက ​မြန်မာနယ်စပ်မှာ ​ဖြစ်ခဲ့တဲ့ ​စစ်တွေအတွင်း ​ဒဏ်ရာရသူတွေကို ​ကုသပေးတဲ့ ​နယ်လှည့် ​ကျောပိုးအိတ် ​အဖွဲ့လည်း ​ဖြစ်ပါတယ်။

IS ​ကနေ ​တိုက်ခိုက်လာတဲ့ ​လူတွေဘက်ကို ​ရပ်တည်လို့ ​တိုက်ခိုက်မှုမှာ ​ပါဝင်တာဖြစ်ပြီး ​FBR ​အနေနဲ့ ​တိုက်ခိုက်မှုကို ​မလုပ်လိုဘူးလို့ ​သာသနာပြုသူ ​Dave ​Eubank ​က ​ဒီဗွီဘီကို ​ပြောသွားခဲ့ပါတယ်။

Sinjar ​ဒေသဆီကို ​နောက်ထပ် ​FBR ​အုပ်စု ​တစ်စု ​ပို့ဆောင်ဖို့ ​စီစဉ်နေတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia

ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည့် ၈၈ ငြိမ်း/ပွင့် ဦးကိုကိုကြီး အား ပထမရုံးချိန်းတွင် တရားရုံးမှ ချက်ချင်း ပြစ်ဒဏ်ချမှတ်



 ၈၈ငြိမ်း/ပွင့် မှ ဦးကိုကိုကြီးကို စွဲဆိုထားသည့် အမှုအတွက် အပြီးသတ် အမိန့် အဖြစ် ထောင်ဒဏ် ၂၁ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သော်လည်း ဦးကိုကိုကြီး က ထောင်ဒဏ် ၂၁ရက်သာကျခံမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဦးကိုကိုကြီးကို ရွေးကောက်ပွဲဝင်စေလိုသည့် အမည်မဖော်လိုသူ တစ်ဦး က ငွေဒဏ် တစ်သောင်းကျပ်ကိုကြားဝင်ပေးဆောင်ခဲ့ကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ ၈၈ ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ဦးကိုကိုကြီးကပြောသည်။

ယနေ့အမိန့်ချမည့်ရုံးချိန်းရက်တွင် တရားသူကြီးက ဦးကိုကိုကြီးနှင့် အဖွဲ့ရောက်ရောက် ချင်းပင် အမိန့်ချပေးလိုက်ပြီး၊ ဦးကိုကိုကြီးကလည်းငွေ ဒဏ် ထက် ထောင်ဒဏ် ကိုသာ ရွေးချယ်ကြောင်းတရားခွင်တွင်ပင်ချက် ချင်းတုံ့ပြန်တင်ပြခဲ့သည်။

ဦးကိုကိုကြီးသည် တောင်ဥက္ကလာပ ကလေးကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီ က သိမ်းယူသည့် အတွက် ဆန္ဒပြသည့် ကိစ္စဖြင့် တရားစွဲဆိုခံထားရသဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ယနေ့ ပထမရုံးချိန်းတွင် အပြီးသတ် အမိန့်ချခြင်းဖြစ်သည်။

  တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ ကလေးကစားကွင်း အား ပြည်ခိုင်ဖြိုးပါတီက သိမ်းယူပြီး တိုက်ခန်းဆောက်လုပ်ထားမှု ၂၀၁၄ခုနှစ်က ဒီဇင်ဘာလအတွင်း ဆန္ဒဖော်ထုတ်ရာခဲ့ခြင်း အား တောင်ဥက္ကလာပရဲစခန်းမှ ဇွန်လ ၅ရက်က ပုဒ်မ-၁၉ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သတင်းထောက် - စိုင်းဟန်
The Ladies News Journal

၂၀၁၅ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း လေးထောင်အသုံးပြုမည်



 ဇူလိုင်(၂၂)၊၂၀၁၅

 ၂၀၁၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း လေးထောင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဇူလိုင်၂၂ရက် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကပြောသည်။

အဆိုပါ ရွေးကောက်ပွဲ တွင်အသုံးပြုမည့် ကျပ်သန်းလေးထောင်တွင် အခြခံကျောင်းများမှ ခေါ်ယူအသုံးပြု မည့် ဆရာဆ၇ာမများအတွက် လုပ်အားခလည်းပါဝင်ကြောင်းသိရသည်။

သုံးရက် ကိုတစ်ရက်သုံးထောင်နှုန်းနဲ့ရပါမယ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်ကပြောသည်။

အဆိုပါ၂၀၁၅ခုနှစ်နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် အရံအတားမဲ့လျှောက်လမ်း၊ သို့မဟုတ် မဲရုံသီးသန့်တွင်အကြိုအပို့ စနစ် ကို ပြုလုပ်ပေးသွားရန် စဉ်းစားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥိးတင်အေးက ပြောကြားထားသည်။

ဆရာဆရာမများအား မဲရုံမှူးဒုမဲရုံမှူးများအနေဖြင့် တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်း ခုနှစ်ထောင်ကျော်တွင် အချိုးကျ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသိ၇သည်။

Education Digest Journal