Pages

Saturday, July 23, 2016

တောင်သူတွေ မြန်မာယန်စီ ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေး


စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ ဓါတ်ပုံ - ကိုမိုးမင်းဦး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာ သိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

မြန်မာယန်စီကုမ္ပဏီဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရတဲ့အခါ မြေယာလျော်ကြေး ပေးဆောင် သွားမယ်လို့ တာဝန်ရှိသူတွေက ကတိပေးကြောင်း ဒီနေ့တွေ့ဆုံပွဲကို သွားရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံ နေ့စားအလုပ်သမား ၃ဝဝ ကျော်ရှိပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ ကိုတင့်အောင်စိုး က ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ဧရိယာအတွင်းက ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက်ပေးတဲ့ လျော်ကြေးအတိုင်း ရရှိဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီ ဘက်က နှစ်ကြိမ်လျော်ကြေးပေးတာရှိပြီး ပထမအကြိမ်က မြေတစ်ဧကအတွက် အများဆုံး ၁၅ သိန်းနဲ့ ဒုတိယအကြိမ်မှာ အများဆုံး ၁ဝ သိန်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ၆ဝဝဝ ကျော် ရှိပြီး အများစုက မြေယာလျော်ကြေး မယူထားရသေးဘူးလို့လည်း ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်ပေးခဲ့ပါတယ်။

RFA Burmese

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ


ဗီယင်ကျန်း ဇူလိုင် ၂၃

လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီးနှင့် နိုင်ငံခြားရေး ၀န်ကြီး Mr . Pehin Orang Kaya Pekerma Dewa Dato Seri Setia Lim Jock Seng တို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန ၌ တွေ့ဆုံ ဆွေးနွေးကြသည်။


အလားတူ ညနေ ၆ နာရီ ၄၅မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh တို့သည် Lao Plaza Hotel ၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

MOI Webportal Myanmar

Sunday, July 17, 2016

မိုင်ဂျာယန်ညီလာခံကို အစိုးရ ကူညီလုပ်ဆောင်ပေးမည်


ဓာတ်ပုံ - Hla Maung Shwe
ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်ထိ ၄ရက်ကြာ ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များရဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံကို အစိုးရက အတတ်နိုင်ဆုံး ကူညီ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
အစိုးရရဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုအဖွဲ့တို့ မနေ့က ရန်ကုန်မြို့ တွေ့ဆုံမှုအတွင်း အခု သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက နှစ်ဘက် တွေ့ဆုံမှုအတွင်း ခေါင်းစဉ် လေးခု ဆွေးနွေးခဲ့ကြတယ်။ နံပတ်တစ်အချက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအန်အက်ဖ်စီဥက္ကဋ္ဌနဲ့အဖွဲ့ ဇူလိုင် ၁၇ ရက် တွေ့ကြမယ့်ကိစ ဆွေးနွေးတယ်။ နံပတ်နှစ်အချက်က မိုင်ဂျာယန်ညီလာခံကိစ တိုင်းရင်းသားတို့ ဘက်က ရှင်းပြတယ်။ တတိယ အစိုးရကော်မတီနဲ့ တိုင်းရင်းသားနိုင်ငံရေးဆွေးနွေးမှုအဖွဲ့ ဒီပီအန် တို့ နောက်တကြိမ် ပြန်ပြီးပါဝင်နိုင်ရေး ညှိနှိုင်းတယ်။ စတုတ္ထကတော့ မိုင်ဂျာယန်ညီလာခံ ကျင်းပရေးး လိုအပ်တာတွေ ကူညီပေးဖို့ ဆွေးနွေးတယ်လို့ တွေ့ဆုံမှုအပြီးမှာ မီဒီယာကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ယူအန်အက်ဖ်စီ အဖွဲ့ ခေါင်းဆောင်တို့ ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
DVB

အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ ထင်ပေါ်လာတဲ့ မြန်မာသမ္မတဦးထင်ကျော်



မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ကျင်းပခဲ့သည့် ၁၁ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ဒေသစံတော်ချိန် ၁၁:၅၀ နာရီ တွင် ASEM Village တွင်ကျင်းပခဲ့ပါသည်။

အဆိုပါထိပ်သီးအစည်းအဝေးမှ အာရှ-ဥရောပဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ Ulaanbaatar Declaration on ASEM into the Third Decade ကို ထုတ်ပြန်ခဲ့ပါသည်။ (http://www.asem11.mn/?p=6176&lang=en)

ပိတ်ပွဲအခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပရာ ထိပ်သီးအစည်းအဝေးဥက္ကဌ မွန်ဂိုလီးယားသမ္မတ H.E.Tsakhiagiin Elbegdorj၊ ဥရောပကောင်စီ ဥက္ကဌ Mr. Donald Tusk ၊ ဥရောပကော်မရှင် ဥက္ကဌ Mr. Jean Claude Juncker ၊ အာဆီယံ ညှိနှိုင်းရေးမှူး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဥရောပသမဂ္ဂ ညှိနှိုင်းရေးမှူး ဆလိုဗက်ဝန်ကြီးချုပ် H.E. Robert Fico တို့ တက်ရောက် ခဲ့ပါသည်။

Ministry of Foreign Affairs Myanmar