Pages

Tuesday, May 22, 2012

" ၈၇-၈၈ တက္ကသိုလ်ကျောင်းနောက်ခံ လွမ်းစိမ့် ဇာတ်ကား ပြသခွင့်ရပြီဖြစ်ကြောင်းသိရ


Wall Photos

မြန်မာဗီဒီယိုပရိသတ်များ၂နှစ်ကျော်ကြာ အထိ ကြည့်ရှုခံစားဖို့အတွက် မျှော်လင့် စောင့်ဆိုင်းနေခဲ့ရတဲ့ ‘လွမ်းစိမ့်’ဗီဒီယို ဇာတ်ကားကို မေလ၉ရ က်နေ့က ကြည့်ရှုခွင့် ဆင်ဆာချပေးခဲ့ပြီ ဖြစ်ကြောင်းဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ သိရှိရပါတယ်။ လွန်ခဲ့တဲ့၂နှစ်ကျော်လောက်က တည်းက ဆင်ဆာချဖို့အတွက် အကြိမ်ကြိမ်တင်ပြခဲ့ပြီး ယခု၅ကြိမ် မြောက် ပြန်လည်တင်ပြတဲ့ အခါမှာအခုလိုဆင်ဆာ ကျလာခြင်းဖြစ်ကြောင်း သိရပါ တယ်။အစိုးရ အသစ် တက် ပြီး ပြောင်းလဲ လာတဲ့အခါ မှာ ‘လွမ်းစိမ့်’ ဇာတ်ကား ပိတ်ခံထား ရတဲ့အတွက် အဲဒါကို ပြန်ပြီး တော့ စစ်ဆေးပါဦးဆိုပြီး တင်ပြခဲ့တာ အဲဒီလိုပြန်တင်ပြတော့ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ညွန်ကြားရေး မှူး (ပြသ) ကနေ ဝန်ကြီးရုံးနေပြည်တော်အထိ တင်ပြပေးခဲ့ တယ်။ လွန်ခဲ့တဲ့ ရှစ်လလောက် က ဝန်ကြီးရုံးက ယူကြည့်ခဲ့တယ်။ အဲဒီ လိုကြည့်ပြီး လွန်ခဲ့တဲ့ ၂လကျော်လောက် က ပြန်ကျလာခဲ့တယ်။ ဝန်ကြီးရုံးက မှတ်ချက် တွေနဲ့ ပြန်ကျလာခဲ့တယ်။ ဆင်ဆာအဖွဲ့က ဒီဇာတ်ကားကို ပြန်စိစစ်ပါဆိုပြီး ပြန်ကျ လာတာပါ။ ဆင်ဆာအဖွဲ့က သာမန် ဆိုရင် အဖွဲ့ဝင်တွေက သူတို့ရဲ့ အိမ်မှာပဲ ကြည့်ကြ တယ်။ ဒီ’လွမ်းစိမ့်’ဇာတ်ကားကိုကျတော့ ဆင်ဆာအဖွဲ့ရဲ့ ရုပ်ရှင်ရုံ(မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဆင်ဆာကြည့်ရုပ်ရှင် ရုံ)မှာ ကြည့်ပေးခဲ့ကြ တယ်။အဲဒီမှာပြင်ဆင်ရန်ဆိုတဲ့ ထောက်ညွှန် ချက်၊ ပြင်ဆင်ရန်အချက်ဆိုတဲ့ အချက် ၅ချက်နဲ့စာထွက်လာတယ်။ အဲဒီအချက် တွေကို ပြန်ပြင် ပြီးတော့ တင်လိုက်တဲ့အခါမှာ ဆင်ဆာခွင့်ပြုပေးလိုက်ပါတယ်။ ဒီကားကို ဆင်ဆာကျ လာဖို့အတွက် အစ်ကိုတို့ ဆာတိုရီတိုက်အနေနဲ့ တစ်လျှောက်လုံး ကြိုးစားနေ ခဲ့ ရတာပါ”လို့ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ ပရိုဂျူဆာ ဦးမျိုးဇော်က ပြော ပါ တယ်။ ‘လွမ်းစိမ့်’ဇာတ် ကားကို မြန်မာ့ ရုပ်ရှင် လုပ်ငန်း ဆင်ဆာအဖွဲ့ကနေ ပြန်လည် စိစစ်ပြီးချပေး ခဲ့တာဖြစ်ပြီး ဖြတ် ခံရတဲ့ အခန်းတွေက မိနစ်သုံးဆယ် (နာရီဝက်) စာလောက်ရှိကြောင်းသိရပါတယ်။ ”ဖြတ်ထား တာတွေကို ပြန်ထည့်ပြီး တော့ ပြလို့မ ရဘူးလေ။ ဖြတ်လိုက်ရတဲ့အခန်း တွေမှာ အများကြီးနှမြောစရာကောင်းတဲ့ အခန်းတွေပါသွားတယ်။ ဖြတ်ခံထားရပေမယ့် လည်း တန်ဖိုးရှိနေတဲ့ဇာတ်ကားပါ။ ကြည့်လို့ ကောင်းနေဆဲပါ။ အခုဖြတ်ထားပြီးသားကို ကြည့်လည်း မျက်ရည်ဝဲရမှာပါ”လို့ ၄င်းက ထပ်လောင်းပြောပြပါတယ်။ ‘လွမ်းစိမ့်’ဇာတ်ကားကို ငွေကြေးကုန်ကျ မှုများစွာနဲ့ ရိုက်ကူးထားသလို ပါဝင်တဲ့ သရုပ် ဆောင်အင်အားကလည်း အတော်များ ကြောင်းသိရှိရပါတယ်။ ၁၉၈၇နှစ် ငွေစက္ကူ အရေးအခင်းက စပြီးတော့ (၈၇) (၈၈)ကို နောက် ခံထား ရိုက်ကူးထားတဲ့ တက္ကသိုလ် ကျောင်းသားဇာတ်လမ်းဖြစ်တဲ့ အဆိုပါဇာတ် ကားကို အမြန်ဆုံးဖြန့်ချိသွားေ တာ့မှာဖြစ် ကြောင်း သိရပါတယ်။ အဆိုပါ ‘လွမ်းစိမ့်’ ဇာတ်ကားမှာ ရဲတိုက်၊ အေးမြတ်သူ၊ နိုဘယ်ကျော်ကျော်၊ ပြေဇင်တို့ အဓိကသရုပ်ဆောင်ထားပြီး အနု ပညာရှင်များစွာနဲ့ ဒါရိုက်တာချိုတူးဇော်က ရိုက်ကူးပုံဖော်ခဲ့ တာဖြစ်ကြောင်း သိရပါတယ်။