Pages

Friday, April 27, 2012

တစ်နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

PDF Print
Thursday, 26 April 2012 16:38
AddThis Social Bookmark Button
အီတလီ နိုင်ငံခြားရေးဝန် ကြီး မစ္စတာ Giulio Terzi က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို လာမည့်တစ်နှစ်အတွင်း ဖယ်ရှားသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
“ သိပ်မကြာမီ အနာဂတ် ကာလမှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကျေနပ်လောက်စရာတွေ တွေ့ရနိုင်တာကြောင့် လာမယ့်တစ်နှစ်အတွင်း ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၄င်းက ဖြေကြားခဲ့သည်။
၎င်းကမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်မသွားအောင် အီတလီနိုင်ငံက အပြည့်အ၀ ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ အထူးသဖြင့် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။
ထို့ပြင်၎င်းက မြန်မာနိုင်ငံသည် ၄င်းတို့ဦးစားပေး ကူညီပေးမည့် နိုင်ငံစာရင်းတွင် ပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ရဲ့ကူညီ ထောက်ပံ့ပေးမှုတွေက နည်းလမ်းမျိုးစုံနဲ့ စတင်နေပါပြီ။ နောင်ဆိုရင် ဒီထက်ပိုလာဖို့ပဲ ရှိပါတယ်။ အခုဆို ရင် အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံ တကာ အေဂျင်စီတွေဟာ ဖွံ့ဖြိုးမှု ဆိုင်ရာစီမံကိန်းတွေမှာ ကူညီဖို့ စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းခံရတဲ့ သူတွေကိုလည်း ကူညီဖို့အစီအစဉ်တွေရှိပါ တယ်” ဟု ၄င်းကဆိုသည်။
မစ္စတာ Terzi  သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ရွှေ့ဆိုင်းအပြီး ၃ ရက်အကြာတွင် မြန်မာနိုင်ငံသို့ ၄င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။