Pages
(Move to ...)
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
▼
Wednesday, May 2, 2012
၂၀၁၂ ခုနှစ် ဇန်န၀ါရီမှ မတ်လအထိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု ၄၆၈၄၄ ဦးရှိခဲ့ပြီး အမျိုးသမီး အရေအတွက် ၁၈၀၀၀ ကျော်ပါဝင်
Wednesday, 02 May 2012 15:12
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ သုံးလတာ ကာလအတွင်းမြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးမှု အရေအတွက်မှာ ၄၆၈၄၄ ဦးရှိခဲ့ပြီး အမျိုးသမီးများအတွက် မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးမှုမှာ ၁၈၅၄၀ ဦးရှိကြောင်း သိရှိရပါသည်။
အဆိုပါ သုံးလတာကာလ အတွင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရာတွင် ဖေဖော်ဝါရီလတွင် အများဆုံးဖြစ်ခဲ့ပြီး မတ်လမှာ အနည်းဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမျိုးသား ၈၄၈၆ ဦး၊ အမျိုးသမီး ၈၃၁၁ ဦး၊ စုစုပေါင်း ၁၆၇၉၇ ဦး အတွက်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် အမျိုးသား ၉၅၀၄ ဦး၊ အမျိုးသမီး ၉၁၅၅ ဦး၊ စုစုပေါင်း ၁၈၆၅၉ ဦးကို နိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ကြောင်း၊ မတ်လတွင်မူ အမျိုးသား ၁၀၃၁၄ ဦး၊ အမျိုး သမီး ၁၀၇၄ ဦး စုစုပေါင်း ၁၁၃၈၈ ဦးကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဒုတိယနှစ်အောင်မြင်ပြီး သူမှစ၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရေးကင်းရှင်းကြောင်း၊ အငြိမ်းစား/ပင်စင်စား ၀န်ထမ်းများ အနေဖြင့် မိမိတို့၏ပင်စင်လစာ(သို့ မဟုတ်)အငြိမ်းစားစာအုပ်တင်ပြခြင်း၊ အရေးပေါ်သွားရောက်ရန်လိုအပ်သူ များအနေဖြင့် သက်ဆိုင်ရာ စာရွက် စာတမ်းများ ပူးတွဲတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ကြောင်း နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမားနိုင်ငံကူး လက်မှတ်သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ်သတ်မှတ် ထုတ်ပေးခြင်း၊ သင်္ဘောသားနိုင်ငံကူးလက် မှတ်သက်တမ်းတိုးလျှောက်ထားမှု များအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့်သင်္ဘောသား အသစ်နိုင်ငံကူးလက်မှတ်များအား သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ပြည်ပသို့သွားရောက်ရန် ရှိပါကရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ် ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့ သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား Black List စာရင်းသွင်း ၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနသို့ တင်ပြခြင်းများ ကိုဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု စာရင်း
စဉ်
လအမည်
ကျား
မ
စုစုပေါင်း
၁
ဇန်န၀ါရီ
၈၄၈၆
၈၃၁၁
၁၆၇၉၇
၂
ဖေဖော်ဝါရီ
၉၅၀၄
၉၁၅၅
၁၈၆၅၉
၃
မတ်
၁၀၃၁၄
၁၀၇၄
၁၁၃၈၈
စုစုပေါင်း
၂၈၃၀၄
၁၈၅၄၀
၄၆၈၄၄
‹
›
Home
View web version