ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာတွေကနေ လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ
ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီလို့ သိရပါတယ်။ ဒီကနေ့ ဧပြီ
၂၃ တနင်္လာနေ့ သိမ်ဖြူလမ်း ငွေလဲကောင်တာမှာ အ၀ယ် တစ်ဒေါ်လာ ၈၁၄ကျပ်၊ အရောင်း
၈၂၈ ကျပ် သတ်မှတ်ထားပေမယ့် လာရောင်းသမျှကို မ၀ယ် တော့ဘဲ
ကောင်တာပိတ်ချင်တဲ့အချိန် ပိတ်ထားတယ်လို့ သိရပါတယ်။ အင်းဝ၊ CB နဲ့ MOB
ဘဏ်တို့က လူတစ်ဥိးဆီကနေ ဒေါ်လာ ၅၀၀ စီဝယ်ယူပြီး မြ၀တီနဲ့
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ်ကတော့ ဒေါ်လာ၂၀၀ စီ၊ ကမ္ဘောဇဘဏ်က ၁၀၀ စီဘဲ
ဝယ်ယူတယ်လို့ သိရပါတယ်။
ဒီဗွီဘီ