Pages

Monday, April 9, 2012

၂၂ဘီး ကုန်တင်ကား တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၈

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ ၊ ပြည်တော်သာကွေ့ တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်၌ ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး ကုန်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုနေရာဝန်းကျင် ရှိသူများမှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ ပြည်တော်သာကွေ့၌ ယာဉ်လမ်းများ ပိတ်ဆို့ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ ကုန်တင်ကားမှာ ဟိုင်းလတ် အမျိုး အစား ခရီးသည်တင်ယာဉ်နှင့် ယှဉ်ပြိုင် မောင်းနှင်ရာမှ အကွေ့တွင် ယင်းကဲ့သို့ဖြစ်ခဲ့ကြောင်း အဆိုပါ နေရာအနီးတွင် ကုန်တင်ကား တိမ်းမှောက်စဉ်က အဆိုပါနေရာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

The Voice Weekly

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ အနီး၊ ပြည်တော်သာ ကွေ့တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်က ပေလေးဆယ် ပုံး ၂ပုံးတင် ၂၂ဘီး ကုန်တင်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ ကားအတွင်း ကျန်ရှိနေသည့် ဆီများအား ထုတ်ယူနေစဉ်။