Pages

Saturday, May 19, 2012

လာမည့် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်


  1. လာမည့် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်လွှတ်တော်နှစ်ရပ်တွင် အစိုးရဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ထွက်ခွာ၍ ပြည်ပခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်ကို ဇွန်လ ၁၈ ရက်တွင် စတင်ဖွယ်ရှိပြီး သူမ၏ ပြည်ပခရီးစဉ်အတွင်း ဗြိတိန်နှင့် နော်ဝေးတို့အပြင် အိုင်ယာလန်သို့လည်း သွားရောက်မည်ဟု မျှော်လင့်ရကြောင်း The Guardian ကဆိုသည်။
    Photo: AP