ဗဟန်းမြို့နယ်ရှိ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁
နာရီမှ မွန်းလွဲ ၃ နာရီ အထိ ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ
ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင်
ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက
လွှတ်တော်သို့သွားရောက်ခြင်းပြု၊မပြုကိစ္စနှင့် ပတ်သတ်၍
ဝိုင်းဝန်းမေးမြန်းနေကြစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို
မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂
ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ
ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏
မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။