Pages

Wednesday, March 21, 2018

"နိုင်ငံတော်သမ္မတဦးထင်ကျော် ကျန်းမာရေးအရ ရာထူးကနုတ်ထွက်"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် အမှတ်၊ ၁ / ၂၀၁၈
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်)

၁။                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လက်ရှိ အလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ စ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပါသည်။

၂။                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၇၃)၊ ပုဒ်မခွဲ (ခ)နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက် အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

http://www.president-office.gov.mm/zg/?q=briefing-room/news/2018/03/21/id-14553