Pages

Monday, May 14, 2012

တောင်ကိုရီးယား သမ္မတ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမည်

RFA Burmese


တောင်ကိုရီးယားသမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂-ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်မြို့ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူဟာ မနက်ဖြန် မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတဟာသမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး အပြင်စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှံမှုကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း လုံခြုံရေး အတွက် စိုးရိမ်မှု ရှိတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စတာလီ ဟာ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုလာရောက်ပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ Chun Doo-hwan နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်စဉ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက ဗုံးဖေါက်ခွဲ လုပ်ကြံတိုက်ခိုက်တာကြောင့်လူပေါင်း၂၁ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးနဲ့  ၀န်ကြီးအဖွဲ့ဝင် ၃ ဦးအပြင် တောင်ကိုရိယားအရာ၇ှိကြီးတွေပါဝင်ခဲ့ပါတယ်။