Pages

Tuesday, April 3, 2012

နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချီးကျူး ဂုဏ်ပြု

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပြတ်အသတ် နီးပါး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီးမွန်း က ဒီရလဒ်ဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုမို ကောင်းမွန်လာဖို့အတွက် ထင်ရှားတဲ့ နောက်တစ်ဆင့် တိုးတက်မှုအဖြစ် ပြောဆိုလိုက်ပါတယ်။ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရအနေနဲ့ဒီထက်ပိုပြီး ကြိုးစားဆောင်ရွက်ပေးဖို့ လည်း မစ္စတာဘန်ကီးမွန်းက တောင်းဆိုလိုက်ပါတယ်။

စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်
မြန်မာအစိုးရအနေနဲ့ဒီထက်ပိုပြီး ကြိုးစားဆောင်ရွက်ပေးဖို့လည်း မစ္စတာဘန်ကီးမွန်းက တောင်းဆိုလိုက်ပါတယ်။
RFA