Pages

Wednesday, May 23, 2012

အီဂျစ် မှာ သမ္မတရွေးကောက် ပွဲ ကျင်းပ


by FNG on May 23, 2012

pb-120522-egypt-elections-jm-04.photoblog900

အီဂျစ် နိုင်ငံ မှာ နှစ်ပေါင်းများ စွာ အတွင်း ပထမ ဆုံး အကြိမ်အဖြစ် လွတ်လပ် ပြီး တရားမျှတ
မှု ရှိတဲ့ သမ္မတ ရွေးကောက် ပွဲ ကို စတင် ကျင်း ပ နေ ပြီ ဖြစ်ပါတယ်။ ယမန် နှစ် ဖေဖော်ဝါရီ
လ လည်က အာဏာရှင် သမ္မတ ဟိုစနီ မူဘာရက် ပြုတ် ကျ သွား ပြီး နောက် ပထမ ဦး ဆုံး
အကြိမ် ကျင်း ပတဲ့ သမ္မတ ရွေးကောက် ပွဲ လည်း ဖြစ်ပါတယ်။
အီဂျစ် နိုင်ငံ တ၀ှမ်း မှာ မဲပေးမှု တွေ စတင် နေ ပြီး ဒုတိယ အကြီး ဆုံး မြို့ဖြစ်တဲ့ အလက်ဇန္ဒရီး
ယား မြို့  က အသက် ၂၁ နှစ် အရွယ် မော်နီယာ ဖာရက်(ဇ) က ကျွန်မတို့ လွတ်လပ်မှု ရဲ့  အရသာ
ကို ကောင်းကောင်းကြီး ခံစား နိုင် ပြီ ၊ ကျွန်မ တို့  ရဲ့  စိတ်ကူး နဲ့  အသံ တွေ ကို ရေတွက် လို့  ရ
ပြီ လို့  အယ်(လ)ဂျာဇီယား သတင်း ဌာန ကို ပြောပါတယ်။

ပြီးခဲ့သည့် ဇန်န၀ါရီလ က အောက်လွှတ်တော် ရွေးကောက် ပွဲ များ ကျင်းပခဲ့ ရာ မွတ်ဆလင်
ညီ အကို တော် များ အဖွဲ့  က အမတ်နေရာ ခုနှစ် ဆယ် ရာခိုင်နှုန်းကျော် အနိုင် ရရှိခဲ့ သည်။
သမ္မတ အဖြစ် ၀င်ရောက် အရွေးခံ သည့် ကိုယ်စားလှယ် ၁၃ ဦး သည် သမ္မတ နေရာ အတွက်
မဲစုစု ပေါင်း ၏ ၅၀ ရာ ခိုင် နှုန်းကျော် လိုအပ် ပြီး အကယ် ၍ ယှဉ်ပြိုင် သူ တစ်ဦး မှ ၅၀ ရာခိုင်
နှုန်း မကျော် ပါက အမြင့် ဆုံး မဲ ရှိသူ နှစ်ဦး မှာ ဒုတိယ အကျော့ ရွေးကောက် ပွဲ တွင် ၀င်ရောက်
ယှဉ်ပြိုင် ရမည် ဖြစ်သည်။
အီဂျစ် နိုင်ငံ တွင် ရွေးကောက်ပွဲများ ကျင်း ပနေ ချိန် တွင် လုံခြုံရေးများ တိုးမြှင့် ချထားသည်။