Pages

Saturday, May 26, 2012

ကမ်းနီး ငါးဖမ်းခွင့် ပြန်ရ

Saturday, May 26, 2012  အိမ့်သံစဉ်


ဓာတ်ပုံ -http://projects.csg.uwaterloo.ca/

နင်္သာရီ ကမ်းရိုးတန်းမှာ ကမ်းနီးငါးဖမ်းခွင့် ၃ လ ပိတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်ဒေသကို ၈၈ မျိုး ဆက်ကျောင်း သားတွေ ရောက်တုန်းက ဖြေရှင်းဖို့ ကြိုးစားခဲ့ရာမှာ အခု အဆင်ပြေသွားပြီဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေက ကမ်းနီး ငါးဖမ်းခွင့် ပိတ်ပင်ထားလို့ ဒေသခံ တံငါလုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာကို ဒေသဆိုင်ရာ ၀န်ကြီးတွေဆီ စာပို့ကာ အခက်အခဲတွေ ပြေလည်ရေး အကူ အညီပေး ပြီး ကမ်းနီး ငါးဖမ်းခွင့်ကို ပြန် လည်ခွင့်ပြုဖို့ ကူညီပေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ က ပြောပါ တယ်။

ဒီကနေ့မှာတော့ တနင်္သာရီတိုင်း တိုင်းမှူးက ဆင့်ခေါ်တဲ့ အစည်းအဝေးကို ငါးဖမ်းခွင့် ပိတ်ပင်ခံထားခဲ့ကြတဲ့ တံငါ မိသားစု များရဲ့ ကိုယ်စားလှယ်များဖြစ်ကြတဲ့ ကိုကျော်ကျော်သက်၊ ကိုစိုး အပါအ၀င် တချို့ တက်ခွင့် ရခဲ့ပါတယ်။

တိုင်းမှူးက အခြေအနေကို မေးမြန်းစုံစမ်းပြီး အလုပ်လက်မဲ့ဖြစ်နေရတဲ့ တံငါလုပ်သားတွေအတွက် ကမ်းနီး ငါးဖမ်းခွင့်ကို ပိတ်ပင်ထားတာကနေ ပြန်လည်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။