Pages

Monday, April 30, 2012

KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြား ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အတည်ပြုပြောကြား


Monday, 30 April 2012 02:33
KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ ပါသည်။
ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါ မေးမြန်းမှုအပေါ် ''KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊ နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ ငြိမ်းချမ်းရေးယူခဲ့သူများအားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့် ဆည်းပေးရန်အတွက် Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်။
Eleven media group