Pages

Tuesday, May 22, 2012

ဆန္ဒပြအလုပ်သမားများကို ရွှေည၀ါ ဆရာတော် အားပေး





မေလ ၂၁ ရက်နေ့က မှော်ဘီမြို့နယ် မြောင်တကာ ကျေးရွာမှာ ရှိတဲ့ Yangon Crown စက်ရုံရှိ ဆန္ဒပြ အလုပ်သမားများကို လက်ရှိမှော်ဘီမှာ သတင်းသုံးနေတဲ့ ရွေည၀ါ ဆရာတော်က အားပေးစကားပြောခဲ့ပါတယ်။

စက်ရုံ အလုပ်သမားများက ဆရာတော်ကြွလာမဲ့ လမ်းကို သူတို့ရဲ့ ကိုယ်မှာဝတ်ထားတဲ့ အ၀တ်အစားများကို ချွတ်ပြီး လမ်းခင်းထားတဲ့ ပုံဖြစ်ပါတယ်။





စက်ရုံ အလုပ်သမားများရဲ့ တစ်နေ့တာ လုပ်အားခမှာ ကျပ် ၁၆၀ သာရရှိပါတယ်။ဒါကြောင့် ဆရာတော်က ဆန္ဒပြ စက်ရုံအလုပ်သမားများကို မနေ့က ထမင်းဗူးများကို လှုဒါန်းခဲ့ပါတယ်။

အခုရက်ပိုင်အတွင်း မြန်မာနိုင်ငံမှာ စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု တော်တော်များများ ဖြစ်ပေါ်နေပါတယ်။
သူတိုရရှိတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေးအတွက် လုံလောက်မှု မရှိခြင်းတိုကြောင့် အခက်ခဲများကို ဆန္ဒထုတ်ဖော် နေကြတာဖြစ်ပါတယ်။