Pages
Thursday, April 19, 2012
မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲ
17.4.2012 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်  မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို 
ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ
့ပါသည်။
နိုင်ငံရေးသမားဟောင်းကြီးများကု
ဂါရ၀ပြုပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ပါသည်။ 
ဖိုးဖွားများအားလုံး အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၁၂)ဦး ပေါင်း၂၃ ဦးတို့ကို
လှူဖွယ်ပစ္စည်းများနှင့် တကွ ဂါရ၀ပြုကန်တော့ခဲ့ကြပါသည်။ အခမ်း
အနားစတင်
သည်နှင့် သံဃာတော်များမှအန္တရယ်ကင်းပရိတ်တရားတော်များကို
ရွတ်ဖတ်ပေးပြီး 
အခမ်းအနားကိုစတင်
ခဲ့ပါသည်။
ယင်းနောက်ဖိုးဖွားများကို ကန်တော့ကြပြီးဖိုးဖွားများမှ ဆုတောင်မေတ္တာများပို့သ 
ခဲ့ကြပါ
သည်။ ပြီးနောက် အခမ်းအနားသို့တက်ရောက်လာသော
ဧည့်သည်တော်များအား ဆီထမင်း၊လဘက်ရည်နှင့် အအေးများ ဖြင့်
ဧည့်ခံကျွေးမွေးကာအခမ်းအနားကို
ညနေ (၄)နာရီခွဲ ခန့်တွင်ရုပ်သိမ်းခဲ့ပါသည်။