ရန်ကုန်ကနေ ဧရာဝတီတိုင်း ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ
ပြေးဆွဲနေတဲ့ အစိုးရပိုင် ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေကို ၄၀
ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအကြား ထပ်မံတိုးမြှင့်လိုက်ကြောင်း ဌာန
ကြေငြာချက်အရ သိရပါတယ်။
ရန်ကုန်-မော်ကျွန်း ရိုးရိုးတန်းလက်မှတ် ယခင် ကျပ်
၁၀၀၀ မှ ယခု ကျပ် ၁၄၀၀၊ ပထမတန်း ယခင် ကျပ် ၃၀၀၀ မှ ယခု ကျပ် ၅၀၀၀၊
ရန်ကုန်- လပွတ္တာ ရိုးရိုးတန်း ယခင် ကျပ် ၁၇၀၀မှ ယခု ကျပ် ၂၈၀၀၊ ပထမတန်း
ယခင် ၅၁၃၀ မှ ယခု ကျပ် ၇၇၀၀ တိုးမြှင့်သတ်မှတ်ထားပါတယ်။
ပြည်တွင်းရေကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ တုန်းကလည်း သင်္ဘောခတွေကို
တိုးမြှင့်ခဲ့ပြီး အဲဒီအချိန်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ
သင်္ဘောခတွေဟာ (၃) ဆ နီးပါးဖြစ်လာကြောင်း စုံစမ်းသိရပါတယ်။
ဒီဗွီဘီ