မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း
အော်စလိုမြို့ကိုရောက်ရှိနေတဲ့ မြန်မာ အစိုးရ
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဥိးအောင်မင်းက ပြောကြားလိုက်ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့
ဧပရယ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဥိးအောင်မင်းက အဲဒီလို
ပြောကြားလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်တွေ့ဆုံရာမှာ ဥိးအောင်မင်းက
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စကို အဓိကထားရှင်းပြခဲ့ပြီး နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနီးကပ် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီဗွီဘီ