Pages

Saturday, May 26, 2012

"လားရှိုးသိန်းအောင် မြန်မာပြည်ပြန်လာပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်မည်"

သူ ကမြန်မာနိုင်ငံသားပဲလေ။ မြန်မာပတ်စ်ပို့ လျှောက်ပြီး ပြန်လာမှလေ။ အစ်ကိုခေါ်တာရယ်လို့မဟုတ်ဘူး။ ပတ်စ်ပို့ကိစ္စတွေက သူ့ဘာသာသူ လုပ်ပြီးလာမှာပါ။ သူက ဒီရောက်လာရင်ပွဲစီစဉ်ပေးမလား လို့ ပြော တယ်။ ၃၊၄ ပွဲလောက်စီစဉ်ပေးပြီး ကူညီပေးပါ့မယ်လို့ ပြောထားတယ်။ ဘယ်သူပဲပြန်လာ၊ ပြန်လာ အားလုံးကို ပြန် လာစေချင်တယ်’ လို့ နိုင်ငံရပ်ခြားမှ အဆိုတော်ကြီး လာရှိုးသိန်းအောင် ပြန်လာမယ့် အစီအစဉ်များကို အဆိုတော်ဇော်ဝင်းထွဋ် က ပေါ်ပြူလာသို့ ပြောကြား ပါတယ်။

 မြန်မာပြည်ကို လာဖို့အစီအစဉ်တွေကိုတော့ လားရှိုးသိန်းအောင်က သူ့ဘာသာသူစီစဉ်ပြီး လာရောက်မှာဖြစ်ကြောင်း သိရပါ တယ်။ ဇော်ဝင်း ထွဋ်က သူ့အနေနဲ့ လားရှိုး သိန်းအောင်နဲ့ တိုက်ရိုက်စကားမပြောရသေးဘဲ ကြားထဲကနေ ဆက်သွယ်ပေးတဲ့လူကတစ်ဆင့်စကားပြော၊ ဆိုကြတာ မျိုးပဲရှိသေးကြောင်း ပြောပါတယ်။ “အစ်ကိုတို့နဲ့ ဆက်သွယ်လာလည်း ကူညီမှာပဲ။ သူ့ဘာသာသူ ရောက်လာလည်း အစ်ကိုတို့အနေ နဲ့ဘာလုပ်ပေး ရမလဲပေါ့။ သူတို့ဘာသာပွဲလုပ်မယ်ဆိုရင်လည်းလုပ်၊ ဒါမှမဟုတ် ကူညီ ဆိုရင်လည်း ကူညီပေးမယ်´´လို့ ပြောပါတယ်။ သူ့အနေနဲ့ ပြည်ပမှာေ ရာက်နေတဲ့ အဆိုတော်တွေကိုခေါ်ပြီး ပွဲစီစဉ်နေတာမျိုးမဟုတ်ဘဲ အဆိုေ တ်ာတွေ ကိုယ်တိုင်က သူ့ကိုပွဲစီစဉ်ပေးပါလို့ ပြောလာတဲ့အတွက်ေ ကြာင့် ဖျော်ဖြေပွဲတွေစီစဉ်ပေးခဲ့တာမျိုးပဲဖြစ်ကြောင်း ဇော်ဝင်းထွဋ်က ပြောပါတယ်။ “ကိုသိန်းတန်လာတုန်း ကလည်း ညီထွဋ်ရေ.. ပွဲစီစဉ်ပေးပါလို့ ပြောတဲ့အတွက် အစ်ကိုလုပ်ပေးတာပါ။ ကိုသိန်းတန်ကိုခေါ်ပြီး ပွဲစီစဉ်တာမ ဟုတ်ပါ ဘူး။ အနုပညာသည် အချင်းချင်း ကူညီတာပါ။ အစ်ကိုတို့လုပ်တဲ့ပွဲ အရသာကိုကြိုက်လို့၊အစ်ကိုတို့ကို လာဆက်သွယ်ရင်တော့ တစ်မျိုးပေါ့။ ပွဲကတော့ ဘယ်သူမဆို လုပ်လို့ရပါတယ်။ အစ်ကိုတို့ကတော့ ပွဲတွေ စည်ကားအောင်၊ အသံထွက်တွေကောင်းအောင်၊ ကွာလတီကောင်းအောင် လုပ်ပေးမယ်”လို့ပြောလာပါတယ်။

လင်းအက္ခရာ