Pages

Tuesday, April 17, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား

လက်ရှိအပြောင်းအလဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား၊ အဲဒီလိုသွားခဲ့ ယင် လက်ရှိအစိုးရက အပြောင်းအလဲတွေကို ပြန်ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်နိုင်မလားဆိုပြိး ဒီကနေ့ ဟောင်ကောင်ကပေးပို့တဲ့ The New York Times သတင်းမှာ မေးခွန်း ထုတ်ထားပါတယ်။

ဒီကနေ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် (၁) ဥိးစားပေးရမဲ့သူအဖြစ် အလေးထားဆက်ဆံနေပြိး သမိုင်းတွင်တဲ့ နိုင်ငံတော်ခရီးစဉ်တွေအဖြစ် သွားရောက် လည်ပတ်နေကြပါတယ်။

ဒါ့အပြင် ဘရစ်တိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လာမဲ့ဇွန်လမှာ ဘရစ်တိန်ကို လာရောက်လည်ပတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကလည်း အကြိမ်ကြိမ်ဖိတ်ခေါ်ထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်နိုင်မယ်ဆိုယင် ပြည်ပကို ခရီးသွားဖို့ ဆန္ဒရှိနေပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့် ရမရဆိုတာကို တိုးတက်မှုတခုအနေနဲ့ စမ်းသပ်လိုတဲ့အနေအထား ရှိကြောင်း The New York Times သတင်းမှာ ရေးသားထားပါတယ်။