Pages

Friday, May 25, 2012

စတုတ္ထမြောက် ရန်ကုန်ရဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး



ဓာတ်ပုံများ - Popular Myanmar News Journal's facebook
ယနေ့ ည ၇ နာရီက စတင်ကာ ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် ဆူးလေစေတီတို့သို့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စတုတ္ထနေ့ အဖြစ် ငြိမ်းချမ်းစွာဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြကြောင်း သတင်းရရှိသည်။

ယနေ့တွင် ပူးပေါင်းပါဝင်သူ စုစုပေါင်း ခန့်မှန်းခြေ ၂၀၀၀ မှ ၃၀၀၀ ၀န်းကျင်ရှိမည်ဟု ပြောဆိုနေကြသည်။
ရဲလုံခြုံရေးများနှင့် အရပ်ဝတ် လုံခြုံရေးများလည်း အင်အား အပြည့်ရှိနေကြောင်း၊ အေးချမ်းစွာဖြင့် ဆူလေ စေတီ အင်္ဂါ ထောင့်တွင် ဖယောင်းတိုင်မီးများ လှူဒါန်းက လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆုတောင်းခဲ့ကြပြီး လူစုခွဲ လိုက်ကြကြောင်း သိရသည်။




အလားတူ ပုသိမ်၊ ပြည်၊ သုံးဆယ်၊ စသည့်မြို့များတွင်လည်း ဖယောင်းတိုင်မီးများ ထွန်းညှိကာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အေးချမ်းစွာ ဆုတောင်း ဆန္ဒဖော်ထုတ်ကြသည်ဟု သတင်းများကဆိုသည်။