Pages

Sunday, April 8, 2012

ကချင်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဆီ အကူအညီ မရောက်

RFA facebook

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ၀ိုင်းမော်မြို့နယ် အတွင်းက တိမ်းရှောင်နေတဲ့ ဒုက္ခသည် ၄၀၀၀ လောက် လမ်းပမ်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေကြောင့် အကူအညီ မရသေးတာ အများအပြား ရှိနေတဲ့အကြောင်း ကေအိုင်အို ဒုက္ခသည်အရေးတာဝန်ခံ ဆရာဒွဲပီစက
ပြောပါတယ်။

မကြာခင် ကျရောက်လာတော့မယ့် မိုးတွင်းရာသီ အတွက် အခုထိ ဘာမှ မပြင်ဆင်ရသေးသလို အစိုးရတပ်က စစ်ရေးပြင်ဆင်နေတာကြောင့် အဲဒီဒေသမှာ အကူအညီမရသေးတဲ့ ဒုက္ခသည် တွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

(မိုးတွင်းလဲရောက်ပီ တချို့နေရာမှာဆို တဲတွေကို လုံလုံခြံခြုံ မဆောက်ပေးနိုင်ဘူး ပြန်ပြင်ဖို့ရယ် နောက် လုပ်ရမဲ့ဟာတွေကလဲ အများကြီး။ ကျောင်းကိုလဲ ဆောက်ရမယ်။ ဆေးရုံဆေးပေးခန်းတွေဆောက်ရမယ်။ စီတော့ စီစဉ်ပါတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အခက်အခဲတွေရှိတယ်။ အစိုးရတပ်တွေက အားလုံးစစ်ရေးပြင်ဆင်နေတဲ့ သဘောရှိတယ်။ တကယ်လို့များ တိုက်ပွဲကြီးများပြန်ဖြစ်လာရင် စစ်ဘေးဒုက္ခသည်တွေ အတွက် စိတ်ပူပန်ရတာပေါ့)

အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ
နေ့စဉ်လိုလိုဖြစ်နေတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကလည်း ပြောပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ အကူအညီပေးခဲ့တဲ့
နေရာတွေကတော့ နယ်ခြားမှတ်တိုင် အမှတ်ဂ ၊ မန်စီမြို့နယ် အင်ပါဘာဒေသနဲ့ မိုင်ယာန် ဒေသတွေမှာ ဖြစ်ပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ကုလသမဂ္ဂလက်အောက်အဖွဲ့တွေ ကူညီတာ ၂ကြိမ်ရှိသွားပါပြီ။ နောက်ထပ်လည်း ယူအင်န်က အကူအညီပေးဖို့ အခုရက်ပိုင်းလေ့လာသွားတာရှိပေမဲ့ တရုတ်နိုင်ငံဘက်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေအတွက်တော့ မပါဘူးလို့ သူကပြောပါတယ်။