Pages

Sunday, May 27, 2012

ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ

  အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုံမှာ ရှိတဲ့ Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က တနေ့ ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်း ပါတယ်။

RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
အခြေခံလစာ နည်းနေတာ ပြန်ညှိနှိုင်းဖို့၊ အချိန်ပိုလုပ်အားခ သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့၊ အစိုးရ ရုံးပိတ်ရက်တွေကို အလုပ်ပိတ်ရက် သတ်မှတ်ပေးဖို့ အပါအ၀င် အချက် ၁၃ ချက်ကို အလုပ်သမားတွေ  စတင်တောင်းဆို ဆန္ဒပြတဲ့  မေလ ၂၁ ရက် ကတည်းက အခုလို သူကလှူဒါန်း နေတာဖြစ်တယ်လို့  ဆရာတော်က  မိန့်ပါတယ်။
တိုက်ကြီးမြို့ MGE  အထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကိုတော့ အရင်နေ့တွေမှာ ဆရာတော်က ထမင်းနှစ်နပ် လှူဒါန်းနေပြီး တခြား အလှူရှင်တွေက ဒီနေ့ လှူဒါန်းတယ်လို့ သိရပါတယ်။
Yangon Crown   စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေ တောင်းဆိုတာကို ဆက်လက် ငြင်းပယ်တာကို တုန့်ပြန်တဲ့အနေနဲ့  အလုပ်သမား ခေါင်းဆောင်တွေ မနေ့က စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။ ရေရှည်မှာ ကျန်းမာရေး ထိခိုက်ပြီး အလုပ်သမားအရေး ဆက်လက် လုပ်ဆောင်ရာမှာ ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ဖို့ အစီအစဉ်တွေကိုလည်း ညှိနှိုင်းနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

RFA-Burmese