Pages

Thursday, April 19, 2012

စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက မူအားဖြင့်သဘောတူ

လက်နက်ရောင်းချမှုကလွဲယင် မြန်မာအစိုးရပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက မူအားဖြင့်သဘောတူလိုက်ကြောင်း AFP သတင်းအရ သိရပါတယ်။

 ရန်ကုန်ရှိ အိးယူသံတမာန်တဥိးက မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မလုပ်ဆိုတာကို စောင့်ကြည့်ရမှာမို့ လောလောဆယ် တနှစ်ဘဲ ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပရယ်လ ၂၃ ရက် Luxembourg မှာလုပ်မဲ့ အိးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပုံမှန်လပတ်အစည်းအဝေးမှာ တရားဝင်ကြေငြာဖို့ ရှိကြောင်းလည်း ရန်ကုန်ရှိ အိးယူသံတမာန်တဥိးကို ကိုးကားပြိး AFP သတင်းမှာ ရေးသားထားပါတယ်။

ဒီဗွီဘီ