Pages

Friday, May 18, 2012

စစ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်း ပုံစံငယ်



မန်နှစ်က အမေရိကန် အထူးတပ်ဖွဲ့တွေက ပါကစ္စတန်မှာ ရှိတဲ့ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို စီးနင်းတိုက်ခိုက်ဖို့ စစ်ဆင်ရေး ချမှတ်ရာမှာ အသုံးပြုတဲ့ သူ ခိုအောင်းရာ နေအိမ် ခြံဝင်းနဲ့ အချိုးအစားတူ ပုံစံငယ်ကို ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြသလိုက်တာကို မေလ ၁၇ ရက်နေ့စွဲနဲ့ THE WALL STREET JOURNAL အွန်လိုင်းမှာ ရေးသားထားပါတယ်။စစ်ဆင်ရေး အသုံးပြုတဲ့ ဘင်လာဒင် နေအိမ် ခြံဝင်း ပုံစံငယ်ကို National Geospatial-Intelligence Agency က တာဝန်ခံ တည်ဆောက်ပေးခဲ့တာပါ။အဲဒီတုန်းက ဘင်ဘာဒင်ရဲ့ အိမ်ကို ပါကစ္စတန်အစိုးရကိုပါ အသိမပေးဘဲ လျှို့ဝှက် စစ်ဆင်ရေးအောင်မြင်ပြီး ဘင်လာဒင် ကိုတော့ အသေဖမ်းဆီးမိခဲ့ပါတယ်။