Pages

Thursday, April 5, 2012

ဧပြီလ ၁ ရက်နေ့တွင် E-visa စတင်ထုတ်ပေးမည့် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ဧပြီလ ၁ ရက်နေ့တွင် စတင်ထုတ် ပေးမည့်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ ကြောင်း စုံစမ်းသိရှိရပါသည်။

''E-visa စနစ်စတင်နိုင်မယ့် အချိန်ကို ထပ်မံပြီး သတင်းထုတ်ပြန်ပေးသွားမှာပါ။ အခုလောလောဆယ်တော့ ဒီစနစ်ကို စတင်နိုင်ခြင်း မရှိသေးပါဘူး''ဟု E-visa စနစ်အား အကောင်အထည်ဖော်နေသည့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က ဧပြီလ ၁ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအား E-visa အား ထုတ်ပေးနိုင်ရန် စီစဉ်မှုများရှိခဲ့ရာ နိုင်ငံအသီးသီးမှ E-visa လျှောက်ထားသူများသည် http://www.myanmarevisa.gov.mm သို့ ၀င်ရောက်ကာ လျှောက်လွှာဖြည့်သွင်းပြီး ဗီဇာလျောက်ထားခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။